← Chapters

မင်းနောက်ကိုလိုက်ခွင့်ပေးပါ

Vol. 159 Ch. 2224

မင်းနောက်ကိုလိုက်ခွင့်ပေးပါ

Vol. 159 Ch. 2224

နောက်ဆုံးတွင် ကျီဖဲသည် ရှီမာယူယူ၏ တောင်းဆိုချက်ကို သဘောတူ လိုက်သည်။ အကြောင်းမှာ လက်ရှိတွင် သူ့မှာလည်း ရွေးချယ်စရာမရှိတော့ ပေ။ သူသည် နှင်းခဲစန္ဒာမြို့အားတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ မိုလော့ သန်းချီအင်အားရှိသည့်တပ်စု တပ်ဖြန့်လိုက်သည်ကိုကြည့်ပြီး သူ အလွန်စိတ် မအေးဖြစ်မိသည်။ သူသည် သူ၏တာဝန်ကိုပင် မပြီးမြောက်နိုင်သေးပေ။

ထို့ကြောင့် ဤကာကွယ်ရေးအစီအရင်ကို ချိုးဖောက်နိုင်သရွေ့ ရှီမာယူယူ ၏ ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်စေကာမူ သူ ဂရုမစိုက်တော့ပေ။

ယခုသူဆုံးဖြတ်လိုက်သဖြင့် အိပ်မက်လေးကို ခေါ်သွားလေသည်။ သူသည် အပြင်ဘက်ရှိတပ်သားများကို အမိန့်ပေးလိုက်သည်နှင့် အိပ်မက်လေး သည် ပစ်မှတ်ရှာရန်သွားလေသည်။

သူမ ဤကဲ့သို့လှုပ်ရှားလိုက်သည်နှင့် တစ်ဖက်လူမှာ သူမ၏ ရောင်ဝါကို ရှာတွေ့သွားလိမ့်မည်ဟု သူမနှင့် ရှီမာယူယူတို့နှစ်ယောက်လုံး သိကြသည်။ သို့သော် သူမ ဤသို့လုပ်ရသည်မှာ အိပ်မက်နတ်ဆိုးမျိုးနွယ်၏ တစ်ဦးတည်း သော အသက်ရှင်ကျန်သူ ပြန်လာပြီ၊ သူမ လက်စားချေရန်ပြန်လာပြီဖြစ် ကြောင်းကို နတ်ဆိုးကောင်းကင်ဝံပုလွေမျိုးနွယ်၏ အဘိုးကြီးကိုပြောပြရန်ဖြစ် သည်။

တစ်ရက်ကြာပြီးနောက် အိပ်မက်လေးသည် ပြင်ဆင်ပေးရန် ရှီမာယူယူ ကို အသံဖြင့်ကူးပြောင်းပြောလိုက်သည်။ သူမ ထိုအသံကိုကြားပြီးမကြာခင်မှာ ပင် အပြင်ဘက်မှတိုက်ခိုက်ခံများထွက်လာသည်။ သူမ အင်အားတိုးလိုက်သည် နှင့်သူမသားရဲ၏ အင်အားလည်းတိုးလာသည်။ အိပ်မက်လေးသည် အစက တည်းကပင် အားကောင်းသည်။ သို့သော် ယခုအချိန်တွင် ပိုအားကောင်းလာ သည်။ သူမ ထိန်းချုပ်ထားသည့်လူများထဲတွင် စံတင်အဆင့်ထိရောက်သည့် အားကောင်းသည့်လူများလည်းပါသည်။ နောက်လိုက်လူနည်းစု၏ အင်အားမှာ လည်းမဆိုးလှပေ။ ကျီဇဲ၏လူများသည်လည်း အရေအတွက်များပုံပေါ်သည်။

နတ်ဆိုကောင်းကင်ဝံပုလွေမျိုးနွယ်၏ ခေါင်းဆောင်လျန်ယာသည် မြို့ကို တစ်စုံတစ်ယောက်မှ တိုက်ခိုက်နေသည်ဟု ကြားချိန်တွင် နည်းနည်းမှ ပျာသွား ခြင်းမရှိပေ။ အဲလူတွေ ဒီနေရာကို ဘယ်လောက်တောင်တိုက်ခိုက်ပြီးနေပြီလဲ။ ဘယ်နကြိမ်များအောင်မြင်လို့လဲ။ သို့သော် သူသည် ဤမြို့ကိုအပျက်အစီးမခံ နိုင်ပေ။ မဟုတ်လျှင် သူမည်သို့ရှင်းပြရတော့မည်နည်း။ သူသည် ကာကွယ်ရေး အစီအရင်ကို အစပျိုးရန် အမိန့်ပေးပြီး နောက်တစ်ဖွဲ့ကို တိုက်ခိုက်ရန် အမိန့် ပေးလိုက်သည်။

သူတို့မြို့မှထွက်လာသည်နှင့် ကျီဇဲ၏လူများ ပျံသွားကြသည်။ ထိုဖြစ်စဉ် သည် နှင်းခဲစန္ဒာမြို့၏ အစောင့်များကို အချိန်အတော်ကြာ မှင်တက်သွားစေ သည်။

သူတို့က ဒီလောက်မြန်မြန် ထွက်ပြေးကြတာလား။ သူတို့တွေက ဒီနေ့ ဒီကိုကစားဖို့ပဲလာကြတာလား။ လျန်ယာသည် ထိုလူများထွက်ပြေးသွားသည့် ဦးတည်ဘက်ကိုကြည့်ပြီး သူ့မျက်နှာမှာ မှုန်သုန်သွားတော့သည်။

ခုနက သူအာရုံခံမိတာသာမမှားရင်တော့…

သူ့မျက်နှာတွင် ထိုကဲ့သို့ခက်ထန်သည့် မျက်နှာထားဖြစ်နေသည်ကို မြင် သောအခါ လက်အောက်မှလူများသည် မခေါ်ရဲကြပေ။

ခဏအကြာတွင် လျန်ယာသည် သူ့လူများကိုတပ်ဆုတ်ရန် အမိန့်ပေး လိုက်သည်။ တစ်ချိန်တည်းမှာပင် သူယုံကြည်ရသည့်လူများကို စေလွှတ်လိုက် ၏။

အိပ်မက်လေး တိုက်ခိုက်ရန်ထွက်သွားချိန်တွင် ရှီမာယူယူသည် လမ်းပေါ် တွင်ရပ်နေကာ ဘေးတစ်ဖက်စီတွင် ဟွာရှုံနှင့် ဘာကျားဇီတို့ရပ်နေကြသည်။ သူတို့ မည်သည့်စကားပင်ဆိုစေကာမူ သူမကို ထိခိုက်သွားမည်ကို ကြောက်ရွံ့ နေကြသည်။

ကာကွယ်ရေးအစီအရင် ပြန်ပိတ်မသွားခင်တွင် ရှီမာယူယူသည် သူတို့ နှစ်ယောက်ကို တည်းခိုဆောင်သို့ပြန်ပြီး အခန်းတံခါးပိတ်ကာ အိပ်မက်လေး နှင့် တခြားသူများပြန်မလာမချင်း တံခါးဖွင့်မပေးရန်ပြောလိုက်သည်။

“ယူယူ ငါတို့ပြန်လာပြီ” အိပ်မက်လေး၏ မျက်နှာထားမှာ ကောင်းလှ သည်တော့မဟုတ်ပေ။ သူမသည် ရှီမာယူယူအား ခေါင်းညိတ်ပြကာ သူမဘေး တွင်ရပ်နေပြီး ဘာစကားမှမပြောပေ။

ယနေ့ လျန်ယာကိုတွေ့လိုက်သော်လည်း လက်စားမချေနိုင်သည့် အတွက် သူမ နေထိုင်မကောင်းသည်ကို ရှီမာယူယူသိသည်။

ကျီဇဲသည် ရှီမာယူယူအား စိုက်ကြည့်ကာမေးလုက်သည် “မြင်လိုက်လား”

သူတို့သည် စောစီးစွာတပ်ဆုတ်ခဲ့သော်လည်း အသေအပျောက်အနည်း ငယ်ရှိသည်။ ဤနည်းလမ်းမှာ အသုံးမဝင်ပါက ထိုလူများသည် အလဟဿ သေဆုံးသွားခြင်းဖြစ်မည်။

ကံကောင်းစွာပင် ရှီမာယူယူ ခေါင်းညိတ်လေသည်။ သူမလက်ထဲမှ စက္ကူ ကိုမြှောက်ပြပြီး ပြောလိုက်သည် “ကာကွယ်ရေးအစီအရင်ရဲ့ အစီအရင် ကျောက်တုံးတွေရဲ့ တည်နေရာကို ကောက်ချက်ချပြီးသွားပြီ.. ဒါပေမဲ့ စစ်ကြည့် လိုက်တော့ အစီအရင်ကျောက်တုံးတိုင်းကို ကောင်းကောင်းကြီး စောင့်ကြပ် ထားတာပဲ.. သူ့ရဲ့တည်မြဲမှုကို ဖျက်ဆီးပစ်ရမယ် မဟုတ်ရင် ရှာတွေ့ခဲ့ပေမဲ့ သူတို့က အဲဒါကိုပြန်လုပ်လိုက်ရင် အလကားဖြစ်သွားလိမ့်မယ်”

“နေရာကိုပြောပေးပါ အဲဒါသွားလုပ်လိုက်မယ်.. သူတို့ကိုမသိစေရပါဘူး” ကျီဇဲသည် အတပ်ပြောလေသည်။

ရှီမာယူယူသည် သူ့ကိုတည်နေရာပြောလိုက်သည်။ ထို့နောက် အောင်မြင်လျှင် သတင်းပြန်ပို့ရန်နှင့် ထိုနေရာသို့သွားရန် လူရွေးထားရန်လို ကြောင်း ပြောလိုက်သည်။

သူမ ယုံကြည်ချက်ရှိနေသည်ကိုကြည့်ပြီး ကျီဇဲမျက်မှောင်ကြုတ်လိုက် သည် “ကာကွယ်ရေးအစီအရင်ကို ချိုးဖောက်နိုင်ရင်တောင် ဒီနေရာကို ထိန်းချုပ်ဖို့ဆိုတာ မလွယ်လောက်ဘူး.. အရှင့်ဘက်ကလူတွေက ဒီနေရာကို ဘယ်သူမှမတိုက်ခိုက်ရဲမှာကြောက်တယ်”

“အဲဒါကိစ္စမရှိပါဘူး.. လူတွေအများကြီးမလိုဘူးရယ် အဲဒီကိုခေါ်သွားမယ့် လူတွေကိုသာ ရှာပေးပါ တိုက်ခိုက်ဖို့မလိုဘူး” ရှီမာယူယူ ပြောလိုက်သည်။

စစ်တိုက်ရခြင်းနှင့် မြို့သိမ်းရခြင်းမှာ မတူညီသည့်ပုံစံဖြစ်သလို လိုအပ် သည့်အင်အားမှာလည်း မတူညီပေ။ လုအပ်သည်မှာ နေရာတစ်ခုလုံးကို တာဝန် ယူမည့်လူနည်းစုနှင့် တပ်သားအနည်းငယ်သာဖြစ်သည်။

“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. တခြားကိစ္စတွေမပြောနဲ့ လျန်ယာ တစ် ယောက်တည်းနဲ့တင် ခေါင်းကိုက်စရာဖြစ်နေပြီ.. ဒီမှာအစောင့်တွေများတာကို ပါထည့်မတွက်ရသေးဘူးနော်.. အဲဒါကိုဘယ်လိုရအောင်လုပ်မှာလဲ” ကျီဇဲ သည် သူမကို နည်းနည်းမှပင်မယုံပေ။

“ရှင့်မှာ အဲလောက်လူအများကြီးရှိတယ်မဟုတ်ဘူးလား အဲလူတွေနဲ့တင် လောက်ပြီ” ရှီမာယူယူ ပြောလိုက်သည် “တစ်ခါတလေ စစ်တပ်နှစ်ဖွဲ့ရင်ဆိုင် ကြပြီဆိုရင် ဘယ်သူကအနိုင်ရနိုင်မလဲဆိုတာမရှိဘူး.. ကိုယ့်စိတ်ထဲက အရိပ် အခြေကိုကြည့်တတ်ရတယ်.. စိတ်မပူပါနဲ့ ကျွန်မတို့ သူ့ကိုရှင်းလိုက်ပါမယ်”

လျန်ယာအကြောင်းပြောရာတွင် သူမ၏အသံနေအသံထားမှာ အေးစက် နေပြီး လူသတ်မည့်အရိပ်အယောင်မှာ အားကောင်းနေသည်။

ကျီဇဲသည် အနည်းငယ် အံ့ဩသွားမိသည်။ သူမနဲ့ လျန်ယာက ဘာရန်ငြိုး များရှိလို့လဲ။

“ဟွာရှုံ ဘာကျားဇီ မင်းတို့နှစ်ယောက် ဒီရက်ပိုင်းကို စစ်သူကြီးကျီနောက် လိုက်နေလိုက်ကြဦး” ရှီမာယူယူသည် သူတို့နှစ်ယောက်ကိုပြောလိုက်သည်။

လျန်ယာသာ အိပ်မက်လေးကို တွေ့သွားလျှင် သတင်းပြန့်သည်ဖြစ်စေ မပြန့်သည်ဖြစ်စေ အိပ်မက်လေးကိုအလွတ်ပေးမည်မဟုတ်ပေ။ ဟွာရှုံတို့သာ သူမနောက်ထပ်လိုက်နေလျှင် အန္တရာယ်များနိုင်သည်။

“အဲအစား မင်းနောက်ကိုလိုက်မယ်လေ” ဟွာရှုံသည် စိုးရိမ်တကြီးပြော လေသည်။

နှင်းခဲစန္ဒာမြို့တွင် အန္တရာယ်များသည်။ သူမကို တစ်ယောက်တည်း မည်သို့ထားခဲ့မည်နည်း။

“မလိုပါဘူး ငါ့မှာ ငါ့အစီအစဉ်နဲ့ငါရှီတယ်.. ဒီမှာဆို မင်းတို့က ငါ့အစီအစဉ် ကိုနှောင့်နှေးစေလိမ့်မယ်” ရှီမာယူယူသည် ပြတ်ပြတ်သားသားပင်ငြင်းလိုက် သည်။

“ငါတို့..” ဘာကျားဇီသည် ငြင်းဆန်ချင်သော်လည်း ရှီမာယူယူ၏ အကြည့်ကြောင့် ငြိမ်ကျသွားကာ စိတ်မပါလက်မပါဖြင့် သဘောတူလိုက်ရ၏။ ရှီမာယူယူသည် သူငယ်ချင်းဖြစ်ခဲ့သော်လည်း မိဖုရားတစ်ပါးလည်းဖြစ်နေပြန် သည်။ သူမသာ သူတို့ကိုအမိန့်ပေးလိုက်လျှင် မလိုက်နာ၍မရပေ။

ကျီဇဲသည် သူတို့သုံးယောက်ကို ကြည့်ပြီး မျက်မှောင်ပိုကြုတ်မိသည်။

သူသည် ဟွာရှုံနှင့် ဘာကျားဇီတို့ကိုခေါ်ပြီး တည်းခိုဆောင်မှထွက်လာခဲ့ သည်။ သူနေထိုင်သည့်နေရာသို့ရောက်သောအခါ မေးလိုက်သည် “အဲဒီရှီယူက ဘယ်သူများလဲ.. သူငယ်ချင်းပါလို့တော့မပြောနဲ့ ငါ့မျက်လုံးတွေ အကောင်းကြီး အတိုင်းရှိသေးတယ်” ဘာကျားဇီနှင့် ဟွာရှုံတို့သည် စကားပြောရန်မလွယ်ကူခဲ့ ပေ။ အစောပိုင်းက သူငယ်ချင်း၏ တောင်းဆိုချက်ကို လိုက်လျောပေးသည်နှင့် မတူဘဲ အမိန့်နာခံပုံနှင့်တူလေသည်။

ဘာကျားဇီနှင့်ဟွာရှုံတို့သည် တဒင်္ဂမျှ အံ့အားသင့်သွားသည်။ သို့သော် သူမ ပထမဆုံးတုံ့ပြန်လိုက်ကာ ပြောလိုက်သည် “သူမက ကျွန်မသူငယ်ချင်းပါ ဒါပေမဲ့ ကျွန်မထက် သန်မာတယ်.. သူမသန်မာတာက ပုံမှန်ပါပဲ.. ပြီးတော့ ဒါက ကျွန်မတို့လုံခြုံရေးအတွက်လေ”

“တကယ်လား” ကျီဇဲသည် သူမကို အလေးအနက်ကြည့်လိုက်သည် “သူမရဲ့ သရုပ်မှန်ကဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး.. ဒါပေမဲ့ ရည်ရွယ်ချက်မကောင်း ရင်တော့…”

“သူမက လျန်ယာကိုရှင်ငးပစ်ချင်နေတာ.. အဲလိုဆိုရည်ရွယ်ချက်ကောင်း ပြီလား ဟွာရှုံနဲ့ကျွန်မက သူမရဲ့ကိုယ်ကျင့်တရားနဲ့ စိတ်ထားကိုအာမခံပါတယ် အဲဒါကြောင့် စိတ်မပူနဲ့” ဘာကျားဇီသည် သူမရင်ဘတ်ကိုပုတ်ပြီး အာမခံလေ သည်။

ထိုအချိန်တွင် အပြင်ဘက်မှလူတစ်ယောက် သတင်းပေးလေသည်။ ကျီဇဲ မျက်နှာမကောင်းသည်ကို မြင်ပြီး ဟွာရှုံမေးလိုက်သည် “ဘာဖြစ်လို့လဲ.. စစ်ထဲ မှာတစ်ခုခုဖြစ်လို့လား..”

“မဟုတ်ဘူး.. ဟိုဘက်ကသတင်းရတယ်.. လူကြီးမင်းနဲ့ ဘုန်းတော်ကြီး က နှင်းခဲစန္ဒာမြို့ကိုလာနေပြီတဲ့.. နှစ်ရက်အတွင်းရောက်မယ်လို့ ခန့်မှန်းရ တယ်” ကျီဇဲ ပြန်ဖြေလေသည်။

“ဘာ.. လူကြီးမင်းလာနေပြီဟုတ်လား” ဟွာရှုံနှင့် ဘာကျားဇီတို့နှစ် ယောက်လုံး ကျယ်လောင်စွာအော်လိုက်ကြသည်။ သူတို့နှစ်ယောက်သည် တစ် ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြရာ မျက်လုံးထဲမှအကြောက်တရားများ ကို အချင်းချင်းမြင်လိုက်ရသည်။

ဟုန်ယွမ်က ဒီအချိန်ကြီးကျမှ ဘာလို့ဒီကိုလာတာလဲ။ သူက ဘုရင့်ရဲ့ ဘေးမှာနေရမှာမဟုတ်ဘူးလား။

သူတို့တင်သာမကဘဲ လျန်ယာပါ သတင်းရလေသည်။

“ဟုန်ယွမ်လာနေပြီဟုတ်လား.. သစ္စာဖောက်က တော်တော်သတ္တိရဲနေ တာပဲ” လျန်ယာသည် နှာမှုတ်လိုက်သည် “သွားစီစဉ်လိုက်ကြ ဒီတစ်ခေါက် သူ ထွက်လာတာ ပြန်လမ်းမရှိစေရဘူး”

***

All Chapters