← Chapters

ဟုန်ယွမ်အား ကယ်တင်ခြင်း

Vol. 159 Ch. 2225

ဟုန်ယွမ်အား ကယ်တင်ခြင်း

Vol. 159 Ch. 2225

လျန်ယာ ဟုန်ယွမ်ကိုရှင်းပစ်ရန် စီစဉ်ပြီးချိန်တွင် မြို့စား၏ဘဏ္ဍာထိန်း ဝင်လာသည် “ခေါင်းဆောင် သတင်းပြန်ပို့လာတယ်”

သူ့ကို ထိုသို့အမည်တပ်ခေါ်သဖြင့် ဘဏ္ဍာထိန်းသည်လည်း နတ်ဆိုး ကောင်းကင်ဝံပုလွေမျိုးနွယ်မှဖြစ်သည်ဟု ဆိုလိုသည်။

လျန်ယာသည် ခပ်တိုးတိုးပင်တုံ့ပြန်သည်။

“ခေါင်းဆောင် အိပ်မက်နတ်ဆိုးရဲ့ အငွေ့အသက်ကို တကယ်ပဲအာရုံခံမိ တာလား” ဘဏ္ဍာထိန်းသည် ချင့်ချိန်စွာဖြင့် မေးလေသည်။

“မမှားဘူး” လျန်ယာ ပြောလိုက်သည် “ငါ မမေ့နိုင်တဲ့ အငွေ့အသက်ရှိ မယ်ဆိုရင် အိပ်မက်နတ်ဆိုးမျိုးနွယ်ကဟာပဲဖြစ်လိမ့်မယ်”

သူသည် ထိုနှစ်ကအဖြစ်အပျက်တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ရာ အိပ်မက်နတ်ဆိုးမျိုးနွယ်များ မည်သို့သုတ်သင်ခံရသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပင်။ သတ်ပစ်ရန်မဖြစ်နိုင်ခဲ့သည့် အိပ်မက်နတ်ဆိုးကို သူကိုယ် တိုင် လှီးဖြတ်ခဲ့သည်။ နှိမ်နှင်းခံရချိန်တွင်လည်း ပါဝင်ခဲ့သည်။ သူ ဘယ်လိုလုပ် အမှားလုပ်မိမှာလဲ။

“လွန်ခဲ့တဲ့နှစ် ၁၀၀ က သွေးလိုဏ်ဂူနားကမြို့မှာ အိပ်မက်နတ်ဆိုးရဲ့ အငွေ့အသက်ကို အာရုံခံမိတဲ့လူရှိတယ်.. ဒါပေမဲ့ ခဏလောက်ပဲရခဲ့တာ.. သူမက ခြေရာလက်ရာမကျန်ဘဲထွက်သွားခဲ့တာ” ဘဏ္ဍာထိန်း ပြောလေသည် “အခုလည်း အရင်တစ်ခေါက်နဲ့များတူနေမလား”

“မဖြစ်နိုင်ဘူး.. သူမက အဲဘက်ကလူတွေကို ကူညီနေတယ်ဆိုရင် သူမက သူတို့နဲ့ မဟာမိတ်ဖွဲ့ထားတယ်လို့ ဆိုလိုတာပဲ.. သူမကို ဘယ်သူလွှတ် ပေးလိုက်တာလဲဆိုတာ ငါမသိပေမဲ့ သူမက ဒီနှစ်တွေက အမုန်းတရားကို မေ့နိုင်မယ်မထင်ဘူး.. ငါ ဒီကိုရောက်နေတာကို သူမသိမှတော့ သေချာပေါက် လက်လျော့မှာမဟုတ်ဘူး”

“ခေါင်းဆောင် အိပ်မက်နတ်ဆိုးမျိုးနွယ်ကို ရှင်းပစ်လိုက်ပြီလေ.. ဒီတစ် ခေါက် သူမပြန်လာတာက အဲဒီဘက်ကစွမ်းအားကိုသုံးပြီး လက်စားချေမှာကိုပဲ ကြောက်မိပါတယ်.. ကျွန်တော်တို့တွေ ပိုပြီးသတိထားရမယ်” ဘဏ္ဍာထိန်း ပြောလေသည်။

“ဟေး သူမက သူမရဲ့အားနဲ့ပဲ လက်စားချေချင်တာမလား” လျန်ယာ သည် အိပ်မက်လေးကို ထည့်မတွက်ပေ။ သူမ ချုပ်နှောင်ခံရစဉ်က နတ်ဆိုး စစ်သူကြီးအဆင့်သာရှိခဲ့သည်။ အခုချိန်မှာ ဘယ်လောက်များ အားကောင်းနိုင် မှာမို့လို့လဲ။

သူမက အဲဒီဘက်က စွမ်းအားကိုငှားနိုင်ချေရှိတယ်ဆိုရင်တောင် သူက ဘာကိုစိတ်ပူနေရမှာလဲ။ ယခုအချိန်တွင် သူ လူပိုသတ်နိုင်ရန်ကိုသာ ဆန္ဒရှိပြီး မိုလော့ဆီသွားကာ ရစရာရှိသည်များကို တောင်းရမည်။

“စုံစမ်းဖို့လူလွှတ်လိုက် သူမရဲ့တည်နေရာကိုသိရမှဖြစ်မယ်”

“အခုပဲ စုံစမ်းဖို့ မြို့အပြင်ကိုလူလွှတ်လိုက်ပါမယ်” ဘဏ္ဍာထိန်း ပြန်ဖြေ လေသည်။

“မဟုတ်ဘူး မြို့ထဲကိုအာရုံစိုက်ထား.. သူမရှာနေတဲ့လူက မြို့ကလူတွေ ချည်းပဲ.. ဆိုလိုတာက သူမက နှင်းခဲစန္ဒာမြို့ထဲကိုရောက်နေပြီ.. ဘာနည်းလမ်း ပဲသုံးရပါစေ၊ မြေကြီးပဲတူးရတူးရ သူမကို သေချာပေါက်ရှာရမယ်”

“ဟုတ်ကဲ့ပါ”

ဘဏ္ဍာထိန်းသည် ပြန်ဖြေပြီးနောက် ချက်ချင်းထွက်သွားကာ စီစဉ်စရာရှိ သည်များ စီစဉ်တော့သည်။

သူသည် မူလအဖြစ်အပျက်တွင်ပါ ပါဝင်ခဲ့ပြီး သူမတွင်ရှိနေသည့် အိပ်မက်နတ်ဆိုးရတနာအကြောင်းကို ကောင်းကောင်းကြီးသိသည်။ ထိုစဉ်က သူတို့သည် ဖိအားကိုမခံနိုင်သဖြင့် သူမကိုယိလင်းတိုင်းပြည်တွင် ဖိနှိပ်ထားရန် သဘောတူခဲ့သည်။ အခု သူမပြန်လာချေပြီ။ ဤကဲ့သို့အခွင့်အရေးမျိုးကို သူတို့ အဘယ်သို့လက်လွှတ်ခံမည်နည်း။ အတိတ်များဆီက သူတို့ မည်မျှပင် ပြုမူစေ ခဲ့ကာမူ သူမကိုသတ်မရခဲ့ပေ။ အမတဖြစ်ခြင်း၏လျှို့ဝှက်ချက်.. ဤတစ်ခု တည်းကပင်လျှင် တိုင်းပြည်တစ်ခုလုံးကို ရူးသွပ်သွားစေနိုင်သည်။

သူတို့သည် သူမကိုဤမနက်တွင်ပင် တွေ့အောင်ရှာရမည်။

သို့သော် မည်မျှပင် စစ်ဆေးစေကာမူ အိပ်မက်လေး၏ အငွေ့အသက်ကို ရှာမရခဲ့ပေ။ သူမ မြို့ထဲတွင်မရှိတော့ဟု လျန်ယာနှင့်တခြားသူများ သံသယဝင် လာသည်။

ဟုန်ယွမ် နှင်းခဲစန္ဒာတောင်ရိုးသို့ ပထမဆုံးရောက်ချိန်တွင် လုပ်ကြံရန် ကြိုးစားမှုနှင့် ကြုံခဲ့ရသည်။ ကံကောင်းစွာပင် ဟွာကျင်းနှင့် လူအလုံအလောက် ခေါ်လာသဖြင့် ထိုနေရာတွင် မသေခဲ့ခြင်းပင်။ သို့သော် သူတို့ခေါ်လာသည့် လူ တစ်ဝက်လောက်မှာ သေသွားခဲ့ရသည်။

“သခင်ကြီး ကျွန်တော်တို့ စစ်သူကြီးကျီနဲ့ဆက်သွယ်ရမယ်.. ကျွန်တော် တို့တွေ့ဖို့ကို လူလွှတ်ပြီးပြောခိုင်းလိုက်မယ်” ဟွာကျင်းသည် အရှုပ်အထွေးများ ကိုရှင်းပြီးနောက် ပြောလိုက်သည်။

သူတို့သည် ရောက်သည်နှင့်တစ်ချိန်တည်းမှာပင် ချောင်းမြောင်းအတိုက် ခံရသည်။ ဆိုလိုသည်မှာ တစ်ဖက်သည် သူတို့ရောက်လာမည်ကို သိထားပြီး ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။ နှင်းခဲစန္ဒာမြို့သွားသည့် တစ်လျှောက်လုံး တိုက်ခိုက်ခံရမည်မှာ သံသယဝင်ဖွယ်မရှိပေ။ သူတို့သည် ဟုန်ယွမ်၏ အသက် ကိုကာကွယ်ရမည်။ ကျီဇဲတွင် လူအင်အားရှိသည်။

ဟုန်ယွမ်သည်လည်း သူ့အသက်ကိုလောင်းကြေးမထပ်နိုင်ပေ။  အကြောင်းမှာ သေရသည်ကိုကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲ သူ၏သေဆုံးမှု သည် ဝူလင်းယူ၏ အရှိန်အဟုန်ကိုတန့်သွားစေပြီး မိုလော့အတွက် အားသာ သွားစေမည်ကိုစိုးရိမ်၍ဖြစ်သည်။ ထို့ကြောင့် သူ မသေနိုင်ပေ။ သူ အသက်ရှင် နေရမည်။

အစောပိုင်းက သူတို့ လာမည်ဟု ကျီဇဲကိုလူလွှတ်ပြီးပြောခဲ့သည်။ သို့သော် ယခု လူလွှတ်ပြီးသူတို့ကိုတွေ့ရမည်။

ဟွာရှုံသည် သတင်းကြားသောအခါ ဘာကျားဇီကို လေသံဖြင့်ပြောလေ သည် “ဒီဘုန်းတော်ကြီးက အရှင့်ဘေးကမှာမနေဘဲ ဒီနေရာကို အပျော်လာနေ တာ.. သူက ငါတို့ကို အလုပ်အပိုပေးနေတာမဟုတ်ဘူးလား”

ဘာကျားဇီသည် သူ့ကိုပုတ်ပြီး လေသံဖြင့် ပြန်ပြောလေသည် “ဘုန်းတော်ကြီးရဲ့ အားကနင့်ထက်တောင် ကြီးသေးတယ်.. သူ့ကိုလုပ်ကြံတဲ့ လူတွေကလည်း သူ့အင်အားကိုချိန်ပြီးမှလုပ်တာပဲ.. အဲဒါကိုတော့ သူလည်း ဘာမှလုပ်မရဘူး”

“သူဘာမှမလုပ်နိုင်ဘူးဆိုလည်း မလာသင့်ဘူးလေ.. ငါ့အစ်ကိုကြီးကို သူ နဲ့အတူ ခေါ်မလာသင့်ဘူး”

“ဘုန်းတော်ကြီးက ငါတို့ကိုစာရင်းရှင်းမှာ နင်ကြောက်နေတာမလား” ဘာကျားဇီသည် ခုံပေါ်တွင်ထိုင်ပြီး ခြေထောက်ချိတ်ထားက ကြောက်ရွံ့ခြင်းရှိ မနေပေ။

“အင်း.. အရင်ကဆို မင်းလည်းသူ့ကိုကြောက်တာပဲမဟုတ်ဘူးလား.. အခု ကျဘာလို့ ဒီလောက်တည်ငြိမ်နေတာလဲ”

“ဘာလို့လဲဆိုတော့ အခုငါတို့မှာနောက်ခံရှိနေပြီလေ” ဘာကျားဇီပြုံး လိုက်သည် “ယူယူဒီမှာရှိနေရင် အပြစ်ပေးခံရမှာကို စိတ်ပူဖို့မလိုတော့ဘူး”

“မင်း သေချာရဲ့လား”

“ဒါပေါ့” ဘာကျားဇီသည် ယုံကြည်ချက်ရှိရှိ ပြောလေသည် “ပြီးတော့ ငါတို့က အခု နှင်းခဲစန္ဒာမြို့ကိုယူတော့မှာပဲ.. ပြီးတော့ မြို့ကိုစောင့်ကြပ်ဖို့ လူ နေခဲ့ရမှာပဲ.. အခုအကုန်လုံးက မိုလော့ကိုရှင်းဖို့ အလုပ်များနေကြတာ.. သူက အသင့်တော်ဆုံးပဲ”

“ပြောရရင် သခင်တွေရဲ့ခရီးလမ်းကြောင်းက လျှို့ဝှက်ထားသင့်တာလေ.. လျန်ယာနဲ့ သူ့လူတွေက ဘယ်လိုလုပ် တည်နေရာကိုအသိခံမှာလဲ.. ငါတို့မှာ သစ္စာဖောက်ရှိမှရမယ်ထင်တယ်”

“ဖြစ်နိုင်တယ်.. စစ်သူကြီးကျီပြန်လာရင် မေးကြတာပေါ့”

“ဒါပေမဲ့ သခင်ကြီးရောက်လာတာနဲ့ ယူယူ့ရဲ့လျှို့ဝှက်ချက်ပေါ်မှာပဲ”

“အဟုတ်ပဲ…”

ဟုန်ယွမ်သည် ကျီဇဲဆီလာနေသည်ဟု ရှီမာယူယူသတင်းကြားသည်နှင့် မှင်တက်မိသွားသည်။ နောက်ဆုံးအကြိမ် သူတို့တွေ့ခဲ့စဉ်က သူသည် အလွန် ပင် အားကြီးပြီးစွမ်းအားကောင်းခဲ့သည်။ သူမအပေါ်တွင် သူ၏လူသတ်လိုမှု သည် အလွန်ပင်အားကောင်းခဲ့သည်။ သူမသည် သူ့ကိုအကောင်းမမြင်ခဲ့နိုင် ပေ။

“ငါ အစီအရင်ကျောက်တုံးကို ဖျက်စီးပြီးပြီ.. အခုဘုန်းတော်ကြီးကို သွား ကြိုရမယ်.. မင်းဘာလုပ်မှာလဲ”

“ခေါင်းစီးကိုဖမ်းဖို့ဆိုရင် သူ့နောက်လိုက်တွေကို အရင်ဖမ်းရမှာပေါ့.. သေ ချာပေါက် လျန်ယာကနေ စရမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ရှင် ပြန် ရောက်ရင် မြို့စားကရှိတော့မှာမဟုတ်ဘူး”

“မင်း သေချာလား”

သူမသည် လျန်ယာနှင့်တွေ့ပြီးပြီဖြစ်ရာ သူ၏အင်အားများ မည်သည့် နေရာတွင်ရှိသည်ကို သိသည်။ သူ့ကိုရှင်းရန်အတွက် အိပ်မက်လေးသည် ကိုယ်တိုင်လုပ်လိမ့်မည်။

“ဒါဆို မင်းကိုပဲအပ်ထားလိုက်တော့မယ်” ကျီဇဲအတွက် အရေးအကြီးဆုံး မှာ ဟုန်ယွမ်ကို ကာကွယ်ရန်ဖြစ်သသည်။ ဝူလင်းယူအတွက် ဟုန်ယွမ်သည် နှင်းခဲစန္ဒာမြို့ထက်ပင် ပိုအရေးကြီးသည်။

ရှီမာယူယူသည် သူထွက်သွားသည်အထိစောင့်ပြီး သတင်းစုံစမ်းရန် နီရဲ ပျားများကို လွှတ်လိုက်သည်။ သူထွက်သွားပြီဟုသိသည်နှင့် ရှီမာယူယူသည် လျန်ယာနှင့် စာရင်းရှင်းရန် ပြင်ဆင်လေသည်။

နီရဲပျားများယူလာသည့် သတင်းကိုတွေးမိသည်နှင့် သက်ပြင်းချမိသည် “ထားလိုက်ပါတော့ ရှင်က လင်းယူအတွက် အဲလောက်အရေးကြီးနေမှတော့ ရှင့်ကို ကူညီပေးလိုက်မယ်”

ထိုသို့ပြောပြီးသည်နှင့် နေရာမှပျောက်သွားလေတော့သည်။

သူမသတင်းရထားသော်လည်း ဟုန်ယွမ်နှင့် ဟွာကျင်းတို့သည် နှင်းခဲစန္ဒာ မြို့သို့ လာနေတုန်းပင်ဖြစ်သည်။ သူတို့၏ တည်နေရာမှာ ပေါ်ပေါက်သွားသည် ဟု သံသယဝင်သဖြင့် လမ်းကြောင်းပြောင်းလိုက်သည်။ ခရီးစဉ်မှာ ငြိမ်းအေး သော်လည်း ကျီဇဲတို့နှင့်မတွေ့ခင်မျာပင် လျန်ယာတို့နှင့်တွေ့ကြလေသည်။

လျန်ယာအပြင် တခြားလူတချို့လည်းပါသည်။ သူတို့သည် နတ်ဆိုး ကောင်းကင်ဝံပုလွေ၏ အကြီးအကဲများဖြစ်ပြီး အင်အားမှာလည်း အလွန် သန်မာကြသည်။ သူတို့၏ခွန်အားကို လိုက်နိုင်သည့်ဟုန်ယွမ်မှအပ ဟွာကျင်း သည် ခေတ္တမျှသာ တောင့်ခံနိုင်သည်။ တခြားသူများမှာ သူတို့၏ဖိအားများ ကြောင့် လဲကျလုနီးပါးဖြစ်ခဲ့ရသည်။

“ငါ့ကိုရှင်းဖို့လောက်နဲ့ မင်းတို့က အများကြီးအားထုတ်ခဲ့ရတာပဲ” ဟုန်ယွမ်သည် အဝိုင်းခံရသည်ကိုပင် ထိတ်လန့်ခြင်းမရှိပေ။

“ဒါပေါ့ မင်းလို သစ္စာဖောက်က ငါ့ပိုင်နက်ထဲကိုလာရဲလိမ့်မယ်လို့ ထင် မထားဘူး.. ဘယ်လိုပဲဖြစ်ဖြစ် အချိန်ကိုက်ဖြစ်သွားတာပဲ.. မင်းခေါင်းကိုယူပြီး အရှင့်ဆီကိုတင်ပြရမယ်.. မင်းမရှိဘဲ ဝူလင်းယူက အရှင့်ကို ဘယ်လိုတိုက်ခိုက် မလဲဆိုတာ ကြည့်ကြတာပေါ့”

***

All Chapters