← Chapters

အိပ်မက်လေး၏လက်စားချေမှု

Vol. 159 Ch. 2226

အိပ်မက်လေး၏လက်စားချေမှု

Vol. 159 Ch. 2226

ဟုန်ယွမ် ဤနေရာသို့လာသည်မှာလည်း လျန်ယာတို့ကို အံ့ဩသွားစေခဲ့ သည်။

ထိုလူသည် ဝူလင်းယူအတွက် အလွန်အရေးကြီးသည်။ သူ၏ လမ်းပြမှု ကြောင့် ဝူလင်းယူသည် တောင်ရိုးများစွာသိမ်းပိုက်နိုင်ခဲ့ပြီး မိုလော့ကို ဆန့်ကျင် နိုင်ခြင်းဖြစ်သည်။ သူ့ကို ယခုအချိန်သတ်လိုက်ခြင်းမှာ သူတို့အတွက် ကောင်း သည့်ကိစ္စပင်ဖြစ်သည်။ ထို့ကြောင့် သတင်းရချိန်တွင် ဟုန်ယွမ်ကို မည်သို့သတ် မည်ကို အစီအစဉ်ဆွဲခဲ့ကြသည်။

ဟုန်ယွမ်သည် သာမန်ဂမ္ဘီရပညာရှင်များနှင့် ကွာခြားသည်။ သူသည် ဘိုးဘေးများဆီမှ အမွေဆက်ခံပြီး အားကောင်းလာသူဖြစ်သည်။ သူနှင့်အတူ လူများခေါ်လာသည်ကို မဆိုထားနှင့် သူတစ်ယောက်တည်းဆိုလျှင်ပင် ရှင်းပစ် ရန်မလွယ်ကူလှပေ။ အထူးသဖြင့် သူသည် လမ်းကြောင်းကိုထပ်မံပြောင်းပစ်ခဲ့ သည်။ သူသည် ဤနေရာတွင် ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် စွမ်းအား များစွာသုံးခဲ့ရသည်။

ဟုန်ယွမ်သည် လျန်ယာ လူအများအပြားခေါ်လာသည်ကိုမြင်သောအခါ သူ့ကို ဤနေရာတွင် သတ်ရန်စီစဉ်ထားသည်ကို သိလိုက်သည်။ စကားအပို မပြောတော့ဘဲ သူလှုပ်ရှားတော့သည်

ဟွာကျင်းသည် ဘာမှမပြောဘဲ ဟုန်ယွမ်ကိုအရင်လှုပ်ရှားခိုင်းသည်။ အကြောင်းမှာ ပြိုင်ဘက်၏စွမ်းအားသည် သူတို့ကိုဖိနှိပ်လိုက်လျှင် ရုန်းထွက် နိုင်မည်မဟုတ်တော့ပေ။ ယခုအချိန် သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကျီဇဲတို့ တပ်ကူခေါ်ပြီး လာရန်ပင်ဖြစ်သည်။

လျန်ယာ၏အားသည် ဟုန်ယွမ်နှင့် ခပ်ဆင်ဆင်ပင်။ သူသည် မျိုးနွယ် အကြီးအကဲတစ်ယောက်ကိုခေါ်ပြီး ဟုန်ယွမ်ကို အတူတကွတိုက်ခိုက်လေ သည်။ သူတို့လူအင်အားများသည်ကို ဂရုမစိုက်နိုင်အားပေ။ သူ့ကို ယနေ့သတ် ပစ်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်။ သူသည် လျန်ယာနှင့် တစ်ယောက်ချင်းစီ ရှင်းချင်သည်။ သို့သော် ယခုအချိန်တွင် သူသည် နှစ်ယောက်ကို တစ်ချိန်တည်း တိုက်ခိုက်ပြီး ရုန်းကန်နေရသည်။ သူ ခေတ္တမျှတောင့်နိုင်နိုင်သော်လည်း လျန်ယာ၏တိုက်ကွက်ကြောင့် မြေပေါ်သို့လဲကျပြီးလှိမ့်သွားတော့သည်။ သူ၏ ငွေရောင်ဆံပင်များတွင် ရွှံ့များပေကျံသွားပြီး အနည်းငယ် ကြည့်ရခက်နေ တော့သည် “သခင်” ဟုန်ယွမ်ဒဏ်ရာရသွားသည်ကို ဟွာကျင်းမြင်သောအခါ သွားကူညီချင်သည်။ သို့သော် သူသည်လည်း ပြိုက်ဘက်များစွာနှင့်တွေ့နေရာ စွမ်းအားမရှိတော့ပေ‌။

“ဟုန်ယွမ် သေလိုက်တော့” လျန်ယာသည် ဝိညာဉ်စွမ်းအင်စုစည်းကာ ဟုန်ယွမ်ကို နောက်ဆုံးတစ်ချက်နှင့် အပြီးသတ်လိုက်ရန် ပြင်ဆင်တော့သည်။

“လူကြီးမင်း” ထိုအခိုက်တွင် ကျီဇဲသည် လက်အေက်ငယ်သားတချို့နှင့် ရောက်လာပြီး ထိုမြင်ကွင်းကိုမြင်သောအခါ ဟုန်ယွမ်ဆီသို့ရွှေ့ပြောင်းကာ လျန်ယာ၏ တိုက်ကွက်ကို ကာလိုက်သည်။

တခြားသူများလည်း တိုက်ပွဲတွင်ဝင်လိုက်ကာ ဟွာကျင်းသည် ဟုန်ယွမ် ၏ဘေးသို့သွားလေသည်။  “သေချင်တဲ့လူတွေ ပိုရောက်လာတာပဲ” လျန်ယာ သည် ကျီဇဲတို့လူအများအပြားခေါ်လာသည်ကို မြင်သောအခါ ပျာမသွားပေ။ သူတို့ လာလျှင်တောင် ဟုန်ယွမ်ကိုကယ်နိုင်မည်မဟုတ်ပေ။

သူသည် လေဟာပြင်ဝင်ပေါက်ဖွင့်လိုက်ရာ လူအများအပြားသည် ဝင် ပေါက်မှ လျင်မြန်စွာထွက်လာကြလေသည်။

ဟွာကျင်းသည် ထိုလူများကိုမြင်သောအခါ မျက်လုံးများအရောင်လက် သွားတော့သည်။ လျန်ယာသည် နောက်ဆက်တွဲအစီအစဉ်ရှိထားသည်။ သူ သည် ယနေ့သေချာပေါက် သူတို့ကိုရှင်းပစ်ရန် ဆုံးဖြတ်ထားပုံပင်။

“ဟုန်ယွမ် မင်းအသက်က ဒီနေ့ဒီနေရာမှာ အဆုံးသတ်ရမယ်” လျန်ယာ ပြောလိုက်သည်။

သူတင်မဟုတ်.. ဝူလင်းယူ၏လူများ ဒီနေ့ဒီနေရာတွင် သေရမည်။ ဟွာကျင်းနှင့် ကျီဇဲတို့သည် စွမ်းဆောင်နိုင်သောစစ်သူကြီးများဖြစ်သည်။ ယနေ့ သူတိုသုံးယောက်လုံး သေသွားလျှင် ဝူလင်းယူသည် ဒေါသထွက်လွန်း၍ သွေး ပင်အန်နိုင်သည် “ဒီနေ့ဘယ်သူမှအသက်မရှင်စေရဘူး” လျန်ယာအမိန့်ပေး လိုက်သည်နှင့် အားလုံး တိုက်ခိုက်ကြလေသည်။ ကျီဇဲခေါ်လာသော် လူအင် အားမှာ သူတို့ထက်နည်းသည်။ တစ်ချိန်တည်းတိုက်ခိုက်ချိန်တွင် သူတို့သည် ဟုန်ယွမ်ကို မကာကွယ်နိုင်ကြပေ။

“ဟူး”

စစ်မြေပြင်တွင် လူတစ်ယောက် သက်ပြင်းချသံကို မကြားရနိုင်ပေ။ သို့သော် အားလုံး၏နားထဲတွင် ရှင်းရှင်းလင်းလင်းကြီးကြားလိုက်ရသည်။

လျန်ယာ ထိတ်လန့်သွားသည်။ သူတို့ကို ကြည့်နေတဲ့လူရှိတာကို သူတို့ မသိကြဘူးပဲ။

အဲလူက ဘယ်ကလာတာလဲ။ ဘာလို့ဘေးကနေ ကြည့်နေတာလဲ။ သူမက ကူညီမှာလား။

ဟုန်ယွမ်နှင့် တခြားသူများသည် သံသယများရှိနေသော်လည်း တိတ် တိတ်လေးပျော်နေသည်။ ထိုလူသည် သေချာပေါက် ပြိုင်ဘက်၏လူမဖြစ်နိုင် သလို ပြိုင်ဘက်ကို ကူညီမည့်ရည်ရွယ်ချက်လည်း မရှိနိုင်ပေ။ မဟုတ်လျှင် ဤ ကဲ့သို့အခြေအနေမျိုးတွင် ယခုလို အသံထွက်မည်မဟုတ်ပေ။

ရှီမာယူယူသည် အတန်ကြာအောင်စောင့်ကြည့်သည်။ သူမသည် ကျီဇဲ မရောက်ခင်တွင် ရောက်နှင့်နေပြီး ဟုန်ယွမ်အန္တရာယ်ကျနေသည်ကို ကူညီရန် ဖြစ်သည်။ သို့သော် ကျီဇဲဝင်လာသည်ကိုမြင်သည်နှင့် မလှုပ်ရှားခဲ့ပေ။ သူမ သည် ရှေ့ထွက်ပြီး ကူညီရန်မလိုဟု ထင်ထားခဲ့သည်။ သို့သော် လန်ယာသည် ဟုန်ယွမ်တို့ကိုရှင်းရန်အတွက် ဤမျှလူများခေါ်လာလိမ့်မည်ဟု မည်သူထင်မိ မည်နည်း။ သည်တစ်ကြိမ်တွင် သူမ တစ်စုံတစ်ရာလုပ်ရမည်။

သူမ လေဟာပြင်မှထွက်လာချိန်တွင် ဟွာကျင်းသည် သူမကိုမြင်သည်နှင့် အံ့ဩသွားပြီး သဘောပေါက်သွားသည်။ ဟုန်ယွမ်၏ မျက်လုံးထဲတွင် အံ့အား သင့်မှုများ အရောင်လက်သါားပြီး ကျီဇဲသည် ထိတ်လန့်သွားတော့သည်။

သို့သော် သူတို့စိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်.. သူမပဲ…

ရှီမာယူယူသည် သူတို့ကိုကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ လက် တစ်ချက်ဝှေ့လိုက်သည်နှင့် ရာချီသောရှေးဟောင်းတိုက်ပွဲဝိညာဉ်များထွက်လာ ပြီး လျန်ယာ၏လူများကို တိုက်ခိုက်ပြီး ဟုန်ယွမ်တို့ကို ကူညီလိုက်သည်။

သူမမှာ မည်သူမည်ဝါဖြစ်သည်ကို မသိကြသဖြင့် နတ်ဆိုးတပ်သားများ သည် အကယ်ခံလိုက်ရပြီးသည်နှင့် ဟုန်ယွမ်အားကာကွယ်ရန် သူ့ဘေးသို့ သွား ကြလေသည်။

“မင်းက ဘယ်သူလဲ” လျန်ယာ၏ ထိတ်လန်မှုမှာ ဟုန်ယွမ်ထက်ပင် ပို ပြင်းထန်သည်။ သူသည် အောင်မြင်တော့မည့်ဆဲဆဲတွင် ဤလူသည် တစ်နေရာမှထွက်လာခဲ့သည်။

“မင်းကိုသတ်မယ့်လူတစ်ယောက်ပေါ့” ရှီမာယူယူ ပြောလိုက်သည် “အစကတော့ မြို့ထဲကလူတွေမသိအောင် နှင်းခဲစန္ဒာမြို့ထဲကနေ မင်းကိုမျှား ခေါ်မလို့ပဲ.. ငါ့ကိုဒီလိုအခွင့်အရေးပေးလိမ့်မယ်လို့ ထင်မထားဘူး”

“ငါက မင်းနဲ့ဘာရန်ငြိုးမှမရှိဘူး  ဘာလို့ငါ့ကိုသတ်ချင်နေတာလဲ” သူ ဤအမျိုးသမီးကို ပထမဆုံးတွေ့ဖူးသည်ဟု လျန်ယာ သေချာနေသည်။ သို့သော် သူ့အပေါ်တွင်ရှိသည့် သူမ၏လူသတ်မည့်အကြည့်များသည် သန်မာ လွန်းသဖြင့် အရည်ပင်ပျော်နိုင်သည်။

“မင်းနဲ့ငါက ရန်ငြိုးမရှိဘူးဟုတ်လား ဒီလူကိုတွေ့ပြီးရင် အဲလိုပြောတော့ မှာမဟုတ်ဘူး.. အိပ်မက်လေး အကြာကြီးစောင့်ခဲ့ပြီးပြီဆိုတော့ မင်း လက်စား ချေမယ့်အချိန်ပဲ” ရှီမာယူယူ ပြောလိုက်သည်နှင့် အိပ်မက်လေးသည် သူမ၏ ဘေးတွင်ပေါ်လာသည်။

အိပ်မက်လေးကိုမြင်သောအခါ လျန်ယာသည် နားမလည်နိုင်သေးပေ။ ဤကဲ့သို့အခြေအနေမျိုးအောက်တွင် အိပ်မက်နတ်ဆိုးကိုတွေ့ရလိမ့်မည်ဟု ထင်မထားပေ။

“လျန်ယာ မင်းက ဟိုးအရင်နှစ်တွေက ငါ့မျိုးနွယ်တွေကိုရှင်းပစ်ခဲ့တယ် ဒီနေ့ သွေးကြွေးကိုသွေးနဲ့ပဲပြန်ဆပ်ရမယ်” အိပ်မက်လေး၏ စိတ်ထဲတွင် ချုပ်တည်းခဲ့ရသည့် အမုန်းတရားများသည် ကြာရှည်နေပြီဖြစ်သည်။ သူသည် ပြောပြီးသည်နှင့် ချက်ချင်းပင် လျန်ယာကို တိုက်ခိုက်လေသည်။

အိပ်မက်လေး တစ်ယောက်တည်းနှင့်ဆိုလျှင် လျန်ယာသည် မကြောက် ပေ။ သူမသည် ငယ်ရွယ်သေးသည်။ ထို့အပြင် သူမသည် နှစ်ပေါင်းများစွာ ဖိနှိပ် ခံရလာသဖြင့် သူကိုမည်သို့အနိုင်ယူနိုင်မည်နည်း။ သူ စိတ်ပူသည်မှာ ရာချီနေ သော ရှေးဟောင်းတိုက်ပွဲဝိညာဉ်များပင်ဖြစ်သည်။

သို့သော် မကြာခင်တွင် သူ မှားသွားသည်ကို သိလိုက်ရသည်။ အိပ်မက် လေး၏ အင်အားမှာ ထိုနှစ်ကနှင့် မတူတော့ပေ။ သူမသည် သူနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။

သူမသည် ပိတ်လှောင်ခံရခြင်းမှလွတ်လာသည်မှာ နှစ် ၁၀၀ ၂၀၀ မျှသာ ရှိသေးသည်။ ဒီလိုအချိန်တိုအတွင်းမှာ ဒီလောက်အားကောင်းတဲ့အဆင့်ရောက် အောင် ဘယ်လိုကျင့်ကြံလိုက်တာလဲ။

အိပ်မက်လေးသည် သူ့ကိုအံ့ဩခွင့်တောင်မပေးပေ။ လှုပ်ရှားမှုတိုင်းနှင့် တိုက်ကွက်တိုင်းတွင် အားကောင်းသည့် လူသတ်အငွေ့အသက်များပါနေသည် မှာ အတော်ပင် စိတ်မကောင်းစရာပင်။

သူမသည် မိသားစုတစ်ခုလုံး ဖျက်ဆီးခံရသည့် အခြေအ‌နေကို ပြန်တွေး လိုက်သည်နှင့် အံကြိတ်ခံခဲ့ရသည့် နာကျင်မှုများသည် အိပ်မက်လေး၏ နှလုံး သားကို ဓားနှင့်မွှန်းသလိုပင်။ တိုက်ကွက်တိုင်းသည် သေစေလောက်သည်။ သူမသည် လျန်ယာနှင့် တူညီလောက်သည့်အင်အားရှိသည်။ သို့သော် သူသည် ပြန်တိုက်ခိုက်ရန် အင်အားမရှိပေ။

ရှီမာယူယူသည် အတန်ကြာသည်အထိ စောင့်ကြည့်နေသည်။ မည်သည့် ပြဿနာမှမရှိသည်ကို သေချာသည်နှင့် မီအာကိုထုတ်ပြီး အခြေအနေကို ကြည့် နေပြန်သည်။ တစ်စုံတစ်ရာဖြစ်လျှင် သူသည် သူမကိုကယ်နိုင်ရန်အတွက် ဖြစ် သည်။

သူမသည် လေထဲမှဆင်းလာပြီး ဟုန်ယွမ်တို့ရှေ့တွင် ဆင်းသက်လိုက် သည်။

“အကုန်လုံးအဆင်ပြေကြရဲ့လား” သူမသည် ဟွာကျင်းကို ကြည့်လိုက် သည်။ သူ၏ ဒဏ်ရာများသည် ပြင်းထန်နေသော်လည်း အဆင်ပြေနေသေး သည်။

“နတ်ဆိုးလောကကို ဘာလို့လာတာလဲ.. ဘယ်တုန်းကရောက်တာလဲ အရှင့်ကိုဘာလို့မပြောတာလဲ” ဟွာကျင်းသည် စိတ်လှုပ်ရှားစွာဖြင့် မေးလေ သည်။

ကျီဇဲသည် နားမလည်နိုင်ဖြစ်နေသည်။ ဟွာကျင်းသည် သူမနှင့် ရင်းနှီးနေ သလိုပင်။ သူသည် နတ်ဆိုးလောကကို သူမရောက်လာသည့်အကြောင်းပင် ပြောနေသေးသည်။ သူမက နတ်ဆိုးလောကကမဟုတ်ဘူးလား။

မှန်သည်.. ထိုလူများသည် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များဖြစ်ကြသည်။ သူမသည် တစ္ဆေလောကမှလာခြင်းဖြစ်ရမည်။

“လူသားလောကက ကိစ္စတွေဖြေရှင်းပြီးခါနီးပြီဆိုတော့ ဒီကိုလာကြည့် တာပါ” ရှီမာယူယူ၏ စကားများသည် ကျီဇဲကို မျက်လုံးများပြူးသွားစေသည်။

လူသားလောကကလား.. သူမက လူသားမျိုးနွယ်လား…

***

All Chapters