← Chapters

အင်မော်တယ်ဧကရာဇ် မန်ဟို

Vol. 76 Ch. 1057

အင်မော်တယ်ဧကရာဇ် မန်ဟို

Vol. 76 Ch. 1057

နှစ်ပေါင်းများစွာ ဧကရာဇ်နေရာ လှစ်ဟနေခဲ့သော အင်ပါယာနိုင်ငံတစ်နိုင်ငံဟု တွေးကြည့်ကြပါစို့။ နိုင်ငံတစ်၀န်းရှိ ဌာနဆိုင်ရာအရာရှိများတွင် ကိုယ်ပိုင်စစ်တပ်များရှိကြပြီး သူတို့၏နေရာများကို နှစ်ပေါင်း မရေမတွက်နိုင်အောင် သိမ်းပိုက်ထားခဲ့ကြမည်။

ထိုအရာရှိတစ်ဦးတစ်ယောက်ချင်းစီသည် နောက်ဆုံးတွင် ထိုနေရာအား သူတို့၏ ကိုယ်ပိုင်နိုင်ငံတော်သဖွယ် မြင်လာကြပြီး သူတို့ကိုယ်သူတို့ ဘုရင်များအဖြစ် သတ်မှတ်လာကြလိမ့်မည်။

တောင်ပင်လယ်သခင်ကိုးဦးမှ ဘုရင်ကိုးပါးသဖွယ် ပြုမူနေသော တောင်ပင်လယ်လောကတွင်လည်း ထိုနည်းတူပင်။

တောာင်ပင်လယ်လောက၏ အရှင်သခင်အလောင်းအလျာက ဧကရာဇ်ဖြစ်မည်။

ထိုဘုရင်များအနေဖြင့် လွတ်လပ်မှုအရသာကို မြည်းစမ်းကြည့်ပြီးနောက် ဟိုသာလုပ်၊ သည်ဟာလုပ်ဟု အခိုင်းခံရရန် တွေးပင်တွေးတော့မည် မဟုတ်သည့်အပြင် ကြိုးကိုင်ခြယ်လှယ်ခြင်းခံရမည်ကိုလည်း လက်ခံကြမည်မဟုတ်ပေ။

ထိုကဲ့သို့ အခြေအနေမျိုးသာ အင်ပါယာနိုင်ငံတစ်နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့လျှင် .... အခြေအနေကို ကိုင်တွယ်ရန် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးဖြစ်ပြီး အများစုကို အကျိုးအမြတ်ထွက်စေမည့် တစ်ခုတည်းသော နည်းလမ်းကတော့ ဧကရာဇ်ကို ရာဇပလ္လင်ပြန်မသိမ်းနိုင်မီ သတ်လိုက်ရန်ဖြစ်သည်။

ယင်းက ထိုဘုရင်အားလုံးအတွက် အကောင်းဆုံးအဖြေ ဖြစ်လိမ့်မည်။

မန်ဟိုသည် ၎င်းကို နားလည်သည့်အတွက် .... အလွန်ကြီးမားသောအန္တရာယ်ထဲ ကျရောက်နေပြီဖြစ်၍ အသိနှင့်သတိအမြဲကပ်နေမှ ဖြစ်တော့မည်ကို ပြောနိုင်၏။

မည်သည့်အခြေအနေမျိုးတွင်မှ သူ၏ သရုပ်မှန်ကို ဖော်ပြ၍မရပေ။ ထိုသို့ဖော်ပြခဲ့လျှင် သူ့ကို စောင့်ကြိုနေမည့် တစ်ခုတည်းသောအရာကတော့ ပျက်စီးမှုသာ။ သည့်အပြင် ဖန်မျိုးနွယ်စုလည်း သူနှင့်အတူ ကံဆိုးမိုးမှောင်ကျမည်မှာ မလွဲမသွေပင်။

ဤအခိုက်အတန့်တွင် ကြက်တူရွေးနှင့် အသားဂျယ်လီမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။

"သေစမ်း။ မန်ဟို မြန်မြန် စုပ်ယူလိုက်ပါတော့။ ငါတို့ တောင့်မခံနိုင်တော့ဘူး"

တစ်ချိန်တည်းဆိုသလို မန်ဟိုသည် တုံဆိုင်းခြင်းမရှိဘဲ ပါရာဂွန်သွေးကို လှမ်းယူလိုက်သည်။ ထိုနောက် သူက အသက်ပြင်းပြင်းရှုသွင်းပြီး သွေးစက်ကို သူ၏ လက်ဝါးထဲ ထည့်လိုက်၏။

ချက်ချင်းပင် သွေးစက်က သူ့လက်နှင့်တစ်သားတည်း ပေါင်းစည်းသွားပြီး သူ့ခန္ဓာကိုယ်ထဲ စိမ့်၀င်ရောက်လာသည်။ တစ်ချိန်တည်းမှာပင် ထစ်ချုန်းသံကြီးက သူ့စိတ်ထဲတွင် ပြည့်နှက်သွား၏။ ချက်ချင်းပင် ပါရာဂွန်သွေးအတွင်း၌ ပါရှိသော အကန့်အသတ်မရှိ အင်အားကြီးမားသော စွမ်းအားကို သူ ခံစားလိုက်ရသည်။

တစ်ဆက်တည်းဆိုသလို မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ အရှိန်အဝါက သည်းကြီးမည်းကြီး ထွက်လာသည်။ မန်ဟိုသည် တဆတ်ဆတ် တုန်ရီနေလျက် နိဗ္ဗာနသစ်သီးတစ်လုံးကို အလျင်အမြန် ထုတ်ပြီး သူ၏နဖူးထဲသို့ ဖိချလိုက်၏။

နိဗ္ဗာနသစ်သီး သူနှင့် ပေါင်းစည်းသွားသောအခါ သူ့မှာ တုန်ရီလာတော့သည်။ ထို့နောက် ပါရာဂွန်၏သွေးနှင့် မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ အရှိန်အဝါက အတူတကွ ပူးပေါင်း၍ ပါရာဂွန်သဘာ၀ကို ဖုံးကွယ်ပေးလိုက်သည်။

ဤအခိုက်အတန့်တွင် ကြောက်ခမန်းလိလိ အစွမ်းထက်သော နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်းက နဝမတောင်မှ ဖြာထွက်လာ၏။ ၎င်းက တောင်ပင်လယ်လောကတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ချောင်ကြိုချောင်ကြားမကျန် ရောက်ရှိသွားသည်။ မြေလှန်မခံရသော ကျောက်တုံးဟူ၍ မရှိပေ။

န၀မပင်လယ်နတ်လောကလည်း ပါ၀င်သည်။ နတ်ဘုရားအာရုံက ၎င်းကို မွှေနှောက်သွားသည်။ ကြည့်ရသရွေ့ ၎င်းသည် တာအိုဆရာအစည်းအရုံးသုံးခုကိုပင် အာခံနေသည့်အပြင် ရှာတွေ့ဖို့ မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် ဆန္ဒရှိနေသည့်အလားပင်။

သို့သော် န၀မပင်လယ်နတ်လောကမှာ မဟန့်တားဘဲ တိတ်ဆိတ်နေသည်။

နတ်ဘုရားအာရုံက နေရာဒေသအသီးသီးကို လွှမ်းမိုးရင်း အရာအားလုံးကို လွှမ်းခြုံနေသည်။ ၎င်းမှာ မန်ဟိုအပေါ်မှပင် ဖြတ်သွားသည့်တိုင် ၎င်းလိုက်ရှာနေသည့်အရာကို မတွေ့ပုံရသည်။ မန်ဟိုက အရှိန်အဝါအားလုံးကို ကွယ်ဝှက်ထားရင်း တင်ပျဉ်ခွေထိုင်နေ၏။ မှန်ပါသည်၊ သူ့အစွမ်းအစနှင့်သူ ကွယ်ဝှက်ထားခြင်းမဟုတ်ဘဲ အသားဂျယ်လီ၊ ကြက်တူရွေးအပြင် မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ အရှိန်အဝါနှင့် ပါရာဂွန်သွေး ပူးပေါင်းထားခြင်းက ကွယ်ဝှက်ပေးထားခြင်းဖြစ်သည်။

ထိုကြောင့် မန်ဟိုသည် အစွမ်းထက်သောနတ်ဘုရားအာရုံ၏ တွေ့ရှိခြင်းမခံလိုက်ရပေ။

အချိန်အနည်းငယ်ကြာသော် နတ်ဘုရားအာရုံက အခြားနေရာများတွင် သွားရောက်ရှာဖွေရန် မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

ထိုအစွမ်းထက်သောနတ်ဘုရားအာရုံအပြင် န၀မတောင်ပင်လယ်၏ ကျန်နေရာများတွင် တာအိုနယ်ပယ်ပညာရှင်များလည်း နေရာအသီးသီးတွင် ရှာဖွေမှုများ ပြုလုပ်နေကြသည်။

လူတိုင်းသည် တောင်ပင်လယ်လောက၏ အရှင်သခင်အလောင်းအလျာက မည်သူလဲ သိချင်နေကြ၏။

မန်ဟိုဖြစ်နိုင်သည်ဟု ဘယ်သူမှ မတွေးမိခြင်းမဟုတ်ပေ။ သူသည် အက်ရှလွန်စာရင်း၀င်ဖြစ်ပြီး လက်ရှိမျိုးဆက်တွင် အစွမ်းထက်ဆုံး ကျင့်ကြံသူမဟုတ်ပါလော။ သို့သော်လည်း တောင်ပင်လယ်လောက၏ အရှင်သခင်အဆင့်အတန်းမှာ သူ၏ လက်ရှိအဆင့်နှင့် အလွန်တရာ ကွာခြားနေသည့်အတွက် သူဟု သံသယ၀င်မိသည့်မည်သူမဆို တခဏသာ တွေးလိုက်ကြသည်။ အများဆုံး သံသယအ၀င်ခံရသူများမှာတော့ တာအိုနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော လူများဖြစ်သည်။

ကျန်တောင်ပင်လယ်များ၏ သခင်များသည် အထူးသဖြင့် သခင်ကျီကို သံသယ၀င်နေကြ၏။ ကြည့်ရပုံထောက်လျှင် ဧရာမမုန်တိုင်းကြီးတစ်ခု အစပျိုးနေလေပြီ။

မန်ဟိုက တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေသည်။ ပါရာဂွန်သွေးနှင့် အောင်မြင်စွာ ပေါင်းစည်းပြီးနောက် သူသည် နိဗ္ဗာနသစ်သီးကို စုပ်ယူရန် သွေး၏စွမ်းအားကို အသုံးပြုသည်။ တစ်ချိန်တည်းမှာပင် ပါရာဂွန်ကိုးတံဆိပ်၏ သွေးက သူ၏ မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို ပို၍ သိမ်မွေ့လာစေသည်။ သူကား ပါရာဂွန်ကိုးတံဆိပ်၏ သမာဓိအပ်နှင်းခြင်းခံနေရသည့်အလားပင်။

၎င်းက သူ့ကို ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူအဖြစ် တရား၀င်သတ်မှတ်ရင်း အသိအမှတ်ပြုနေသကဲ့သို့ ဖြစ်သည်။

ဤအခိုက်အတန့်မှစ၍ သူ၏ပြုစားခြင်းမန္တန်များသည် ပို၍ပင် အားကောင်းလာလိမ့်မည်။ ပါရာဂွန်သွေး၏ မြှင့်တင်ပေးမှုကြောင့် သူ ထုတ်ဖော်နိုင်မည့်စွမ်းအားသည် ကြောက်ခမန်းလိလိ ကြီးမားလာလိမ့်မည်။ ထိုမျှသာမက မိစ္ဆာချုပ်နှောင်သူအဖွဲ့အပေါ် သူ၏နားလည်မှုမှာလည်း ယခင်နှင့် မတူတော့ပေ။

ဥပမာအားဖြင့် ပဉ္စမချုပ်နှောင်မန္တန်၊ အတွင်းအပြင်မန္တန်နှင့်ပက်သက်လျှင် သူသည် ယခင်က အက်ကွဲကြောင်းသေးသေးလေးတစ်ခုကိုသာ ဖွင့်နိုင်ခဲ့၏။ သို့သော် ယခုမူ အဆပေါင်းရာချီကြီးမားသော အက်ကွဲကြောင်းကို ဖွင့်နိုင်သွားလေပြီ။

အရာအားလုံးက ပါရာဂွန်ကိုးတံဆိပ်၏ သွေးကြောင့်ပင်။

မန်ဟိုမှာ တဆတ်ဆတ် တုန်နေသည်။ သူသည် သူနှင့်ပက်သက်၍ တစ်စုံတစ်ခုက ထူးခြားနေသည်ကို သိသိသာသာ ခံစားနေရ၏။ ပါရာဂွန်သွေးကို စုပ်ယူခြင်းက မီးဆေးခြင်း သို့မဟုတ် နှစ်ခြင်းမင်္ဂလာတစ်ပါးအလား သူ၏ အပြင်အားကိုယ်ကို အင်မော်တယ်နယ်ပယ်ထက် ကျော်လွန်သည့်တိုင်အောင် ပို၍ သန်မာလာစေသည်။ သူကား‌ ရှေးဟောင်းနယ်ပယ်ခန္ဓာကိုယ်နှင့် အတိုင်းထက်အလွန် နီးကပ်နေလေပြီ။

သူ လိုအပ်သမျှမှာ မှန်ကန်သော အခြေအနေ၊ အချိန်အခါ၊ မှန်ကန်သော အခွင့်အရေးသာဖြစ်၏။ ပြီးလျှင် သူ၏ အပြင်အားကိုယ်သည် အဆင့်တက်၍ ရှေးဟောင်းနယ်ပယ်သို့ ၀င်ရောက်သွားလိမ့်မည်။ ထိုမျှသာမက အဆိုပါအခွင့်အရေး မည်သည့်နေရာတွင် ရှိကြောင်း သူ သိ၏။ ၎င်းက ကိုးပင်လယ်နတ်လောက၏ န၀မမြောက်ရွှေ‌ဂိတ်ကျောက်တိုင်ထဲတွင် ဖြစ်သည်။

မန်ဟိုသည် ထိုကိုယ်ကာယကျင့်ကြံသူအဘိုးကြီး၏ န၀မမြောက်လက်သီးကို တောင့်ခံနိုင်လျှင် မည်သို့ဖြစ်မည်ကို မြင်နိုင်၏။ ထိုအခိုက်အတန့်တွင် ရှေးဟောင်းနယ်ပယ်အပြင်အားကိုယ်အဆင့်သို့ ၀င်ရောက်သွားလိမ့်မည်။

"ငါ ပိုပြီး အစွမ်းထက်လာတော့မယ်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးလိုက်သည်။ သူသည် ထိုနေရာတွင် တင်ပျဉ်ခွေလျက် ဆက်ထိုင်နေပြီး ပါရာဂွန်သွေးတို့ သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို စိမ့်၀င်စီးဆင်းနေသည်နှင့်အမျှ သူ၏အင်မော်တယ်အကြောများမှာ သန်မာလာနေတော့သည်။ ရွှေရောင်အမျှင်များကလည်း သူ၏ ချီစီဆင်းမှု လမ်းကြောင်းများနှင့် တစ်သားတည်းပေါင်းစည်းရန် ပျံထွက်လာနေသည်။

သူ့နဖူးမှတစ်ဆင့် စုပ်ယူခဲ့သော နိဗ္ဗာနသစ်သီးမှာမူ လျင်မြန်စွာ အရည်ပျော်သွားပြီး ပါရာဂွန်သွေး၏ ရွှေရောင်အမျှင်များနှင့် ထိတွေ့သောအခါ ၎င်းတို့နှင့် ပေါင်းစည်းရင်း မန်ဟို၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။

ရုတ်တရက် မန်ဟို၏ ကျင့်ကြံခြင်းအခြေခံကား ဝုန်းခနဲ မြင့်တက်သွားတော့သည်။ သူသည် အင်မော်တယ်နယ်ပယ်ပါရာဂွန်အဆင့်သို ရောက်နေခဲ့ပြီဖြစ်သော်လည်း ..... အင်မော်တယ်နယ်ပယ်ဧကရာဇ်အဆင့်သို့ ဦးတည်နေလေပြီ။

သူသည် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မယုံကြည်နိုင်ဖွယ် တိုးတက်မှုများကို လုပ်ဆောင်နေ၏။ သူ့အနေဖြင့် နိဗ္ဗာနသစ်သီးတစ်လုံးစုပ်ယူမှ ယာယီတက်လှမ်းနိုင်သော အဆင့်ဖြစ်သည့် အင်မော်တယ်နယ်ပယ်ဧကရာဇ်အဆင့်တွင် အမြဲတမ်းနေနိုင်သွားပေတော့မည်။

"ငါ နိဗ္ဗာနသစ်သီးကို စုပ်ယူပြီးတာနဲ့ အင်မော်တယ်ဧကရာဇ်အဆင့်မှာ အမြဲနေနိုင်လိမ့်မယ်" သူ၏ မျက်လုံးများက ခိုင်မာပြတ်သားမှုတိုဖြင့် တောက်ပနေသည်။ သူ့မှာ ယနေ့ရောက်အောင် အကြာကြီးစောင့်ခဲ့ရပြီး ဤနေရာသို့ ရောက်လာဖို့ ဝိညာဉ်ကျောက်တုံးနှင့် အင်မော်တယ်ကျောက်စိမ်း မရေမတွက်နိုင်အောင် သုံးစွဲခဲ့ရသည်။ သူ့မှာ ဖြုန်းတီးခဲ့ရသော ပမာဏကို ကျယ်ကျယ်ပင် မပြောရဲပေ။ ထိုပမာဏကို ကြားလိုက်သူတိုင်း ကြက်သေသေသွားနိုင်ပြီး တာအိုနယ်ပယ်ပညာရှင်များပင် လက်ခံနိုင်မည်မဟုတ်။

ထိုကဲ့သို့ ကြီးမားသော ပေးဆပ်မှု‌များကြောင့် မန်ဟို လျှောကါသော လမ်းသည် အခြားကျင့်ကြံသူများ၏ လမ်းနှင့် လုံးလုံးလျားလျား ကွဲပြား၏။

သူက ပါရာဂွန်အင်မော်တယ်လောက၏‌ ရှေးဟောင်းလမ်းကို လျှောက်လှမ်းနေခြင်းဖြစ်သည်။ သို့ဖြစ်၍ သူ၏ အနာဂတ်သည် အကန့်အသတ်မဲ့၏။

အချိန်များ ကုန်လွန်သွားသည်။ တစ်နေ့ပြီးတစ်နေ့ ကြာသွားသည်။ မန်ဟိုသည် တင်ပျဉ်ခွေလျက်သာ ထိုင်နေ၏။ နောက်ဆုံးတော့ သူကား နိဗ္ဗာနသစ်သီး၏ တစ်၀က်ခန့်ကို စုပ်ယူပြီးသွားပြီး အင်မော်တယ်နယ်ပယ်ပါရာဂွန်အဆင့်ထက် ကျော်လွန်၍ အင်မော်တယ်ဧကရာဇ်အဆင့်နှင့် နီးကပ်နေလေပြီ။။

သူသည် ပိုပို၍သာ အစွမ်းထက်လာနေ၏။

သူ၏ အပြင်အားကိုယ်မှာ အတားအဆီးတစ်ခုပြီးတစ်ခု ချိုးဖျက်ရင်း ပြီးပြည့်စုံသထက် ပြီးပြည့်စုံလာနေသည်။

ထိုနည်းတူစွာပင် မိစ္ဆာချုပ်နှောင်အဖွဲ့မှ သူ၏စွမ်းအားများလည်း အားကောင်းသထက် အားကောင်းလာနေသည်။

ထိုပါရာဂွန်သွေးတစ်စက်က မန်ဟို့ကို မည်သည့်ကဏ္ဍတွင်မဆို တဟုန်ထိုး ‌တိုးတက်သွား‌စေပြီး သူ့အား အဆပေါင်းများစွာ သန်မာလာစေသည်ဟု ပြောနိုင်လေသည်။

နောက်ထပ်နှစ်ပတ်ကြာသွား‌သည်။ မန်ဟိုသည် ယခုတွင် ကိုးပင်လယ်‌နတ်လောက၌ တစ်လကျော် ရှိနေခဲ့လေပြီ။ တောင်ပင်လယ်လောကအပြင်တွင်တော့ လောကသခင် အလောင်းအလျာအား မြေလှန်ရှာဖွေနေကြဆဲ ဖြစ်သည်။ တခြားတောင်ပင်လယ်မှ အစွမ်းထက်ပညာရှင်များပင် ရောက်လာခဲ့ကြ၏။ ‌

ကံကောင်းထောက်မစွာနှင့် လူတိုင်းက စည်းနှင့်ဘောင်နှင့် ပြုမူ၍ ပြဿနာကြီးကြီးမားမား မတက်ပေ။ သို့သော် လာ‌တော့မည့် မုန်တိုင်းကြီး၏ အငွေ့အသက်‌များမှာတော့ ပို၍ပြင်းထန်လာနေသည်။

ကုန်လွန်သွားခဲ့သော လ၀က်အတွင်း မန်ဟိုသည် နတ်ဘုရားအာရုံ သူ့နေရာကို လေးကြိမ် လွှမ်းမိုးခဲ့ကြောင်း ခံစားခဲ့ရသည်။ ကံကောင်းစွာနှင့် အသားဂျယ်လီနှင့် ကြက်တူရွေးက မန်ဟို အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေပြီဖြစ်ကြောင်း သိသဖြင့် သူ့ကို အတတ်နိုင်ဆုံး ဖုံးကွယ်ပေးထားလေသည်။ ထို့အပြင် သွေးကို စုပ်ယူပြီးသော အခိုက်အတန့်မှစ၍ သူ၏ အရှိန်အဝါလည်း သူ့ကိုယ်ထဲတွင် ပျောက်ကွယ်လာခဲ့သည်။ နောက်ဆုံးတော့ လူများသည် သူ့ကို အာရုံမစိုက်ကြတော့ပေ။ သံသယအဝင်ခံရဆဲဖြစ်သော်လည်း သူ့လို သံသယ၀င်ခံရသူတစ်ရာကျော်ရှိ၏။

တကယ်တမ်း  အမှန်တရားက မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် သံသယအ၀င်ခံရဦးမည်သာဖြစ်သည်။

နောက်ထပ် လ၀က်ကြာသွားသည်။ မန်ဟိုမှာ နိဗ္ဗာနသစ်သီးကို စုပ်ယူ၍ မပြီးသေ။ ၂၀ ရာခိုင်နှုန်း ကျန်နေသေး၏။ သို့သော် သူ၏ လက်ရှိကျင့်ကြံခြင်းအခြေခံသည် ယခင်ကျင့်ကြံခြင်းအခြေခံနှင့် မိုးနှင့်မြေပမာ ကွာခြားနေလေပြီ။

လောလောဆယ်တွင် သူသည် မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေ၏။ မရေမတွက်နိုင်သော လျှပ်စီးမီးပွားများက သူ့ပတ်ပတ်လည်တွင် ကခုန်နေပြီး သူ၏ မျက်လုံးများက ပိတ်ထားသော်လည်း သူ့မျက်ခွံများမှ အဖြူရောင်မြူခိုးမျှင်များ စီးမျောထွက်လာသနေရာ သူ့အား အတိုင်းထက်အလွန် လျှို့ဝှက်ဆန်းကြယ်နေစေတော့သည်။

သူ၏ အသားရေမှာ ပို၍ ဖြူလာပြီး သူ၏ အရှိန်အဝါလည်း အားကောင်းလာသည်။ ကြောက်ခမန်းလိလိ လှိုင်းဂယက်တို့က သူ့ထံမှ လိမ့်ထွက်နေ၏။ ကန်ထဲရှိ မိစ္ဆာကျင့်ကြံသူများမှာ တအံ့တဩကြည့်နေကြပြီး ကြည့်ရင်းကြည့်ရင်း ကြောက်စိတ်တို့က သူတို့၏ နှလုံးသားထဲတွင် နေရာယူနေကြလေပြီ။

စုရန်လည်း မြင်နေရသော မန်ဟို၏ ပြောင်းလဲမှုများကြောင့် အံ့အားသင့်နေသည်။ ၎င်းက သူမကို ကြောက်လန့်စေ၏။ သူမအတွက် လျှို့ဝှက်ဆန်းကြယ်သော စိတ်ဆန္ဒတစ်ခုက မန်ဟို့၏ကိုယ်ထဲတွင် နိုးထလာနေသည့်အလား ခံစားနေရသည်။

"သူ့မှာ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတစ်ခုရှိတယ်" သူမက စိုးရိမ်တကြီး တွေးလိုက်သည်။ "ဒါပေမယ့် ... အဲ့တာက ဘာလဲ" သူမအတွက်တော့ မန်ဟိုမှာ အင်မတန် နားလည်ရခက်သူဖြစ်သည်။

နောက်ထပ်လ၀က်ကြာသွားသည်။ မန်ဟိုသည် ယခုတွင် ကိုးပင်လယ်နတ်လောကအတွင်း၌ နှစ်လကြာရှိနေခဲ့လေပြီ။ နောက်ဆုံးတော့ နိဗ္ဗာနသစ်သီးကို အပြည့်အဝစုပ်ယူပြီးသွားသော အချိန်သို့ ရောက်ရှိလာသည်။ ၎င်း၏ အစအနများက မန်ဟို့ကိုယ်ထဲတွင် မှေးမှိန်ပျောက်ကွယ်သွားပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။

တုန်ရီမှုနှင့်အတူ တဂျွတ်ဂျွတ် မြည်သံများနှင့် မိုးမြေတုန်ဟည်းသွားနိုင်သော ထစ်ချုန်းသံများက လိုက်ပါလာသည်။ ထိုအခိုက်အတန့်တွင် သူ၏ကျင့်ကြံခြင်းအခြေခံသည် အမြင့်တစ်ခုသို့ ထပ်တက်သွား၏။ လေပြင်းတစ်ချက်က သူ့ပတ်ပတ်လည်တွင် တိုက်ခတ်လာရာ မိစ္ဆာကျင့်ကြံသူများမှာ ကြောက်ဒူးတုန်နေတော့သည်။ စုရန်၏ မျက်လုံးများမှာတော့ မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်နေ၏။

မန်ဟို၏ စွမ်းအားက သူ့ဆံပင်များကို ပျံ့လွင့်နေစေပြီး သူ့၀တ်ရုံများကို တဖတ်ဖတ် လှုပ်နေစေသည်။ သူ့ကိုယ်ထဲတွင် တစ်စုံတစ်ခုက တစတစ ဖြစ်တည်လာနေသည်..... ၎င်းက အင်ပါယာစိတ်ဆန္ဒပင်။

အဆိုပါစိတ်ဆန္ဒသည် အဆုံးစွန်အထိ ဩဇာကြီးမားပြီး လွှမ်းမိုးကြီးစိုးနေ၏။ ဤသည်မှာ အင်မော်တယ်ဧကရာဇ်အဆင့်၏ အင်ပါယာစိတ်ဆန္ဒဖြစ်သည်။

သူ၏ မျက်လုံးများပွင့်လာသည့်အခါ မိစ္ဆာကျင့်ကြံသူများမှာ မိုးခြိမ်းသံကဲ့သို့ အသံများကြားလိုက်ရသည်။ စုစုပေါင်း မိုးခြိမ်းသံရှစ်ချက်ဖြစ်ပြီး တစ်သံချင်းစီက အလွန်တရာ ချောက်ချားဖွယ်ကောင်းသည့်အပြင် ဆန်းဆန်းပြားပြား အရောင်အဝါများကို ပြိုးပြိုးပျက်ပျက် လက်သွားစေပြီး အရာအားလုံးကို တုန်ခါလာစေသည်။

မိစ္ဆာကျင့်ကြံသူများ၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး တချို့မှာ သတိပင်လစ်ကုန်ကြသည်။ စုရန်မှာ သူမပါးစပ်မှ သွေးများစီးကျလာသည်ကို တွေ့လိုက်ရ၍ မျက်နှာပျက်သွားတော့သည်။

"ပုံရိပ်ယောင်မိုးခြိမ်းသံရှစ်ချက်... ကောင်းကင်တွေကို တုန်ခါသွားစေတယ်" သူမက ပြောသည်။

"ဒါ  ... ဒါ နင်တကယ်ပဲ အဲ့ဒီအဆင့်ကို ရောက်သွားပြီပေါ့။ မဖြစ်နိုင်ဘူး....

"ဒီမိုးခြိမ်းသံတွေက တစ်ယောက်ယောက် အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်သွားရင် ပေါ်လာတတ်တဲ့ ကြောက်စရာ လက္ခဏာတစ်ရပ်ပဲ။ ပုံရိပ်ယောင်မိုးခြိမ်းသံရှစ်ချက် ... ကောင်းကင်တွေကို တုန်ခါစေတယ်"

မန်ဟိုက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး ဖြေးဖြေးချင်း ထရပ်လိုက်သည်။ သူ ထိုသို့ ထရပ်လိုက်သည့်အခါ အင်မော်တယ်ဧကရာဇ်၏ အရှိန်အဝါသည် သူ့ထံမှ ရုတ်တရက် ဖြာထွက်လာကာ ကျင့်ကြံခြင်းဂူတစ်ဂူလုံးကို တုန်ခါသွားစေ၏။ န၀မပင်လယ်ပင်လျှင် တုန်ရီနေလေသည်။

"အင်မော်တယ်နယ်ပယ်ရဲ့ အကန့်အသတ်တဲ့လား" မန်ဟိုက အေးစက်စက် ပြောလိုက်သည်။ " မင်း ကြည့်ရတာ ... အင်မော်တယ်ရဲ့ အဓိပ္ပာယ်ကို နားမလည်သေးဘူးထင်တယ်။ အကန့်အသတ်ဆိုတာ ဒီဟာနဲ့ အများကြီးဝေးကွာနေသေးတယ်" သူ့အသံသည် တည်ငြိမ်နေပြီး ခြိမ်း‌ခြောက်နေသော ဖိအားဖြင့် ပြည့်နှက်နေသည်။

***

All Chapters