← Chapters

အသက်နှုတ်မည့် ကပ်ဘေးကြီး

Vol. 77 Ch. 1067

အသက်နှုတ်မည့် ကပ်ဘေးကြီး

Vol. 77 Ch. 1067

အကြီးအကဲဟိုက်ရှန်း၏ စိတ်နှလုံးတုန်လှုပ်သွားသည်။ သူသည် ပင်လယ်ခြုံကျွန်းအစီအစဉ် ကျရှုံးသွားခဲ့ကြောင်း သိရှိခဲ့ပြီး မိစ္ဆာကျင့်ကြံသူများ၏အသက်ပြားများ‌ ကြေမွသွားသည်ကို မြင်ခဲ့သည့်အပြင် မန်ဟိုက သူတို့ထင်ထားခဲ့သည်ထက် အစွမ်းထက်ကြောင်း သဘောပေါက်ထားသော်လည်း စေ့စေ့စပ်စပ် မသိထားပေ။

ယခုတွင် သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် သူ၏ ဓမ္မနဂါးကြီး မန်ဟို့အား ၀င်တိုက်လိုက်သည်ကို ကြည့်ပြီး မထင်မှတ်ဖွယ်ကောင်းစွာနှင့် ပြုံးလိုက်သည်။

"ကဲ အခု စိတ်၀င်စားဖို့ကောင်းလာပြီ" သူက ပြောသည်။ "ငါ ဒါကို သုံးရမယ်လို့ မထင်ထားခဲ့ပေမယ့် လိုရမယ်ရ ပြင်ဆင်ထားခဲ့တာ တန်သွားပြီထင်တယ်” သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ပြားအား သူ့လက်ဖဝါးမှ ပျံထွက်သွားစေသည်။ ၎င်းသည် ချက်ချင်း ကြေမွ၍ အနက်ရောင်ခေါင်းတစ်ခေါင်းအသွင် ပြောင်းသွားသော အနက်ရောင်မြူခိုးများ ဖြစ်လာသည်။ ခေါင်းကြီးက အဘိုးကြီးတစ်ယောက်၏ ခေါင်းဖြစ်သည်။ သို့သော် အဘိုးကြီးကား အကြီးအကဲဟိုက်ရှန်းမဟုတ်ပေ။

ထိုခေါင်းကြီးသည် အံ့ဩတုန်လှုပ်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည့် ခေါင်းတစ်ခေါင်း‌ဖြစ်သည်။ ၎င်းက အကြီးအကဲဟိုက်ရှန်းကို ဝါးမြိုတော့မည့်အလား ပါးစပ်ကြီးဖြဲရင်း အကြီးအကဲဟိုက်ရှန်းထံသို့ တဟုန်ထိုး ပြေး၀င်သွားသည်။ သို့သော် ၎င်းက အကြီးအကဲဟိုက်ရှန်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ထိုလူ၏ကိုယ်ထဲ ၀င်ရောက်ပေါင်းစည်းသွား၏။ အကြီးအကဲဟိုက်ရှန်း၏ အမူအရာမှာ ချက်ချင်း ရက်စက်ကြမ်းကြုတ်လာလေသည်။ သွေးကြောများက သူ့နဖူး၌ ဖောင်းကြွလာပြီး သူ၏မျက်နှာပုံပန်းသွင်ပြင်မှာ ပြောင်းလဲစပြုလာသည်။ ရုတ်တရက် သူ၏မျက်နှာပေါ် ထပ်နေသော ဒုတိယမျက်နှာတစ်ခု ပေါ်လာ၏။

သူက ရှေ့သို့ လျှောက်လာစဉ် အကျည်းတန်စွာ ရယ်လိုက်ပြီး ယခင်ထက်ပင်ပို၍ ထူးဆန်းနေတော့သည်။ သူ ရှေ့လှမ်းလိုက်သည့်အခိုက်အတန့်တွင် သူ၏ ကျင့်ကြံခြင်းအခြေခံက တဟုန်ထိုး မြင့်တက်သွားပြီး အံ့ဩဖွယ်ကောင်းစွာနှင့် မီးငြိမ်းဝိညာဉ်ကိုးလုံး ပေါ်လာသည်။

မန်ဟို၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ အကြီးအကဲဟိုက်ရှန်းနှင့် အရင်တစ်ခေါက် တိုက်ခိုက်ခဲ့စဉ်တုန်းက ထိုလူ့တွင် မီးငြိမ်းဝိညာဉ်ငါးလုံးရှိခဲ့ကြောင်း သူ မှတ်မိလိုက်သည်။ ယခုတွင်မူ ထိုအနက်ရောင်မျက်နှာနှင့် ထပ်သွားပြီးနောက် သူကား အခြားလူတစ်ယောက်ဖြစ်သွားသည့်အလားပင်။ ယခု သူ့တွင် အဆင့် ၉ ရှေးဟောင်းနယ်ပယ်ကျင့်ကြံခြင်းအခြေခံ ရှိသွားလေပြီ။ သူက ဝိညာဉ်မီးအိမ်ကိုးလုံး မီးငြိမ်းခြင်းကို အောင်မြင်၍ ရှေးဟေင်းနယ်ပယ် အလယ်အလတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပုံပေါ်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် မြင့်တက်နေစဉ် ပတ်၀န်းကျင်ရှိ အရာအားလုံ တုန်ခါလာ၏။ သူက ဒုတိယခြေလှမ်း လှမ်းလိုက်ပြီး မန်ဟိုရှေ့တည့်တည့်သို့ ရောက်လာသည်။ သူ၏လက်သည် မန်ဟို့လည်မျိုသို့ ချက်ချင်း ပြေး၀င်သွား၏။

သူ၏ အမြန်နှုန်းက ကြောက်ခမန်းလိလိပင်။ သူသည် လျင်မြန်စွာ ရွေ့လျားနေသည့်အတွက် သူ့အနောက်တွင် ပုံရိပ်များ တရိပ်ရိပ် ကျန်ခဲ့လေ၏။ ထိုမျှသာမက န၀မပင်လယ်၏ စွမ်းအားတစ်ချို့က သူ့လက်ထဲ၌ စုစည်းရင်း သူ၏ တာအိုမှော်သိုင်းကွက်ဖြစ်လာသည့်အလား သူ၏ လက်လှုပ်ရှားမှုတွင် သဘာ၀နိယာမစွမ်းအားများ ပါရှိနေသယောင်ပင်။

မန်ဟို၏မျက်လုံးများ ဝိုင်းစက်သွားသည်။ အနက်ရောင်မျက်နှာနှင့် ကြောက်ခမန်းလိလိ အစွမ်းထက်သော ကျင့်ကြံခြင်းအခြေခံကို မြင်ပြီးနောက် အကြီးအကဲဟိုက်ရှန်းသည် သူ့ထက် အဆများစွာ အစွမ်းထက်ကြောင်း သူ ပြောနိုင်သွား၏။ အင်မော်တယ်ဧကရာဇ်အဆင့်ဖြစ်သည့်တိုင် သူ့မှာ သေစေနိုင်သော အန္တရာယ်ကို ခံစားနေရသေးလေသည်။ ယခုလို ပြိုင်ဘက်တစ်ယောက်သာ တိုက်ပွဲတွင် အသာစီးရသွားလျှင် မန်ဟိုအနေဖြင့် ထိုအခြေအနေကို ပြောင်းပြန်လှန်ရန် အင်မတန် ခက်ခဲသွားပေလိမ့်မည်။

အနိုင်ရနိုင်မည့် တစ်ခုတည်းသော နည်းလမ်းက လက်ဦးမှုရယူပြီး ထိုအခြေအနေကို တစ်ချိန်လုံး ထိန်းထားရန်ဖြစ်သည်။ ထိုမှသာလျှင် အနိုင်ရနိုင်လိမ့်မည်။

မန်ဟို၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒနှင့် တိုက်ခိုက်လိုစိတ်တို့ဖြင့် တ၀င်း၀င်း တောက်ပသွားသည်။ သူ့အတွက် ကျင့်ကြံအားထုတ်သည့် အခိုက်အတန့်မှစ၍ ယနေ့ထက်ထိတိုင်အောင် ဤသည်မှာ သူ ရင်ဆိုင်ခဲ့ဖူးသမျှထဲ အစွမ်းထက်ဆုံးရန်သူ ဖြစ်လေသည်။

ဤကဲ့သို့ လူတစ်ယောက်ကို တိုက်ခိုက်ရခြင်းက သူ့အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သည့်အပြင် အင်မတန် အာရုံစူးစိုက်ဖို့လည်း လိအပ်သည်။

"ဒါကမှ တိုက်ခိုက်တယ်လို့ ခေါ်တာပဲ" သူကား နောက်မဆုတ်ပေ။ ထိုအစား အကြီးအကဲဟိုက်ရှန်း၏လက် ထွက်လာသည့်အချိန်မှာပင် မန်ဟိုက သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုအချိန်တွင် သူသည် သူ၏အင်မော်တယ်အကြော ၁၂၃‌ ကြောကို နတ်ဘုရားစွမ်းအင်တစ်ရပ်အဖြစ် ပေါင်းစည်းရင်း လျှို့ဝှက်အတတ်ကို ထုတ်လွှတ်လိုက်၏။

အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်

သူ့လက်ဖဝါးက လက်သီးဆုပ်ပြီး သူက အကြီးအကဲဟိုက်ရှန်းအပေါ် ပျံတက်လိုက်သည်။

သူ့အနေဖြင့် ကျင့်ကြံခြင်းအခြေခံအရ အကြီးအကဲဟိုက်ရှန်းကို မထိန်းချုပ်နိုင်သော်လည်း အနည်းဆုံးတော့ အသာစီးရအောင် လုပ်နိုင်သည်။ သူသာ ဤ ပထမဆုံးတိုက်ကွက်ဖလှယ်မှုတွင် အသာစီးမရလျှင်တော့ သေချာပေါက် ပြန်နလန်ထူဖို ခက်ခဲပေလိမ့်မည်။

"ငါ့ရဲ့ ပုံစံအစစ်က ပင်လယ်နဂါးပဲ" အကြီးအကဲဟိုက်ရှန်းက အေးတိအေးစက် ရယ်သည်။ "နဂါးတွေရဲ့ ခေါင်းတွေက အသန်မာဆုံးအဆင့်ရောက်တဲ့အထိ မှော်ဆန်ဆန် ကျင့်ကြံထားခဲ့တာ။ မင်းက မင်းကိုယ်မင်း သတ်သေဖို့ ကြိုးစားနေတာပဲ" သူသည် မန်ဟို လုပ်နေသောအရာကို ပြောနိုင်သော်လည်း ကျင့်ကြံခြင်းအခြေခံကို ထည့်တွက်ရင်း လျစ်လျူလိုက်သည်။ သူက ညာလက်ကိုမြှောက်လိုက်ရာ သူ၏ အရှိန်အဟုန်သည် ရပ်တန့်မသွားဘဲ ပို၍ပင် အားကောင်းလာ၏။

"မင်း ကိုယ့်‌သေတွင်း ကိုယ်တူးနေတာပဲ" ‌သူက အေးစက်စက်အပြုံးဖြင့် ပြောပြီးနောက် ဖမ်းဆုပ်လိုက်သည့်ဟန် လုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် မန်ဟို၏ အရှိန်အဟုန်ကလည်း မြင့်တက်လာနေသည်။ သူ့လက်သီးက အကြီးအကဲဟိုက်ရှန်းအနား ရောက်လာစဉ် အားကောင်းသော ဝဲတစ်ခုကို အလယ်ဗဟို ပြု၍ ကြီးမားသော မုန်တိုင်းကြီးအား တိုက်ခတ်သွားစေသည်။ ဝဲကြီးက အကြီးအကဲဟိုက်ရှန်း၏ လက်ကို ၀င်တိုက်လိုက်သည် ... အုန်းးးးးးးးးးး။

လေမုန်တိုင်းသည် ပြိုကျသွားပြီး ဝဲလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။ မန်ဟိုထံမှ အရိုးကျိုးသံကဲသို့ တဂျွတ်ဂျွတ် မြည်သံများ ပဲ့တင်ထပ်လာ၏။ သွေးများ သူ့ပါးစပ်မှ စီးကျလာပြီး သူ့မှာ ဒဏ်ရာအပြင်းအထန်ရကာ နောက်သို့ ယိမ်းယိုင်သွားလေသည်။ သို့သော် သူ၏ ထာ၀ရအလွှာက ချက်ချင်း အသက်၀င်လှုပ်ရှားလာ၏။

အကြီးအကဲဟိုက်ရှန်းမှာ တုံ့ခနဲ ရပ်လိုက်ရပြီး အမှန်အားဖြင့် မီတာအနည်းငယ်မျှ တွန်းထုတ်ခံလိုက်‌ရလေသည်။ သို့သော် သူက အေးစက်စက် နှာမှုတ်ရုံသာနှာမှုတ်ပြီး မန်ဟို့ထံ ပြန်လည်ပြေး၀င်လာ၏။

"ပင်လယ်ခြုံကျွန်း အစီအစဉ် ကျဆုံးတာ အံ့ဩစရာမရှိဘူး။ ငါသာ ကောင်းကောင်းမပြင်ဆင်ထားခဲ့ရင် မင်းကို သတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါက ငါ့ရဲ့ မွေးရပ်မြေ န၀မပင်လယ်ပဲ။ န၀မပင်လယ်ရဲ့စွမ်းအားကို ငါ ငှားယူနိုင်တယ်။ မင်း သည့်ထက်အစွမ်းထက်ရင်တောင် သေရဦးမှာပဲ" သူက အရုပ်ဆိုးအကျည်းတန်နေသော အမူအရာကြီးဖြင့် မန်ဟိုထံ ချဉ်းကပ်လာပြီး ညာလက်ဖြင့် မု‌ဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ချက်ချင်းပင် ပုံရိပ်ယောင်ပင်လယ်တစ်စင်းက သူ့ပတ်ပတ်လည်တွင် ပေါ်လာကာ မန်ဟို့ကို ရွေ့လျားလာသည်။

၎င်းအနားရောက်လာစဉ် ဧရာမပင်လယ်လိပ်ကြီးတစ်ကောင်က ၎င်း၏ အလယ်တည့်တည့်တွင် ဟိန်းဟောက်ရင်း ပေါ်လာကာ မန်ဟို့ကို ၀င်တိုက်လိုက်လေသည်။

အကြီးအကဲဟိုက်ရှန်း အနားရောက်လာသောအခါ မန်ဟိုသည် အင်မော်တယ်ဧကရာဇ်အဆင့်နှင့် မီးငြိမ်းဝိညာဉ်ကိုးလုံးဖြင့် ကျင့်ကြံသူတစ်ယောက်အကြားက ခြားနားမှုကို နားလည်သွား၏။

ထိုခြားနားမှုက ကြီးမားသော်လည်း သူ့ကို မျှော်လင့်ချက်မဲ့စေလောက်သည်အထိတော့ မပြင်းထန်ပေ။

"ခင်ဗျားက န၀မပင်လယ်က စွမ်းအားကို ငှားယူနိုင်တယ်တဲ့လား" မန်ဟိုက အေးစက်စက် မေးလိုက်သည်။ သူ့ညာမျက်လုံးထဲရှိ ကြယ်ကျောက်ခဲက လင်းခနဲ လက်သွားပြီး ဧရာမပင်လယ်လိပ်ကြီး သူ့အပေါ် ထိုးဆင်းလာစဉ် သူက ပြေး၀င်သွားသော ဂြိုလ်တစ်လုံးအသွင်ပြောင်းသွားသည်။

မန်ဟို ပင်လယ်ကို ၀င်တိုက်လိုက်သောအခါ သူ၏ဂြိုလ်အသွင်မှာ ပြိုကွဲသွားပြီး သူက သွေးအန်ရင်း ပြန်ပေါ်လာသည်။ သို့သော် ထိုအခိုက်အတန့်မှာတင် သူက ပင်လယ်နှင့် ပင်လယ်လိပ်ကို ထုတ်ချင်းဖောက်သွားသော ဧရာမရွှေရောင်သိမ်းငှက်ကြီးအသွင် ပြောင်းသွား၏။ သူ့မှာ သွေးတို့စိုရွှဲနေသော်လည်း သူ၏ စွမ်းအားတို့က ယခင်ထက်ပို၍ အားကောင်းလာသည်။ သူသည် ရူးမိုက်သော အရှိန်အဝါကို ထုတ်လွှတ်လျက် အကြီးအကဲဟိုက်ရှန်း၏ ရှေ့တည့်တည့်တွင် ပေါ်လာကာ ထိုလူ့အား ခြေသည်းများနှင့် ကုတ်ခြစ်လိုက်သည် .... ဝုန်းးးးး။ သူတို့နှစ်ယောက်လုံး တကွဲတပြား လွင့်ထွက်သွား၏။

"မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ” ဤအခိုက်အတန့်တွင် အကြီးအကဲဟိုက်ရှန်းမှာ ပင်လယ်ရေမျက်နှာပြင်ထက်မှ မီတာသုံးဆယ်မျှသာ ကွာဝေးတော့သည့်တိုင် ဂရုစိုက်ပုံမပေါ်ပေ။ သူက လက်ကိုဝှေ့ယမ်းရင်း သူ၏ ဝိညာဉ်မီးအိမ်များအနက်မှ တစ်လုံးအား မန်ဟိုထံသို့ ပျံထွက်သွားစေသည်။

မန်ဟိုက သွေးအန်လျက် ခန္ဓာကိုယ် ခြောက်ကပ်လာနေရင်း နောက်ဆက်ဆုတ်နေရဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ထာ၀ရအလွှာက သူ့ကို အသည်းအသန် ပြန်လည်ကုစားပေးနေ၏။ သူက မရပ်ဘဲ နောက်တစ်ဖန် တိုက်ခိုက်ရန် ပြင်သည်။ ဤအချိန်တွင် သူသည် နေနှင့်လနှင့်အတူ န၀မတောင်ကို ဆင့်ခေါ်၍ ဝိညာဦမီးအိမ်ကို ၀င်တိုက်စေလိုက်၏။ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုက တုန်ခါလှိုင်းများအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေသည်။ မန်ဟို့ခန္ဓာကိုယ်မှာ ပေါက်ကွဲလုဆဲဆဲ ဖြစ်နေသော်လည်း ထာ၀ရအလွှာ၏ကျေးဇူးဖြင့် သူက ထိုးဆင်းလာပြန်သည်။ ထို့နောက် သူ၏ ကောင်းကင်ဘုံ ၃၃ ခုက သူ၏စွမ်းအားအကုန်လုံးကို စုစည်းရင်း ပေါ်လာကာ အကြီးအကဲဟိုက်ရှန်းကို ဝင်တိုက်လိုက်တော့၏။

အကြီးအကဲဟိုက်ရှန်းက အေးစက်စက် နှာမှုတ်ရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် လှိုင်းဂယက်က စူးစူးဝါးဝါးအော်နေသော သရဲမျက်နှာကြီးအသွင်ပြောင်းကာ မန်ဟိုထံ ဖြာထွက်လာသည်။ သရဲမျက်နှာကြီးအနားရောက်လာစဉ် မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းပြီး လက်သီးဆုပ်လိုက်သည်။

သူက သာမန်အင်အားဖြင့်မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး၏အင်အားဖြင့် ထိုးချလိုက်၏။

အသက်နှုတ်လက်သီး

လက်သီး လေကို ခွင်း၍ ထွက်သွားစဉ် ပတ်ဝန်းကျင်ရှိ အသက်စွမ်းအားအကုန်လုံးမှာ ပျောက်ကွယ်သွားပုံရသည်။ မန်ဟို၏ အသက်စွမ်းအားပင်လျှင် ပျောက်ကွယ်သွားပုံပေါ်သည်။ ဤလက်သီးသည် သေခြင်းစိတ်ဆန္ဒပါရှိနေသည့်အလား၊ သက်ရှိသတ္တဝါအားလုံးကို သုတ်သင်ပစ်နိုင်သည့်အလား အရာအားလုံးကို ဖြတ်တောက်ပစ်လိုက်၏။

ပထမဦးဆုံးအကြိမ် အကြီးအကဲဟိုက်ရှန်း၏ အမူအရာ ရိပ်ခနဲဖြစ်သွားသည်။ သို့သော် သူက နည်းနည်းလေးမှ တုံဆိုင်းမနေဘဲ လက်နှစ်ဖက်လုံးကို အရှေ့သို့ ဆန့်တန်းလိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် နဂါးကြေးခွံတစ်ခုက ဒိုင်းတစ်ခုအသွင် ပေါ်လာရာ မန်ဟိုလက်သီးသည် ၎င်းကို ပြေးဆောင့်လိုက်တော့၏။

အုန်းခနဲ အသံကြီး ပဲ့တင်ထပ်သွားပြီး ရေမျက်နှာပြင်မှာ ချိုင့်၀င်သွားသည်။ အကြီးအကဲဟိုက်ရှန်းမှာ ဟန်ချက်မထိန်းနိုင်တော့ဘဲ ရေပေါ်ကျသွားလေသည်။

"အသက်နှုတ်လက်သီး။ တကယ်ကြီး အသက်နှုတ်လက်သီးပါလား။ ဒါပေမယ့် မင်းက သုံးနိုင်တယ်ဆိုရုံလေးပဲရှိသေးတာ" သူ၏မျက်လုံးများက အေးစက်မှုဖြင့် လင်းလက်နေပြီး သူ လေပေါ်ပျံတက်ရန် ပြင်လိုက်ချိန် မန်ဟိုက ရုတ်တရက် ပြုံးလိုက်သည်။

တစ်ချိန်လုံး သူ၏ရည်ရွယ်ချက်မှာ အကြီးအကဲဟိုက်ရှန်းကို ရေထဲကျသွားစေရန် ဖြစ်ခဲ့သည်။

အကြီးအကဲဟိုက်ရှန်းကို ထိုကျော့ကွင်းထဲ ရောက်သွားစေခြင်းက သူ၏ဗျူဟာ ဖြစ်လေသည်။ သူ့အနေဖြင့် မိုးကြိုးဒယ်အိုးကို အသုံးမပြုနိုင်သည့်အတွက်ကြောင့်သာ ထိုသို လုပ်ခဲ့ခြင်းပင်။ သို့မဟုတ်လျှင် ဤအချိန်တိုလေးအတွင်း သူ့ကိုယ်သူ ဤမျှ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့မည်မဟုတ်ပေ။

အကြီးအကဲဟိုက်ရှန်းအား အောက်သို့ မျှားခေါ်ရန် သူကိုယ်တိုင် ရေထဲသို့ ဆင်းခဲ့လျှင် သို့မဟုတ် တခြားနည်းလမ်းများသုံးလျှင် အောင်မြင်ကောင်း အောင်မြင်နိုင်ခဲ့လိမ့်မည်။ သို့သော် ထိုနည်းလမ်းများတွင် ဟာကွက်များပါရှိ၏။ ထို့ကြောင့် သူက ဤဗျူဟာကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။

၎င်းက အကောင်အထည်ဖော်ရန် ခက်ခဲသော်လည်း အကောင်းဆုံးနည်းလမ်းလည်းဖြစ်သည်။

ထာဝရအလွှာသာ မရှိလျှင် မန်ဟိုမှာ တစစီ ဖြစ်နေလောက်လေပြီ။ ၎င်းဖြင့်ပင်လျှင် သူ့မှာ ဖြေးဖြေးချင်းသာ သက်သာလာနေသည်။ သူက ပါးစပ်မှ သွေးများကို သုတ်ရင်း ညာလက်ကို ဆန့်ထုတ်၍ ရေပြင်ထံသို့ လက်ချောင်းအား ဝှေ့ယမ်းလိုက်သည်။

“မီးတောက်” သူက အသာအယာပြောလိုက်သည်။

အကြီးအကဲဟိုက်ရှန်းသည် မန်ဟို့မျက်နှာထားကို မြင်လျှင် မျက်စိမျက်နှာပျက်သွား၏။ တစ်ချိန်တည်းမှာပင် လေးဖက်လေးရံမှ ပိတ်ထားသော ပင်လယ်ရေတံတိုင်းများအောက်ရှိ ရေထဲတွင် မီးများ ထတောက်လာသည်။ ကြည့်ရသရွေ့ မီးတောက်များက ထိုနေရာတွင် တစ်ချိန်လုံး ရှိနေခဲ့သည့်အလားပင်။

၎င်းက အစောပိုင်းက ပင်လယ်သားရဲများကို သတ်ရန် မန်ဟိုသုံးခဲ့သော နတ်မီးတောက်၊ နတ်မီးတောက်အဆီအနှစ်ဖြစ်သည်။

နတ်မီးတောက်အဆီအနှစ်က ပင်လယ်ရေတံတိုင်းများကို ဖြတ်ရင်း အကြီးအကဲဟိုက်ရှန်းကို ဝိုင်းကာ တဟုန်းဟုန်း တောက်နေသည်။

မီးတောက်များက မျက်စိတစ်မှိတ်အတွင်း ရေပြင်ကို မီးပင်လယ်ဖြစ်သွားစေသသည် ၎င်းကား အကြီးအကဲဟိုက်ရှန်းကို အတွင်းထဲထား၍ ပိတ်လှောင်ထားသော နတ်မီးတောက်အဆီအနှစ်မှ ဖန်ဆင်းထားသည့် မိုးနှင့်မြေအလား၊ မီးကမ္ဘာအလားပင်။

“နတ်မီးတောက်၊ မဖြစ်နိုင်ဘူး။ ငါ ဒီမီးတောက်ကို အပြင်က နဝမပင်လယ်ထဲမှာ သေချာပေါက် မြင်ခဲ့တာပါ။ အနှစ်သာရကို ပိုင်ဆိုင်ထားရင်တောင်မှ သူ့အနေနဲ့ ငါ့ မရဏထောင်ချောက်ကို ဒီလောက်မြန်မြန် ဖြတ်မလာနိုင်သင့်ဘူး” အကြီးအကဲဟိုက်ရှန်း၏မျက်နှာတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားသည်။ မိစ္ဆာကျင့်ကြံသူအုပ်သည် မန်ဟို့ကို သတ်ဖို့အတွက် စုံစမ်းမှုများ စေ့စေ့စပ်စပ် ပြုလုပ်ခဲ့ရာ နတ်မီးတောက်အဆီအနှစ်ကဲ့သို့ အစွမ်းကြီးမားသောအရာကို မည်ကဲ့သို့ ကျန်ခဲ့မည်နည်း။

တစ်ချိန်တည်းမှာပင် အကြီးအကဲဟိုက်ရှန်းသည် ဤမီးပင်လယ်က သူ့ကို ထိခိုက်စေနိုင်ကြောင်း ခံစားလိုက်ရ၏။ ကံကောင်းထောက်မစွာနှင့် ဒဏ်ရာများက သိပ်မပြင်းထန်သည့်အပြင် သူသာ မြန်မြန် ရုန်းထွက်နိုင်လျှင် စိုးရိမ်ရမည်မဟုတ်ပေ။

“မလောက်လေးစား နတ်မီးတောက်။ မင်း ဒီဗျူဟာကို ဘယ်လိုစဉ်းစားနိုင်ခဲ့လဲ ငါ မသိဘူး။ ဒါပေမဲ့ ငါ့ကို ခြောက်လှန့်လို့ ရမယ်မထင်နဲ့။ ငါ့ကို ဒီမီးတောက်နဲ့ သတ်လို့ရမယ် ထင်နေလား။ ဘယ်လောက်ကလေးဆန်လိုက်သလဲ” အကြီးအကဲဟိုက်ရှန်းက အေးစက်စက် နှာမှုတ်လိုက်ပြီး မီးပင်လယ်ထဲမှ ထွက်၍ မန်ဟို့ထံ လာရန် ပြင်သည်။ သူ ထိုသို့လုပ်လိုက်သည်နှင့် မန်ဟို၏ သူ့ကို ချောင်ပိတ်သတ်မည့်အစီအစဉ် ချက်ချင်း ပျက်ပြားရလိမ့်မည်။

သူ့တွင် တခြားရွေးချယ်စရာ ရှိသေးသည်။ ယင်းက ပင်လယ်ထဲ ငုပ်လျှိုးရန် ဖြစ်သော်လည်း ပင်လယ်ရေတံတိုင်းကို ချိုးဖျက်၍ တန်ပြန်ရိုက်ခတ်မှုကို ခံရလိမ့်မည်။ ယင်းက နောက်ဆုံးအခြေအနေမရောက်သရွေ့ သူ လုပ်မည့်အရာ မဟုတ်ပေ။

“ခင်ဗျား ထွက်မသွားနိုင်ရင်ရော ဘယ်လိုလုပ်မလဲ” မန်ဟိုက အေးစက်စက် မေးလိုက်သည်။ ပါရာဂွန်သွေးကို စုပ်ယူပြီးနောက် သူ၏မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်အကုန် ပို၍အစွမ်းထက်လာခဲ့သည်။ နတ်မီးတောက်သည် အဆီအနှစ်, အနှစ်သာရဖြစ်၍ ပါရာဂွန်သွေးထဲရှိ အနှစ်သာရစွမ်းအားကြောင့် နတ်မီးတောက်သည် များစွာအစွမ်းကြီးမားလာခဲ့၏။ ထို့ကြောင့် ၎င်းက ပင်လယ်ရေတံတိုင်းများကို ထိုးဖောက်လာနိုင်ခဲ့ခြင်းပင်။

ကံဆိုးစွာနှင့် ၎င်းသည် ထိုးဖောက်ရုံသာ ထိုးဖောက်နိုင်ခဲ့ပြီး အပြီးတိုင် မဖျက်စီးပစ်နိုင်ပေ။ ထိုသို့လုပ်ဖို့ အချိန်ကြာလိမ့်မည်။

မန်ဟို့အသံထွက်လာသည့်အချိန်မှာပင် အကြီးအကဲဟိုက်ရှန်းက မီးပင်လယ်ထဲမှ ထွက်ဖို့ ကြိုးစားသည်။ တုံ့ပြန်သည့်အနေဖြင့် မန်ဟိုက လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။

“မိစ္ဆာချုပ်နှောင်ခြင်း အဋ္ဌမမန္တန်”

ချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်လျှင်ချင်း အကြီးအကဲဟိုက်ရှန်းမှာ လေလယ်တွင် တုံ့ခနဲ ရပ်သွားသည်။ သူသည် ထွက်ပြေးမည့် သူ့အစီအစဉ် ကျရှုံးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်စိမျက်နှာပျက်သွားတော့၏။ မီးတောက်မီးလျှံများက သူ့ကို ဘေးပတ်ပတ်လည်မှ ဝိုင်းထားရင်း ဒေါကန်နေစေသည်။

မန်ဟိုမှာ အဋ္ဌမမန္တန်ကို ထုတ်လွှတ်ဖို့ အတန်ငယ်ပေးဆပ်လိုက်ရ၍ သူ့နှုတ်ခမ်းမှ သွေးများ စီးကျလာသည်။ သို့သော် သူသည် ဒဏ်ရာကို အဖက်မလုပ်ဘဲ ညာလက်ကို မြှောက်လိုက်ပြန်ကာ အကြီးအကဲဟိုက်ရှန်း၏အပေါ်သို့ မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်အမျိုးမျိုး ပို့လွှတ်နေတော့သည်။

သူက သူ့ကိုယ်သူပင် အမှုမထားဘဲ အကြီးအကဲဟိုက်ရှန်းကို မီးပင်လယ်ထဲ တွန်းချနေသည်။

အကြီးအကဲဟိုက်ရှန်းမှာ တုန်ရီနေပြီး ပြန်လှုပ်ရှားနိုင်တော့မည့်အချိန်မှာပင် မန်ဟိုက လက်ချောင်းကို ဝှေ့ယမ်း၍ ထပ်မံချုပ်နှောင်လိုက်သည်။

ဤသို့ ထပ်ခါတလဲလဲ ဖြစ်နေရာ အကြီးအကဲဟိုက်ရှန်းမှာ မခံချိမခံသာ ဖြစ်နေတော့သည်။ သူ့မှာ မီးပင်လယ်ထဲတွင် ထွက်မပြေးနိုင်ဘဲ ပိတ်မိနေလေပြီ။ သူ့အရေပြားမှာ အက်ကွဲလာပြီး ခန္ဓာကိုယ်လည်း ခြောက်ကပ်စပြုလာသည်။ တစတစ သူသည် ပြင်းထန်သောအန္တရာယ်ကို ခံစားလာရပြီး အံ့အားသင့်လာတော့သည်။ ထို့နောက်အခိုက်အတန့်တွင် သူက မန်ဟို ချုပ်နှောင်မန္တန်များကို မထုတ်လွှတ်နိုင်ခင် လျှာထိပ်ကိုက်၍ မန်ဟို့ထံ ပြေးဝင်သွားသော သွေးနဂါးအသွင်ပြောင်းသွားသည့် သွေးတချို့ ထွေးထုတ်လိုက်သည်။ တစ်ဆက်တည်းမှာပင် အကြီးအကဲဟိုက်ရှန်းက ထပ်မံရုန်းထွက်ရန် ကြိုးစားပြန်သည်။

မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထပ်မံ၍ အသက်နုတ်လက်သီးက ပြေးထွက်သွားသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ လက်သီးက အကြီးအကဲဟိုက်ရှန်း၏ မျှော်လင့်ချက်မှန်သမျှကို ရိုက်ချိုးပစ်လိုက်လေသည်။ သွေးနဂါးမှာ စိစိညက်ညက် ကြေမွသွားပြီး လက်သီးအားက အကြီးအကဲဟိုက်ရှန်းကို ဝင်တိုက်လိုက်သည့်အချိန် မန်ဟိုက အဋ္ဌမမန္တန်ကို ထပ်မံသုံးလိုက်သည်။

အုန်း

အကြင်နာမဲ့သောအမူအရာအား မန်ဟို့မျက်နှာပေါ်တွင် မြင်ရနိုင်သည်။ သူသည် လက်ကို ဝှေ့ယမ်းရင်း ထပ်မံတိုက်ခိုက်လိုက်ပြန်၏။ အကြီးအကဲဟိုက်ရှန်း ပြန်လှုပ်ရှားလာနိုင်သည့်အချိန်မှာပင် မန်ဟိုက မုဒြာလက်ကွက်တစ်ကွက်ဖော်၍ ပါရာဂွန်တံတားအား ဆင့်ခေါ်လိုက်သည်။ ၎င်းက အကြီးအကဲဟိုက်ရှန်းထံသို့ ရက်ရက်စက် ထိုးဆင်းသွား၏။

“ငါ့လိုးမသား မန်ဟို” အကြီးအကဲဟိုက်ရှန်းက ဟိန်းဟောက်လိုက်သည်။ သူ့မှာ ရုန်းထွက်ဖို့ ထပ်ကြိုးစားသော်လည်း မအောင်မြင်ပေ။ မီးလောင်ဒဏ်ရာများမှာ ဆက်လက်၍သာ ပြင်းထန်လာနေသည်။ သူ မည်သို့လုပ်လုပ် ၊ မည်သည့်မှော်ပစ္စည်းသုံးသုံး ၊ အချည်းနှီးသာ။ ထိုအချိန်တွင် သူ့အရေပြားသည် ကြောက်စရာကောင်းလောက်အောင် ဟက်တက်ကွဲလာပြီး သူ့မှာ ခြောက်ကပ်လာသည်။

မီးပင်လယ်အတွင်း၌ သည့်ထက်ပို၍ ကြာမြင့်စွာ ပိတ်မိနေလျှင် နတ်မီးတောက်က သူ့ကိုယ်ထဲ စိမ့်ဝင်လာပြီး သူ့အတွင်းကလီစာများကို မီးမြိုက်ပစ်တော့မည်ကို တွေးလိုက်မိသဖြင့် ပို၍ကြီးမားသော  ကြောက်စိတ်တို့က သူ့စိတ်အာရုံကို စိုးမိုးသွားတော့သည်။

***

All Chapters