← Chapters

သက်ရှိဒိုင်း

Vol. 77 Ch. 1071

သက်ရှိဒိုင်း

Vol. 77 Ch. 1071

မန်ဟိုသည် ကိုးပင်လယ်နတ်လောကထဲတွင် သောင်းကျန်းလျက်ရှိ၏။ သူက လူသားကျင့်ကြံသူများထံသို့ လက်ညှိုးပင် မထိုးဘဲ မိစ္ဆာကျင့်ကြံသူများကိုသာ အပြတ်ရှင်းနေသည်။ သူ့အနေဖြင့် တစ်ဦးတစ်ယောက်ချင်းကို မမှတ်မိသော်လည်း သူတို့ မည်သူဖြစ်ကြောင်းကိုတော့ သိသည်။

သူ ကိုးပင်လယ်နတ်လောကတွင် ရှိခဲ့သောအချိန်တိုလေးအတွင်း မိစ္ဆာကျင့်ကြံသူများက သူ့ကို မြင်တိုင်း အမဲဖြတ်ပစ်လိုသောအမူအရာများဖြင့် စိုက်ကြည့်တတ်သည် မဟုတ်ပါလော။ ထိုမိစ္ဆာကျင့်ကြံသူများမှာ အခွင့်အရေးသာ ရခဲ့လျှင် သူ့ကို ချက်ချင်း သတ်ဖို့ ကြိုးစားခဲ့ကြလိမ့်မည်။

ထိုအချက်က မှန်လေသည်။ လင်းယွင်ကျစ်နှင့် ဘွားဘွားကိုးတို့ မိစ္ဆာကျင့်ကြံသူအုပ်အပေါ် ဖိအားပေးနေ၍သာမဟုတ်လျှင် မိစ္ဆာကျင့်ကြံသူများသည် သူ့ကို မြင်မြင်ချင်း သတ်ဖို့ ကြိုးစားကြမှာဖြစ်၏။

၎င်းက ရန်ငြိုးဖြစ်ရာ...  မှားသည်ဟုလည်း ယူဆ၍မရပေ။ တုံ့ပြန်သည့်အနေဖြင့် မန်ဟို သူတို့ကို အမြစ်ဖြုတ်သတ်နေခြင်းကိုလည်း ... မှန်လား၊ မှားလား ဆုံးဖြတ်မရပေ။

ဤကိစ္စတွင် ရှုထောင့်အမျိုးမျိုး ရှိသည်။ မန်ဟိုသည် ထိုအခြင်းအရာကို သဘောပေါက်၍ သူတို့ သူ့ကို အစွယ်ထုတ်ပြနေခဲ့သည့်တိုင် ထိပ်တိုက်မတွေ့အောင် ရှောင်ခဲ့၏။ ၎င်းတို့အားလုံးမှာ သူတို့ ကျင့်ကြံခြင်းလောက၏ အကြီးလေးဆုံးတားမြစ်ချက်ကို မချိုးဖောက်မီကပင်။

ထိုမျှသာမက မန်ဟိုမှာ သူ၏ကျင့်ကြံခြင်းဂူထဲတွင်သာ များသောအားဖြင့် အချိန်ဖြုန်းပြီး ထွက်လာသည့်အချိန်တိုင်း မိစ္ဆာကျင့်ကြံသူများ၏ သတ်ဖြတ်ချင်နေသောအကြည့်များကို လျစ်လျူရှုထားခဲ့သည်။ သူသည် သူတို့ကို ရန်မစခဲ့သည့်အပြင် ထိုအခြေအနေတစ်ခုလုံး ဖြစ်ပျက်စေခဲ့မိသည့်အတွက်ပင် စိတ်မကောင်းဖြစ်ခဲ့ရ၏။ သူ့မှာ အခြေအနေကို ထိန်းသိမ်းမရတော့၍ အတန်ငယ် စိတ်တိုခဲ့သေးလေသည်။

အမှန်အားဖြင့် နဂါးငွေ့တန်းပင်လယ်အဖြစ်အပျက်မှာ ရှင်သန်ခြင်းနှင်းပန်းကြောင့် ဖြစ်လာခဲ့ခြင်းမဟုတ်ပါလော။

သို့သော် ချုပ်တည်းနေခဲ့ခြင်းက ချူယွီယန်ကို သေမင်းတံခါးဝရောက်စေခဲ့ပြီး ဖက်တီးနှင့်ချန်ဖန်းကိုလည်း ထိုနည်းတူ အသက်အန္တရာယ်ရှိစေခဲ့သည်။ ယင်းက မန်ဟို ဥပေက္ခာမပြုနိုင်သောအရာပင်။

သူ့အနေဖြင့် ဥပေက္ခာမပြုနိုင်မှတော့ သေစေနိုင်သောအားတို့ဖြင့် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။

သတ်ဖို့စိတ်ပိုင်းဖြတ်ပြီးပြီဆိုကတည်းက ... ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကိုလည်း ဖန်တီးမည်။ သူသည် ထိုကိစ္စအား မိစ္ဆာကျင့်ကြံသူအုပ်၏ ရင်ထဲတွင် ခိုင်ခိုင်မြဲမြဲ စွဲထင်ကျန်ရစ်သွားမည့် သွေးကြွေးသင်ခန်းစာအဖြစ် ပြောင်းပစ်မည်။

ယခင်က သူသည် စကားလုံးများဖြင့် သူတို့ကို ရှင်းရှင်းလင်းလင်း သတိပေးထားခဲ့ပြီးဖြစ်၏။ ငါ့ကို ရန်မစနဲ့။

ယခုတော့ လုပ်ရပ်များဖြင့် သူတို့ကို ပြောနေလေပြီ။ ငါ့ကို ရန်မစနဲ့။

သေကြစမ်း

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အရိုးသွားလှံပေါ်လာသည်။ သူသည် လှံကို ဝင့်ကာ လာနေသောမိစ္ဆာကျင့်ကြံသူများအား တစစီ ပေါက်ကွဲသွားစေ၏။ သူတို့မှာ သွေးအမှုန်အမွှားများဖြစ်သွားရင်း ခန္ဓာရော၊ ဝိညာဉ်ပါ သုတ်သင်ခံလိုက်ရလေပြီ။ မန်ဟို သေမင်းကြီးသဖွယ် သောင်းကျန်းသတ်ဖြတ်နေစဉ် သွေးညှီများက ပျံ့နှံ့လာသည်။

မရေမတွက်နိုင်သော လူသားကျင့်ကြံသူများမှာ ခပ်လှမ်းလှမ်း တအံတဩကြည့်နေကြသော်လည်း မန်ဟို့ကို ဝင်မတားကြပေ။

လောလောဆယ်တွင် ဝိညာဉ်မီးအိမ်ငါးလုံး သို့မဟုတ် ငါးလုံးနှင့်အထက် ငြှိမ်းထားသော ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်မှာ ကိုးပင်လယ်နတ်လောကထဲတွင် ပေါ်မလာပေ။ မန်ဟိုနှင့် ဆုံတွေ့သည့် မိစ္ဆာကျင့်ကြံသူအားလုံးနီးပါးမှာ အင်မော်တယ်နယ်ပယ်တွင်သာ ဖြစ်ကြသည်။ ရှေးဟောင်းနယ်ပယ်ရန်သူတချို့ ပေါ်လာခဲ့သော်လည်း အကုန်လုံးက ဝိညာဉ်မီးအိမ်နှစ်လုံးသုံးလုံးသာ ငြှိမ်းရသေး၏။

မန်ဟို့အတွက် ဤလူများသည်... ခြေထောက်ဖြင့် တက်နင်းခံရမည့် မြက်ခြောက်များထက် မပိုပေ။

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးမိစ္ဆာမဟာမှော်သိုင်းသည် ဂျိန်းခနဲ အသက်ဝင်လာကာ သွေးမိစ္ဆာခေါင်း ၁၂၃ ခေါင်းကို ဖန်ဆင်းလိုက်၏။ ၎င်းတို့က အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသော သွေးနီရောင်လေမုန်တိုင်းကြီးတစ်လုံး အသွင်ပြောင်းသွားသည်။

မချိတင်ကဲအော်သံများ ၊ အထိတ်တလန့်အော်သံများက လေထဲတွင် ပဲ့တင်ထပ်လာသည်။

သူ ရှေ့ဆက်သွားနေစဉ် ရုတ်တရက် ရွှေရောင်အလင်းတန်းကိုးတန်းက သူ့အပေါ် ထိုးဆင်းလာသည်။ သူတို့သည် မီးငြိမ်းဝိညာဉ်မီးအိမ်နှစ်လုံးသုံးလုံးဖြင့် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများဖြစ်ကြပြီး မန္တန်ဝင်္ကပါတစ်ခုကို စီရင်နေကြ၏။

တိုက်ခိုက်နေသော မိစ္ဆာကျင့်ကြံသူကိုးဦးအနက် တစ်ဦးမှာ ပင်လယ်နဂါးဖြစ်ကြောင်း သတိထားမိလျှင် မန်ဟို့မျက်လုံးများ လင်းခနဲ လက်သွားသည်။ သူက နှာတစ်ချက်မှုတ်လျက် လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ တောင်ပေါင်းထောင်နှင့်ချီ ကျဆင်းလာသည်။ အရာအားလုံး တသိမ့်သိမ့် တုန်ခါသွားပြီး မိစ္ဆာကျင့်ကြံသူကိုးဦးလုံး ဖိနှိပ်ခံလိုက်ရသဖြင့် သွေးများ အရပ်လေးမျက်နှာသို့ လွင့်စင်ပြန်ကျဲသွားသည်။ လေပြင်းများလည်း ဆောင့်တိုက်ရိုက်ခတ်သွား၏။ သူတို့အားလုံး အံ့ဩမှင်သက်နေကြစဉ် မန်ဟိုက ကြယ်ခူးသိုင်းကို ထုတ်လွှတ်လိုက်သည်။

ပင်လယ်နဂါးမိစ္ဆာကျင့်ကြံသူမှာ ရုတ်တရက် မန်ဟို၏ ဖမ်းဆုပ်ခြင်းခံလိုက်ရပြီး ရက်ရက်စက်စက် ဖြစ်ညစ်ခံလိုက်ရရာ ၎င်း၏ပုံစံအစစ်အမှန်၊ ဟိန်းဟောက်နေသော မီတာသုံးရာအရှည်ပင်လယ်နဂါးအား ဖော်ပြလိုက်ရတော့သည်။  ထို့နောက် အားလုံး၏ရှေ့မှောက်တွင် မန်ဟိုက သူ့လက်ကို ပင်လယ်နဂါး၏ရင်ဘတ်ပေါ် ဘုန်းခနဲ ရိုက်ချလိုက်သည်။

ပင်လယ်နဂါးမှာ ငယ်သံပါအောင် အော်တော့သည်။ မန်ဟိုက အေးဆေးတည်ငြိမ်သောမျက်နှာထားဖြင့် လက်ကို ပို၍ ဖိချ၍ ပင်လယ်နဂါး၏နှလုံးသားအား ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက လက်တွင် အားထည့်ရင်း မညှာမတာ ညစ်ချလိုက်သဖြင့် နှလုံးမှာ ပေါက်ကွဲသွားတော့သည်။ နှလုံးသွေးသည် ပင်လယ်နဂါး၏ဝိညာဉ်၊ အသက်စွမ်းအားတို့ဖြင့် တစ်သားတည်း ပေါင်းစည်းရင်း အဖြူရောင်သွေးစက်တစ်စက် ဖြစ်လာသည်။

ထို့နောက် မန်ဟိုက လက်ကို ပြန်ရုတ်၍ သွေးစက်အား သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။

“တစ်ကောင်တော့ ရပြီ”

လူအုပ်ကြီးမှာ ဤအဖြစ်အပျက်ကို မြင်ပြီး မန်ဟိုထံမှ တဟုန်းဟုန်းတောက်နေသော အသတ်အဖြတ်အရှိန်အဝါ၊ ရက်စက်မှုနှင့် သွေးအေးမှုတို့က သူတို့စိတ်နှလုံးကို ချာချာလည်သွားစေတော့သည်။

ဤအခိုက်အတန့်တွင် မန်ဟိုက လက်ဆန့်ထုတ်ကာ မိုးကြိုးဒယ်အိုးကို ဖော်ပြလိုက်သည်။ လျှပ်စီးများ ဖျစ်ဖျစ်ဖျောက်ဖျောက် ကခုန်သွားစဉ် သူကား ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုအချိန်လေးမှာပင် အလင်းတန်းတစ်တန်းက သူ စောစောက ရှိခဲ့သောနေရာကို ထိုးနှက်ဝင်တိုက်ခဲ့သည်။

ထိုနေရာတွင် မိစ္ဆာကျင့်ကြံသူတစ်ယောက် ပေါ်လာ၏။ ၎င်းမှာ တုံ့ပင်မတုံပြန်နိုင်ခင် အလင်းတန်းကြောင့် အငွေ့ပျံသွားတော့သည်။

မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် အဝေးတွင် ပြန်ပေါ်လာပြီး ဧရာမမန္တန်ဝင်္ကပါအဖြစ် အတူတကွ စုပေါင်းရင် ပျံသန်းလာခဲ့သော ဘေးပတ်ပတ်လည်ရှိ မိစ္ဆာကျင့်ကြံသူရာချီကို ဝေ့ကြည့်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့၏စုပေါင်းမှုက မီတာသုံးထောင်အရှည် ပင်လယ်ဂဏန်းကြီးတစ်ကောင်ကို ဖန်ဆင်းခဲ့လေသည်။

ပင်လယ်ဂဏန်းမန္တန်ဝင်္ကပါမှာ အတိုင်းထက်အလွန် ထူးဆန်းနေသည်။ ဧရာမလက်မကြီးနှစ်ဖက်အပြင် ပင်လယ်နဂါးရှစ်ကောင်က ၎င်း၏ပုံရိပ်ယောင်ကျောခွံကြီးမှ ထိုးဖောက်ထွက်နေသည်။ နဂါးအကုန်လုံးက မန်ဟို့ကို ဟိန်းဟောက်ရင်း မှော်အလင်းတန်းများအား သူ့ထံ ပျံထွက်သွားစေသည်။

မန်ဟိုက ကိုးကြိမ်ဆက်တိုက် မျက်တောင်ခတ်၍ သူ၏စက္ခုအာရုံအား ပြောင်းလဲသွားစေသည်။ ပင်လယ်ဂဏန်းမန္တန်ဝင်္ကပါကို ဖွဲ့စည်းထားသော မိစ္ဆာကျင့်ကြံသူတစ်ထောင်ကျော်တွင် ဗဟိုချက်၌ နေရာယူထားသည့် ရှစ်ယောက်ကို သူ ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရလေပြီ။ ထိုရှစ်ယောက်လုံးက ပင်လယ်နဂါးကျင့်ကြံသူများ ဖြစ်ကြသည်။

“ဒီကောင်တွေကို ထည့်ပေါင်းလိုက်ရင် လောင်းတန်းဟိုက်တစ်ကောင်ပဲ လိုတော့မယ်” အသတ်အဖြတ်စိတ်ဆန္ဒသည် မန်ဟို့မျက်ဝန်းများ၌ ပြည့်နှက်လျက်ရှိ၏။

ပင်လယ်ဂဏန်းက ဟိန်းဟောက်လိုက်ပြီး အလင်းတန်းနှစ်တန်းက ၎င်း၏လက်မကြီးနှစ်ဖက်မှ ထွက်လာကာ မြေကြီးအထဲသို့ ထိုးဆင်းသွားပြီးနောက် သူ့ခြေထောက်အောက်မှ ဖောက်ထွက်လာသည်။

မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် ယခုတွင် လောင်တန်းဟိုက်၏ ကျင့်ကြံခြင်းဂူနှင့် အတန်အသင့် နီးနေချပြီ။ ပင်လယ်ဂဏန်းကြီးကို ခေတ္တ အကဲခတ်ပြီးနောက် သူက ကြုံရာကျပန်းမိစ္ဆာကျင့်ကြံသူများနှင့် နေရာချင်းလဲကာ ၎င်း၏အနားသို့ တိုးကပ်သွားသည်။ သူ ချဉ်းကပ်သွားနေစဉ် သူ၏ကျင့်ကြံခြင်းအခြေခံသည် မြင့်တက်လာနေ၏။ သူ့ပန်းတိုင်ကား ပင်လယ်ဂဏန်းကြီးဆီ ရောက်အောင်သွား၍ လျှပ်စီးလို လက်သီးဖြင့် ထိုးနှက်ရင်း တစ်ချက်တည်း ပွဲသိမ်းပစ်ရန်ပင်။

သူက အရှိန်တင်လိုက်သော်လည်း ပင်လယ်ဂဏန်းကြီးအနား ရောက်တော့မည့်အချိန်မှာပင် ဒေါသတကြီးဟိန်းဟောက်သံတစ်သံအား သူ့အရှေ့မှ ကြားလိုက်ရပြီး အနက်ရောင်အလင်းတန်းတစ်တန်း ဘွားခနဲ ပေါ်လာသည်။ ၎င်းသည် လေပွေကဲ့သို့ သူ့ထံ လည်လာပြီးနောက် လူသန်ကြီးတစ်ယောက် အသွင်ပြောင်းသွား၏။ လူသန်ကြီးမှာ ကျောတွင် လိပ်ခွံကြီး ရှိနေသည်မှအပ ကျင့်ကြံသူတစ်ယောက်နှင့် ခွဲမရအောင် တူသည်။ လိပ်ခွံကြီးသည် သလင်းကျောက်ကဲ့သို့ အရောင်အဝါတောက်ပနေရာ လူသန်ကြီးအား ရှိန်စရာကောင်းနေစေတော့သည်။

“သေပေတော့” သူက ဟိန်းဟောက်လိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းသည်ကား ထိုလူသည် မည်သည့်ကျင့်ကြံခြင်းအငွေ့အသက်ကိုမှ ထုတ်လွှတ်မနေပေ။ သို့သော် သူ လက်သီးထိုးသွင်းလိုက်သည့်အခါ လက်သီးတွင် မိုးမြေတုန်ဟည်းစေနိုင်သော စွမ်းအားပါရှိနေသည်။

“အသက်နုတ်လက်သီး” မန်ဟိုမှာ လက်သီးချက်ကို မှတ်မိလိုက်သဖြင့် မျက်လုံးများ ဝိုင်းစက်သွားပြီး တွေးလိုက်သည်။

“ကိုယ်ကာယကျင့်ကြံသူ”

လူသန်ကြီးကား ... ကိုယ်ကာယကျင့်ကြံသူဖြစ်ချေသည်။ သူသည် မိစ္ဆာကျင့်ကြံသူဖြစ်သည့်တိုင် အင်မော်တယ်အဆင့်တက်လှမ်းမည့်လမ်းစဉ်ကို မရွေးချယ်ခဲ့ပေ။ ထိုအစား ... အပြင်အားကိုယ်အင်မော်တယ်ရှာဖွေခြင်းလမ်းစဉ်ကိုသာ လျှောက်လှမ်းခဲ့သည်။ သူ့နာမည်သည်လည်း နဝမရွှေဂိတ်ကျောက်တိုင်ထက်၌ တည်ရှိပြီး မန်ဟိုကဲ့သို့ အဆင့်မမြင့်သော်လည်း ထိပ်ဆုံးဆယ်ယောက်ထဲ ပါနေသေးသည်။

သူ အံ့မခန်းလိလိစွမ်းအားဖြင့် တိုက်ခိုက်လိုက်သည့်အချိန်မှာပင် ရုတ်တရက် အဝေးမှ မန်ဟို့ထံ ပြေးဝင်လာနေသော လှိုင်းတစ်လုံးပေါ်လာသည်။ အေးစက်စက်နှာမှုတ်သံတစ်သံက ထိုလှိုင်းလုံးထဲမှ ပဲ့တင်ထပ်လာသည်။

အသံသည် မိန်းမအသံဖြစ်ပြီး သတ္တုများကို ထက်ပိုင်းပိုင်း၍ ကျောက်တုံးများကို စိစိညက်ညက်ကြေသွားစေနိုင်သော စွမ်းအားဖြင့် ပြည့်နှက်နေ၏။ ပို၍ပင် အံ့ဩဖွယ်ကောင်းသည်မှာ နှာမှုတ်သံကိုယ်တိုင်က မန်ဟို့ဦးနှောက်ကို စူးကျင့်ထိုးအောင့်သွားစေသော မယုံနိုင်လောက်အောင် အစွမ်းကြီးမားသည့် နတ်ဘုရားအာရုံတစ်ခုဖြင့် ပြည့်ဝနေခြင်းပင်။ မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူက ရပ်လိုက်သည်။

ကိုယ်ကာယမိစ္ဆာကျင့်ကြံသူသည် ထိုအခိုက်အတတန့်ကို အခွင့်ကောင်းယူ၍ မန်ဟို့ကို ထိုးချလိုက်၏။ မန်ဟိုမှ အင့်ခနဲ ညည်းရင်း ခြေလှမ်းခုနစ်လှမ်း၊ ရှစ်လှမ်းဆုတ်လိုက်ရတော့သည်။

သို့သော် ထိုလူလည်း မျက်နှာပျက်သွားပြီး သွေးများ ပါးစပ်မှ ပန်းထွက်ကာ ခြေလှမ်းအနည်းငယ် ယိုင်သွားသည်။ သူ့မှာ သူ့လက်သီးချက်နှင့်သူ ဒဏ်ရာရခဲ့ကြောင်း တွေ့လိုက်ရသဖြင့် ကြက်သေသေသွားလေသည်။

မန်ဟိုထံမှ ပြန်ကန်ထွက်လာသော အားက လူသန်ကြီးကို ခေါင်းနပန်ကြီးသွားစေသည်။

မန်ဟိုက ခေါင်းတဖြေးဖြေး မော့၍ လာနေသော လှိုင်းကို အကဲခတ်လိုက်သည်။ သူ၏သွေးအေးသောမျက်ဝန်းများသည် ၎င်းအထဲ၌ တင်ပျဉ်ခွေထိုင်နေသော အမျိုးသမီးဆီ ချက်ချင်းရောက်ရှိသွား၏။ သူမသည် အပြာရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ရှုမငြီးအောင် လှရက်သော်လည်း အသတ်အဖြတ်အရှိန်အဝါနှင့်အတူ အေးစက်နေ၏။

မန်ဟိုမှာ ဤအမျိုးသမီးနှင့် မရင်းနှီးပေ။

ရုတ်တရက် နောက်ထပ်အေးစက်စက် နှာမှုတ်သံ ထွက်လာသည်။ ဖန်းတုံးအာသည် သူမကို ဝန်းရံလှည့်ပတ်နေသော အမည်းတုံးလေးနှင့်အတူ ပေါ်လာကာ လှိုင်းလမ်းကြောင်းတွင် နေရာယူလိုက်၏။

“ပင်လယ်သမီးတော် ပေ့ယွီ ငါ ဒီနေ့ နင့်ရဲ့ပြိုင်ဘက် ဖြစ်ပေးမယ်”

လှိုင်းအတွင်းရှိ အမျိုးသမီးမှာ ... မိစ္ဆာကျင့်ကြံသူအုပ်၏ သန့်စင်သမီးတော်ဖြစ်သည့် ... ပင်လယ်သမီးတော်ပေ့ယွီမှတစ်ပါး အခြားမဟုတ်ပေ။

ပေ့ယွီသည် ဖန်းတုံးအာ သူမအရှေ့တွင် ပေါ်လာခဲ့သဖြင့် မျက်မှောင်ကြုတ်သွားသည်။ မိန်းကလေးနှစ်ယောက်သည် လေလယ်တွင် တခဏ မျက်နှာချင်းဆိုင်ပြီးနောက် စတင်တိုက်ခိုက်ကြတော့၏။ မန်ဟိုက သူတို့ထံမှ အကြည့်လွှဲလိုက်ပြီး ထိုစဉ် အရှေ့ရှိ လူသန်ကြီးက ဟိန်းဟောက်လိုက်သည်။

လူသန်ကြီးသည် လက်သီးနှစ်ဖက်ဆုပ်ကာ စိန်ခေါ်၏။ “မင်းလည်း ကိုယ်ကာယကျင့်ကြံသူတစ်ယောက်ကိုး။ မှော်သိုင်းတွေထုတ်မသုံးဘဲ မင်း ငါနဲ့ ချရဲလား။ အားအချင်းချင်းပဲ ပြိုင်ကြစို့”

လူသန်ကြီး၏ စိန်ခေါ်မှုကို တုံ့ပြန်သည့်အနေဖြင့် မန်ဟိုက အေးစက်စက် နှာမှုတ်ကာ ချီသွေးစွမ်းအားများအား ထုတ်ဖော်လျက် ရှေ့လျှောက်သွားသည်။ တစ်ချိန်တည်းမှာပင် လူသန်ကြီးကလည်း မာန်သွင်းအော်ဟစ်ရင်း ချီသွေးစွမ်းအားများကို ထုတ်ဖော်လျက် ပြေးလာသည်။ တစ်ယောက်နှင့်တစ်ယောက် နီးကပ်လာစဉ် မန်ဟို့မျက်ဝန်းတွင် ကောက်ကျစ်သောအရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ဝင်တိုက်တော့မည့်အချိန်မှာပင် သူ့လက်သီးက ရုတ်တရက် မုဒြာလက်ပုံစံ ပြောင်းသွားပြီး ပါရာဂွန်တံတားက လူသန်ကြီး၏အသက်နုတ်လက်သီးကို ဆုံတွေ့သွားတော့သည်။

တစ်ပြိုင်တည်းမှာပင် လူထွားကြီး၏ဘယ်လက်က ပြိုးပြိုးပြက်ပြက် လက်လာပြီး သရဲမျက်နှာတစ်ခုဖြစ်လာသည်။ သို့သော် မန်ဟိုက ပိုလျင်သဖြင့် ပါရာဂွန်တံတား၏ ပြင်းထန်သောဖိအားအောက်တွင် သရဲမျက်နှာသည် စူးစူးဝါးဝါး အော်ကာ ပျောက်ကွယ်သွားတော့၏။

ထိုသရဲမျက်နှာမှာ ချီနှင့်သွေးကျင့်ကြံသူတစ်ယောက် မိုင်ကုန်သုံးနိုင်သော တိုက်ကွက်တစ်ကွက်ဖြစ်ပြီး ဝှက်ဖဲဆိုလည်း မမှားပေ။ ထိုလူမှာ မန်ဟို အပြင်အားကိုယ်ခွန်အားမဟုတ်ဘဲ မှော်သိုင်းကွက်တစ်ခုကိုသာ သုံးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

နဝမမြောက်ရွှေဂိတ်ကျောက်တိုင်ထဲက အဘိုးကြီး၏ အသက်နုတ်လက်သီးသည် ပါရာဂွန်တံအားကို လွယ်ကူစွာ ဖြိုခွင်းပစ်နိုင်၏။ သို့သော် ဤမိစ္ဆာကျင့်ကြံသူမှာမူ ထိုမျှအစွမ်းအစမရှိပေ။ အုန်းခနဲ အသံကြီး ကြားလိုက်ရပြီး သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားသည်။ သူ့လက်သီးတစ်ခုလုံး ပေါက်ကွဲသွားသည့်အပြင် သူ့မှာ စူးစူးဝါးဝါးအော်လျက် ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက အချိန်နည်းနည်းလေးမှ မလျှော့ဘဲ သူ့အနောက် လိုက်လာသည်။

“အရှက်မရှိတဲ့ကောင်” လူသန်ကြီးက ဒေါကြီးမောကြီး ပြောသည်။ “မင်းက ကိုယ်ကာယကျင့်ကြံသူဖြစ်တာတောင် ငါ့ကို ကာယအားသက်သက်နဲ့ပဲ မတိုက်ရဲပါလား”

“မင်း ပြောတာနဲ့ ငါက မှော်သိုင်းကွက်မသုံးတော့ဘူး ထင်တယ်လား ချီးဘရိန်းလေး။ ပြီးတော့ မင်းလည်း အတူတူနဲ့အနူနူပါပဲ” မန်ဟိုသည် ညာလက်ကို ဆန့်ထုတ်၍ မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် လက်သီးဆုပ်လိုက်၏။ လက်သီးက လူသန်ကြီး၏ရင်ဘတ်ကို လျှပ်စီးကဲ့သို့ ဝင်တိုက်ပေတော့မည်။ သို့သော် မထိခင်အခိုက်အတန့်လေး၌ ၎င်းသည် ထိုလူ၏ ရင်ဘတ်ကို ရိုက်၍ သူ့အား ဆုပ်ကိုင်လိုက်သော လက်ဝါးကြီးဖြစ်သွား၏။ လူသန်ကြီး ပါးစပ်မှ သွေးများ ပန်းထွက်သွားစဉ် မန်ဟိုက ထိုလူ့ကို သူ့ခေါင်းပေါ် မြှောက်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းစွာနှင့် သူကား ပင်လယ်ဂဏန်းကြီးထံ ချဉ်းကပ်ရန် လူသန်ကြီးကို သက်ရှိဒိုင်းအဖြစ် အသုံးပြုနေလေသည်။

***

All Chapters