← Chapters

ကိုယ်ကာယကျင့်ကြံသူလောက၏ အရှက်ရစရာ

Vol. 77 Ch. 1072

ကိုယ်ကာယကျင့်ကြံသူလောက၏ အရှက်ရစရာ

Vol. 77 Ch. 1072

လူသန်ကြီးမှာ လိပ်ပြာလွင့်မတတ် ကြောက်သွားသည်။ မန်ဟိုက သူ့ကို ဖမ်း၍ အရှေ့တည့်တည့်တွင် ထားကာ ဧရာမပင်လယ်ဂဏန်းကြီးထံ ချီတက်သွားသည်။

ထိုလူ့မှာ တွေးပင်မတွေးမိဘဲ ဆဲနေမိတော့သည်။ “မင်း အရှက်မရှိဘူးလား။ မင်းက ကိုယ်ကာယကျင့်ကြံသူလောကအတွက် အရှက်ရစရာပဲကွ”

မန်ဟိုက သူ့ကို ဖုတ်လေတဲ့ငါးပိ၊ ရှိသည်ဟုပင် မထင်သည့်အပြင် ပို၍ပင် မြန်မြန်သွားနေသည်။ ပင်လယ်ဂဏန်းကြီး၏ ကျောမှ ထိုးထွက်နေသော ပင်လယ်နဂါးရှစ်ကောင်က ဟိန်းရင်း မှော်သိုင်းကွက်ပေါင်းများစွာကို ထုတ်လွှတ်နေသည်။ သို့သော် မန်ဟို့အနေဖြင့် လူသန်ကြီးအား ဒိုင်းကဲ့သို့ ရှေ့သို့ လွှဲရမ်းလိုက်ရုံသာ လိုအပ်ပြီး မှော်သိုင်းကွက်အကုန်လုံးကို ကာနိုင်သွားသည်။

မချိတင်ကဲအော်သံများ ကြားရနိုင်သည်။ လူသန်ကြီးမှာ တုန်ရီနေပြီး သူ့ကျောကြီးတစ်ခုလုံးလည်း စုတ်ပြတ်၍ သွေးတို့ရဲပလောင်းခတ်နေသည်။ သူက မန်ဟို့ကို ကြည့်ရင်း ကြောက်လာပြီး ဆဲနေတော့သည်။

“အသေဆိုးနဲ့ သေမယ့်ကောင်။ လီးလိုပဲ။ မင်းထက် အရှက်မရှိကောင် မရှိတော့ဘူး

“သောက်ကျိုးနည်း။ ငါ မင်းကို ဘာများလုပ်ခဲ့မိလို့လဲဟမ်။ ငါ့မှာ မင်းနဲ့ နှစ်ယောက်ချင်း တိုက်ခိုက်ဖို့ပဲ စိန်ခေါ်ခဲ့တာပါ။ မင်းက ယုတ်မာခဲ့တယ်လေ။ အဲ့ဒါက မှော်သိုင်းကွက်မဟုတ်ခဲ့ဘူးကွ။ ငါတို့ကိုယ်ကာယကျင့်ကြံသူတွေ မှော်အစွမ်းတွေကို သုံးဖို့ မသင့်တော်ဘူးဆိုတာ မင်းကို သတိပေးချင်ခဲ့ရုံသက်သက်ပဲ”

ထိုအခိုက်အတန့်တွင် မန်ဟိုက လူသန်ကြီး၏နေရာကို ပြောင်းရင်း အလင်းတန်းတစ်တန်းအား ကာလိုက်သည်။ ထို့လူကျောကြီးမှာ အလင်းတန်း၏ဝင်ဆောင့်ခြင်း ခံလိုက်ရ၏။ သူ့မှာ အားခနဲ အော်လိုက်ရပြီး ဒဏ်ရာများမှ သွေးများက တစ်ကိုယ်လုံးစိုရွှဲသွားတော့သည်။

“တောင်းပန်ပါတယ်။ လွှတ်ပေးပါကွာ။ ငါ တောင့်မခံနိုင်တော့ဘူး...” လူသန်ကြီးက အသံပြဲကြီးဖြင့် ငိုသည်။ ဤသည်မှာ ငိုယိုတောင်းပန်သည့် ပထမဆုံးမိစ္ဆာကျင့်ကြံသူဖြစ်ရာ မန်ဟို့မှာ မှင်သက်သွားမိ၏။

“တောင်းဆိုတာကို လက်မခံဘူး” မန်ဟိုက ခေါင်းခါရင်း ပြန်ဖြေသည်။ ဤကဲ့သို့ အသုံးဝင်သော သက်ရှိဒိုင်းအား သူ မည်ကဲ့သို့ လက်လွှတ်ပေးရမည်နည်း။ သူက လူသန်ကြီးကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ရှေ့ဆက်တက်လိုက်သည်။ သူ ပင်လယ်ဂဏန်းအနား ရောက်လာသည့်အခါ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များက အလင်းတန်းများအသွင်ဖြင့် လင်းလက်သွားပြီးနောက် ပေါင်းစည်းသွားကြသည်။

ချက်ချင်းပင် စစ်မြေပြင်တစ်ခုလုံး လူသန်ကြီး၏ တအားအား အော်သံများဖြင့် ပြည့်နှက်သွားတော့သည်။ သူ့မှာ ဤမျှပြင်းထန်သောနာကျင်မှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။ သေစေနိုင်သောအန္တရာယ်က သူ့ကို စိုးမိုးလာရာ သည်အတိုင်းသာ ဆက်သွားလျှင် မုချသေရလိမ့်မည်ဟု သူ့အား ယုံကြည်သွားစေတော့သည်။

“ကျေးဇူးပြုပြီး တောင်းပန်ပါတယ်ကွာ။ ဒီလိုမလုပ်ပါနဲ့။ ငါတို့နှစ်ယောက်လုံးက ကိုယ်ကာယကျင့်ကြံသူတွေဆိုတော့ ရေစက်ပါနေတာ အသိသာကြီးပဲ။ ငါ့ကို လွှတ်ပေးလိုက်တော့နော် နော်။ ငါ အခုချက်ချင်း ထွက်သွားပါ့မယ်လို့ အာမခံပါတယ်။ ကတိပေးတယ်ကွာ...” ကိုယ်ကာယကျင့်ကြံသူ စကားပြောနေစဉ် သူ့အသံမှာ အားနည်းသထက် အားနည်းလာသည်။ သူ့အသက်မီးတောက်မှာလည်း အသက်ချုပ်ငြိမ်းတော့မည့်အလား မှိန်ကျလာ၏။

မန်ဟိုမှာတော့ တအံ့တဩ စိုက်ကြည့်မိလိုက်ပြန်သည်။ ဤလူအနေဖြင့် ဤမျှအားမနည်းကြောင်း သူ သေချာသည်။ သူ့မှာ သေမင်းထံသို့ ဦးတည်နေသည်ဟု ဆိုနိုင်သော်လည်း အတော်လေး ဝေးကွာသေးလေသည်။ ထိုလူသန်ကြီးသည် သေဖို့ အဝေးကြီးလိုသေးသည့်အတွက် ပင်လယ်ဂဏန်းထံ မရောက်မချင်း တောင်ခံနိုင်လိမ့်မည်ဟု မန်ဟို အတန်အသင့် ယုံကြည်သည်။

မန်ဟို့ခန္ဓာကိုယ်က မှော်တိုက်ကွက်တစ်ကွက်ကို ရိပ်ခနဲ ရှောင်လိုက်ရာ လူသန်ကြီးနှင့် နီးကပ်သွားသည်။ ရုတ်တရက် လူသန်ကြီးသည် ခေါင်းမော့၍ ပါးစပ်ကြီးဖြဲပြီး မန်ဟို့လည်ပင်းကို ရက်ရက်စက်စက် ကိုက်ချလိုက်သည်။

မန်ဟိုက ထိုလူ့လည်ပင်းကို လိမ်ချိုးလိုက်သဖြင့် လူသန်ကြီး၏ပါးစပ်က လေကိုသာ ဂွပ်ခနဲ ကိုက်မိသွားတော့သည်။ မန်ဟိုသည် မျက်လုံးများ အေးစက်နေလျက် လူသန်ကြီးကို လွှဲ၍ မှော်သိုင်းကွက်နောက်တစ်သုတ်အား စုပ်ယူစေလိုက်ပြီးနောက်ဆုံး ပင်လယ်ဂဏန်း အရှေ့ ရောက်သွားတော့၏။ ထို့နောက် သူက လူသန်ကြီးကို လက်နက်သဖွယ်သုံးရင်း ဂဏန်းအား ထိုးနှက်လိုက်လေသည်။

ဝုန်းခနဲ ကြားလိုက်ရပြီး ဂဏန်းကြီး တုန်ယင်သွားသည်။ လူသန်ကြီးက စူးစူးဝါးဝါးအော်လိုက်သည်။ သူ့စိတ်ထဲတွင် သူ့ခန္ဓာကိုယ်သည် ပေါက်ကွဲတော့ခါနီးဆဲဆဲ ဖြစ်နေပြီး သူ့ဝိညာဉ်လည်း ကြေမွတော့ပေမည်။

“ငါ မခံနိုင်တော့ဘူး” လူသန်ကြီးက ပြောသည်။ “ငါ ... ငါမင်းကို ကူတောင် ချပေးနိုင်ပါတယ်ကွာ။ ဆေးလုံးနည်းနည်းသာပေး မင်းအတွက် မှော်သိုင်းကွက်တွေကို အစားခံပေးဖို့ ငါ့ကိုယ်လုံးကြီးတောင် သုံးပေးနိုင်ပါတယ်”

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် မန်ဟိုက သူ့ကို လွှဲရမ်းလိုက်ပြန်ကာ ပင်လယ်ဂဏန်းအား ဝင်တိုက်လိုက်စေသည်။ မရေမတွက်နိုင်သော နတ်ဘုရားစွမ်းရည်များ အထုတ်လွှတ်လိုက်ခံလိုက်ရသဖြင့် ဂဏန်းထံမှ အရောင်အဝါများ ဖြာထွက်လာသည်။ မန်ဟိုက ၎င်းတို့ကို ပိတ်ဆို့ရန် လူထွားကြီးအား ခေါင်းပေါ် ချက်ချင်း မြှောက်လိုက်၏။

တစ်ဆက်တည်းမှာပင် ပင်လယ်ဂဏန်း၏လက်မတစ်ချောင်းက ဝှီးခနဲ ထိုးဆင်းလာသည်။ မန်ဟို ၎င်းအား ကပ်သီလေး ရှောင်လိုက်နိုင်ရုံရှိသေး၊ နောက်တစ်ချောင်းက သူ့ထံ ထိုးဆင်းလာပြန်၏။

မန်ဟို ဘာမှမလုပ်နိုင်ခင် လူသန်ကြီးက အကြောက်အကန် အော်သည်။ သူ့မှာ ဖြစ်ပျက်နေသောအရာအားလုံးနှင့် ပတ်သက်၍ မန်ဟို့ထက် စိုးရိမ်နေပုံပေါ်သည်။

“မလုပ်နဲ့” သူက အလျင်အမြန် လျှာကိုက်၍ သွေးတချို့ ထွေးထုတ်လိုက်ကာ သူ့ကျောပေါ်က သလင်းကျောက်အခွံကြီးကဲ့သို့ သွေးဒိုင်းအသွင်ပြောင်းသွားစေသည်။ တစ်ချိန်တည်းမှာပင် သူ့ကျောထက်ရှိ အခွံကြီးက သူ့တစ်ကိုယ်လုံးလွှမ်းခြုံရင်း ပြန့်ကားလာ၏။

သူ ဤအရာများ လုပ်ပြီးသည့်အချိန်မှာပင် သူကား ဒုတိယလက်မကြီးကို ခုခံရန် ထိုလူ့အား လွှဲရမ်းခဲ့ပြီးလေပြီ။ လက်မကြီးက လူသန်ကြီးအပေါ် ဒေါက်ခနဲ ကျသွားသည်။

ဝုန်းးးးးးး။ လူသန်ကြီး၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူက စူးစူးဝါးဝါး အော်လိုက်သော်လည်း သူ့မှာ အသက်ထွက်တော့မည့်အလား အော်သံမှာ ပို၍ပင် အားနည်းနေတော့သည်။

“ကယ်ပါဦး...” သူက ငိုသည်။ “တစ်ယောက်ယောက်... မကယ်နိုင်တော့ဘူးလား။ ငါက ...တန်ဖိုးတစ်ခုတော့ တန်ပါသေးတယ်...”

မန်ဟိုသည် စကားလုံးများကို ကြားသည်နှင့် အကျိုးအကြောင်းသင့်ကြောင်း သဘောပေါက်လိုက်သည်။ လူသန်ကြီးအား အသုံးချ၍ရသေးလေသည်။ သူက ကပျာကယာ လက်ဝှေ့ယမ်းရင်း ဆေးလုံးများကို လူသန်ကြီး၏ပါးစပ်ထဲ သိပ်ထည့်လိုက်သည်။ ၎င်းတို့အရည်ပျော်သွားလျှင်ချင်း ထိုလူ့တစ်ကိုယ်လုံး တုန်ရီသွား၏။

သူ့နှလုံးသားထဲ၌ မျှော်လင့်ချက်တို့ ပေါက်ဖွားလာသောအခိုက်အတန့်တွင် မန်ဟိုက အသက်ပြင်းပြင်းရှူပြီးနောက် ဆင့်ခေါ်နိုင်သမျှ ချီနှင့်သွေးစွမ်းအားအကုန်လုံး ဆင့်ခေါ်လိုက်သည်။ သူ့ကိုယ်ထဲတွင် ကြီးမားသောစွမ်းအားတို့ မြင့်တက်လာသည်နှင့်အမျှ လေပြင်းများ တိုက်ခတ်လာသည်။

လူသန်ကြီးမှာ တအံ့တဩ စိုက်ကြည့်နေပြီးနောက် မန်ဟို သူ့ကို လေပေါ်မြှောက်လိုက်သဖြင့် စူးစူးဝါးဝါး စအော်တော့သည်။ ထို့နောက် မန်ဟိုသည် အားအကုန်သုံး၍ လူသန်ကြီးအား ပင်လယ်ဂဏန်းကြီးထံသို့ ရက်ရက်စက်စက် ပစ်ပေါက်လိုက်တော့သည်။

“မန်ဟို ငါ့လိုးမခွေးသူတောင်းစား။ အရှက်မရှိတဲ့ကောင်။ မင်းက ကိုယ်ကာယကျင့်ကြံသူလောကအတွက် အရှက်ရစရာပဲ။ သေချင်းဆိုးနဲ့ သေပါစေ” လူသန်ကြီးသည် ကြယ်တံခွန်ကြီးသဖွယ် လွင့်ထွက်နေစဉ် ဝူးဝူးဝါးဝါး အော်နေတော့၏။ သူ့ကိုယ်ပိုင်အင်အားက မန်ဟို့စွမ်းအားနှင့် ပေါင်းစည်းသွားကာ သူ့ကို လှံရှည်ကြီးကဲ့သို့ ပင်လယ်ဂဏန်းအား ထိုးစိုက်သွားစေတော့သည်။

ဤရွေ့ဤမျှသာဆိုလျှင် မန်ဟို့အား အင်မတန် အရှက်မရှိသူဟု ထည့်တွက်နိုင်လောက်မည်မဟုတ်ပေ။ သို့သော် မန်ဟိုက လူသန်ကြီး၏အနောက်တွင် ကွယ်ရင်း ပင်လယ်ဂဏန်းထံ ဦးတည်သွားနေသည်။

မျက်စိတစ်မှိတ်အတွင်း ထိုလူမှာ ဂဏန်းခေါင်းကြီး၏အရှေ့တည့်တည့်သို့ ရောက်သွားတော့သည်။ ဒိုင်းတစ်ခု ပေါ်လာသကဲ့သို့ တလက်လက်တောက်ပနေသော အလင်းရောင်က လင်းခနဲ လက်သွားသည့်တိုင် ကြေမွသွားပြီး လူသန်ကြီးမှာ ပင်လယ်ဂဏန်းကြီး၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ပင်လယ်ဂဏန်းအား ဖွဲ့စည်းထားသော မန္တန်ဝင်္ကပါမှာ ဟန်ချက်ပျက်သွားသည့်အလား လှုပ်ခါသွားသည်။ ထိုမျှသာမက မန်ဟိုက လူသန်ကြီး ပင်လယ်ဂဏန်းထဲ ဝင်ရောက်သွားစဉ် တစ်ပါတည်း လိုက်ပါသွားခဲ့၏။ ထို့နောက် သူ့ပတ်ပတ်လည်တွင် လျှပ်စီးများ ကခုန်လာပြီး သူကား မိစ္ဆာကျင့်ကြံသူများနှင့် ဟိုဟိုသည်သည် နေရာလဲက စတင်သတ်ဖြတ်လေပြီ။

ကြောက်လန့်တကြားအော်သံများက ပင်လယ်ဂဏန်းထဲမှ ဆူညံပွက်လောရိုက်လာသည်။ အသက်ဆယ်ရှိုက်စာ အချိန်လေးအတွင်း တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာပြီး ဧရာမပင်လယ်ဂဏန်းကြီးမှာ တစ်ဝက်ကျော် ပျက်စီးသွားသည်။ ထို့နောက် ဖောင်းခနဲ ပေါက်ကွဲသွား၏။

ကျင့်ကြံသူရာပေါင်းများစွာက သတ်ဖြတ်လိုစိတ်များ မြင့်မားလျက် ပျံထွက်လာသည်။ သူတို့သည် နောက်မဆုတ်ဘဲ မန်ဟို့ထံ ပြေးဝင်သွားကြ၏။ မန်ဟို၏မျက်လုံးများက အေးစက်စက် လက်သွားပြီး သူသည် အေးစက်စက်နှာမှုတ်၍ လက်ကို ဝှေ့ယမ်းကာ သွေးမိစ္ဆာခေါင်းများအား ဆင့်ခေါ်ရင်း မိစ္ဆာကျင့်ကြံသူများအား စတင်သတ်ဖြတ်တော့သည်။

အုန်းခနဲ အုန်းခနဲ ရိုက်ညောင်းနေပြီး သွေးများက ကောင်းကင်ထက်မှ မိုးပေါက်များသဖွယ် ရွာကျနေသည်။

မန်ဟို မိုးကြိုးဒယ်အိုးဖြင့် နေရာလဲလိုက်တိုင်း ပို၍များပြားသော မိစ္ဆာကျင့်ကြံသူများ သေကုန်သည်။ သူတို့၏မချိတင်ကဲအော်သံများက ကျွတ်ကျွတ်ညံလာရာ မိစ္ဆာကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီအား မည်မျှပင်ဒေါသထွက်နေပါစေ တုန်ရီလာစေတော့သည်။

ပင်လယ်နဂါးမိစ္ဆာကျင့်ကြံသူရှစ်ဦးမှာ အဓိကပစ်မှတ်ထားခံနေရသည်။ မန်ဟိုသည် တစ်ကောင်ပြီးတစ်ကောင် အမိဖမ်းနေ၏.... သူကား သတ်ဖြတ်ခြင်းနတ်ဘုရားကြီးတစ်ပါးသဖွယ် ဖြစ်နေပြီး သူ့ကို မျက်နှာချင်းဆိုင်လိုက်ရသူတိုင်း ထင်းခြောက်များကဲ့သို့ အလွယ်တကူ ဂုတ်ချိုးအသတ်ခံနေရလေသည်။

နောက်ဆုံးတော့ သူ့လက်က ခုနစ်ကောင်မြောက် ပင်လယ်နဂါးကို ဖမ်းဆုပ်လိုက်သည်။ သူသည် ၎င်း၏ရင်ဘတ်ကို ဟက်တက်ခွဲ၍ နှလုံးသားကို ခြေမွပစ်ပြီးနောက် လူသန်ကြီးအား လှမ်းကြည့်လိုက်၏။

လူသန်ကြီးမှာ ဒဏ်ရာအပြင်းအထန်ရထားသော်လည်း ရူးမိုက်မြဲရူးမိုက်နေဆဲပင်။ သူ့မျက်လုံးများသည် ရန်သူမည်မျှအစွမ်းထက်ပါစေ တိုက်ခိုက်ဦးမည့်အလား သေခြင်းတရားအပေါ် ကြောက်လန့်မှုတို့ ကင်းမဲ့နေသယောင်ပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြားကပ်ကြေမွသွားလျှင်တောင်မှ သူ၏တိုက်ခိုက်လိုစိတ်က ရှင်သန်နေဦးမည်ဖြစ်သည်။

“သူကို သတ်ပစ်။ ငါတို့ မိစ္ဆာကျင့်ကြံသူတွေ ခေါင်းပြတ်ပြတ်၊ သေရသေရ သူ့ကို သတ်မှဖြစ်မယ်”

“သူ့ကို သတ်ပစ်။ ညီနောင်တို့ ထကြလော့ ဒီကောင့်ကို သတ်ကြမယ်”

သူ၏ဒေါကန်နေသော ဟိန်းဟောက်ကြိမ်းဝါးသံကြီး မိစ္ဆာကျင်ကြံသူများ၏အော်သံများအကြားမှ ပဲ့တင်ထပ်လာစဉ် သူက ပြေးတက်လာသည်။ သူသည် မန်ဟို့ကို တိုက်ခိုက်တော့မည့်ပုံရ၏။ မန်ဟိုက အေးစက်စက် နှာခေါင်းရှုံ့၍ ပြန်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

မန်ဟို စစ်မြေပြင်ပေါ်တွင် ကြက်သေသေသွားသည်အထိ အံ့ဩသည်ကား ရှား၏။ သို့သော် ဤအခိုက်အတန့်တွင် သူ့မှာ အမှန်တကယ် မှင်သက်နေပြီး လူသန်ကြီးကို စိုက်ကြည့်ရင်း သူ့မျက်စိသူ မယုံနိုင်ဖြစ်နေတော့သည်။

လူသန်ကြီးမှာ သေရမည်ကို မကြောက်သကဲ့သို့ အသံကောင်းဟစ်နေသည့်တိုင် တကယ်တော့ .... ပြေးတက်လာနေခြင်းမဟုတ်ဘဲ နောက်ဆုတ်နေသည်။ သူ့ပုံစံက ရှေ့သို့ ပြေးလာနေပုံပေါ်ပြီး တိုက်ခိုက်ရန် အသံကျယ်ကြီးဖြင့် ကြိမ်းဝါးနေသော်လည်း နောက်သို့ အမြန်ဆုံးဆုတ်နေခြင်းပင် ဖြစ်ပေ၏....

၎င်းက သေသေချာချာ မကြည့်လျှင် သတိမထားမိမည့်အရာပင်....

ထူးဆန်းသောအမူအရာတစ်ခု မန်ဟို့မျက်နှာအပေါ်တွင် ပေါ်လာသည်။ ဤအရှက်မရှိသောရောင်ရင်းမှာ မန်ဟို့အတွေ့အကြုံအရ အသားဂျယ်လီနှင့်ကြက်တူရွေးကဲ့သို့ လူစားမျိုးဖြစ်လေသည်။

သူက လူသန်ကြီးကို အဓိပ္ပါယ်ပါပါ ကြည့်ပြီးနောက် အကြည့်လွှဲကာ တောင်ထောင်ချီကို ဆင့်ခေါ်ရန် လက်ဝှေ့ယမ်းလိုက်သည်။ နေနှင့်လလည်း ထိတွေ့သမျှအရာရာတိုင်း၏ အသက်ကို နုတ်ယူနေသော  ကြောက်မက်ဖွယ်စွမ်းအားများဖြင့် ပေါ်လာသည်။

နောက်ဆုံးတော့ မိစ္ဆာကျင့်ကြံသူများမှာ ကြောက်လန့်နေသောအရိပ်အယောင်များ စပြလာတော့သည်။

မည်သူ ပထမဆုံးထွက်ပြေးသည်လဲ ပြောရခက်သော်လည်း တခဏအတွင်း မိစ္ဆာကျင့်ကြံသူအားလုံး ဖရိုဖရဲ ထွက်ပြေးကုန်ကြသည်။ လူသန်ကြီးလည်း သူတို့အထဲ ပါဝင်၏။ သူက ဒေါသတကြီး ကြိမ်းဝါးနေသော်လည်း အားလုံးအထဲ အမြန်ဆုံးဖြစ်လေသည်။

မိစ္ဆာကျင့်ကြံသူများ၏အမူအရာများမှာ မုန်တီးနေသောပုံစံမဟုတ်တော့ဘဲ ကြောက်လန့်ပြီး ဆောက်တည်ရာမဲ့နေကြလေပြီ။

“ခေါင်းဆောင်ကြီး ကယ်ပါဦး”

“ခေါင်းဆောင်ကြီးတို့ ဘယ်ရောက်နေလဲ။ ရှေးဟောင်းနယ်ပယ်အကြီးအကဲတွေရော”

“မိစ္ဆာကျင့်ကြံသူအုပ်တော့ ကပ်ဆိုက်နေပြီ”

“ဘာကြောင့်လဲ။ ဘာကြောင့် ငါတို့က ကိုယ့်ဂိုဏ်းထဲမှာကိုယ် အသတ်ခံနေရတာလဲ။ အို ခေါင်းဆောင်ကြီးတို့ ဘယ်များရောက်နေကြသလဲ”

အသံများသည် ပူဆွေးဝမ်းနည်းမှုအပြည့်ဖြင့် ဆူညံလာ၏။ အဝေးရှိ မိစ္ဆာကျင့်ကြံသူများမှာ တုန်ရီနေပြီး အနားမကပ်ရဲကြပေ။ မြေပြင်သည် သွေးများ စိုရွှဲနေပြီး အသားစများ မွစာကြဲနေ၏။

၎င်းတို့က မိစ္ဆာကျင့်ကြံသူများ၏ ဝိညာဉ်များနှင့် ကူကယ်ရာမဲ့မှုကို ကိုယ်စားပြုနေသော သွေးများ၊ အသားစများဖြစ်သည်။

အော်သံများ ဆူညံလာသည့်အချိန်မှာပင် မိစ္ဆာကျင့်ကြံသူများအကြား တဟုန်ထိုး ထွက်ပြေးနေသော နောက်ဆုံးပင်လယ်နဂါးအား မြင်ရနိုင်သည်။

“သောက်ကျိုးတော့နည်းပြီ။ ဒီမန်ဟိုက ငါတို့ပင်လယ်နဂါးတွေနဲ့ပတ်သက်ပြီး တစ်ခုခု မျက်မုန်းကျိုးနေတာပဲဖြစ်မယ်” အခြားပင်လယ်နဂါးအားလုံး၏ ကံကြမ္မာက သူ့ကို ကြောက်လန့်တုန်ရီနေစေသည်။ မန်ဟိုက သူ့ဘေးတွင် လှစ်ခနဲ နေရာရွှေ့ပြောင်းလာပြီးနောက် လက်လှမ်းလိုက်သည်။ သွေးရောင်အလင်း ဝင်းခနဲ လက်သွားသည်ကို မြင်ရပြီး ပင်လယ်နဂါးကျင့်ကြံသူမှာ ရင်ဘတ်အား အစိမ်းလိုက်ထိုးဖောက်ခံနေရသဖြင့် စူးစူးဝါးဝါး အော်နေတော့သည်။ သူ့နှလုံးသည် ပျံထွက်လာပြီး မန်ဟို၏ ဖြစ်ညှစ်ခြင်းခံလိုက်ရ၏။ အဖြူရောင်သွေး ပေါ်လာသောအခါ သူက ၎င်းကို သိမ်းပြီးနောက် အောက်တွင် မြင်နေရသော တောင်သုံးလုံးအား ငုံ့ကြည့်လိုက်သည်။

“လောင်တန်းဟိုက် မင်း ထွက်လာမလား။ ဒါမှမဟုတ် အဲဒီတောင်ကို စုတ်ဖြဲပြီး မင်းကို ထုတ်ပေးရမလား” သူ့အသံကြီးသည် မိုးခြိမ်းသံကြီးကဲ့သို့ ဟိန်းထွက်သွား၏။

အောက်ရှိ အလယ်တောင်တွင် ကျင့်ကြံခြင်းဂူတစ်ဂူရှိသည်။ ထိုအတွင်း၌ လောင်တန်းဟိုက်သည် တဆတ်ဆတ် တုန်ရီလျက် ထိုင်နေပြီး လိပ်ပြာလွင့်မတတ် ကြောက်နေတော့၏။

***

All Chapters