ချေမှုန်းသုတ်သင်ခြင်း
Vol. 78 Ch. 1087
လေဟုန်ခွင်းလောကတွင် ကိုးပြည်ထောင်မှ အသီးသီး သိမ်းပိုက်ထားသော နယ်မြေကိုးမြေရှိသည်။ ၎င်းတို့အားလုံးက ဧရာမကွင်းကြီးတစ်ကွင်းပုံစံ ဖော်ဆောင်ထားသည်။
ကိုးပြည်ထောင်မှ ဖော်ဆောင်ထားသော ထိုကွင်းကြီး၏အလယ်တည့်တည့်တွင် ... ဝတ်ပြုကျောင်းတစ်ကျောင်းရှိသည်။
ထိုပြည်ထောင်တစ်ခုစီ၏အကြားတွင် မိုးကောင်းကင်မှ မြေပြင်အထိ ဆန့်တန်းရင်း ကိုးပြည်ထောင်လုံးအား တသီးတသန့် ပိုင်းခြားပေးထားပြီး တစ်ပြည်ထောင်နှင့်တစ်ပြည်ထောင် ဖြတ်သန်းရန် အင်မတန် ခဲယဉ်းစေသော လေမုန်တိုင်းတစ်လုံးစီ ရှိကြသည်။
ထိုလေမုန်တိုင်းအတားအဆီးကြောင့် ကိုးပြည်ထောင်စုမှာ အဝင်အထွက်မရှိပေ။ ဒယ်ဇောက်အိုးရှာဖွေခြင်းအဆင့် ကျင့်ကြံသူများသာလျှင် ဖြတ်သန်းသွားနိုင်သော်လည်း တန်ရာတန်ကြေးကား အလွန်ကြီးမားသေး၏။
အတားအဆီးများက အကာအရံများသဖွယ် ပြုမူရင်း ကိုးပြည်ထောင်လုံးအား တစတစ စည်ပင်သိုက်ကား အင်အားကြီးမားလာစေခြင်းဖြစ်သည်။
သို့သော် ယခုတွင် တောင်ပင်လယ်လောကမှ ကျင့်ကြံသူများ ရောက်လာခဲ့ပြီဖြစ်၍ ကိုးပြည်ထောင်လုံးကို ပိုင်းခြားထားသော အကာအရံများမှာ တုန်ရီလာပြီး ထာဝရလေများလည်း လွင့်ပျယ်ပျောက်ကွယ်တော့မည့် လက္ခဏာများ ပြလာသည်။
လောလောဆယ်တွင် မန်ဟိုသည် ရင်တဒိန်းဒိန်းခုန်လျက် ပြည်ထောင်ကိုး၏ သဲကန္တာရထဲက ပလ္လင်ထက်တွင် ရပ်နေသည်။ သူသည် မော့ကြည့်ခဲ့မိရုံလေးအတွက် ကွပ်မျက်ခံခဲ့ရသော လူငယ်နှင့် သူ့လက်သူ ဖြတ်ခဲ့သော အဘိုးကြီးကို ကြည့်နေ၏။ အဘိုးကြီးက ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့သည့်အတွက် သူ ဒူးထောက်ခစားနေစဉ် သူ့လက်ဒဏ်ရာမှ သွေးများ စက်လက်စက်လက် စီးကျနေလေသည်။
ကြည့်ရသရွေ့ ကြီးမြတ်သောအရှင်အင်မော်တယ်တစ်ပါးပါး မမိန့်ကြားသရွေ့ ထိုလူက သူ့သွေးများ စီးကျနေသည်ကို မရပ်တန့်မည့်ပုံရသည်။
ဖန်းတုံးအာမှာ စိတ်ထဲတွင် တုန်လှုပ်နေသလို၊ ပေ့ယွီလည်း ထိုနည်းတူပင်။ သာမန်ကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများလည်း တူညီသောအမူအရာများ ရှိကြသည်။ သူတို့မှာ ... ကျင့်ကြံသူလောကတွင် ဂျူနီယာမျိုးဆက်များထက်ပို၍ အရေးပေးမခံရသလို၊ စီနီယာအကြီးအကဲများ ကြုံတွေ့ခဲ့ဖူးသော စစ်ဆေးမှုများ၊ ပြစ်ဒဏ်များကို မမြင်ခဲ့ရဖူးပေ။ အံ့မခန်းလိလိ မြင်ကွင်းက ဖန်းတုံးအာနှင့်အခြားသူများကို ကြက်သေသေသွားစေသည်။
မန်ဟိုက တခဏ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ညာလက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ဆေးလုံးတစ်လုံးပျံထွက်သွားပြီး အဘိုးကြီး၏ လက်ပြတ်ပေါ် ကျသွားသည်။ မျက်စိတစ်မှိတ်အတွင်း ဒဏ်ရာမှာ ကျက်သွားပြီး ပြတ်သွားသောလက်သည် တဖြေးဖြေး အသစ်ပြန်ထွက်လာ၏။
အဘိုးကြီးမှာ မန်ဟို့ကို ကျေးဇူးတင်စွာ မော့ကြည့်ရင်း တုန်ရီသွားသည်။ သူသည် စိတ်ထဲတွင် စိတ်သက်သာရာရသွားပြီးနောက် ထပ်မံ၍ လေးလေးနက်နက် အရိုအသေပေးလိုက်ပြန်သည်။
“ကျေးဇူးအထူးတင်ကြောင်းပါ အရှင်အင်မော်တယ်”
လေဟုန်ခွင်းလောကသားများအကြားရှိ အသက်အကြီးဆုံး အဘိုးကြီးမှာ ကျန်းတောက်ဇီဖြစ်သည်။ မန်ဟိုကို သာမန်ကာလျှံကာ လှမ်းကြည့်လိုက်စဉ် သူ့မျက်ဝန်းများ၌ ဉာဏ်အမြော်အမြင်တို့ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက လက်ယှက်၍ ပြောလေ၏။ “အရှင်အင်မော်တယ်တို့၊ ပြည်ထောင်ကိုးထဲမှာ အရှင်တို့ စံမြန်းဖို့ ကျွန်တော်မျိုးတို့ စီစဉ်ထားတဲ့ ယာယီအင်ပါယာနန်းဆောင်တွေဆီ ဖိတ်ခေါ်ချင်ပါတယ်။ အရှင်အင်မော်တယ်တို့ ... အတူတူ နေကြမှာလား... သီးသန့်နေကြမှာလားခင်ဗျာ”
သူက စကားပြောပြီးလျှင် လက်ကို ဝှေ့ယမ်းလိုက်ကာ သူ့အရှေ့ရှိ မြေပြင်ထက်မှ တလက်လက်တောက်ပနေသာအလင်းရောင်များ မြောက်တက်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ပြည်ထောင်ကိုးတစ်ခုလုံး၏ မြေပုံက ဖျတ်ခနဲ ပေါ်လာတော့သည်။
မြေပုံပေါ်ရှိ ဧရိယာအသီးသီးသည် မည်သည့်နေရာတွင် စိတ်ဝိညာဉ်စွမ်းအင်များပြားသည်၊ မည်သည့်နေရာတွင် ကျင့်ကြံခြင်းအရင်းအမြစ် ပေါများသည်ဟု ရှင်းလင်းစွာ ဖော်ပြထား၏။ ကျင့်ကြံသူများ နေထိုင်ဖို့အတွက် သင့်တော်သော နေရာအားလုံးကို ထင်ထင်ရှားရှား ပြထားလေသည်။
ထိုမျှသာမက နေရာတစ်နေရာချင်းစီ၏ အားသာချက်များ၊ အားနည်းချက်များကိုလည်း သေသေချာချာ ရှင်းပြထားသည်။
ကိုးပြည်ထောင်၏ အလယ်တည့်တည့်၊ မြို့တော်မှ သိပ်မလှမ်းသောနေရာတွင် တောင်တစ်လုံးရှိသည်။ တောင်တစ်ဝက်လုံးကို နှင်းများဖုံးနေပြီး တောင်ခြေတွင်တော့ ကန်တစ်ကန်အား မြင်ရနိုင်သည်။ ထို့အပြင် ပြည်ထောင်ကိုးတစ်ခုလုံး၏ အဓိကစွမ်းအင်အမြောက်အမြားက ထိုနေရာတွင် စုဝေးနေကြလေသည်။
ထိုတောင်အပြင် ထိပ်တန်းအဖြစ် သတ်မှတ်နိုင်သော နေရာနှစ်နေရာရှိသည်။ ကျန်နေရာများကတော့ သာမန်သာဖြစ်၏။
မြေပုံကို လှမ်းကြည့်ပြီးနောက် မန်ဟို့မျက်လုံးများက မသိမသာ လင်းလက်သွားပြီး ကျန်းတောက်ဇီကို ပြန်ကြည့်လိုက်သည်။ ထပ်မံ၍ ထိုအဘိုးကြီး ပိုင်ဆိုင်ထားသော ဉာဏ်အမြော်အမြင်နှင့် ရှေ့ရေးကြိုမြင်နိုင်စွမ်းကို သူ သုံးသပ်နိုင်သွားလေသည်။
ကျန်းတောက်ဇီနှင့် ကျန်ကျင့်ကြံသူများအတွက် မန်ဟိုနှင့်အပေါင်းအပါအကုန်လုံးသည် ကြီးမြတ်သောအရှင်အင်မော်တယ်များ ဖြစ်ကြသည်။ သူတို့အနေဖြင့် သူတို့အားလုံးကို လေးစားသော်လည်း ... ကိုးယောက်အနက် မည်သူက အသာလွန်ဆုံးလဲ ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။
သူတို့မှာ သူတို့နည်းဟန်ဖြင့် အတည်မပြုနိုင်သလို၊ တစ်ချက်မှ မှား၍လည်း မဖြစ်။ တောင်ပင်လယ်လောကမှ ဧည့်သည်များ၏အဆင့်အနိမ့်အမြင့်နှင့် ပတ်သက်ပြီး နားလည်မှုတစ်စုံတရာ လွဲခဲ့သည်ရှိသော် အကျိုးဆက်များက ဆိုးရွားလိမ့်မည်။ ဤမြေပုံနှင့် အင်မော်တယ်များ ၎င်းကို ရင်ဆိုင်ဖြေရှင်းပုံက ချက်ချင်း သဲလွန်စရစေမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
ဖန်းတုံးအာက မြေပုံကို လှမ်းကြည့်ပြီးနောက် မန်ဟို့ကို ကြည့်သည်။ ထို့နောက် သူမသည် အရေးပါဆုံးတောင်ကို မရွေးချယ်ဘဲ ညာလက်လေးဖြင့် အဆင့်နိမ့်သောနေရာနှစ်နေရာမှ တစ်နေရာကို လက်ညှိုးထိုးလိုက်သည်။
ပေ့ယွီသည် တခဏ တွန့်ဆုတ်နေပြီးနောက် မန်ဟို့ကို မသိမသာ လှမ်းကြည့်ရင်း သူမမျက်ဝန်းများက ခေတ္တမျှ လင်းလက်သွားသည်။ သူမကား ချက်ချင်း ဆုံးဖြတ်ချက်မချပေ။
ဖန်းတုံးအာနှင့် သာမန်ကျင့်ကြံသူသုံးယောက်မှာ သူတို့နေရာသူတို့ ကောင်းကောင်းသိ၍ တခြားနေရာများ ရွေးလိုက်ကြသည်။ သို့သော် လူသန်ကြီးမှအပ ကျန်မိစ္ဆာကျင့်ကြံသူနှစ်ယောက်က တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် မြေပုံကို ကြည့်နေကြသည်။ သူတို့သည် ပေ့ယွီအနားသို့ ဖြေးဖြေးချင်း ကပ်သွားပြီးနောက် တိုက်ခိုက်ရန် စိန်ခေါ်နေသည့်အလား မန်ဟို့ကို အေးစက်စက် လှမ်းကြည့်လိုက်ကြ၏။
ဤအဖြစ်အပျက်က သူတို့အကြား၌ သဘောကွဲလွဲမှုမည်မျှ ရှိကြောင်း ချက်ချင်း ဖော်ပြလိုက်ပြီး ကျန်းတောက်ဇီနှင့်ကျန်ရှိသူများအားလုံး သဘောပေါက်သွားကြသည်။
ဖန်းတုံးအာက ဘာမှမပြောပေ။ သူမက ဝင်မပါလိုသဖြင့် နောက်ဆုတ်လိုက်သည်။ ကျန်သာမန်ကျင့်ကြံသူသုံးယောက်လည်း တခဏ တွေဝေနေပြီးနောက်ဆုံး မန်ဟိုနှင့် မိစ္ဆာကျင့်ကြံသူများအား ပြင်းထန်လာသော တင်းအားကို လျစ်လျူရှုပြီး ကြားနေရန်အလား နောက်ဆုတ်သွားကြတော့သည်။
လူသန်ကြီးမှာတော့ မဆုံးဖြတ်နိုင်ဖြစ်နေဟန်တူသည်။ နောက်ဆုံးတော့ သူလည်း အံတင်းတင်းကြိတ်၍ ကျန်မိစ္ဆာကျင့်ကြံသူများကို ဒေါသတကြီးကြည့်ရင်း နောက်ဆုတ်သွားတော့သည်။ သူ့မှာ ... မန်ဟို့ကို သေးထွက်ကျမတတ် ကြောက်နေခဲ့ပြီးလေပြီ။
ရောက်ရှိလာသူ ကိုးယောက်အနက် ငါးယောက်က ကြားနေဖို့ ရွေးချယ်သည်။ ပေ့ယွီအပါအဝင် မိစ္ဆာကျင့်ကြံသူသုံးယောက်က မန်ဟို့ကို အမဲဖြတ်တော့မည့်အလား ကြည့်နေကြသည်။
မန်ဟို၏ အမူအရာသည် ယခင်အတိုင်း မပြောင်းလဲဘဲ ရှိနေသော်လည်း စိတ်ထဲတွင်တော့ သူကား သတိအပြည့်ပင်။ ဤမိစ္ဆာကျင့်ကြံသူများက သူမည်မျှ အစွမ်းထက်လဲသိထားသည့်တိုင် အစွယ်ထုတ်ပြရန် သတ္တိရှိကြသေးလေသည်။ ထိုအခြင်းအရာက သူတိုသည် သူ့ကို တွန်းလှန်နိုင်ဖို့အပေါ် ယုံကြည်ချက်ရှိပြီး စေ့စေ့ငှငှ ပြင်ဆင်ထားကြောင်း သိသာ၏။
ကျန်းတောက်ဇီနှင့် အခြားသူများက တည်ငြိမ်အေးဆေးသော အမူအရာများဖြင့် ဖြစ်ပျက်နေသည်ကို စောင့်ကြည့်နေကြသည်။ စိတ်ထဲတွင် သူတို့သည် သူတို့၏ မေးခွန်းများအတွက် အဖြေကို ရလိုက်ပြီဖြစ်၍ သူတို့၏ မျက်လုံးများက မန်ဟို့ထံ ရွေ့လျားသွားတော့သည်။
မန်ဟိုသည် အဖွဲ့ထဲရှိ အခြားသူများနှင့်ယှဉ်လျှင် ထူးထူးခြားခြားဖြစ်ပုံ မပေါက်သော်လည်း လူတိုင်း၏ အပြုအမူများက သူ၏ အဆင့်အတန်းကို ဖော်ပြနေ၏။
"ငါတို့ မိစ္ဆာကျင့်ကြံသူအုပ် အဲ့တောင်ကို သဘောကျတယ်" ပေ့ယွီက ရုတ်တရက် ထပြောသည်။ သူမက အဓိကချီများ စုဝေးနေသော တောင်ကို ညွှန်ပြလိုက်၏။
ထိုတောင်ကို ကြည့်လိုက်သော မည်သူမဆို ၎င်းတွင် နိုင်ငံအရှိန်အဝါရှိကြောင်း ပြောနိုင်၏။ ထိုမျှသာမက ထိုနေရာက ကျင့်ကြံအားထုတ်ဖို့အတွက် အကောင်းဆုံးနေရာဖြစ်ပြီး လေဟုန်ခွင်းလောကနှင့်ပက်သက်၍ ဉာဏ်အလင်း ရနိုင်ခြေအရှိဆုံးနေရာဖြစ်ကြောင်း သိသာ၏။
"ဘယ်လောက် တိုက်ဆိုင်သလဲ" မန်ဟိုက ပြုံးရင်း ပြန်ဖြေသည်။ "ကျုပ်လည်း တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီတောင်ကိုပဲ သဘောကျနေတာ" သူက ပြုံးလိုက်သော်လည်း အေးစက်စက် အပြုံးဖြစ်သည်။ သူသည် မိစ္ဆာကျင့်ကြံသူများနှင့် ပြဿနာမဖြစ်အောင် နေခဲ့သော်လည်း သူတို့က သူ့ကို အရင် ရန်စခဲ့လေသည်။ သူတို့တွင် ဝှက်ဖဲများ ရှိကောင်းရှိနိုင်သော်လည်း မန်ဟိုကား သူတို့၏ လက်နက်များ မည်မျှအစွမ်းထက်ပါစေ သူတို့ကို အသာလေး အလဲသိပ်နိုင်ကြောင်း ပြသရန် တွ့န်ဆုတ်နေမည် မဟုတ်ပေ။
သူသည် ကိုးပင်လယ်နတ်လောကထဲတွင်ပင် ပြဿာနာရှာဝံ့ခဲ့ရာ လေဟုန်ခွင်းလောကကဲ့သို့ စည်းမျဉ်းများ၊ ကန့်သတ်ချက်များ မရှိသောနေရာမျိုးတွင် သည်အတိုင်း ငြိမ်နေမည်လော....
အသတ်အဖြတ်စိတ်ဆန္ဒက ပေ့ယွီ၏ မျက်လုံးများတွင် တောက်ပသွားပြီး သူမကို ခြံရံနေသော မိစ္ဆာကျင့်ကြံသူနှစ်ယောက်က အေးစက်စက် ပြုံးလိုက်သည်။ သူတို့ ရှေ့တက်တော့မည့်အချိန်တွင် မန်ဟို့အမူအရာက ရုတ်တရက် ရိပ်ခနဲ ဖြစ်သွားသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီး ပေ့ယွီနှင့် အခြားသူများကို အာရုံစိုက်ရန် မအားသည့်အလား ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ဖန်းတုံးအာနှင့် ကျန်ကျင့်ကြံသူများလည်း တစ်စုံတစ်ခုကို ခံစားလိုက်ရဟန်တူပြီး မော့ကြည့်လိုက်ကြ၏။ မိစ္ဆာကျင့်ကြံသူများ၏ မျက်နှာတွင် တွေဝေမှုများ ဖြတ်ပြေးသွားပြီး သူတို့လည်း တိုက်ခိုက်ရန်ပြင်နေသည်ကို ရပ်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်လေသည်။
သူတို့ မော့ကြည့်လိုက်သည့်အခိုက်အတန့်မှာပင် မယုံကြည်နိုင်ဖွယ်ဖိအားကြီးတစ်ခုက အရာအားလုံးကို ဖိနှိပ်ချေမှုန်းပြီး အပေါ်မှ ပေါက်ကွဲဖြာထွက်လာသည်။ တစ်လောကလုံး တုန်ခါနေသည့်အလား ကုန်းမြေတစ်ခုလုံး တုန်ရီလာ၏။
အရှိန်အဝါသည် ကောင်းကင်ထံမှ သက်ရောက်နေပုံရသော်လည်း ထိုသို့မဟုတ်ပေ။ ၎င်းက တကယ်တမ်း ... လေဟုန်ခွင်းလောက၏ အလယ်ဗဟိုရှိ လေဟုန်ခွင်းလောက ၀တ်ပြုကျောင်းမှ လာနေခြင်းဖြစ်သည်။
ထို၀တ်ပြုကျောင်းတွင် လေဟုန်ခွင်းလောက၏ ကမ္ဘာအနှစ်သာရ တည်ရှိပြီး ဤအခိုက်အတန့်တွင် ဤလူများရောက်ရှိလာမှုက ယင်း၏အရှိန်အဝါကို ပေါ်ထွက်လာစေခဲ့လေပြီ။ ထိုပေါ်ထွက်လာမှုက ကိုးပြည်ထောင်အကြားရှိ အကာအရံများကို ပျက်စီးပြိုကျတော့မတတ် အားနည်းသွားစေပြီး တစ်ဆက်တည်းမှာပင် တစ်လောကလုံးအား အလွန်ထူးဆန်းသောလေဖြင့် ပြည့်နှက်သွားစေသည်။
ထိုလေသည် အားကောင်းသထက် အားကောင်းလာပြီး ကောင်းကင်ရှိ နေမှာလည်း အရောင်ပြောင်းလာ၏။ အပင်များမှာ ယိမ်းထိုးနေပြီး လေဟုန်ခွင်းလောကရှိ တိရိစ္ဆာန်များက ကောင်းကင်သို့ မော့ရင်း အူနေကြလေသည်။
မရေမတွက်နိုင်သော အက်ကွဲကြောင်းများက ကောင်းကင်တစ်လျှောက် မြွေလိမ်မြွေကောက် ဖြာထွက်သွားသော်လည်း လျင်မြန်စွာ ပြန်ပိတ်သွား၏။ ကြည့်ရသရွေ့ မူလက အာရုံခံ၍မရခဲ့သော သဘာ၀နိယာမတစ်ခုသည် မန်ဟိုနှင့်အခြားသူများ ရောက်ရှိလာမှုကြောင့် ရုတ်တရက် နိုးထလာခဲ့သယောင်ပင်။
"အဲ့ဒါက အနှစ်သာရပဲ"
"ငါ အနှစ်သာအရှိန်အဝါကို ခံစားလိုက်ရတယ်"
"ဒါကမှ တကယ့် လေဟုန်ခွင်းလောကပဲ။ ဒါကြောင့် ဒီကို စစရောက်တုန်းက ဘာကြောင့် ထူးထူးခြားခြား ဘာမှ မခံစားခဲ့ရတာလဲလို့ တွေးနေတာ"
မန်ဟိုသည် ကမ္ဘာလောက၏ သဘာ၀နိယာမကို ခံစားလိုက်ရသဖြင့် အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ သူသည် မျက်လုံးများကို ပိတ်ပြီး အနှစ်သာရကို ခံစားကြည့်လိုက်၏။
ထိုခံစားချက်သည် တစ်ခါမှ မခံစားခဲ့ဖူးသော ခံစားချက်မျိုး ဖြစ်သည်။ သူ လက်ကလေးလှမ်းလိုက်ရုံနှင့် အနှစ်သာရကို ယူနိုင်သည့်အလား။ လက်လေးတစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့် သဘာ၀နိယာမတွင် လှိုင်းဂယက်များ ထသွားစေနိုင်သည့်အလားပင်။ တောင်ပင်လယ်လောကအား အရာအားလုံးကို ပိတ်ဆို့ဟန့်တားထားသည့် တံတိုင်းကြီးနှင့် နှိင်းယှဉ်မည်ဆိုပါက လေဟုန်ခွင်းလောကကား .... အပေါက်များပြည့်နေသည့် ပိုက်ကွန်နှင့်တူသည်။ ထိုအပေါက်များကြောင့် အနှစ်သာရများ နှင့် သဘာ၀နိယာမများကို ရှိရှိသမျှလူတိုင်း မြင်ရနိင်၏။
မှန်ပါသည်။ အင်မော်တယ်နယ်ပယ် မဟုတ်သော ကျင့်ကြံခြင်းအခြေခံပိုင်ရှင်များမှာတော့ ဤအရာတစ်ခုကိုမှ သတိထားနိုင်မည်မဟုတ်ပေ။
လေဟုန်ခွင်းလောက၏ အနှစ်သာရ ပေါ်ထွက်လာသည့် တစ်ချိန်တည်းမှာပင် ပြင်းထန်သည့်ဖိအားကြီးက တစ်လောကလုံးတွင် စိုးမိုးသွား၏။ ဖိအားကြီးသည် တစ်လောကလုံးအား ပင်လယ်ရေအောက်သို့ နှစ်တော့မည့်အလား ဖိနှိပ်နေလေ၏။
ကံကောင်းထောက်မစွာဖြင့် ကိုးပင်လယ်နတ်လောကမှ လာခဲ့သူအားလုံးမှာ ထိုကဲ့သို့ ဖိအားမျိုးနှင့် အသားကျနေပြီဖြစ်၏။ ဖိအားက ပြင်းသည့်တိုင် သူတို့အပေါ် သက်ရောက်မှု သိပ်များများစားစား မရှိပေ။ မန်ဟိုလည်း ပါ၀င်၏။
သို့သော် မန်ဟိုသည် ကိုးပင်လယ်နတ်လောကတွင် သူ့ကိုယ်သူ အသားကျအောင် သုံးလကြာ လေ့ကျင့်ခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် ဤနေရာ၌ သူ၏ ကျင့်ကြံခြင်းအခြေခံမှ သေးငယ်သောအစွမ်းပမာဏကိုသာ အသုံးချနိုင်မည်ဖြစ်ကြောင်း နားလည်လိုက်၏။
ဖိအားပေါ်ထွက်လာပြီး သဘာ၀နိယာမနှင့် အနှစ်သာရစွမ်းအားတို့ ၎င်းတို့ဘာသာ၎င်း ဖော်ပြလိုက်သည့်အခိုက်အတန့်တွင် ပြည်ထောင်ကိုးထဲရှိ ယာယီအင်ပါယာနန်းဆောင်များဖြစ်သည့် ကျင့်ကြံခြင်းဂူအကုန်လုံး ပြောင်းလဲသွားကြသည်။
အထူးသဖြင့် နိုင်ငံအရှိန်အဝါကို ပိုင်ဆိုင်ထားသော တောင်ဖြစ်သည်။ ဤအခိုက်အတန့်တွင် ၎င်းကား ရွှေရောင်နဂါးတစ်ကောင်အသွင် ပြောင်းသွားပုံရသည်။ ကြည့်ရသရွေ့ ထိုတောင်သည် ပြည်ထောင်ကိုး၏ သဘာ၀နိယာမနှင့် အနှစ်သာရအားလုံး၏ ဗဟိုချက် ဖြစ်ဟန်တူ၏။
တစနှင့်တစ လေမုန်တိုင်းတစ်ခုက တောင်ပတ်ပတ်လည်တွင် စတင်ဖြစ်လာသည်။ လေများ တဝေါဝေါ တိုက်ခတ်နေစဉ် မိုးခြိမ်းသံများ တဂျိန်းဂျိန်း ထစ်ချုန်းနေ၏။ ဤတောင်က သာမန်မဟုတ်သည့်အပြင် ထိုနေရာတွင် ကျင့်ကြံအားထုတ်ပါက အကျိုးအမြတ်များက အတိုင်းထက်အလွန် များပြားမည်ဖြစ်ကြောင်း လူတိုင်း ခံစားလိုက်ရသည်။
စောစောက မန်ဟိုသည် ဤတောင်ကို အရယူဖို့ စိတ်ပိုင်းဖြတ်မထားခဲ့ပေ။ သို့သော် ယခုတွင် ၎င်းက သူ အရယူရမည့်အရာ ဖြစ်လာသည်။ သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ကျန်းတောက်ဇီကို လှမ်းကြည့်ပြီး ထိုလူ့မျက်နှာပေါ်က ခပ်ရေးရေး အပြုံးတစ်စကို သတိထားမိလိုက်၏။
"ဘယ်လောက် ဉာဏ်များလိုက်တဲ့ မြေခွေးတစ်ကောင်လဲ" သူက တွေးလိုက်သည်။ မန်ဟို စိတ်မကွက်ပေ။ သင့်တင့်သော အမြော်အမြင်နှင့် ဗဟုသုတ မရှိလျှင် အားနည်းသူကား ကျင့်ကြံသူလောက၌ ကြာမြင့်စွာ အသက်ရှင်နိုင်မည်မဟုတ်။
ဉာဏ်နီဉာဏ်နက်ထုတ်နိုင်စွမ်းက အကြီးမားဆုံး စွမ်းအားတစ်ရပ်ဖြစ်သည်။
“မူမမှန်တာ တစ်ခုခုတော့ ဖြစ်နေပြီ" သူက တွေးသည်။ "ကျန်းတောက်ဇီ အကောက်ကြံတာ ဒီလောက်ပဲဆိုရင် ရိုးရှင်းလွန်းတယ်" မန်ဟို ရပ်တွေးနေစဉ် ပေ့ယွီနှင့် အခြားကျင့်ကြံသူနှစ်ယောက်က အသတ်အဖြတ်စိတ်ဆန္ဒများကို ဖော်ထုတ်လျက် မန်ဟို့ထံ ချဉ်းကပ်လာကြသည်။
သို့သော် ထိုအခိုက်အတန့်တွင် ရုတ်တရက် ဂျိန်းခနဲ မိုးခြိမ်းသံတစ်သံအား ကြားလိုက်ရသည်။ မိုးကောင်းကင်မှာ ပေါက်ကွဲသွားပြီး မန်ဟိုသည် ရုတ်တရက် သူ့သိုလှောင်အိတ်ထဲရှိ ချူယွီယန်၊ စုရန်နှင့် မိစ္ဆာကျင့်ကြံသူအားလုံး သွေးအန်လိုက်ရကြောင်း ခံစားလိုက်ရသဖြင့် မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။
"ကိုး ... ကိုးက အကန့်အသတ်ပဲ" အသံတစ်သံက ပြောသည်။ "ပင်လယ်တိုင်း လေဟုန်ခွင်းလောကကို လူကိုးယောက် လွှတ်နိုင်တယ်
"အဲဒီထက်ပိုတဲ့ ဘယ်သူမဆို လေဟုန်ခွင်းလောကမှာ မရှင်သန်နိုင်ဘူး ... ဖယ်ရှားခံရမယ်"
ချက်ချင်းပင် မန်ဟို နားလည်လိုက်လေပြီ။
***