ရဲစွမ်းသတ္တိ
Vol. 79 Ch. 1097
အဋ္ဌမတောင်မှ အက်ရှလွန်စာရင်းဝင်ကျင့်ကြံသူ ဟန်ချင်းလဲ့သည် အလွန်တရာအစွမ်းထက်လှသဖြင့် ဖန်းတုံးအာနှင့်ပေ့ယွီတို့နှစ်ယောက်လုံး လုံးလုံးလျားလျား တုန်လှုပ်သွားကြလေသည်။ သူတို့အတွက် အင်မော်တယ်နယ်ပယ်၌သာရှိစဉ် ရှေးဟောင်းနယ်ပယ်ကို ကိုင်လှုပ်နိုင်သော မည်သူမဆိုအား လျှမ်းလျှမ်းတောက်နေတစ်စင်းအဖြစ် တင်စားနိုင်သည်။
ဖန်းတုံးအာအတွက် မန်ဟိုသည် ထိုလျှမ်းလျှမ်းတောက်နေများထက် များစွာ အင်အားကြီးမား၏။ သို့သော် ယခုတွင် သူမမှာ ဟန်ချင်းလဲ့ကို ရင်ဆိုင်ရသည့်အခါ သူလည်း ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ကြောင်း ဝန်ခံရတော့သည်။
သူမ မန်ဟို့ကို တိုက်ခိုက်နေချိန် ခံစားခဲ့ရသော ခံစားချက်သည် ယခုတွင် ဒုတိယအကြိမ် ပြန်ပေါ်လာခဲ့လေပြီ။
“အက်ရှလွန်ကျင့်ကြံသူတွေက အက်ရှလွန်ထဲမှာမလို့ အစွမ်းထက်ကြတာလား ဒါမှမဟုတ် ... သူတို့ရဲ့အင်အားက သူတို့ကို အဲဒီလိုနေရာရစေတာလား” ဖန်းတုံးအာမှာ အတော်လေး လက်မခံနိုင်သေးပေ။ သူမသည် ကိုးပင်လယ်နတ်လောက၏ နတ်သမီးတော်ဖြစ်ပြီး မန်ဟိုနှင့် မဆုံတွေ့ခဲ့စဉ်က သူမကိုယ်သူမ အခြားသူအားလုံးထက် သာသည်၊ အမြင်၏အာရုံစိုက်ရာဖြစ်သည်ဟု တွေးထင်ခဲ့လေသည်။ သို့သော် မန်ဟို ပေါ်ပေါက်လာခြင်းက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့သည်။
ယခုအချိန်၌ပင် သူမသည် တောင်ကောင်းကင်ဂြိုဟ်တွင် မန်ဟိုကို ပထမဆုံးဆုံတွေခဲ့ရသောအချိန်ကို မှတ်မိသေး၏။ ထိုစဉ်တုန်းက သူက ယခုလို ကြောက်စရာမကောင်းခဲ့ပေ။ ထိုမျှသာမက သူ တိုးတက်လာခဲ့သောအမြန်နှုန်းက လက်ခံရခက်ခဲ့သည်။ သူမ ၎င်းနှင့်အသားမကျသေးခင်မှာပင် သူကား လူတိုင်းထက် များစွာကြောနေခဲ့လေပြီ။ သူက မည်သည့်နေရာသွားသွား၊ လူတိုင်း၏လမ်းကို ပိတ်ထားသော တောင်ကြီးတစ်လုံးဖြစ်လာသည်။
အုန်းခနဲ ရိုက်ညောင်းသွားပြီး ဖန်းတုံးအာ၏ပါးစပ်မှ သွေးများ စီးကျလာသည်။ သူမသည် မရေမတွက်နိုင်သော ချုပ်နှောင်သင်္ကေတများကို ဆင့်ခေါ်ရင်း တရှိန်ထိုး နောက်ဆုတ်လိုက်၏။ သင်္ကေတများက သူမအရှေ့တွင် မှော်ပုလင်းတစ်ပုလင်းအဖြစ် စုစည်းသွားပြီးနောက် ဟန်ချင်းလဲ့၏ ကောက်ကျစ်စွာ ပြုံးနေသော ကိုယ်ပွားထံ ပြေးဝင်သွားလေသည်။
ဟန်ချင်းလဲ့၏ကိုယ်ပွားက အေးစက်စက် ရယ်၍ ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်သည်။ ချက်ချင်းပင် အရိုးဖြူပန်းတစ်ပွင့် ဖြစ်ပေါ်လာ၏။ ၎င်းက အဖြူရောင်အလင်းကို ဖြန့်ကျက်ရင်း လေကိုခွင်းကာ မှော်ပုလင်းကို ဝင်တိုက်သည်။ ဝုန်းခနဲ မြည်ဟည်းသွားစဉ် ဟန်ချင်းလဲ့သည် ရှေ့တက်လာ၏။ သူက ဖန်းတုံးအာ၏နဖူးကို ထိလိုက်ပြီး ပေါက်ကွဲသံတစ်သံ ဟိန်းထွက်လာသည်။ ဖန်းတုံးအာပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး စိမ့်နေသော အအေးဓာတ်က သူမခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသဖြင့် သူမမျက်နှာလေးလည်း ဖြူဖျော့သွားသည်။
သူမအမြင်အာရုံတို့ ဝေဝါးသွားပြီး သေရတော့မည့်အန္တရာယ်ကို ခံစားလိုက်ရသည်။ ရုတ်တရက် သူမအနောက်ရှိ လေထုသည် ကြေမွသွားရင်း အမျိုးသမီးအလောင်းတစ်လောင်းကို ဖော်ပြလိုက်၏။ ဖန်းတုံးအာမှာ ယခုမတိုင်ခင်အထိ အလောင်းကို ဝှက်ထားခဲ့သော်လည်း သူမစိတ်အစဉ်ကို ပရမ်းပတာဖြစ်သွားစေသော ထိုးနှက်ချက်ကြောင့် ဆက်လက်ဝှက်မထားနိုင်တော့ပေ။ ချက်ချင်းပင် သေခြင်းအရှိန်အဝါက ဟန်ချင်းလဲ့အား အလွန်အံ့အားသင့်သွားစေလျက် ပေါ်ထွက်လာသည်။ သတိကြီးသည့်သူဖြစ်သည်နှင့်အားလျော်စွာ သူက ချက်ချင်း နောက်ဆုတ်လိုက်၏။
ထိုအခိုက်အတန့်တွင် စောစောက သူရှိခဲ့သောနေရာမှာ အနက်ရောင်ဆံမျှင်များဖြင့် လွှမ်းခြုံခံလိုက်ရပြီး ပေါက်ကွဲသွားတော့သည်။
“စိတ်ဝင်စားစရာပဲ” ကိုယ်ပွားက ပြုံးကာ ပြောသည်။ “ငါ နည်းနည်းလောက် အလေးအနက်ထားရတော့မယ့်ပုံပဲ” ဘေးတွင် သူ၏ဒုတိယကိုယ်ပွားသည် ပေ့ယွီအား ဖြေးဖြေးမှန်မှန် ဆုတ်နေရစေ၏။
ပေ့ယွီ၏နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များက လေထဲတွင် တဂျိန်းဂျိန်းတဝုန်းဝုန်း မြည်ဟည်းနေစေသည်။ သူမနတ်ဘုရားအာရုံမှော်အတတ်က ကိုယ်ပျောက်အပ်ပေါင်းများစွာကို ထုတ်လွှတ်လိုက်သော်လည်း ဟန်ချင်းလဲ့၏ကိုယ်ပွားက လက်တစ်ချက်ဝှေ့ယမ်းကာ အရိုးချပ်ဝတ်အား ပေါ်လာစေသည်။ သူသည် နတ်ဘုရားအာရုံကို သူ့အား ထိုးစိုက်ခွင့်ပြုလိုက်ပြီး ဘာဆိုဘာမှ မထိခိုက်သွားပေ။ ထို့နောက် အရိုးချပ်ဝတ်နှင့်ကိုယ်ပွားက လက်နှစ်ဖက်လုံး ဆန့်ထုတ်၍ သူ့လက်ချောင်းထိပ်များအား ချွန်ထက်သောလက်သည်းများအသွင် ပြောင်းသွားစေသည်။ ထို့နောက် သူက ၎င်းတို့ကို နတ်စစ်သည်တော်တစ်ဦး၏ လက်နက်များသဖွယ် ခါထုတ်လိုက်၏။ ချက်ချင်းပင် ပေ့ယွီမှာ အလွန်စိုးရိမ်ရသောအခြေအနေသို့ ရောက်ရှိသွားတော့သည်။
ထိုစဉ် ဟန်ချင်းလဲ့၏ ကိုယ်အစစ်သည် နတ်ဘုရားစွမ်းရည်မျိုးစုံ ထုတ်လွှတ်ရန် လက်ကွက်များ ဖော်လျက်ရှိ၏။ တောက်ပသော ရောင်စုံအလင်းများက အကာအကွယ်ကို ဝင်ဆောင့်ရင်း ပုံပျက်တွန့်လိမ်လာစေသည်။ အက်သံများ ကြားလိုက်ရပြီး အက်ကွဲကြောင်းများစွာ ဖြာထွက်လာသည်။
မန်ဟိုက ရုပ်တု၏အောက်တွင် တင်ပျဉ်ခွေထိုင်နေဆဲပင်။ လောလောဆယ်တွင် သူသည် နောက်ဆုံးအနှစ်သာရကို ဆင်ခြင်နေပြီး တစ်ချိန်တည်းမှာပင် အတိုင်းထက်အလွန် စိတ်ပူနေ၏။ သို့သော်လည်း သူ့အနေဖြင့် ဉာဏအလင်းအပေါ်တွင် အားအင်အလုံးစုံထည့်ထားရုံမှတစ်ပါး မတတ်နိုင်ပေ။
ရုတ်တရက် ဟန်ချင်းလဲ့နှင့် ကိုယ်ပွားနှစ်ကိုယ်က တုံ့ခနဲ ရိပ်ပြီး နောက်ဆုတ်သွားကြသည်။ သုံးယောက်လုံးက တစ်ယောက်ထံတစ်ယောက် ပျံသွားရင်း ပေါင်းစည်းသွားမည့်အစား ကောက်ကျစ်ယုတ်မာစွာ ပြုံး၍ လက်ဝါးတိုက်ကွက်များအား တစ်ယောက်၏ရင်ဘတ်ထံသို့ တစ်ယောက် ပို့လွှတ်လိုက်ကြသည်။
တစ်ဆက်တည်းမှာပင် သုံးယောက်လုံးက ဟိန်းဟောက်လိုက်သည်။ “သုံးကိုယ်တာအို” မိုးကြိုးပစ်သံကဲ့သို့ မယုံနိုင်လောက်အောင် ကျယ်Sလောင်သောအသံကြီးတစ်သံ ထစ်ချုန်းသွားသည်။
တစ်ယောက်ကိုတစ်ယောက် လက်ဝါးဖြင့် ရိုက်ပြီးနောက် သုံးယောက်လုံး၏ ကျင့်ကြံအဆင့်များ မြင့်တက်လာပြီး အတိုက်အခိုက်စွမ်းရည်လည်း မှင်သက်စရာအတိုင်းအတာအထိ တိုးလာသည်။ အမှန်တွင် ဤအခြေအနေတွင် ... သူတို့သည် ဟန်ချင်းလဲ့ သုံးကိုယ်မခွဲခင်ကထက်ပင် အစွမ်းထက်ပုံပေါ်၏။
“အရိုးအုတ်ဂူမှော်သိုင်း” သုံးယောက်က လူစုခွဲ၍ အံ့မခန်းလိလိစွမ်းအားများ တဟုန်းဟုန်းတောက်နေလျက် ဖန်းတုံးအာ၊ ပေ့ယွီနှင့် စည်းဖြူတောင်အကာအကွယ်ထံသို့ ပြေးဝင်လာသည်။
သူတို့မှာ မြှားနက်များကဲ့သို့ အလွန်လျင်မြန်စွာ ရွေ့လျားလာပြီး မျက်စိတစ်မှိတ်အတွင်း တစ်ယောက်က ဖန်းတုံးအာအရှေ့တွင် ပေါ်လာသည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ကာ အရိုးဖြူများအား ကျဆင်းလာစေပြီးနောက် ဖန်းတုံးအာကို အလယ်တွင် ချောင်ပိတ်လိုက်သည့် အုတ်ဂူတစ်လုံးဖြစ်သွားစေ၏။
တူညီသောအရိုးအုတ်ဂူတစ်လုံးသည်လည်း ပေ့ယွီကို ပိတ်လှောင်လိုက်ပြီး နောက်တစ်လုံးက စည်းဖြူတောင်ထံသို့ ကျဆင်းသွားသည်။
ဟန်ချင်းလဲ့သုံးယောက်လုံးက တစ်ပြိုင်တည်း ဟစ်အော်လိုက်သည်။ “သုံးကိုယ်တာအို။ အရိုးအုတ်ဂူမှော်သိုင်း။ အချိန်နဲ့ သုတ်သင်လိုက်စမ်း” သူတို့အသံများသည် ရှေးဆန်နေသလို၊ အချိန်အရှိန်အဝါအပြည့်ဖြင့် ပဲ့တင်ထပ်လာ၏။
အရိုးအုတ်ဂူသုံးဂူလုံး တဝုန်းဝုန်း လည်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် အရိုးကမ္ဗည်းတိုင်များက ဂူတစ်ဂူစီ၏အပေါ်တွင် ပေါ်လာကာ ပေ့ယွီ၊ ဖန်းတုံးအာနှင့် စည်းဖြူတောင်တို့၏ ပုံရိပ်များအား ၎င်းတို့အပေါ်တွင် ရေးခြစ်နေသကဲ့သို့ ပုံသဏ္ဌာန်များ စတင်ဖြစ်ပေါ်လာသည်။
ပေ့ယွီ၏ပုံရိပ်က ပထမဆုံးပြီးသွားသည်။ စူးစူးဝါးဝါးအော်သံတစ်သံထွက်လာပြီး ပေ့ယွီမှာ သွေးတစ်ပွက်အန်လိုက်ရသည်။ ချက်ချင်းပင် သူမခန္ဓာကိုယ်သည် ပိန်ချုံးခြောက်ကပ်လာပြီး ပြင်းထန်သောဖိအားအောက်တွင် အသည်းအသန်ခံနေရပုံပေါ်နေ၏။ သူမမှာ အရိုးအုတ်ဂူ၏ ဖိအားထဲတွင် ပိတ်မိရင်း ထွက်မပြေးနိုင်ဖြစ်နေသည်။ အုတ်ဂူက သူမကို မြေကြီးထဲသို့ တွန်းချနေ၏။
နောက်ဆုံးတွင် ... ၎င်းကား အုတ်ဂူအစစ်အဖြစ် ပြောင်းလဲသွားလေပြီ။
အုတ်ဂူထဲတွင်တော့ ပေ့ယွီမှာ အသက်စွမ်းအားများ စုပ်ယူခံနေရသဖြင့် လျင်မြန်စွာ အိုမင်းလာပြီး မျက်နှာတွင် သွေးရောင်ကင်းမဲ့လာကာ သတိလစ်သွားတော့သည်။
ဖန်းတုံးအာက ပြန်တိုက်ခိုက်သော်လည်း ဘယ်နည်းနှင့်မျှ မယှဉ်နိုင်ပေ။ အမျိုးသမီးအလောင်းမှ အဆုံးမဲ့သေခြင်းစိတ်ဆန္ဒများ ထုတ်လွှတ်နေသည့်တိုင် သူမမှာ ဖိအားကို ပြန်တိုက်ခိုက်နိုင်ခြင်းမရှိ၍ ဝုန်းခနဲ အရိုးအုတ်ဂူဖြင့် ဖိခံလိုက်ရပြီး မြေကြီးထဲ ကျသွားတော့သည်။ သူမအသက်စွမ်းအားများ ဖြေးဖြေးခြင်း ကုန်ခမ်းလာရာ သူမလည်း အိုမင်းစပြုလာသည်။
“မန်ဟို” သူမက ရေးကြီးသုတ်ပျာ အော်လိုက်သည့်တိုင် သူမအော်သံမှာ လျင်မြန်စွာ ဖြတ်တောက်ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် တတိယအရိုးအုတ်ဂူက စည်းဖြူတောင်၏အကာအကွယ်အပေါ် ဖိချနေသည်။ ဗဟိုစစ်မြေပြင်ထက်တွင် စစ်ရှုံးနေခြင်းကြောင့် များစွာ အားနည်းခဲ့၍ အက်ကွဲနေပြီးဖြစ်သောအကာအကွယ်မှာ ဤတိုက်ကွက်အောက်တွင် ချက်ချင်း ခွမ်းခနဲ ကြေမွပျက်စီးသွားတော့သည်။
ဖန်းတုံးအာ ဖိနှိပ်ခံနေရသည်။ ပေ့ယွီ သတိလစ်သွားခဲ့သည်။ စည်းဖြူတောင်အကာအကွယ် ပေါက်ကွဲသွားခဲ့ပြီ။ ဤအခြင်းအရာအားလုံးအရ ဟန်ချင်းလဲ့ မည်မျှအင်အားကြီးမားကြောင်း၊ အက်ရှလွန်ကျင့်ကြံသူများ မည်မျှသန်မာကြောင်း မြင်ရနိုင်သည်။
အက်ရှလွန်စာရင်းဝင်တစ်ဦးတစ်ယောက်ချင်းစီသည် လျှမ်းလျှမ်းတောက်နေအားလုံးထက် မယုံနိုင်လောက်အောင် အစွမ်းထက်သော ပညာရှင်များဖြစ်ကြ၏။ ထိုမျှသာမ သူတို့မျိုးဆက်တွင် အက်ရှလွန်ကျင့်ကြံသူများကို တိုက်ခိုက်ရန် အရည်အချင်းပြည့်မှီသူများမှာလည်း ... ကျန်အက်ရှလွန်ကျင့်ကြံသူများသာ ဖြစ်သည်။
“ကဲ မန်ဟို မင်း ဒီတစ်ခေါက် ဘယ်လိုပြန်တိုက်ခိုက်မလဲ ကြည့်ကြသေးတာပေါ့။ မင်းကို ဒီလိုသတ်ရတာက နည်းနည်းတော့ ပျင်းစရာကောင်းပေမယ့် မင်းမျိုးရိုးက မန်ဆိုတာ ထည့်တွက်ရင် မင်း မန်မျိုးနွယ်စုနဲ့ ဘာမှမပတ်ရင်တောင်မှ ငါ မင်းကို သတ်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်” ဟန်ချင်းလဲ့သည် တဟားဟား ရယ်လိုက်ပြီး သတ်ဖြတ်လိုသောအငွေ့အသက်များက သူ၏ကိုယ်သုံးကိုယ်ထံမှ အလိပ်လိပ်ထလာသည်။ စည်းဖြူတောင်၏အကာအကွယ် ကြေမွသွားသည်နှင့် သူကား မန်ဟို့ထံ ချက်ချင်း ထိုးဆင်းလာလေပြီ။
သို့သော် သူ အနားရောက်လာသောအခိုက်အတန့်တွင် မန်ဟို့ညာလက်က သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းရင်း အနက်ရောင်သစ်စေ့အမြောက်အမြားကို ပျံထွက်သွားစေ၏။ သူ့မျက်လုံးများကတော့ တစ်ချိန်လုံး ပိတ်လျက်သား။
မှော်သစ်စေ့တပ်သားများ
အနက်ရောင်သစ်စေ့များက ဖောက်ခနဲ ဖောက်ခနဲ မြည်ရင်း ရှည်လျားချွန်ထက်သော သွားများကို ဖော်ပြရန် ပါးစပ်များဖြဲလျက် အော်နေသည့် ရုပ်ဆိုးဆိုးမှင်စာများအသွင် ပြောင်းကုန်သည်။ သစ်စ့နက်မှင်စာစုစုပေါင်း ငါးဆယ်ရှိပြီး ၎င်းတို့က ပေါ်လာလျှင်ချင်း ဟန်ချင်းလဲ့၏ကိုယ်သုံးကိုယ်ဆီ ပြေးဝင်လာကြသည်။
“မင်းမှာ ရှိတာ ဒါအကုန်ပဲလား” ဟန်ချင်းလဲ့က အေးစက်စက် ရယ်သည်။ ထိုသို့ပြောလိုက်သည့်တိုင် သူသည် စိတ်ထဲတွင် သတိကပ်ထား၏။ အက်ရှလွန်ထဲ ဝင်ရောက်နိုင်မှတော့ အားနည်းသူမဟုတ်ကြောင်း သိထား၍ မန်ဟို့ကို သူ လျှော့မတွက်ပေ။
ဤသစ်စေ့နက်မှင်စာများနှင့်ပတ်သက်၍ မည်သည့်အရာက ထူးခြားနေသလဲ သူ မသိသော်လည်း တိုက်ပွဲအတွင်း သေရေးရှင်ရေးအခြေအနေတွင်မှ မန်ဟို ၎င်းတို့ကို ထုတ်လွှတ်လိုက်သည့်အချက်ကြောင့် ဟန်ချင်းလဲ့သည် ပေါ့ပေါ့လေး သဘောထား၍မဖြစ်ကြောင်း သိလိုက်၏။ အပြင်ပန်းတွင် သူ့ပုံစံက စိတ်လောနေပုံပေါ်သော်လည်း ပထမဆုံးထွက်သွားသူက သူ့ကိုယ်ပွားဖြစ်သည်။ ကိုယ်အစစ်က နောက်တွင် နေကျန်ခဲ့လေသည်။
သစ်စေ့နက်မှင်စာငါးဆယ်က ခပ်စူးစူးအော်ရင်း ကိုယ်ပွားကို ခုန်အုပ်လိုက်သည်။ ဝုန်းခနဲ အသံကြီး ကြားလိုက်ရစဉ် သုံးဆယ်မှာ လွင့်ထွက်သွားသော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြပုံမပေါ်ပေ။
ဟန်ချင်းလဲ့မှာ ချက်ချင်း အံ့ဩသွားပြီး မျက်လုံးများ ဝိုင်းစက်သွားသည်။ ကိုယ်ပွား၏အပေါ်တွင် ကျန်ခဲ့သော သစ်စေ့နက်မှင်စာတစ်ဒါဇင်ကျော်မှာမူ ပါးစပ်ကြီးများဖြဲ၍ ကိုက်စားကြတော့သည်။
ဟန်ချင်းလဲ့က အေးစက်စက် နှာမှုတ်၍ သစ်စေ့နက်မှင်စာများကို ဟန့်တားဖို့ သူ့ကိုယ်ပွားကို ထားခဲ့ကာ သူ့ကိုယ်အစစ်နှင့် နောက်ကိုယ်ပွားက မန်ဟို့ထံ ချဉ်းကပ်လာသည်။
“ဒီသစ်စေ့နက်မှင်စာတွေက တော်တော်လေး အထင်ကြီးစရာကောင်းတယ် မန်ဟို။ မင်းကို သတ်ပြီးရင် အမှတ်တရပစ္စည်းတွေအဖြစ် သိမ်းထားရမယ်” ဟန်ချင်းလဲ့နှင့် သူ့ကိုယ်ပွားက အရှိန်တင်လိုက်သည်။
မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့မှာ အရေးကြီးသော အခိုက်အတန့်တွင် ဖြစ်ပြီး ဉာဏ်အလင်းအပြည့်အဝရဖို့ ဆံခြည်မျှင်မျှသာ လိုတော့သည်။ ဟန်ချင်းလဲ့က သူ့ကို အချိန်လုံလုံလောက်လောက် မပေးပေ။ ဤအခိုက်အတန့်တွင် မန်ဟိုသည် သူ့သိုလှောင်အိတ်ထဲတွင် အိပ်ပျော်နေခဲ့သည်မှာ ကြာပြီသော တစ်စုံတစ်ခု နောက်ဆုံးတွင် နိုးထစပြုလာနေသည့်အလား ရုတ်တရက် ဆွဲဆွဲငင်ငင် အူလိုက်သံတစ်သံကို ကြားလိုက်ရ၏။
၎င်းသည် အလွန်ရင်းနှီးသော ခံစားချက်ဖြစ်ပြီး တခဏတွေးပြီးသော် မန်ဟိုမှာ ... ၎င်းက သွေးခွေးကြီး၏အရှိန်အဝါဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
“သွေးခွေးကြီး နိုးလာတော့မှာလား” သူ့စိတ်အစဉ် ချာချာလည်သွားသည်။ သို့သော် ထွက်လာသည်ကား သွေးခွေးကြီးမဟုတ်။ သူ့သိုလှောင်အိတ် ပွင့်သွားစဉ် တောင်ပံတဖတ်ဖတ် ခတ်သံနှင့်အတူ ရှေးဆန်သောအသံတစ်သံ ထွက်လာသည်။
“ဟေ့ရိုးးး ဒီတောင်က သခင်ငါးအပိုင်၊ မိုးကောင်းကင်က သခင်ငါးအပိုင်၊ ပထဝီမြေကြီးက သခင်ငါးအပိုင်၊ ဒီဟိုဟိုလေးကလည်း သခင်ငါးအပိုင်ကွ။ ငါကိုယ်တော် သခင်ငါး ထွက်လာပြီ မင်းကြောက်နေပြီမလား” ကြက်တူရွေးက တောင်ပံတစ်ဖက်ကို အသည်းအသန်ခတ်၊ တစ်ဖက်က ဟန်ချင်းလဲ့ကို စွပ်စွပ်စွဲစွဲ လက်ညှိုးထိုးရင်း မန်ဟိုနှင့် ဟန်ချင်းလဲ့ကြားတွင် ပျံသန်းနေသည်။
ကြက်တူရွေး၏ ခြေကျင်းဝတ်ရှိ ခေါင်းလောင်းအပေါ်တွင်တော့ အသားဂျယ်လီ၏မျက်နှာပေါ်လာကာ ထိုနည်းတူ ရှေးဆန်သောအသံဖြင့် အော်ရန် ကြိုးစားတော့သည်။ “ဟုတ်တယ်။ ဒီတောင်ကလည်း သခင်သုံးအပိုင်၊ မိုးကောင်းကင်ကလည်း သခင်သုံးအပိုင်၊ ပထဝီမြေကြီးကလည်း သခင်သုံးအပိုင်၊ ဟိုဟိုလေးကလည်း သခင်သုံးအပိုင်ပဲ။ မင်း ကြောက်နေပြီမလား။ ဟုတ်တယ်ဟုတ်”
“ဖယ်စမ်း” ဟန်ချင်းလဲ့က အေးတိအေးစက် ပြုံးရင်း ပြောသည်။ သူ့မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် ကြောက်မက်ဖွယ်အမြင့်သို့ ထိုးတက်သွားခဲ့လေပြီ။ အရာအားလုံး တဝုန်းဝုန်း တုန်ခါလာပြီး လေပြင်းများ တိုက်ခတ်ကာ မိုးမှောင်ကျလာသည်။ အရိုးများဖြင့် ဖွဲ့စည်းထားပြီး အအေးငွေ့များ ရိုက်နေသော ဧရာမလက်ကြီးတစ်ဖက်က အရိုးများဝန်းရံလျက် ပြေးဝင်သွား၏။
ကြက်တူရွေးက ချက်ချင်း ရှေ့သို့ ပျံထွက်သွားပြီး အရိုးပင်လယ်ကို ဝင်တိုက်လိုက်သည်။ ရလဒ်အနေဖြင့် နဂိုကတည်းက သိပ်မများသော ၎င်း၏အမွှေးအတောင်တချို့ ကျွတ်သွားလေသည်။ ၎င်းက ၎င်း၏အမွှေးများ မြေကြီးပေါ် ပျံဝဲကျသွားသည်ကို ကြည့်ပြီး တဆတ်ဆတ် တုန်လာသည်။ နောက်ဆုံးတွင် ၎င်းသည် ခေါင်းနောက်လှန်၍ သွေးပျက်နေသောအော်သံကြီးကို ထုတ်လွှတ်လိုက်၏။
“သေစမ်း သေစမ်းးးးးးးးး” ကြက်တူရွေး ဒေါကန်နေသည်။ “မ..မင..မင်းက .... တကယ်ကြီး ငါ သခင်ငါးရဲ့ အမွှေးကျွတ်တောင် လုပ်တယ်ပေါ့။ အားးးးးးးးးးးးးး ငါ့အမွှေးတွေ အားးးးးးးးးးး။ ငါ့အမွှေးလှလှလေးတွေ။ ဒါလေးတွေနဲ့ ကောင်မလေးတွေကို ဆွဲဆောင်ရတာကွ..... ငါတော့ သွားပြီ။ မရဘူး ပညာပြရတော့မယ်။ ဒါ သိပ်များသွားပြီ
“ပင်လယ်စာတွေကို ဆင့်ခေါ်တယ်။ ပင်လယ်စာတို့ နေရာယူကြ”
***