← Chapters

ငါက အဲ့လိုလူမျိုးလား။

Vol. 1 Ch. 11

ငါက အဲ့လိုလူမျိုးလား။

Vol. 1 Ch. 11

အခန်း(၁၁) ငါက အဲ့လိုလူမျိုးလား။

ဗီလာထဲသို့ လင်းဖန်နှင့်အတူ ဝင်လာသောအခါ ရှုရှစ်ယင်၏ မျက်လုံးများက အံ့အားသင့်မှုများနှင့် ပြည့်နှက်နေခဲ့ပါသည်။

ဒါဆို... လင်းဖန်က ဒီလိုနေရာကြီးမှာ နေတာပေါ့။

အလွန်ရှုခင်းလှပသည့် နေရာကြီးတစ်ခု ဖြစ်သည်။ ငှက်ကလေးများ တေးဆိုနေကြပြီး ပန်းများလည်း ဖူးပွင့်နေ၏။ အဆင့်မြင့် အိမ်ရာတစ်ခု၊ အဆင့်မြင့် လူနေရပ်ကွက်တစ်ခု၊ အဆင့်မြင့် ဗီလာ အိမ်ရာတစ်ခု ဖြစ်သည်။ လင်းဖန်၏ နှလုံးသားရေကန်ဗီလာက ကျွန်းငယ်လေး တစ်ခုပေါ်တွင် တည်ရှိနေပါသည်။

ရေကန်၏ မျက်နှာပြင်က တောက်ပနေ၏။ ထို့အပြင် နေမင်းကြီးလည်း ဝင်နေပြီဖြစ်သည်။ တိမ်ဝင်နေသည့် နေမင်းကြီးနှင့် နေဝင်ချိန်တို့မှာ အတူတူ ပျံသန်းနေကြပြီး နွေဦးရေပြင်ကလည်း အရောင်တူညီနေပါသည်။

"ဝိုး..." အိမ်ရာထဲဝင်လာကတည်းက ရှုရှစ်ယင် လေးစားအားကျစွာဖြင့် အံ့အားသင့်နေခဲ့ရသည်။ ဒီနေရာ၏ မြင်ကွင်းများက ပန်းချီကားတစ်ချပ်လို လှပလွန်းလှပါသည်။

ဗီလာထဲသို့ ဝင်လာသောအခါ ရေကူးကန် တစ်ခုလည်း ရှိ၏။ ဘောလုံးကွင်းတစ်ခု၊ ရုပ်ရှင်ရုံတစ်ခု၊ သားရေဆိုဖာတစ်လုံးနှင့် နာမည်ကြီး ပန်းချီကားများစွာ ရှိနေပါသည်။

ထို့အပြင် ဗီလာကြီးက အလွန်ကြီးမားပြီး သုံးထပ်ရှိပါသည်။ ရှုရှစ်ယင်က တစ်လှမ်းချင်းဝင်လာပြီး အရာရာကို မှင်သက်စွာ ကြည့်နေခဲ့ပါသည်။

"လင်းဖန်... နင်ဘယ်လိုလုပ်ပြီး ဒီလောက် ကောင်းတဲ့ ဗီလာကြီးကို ရခဲ့တာလဲ။ ဒီဗီလာကြီးက ၂၀၀ မီလီယံယွမ် တန်တယ်လို့ ငါကြားတယ်" ရှုရှစ်ယင်က လင်းဖန်ကို မျက်လုံးကျယ်ကျယ်ဖြင့် ကြည့်လိုက်ကာ ပြောလိုက်ပါသည်။

"ဒီလိုပါပဲ။ ဒါက နေလို့ရတဲ့ နေရာတစ်ခုဆိုရုံပဲ။ အဲ့လောက်ကြီးလည်း မကောင်းပါဘူး" လင်းဖန်က ပြုံးကာ ဂရုမစိုက်ခဲ့ပါ။

"ဒီနေရာက လူတွေအများကြီး အိပ်မက်တောင် မက်ကြည့်လို့မရတဲ့ နေရာမျိုးဟဲ့။ နင့်ပြောပုံက အရမ်းလွယ်နေသလိုမျိုးပဲ" ရှုရှစ်ယင်၏ လှပသောမျက်လုံးများက ဘေးပတ်လည်ကို လျှောက်ကြည့်ရင်း အနည်းငယ် ဣန္ဒြေရှိစွာဖြင့် သားရေဆိုဖာပေါ်တွင် နူးညံ့စွာ ထိုင်လိုက်ပါသည်။

"ဒီတော့ နင်က အမြဲတမ်း ချမ်းသာခဲ့တာပေါ့။ ဒီလိုအိမ်ကောင်းကောင်းမျိုးနဲ့ ငါဘယ်တော့ နေနိုင်မယ်မှန်းတောင် မသိပါဘူး" ရှုရှစ်ယင်က သူမ၏ လှပသော မျက်လုံးများထဲတွင် မနာလိုသော အရိပ်အယောင်ဖြင့် ပြောလိုက်ပါသည်။

သူမ နေထိုင်သည့် နေရာက ၁၀ စတုရန်းမီတာသာ ကျယ်သည်။ ဒီနေရာကြီးနှင့် လုံးဝ ခြားနားလွန်းလှပါသည်။

"နင်ကြိုးစားမယ်ဆို မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး။"

"မပြန်ခင် ညစာစားသွားဦးလေ။ ပြီးကျရင် ငါအိမ်ပြန်လိုက်ပို့ပါ့မယ်" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ ထို့နောက် ထသွားကာ စတင်ချက်ပြုတ်လေသည်။

ဗီလာကြီးတွင် အရသာ ရှိသည့် ဟင်းလျာများ အလိုလျောက် ချက်ပြုတ်နိုင်သော စက်တစ်ခု ရှိသော်လည်း လင်းဖန်က ကိုယ်တိုင်သာ ချက်ပြုတ်ချင်ပါသည်။

ရှုရှစ်ယင်က ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်နေ၏။ လင်းဖန်တစ်ယောက် အတည်ပေါက် ချက်ပြုတ်နေတာကို ကြည့်ရင်း သူ့ကျောကို ငေးနေမိသည်။

သူတို့ တက္ကသိုလ်တက်စဥ်တုန်းက လင်းဖန်မှာ ကျောင်းက ကောင်မလေးအားလုံးနီးပါး၏ အိုင်ဒေါတစ်ယောက်ဖြစ်သည်။ ရှုရှစ်ယင်ကလည်း သူတို့ထဲက တစ်ယောက် ဖြစ်ပါသည်။ တက္ကသိုလ်တုန်းက လင်းဖန် အလွန် ခြိုးခြံချွေတာတတ်မှန်း သူမသိသည်။ သို့သော် လင်းဖန်အလွန်ချမ်းသာမှန်း အခုမှ သိခဲ့ရပါသည်။

ထို့အပြင် လင်းဖန်က တကယ်... ရုပ်ချောပါသည်။

သူမ ဖုန်းကို ထုတ်လိုက်ပြီး လင်းဖန်အား ဓာတ်ပုံ ခိုးရိုက်လိုက်ပါသည်။ သို့သော်လည်း သူမ၏ ဖုန်းမီး လင်းသွားသည်။

လင်းဖန် ကြောင်သွားသည်။

သူ့ဓာတ်ပုံကို ခိုးရိုက်လိုက်တာလား။

အခန်းထဲမှာ ရှုရှစ်ယင်ကလွဲပြီး တခြား ဘယ်သူမှ မရှိပါ။

သို့သော်လည်း လင်းဖန်က အသားကျနေပြီးသားဖြစ်သည်။ သူ လမ်းပေါ်တွင် လျှောက်သွားသောအခါ ကောင်မလေးများစွာက သူ့ကို ဓာတ်ပုံရိုက်တတ်ကြပါသည်။

အမှန်ပင်။ လင်းဖန်၏ အရိပ်အကဲ နားလည်နိုင်စွမ်းက အလွန်မြင့်မားပါသည်။ ဘာမှ မဖြစ်ချင်ယောင်သာ ဆောင်ခဲ့၏။ မဟုတ်ပါက ရှုရှစ်ယင်အား အနေခက်အောင် လုပ်မိပါလိမ့်မည်။

"ဟာ... ရူးလိုက်တဲ့ငါ" ရှုရှစ်ယင်က ရှက်သွေးဖြာသွားပြီး ခေါင်းကို ငုံ့လိုက်ပါသည်။ လင်းဖန် ဘာမှမတုန့်ပြန်တာကို မြင်လိုက်ရသောအခါ သူ့မ၏ ဖုန်းကို တိတ်တိတ်လေး ပြန်သိမ်းလိုက်ပါသည်။

ခေတ္တလောက် ရှုရှစ်ယင်၏ အတွေးများက ဗြောင်းဆန်နေခဲ့၏။

လင်းဖန်က သူမကို ညစာစားခိုင်းသည်။ ညစာ စားပြီးသွားသောအခါ နောက်ကျနေပြီ။

မဟုတ်မှလွဲရော လင်းဖန်က... သူမထံမှ တစ်ခုခု လိုချင်နေတာလား။

အဲ့တာဆိုရင် သူမ လက်ခံသင့်လား။

ရှုရှစ်ယင်က ခေါင်းခါလိုက်သည်။ သူမက ဒီလိုလူမျိုး မဟုတ်ပါ။ သူမ ဒီလိုလုပ်လိုက်ပါက သူမတွင် လျှို့ဝှက်အကြံအစည်များ ရှိနေသည်ဟု လင်းဖန် ထင်သွားနိုင်ပါသည်။

သူမ၏ အတွေးများ အတော်ကြာ ဗြောင်းဆန်သွားပြီးနောက် လင်းဖန်က ရှုရှစ်ယင် အရှေ့တွင် ဟင်းပွဲများ လာချပေးလိုက်ပါသည်။

စားသောက်ပြီးနောက် လင်းဖန်က သူ့နာရီကို ကြည့်ကာ ပြောလိုက်ပါသည်။ "မှောင်နေပြီ။ ငါအိမ်ပြန်လိုက်ပို့ပေးမယ်နော်။"

ရှုရှစ်ယင်က လင်းဖန်ကို မော့ကြည့်ကာ ခေါင်းငြိမ့်လိုက်ပါသည်။ သူမ၏ လက်ထဲတွင် ပေါင်မုန့်တစ်လုံးကို ကိုင်ထား၏။ လင်းဖန်၏ အိမ်က ပေါင်မုန့်များမှာ အလွန်အရသာရှိသောကြောင့် ဖြစ်ပါသည်။

လင်းဖန်၏ ဟင်းချက်စွမ်းရည်ကတော့... ရှုရှစ်ယင် မဝေဖန်တော့ပါ။

"လင်းဖန် ငါ့ကိုဧည့်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အထည်တွေ အများကြီး ဝယ်ပြီး မန်နေဂျာ ငါ့ကို မျက်နှာသာ ပေးအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးပါ။ ငါအချိန်ရရင် သေချာပေါက် သေသေချာချာ ကျေးဇူးတင်ပြီး နင့်ကို နေ့လည်စာ ဝယ်ကျွေးပါ့မယ်" ရှုရှစ်ယင်က မတ်တပ်ရပ်လိုက်ပြီး လင်းဖန်အား တည်ကြည်စွာ ကြည့်လိုက်ပါသည်။

“ငါတို့တွေက အတန်းဖော်တွေပဲကို မလိုပါဘူးကွာ။ ပြီးတော့ ငါဝယ်ထားတဲ့ အဝတ်အစားတွေကလည်း ငါဝတ်ဖို့ပဲလေ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ အဓိကအချက်က သူ့နေ့ရက်များက ပျင်းဖို့ ကောင်းလွန်းသဖြင့် အတန်းဖော်တချို့ကို ပြန်တွေ့ရတာ မဆိုးလှပါ။

"သွားကြရအောင်လေ။ နင်ပေါင်မုန့်စားချင်သေးရင် ထပ်ယူလိုက်လေ" လင်းဖန်က ရှုရှစ်ယင်ကို ပေါင်မုန်တချို့ ထပ်ပေးလိုက်ပါသည်။ သူက ပေါင်မုန့်မစားတတ်ဘဲ ဗီလာထဲမှာလည်း ပေါင်မုန့်အများကြီး ရှိနေသည်။

"တကယ်တော့လေ... ငါ အဲ့လောက် အများကြီး မစားချင်ပါဘူး။ ဝလာမှာစိုးလို့" ရှုရှစ်ယင်က ရှက်သွေးဖြာသွားပါသည်။ ဘာကြောင့်မှန်းမသိဘဲ လင်းဖန်နှင့် အတူတူ ရှိနေလျှင် သူမ နေထိုင်ရတာ သက်တောင့်သက်သာ ရှိလှပါသည်။

အိပ်ယာထဲတွင် ခံစားရသည့် သက်တောင့်သက်သာ ရှိခြင်းမျိုး မဟုတ်ရပါ။

ထို့အစား သူတို့က အလွန်ရိုးရိုးရှင်းရှင်း အဆင်ပြေကြသည်။ တကယ်တော့ သူမကို ပိုးပန်းနေသည့် ယောက်ျားလေးများစွာ ရှိခဲ့သည်။ သို့သော်လည်း သူတို့အားလုံးက သူမနှင့် အတူတူ အိပ်ချင်ရုံသာဖြစ်သည်။ တချို့ဆို သူမကို နှောင့်ယှက်ပြီး စျေးကြီးသည့် လက်ဆောင်ပစ္စည်းများ အများကြီး ပေးကာ သူမကို ပိုးပန်းချင်ကြသည်။

ရှုရှစ်ယင်က ဒီလိုလူစားမျိုး မဟုတ်ပါ။

လင်းဖန်က မဟုတ်တရုတ် တောင်းဆိုချက်မျိုး လုပ်လိမ့်မည်ဟု သူမ ထင်ခဲ့သည်။ သို့သော် လင်းဖန် မလုပ်ခဲ့ပါ။ ထို့ကြောင့် သူ့ကို ရှုရှစ်ယင် ပိုသဘောကျသွားခဲ့ပါသည်။

သူမ အတွေးလွန်နေခဲ့ရုံသာ ဖြစ်သည်။ လင်းချန်၏ အကျင့်စရိုက်က အခုချိန်ထိ ကောင်းမွန်ဆဲ ဖြစ်သည်။

"နင်က ဒီလောက် ပိန်နေတာ။ ဝလာတော့ ကောင်းတာပေါ့" လင်းဖန်က ပြောလိုက်ပါသည်။ "နည်းနည်းလည်း ပြားချပ်ချပ်ဖြစ်နေတယ်။ နို့များများသောက်ရင် ပိုထွားလာလိမ့်မယ်။"

လင်းဖန်ပြောသည့် ပထမ စကားကြောင့် ရှုရှစ်ယင် ပျော်မိသော်လည်း ဒုတိယ စကားကြောင့် သူမ မပျော်တော့ပါ။

သူမက ဘယ်လိုလုပ်ပြီး ပြားချပ်ချပ် ဖြစ်နေရမှာလဲ။

ခုနလေးတင် လင်းဖန်ကို သဘောကျခဲ့သော်လည်း လင်းဖန်က သူမကို ပြားချပ်ချပ် ဖြစ်နေသည်ဟု ပြောရဲသည်။

"ငါက မပြားဘူးဟဲ့။ ငါက ဘယ်လိုလုပ်ပြီး ပြားမှာလဲ။ အရင်တုန်းက ငါ့ကိုပြားကပ်နေတယ်လို့ ဘယ်သူမှ မပြောဘူးး" ရှုရှစ်ယင်က သူမ၏ ပုလဲလိုဖြူစင်သည့် သွားများကို အံတင်းတင်းကြိတ်ကာ အနည်းငယ် တုန်ယင်သွား၏။ လင်းဖန်ဆိုတဲ့ကောင်ကတော့ အရှက်မရှိလိုက်တာ။

"ငါမှ တစ်ခါမှ မမြင်ဖူးတာ။ ဘယ်သိမလဲ" လင်းဖန်က ပခုံးတွန့်ပြလိုက်ပါသည်။

"နင်က ကြည့်ချင်သေးတယ်ပေါ့" ရှုရှစ်ယင်က လက်သီးကို မြှောက်ကာ လင်းဖန်ကို နှစ်ချက် ရိုက်လိုက်သည်။ သူမ၏ မျက်နှာက ပို၍ပင် နီရဲသွားသည်။

သို့သော်လည်း လင်းဖန်က စနောက်နေမှန်း ရှုရှစ်ယင် သိပါသည်။

အနေနီးသည့် အတန်းဖော်များသာ ဒီလိုဟာသမျိုး ပြောနိုင်သည်။ သူတို့သာ မိတ်ဆွေ အသစ်စက်စက်များဖြစ်နေပါက အလွန်ယဥ်ကျေးနေပါလိမ့်မည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ နင်အိမ်ပြန်မှာလား ဒီမှာ ညအိပ်ချင်လား" လင်းဖန်က တံခါးကို တွန်းဖွင့်လိုက်ပါသည်။

"မနေပါဘူး။ ညကြီးသန်းခေါင် နင်ငါ့ကို ဘယ်လိုအကျင့်ယုတ်မလဲ ပြောလို့မရဘူးလေ" ရှုရှစ်ယင်က ပေါင်မုန့်စားရင်း လက်ထဲမှာလည်း ပေါင်မုန့်အများကြီးကို သယ်လျက် အပြင်ထွက်လာခဲ့ပါသည်။

"ငါက အဲ့လိုလူမျိုးလား" လင်းဖန်က ပြုံးလိုက်သည်။

"ဘယ်ပြောနိုင်မလဲ" ရှုရှစ်ယင်က ရှက်သွေးဖြာသွားပါသည်။

အတော်လေး နောက်ကျနေပြီဖြစ်သည်။ လင်းဖန်က ရှုရှစ်ယင်ကို သူ့ Bugatti ကားကြီးဖြင့် အိမ်လိုက်ပို့ပေးလိုက်၏။

သူတို့ အိမ်ဝင်ပေါက်နားသို့ ရောက်သောအခါ ညဘက်ဖြစ်နေတာတောင် Bugatti ကားကြီး၏ တောက်ပသော အလင်းရောင်က လူများစွာကို ဆွဲဆောင်နေဆဲဖြစ်သည်။

"ငါသွားပြီနော်၊ တာ့တာ" ရှုရှစ်ယင်က လက်ပြကာ နှုတ်ဆက်လိုက်ပါသည်။

လင်းဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး Bugatti ကားကြီးကို ညလမ်းမတစ်လျှောက် မောင်းနှင်လာခဲ့ပြီး ရှန်ဟိုင်းမြို့ထဲ လှပသည့် မြင်ကွင်းတစ်ခုကို ဖန်ဆင်းခဲ့ပါသည်။

လင်းဖန်ပြန်သွားသောအခါ ရှုရှစ်ယင် အိမ်ထဲ ပြန်ဝင်လာခဲ့သည်။ လင်းဖန်က တခြားသူတွေနဲ့ တကယ် ခြားနားမှန်းကိုလည်း သူမ နားလည်သွားပါသည်။

သူမကို ပိုးပန်းနေသည့် ယောက်ျားလေး များစွာ ရှိ၏။ သူဌေးတချို့လည်း ပါသည်။ ရှုရှစ်ယင်က ထိုလူတွေကို သဘောမကျပါ။ သူတို့က ဟန်ဆောင်မှုများလွန်းပြီး လင်းဖန်လို အစစ်အမှန် မဟုတ်ကြဘူးဟု သူမ ခံစားရသည်။

အရေးအကြီးဆုံးကတော့ ထိုလူတွေက လင်းဖန်လောက် မချောကြပါ။

နေ့ဘက်တုန်းက လှိုင်းပညာပင်လယ်အော်က အစောင့်ပြောခဲ့သည့် စကာကို သူမ ပြန်တွေးကြည့်လိုက်သည်။ လင်းဖန်က တကယ်ပဲ တစ်ကိုယ်တည်းသမား ဖြစ်နေတုန်းလား။

ဘာကြောင့်မှန်းမသိဘဲ လုံခြုံရေးအစောင့်၏ စကားများကို ပြန်တွေးကြည့်လျှင် သူမ အနည်းငယ် ပျော်ရွှင်မိပါသည်။

All Chapters