← Chapters

မာစတာအဆင့် အချက်အပြုတ် စကေးနဲ့ ရှားဝမ်ချွေ့ရဲ့ ဝီချက်မက်ဆေ့ချ်

Vol. 1 Ch. 12

မာစတာအဆင့် အချက်အပြုတ် စကေးနဲ့ ရှားဝမ်ချွေ့ရဲ့ ဝီချက်မက်ဆေ့ချ်

Vol. 1 Ch. 12

အခန်း(၁၂) မာစတာအဆင့် အချက်အပြုတ် စကေးနဲ့ ရှားဝမ်ချွေ့ရဲ့ ဝီချက်မက်ဆေ့ချ်

မနက်ခင်း အိပ်ယာနိုးလာသောအခါ လင်းဖန်က ချက်ချင်း Sign-in လုပ်ဖို့ ဆုံံးဖြတ်လိုက်သည်။

"ဒင်... အောင်မြင်စွာ Sign-in ဝင်ပြီးပါပြီ။"

"[မာစတာအဆင့် အချက်အပြုတ်စကေး] ကို ရရှိသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ ဟင်းချက်ပြုတ်နည်းအားလုံးကို ဖန်တီးဖို့ နည်းလမ်းများကို အလိုလျောက် ကျွမ်းကျင်သွားပါပြီ။ သင်ဆန္ဒရှိသည့် မည်သည့် ဟင်းလျာကိုမဆို မာစတာအဆင့်နှင့် ချက်ပြုတ်နိုင်ပါလိမ့်မယ်။"

စနစ်၏ အသံထွက်လာပြီး လင်းဖန် မျက်လုံးများ ဝိုင်းစက်သွားသည်။

မာစတာအဆင့် အချက်အပြုတ်စကေးက သူ့အတွက် ကွက်တိ လိုက်ဖက်လွန်းနေပါသည်။

လင်းဖန်၏ အချက်အပြုတ်စကေးက တကယ်တော့ သာမန်သာရှိသည်။ ထို့ကြောင့်လည်း စားသောက်ဆိုင်ငယ်၏ စီးပွားရေးက သိပ်ပြီး မကောင်းရခြင်းဖြစ်သည်။

ရှားဝမ်ချွေ့က အစားသောင်းကျန်းတတ်သူဖြစ်၏။ ယခုတော့ ရှားဝမ်ချွေ့ကို လုံးဝ သိမ်းပိုက်နိုင်ပါပြီ။

စားသောက်ဆိုင်ကို ၂ နာရီလောက်ဖွင့်ပြီး ကတ်စတမ်မာ တချို့ကို ဧည့်ခံပြီးသောအခါ ကတ်စတမ်မာများ၏ မျက်လုံးများ ဝိုင်းစက်သွားကြ၏။

"အချောလေး ရှင့်ရဲ့ ဟင်းလျာတွေက ဘာလို့ ဒီလောက်အရသာရှိနေတာလဲ။"

"ဒီအာလူးကြော်၊ ဒီကြက်ဥထမင်းကြော်နဲ့ ဆေးဘဲဥသုပ်ကော၊ ကြက်တောင်ပံကြော် မွှေးမွှေးလေးကော၊ အားလူးခရမ်းချဥ်သီးကော၊ ကြက်သွန်ဖြူ အချဥ်ရည်နဲ့ ဝက်သားမွှကြော်ကော၊ ပြီးတော့ ဒီငါးကင်၊ ငါးပေါင်း၊ ငါးခေါင်းဟော့ပေါ့ အကုန်လုံးက ရှယ်ပဲဟေ့" အနည်းငယ် ဝသော အမျိုးသမီးတစ်ယောက်က လင်းဖန်ကို ကြည့်လိုက်ပါသည်။

ပထမတော့ သူမက ကြက်ဥထမင်းကြော်သာ မှာခြင်းဖြစ်ပြီး အံ့သြဖို့ ကောင်းလောက်အောင် အရသာရှိမှန်း သိလိုက်ရသည်။

အရင်တုန်းက သူမ ဒီမှာ လာစားစဥ်က လင်းဖန် အလွန်ချောမောတာ တစ်ခုတည်းကိုသာ သိခဲ့သည်။

သို့သော်လည်း ဒီတစ်ခေါက်တော့ သူမက လုံးဝခြားနားသည့် အတွေ့အကြုံတစ်ခုကို ပေးစွမ်းခဲ့သည်။ လင်းဖန်က ချောမောရုံသာ မကသေးဘဲ သူ့ဟင်းချက်လက်ရာကလည်း အလွန်အရသာရှိလှပါသည်။

ထို့ကြောင့် ဝဝတုတ်တုတ် အမျိုးသမီးက စားပွဲအပြည့် ဟင်းလျာများ မှာယူခဲ့သည်။ စားသောက်ပြီးသွားသောအခါ စားပွဲပေါ်တွင် ယွမ်ထောင်ချီကို တင်ပေးလိုက်ကာ လင်းဖန်အား ပြန်အမ်းဖို့ မလိုဘူးဟု ပြောလိုက်ပါသည်။

လင်းဖန်က ဒါကိုမြင်ရသဖြင့် ပျော်ရွှင်နေမိပါသည်။ ငွေရဖို့ အခွင့်အလမ်းရှိလျှင် ဘာကြောင့် မယူဘဲ နေရမည်နည်း။

"အချောလေး မင်းအလုပ်ပြီးပြီလား။ မင်းချက်တာ အရမ်းအရသာရှိတာပဲ။ ငါ့အိမ်လာပြီး ငါ့ရဲ့ ပါဆင်နယ်စားဖိုမှူး လုပ်ပေးမလား။ မင်းကို တစ်လ ယွမ် ၂၀,၀၀၀ ပေးပါ့မယ်" ဝဝတုတ်တုတ် အမျိုးသမီးက လင်းဖန်ကို ကြည့်ကာ ပြောလိုက်ပါသည်။

"စိတ်မကောင်းပါဘူးဗျ။ တခြားသူတွေအတွက် စားဖိုမှူးလုပ်ပေးဖို့ စိတ်ကူးမရှိလို့ပါ" လင်းဖန်က ထိုကမ်းလှမ်းချက်ကို ပြတ်သားစွာ ငြင်းလိုက်ပါသည်။

"ဒါဆိုလည်း ဘာလို့ ဒီနေရာမှာ စားဖိုမှူးလုပ်ပြီး စားသောက်ဆိုင်ငယ်လေး ဖွင့်ထားလဲ။ ကြည့်ရတာ ကတ်စတမ်မာတွေလည်း အများကြီး ရှိတဲ့ပုံမပေါ်ပါဘူး" ဝဝတုတ်တုတ် အမျိုးသမီးက ခေါင်းမာစွာဖြင့် ဆက်ပြောသည်။

"ကျွန်တော်က စားသောက်ဆိုင်ငယ်လေး တစ်ဆိုင် ဖွင့်ချင်လို့ ဖွင့်ထားတာပါ။ ပိုက်ဆံလိုချင်လို့ မဟုတ်ပါဘူးဗျာ" လင်းဖန်က ပြုံးကာ ဆက်လက် ထုတ်ပိုးနေပါသည်။

"ယွမ် ၃၀,၀၀၀" ဝဝတုတ်တုတ် အမျိုးသမီးက ဆက်လက် စျေးတိုးပေးသည်။

"ပြီးတော့ အစ်မကြီး ကျွန်တော့်ရဲ့ အချက်အပြုတ် စကေးတွေကို ငွေနဲ့ တန်ဖိုးဖြတ်လို့မရဘူးနော်" လင်းဖန်က ပြောလိုက်သည်။

"၅၀,၀၀၀၊ ယွမ် ၅၀,၀၀၀ ပေးမယ်။ ဒါ ပုံသေစျေးပဲ။ ငါ့အိမ်ကိုလာပြီး တစ်နေ့ကို သုံးနပ်ပဲ ချက်ပေး။ ယွမ် ၅၀,၀၀၀ ဝင်ငွေက ဒီစားသောက်ဆိုင်ငယ်လေး ဖွင့်တာထက် အများကြီး ပိုမြတ်ပါတယ်" ဝဝတုတ်တုတ် အမျိုးသမီးက ပြောလိုက်ပါသည်။

"အစ်မကြီး ကျွန်တော် အမြတ်ရတာ မရတာ၊ စားသောက်ဆိုင်ငယ် ဖွင့်တာ မဖွင့်တာက ကျွန်တော့် ကိစ္စပါ။ အဓိကအချက်က သူများအတွက် ပါဆင်နယ်စားဖိုမှူး လုပ်မပေးချင်ဘူး။"

"ပြီးတော့လည်း ကျွန်တော်က ငွေမလိုပါဘူး။" လင်းဖန်က ပြောလိုက်ပါသည်။

လင်းဖန်သည် သူ ပါဆင်နယ်စားဖိုမှူး တစ်ယောက်ဖြစ်လာဖို့ဆို သင့်လျော်သည့် အကြောင်းပြချက်တစ်ခုတော့ ရှိရမည်။

ဥပမာအားဖြင့် သူမက သူ့ကောင်မလေး သို့မဟုတ် သူ့မိသာားစု ဖြစ်နေလျှင် သူစဥ်းစားပေးနိုင်ပါသည်။

ကျန်အချိန်များကိုတော့ လင်းဖန် သူလုပ်ချင်တာသာ လုပ်ချင်သည်။

"ဟုတ်ပါတယ်။ ဒီနေ့ဒီခေတ်မှာ သူဌေးမကြီးတွေရဲ့ ရှူးဂါးဘေဘီ မဖြစ်ချင်တဲ့ ကောင်လေးတွေ ရှိနေသေးတာပဲ..." ဝဝတုတ်တုတ် အမျိုးသမီးက ပြောလိုက်ပါသည်။

ထိုစဥ် ဖုန်းဝင်လာ၏။

လင်းဖန် ဖုန်းကို ကိုင်လိုက်သည်။ ရှားရန်ရန် ဖြစ်နေ၏။

ရှားရန်ရန် ဒါကို ကြားသောအခါ သူမ ချက်ချင်း ပြောလိုက်ပါသည်။ "မစ္စတာလင်း ရှင့်ရဲ့ ကြွေပန်းဥယျာဥ်အိမ်ရာက ကျောင်းခရိုင် အိမ်ကို ငှားချင်တဲ့လူ ပေါ်လာလို့ပါ။ ရှင့်ဖုန်းနံပါတ်ကို ကျွန်မ ပေးပြီးသွားပြီနော်။ သူတို့ ရှင့်ကို နေ့လည်ကျရင် ဆက်သွယ်လာလိမ့်မယ်။"

လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ "အင်းအင်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။"

ဖုန်းချပြီးနောက် ဝတုတ်အမျိုးသမီးက ကြောင်သွားရသည်။

ကြွေပန်းဥယျာဥ်ဟုတ်လား။ ကျောင်းခရိုင် အိမ်ဟုတ်လား။

ကျောင်းခရိုင်ထဲက စျေးအနိမ့်ဆုံး အိမ်ကတောင် ၁၀ မီလီယံအထက်ရှိသည်။

တစ်နည်းအားဖြင့် ပိုင်ဆိုင်မှု မီလီယံ ဆယ်ချီပြီး မရှိလျှင ကျောင်းခရိုင် အိမ်တစ်လုံး ဝယ်နိုင်ဖို့ မဖြစ်နိုင်သလောက်ရှိသည်။

လင်းဖန်က ကြွေပန်းဥယျာဥ်တွင် ကျောင်းခရိုင် အိမ်တစ်လုံးကို ပိုင်ဆိုင်ထား၏။ တစ်နည်းအားဖြင့် လင်းဖန်၏ မိသားစု ပိုင်ဆိုင်မှုမှာ ယွမ် ၁၀ သန်းကျော်ရှိသည်ဆိုတဲ့ သဘောပင်။

အဲ့တာကြောင့်လည်း လင်းဖန်က ပိုက်ဆံကို စိတ်မဝင်စားဘူးလို့ ပြောခဲ့တာကိုး။

ဒီတော့ လင်းဖန်က တကယ်တော့ ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်ပေါ့။

"ကြွေပန်းဥယျာဥ်... အဲ့က ကျောင်းခရိုင် အိမ်စျေးက မနည်းမနောပဲ။"

"အချောလေး မင်းက တကယ်ပဲ အဲ့လောက် ချမ်းသာတာလား။ မဟုတ်မှလွဲရော မနေ့က အပြင်ဘက်မှာ ပါကင်ထိုးထားတဲ့ Limited Edition Bugatti ကားကြီးကလည်း မင်းဟာပဲလား" ဝတုတ်တုတ် အမျိုးသမီးက မေးလိုက်ပါသည်။

လင်းဖန်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ကားတစ်စီးသက်သက်ပါပဲ။ ရွေ့လျားနိုင်ရင် တော်ပါပြီ။"

ဝတုတ်တုတ် အမျိုးသမီး ဆွံ့အသွားသည်။

သူမ၏ ပိုင်ဆိုင်မှုများအကြောင်း သူမ နားလည်သည်။ လင်းဖန်၏ Bugatti La Voiture Noire ကားကြီးက ယွမ် မီလီယံ ရာကျော် တန်ဖိုးရှိသည်။

ယွမ် မီလီယံ ရာကျော်တန်သည့် ပြိုင်ကားတစ်စီးက လင်းဖန်အတွက်တော့ ကားတစ်စီးသက်သက်ပဲတဲ့လား။

သူဌေးများအတွက် ဒါက သိက္ခာ၊ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းတို့၏ ပြယုဂ်တစ်ခုဖြစ်သည်။ မီလီယံ ရာကျော်တန်ဖိုးရှိသော ပြိုင်ကားတစ်စီးနဲ့ဆို ၎င်းတို့၏ အိမ်ထောင်ဖက်ကို ရွေးချယ်ရာတွင် အားသာချက် ရှိပါသည်။

သို့သော်လည်း လင်းဖန်ကတော့ ဘာမှ ဂရုမစိုက်ပါ။ သူ့ကို ဘာမှ အလေးပေး အကျိုးခံစားခွင့်များ ပေးဖို့လည်း မလိုပါ။ လမ်းပေါ်မှာ ဒီတိုင်း လမ်းလျှောက်နေရင်တောင် မိန်းကလေးများစွာကို ဆွဲဆောင်နေနိုင်ပြီဖြစ်သည်။

တစ်နည်းအားဖြင့် လင်းဖန်၏ နောက်ခံက နက်နဲလှပါသည်။

မီလီယံရာချီ တန်ဖိုးရှိသည့် ပြိုင်ကားတစ်စီးနဲ့ဆို လင်းဖန်မှာ ပိုက်ဆံတွေ ဘယ်လောက်တောင် ရှိနေလိုက်မလဲ။

"သွားတော့မယ်နော်။" ဝတုတ်တုတ် အမျိုးသမီး ထွက်သွားလေပြီ။ သူမက လင်းဖန်၏ ရှူးဂါးမာမီ ဖြစ်ချင်သော်လည်း သူက သူမထက် ပိုချမ်းသာနေ၏။

...

လင်းဖန်က ကားထဲဝင်လိုက်ရုံရှိသေးသည်။ သူ့ဝီချက်မှ အသံမြည်လာ၏။

မီးခိုးရောင် ကြောင်လေးတစ်ကောင်၏ ပုံတစ်ပုံပေါ်လာသည်။ ရှားဝမ်ချွေ့ဖြစ်နေပါသည်။

[ရှားဝမ်ချွေ့ : "~~~"]

[လင်းဖန် : "???]

[ရှားဝမ်ချွေ့ : "~~~"]

[လင်းဖန် : "နင် ဘယ်တော့ လာမှာလဲ"]

[ရှားဝမ်ချွေ့ : "ဒီနေ့ည"]

[လင်းဖန် : "မရဘူး စားသောက်ဆိုင်က ညဘက် ပိတ်တယ်"]

[ရှားဝမ်ချွေ့ : "ဂရုမစိုက်ဘူး။ နင်မလာရင် ကိုက်မှာနော်။]

[လင်းဖန် : "ဒီတစ်ခေါက်ပဲနော်။ နောက်တစ်ခေါက်ဆိုတာ မရှိဘူး"]

[ရှားဝမ်ချွေ့: "~~~"]

ဒါက ရှားဝမ်ချွေ့နှင့် လင်းဖန်တို့၏ ထူးခြားသော ဆက်သွယ်မှုပုံစံ ဖြစ်သည်။

ရှားဝမ်ချွေ့က အရသာရှိတာ တစ်ခုခု စားချင်လာတိုင်း လင်းဖန်ကို ဆက်သွယ်ကာ သူ့စားသောက်ဆိုင်သို့ လာတတ်သည်။

လျှို့ဝှက်ထားဖို့အတွက် လူအလွန်နည်းသော အချိန်ကျမှ ရှားဝမ်ချွေ့က အမြဲရွေးလာတတ်သည်။ ဒီနေ့က ပို၍ပင် ထူးခြားသေး၏။ လင်းဖန် ဆိုင်ပိတ်ပြီးခါမှ လာမည်တဲ့။

သူမက အနောက်ဘက်တံခါးမှ ဝင်ဖို့ ကြိုးစားနေခဲ့သည်။

ဒီမုန်းစရာ ကောင်မလေးကတော့။ သူလာချင်တိုင်းလာ၊ သွားချင်တိုင်းသွားလို့ရမယ်လို့ ထင်နေလား။

လင်းဖန်က စားသောက်ဆိုင်ဖွင့်ထားခြင်းဖြစ်သည်။ ဇရပ် မဟုတ်ပါ။

"ရှားဝမ်ချွေ့ ဒီနေ့ည စောင့်နေလိုက်စမ်းပါ။ နင့်ကို သင်ခန်းစာ ကောင်းကောင်းပေးမယ်။ ငါတို့နှစ်တွေ အကြာကြီး ဘေးချင်းရပ်လျက် ထိုင်လာကြတာဆိုပေမယ့် ဒီနေရာကို နင့်အိမ်လို သဘောထားလို့မရဘူးဟဲ့" လင်းဖန်က ပြောလိုက်ပါသည်။

လင်းဖန်က ကြွေပန်းဥယျာဥ်အိမ်ရာသို့ မောင်းသွားလိုက်သည်။

လင်းဖန်ကို စောင့်နေသည့် လင်မယားနှစ်ယောက် ရှိနေပါသည်။

လင်မယားနှစ်ယောက်က BMW ကားတစ်စီး မောင်းလာခြင်းဖြစ်၏။ သူတို့က လင်းဖန်၏ Bugatti ကားကြီးကို မြင်သောအခါ အားကျစွာဖြင့် ရေရွတ်လိုက်မိကြသည်။

ထင်တဲ့အတိုင်း ကြွေပန်းဥယျာဥ်ထဲက ကျောင်းခရိုင် အိမ်တွေကို တတ်နိုင်တဲ့လူတွေက သာမန်လူတွေ မဟုတ်ကြဘူးပဲ။

"ယောက်ျားရေ ဒီBugatti ကားကြီးက အနည်းဆုံး ယွမ် မီလီယံ နည်းနည်းတော့ တန်တယ်မဟုတ်လား" အမျိုးသမီးကမေးလိုက်သည်။

"မဟုတ်တာ။ ဒီ Bugatti ကားကြီးက Limited Edition ကြီးကွ။ ပိုင်ရှင်အတွက် အထူးပြုလုပ်ထားတာ။ ကမ္ဘာပေါ်မှာ တစ်စီးပဲရှိပြီး ယွမ် မီလီယံရာကျော် တန်တယ်။ ကိုယ်တို့ရဲ့ အိမ်ရှင်ကတော့ သာမန်လူမဟုတ်ဘူးထင်တယ်" အမျိုးသားက ပြောလိုက်သည်။ လင်းဖန်၏ ကားကို သူကြည့်လိုက်ပြီး မနေနိုင်ဘဲ ချီးကျူးမိပါသည်။

အမျိုးသား၏ အမည်က ကျောက်ပင်ချီ ဖြစ်သည်။ အမျိုးသမီး၏ အမည်ကတော့ ကုံယန်းဖြစ်၏။ သူတို့က ဒီနေရာတွင် အိမ်ငှားချင်ကြသည့် အသက်ကြီးကြီး လင်မယားနှစ်ယောက် ဖြစ်ပါသည်။

"ဟယ်လို" လင်းဖန်ကားထဲမှ ထွက်လာပြီးနောက် လက်ကမ်းပေးလိုက်ပါသည်။

"ဟယ်လို ကျုပ်တို့ရဲ့ အိမ်ရှင်လောင်းက ဒီလောက် ချောမယ် ထင်မထားဘူး။ မင်းက တကယ်ငယ်ပြီး အလားအလာရှိတဲ့သူပဲ" ကျောက်ပင်ချီက လင်းဖန်၏ လက်ကို ဆွဲကာ နှုတ်ဆက်လိုက်ပါသည်။

ကုန်းယန်က ကြက်သေသေသွားရသည်။ ပိုင်ဆိုင်မှု ယွမ် ရာကျော်ရှိသည့် လူက သူ့ယောက်ျားလို သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိ၏။

သို့သော်လည်း တကယ်တော့ လင်းဖန်က ငယ်ရွယ်ပြီး ချောမောနေပါသည်။ Bugatti ကြီးတစ်စီးကို မောင်းလာပြီး ကြွေပန်းဥယျာဥ်မှာလည်း ကျောင်းခရိုင် အိမ်တစ်လုံး ပိုင်ထားသေး၏။

ထို့အပြင် သူက ဒီနေရာ၏ ပိုင်ရှင်ဖြစ်သည်။ အဓိကအချက်က ဒီ Bugatti ကားကြီးနှင့် ကျောင်းခရိုင် အိမ်ကြောင့်သာ မဟုတ်လျှင် လင်းဖန် ဒီလောက်ချမ်းသာကြောင်း သိရဖို့ ခက်နိုင်ပါသည်။

သူက နာမည်ကြီး အမှတ်တံဆိပ် အဝတ်အစားများကိုလည်း မဝတ်ဆင်ဘဲ နှိမ့်ချနေတတ်၏။ ပိုင်ဆိုင်မှုအများကြီး ရှိနေတာတောင် သူဌေးသား တစ်ယောက်လို မပြုမူတတ်ပါ။

လင်းဖန်၏ နှိမ့်ချတတ်ပြီး ဇာတ်နိမ့်နေတတ်သည့် ရိုးရှင်းသော စတိုင်က လင်မယားနှစ်ယောက်ကို အလွန် သက်တောင့်သက်သာ ရှိစေခဲ့ပါသည်။

ဒီတစ်ချက်တည်းနှင့် လင်မယားနှစ်ယောက်ကို လင်းဖန်အား လေးလေးနက်နက် သဘောကျသွားစေသည်။

သူဌေးတစ်ယောက်က ကမ္ဘာကြီးကို သူ ချမ်းသာတယ်ဆိုတာကိုသာ သိစေချင်လိမ့်မည်။ အဆင့်အတန်းတစ်ခုရှိသည့် လူတချို့ကသာ တည်တည်ငြိမ်ငြိမ် နေနိုင်ကြပါသည်။

All Chapters