← Chapters

အက်ရှလွန်တိုက်ပွဲများ အမှန်တကယ် စတင်ပြီ

Vol. 80 Ch. 1109

အက်ရှလွန်တိုက်ပွဲများ အမှန်တကယ် စတင်ပြီ

Vol. 80 Ch. 1109

နိဗ္ဗာနသစ်သီး နစ်၀င်သွားစဉ် စည်းဖြူတောင်ကို ကာကွယ်ထားသော အကာအရံမှာ မှေးမှိန်လာသော်လည်း မန်ဟို့ထံမှ ဖြာထွက်နေသော အလင်းရောင်မှာ ပို၍ တောက်ပလာသည်။ သူက အသက်ပြင်းပြင်း ရှုသွင်းပြီးနောက် တောင်မှထွက်၍ လေပေါ်တက်လိုက်၏။

လေပြင်းက သူ့ကို ၀င်ဆောင့်လိုက်ပြီး သူ၏ ဆံပင်များ ခါရမ်းသွားသော်လည်း သူ၏ အရှိန်အဝါမှာတော့ တွန်းထုတ်၍မရနိုင်ပေ။ မန်ဟို့စွမ်းအားမှာ လေ၏ ထိတွေ့ခြင်းမခံရဘဲ သူ၏ ပတ်ပတ်လည်ရှိ တစ်လောကလုံးကို လွှမ်းမိုးနေသည့်အလားပင်။

"ငါ လောကစည်းတံဆိပ်သုံးခုနဲ့ ပက်သက်ပြီး ဉာဏ်အလင်းရခဲ့ပြီးပြီ။ နိဗ္ဗာနသစ်သီးကို စုပ်ယူချင်ရင်တော့ နောက်ထပ်စည်းတံဆိပ်တွေ လိုအပ်သေးတယ်" မန်ဟို၏ စွမ်းအားတို့က တဟုန်ထိုး မြင့်တက်နေပြီး သူ့မှာ တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်လျှံနေ၏။ သူ အဝေးသို့ထွက်သွားစဉ် သူ၏မျက်လုံးများက လျှပ်စီးသဖွယ် တဖျက်ဖျက် လက်နေသည်။

သူ ပြည်ထောင်ကိုးမှ ထွက်လာသည့်အခါ သူ၏ ပန်းတိုင်က ကျန်ပြည်ထောင်များအတွင်းသို့ သတ်ဖြတ်ဝင်ရောက်၍ အက်ရှလွန်ကျင့်ကြံသူများကို အနိုင်ပိုင်းကာ သူတို့၏ စည်းတံဆိပ်များကို လုယူရန်ဖြစ်သည်။

သူသည် လေဟုန်ခွင်းလောကထဲရှိ ဤအခွင့်အရေးကို အရယူပြီး သူ၏ အကြီးမားဆုံးကံကြမ္မာကောင်းဖြစ်သည့် ....

လောကပါလအင်မော်တယ်အဆင့်ကို သိမ်းပိုက်မည်။

သူက အက်ရှလွန်ထဲတွင် နံပါတ်တစ် ဖြစ်လာစေရမည်။

ဝုန်း

သူသည် အမွှေးတိုင်တစ်၀က်ထွန်းစာအထိ ပျံသန်းလာခဲ့ပြီးနောက် တုံ့ခနဲ ရပ်၍ မြေကြီးကို ငုံ့ကြည့်လိုက်၏။

သူကား ပြည်ထောင်ကိုးထဲတွင်သာ ရှိနေဆဲဖြစ်ပြီး အောက်ရှိမြေကြီးထဲတွင် အင်မော်တယ်ကျောက်စိမ်းကြောတစ်ကြောကို သတိထားမိသွားလေသည်။ တောင်ပင်လယ်လောကမှ လူသားကျင့်ကြံသူသည် ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး မန်ဟို့ကို မမြင်နိုင်သော်လည်း မန်ဟိုကတော့ သူ့ကို မြင်နေရသည်။

ထိုလူငယ်မှာ စိတ်နှင့်ကိုယ်လွတ်၍ ရူးသွပ်နေပုံပေါ်သည်။ မန်ဟိုမှာ အင်မော်တယ်ကျောက်စိမ်းများကို မြင်လျှင် အလိုရမ္မက်တို့က သူ့နှလုံးသားထဲတွင် ဖြစ်တည်လာသော်လည်း သူက ၎င်းကို ချက်ချင်း ဖိနှိပ်လိုက်၏။

"ငါက ငွေကိုချစ်ပေမယ့် ငွေရဲ့ပိုင်ရှင်ဖြစ်ရမှာ။ ရုပ်ဝတ္ထုပစ္စည်းတွေ ငါ့ကို ထိန်းချုပ်ခွင့် ဘယ်တော့မှ မရှိစေရဘူး" သူက အေးစက်စက် ပြောလိုက်သည်။ မမြင်ရသော အချုပ်အနှောင်များကို ချိုးဖျက်လိုက်သဖြင့် သူ့စိတ်ထဲတွင် ခွမ်းခနဲ ကြေမွသွားသံ အသံတစ်သံအား သူ ကြားလိုက်ရသည်။ ထို့နောက် ချာခနဲလှည့်၍ အောက်ရှိအရာအားလုံးကို လျစ်လျူရှုရင်း အဝေးသို့ ထွက်သွားတော့သည်။

မန်ဟို စည်းတံဆိပ်များကို ဉာဏ်အလင်းရရှိခဲ့သည့် နောက်ဆုံးခုနစ်ရက်အတွင်း လေဟုန်ခွင်းလောက၏ ကျန်အပိုင်းများရှိ အက်ရှလွန်များသည် ဖြစ်ပျက်သွားခဲ့သော အဖြစ်အပျက်များကြောင့် ၀ရုန်သုန်းကားဖြစ်နေကြ၏။

ပြည်ထောင်တစ်၏ အက်ရှလွန်ကျင့်ကြံသူက ပြည်ထောင်နှစ်ကို တိုက်ခိုက်ကာ ထိုနေရာရှိ အက်ရှလွန်ကျင့်ကြံသူကို အနိုင်ယူခဲ့သည်။ ထိုအက်ရှလွန်မှာ သူ၏ အသက်တစ်ချောင်းကို စတေးပြီးမှသာလျှင် ထွက်ပြေးလွတ်မြောက်ခဲ့၏။ ထို့နောက် ပြည်ထောင်နှစ်၏ လောကစည်းတံဆိပ်မှာ အကာအကွယ်မရှိတော့သည့်အတွက် ပြည်ထောင်တစ်၏ အက်ရှလွန်ကျင့်ကြံသူက နိုင်ငံ့အရှိန်အဝါတောင်တစ်တောင်လုံးကို ပိပြားစေပြီးနောက် စည်းတံဆိပ်ကို ယူခဲ့လေသည်။

ထို့နောက် ပြည်ထောင်ငါးနှင့် ပြည်ထောင်ခြောက်မှ အက်ရှလွန်ကျင့်ကြံသူများ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ကြသည်။ ကြောက်ခမန်းလိလိ တိုက်ပွဲက မိုးနှင့်မြေကို တုန်လှုပ်သွားစေပြီး ရလဒ်အနေဖြင့် နှစ်ဦးနှစ်ဖက်လုံး ဒဏ်ရာအပြင်းအထန်ရသွားကြသည်။ ထိုသေရေးရှင်ရေးအခိုက်အတန့်တွင် ပြည်ထောင်တစ်၏ အက်ရှလွန်ကျင့်ကြံသူက ပေါ်လာခဲ့၏။ သူက ပြည်ထောင်သုံးကို လျစ်လျူရှုကာ တိုက်ခိုက်နေသော အက်ရှလွန်ကျင့်ကြံသူနှစ်ယောက်ထံ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။

ထိုတိုက်ပွဲသည် အဆုံးအစွန်အထိ အံ့ဩတုန်လှုပ်ဖွယ်ကောင်းပြီး အဆုံးသတ်တွင် ပြည်ထောင်ငါးတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည်။ သူတို့၏ နိုင်ငံ့အရှိန်အဝါတောင်မှာ ပြိုကျသွားပြီး အဆုံးသတ်တွင် ပြည်ထောင်ငါးနှင့် ခြောက်မှ အက်ရှလွန်ကျင့်ကြံသူနှစ်ယောက်လုံး ရှုံးနိမ့်သွားကာ ပြည်ထောင်ငါး၏ လောကစည်းတံဆိပ်အား ယူဆောင်ခံလိုက်ရလေသည်။

ပြည်ထောင်ငါး၏ အက်ရှလွန်ကျင့်ကြံသူ အသတ်ခံရလား၊ အသက်ရှင်လား ဆိုသည်ကိုတော့ မည်သူမှ မသိကြသော်လည်း တိုက်ပွဲပြီးနောက် သူ့ကို မတွေ့ရတော့ပေ။ ပြည်ထောင်ခြောက်၏ အက်ရှလွန်ကျင့်ကြံသူက သူ၏ နိုင်ငံ့အရှိန်အဝါတောင်သို့ ဒဏ်ရာများစွာဖြင့် ပြန်သွားခဲ့၏။

ဤအရာများဖြစ်ပျက်ပြီးနောက် ပြည်ထောင်တစ်၏ အက်ရှလွန်ကျင့်ကြံသူမှာ မိုးနှင့်မြေရှိ အရာအားလုံးကို ကြီးစိုးနိုင်သည့်အလား အနိုင်ယူ၍မရနိုင်ပုံပေါ်ရာ လူတိုင်းအား အံ့အားသင့်သွားစေခဲ့သည်။

လေဟုန်ခွင်းလောက၏ လောကစည်းတံဆိပ်ကိုးခုအနက် ပထမတောင်မှ အက်ရှလွန်ကျင့်ကြံသူနှင့် မန်ဟိုက သုံးခုစီ ရထားခဲ့၏။ ကျန်ရှိသည့်တံဆိပ်များကိုတော့ ပြည်ထောင်သုံး၊ ပြည်ထောင်ခြောက်နှင့် ပြည်ထောင်ခုနစ်တို့က အသီးသီး ပိုင်ဆိုင်ထားလေသည်။

စစ်ပွဲသည် ဗဟိုစစ်မြေပြင်မှ အက်ရှလွန်စာရင်း၀င်များထံသို့ ပျံ့နှံ့လာခဲ့၏။ ထိုအခိုက်အတန့်တွင် မန်ဟိုက ပြည်ထောင်ရှစ်သို့ ရောက်လာခဲ့ပြီဖြစ်သည်။

သူက တခဏပင် မရပ်ဘဲ ကြယ်တံခွန်ကြီးသဖွယ် လေကိုခွင်းကာ ပြည်ထောင်ရှစ်ပေါ်မှ ဖြတ်၍ ပြည်ထောင်ခုနစ်သို့ ဦးတည်သွားလေသည်။ သူ၏အရှိန်အဝါက အင်အားကြီးမားစွာ ဖြာထွက်နေပြီး ပို၍ပင် အားကောင်းလာနေသည်။

မကြာမီ သူသည် ပြည်ထောင်ခုနစ်သို့ ရောက်လာပြီး အထဲသို့ ၀င်ရောက်လိုက်လျှင်ချင်း ၎င်း၏ နိုင်ငံ့အရှိန်အဝါတောင်ထံမှ ကြီးမားသော ဖိအားကြီး လိမ့်ထွက်လာသည်။

ဖိအား၏အရင်းမြစ်ကား မယုံနိုင်လောက်အောင် ပြင်းထန်သော အသတ်အဖြတ်အရှိန်အဝါတို့ဖြင့် လူငယ်၊ ပြည်ထောင်ခုနစ်၏ အက်ရှလွန်စာရင်း၀င်ကျင့်ကြံသူ ယွီ၀မ်ကျန်းမှတစ်ပါး အခြားမဟုတ်ပေ။ သူက လောလောဆယ်တွင် လှံရှည်တစ်ခုကို ကိုင်စွဲလျက် မျှော်လင့်နေသော မျက်၀န်းများဖြင့် ကောင်းကင်သို့ မော့ကြည့်ရင်း တောင်ထိပ်ပေါ်တွင် ရပ်နေသည်။

“လာတိုက်မယ့်လူတွေကို ထိုင်စောင့်နေတာက ငါ့အကျင့်မဟုတ်ဘူး” သူက အေးစက်စက် ပြောသည်။ သူသည် ရှေ့တစ်လှမ်းတက်၍ နိုင်ငံအရှိန်အဝါတောင်၏အကာအကွယ်များကို စွန့်လွှတ်ကာ မန်ဟိုရှိရာသို့ တည့်တည့်မတ်မတ် ပျံသန်းသွားတော့သည်။

မန်ဟိုနှင့် ယွီဝမ်ကျန်းတို့နှစ်ယောက် တစ်ယောက်ထံသို့ တစ်ယောက် တဟုန်ထိုး ပျံသန်းလာနေသဖြင့် ပြည်ထောင်ခုနစ်တစ်ခုလုံး တသိမ့်သိမ့် တုန်နေလေသည်။

မန်ဟိုသည် ယွီဝမ်ကျန်းကို မြင်လျှင် အရှိန်နည်းနည်းမျှ မလျှော့ဘဲ အရှိန်တင်၍ တိုက်ခိုက်ရန် ပြင်သည်။

ယွီဝမ်ကျန်းက မန်ဟို့ကို မြင်သောအခါ အေးစက်စက် နှာမှုတ်လိုက်သည်။ သူ၏အသတ်အဖြတ်အရှိန်အဝါက မိုးကောင်းကင်အထိ ထိုးတက်သွားပြီး မန်ဟို့နည်းတူ သူလည်း ချုပ်တည်းမနေဘဲ အရှိန်တင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်သား ပြည်ထောင်ခုနစ်အထက်က လေလယ်တွင် ဝင်တိုက်လိုက်ကြလေပြီ။

အုန်းခနဲ မြည်သံအကျယ်ကြီး ဟိန်းထွက်သွားပြီး အရာအားလုံး တုန်ခါလာသည်။ အက်ကွဲကြောင်းကြီးတစ်ကြောင်းက သူတို့အကြားရှိ ကောင်းကင်တွင် ပွင့်ထွက်သွားကာ တုန်ခါလှိုင်းတစ်လှိုင်း ဖြာထွက်လာသည်။

“မန်ဟို” ယွီဝမ်ကျန်းက နောက်သို့ပြန်ဆုတ်ရင်း အော်သည်။ သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီးနောက် သူက ခေါင်းနောက်လှန်၍ ဟားတိုက်ရယ်သည်။ သူ့တစ်ကိုယ်လုံးသည် တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်သျှံလျက်ရှိ၏။ သူက တဝုန်းဝုန်း မြည်နေသော လှံရှည်ကို ပင့်မြှောက်လိုက်ရာ မရေမတွက်နိုင်သော ဝိညာဉ်များက ရက်စက်ခက်ထန်သောအမူအရာများဖြင့် ပေါ်လာကြသည်။

“နားထောင်စမ်း သောက်ရူး။ ငါက သတ္တမတောင်က အက်ရှလွန်စာရင်းဝင်ကျင့်ကြံသူ ယွီဝမ်ကျန်း။ မန်ဟို မင်းငါနဲ့ လောင်းရဲလား။ မင်းနိုင်ရင် ငါ ပြည်ထောင်ခုနစ်ရဲ့ လောကစည်းတံဆိပ်ကို ဒီတိုင်းမပေးဘူး မင်းဆီက တစ်ခုနဲ့ လဲသုံးကြမယ်။ မင်းအနေနဲ့ ငါ့ကို တိုက်ခိုက်နိုင်တဲ့ အရည်အချင်းရှိရင်ပေါ့။ မင်းရှုံးရင်တော့ မင်းရဲ့ လောကစည်းတံဆိပ်သုံးခုထဲက တစ်ခုကို ငါ့ပေးရမယ်” ယွီဝမ်ကျန်း၏အသံက ပဲ့တင်ထပ်နေပြီး သူက လွှမ်းမိုးကြီးစိုးနေသောအငွေ့အသက်များ ခြံရံလျက် ရှေ့တစ်လှမ်းတက်လိုက်သည်။

မန်ဟိုလည်း မျက်လုံးများ တလက်လက် တောက်ပနေလျက် ရှေ့တက်လာသည်။ စောစောက ထိပ်တိုက်တွေ့မှုအရ ယွီဝမ်ကျန်း၏အပြင်အားကိုယ်သည် သူ့အပြင်အားကိုယ်နှင့် တစ်ဆင့်တည်းနီးပါးရှိကြောင်း သူ ချက်ချင်း ပြောနိုင်လိုက်၏။

“ကိုယ်ကာယကျင့်ကြံသူ” သူက မျက်လုံးများ ဝင်းလက်တောက်ပနေရင်း တွေးလိုက်သည်။ သူ့တွင် ရှေးဟောင်းနယ်ပယ်အပြင်အားကိုယ်ရှိသည့်တိုင် ကိုယ်ကာယကျင့်ကြံသူစစ်စစ်တစ်ယောက်ကို မမှီသေးပေ။ အမှန်အားဖြင့် သူ ဆုံတွေ့ခဲ့ဖူးသည့် တစ်ယောက်တည်းသော ကိုယ်ကာယကျင့်ကြံသူစစ်စစ်မှာတော့ မိစ္ဆာကျင့်ကြံသူလူသန်ကြီးဖြစ်သည်။ သို့သော် ထိုလူက အတွေ့အကြုံနုသေး၍ ကိုယ်ကာယကျင့်စဉ်အရ အစွမ်းထက်သည်ဟု မသတ်မှတ်နိုင်သေးပေ။

သို့သော် ယခုတွင် ... မန်ဟိုသည် ယွီဝမ်ကျန်းက ကိုယ်ကာယကျင့်ကြံသူအစစ်ဖြစ်ကြောင်း ခံစားလိုက်ရလေပြီ။

သူသည် ယွီဝမ်ကျန်းကို လှမ်းကြည့်လိုက်စဉ် ထိုလူ့ထံမှ ဖြာထွက်နေသော မှိန်ပျပျအနီရောင်အလင်းကို မြင်လိုက်၏။ “သူ နတ်ဘုရားတစ်ပါးရဲ့ သွေးနဲ့သန့်စင်ပြီးပြီ ဖြစ်ရမယ်” သူက တွေးသည်။

“မင်း လောင်းရဲသလား” ယွီဝမ်ကျန်းက ဟိန်းထွက်နေသောအသံကျယ်ကြီးဖြင့် မေးသည်။ သူက သူ၏လှံကို အရှေ့သို့ ဝေ့လိုက်ရာ မိုးခြိမ်းသံကြီးထွက်လာသည်။ ယွီဝမ်ကျန်းထံမှ ကြီးမြတ်သောစွမ်းအင်တို့ ဖြာထွက်နေစဉ်  လေထုသည် တုန်ခါလာပြီးနောက် ကြေမွလုဆဲဆဲပင် ဖြစ်လာသည်။

ယွီဝမ်ကျန်းကား ပြင်းပြသော တိုက်ခိုက်လိုစိတ်ဖြင့် နတ်စစ်သည်တော်ကြီးတစ်ပါးအလား ရပ်နေသည်။

“ငါ့အနေနဲ့ မင်းလောင်းကြေးထက် ပိုကောင်းတာတွေ ကမ်းလှမ်းနိုင်တယ်” မန်ဟိုက ပြောသည်။ “ဒါပေမဲ့ မင်း စိန်ခေါ်တာကိုတော့ ... ငါ ဘယ်လိုလုပ် လက်မခံဘဲ နေမလဲ” သူက ညာလက်သီးကို ဆုပ်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

သူ့လက်သီးနှင့် ယွီဝမ်ကျန်း၏လှံမှာ ချက်ချင်းဆိုသလို တစ်ခုကို တစ်ခု ဝင်တိုက်လိုက်ပြီး နားကွဲလုမတတ် အသံကျယ်ကြီး ပေါက်ကွဲလာသည်။ လှံက တန်ပြန်အားကို စုပ်ယူလိုက်၍ ကန်ထွက်သွားပြီး ယွီဝမ်ကျန်းမှာ နောက်ဆုတ်လိုက်ရပြန်သည်။ သွေးများ သူ့ပါးစပ်မှ စီးကျလာပြီး သူ ခေါင်းမော့လာသည့်အခါ သူ့အမူအရာသည် ယခင်ပို၍ ရူးမိုက်လာ၏။ သူက လှံကို ဘေးသို့ ဖယ်ထုတ်၍ နှုတ်ခမ်းမှ သွေးများကို သပ်ရင်း နီရဲသောမျက်လုံးများဖြင့် မန်ဟို့ကို စိုက်ကြည့်နေသည်။

“အဲဒီအရှုံးသမားဟန်ချင်းလဲ့က မင်းအတွက် ပြိုင်ဘက်မဟုတ်သလို ၊ မင်းက ဆန်ကုန်မြေလေးလင်းချုံကိုလည်း အနိုင်ယူခဲ့တယ်။ မင်းက သန်မာတယ် မန်ဟို။ ဒါပေမဲ့ ငါက ... ပိုလို့တောင် သန်မာတယ်ကွ

“လင်းချုံက ပထမတောင်က အက်ရှလွန်ကျင့်ကြံသူ တာအိုကောင်းကင်ပြီးရင် ဒုတိယအစွမ်းထက်ဆုံးလို့ ထင်သလား

“အဲဒီစာရင်းက ဟိုးလွန်ခဲ့တဲ့ အနှစ်သုံးဆယ်ထဲက စရှိခဲ့တဲ့အပြင် အက်ရှလွန်စာရင်းဝင်ဖို့ မိမိကိုကိုယ်ပိုင်လမ်းစဉ်အမှန် ရှိဖို့လိုတယ်။ ငါတို့စာရင်းဝင်တွေကြားက အင်အားခြားနားမှုက တစ်ခါတုန်းကတော့ ကြီးမားခဲ့တာပေါ့။ အဲဒီတုန်းက ငါဟာ လင်းချုံအတွက် ပြိုင်ဘက်မဟုတ်ခဲ့ပေမယ့် အခုတော့ ... သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ပြီ

“တာအိုကောင်းကင်ရဲ့ နံပါတ်တစ် အစွမ်းထက်ဆုံး အက်ရှလွန်ကျင့်ကြံသူဆိုတဲ့ ဘွဲ့ကလည်း ... ဘွဲ့သာသာပဲ။ သူက အစွမ်းထက်ဆုံးမဟုတ်ဘူး” ယွီဝမ်ကျန်းက တဟားဟား ရယ်လိုက်ပြီး သူ၏တိုက်ခိုက်လိုစိတ်မှာ ပြင်းထန်နေသည်။ ထို့နောက် သူသည် မန်ဟို့ထံ ပြေးဝင်လာရင်း လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။

လက်ဝါးရိုက်ချက်က လေကို ခွင်းလာသဖြင့် အသံလှိုင်းများ တဖောင်းဖောင်း မြည်ကျန်ခဲ့သည်။ ယွီဝမ်ကျန်း၏ လက်ဝါးချက်က အရပ်လေးမျက်နှာမှ စွမ်းအင်များကို စုပ်ယူနေသည့်အလား မန်ဟို့ပတ်ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံ့တွလာသည်။

မန်ဟိုက နောက်မတွန့်။ သူက နတ်ဘုရားခြေခုနစ်လှမ်းကို အသုံးပြုရင်း ရှေ့တက်လာသည်။ သို့သော် ထိုအခိုက်အတန့်တွင် ယွီဝမ်ကျန်းက ရက်စက်ကြမ်းကြုတ်စွာ ပြုံးပြီးနောက် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်၏။

“ချုပ်နှောင်မှော်အစွမ်း” သူက မိုးကောင်းကင်ကို တသိမ့်သိမ့်တုန်ခါသွားစေသည်။ ချုပ်နှောင်ခြင်းသင်္ကေတတစ်ခု၏ စွမ်းအား ကျဆင်းလာသည်။ မန်ဟို့ထံသို့ မဟုတ်။ သူ့ပတ်ပတ်လည်ရှိ ဧရိယာအပေါ်သို့ပင်။

၎င်းသည် မန်ဟိုနှင့် ယွီဝမ်ကျန်းကို အထဲ၌ ပိတ်လှောင်လိုက်သော လှောင်အိမ်တစ်လုံး အသွင်ပြောင်းသွား၏။ လှောင်အိမ်ကြောင့် မန်ဟိုမှာ ပတ်ဝန်းကျင်မှ စွမ်းအင်များကို ငှားယူရန် နတ်ဘုရားခြေခုနစ်လှမ်းကို အသုံးမပြုနိုင်တော့ပေ။

“ငါက အဲဒီတာအိုမှော်သိုင်းကွက်အတွက် အသင့်ဖြစ်နေပြီးသား” ယွီဝမ်ကျန်းက ရှေ့ထပ်တက်လာရင်း ရယ်လိုက်သည်။

သူက ဟိန်းဟောက်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးထွားလာ၏။ မျက်စိတစ်မှိတ်အတွင်း သူသည် ယခင်ထက် နှစ်ဆ ထွားသွားပြီး သူ့အပြင်အားကိုယ်၏ခွန်အားတစ်ဝက်က သူ့ညာလက်သီးထဲတွင် စုစည်းသွားဟန်တူသည်။ သူကား စောစောကနှင့် လားလားမျှ မတူတော့ပေ။ ထို့နောက် သူသည် ညာလက်ကို လွှဲလိုက်ရာ အံ့မခန်းလိလိစွမ်းအား ပေါ်ထွက်လာ၏။

သူ့ချီနှင့်သွေးတို့ တဝုန်းဝုန်း မြည်လာပြီး အရှိန်အဝါများနှင့်ပတ်သက်လျှင် တုံ့ပြန်လွယ်သော မည်သူမဆို အဝေးတွင်ရောက်နေလျှင်တောင်မှ သူ့ထံမှ ဖြာထွက်လာသည့် သွေးအလင်းရောင်ကို ခံစားရနိုင်လိမ့်မည်။ ၎င်းက သန်းခေါင်ယံတွင် လင်းနေဿော မီးအိမ်ပမာပင်။

“သေပေတော့” သူ့လက်သီးက မိုးနှင့်မြေကို ကိုင်လှိုင်နိုင်ပုံရသော အင်အားဖြင့် တရှိန်ထိုးထွက်လာသည်။

မန်ဟို့မျက်နှာသည် ပကတိ တည်ငြိမ်နေ၏။ လှောင်အိမ်ထဲမှ ရုန်းထွက်ဖို့က မခက်ပေ။ သို့သော် ယခုတွင် စစ်မှန်သော ကိုယ်ကာယကျင့်ကြံသူတစ်ဦးကို ဆုံတွေ့ခဲ့ရပြီဖြစ်၍ သူ၏တိုက်ခိုက်လိုစိတ်မှာ ပို၍ပင် ဆူပွက်လာတော့သည်။

ယွီဝမ်ကျန်း အနားရောက်လာစဉ် မန်ဟိုက လက်သီးဆုပ်၍ ရှေ့သို့ ခုန်လိုက်သည်။ ချက်ချင်းပင် မိုးကောင်းကင်အားလုံးကို ဖျက်စီးပြီး အသက်အလုံးစုံကို နုတ်ယူနိုင်ဟန်တူသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ထိုနုတ်ယူခြင်းစွမ်းအားက မန်ဟို့လက်သီးထဲတွင် စုစည်းလာကာ အသက်နုတ်အင်အားအစစ်ကို ဖန်တီးပေးလိုက်သည်။

အသက်နုတ်လက်သီး

အလင်းတန်းနှစ်တန်း တစ်တန်းထံ တစ်တန်း တရှိန်ထိုး သွားနေသဖြင့် ပတ်ပတ်လည်လေထုမှာ ကြေမွကုန်သည်။ ထို့နောက် မန်ဟို့လက်သီးသည် ယွီဝမ်ကျန်း၏အပြင်အားကိုယ်ခွန်အားနှင့် ဝင်တိုက်ပြီး ပေါက်ကွဲသံအကျယ်ကြီး ပဲ့တင်ထပ်လာတော့၏။

အုန်းးးးးးးးးးးးးးးးးးးး

မိုးကောင်းကင်မှာ စုတ်ပြတ်သွားပြီး မြေကြီးတို့ ပြိုကျကုန်သည်။ အရာခပ်သိမ်းသည် ပြင်းပြင်းထန်ထန် လှုပ်ခတ်နေ၏။ တုန်ခါလှိုင်းများက မန်ဟို့ကို ဖြတ်စီးသွားပြီး ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရစေသည်။ ကိုယ်ကာယကျင့်ကြံသူ ယွီဝမ်ကျန်းထံမှ အံ့အားသင့်ဖွယ်အင်အားက သူ့ကို သိသိသာသာ တုန်လှုပ်သွားစေခဲ့လေပြီ။ သို့ထိတိုင် သူ၏တိုက်ခိုက်လိုစိတ်က ပို၍သာ ပြင်းထန်လာသည်။

ယွီဝမ်ကျန်းမှာ ပါးစပ်မှ သွေးများပန်းထွက်ရင်း မီတာအနည်းငယ်မျှ ဆုတ်သွားရသည်။ သူ ခေါင်းမော့လိုက်သောအခါ အနိုင်မခံလိုသော တိုက်ခိုက်လိုစိတ်ကို သူ့မျက်ဝန်းများတွင် မြင်ရနိုင်၏။ သူက ခေါင်းနောက်လှန်၍ တဟားဟား အော်ရယ်လိုက်သည်။

“အသက်နုတ်ခြင်း။ ကောင်းပြီ မန်ဟို။ မင်း နောက်လက်သီးတစ်ချက်ကို ခံနိုင်မလား ကြည့်ကြသေးတာပေါ့။ မင်း ခံနိုင်ရင်တော့ မင်း ဆင်ခြင်သုံးသပ်လို့ရအောင် ငါ့ လောကစည်းတံဆိပ်ကို ပျော်ပျော်ကြီး ငှားပေးမယ်”

***

All Chapters