← Chapters

ဘာလုပ်နေတာတုန်း

Vol. 80 Ch. 1110

ဘာလုပ်နေတာတုန်း

Vol. 80 Ch. 1110

သူ၏ရယ်သံကြီး ပဲ့တင်ထပ်နေစဉ် ယွီဝမ်ကျန်းက ရုတ်တရက် အသက်ပြင်းပြင်းရှူသွင်းလိုက်ရာ လေမုန်တိုင်း တိုက်ခတ်နေသကဲ့သို့ အသံတစ်သံအား သူ့ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာစေသည်။

သူ၏အသက်ရှူသွင်းမှုလေးက သူ့ပတ်ပတ်လည်ရှိ မိုးနှင့်မြေစွမ်းအင်အလုံးစုံကို သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်စေရန် စုပ်ယူနေသည့်အလား ပတ်ဝန်းကျင်ရှိ လေများ ဖရိုဖရဲဖြစ်လာသည်။

ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ်သည် ၁၈ မီတာ မြင့်မားလာသည့်တိုင်အောင် လျင်မြန်စွာ ကြီးထွားလာ၏။

“ခြောက်ဆကိုးနတ်ဘုရားခန္ဓာ အသွင်ပြောင်းခြင်း (၁) “ ယွီဝမ်ကျန်း ဟိန်းဟောက်လိုက်စဉ် သူ့ခန္ဓာကိုယ်သည် ၁၈ မီတာမှ ၂၇ မီတာသို့ တဟုန်ထိုး ကြီးထွားလာသည်။ သူကား အံ့မခန်းလိလိ ဖိအားကို ထုတ်လွှတ်ရင်း လေတွင် ပျံဝဲနေသော လူ့ဘီလူးကြီးတစ်ကောင်အလားပင်။

သူက ညာလက်ကို မြှောက်၍ လက်သီးဆုပ်ပြီးနောက် မန်ဟို့ထံ ထိုးချလိုက်သည်။ ၎င်းက ရိုးရှင်းသောလှုပ်ရှားမှုလေး ဖြစ်သော်လည်း ရလဒ်အနေဖြင့် တဂျွတ်ဂျွတ် မြည်သံများထွက်လာကာ လေထုကို ကြေမွသွားစေသည်။ သူသည် ထပ်မံ၍ ဟိန်းဟောက်လိုက်ကာ တောင်ကြီးသဖွယ် မန်ဟို့ထံ ပြေးဝင်သွား၏။

သူသည် ဧရာမကြီးမားသော်လည်း မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားနေ၏။ မျက်စိတစ်မှိတ်အတွင်း သူက သုတ်သင်ခြင်းစွမ်းအားဖြင့် လက်သီးကြီးကို ထိုးသွင်းရင်း မန်ဟို့အရှေ့တည့်တည်သို့ ရောက်လာခဲ့လေပြီ။

မန်ဟို့မျက်လုံးများက ထူးဆန်းစွာ တောက်ပလာသည်။ သွေးများက သူ့သွေးကြောများကို ဖြတ်၍ လျင်မြန်စွာ စီးဆင်းသွားပြီး ယွီဝမ်ကျန်း၏လက်သီး အနားရောက်လာစဉ် သူ၏တိုက်ခိုက်လိုစိတ်မှာ ပြင်းထန်နေဆဲပင်။ သူသည် အံတင်းတင်းကြိတ်လိုက်ပြီး သူ၏စွမ်းအားက ယွီဝမ်ကျန်း၏စွမ်းအားနည်းတူ တဖွေးဖွေး လှုပ်မလာသော်လည်း ထိုအသက်တစ်ရှိုက်တည်းနှင့် သူ၏အရှိန်အဝါက ဝုန်းဒိုင်းကြဲ မြင့်တက်သွားသေးလေသည်။

နတ်ဆိုးတစ်ကောင်ကဲ့သို့ ရူးမိုက်မှု ဖြစ်ပေါ်လာသည်။ ၎င်းက သွေးသံရဲရဲ ဖြတ်တောက်ခံနေရလျှင်တောင်မှ၊ အရိုးအားလုံး ကြေမွသွားလျှင်တောင်မှ မည်သည့်အရာကိုမှ သောက်ဖက်မလုပ်သော ခိုင်မာပြတ်သားမှုမျိုးဖြစ်သည်။

ထိုစိတ်က လေကို ခွင်းသွားသော လက်သီးချက်ပေါ်တွင် စုဆုံသွားသည်။ ဤသည်ကား မန်ဟို၏ ဒုတိယလက်သီးချက် ....

နတ်ဆိုးလက်သီးတဖြစ်လဲ ခန္ဓာစတေးလက်သီးပင်။

အုန်းးးးးးးးးးးးးး။ မန်ဟိုနှင့် ယွီဝမ်ကျန်းတို့ တစ်ယောက်ကို တစ်ယောက် ဝင်တိုက်သွားသည်။ မြေပြင်များ တုန်ခါပြီး တောင်များ ပြိုကျကာ မိုးမှောင်ကျသွားသည်။ မန်ဟိုမှာ အင့်ခနဲ ငြီး၍ ခြေလှမ်းနှစ်ဆယ်ခန့် ဆုတ်လိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ ကြိုးပြတ်သော စွန်ပမာ ပါးစပ်မှ သွေးများပန်းထွက်လျက် လွင့်ထွက်သွားသော ယွီဝမ်ကျန်းကို မြင်လိုက်ရ၏။ မန်ဟို့လက်သီးတစ်ချက်က သူ့ကို လည်ထွက်သွားစေခဲ့ပြီး သူ့တစ်ကိုယ်လုံးကို အစိတ်စိတ်အမြွှာမြွှာ စုတ်ပြတ်တော့မတတ် ဖြစ်စေခဲ့သည်။

“အသွင်ပြောင်းခြင်း (၂)”

“အသွင်ပြောင်းခြင်း (၃)”

“အသွင်ပြောင်းခြင်း(၄)” ယွီဝမ်ကျန်းသည် နောက်လွင့်ထွက်နေစဉ် ၁၀၈ မီတာ မြင့်မားသည်အထိ ထွားလာခဲ့၏။ ယခုတွင် သူကား ကြောက်ခမန်းလိလိ အင်အားကြီးမားသော ဘီလူးကြီးစင်စစ် ဖြစ်နေလေပြီ။ နောက်ဆုံးတော့ သူက ဟိန်းဟောက်ရင်း ရပ်လိုက်နိုင်ပြီး အားတင်း၍ မန်ဟို၏ နတ်ဆိုးလက်သီးကို တွန်းလှန်လိုက်သည်။ “အသွင်ပြောင်းခြင်း (၅)”

နောက်ထပ်ဟိန်းဟောက်လိုက်သံ ကြားလိုက်ပြီး သူကား ပို၍ပင် ကြီးမားလာလေပြီ။ မန်ဟို သူ့ကို မှီသွားသည့်အခါ သူသည် ၁၃၅ မီတာ မြင့်နေပြီဖြစ်၏။ အဝေးမှကြည့်လျှင် မန်ဟိုမှာ ဖြုတ်ကလေးသဖွယ်သာ။

သို့သော် ထိုဖြုတ်သဖွယ် ကိုယ်လေးထဲတွင် ယွီဝမ်ကျန်း၏အပြင်အားကိုယ်ကြီးကိုပင် တဆတ်ဆတ် တုန်လာစေသော စွမ်းအားတစ်ရပ်ရှိသည်။

မန်ဟို့မျက်လုံးများသည် ရေခဲတမျှ အေးစက်နေ၏။ ယွီဝမ်ကျန်းက စောစောက လက်သီးချက် နောက်ဆုံးဖြစ်မည်ဟု ပြောခဲ့သော်လည်း ယခုတော့ ထပ်မံတိုက်ခိုက်နေပြန်သည်။ မန်ဟိုမှာ စိတ်မရှည်တော့ပေ။ ရုတ်တရက် သူ့လက်သီးက လက်ဝါးအဖြစ် ပွင့်လာ၏။ ထိုကဲ့သို့လှုပ်ရှားမှုက သူ့အရှိန်အဟုန်ကို ကျဆင်းစေခဲ့သင့်သော်လည်း ထိုအစား ကြောက်မက်ဖွယ်လှိုင်းများ ဖြာထွက်လာသည်။

သူ့လက်ဝါးကား မိုးကောင်းကင်၏စိတ်ဆန္ဒဖြစ်လာဖို့ ကမ္ဘာလောကနှင့် ပေါင်းစည်းသွားခဲ့သယောင်ပင်။

ဤအခိုက်အတန့်တွင် လှောင်အိမ်ဧရိယာ၏အပြင်တွင် ပြင်းထန်းသောဖိအားတစ်ခု သက်ရောက်စပြုလာသည်။ နိုးထလာသောအရှိန်အဝါတစ်ခုက အချုပ်အနှောင်ကို ထိုးဖောက်၍ မန်ဟို့အပေါ် ရောက်ရှိလာသည်။

ထို့နောက် သူ့လက်ဝါးသည် လက်သီးအဖြစ် ဖြေးဖြေးချင်း ပြန်ဆုပ်လိုက်ရာ အရှိန်အဝါအား ဖော်ပြ၍မတတ်နိုင်လောက်အောင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေသော မိုးကောင်းကင်၏စိတ်ဆန္ဒပမာ ပေါက်ကွဲထွက်သွားစေသည်။

“နတ်ဘုရားသုတ်သင်ခြင်း” မန်ဟိုက အေးစက်စက် ပြောသည်။

သို့သော် သူ စကားပြောလိုက်သည့်အခိုက်အတန့်တွင် ယွီဝမ်ကျန်းမှ ရုတ်တရက် သေရတော့မည့်အာရုံကို ခံစားလိုက်ရသည့်အလား တခိုက်ခိုက်တုန်သွားသည်။ ၎င်းမှာ ပြောပြမတတ်လောက်အောင် ပြင်းထန်သည်သာမက ဆက်လက်တိုက်ခိုက်လျှင် သေရလိမ့်မည်ဟု ခံစားလိုက်ရစေသည်။

“သောက်ကျိုးနည်း သူက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်ရတာတုန်း။ လင်းချုံကို တိုက်ခိုက်နေတုန်းက ချုပ်တည်းထားခဲ့တာပဲဖြစ်မယ်” ယွီဝမ်ကျန်း၏ မျက်နှာပျက်သွားပြီး သူ၏စွမ်းအးတို့လည်း ရုတ်တရက် မှေးမှိန်လာသည်။ သူသည် ပုံမှန်အရွယ်အစားသို့ ပြန်ကျုံ့ရင်း ချက်ချင်း နောက်ဆုတ်လိုက်၏။ ထို့နောက် အလွန်လေးနက်နေသော မျက်နှာထားဖြင့် ဒေါသတကြီး ဆိုသည်။ “အစ်ကိုမန်၊ ဘာလုပ်နေတာတုန်း။ ဘာလုပ်နေသလဲရော သိရဲ့လား။ ငါတို့ သဘောတူထားတယ်လေ။ ဒီတိုင်း တစ်ယောက်နဲ့တစ်ယောက် လက်ရည်စမ်းနေတာလေ မဟုတ်လား။ ငါ့ကို တကယ်ကြီး အသေတိုက်ဖို့ လုပ်နေတာ ယုံတောင်မယုံနိုင်ဘူး

“ညီအစ်ကိုအချင်းချင်းဆိုတော့ တကယ် ခံစားရတယ်။ အခုလေးတင်မှ တွေ့ကြတာဆိုပေမယ့် မြင်မြင်ချင်း ငါတို့က သူငယ်ချင်းဖြစ်ခဲ့ကြတာ မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် သတ်စရာမလိုပါဘူးကွာ။ မင်းက ငါနဲ့ လောကစည်းတံဆိပ်ချင်း လဲသုံးဖို့ အရည်အချင်းရှိသားပဲ ဟားဟား။ ဒီမှာ အစ်ကိုမန် ငါ နောက်ဆုံးလက်သီးချက်က နောက်ဆုံးပဲလို့ ပြောခဲ့တယ်မဟုတ်လား။ ငါက စကားတည်ပါတယ်ကွ” ယွီဝမ်ကျန်းမှာ မောက်မာထောင်လွှားနေရာမှ မန်ဟို့ကို အစ်ကိုအဖြစ် ပြောင်းခေါ်ရန် နည်းနည်းလေးမှ ရှက်ပုံလည်း မပေါ်သလို၊ စိတ်မသက်မသာဖြစ်ဟန်လည်း မတူပေ။ သူ့အမူအရာက ကိုယ်ကာယကျင့်ကြံသူတစ်ယောက် ပြုမူသင့်သည့်အတိုင်း ရိုးသားနေသည့်အပြင် သူ့ထံမှ ဖြောင့်မတ်တည်ကြည်သောအငွေ့အသက်ကိုလည်း ထုတ်လွှတ်နေသည်။

“လောကစည်းတံဆိပ်ချင်းလဲဖို့ ကိစ္စအတွက် အစ်ကိုမန်ဟို ငါတို့ ပြည်ထောင်ခုနစ်ရဲ့ နိုင်ငံ့အရှိန်အဝါတောင်ကို အတူတူသွားကြရင် မကောင်းဘူးလား။ စည်းတံဆိပ်ချင်းလဲလိုက်တော့ ငါတို့ဆက်ဆံရေးလည်း ထိခိုက်မှာမဟုတ်တော့ဘူး။ ဒါ့အပြင် အနှစ်သာရတွေလည်း ထပ်ရဦးမယ်။ ဘာဆိုးကျိုးများ ရှိနိုင်ဦးမလဲ”

ထူးဆန်းသောအမူအရာတစ်ခု မန်ဟို့မျက်နှာထက်တွင် ပေါ်လာပြီး သူက လက်သီးဆုပ်ကို ဖြေကာ ချောင်းဟန့်လိုက်သည်။

“အကောင်းဆုံးပေါ့”

“ကျေးဇူးပြုပြီး လိုက်ခဲ့ပါ” ယွီဝမ်ကျန်းက စိတ်သက်သာရာရသွားပြီးနောက် ဝမ်းသာအားရ ရယ်ကာ ရှေ့မှဦးဆောင်သွားသည်။ သူနှင့်မန်ဟိုသည် ပြည်ထောင်ခုနစ်၏ နိုင်ငံ့အရှိန်အဝါတောင်သို့ ထွက်သွားသော အလင်းတန်းများအသွင် ပြောင်းသွားကြ၏။ များမကြာခင် နှစ်ယောက်သား ရောက်သွားကြပြီး မန်ဟိုမှာ ယွီဝမ်ကျန်း၏ ဖိတ်ခေါ်ခြင်းခံခဲ့ရသည့်အတွက် နိုင်ငံအရှိန်အဝါတောင်က သူ့ကို အန္တရာယ်မပြုပေ။

သူတို့ ရုပ်တုဆီ ရောက်သည်နှင့် ယွီဝမ်ကျန်းက ဖမ်းဆုပ်သည့် လက်ဟန်လုပ်ကာ လောကစည်းတံဆိပ်မီးတောက်အား ပျံသန်းလာစေပြီး သူ့လက်ဝါးပေါ်တွင် ပျံဝဲနေစေသည်။

မန်ဟိုက မပြောင်းလဲသော မျက်နှာထားဖြင့် ထိုနည်းတူ လက်ကို ဆန့်ထုတ်၍ လောကစည်းတံဆိပ်မီးတောက်တစ်ခုအား ပေါ်လာစေလိုက်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် သတိထားအကဲခတ်ပြီးနောက်မှ လက်များ ဝှေ့ယမ်း၍ မီးတောက်ချင်း လဲလှယ်လိုက်ကြ၏။

ယွီဝမ်ကျန်းက ပြုံး၍ ခေါင်းညိတ်ပြီးနောက် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် ဉာဏ်အလင်းရှာဖွေခြင်းကို ချက်ချင်း မစတင်ဘဲ မန်ဟို့ကို ကြည့်ကာ မန်ဟို အရင်စမည်ကို စောင့်လိုက်၏။ စပြီဆိုသည်နှင့် ရပ်ရန် နည်းလမ်းမရှိပေ။ ပြိုင်တူမစလျှင် နှစ်ယောက်လုံး စိတ်အေးလက်အေးမရှိနိုင်။

ထိုမျှသာမက ယွီဝမ်ကျန်းသည် ပြည်ထောင်ခုနစ်၏ လောကစည်းတံဆိပ်အား အပိုင်အဖြစ် လိုလိုလားလား မပေးလိုပေ။

တခဏ တွေးပြီးနောက် မန်ဟိုက ဘယ်လက်ကို ဝှေ့ယမ်းလိုက်ကာ သစ်စေ့နက်မှင်စာများအား ဓမ္မအစောင့်များအဖြစ် ပတ်ပတ်လည်တွင် နေရာယူစေလိုက်သည်။ ထို့နောက် သူက ထိုင်ချပြီး သူ့လက်ထဲရှိ မီးတောက် ကြည့်နေသည်။

ယွီ၀မ်ကျန်းက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ရာ သူ့ပတ်ပတ်လည်တွင် တောက်ပသော အလင်းရောင်များ ရစ်သိုင်းသွားစေပြီးနောက် အကာအကွယ်ဒိုင်းတစ်ခု ဖြစ်လာစေသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် နောက်ဆုံးအကြိမ်ကြည့်ပြီး စကားထပ်မပြောတော့ဘဲ ဆင်ခြင်သုံးသပ်ရာတွင် စိတ်နှစ်လိုက်ကြတော့၏။

ချက်ချင်းပင် နှစ်ယောက်လုံး တုန်ရီလာကြသည်။ တစ်ယောက်ကိုတစ်ယောက် သတိကြီးကြီးထားရင်း၊ နှစ်ယောက်လုံးက အနှစ်သာရနှင့် သဘာ၀နိယာမများအပေါ်တွင် အာရုံစူးစိုက်ထားကြလေသည်။။

အချိန်များ ကုန်လွန်သွားသည်။ သုံးရက်ကြာသော် ဆင်ခြင်သုံးသပ်ရာတွင် အရေးကြီးသော အခိုက်အတန့်သို့ နှစ်ယောက်လုံး ရောက်ရှိသွားကြသည်။ ယွီ၀မ်ကျန်းက မန်ဟိုကဲ့သို့ လေဟုန်ခွင်းလောကကမှ ချီကြောဖြင့် ကောင်းချီးပေးမခံရသော်လည်း ဤသည်မှာ သူ၏ အခြေစိုက်ရာနေရာဖြစ်သည့်အတွက် ဉာဏ်အလင်းရရှိနှုန်းက ပို၍မြန်ဆန်၏။

ဆန့်ကျင်ဘက်တွင် မန်ဟိုမှာ သူ၏အခြေစိုက်ရာနေရာ စည်းဖြူတောင်တွင်မဟုတ်ဘဲ ပြည်ထောင်ရှစ်၏ နိုင်ငံ့အရှိန်အဝါတောင်ပေါ်တွင် ဖြစ်၏။ ထိုအခြင်းအရာက သူ၏ ဉာဏ်အလင်းရရှိနှုန်းကို များစွာနှေးကွေးစေသင့်သော်လည်း သူ့တွင် လေဟုန်ခွင်းလောက၏ချီကြော ရှိလေသည်။ သို့ဖြစ်၍ သူ၏ အမြန်နှုန်းက အတန်ငယ်နှေးကွေးသော်လည်း သူ့အား ယွီ၀မ်ကျန်းထက် မဆိုစ‌လောက်လေး သာနေစေသည်အထိ လက်ခံနိုင်သော အမြန်နှုန်းဖြစ်ပေသည်။

သို့သော် လေးရက်မြောက်နေ့‌၊ မန်ဟိုပြီးမြောက်တော့မည့်အချိန် ပြည်ထောင်ခုနစ်အပေါ် သက်ရောက်နေသော ဖိအားမှာ ကြောက်ခမန်းလိလိ မြင့်တက်လာပြီး တဂျိန်းဂျိန်း ထစ်ချုန်းသံများ ပြည့်နှက်လာသည်။

ယွီ၀မ်ကျန်း၏ မျက်လုံးများ ဖျက်ခနဲ ပွင့်လာပြီး မျက်နှာပျက်သွား၏။

"တစ်ယောက်တော့ လာနေပြီ" သို့သော် ဉာဏ်အလင်းသုံးသပ်နေသည့် အခိုက်အတန့်တွင် သူတတ်နိုင်သည့်အရာ သိပ်မရှိပေ။ သူက သူ့နည်းတူ မျက်လုံးများဖွင့်၍ ‌အဝေးသို့ ကြည့်ရင်း မျက်မှောင်ကြုတ်နေသော မန်ဟို့ကို လှမ်းကြည့်လိုက်သည်။

သိပ်မကြာခင် အလင်းတန်းသုံးတန်းသည် လေကိုခွင်း၍ ပေါ်လာကြ၏။ ရှေ့ဆုံးတွင် ဦးဆောင်နေသည်က ဆံပင်တစ်၀က်ဖြူ၊ တစ်၀က်မည်းနေသော လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် ခန့်ညားရုံတင်မကဘဲ လှလည်း လှပသည့်အပြင် သူ့နဖူးပေါ်၌ တလက်လက် တောက်ပနေသော အက်ရှလွန်အမှတ်အသားတစ်ခုရှိ၏။

သူ့အနောက်တွင် နောက်ထပ်ကျင့်ကြံသူနှစ်ယောက် လိုက်ပါလာကြသည်။ ၎င်းတို့က ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်ဖြစ်သည်။ သူတို့မှာ ငယ်ရွယ်ပုံရသော်လည်း ကြောက်ခမန်းလိလိ ကျင့်ကြံခြင်းအရှိန်အဝါများကို ထုတ်လွှ‌တ်နေ၏။ သူတို့ကား မီးငြိမ်းဝိညာဉ်ငါးလုံးကိုယ်စီ ရှိထားကြသော ရှေးဟောင်းနယ်ပယ်အဆင့် ဖြစ်ကြသည်။ ထိုမျှသာမက သူတို့ ဖြန့်ကျက်နေသော အရှိန်အဝါများမှာ သာမန် ရှေးဟောင်းနယ်ပယ်ကျင့်ကြံခြင်းအခြေခံမျိုးမဟုတ်ပေ။ ရွေးချယ်ခံများဖြစ်ကြောင်း ဖော်ပြနေသယောင်ပင်။

"တာအိုကောင်းကင်ရဲ့ နံပါတ်တစ်နောက်လိုက် အက်ရှလွန်(၁၁) ဟိုက်တုန်းချင်း" ယွီ၀မ်ကျန်း၏ မျက်နှာ ရိပ်ခနဲဖြစ်သွားပြီး သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။

"နံပါတ်တစ်နောက်လိုက် ဟိုက်တုန်းချင်းတဲ့လား" မန်ဟိုက မေးလိုက်သည်။

"ဟိုက်တုန်းချင်းက ငါ့လို သတ္တမတောင်ပေါ်က အက်ရှလွန်ကျင့်ကြံသူ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တာအိုကောင်းကင်ရဲ့ အနိုင်ယူခံရပြီးနောက်တော့ သူက သူ့နောက်လိုက်လုပ်ဖို့ ရွေးချယ်ခဲ့တယ်လေ။ အက်ရှလွန်ကျင့်ကြံသူတစ်ယောက်အနေနဲ့ အခြားအက်ရှလွန်တစ်ယောက်ရဲ့ နောက်လိုက်ဖြစ်လာတာက အင်မတန် သိက္ခာကျစရာကောင်းတယ်" ယွီ၀မ်ကျန်းက အံတင်းတင်းကြိတ်လိုက်ပြီး လာနေသော ကျင့်ကြံသူသုံးယောက်ကို စိုက်ကြည့်လိုက်သည်။ "သေစမ်း။ တာအိုကောင်းကင်ရဲ့ ပန်းတိုင်က ပြည်ထောင်သုံးနဲ့ ပြည်ထောင်ခြောက် မဖြစ်သင့်ဘူးလား။ သူက သူတို့ကို လျစ်လျူရှုပြီး ဒီကို လာနေ‌တာ ယုံတောင်မယုံနိုင်ဘူး" ယွီ၀မ်ကျန်း၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက စိတ်ထဲတွင် ကျိန်ဆဲနေသည်။ သူ့မှာ ဉာဏ်အလင်းဆင်ခြင်သုံးသပ်ခြင်း မပြီးမြောက်သေးသည့်အတွက် တန်ပြန်တိုက်ခိုက်၍မရဖြစ်နေသည်။

"မင်းနဲ့ ဟိုက်တုန်းချင်းကြားမှာ ရန်ငြိုးတွေဘာတွေ ရှိလား" မန်ဟိုက ရုတ်တရက် ‌ထမေးသည်။

ယွီ၀မ်ကျန်း၏မျက်နှာ မည်းမှောင်သွားပြီး သူက ခေါင်းငြိမ့်လိုက်၏။ "ငါ သူ့ကို ဟိုးနှစ်တွေတုန်းက တစ်ခါ သတ်ခဲ့ဖူးတယ်"

သူတို့နှစ်ယောက်လုံးသည် သတ္တမတောင်ပင်လယ်တွင် အက်ရှလွန်ကျင့်ကြံသူများဖြစ်ရာ ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရန် ခဲယဉ်းသဖြင့် အသေတိုက်ခိုက်ရင်းသာ အဆုံးသတ်ခဲ့ကြရ၏။

မန်ဟို တိတ်ဆိတ်စွာ ထိုင်နေစဉ် ယွီဝမ်ကျန်းက အံတင်းတင်း ကြိတ်လိုက်သည်။ ယွီဝမ်ကျန်းအနေဖြင့် ကိုယ်တိုင်မတိုက်ခိုက်နိုင်သော်လည်း အကူအညီဆင့်ခေါ်နိုင်သည်။ သူက လက်ကို မြေကြီးအား ရိုက်ချလိုက်ရာ ပြည်ထောင်ခုနစ်တစ်ဝန်း တဂျိန်းဂျိန်း မြည်ဟည်းသွားသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် မရေမတွက်နိုင်သော အပေါက်များ သူ့ခန္ဓာကိုယ်တစ်လျှောက် ပေါ်လာပြီးနောက် ပေါက်ကွဲသွားကာ အရိပ်တစ်စုကို ဖော်ပြလိုက်သည်။

၎င်းတို့က အစွမ်းထက်သော ကျင့်ကြံခြင်းအခြေခံများဖြင့် ရုပ်သေးရုပ်ဒါဇင်ကျော် ဖြစ်သည်။ မန်ဟို့မျက်လုံးများ အတန်ငယ် ပြူးကျယ်သွားသော်လည်း ယွီဝမ်ကျန်းလည်း အက်ရှလွန်ဖြစ်သည်ကို ထည့်တွက်လျှင် အကြောင်းမည်မည်ရရမရှိဘဲ ဖော်ထုတ်ပြမည်မဟုတ်သည့် ဝှက်ဖဲများရှိမည်မှာ သဘာဝသာဖြစ်သည်။

ရုပ်သေးရုပ်များ ပေါ်လာသည့်အချိန်မှာပင် ဟိုက်တုန်းချင်းက အံ့ဩတုန်လှုပ်ဖွယ်စွမ်းအားကို ထုတ်လွှတ်လျက်၊ ဆံပင်များ ပျံ့လွင့်နေလျက် အောက်သို့ ထိုးဆင်းလာသည်။

“ပြန်တွေ့ကြပြီနော် ယွီဝမ်ကျန်း” ဟိုက်တုန်းချင်း၏မျက်ဝန်းများတွင် အမုန်းတို့ ကိန်းအောင်းနေသည်။ သူ ပျံသန်းလာစဉ် သူ့အသံသည် နူးညံ့ညင်သာပြီး နှစ်လို့ဖွယ်ကောင်းနေ၏။ ထို့နောက် သူ့အကြည့်က မန်ဟို့ထံ ရောက်ရှိလာသည်။

“မန်ဟိုပါလား။ မင်းကို ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး။ ထားပါလေ ကိစ္စမရှိဘူး။ ဒီနေ့တော့ အစ်ကိုကြီးတာအိုကောင်းကင်အတွက် လောကစည်းတံဆိပ်လေးခုကို ယူပေးရတော့မယ် ထင်တယ်”

ယွီဝမ်ကျန်း၏မျက်လုံးများ ဝိုင်းစက်သွားပြီး သူက အော်ဆဲတော့သည်။ “လီးကို အစ်ကိုကြီးတာအိုကောင်းကင်လား။ သောက်ကျိုးနည်း။ မင်းက တာအိုကောင်းကင်ရဲ့ လက်ပါးစေထက် မပိုဘူး သောက်ရူးရဲ့။ သူများနောက်လိုက်လုပ်ရတဲ့အထိ သိပ်အရှက်မဲ့နေတယ်ပေါ့လေ ဟမ် ဟိုက်တုန်းချင်း”

***

All Chapters