← Chapters

သူ ရောက်လာပြီ

Vol. 80 Ch. 1117

သူ ရောက်လာပြီ

Vol. 80 Ch. 1117

ပြည်ထောင်ခြောက်၏ နိုင်ငံ့အရှိန်အဝါတောင်ပေါ်တွင် ကောင်လေးဟုန်ပင်းသည် နောက်လိုက်ကိုးယောက်ဖြင့် ၀န်းရံလျက် မျက်နှာထားတင်းမာခက်ထန်နေ၏။ သူ၏ နေရာရွေ့ပြောင်းခြင်း၀င်ပေါက်မှာ တခဏအတွင်း အဆင်သင့်ဖြစ်နေချေပြီ။ နတ်ဘုရားစိတ်ဆန္ဒလေး ထည့်သွင်းလိုက်ရုံနှင့် နေရာရွေ့ပြောင်းခံရမည်ဖြစ်သည်။

သူသည် ပြည်ထောင်ခြောက်၏ လောကစည်းတံဆိပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ယွီ၀မ်ကျန်းကို အေးစက်စွာ ကြည့်နေ၏။ သို့သော်လည်း ယခုထက်ထိ နေရာမရွေ့ပြောင်းသေးပေ။

ယွီ၀မ်ကျန်းက နိုင်ငံ့အရှိန်အဝါတောင်၏ အပြင်နား ရောက်လာသည်အထိ သုတ်သုတ်ပျာပျာ ပျံသန်းလာသည်။ မှန်ပါသည်။ ဟုန်ပင်း၏ ခွင့်ပြုချက်မရှိဘဲ သူ့အနေဖြင့် အပြင်တွင်သာ ပျံဝဲ၍ ခပ်ယဲ့ယဲ့သာ ပြုံးနေနိုင်လေသည်။

"ညီလေး ဟုန်ပင်း။ နားထောင်ဦး"

"ပါးစပ်ပိတ်ထားစမ်း။ မင်း ညီအကိုလို့ ခေါ်တဲ့လူတွေအကုန်လုံး ကံဆိုးမိုးမှောင်ကျရတာ" ဟုန်ပင်းမျက်နှာမှာ အလွန်မသာမယာဖြစ်နေသည်။ သူသည် ဝိုင်းစက်နေသော မျက်လုံးဖြင့် အဝေးရှိ မန်ဟို့ကို လှမ်းကြည့်လိုက်၏။ မူလက သူ့မှာ ဤနောက်ဆုံးအက်ရှလွန်နှင့်ပက်သက်၍ သိပ်ပြီးခေါင်းထဲမရှိခဲ့ပေ။ သို့သော် လေဟုန်ခွင်းလောကတွင် ပြသခဲ့သော မန်ဟို၏ စွမ်းအားအခင်းအကျင်းက အက်ရှလွန်များ သူ့အပေါ် ထားရှိခဲ့သည့် အထင်သေးစိတ်အားလုံးကို ပျောက်ကွယ်သွားစေသည်။

သူက ဟန်ချင်းလဲ့ကို အနိုင်ယူခဲ့၍ လင်းချုံးကို ဖိနှိပ်ခဲ့ပြီးနောက် နောက်အက်ရှလွန်တစ်ယောက်ကို အမြစ်ဖြုတ်သတ်ဖြတ်ခဲ့သည်အထိ လုပ်ခဲ့၏။

တိုက်ပွဲအတွင်း ထိုကဲ့သို့ အောင်မြင်မှုများက သူအား လျှမ်းလျှမ်းတောက်နေတစ်စင်းပမာ ဖြစ်လာစေရာ မည်သူမှ သူ့ကို ပေါ့ပေါ့လေး သဘောမထားရဲတော့ပေ။

ဟုန်ပင်းက အံတင်းတင်းကြိတ်ကာ ပြောသည်။ "ငါ မင်းကို စကားသုံးခွန်း ပြောခွင့်ပေးမယ်။ အဲ့ဒါပြီးရင် လာတဲ့နေရာကို ပြန်သွားတော့။ မဟုတ်ရင် ငါ ဒီကနေ ထွက်သွားတော့မယ်"

"ထွက်သွားမယ်။ ဘယ်ကိုထွက်သွားမှာတုန်း" ယွီ၀မ်ကျန်းက ဖြောင့်မတ်တည်ကြည်သော မျက်နှာထားဖြင့် ဟုန်ပင်းကို လှမ်းအော်သည်။ "မင်း လေဟုန်ခွင်းလောကက ထွက်သွားလို့မှမရတာ။ ဘယ်ကိုပဲပြေးပြေး တာအိုကောင်းကင်က မင်းကို လိုက်ဖမ်းဦးမှာပဲလေ။ တကယ်ပဲ ထွက်သွားနိုင်မယ်ထင်သလား"

ဟုန်ပင်း၏မျက်နှာ မည်းမှောင်သွားသည်။ ထွက်ပြေးခြင်းက ရေရှည်အတွက် မကောင်းကြောင်း သူလည်း ကောင်းကောင်းသိသည်။ သို့သော် အခြားရွေးချယ်စရာမရှိပေ။ ‌တာအိုကောင်းကင်က အစွမ်းထက်လွန်းသည် မဟုတ်ပါလော။

"ငါ မင်းကို နောက်ထပ်နှစ်ခွန်း‌ ထပ်ပြောခွင့်ပေးမယ်" ဟုန်ပင်းက ပြောသည်။

"မင်းအနေနဲ့ မင်းကိုယ်မင်း မခုခံနိုင်ဘူး။ ငါလည်းပဲ မခုခံနိုင်ဘူး။ ဘာလို့လဲဆို‌တော့ ဒီသောက်ကျိုးနည်း လေဟုန်ခွင်းလောကက စည်းကမ်းချက်တွေကို ပြောင်းလဲလိုက်တဲ့အတွက်ကြောင့်။ မင်း ဘာကိုမှ သတိမထားမိဘူးလို့တော့ ငါ့ကို မပြောနဲ့။ ဒါ့အပြင် မန်ဟို့ကို ငါ ဘာကြောင့် ဒီခေါ်လာရတာလဲ မင်းမသိဘူးလို့လည်း မပြောနဲ့။ ငါတို့အားလုံးအတွက် ပူးပေါင်းလိုက်တာက အကျိုးနှစ်ဆများမယ်။ တစ်ယောက်ချင်းစီဆိုရင် ပိုပြီး သေနိုင်ခြေများတယ်"

"နောက်တစ်ခွန်းထပ်ပြောနိုင်တယ်" ဟုန်ပင်းက ညာလက်ကို မြေ‌ကြီးပေါ်ချ၍ နေရာရွေ့ပြောင်းခြင်းမုခ်၀ကို အသက်သွင်းရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။ တစ်ချိန်လုံး သူက ယွီ၀မ်ကျန်းကို စောင့်ကြည့်နေ၏။

"လခွမ်း။ ငါ့မှာ ပြောစရာစကားသုံးခွန်း မရှိဘူးကွ သောက်ရူးရဲ့" ယွီ၀မ်ကျန်းက ဆဲလိုက်သည်။ "မင်း လီးလိုထွက်သွားချင်တယ်ဆိုလည်း သွားလိုက်တော့"

ဟုန်ပင်းမှာ တအံ့တဩ စိုက်ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ပို၍ပင် မသာမယာဖြစ်လာသည်။ သူက အဝေးရှိ မန်ဟို့ကို လှမ်းကြည့်ပြီးနောက် အချိန်အတော်ကြာသော် အံတင်းတင်းကြိတ်လိုက်၏။

"သူ တာအိုကောင်းကင်ကို နိုင်နိုင်လား"

"နိုင်နိုင်သလို နိုင်လဲမနိုင်နိုင်ဘူး" ယွီ၀မ်ကျန်းက ခါးသီးစွာ ပြောသည်။ "မင်း ငါတို့နှစ်ယောက်နဲ့ ပေါင်းရင်တောင်မှ ငါတို့ တာအိုကောင်းကင်ကို နိုင်ချင်မှနိုင်မှာ။ ဒါပေမယ့် အဲ့ဒီ့လိုလုပ်မှပဲ အခွင့်အရေးလေးတစ်ခု ရမှာလေ။ မဟုတ်ရင်တော့ တာအိုကောင်းကင်က ငါတို့တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်နေဦးမှာပဲ"

ဟုန်ပင်း တိတ်ဆိတ်သွားသည်။ ယွီ၀မ်ကျန်းသာ သူတို့ တာအိုကောင်းကင်ကို နိုင်နိုင်သည်ဟု အသေအချာပြောခဲ့လျှင် ဟုန်ပင်း‌အနေဖြင့် ချက်ချင်း နေရာရွှေ့ပြောင်းသွားမည်ဖြစ်သည်။ သူ့မှာ ယွီ၀မ်ကျန်းပြောသမျှ ဘယ်စကားကိုမှ မယုံနိုင်ပေ။ သို့သော် ယွီ၀မ်ကျန်း သူ့ကို ယခုလို မထင်မှတ်ဖွယ်ကောင်းစွာ တုံ့ပြန်ခြင်းက ဟုန်ပင်းကို တွေဝေလာစေသည်။

“အလဲအလှယ်က ဘာလဲ” ဟုန်ပင်းက ယွီ၀မ်ကျန်းကို ကြည့်ရင်း မေးလိုက်သည်။

ယွီ၀မ်ကျန်းက ပြန်မ‌ဖြေခင် ဟုန်ပင်းကို တိတ်ဆိတ်စွာ ပြန်ကြည့်နေ၏။ "မင်းတကယ်ပဲ မေးဖို့လိုလား" တခဏကြာသော် သူက ဆက်ပြောသည်။ "တာအိုရောင်ရင်းဟုန်ပင်း ငါ မင်းကို အတိတ်တုန်းက တစ်ပတ်ရိုက်ကောင်း ရိုက်ခဲ့လိမ့်မယ်။ ဒါပေမယ့် အဲ့လိုလုပ်ခဲ့တုန်းက ငါ မင်းကို နာကျင်အောင် မလုပ်ခဲ့ဘူးဆိုတာ မင်း၀န်ခံရမယ်"

ဟုန်ပင်းသည် အံတင်းတင်းကြိတ်ပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ပြည်ထောင်ခြောက်၏ လောကစည်းတံဆိပ်က ပျံထွက်သွားပြီး အကာအကွယ်ကို ဖောက်ထွက်၍ ယွီ၀မ်ကျန်းကို ဖြတ်ကာ မန်ဟို့ထံ ပျံသန်းသွားလေသည်။

သူ့အနေဖြင့် အကြွေးတင်ခံရမည်ဆိုလျှင် ယွီ၀မ်ကျန်းထက် မန်ဟို၏ အကြွေးတင်ခံရခြင်းက ပိုကောင်းသည်။

မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် လောကစည်းတံဆိပ်ထံသို့ လက်လှမ်းလိုက်သည်။

"တာအိုရောင်းရင်း မန်ဟို" ဟုန်ပင်းက တစ်လုံးချင်းပြောသည်။ "ဒီခွေးမသား ယွီ၀မ်ကျန်း မင်းကို ဘာပြောခဲ့လဲမသိပေမယ့် ဒါက ငါတို့ ပထမဦးဆုံးတွေ့တာဆိုတော့ တစ်ခုတော့ ရှင်းအောင် ပြောချင်တယ်။ တာအိုကောင်းကင်က လူတွေကို စသတ်နေပြီ။ ငါ သားကောင်မဖြစ်ချင်ဘူး။ ယွီ၀မ်ကျန်းလည်း မဖြစ်ချင်ဘူး။ မင်းကတော့ မင်း တာအိုကောင်းကင်ကို တိုက်ခိုက်ချင်ရင် ငါတို့အကူအညီကို လိုလိမ့်မယ်

"အနည်းဆုံးတော့ တာအိုကောင်းကင် မသေမချင်း မင်း ငါတို့ကို လိုအပ်နေလိမ့်မယ်"

မန်ဟိုက လောကစည်းတံဆိပ်ကို ဖမ်းလိုက်သည်။ တခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။ "မင်း မှန်တယ်" သူက ဖြည်းညင်းစွာ ပြောသည်။ "ဆိုတော့ အဆင်သင့်ဖြစ်ကြပြီလား"

မန်ဟို့ထံမှ တုံ့ပြန်မှုက ဟုန်ပင်းကို သတိလက်လွတ် ဖြစ်သွားစေသည်။ မန်ဟိုသည် ယုံကြည်ချက်ခိုင်မာနေသော စကားများကို ပြောလိမ့်မည်ဟု ယူဆခဲ့သော်လည်း သူက ထင်ထားသည်နှင့် တစ်ခြားစီ တုံ့ပြန်ခဲ့လေသည်။ ယွီ၀မ်ကျန်း၏မျက်လုံးများလည်း ဝိုင်းစက်ပြူးကျယ်သွား၏။ သူနှင့်ဟုန်ပင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ခိုင်မာပြတ်သားသောအမူအရာတို့ သူတို့မျက်နှာပေါ်တွင် စိုးမိုးသွားသည်။

"တာအိုရောင်ရင်းမန် မင်းက တကယ် ပွင့်ပွင့်လင်းလင်းသမားပဲ” ဟုန်ပင်းက ပြောသည်။ "ငါ ဘာမှ ပြင်ဆင်စရာမလိုဘူး။ အခုချက်ချင်း တိုက်ဖို့ အဆင်သင့်ဖြစ်ပြီ" ထို့နောက် သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်ရင်း ထရပ်လိုက်သည်။ သူ၏ စွမ်းအားတို့က တရိပ်ရိပ် ထိုးတက်လာပြီး လေပြင်းမုန်တိုင်းများ တိုက်ခတ်လာသည်။

ယွီ၀မ်ကျန်း၏ မျက်လုံးများ၌ ပြတ်သားမှုတို့ လင်းလက်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံလည်း စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာသည်။ ဒုတိယလေမုန်တိုင်းကြီးသည် ဟုန်ပင်း၏ လေမုန်တိုင်းနှင့် ပေါင်းစည်းရင်း မိုးကောင်းကင်အထက်သို့ ဆင်နှာမောင်းကြီးသဖွယ် တက်သွားပြီး အရာအားလုံးကို တုန်ခါနေစေသည်။ ကြောက်ခမန်းလိလိ စွမ်းအားက မြေပြင်များကို လှုပ်ခတ်‌လာစေပြီး လေထုကို ပုံပျက်ရှုံ့တွလာစေသည်။ သူတို့သည် ညဉ့်နက်သန်းခေါင်တွင် လောင်ကျွမ်းနေသော မီးတုတ်များအလား တာအိုကောင်းကင်ကိုပင် သူတို့တိုက်ခိုက်မည့်အကြောင်း စစ်ကြေညာနေချေပြီ။

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူသည် ပြည်ထောင်ခြောက်၏ လောကစည်းတံဆိပ်ကို သိမ်း၍ သူ့စွမ်းအားကိုလည်း ထုတ်လွှတ်လိုက်၏။ သူ့စွမ်းအားက ယွီဝမ်ကျန်းနှင့် ဟုန်ပင်း၏စွမ်းအားများကို လျင်မြန်စွာ လွှမ်းရင်း အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်ခါလာစေသဖြင့် တဝုန်းဝုန်းမြည်သံများ ကြားရနိုင်သည်။

ဤသည်မှာ လှည့်ကွက်မဟုတ်၊ ပရိယာယ်မဟုတ်၊ ထောင်ချောက်လည်းမဟုတ်။ လူသိရှင်ကြား စစ်ကြေညာခြင်းသာ။

လေဟုန်ခွင်းလောကရှိ သေမျိုးများအနေဖြင့် လေဖိအား အတန်ငယ်တိုးလာသည်ထက်ပို၍ မခံစားရပေ။ သို့သော် ကျင့်ကြံသူများကတော့ ကြောက်ခန်းလိလိ ပြောင်းလဲမှုများ၊ မြေငလျင်လှုပ်ခတ်မှုများနှင့် မိုးကောင်းကင်၏ ဖရိုဖရဲဖြစ်မှုများကို အာရုံရလိုက်သည်။

မန်ဟို၊ ယွီဝမ်ကျန်းနှင့် ဟုန်ပင်းတို့၏ အရှိန်အဟုန်မြင့်မားသောစိတ်ဆန္ဒကိုမူ .... အက်ရှလွန်ကျင့်ကြံသူများသာ ခံစားရနိုင်၏။

ဟန်ချင်းလဲ့နှင့် လင်းချုံမှာ သူတို့၏မူလပြည်ထောင်များတွင် မဟုတ်တော့ပေ။ နှစ်ယောက်လုံးမှာ လေဟုန်ခွင်းလောကရှိ တစ်နေရာရာတွင် ပုန်းနေကြရ၏။ တောင်အတွင်းရှိ ဂူတစ်လုံးထဲတွင် ဟန်ချင်းလဲ့သည် ပြည်ထောင်ခြောက်ရှိရာသို့ ရုတ်တရက် လှမ်းကြည့်လိုက်ပြီး မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။

လင်းချုံသည် ကန်တစ်ကန်၏အောက်ခြေတွင် တင်ပျဉ်ခွေထိုင်နေ၏။ ကန်ရေများ တုန်ခါလာသောအခါ သူက ရုတ်တရက် ခေါင်းမော့၍ မျက်လုံးများ လင်းလက်သွားသည်။

ပြည်ထောင်လေးတွင် တာအိုကောင်းကင်သည် အမြန်ဆုံးအရှိန်ဖြင့် လေကိုခွင်းလာနေစဉ် ရုတ်တရက် ပျံသန်းနေရာမှ ရပ်၍ ပြည်ထောင်ခြောက်သို့ လှမ်းကြည့်လိုက်၏။ တောက်ပသော အလင်းရောင်က သူ့မျက်လုံးများတွင် မြင်ရနိုင်ပြီး အပြုံးတစ်စက သူ့နှုတ်ခမ်းစွန်းတွင် ဖြစ်ထွန်းလာသည်။ သူသည် ထိုသုံးယောက်၏ တိုက်ခိုက်လိုသော စိတ်ဆန္ဒကို ခံစားလိုက်ရပြီး သူ့ကို စိန်ခေါ်နေကြောင်း ပြောနိုင်သွား၏။

"မင်းတို့က တိုက်ခိုက်ချင်တယ်ပေါ့လေ။ ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့" သူက မောက်မာ၀င့်ကြွားစွာ ပြောသည်။ ထို့နောက် သူသည် အရှိန်တင်၍ အဝေးသို့ တဟုန်ထိုးထွက်သွားသော မိုးပြာရောင်နဂါးတစ်ကောင်အသွင် ပြောင်းသွားတော့၏။

ထစ်ချုန်းသံကြီးက မိုးနှင့်မြေကို တုန်ခါနေစေကာ လေပြင်းမုန်တိုင်းအား တိုက်ခတ်လာစေပြီး မိုးကောင်းကင်မှာ ရွေ့လျားစပြုလာသည်။ မန်ဟိုတို့၏ စွမ်းအားနှင့်ယှဉ်လိုက်‌သောအခါ သူ၏စွမ်းအားက အမှန်တကယ်ပင် အနည်းငယ် ကျော်လွန်နေ၏။

တစ်ချိန်တည်းမှာပင် သူက အရှိန်ထပ်တင်၍ ပုံရိပ်များကိုသာ နောက်ချန်ခဲ့ရင်း ပြည်ထောင်ခြောက်သို့ တဟုန်ထိုး ထွက်သွားတော့သည်။

ပြည်ထောင်ခြောက်၏ နိုင်ငံ့အရှိန်အဝါတောင်အပြင်တွင် မန်ဟိုတို့ စွမ်းအားများကို ထုတ်ဖော်လိုက်သည်နှင့်တစ်ပြိုင်တည်းဆိုသလို တာအိုကောင်းကင်ထံမှ တုံ့ပြန်မှုကို ခံစားလိုက်ကြရသည်။ ယွီဝမ်ကျန်း၏မျက်နှာ မည်းမှောင်သွား၏။

“ကိုယ်ကျိုးနည်း သူက ပိုလို့တောင် အစွမ်းထက်လာပါလားဟ”

မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူသည် ပထမတောင်မှ တာအိုကောင်းကင်ကို တစ်ခါမှ မဆုံတွေ့ခဲ့ဖူးသော်လည်း တခြားအက်ရှလွန်များထံ နာမည်ကြားခဲ့ဖူး၏။ တာအိုကောင်းကင်က အစွမ်းထက်ပြီး လွန်ခဲ့သောအနှစ်သုံးဆယ်က နံပါတ်တစ်အက်ရှလွန်ဆိုသောဘွဲ့ကို ရရှိခဲ့ကြောင်း သိထား၏။

နှစ်သုံးဆယ်အတွင်း တခြားအက်ရှလွန်များအနေဖြင့် သူ့ကို အမှီလိုက်၍ တိုက်ခိုက်ခဲ့သောအခွင့်အရေးများ ရခဲ့လိမ့်မည်။ သို့သော် လေဟုန်ခွင်းလောကတွင် ဖြစ်ပျက်နေသည့်အရာများအရ တာအိုကောင်းကင်သည်... နံပါတ်တစ်အစွမ်းထက်ဆုံးဖြစ်နေသေးဟန်ပင်။

မန်ဟိုက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပလာ၏။

နိုင်ငံ့အရှိန်အဝါတောင်၏အကာအကွယ်ထဲ၌ ဟုန်ပင်းမှာ ရင်ခုန်သံမြန်လာသည်ကို ခံစားနေရသည်။ ယခုတွင် တာအိုကောင်းကင်က သူ့စွမ်းအားကို ထုတ်ပြခဲ့ပြီဖြစ်ရာ စောစောက သူ၏သတ္တိတို့မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေပြီ။

သို့သော် တခဏကြာသော် သူ့မျက်လုံးများ လင်းလက်လာပြီး သူက ပြောသည်။ “ငါက တာအိုမှော်သိုင်းကွက်တွေနဲ့ အကျွမ်းဝင်တယ်။ ဘေးကင်းတဲ့ ဒီအကာအကွယ်ထဲမှာ နေပြီး တာအိုကောင်းကင်ကို မှော်သိုင်းတွေနဲ့ တိုက်ပေးမယ်။ အဲဒီလို ငါ ကူညီပေးမယ် အစ်ကိုမန်နဲ့ အစ်ကိုယွီဝမ်”

ယွီဝမ်ကျန်းက တခဏ တွန့်ဆုတ်နေပြီးနောက် အံတင်းတင်းကြိတ်လိုက်သည်။ ခိုင်မာပြတ်သားမှုက သူ့မျက်ဝန်းများတွင် တောက်ပနေရာ သူ့ပုံစံမှာ တုံးတိုက်တိုက် ၊ ကျားကိုက်ကိုက် အပီအပြင်ချတော့မည့်ပုံပေါ်နေ၏။

“ငါက ကိုယ်ကာယကျင့်ကြံသူ၊ ခြောက်ဆကိုးနတ်ဘုရားကိုယ်ရှိတယ်” သူက ပြောသည်။ “အစ်ကိုမန် ၊ မင်းက ငါတို့ကြားမှာ အစွမ်းထက်ဆုံးဖြစ်လောက်ပေမယ့် တာအိုကောင်းကင်နဲ့ တစ်ခါမှ ထိပ်တိုက်မတွေ့ဖူးဘူး။ ဒါကြောင့် မင်း သူ့ကို အကဲခတ်ဖို့ အချိန်ဆွဲပေးလို့ရအောင် ငါ့ကို တိုက်ပွဲမှာ ဦးဆောင်ခွင့်ပေးပါ”

ယွီဝမ်ကျန်း၏ စကားက ဟုန်ပင်းကို မှင်သက်သွားစေသည်။ ယွီဝမ်ကျန်းသည် ရိုးသားပုံပေါက်သော်လည်း အင်မတန် ကောက်ကျစ်သောလူစားမျိုး ဖြစ်၍ ဟုန်ပင်းမှာ ယခုလေးတင် ပြောခဲ့သလို သူ လုပ်လိမ့်မည်ဟု မထင်ပေ။

မန်ဟိုလည်း ယွီဝမ်ကျန်းကို ထူးဆန်းသောမျက်နှာထားဖြင့် ကြည့်နေသည်။ တခဏတွေးပြီးသော် သူက ခေါင်းညိတ်လိုက်၏။ “သိပ်ကောင်းတယ် အဲဒါက သူ့ကို လေ့လာဖို့ အချိန်ပေးလိမ့်မယ်”

သုံးယောက်သား စကားဆက်မပြောကြတော့ပေ။ ယွီဝမ်ကျန်းနှင့် မန်ဟိုက အကာအကွယ်၏အပြင် လေလယ်၊ ဟုန်ပင်းက အထဲတွင် တင်ပျဉ်ခွေခိုင်နေကြသည်။ သူတို့သည် တာအိုကောင်းကင်ရောက်လာမည်ကို စောင့်ရင်း ထိပ်ဆုံးအခြေအနေတွင်သာ ထိန်းထားကြ၏။ နောက်ဆုံးတွင် ယွီဝမ်ကျန်းက ဆေးပုလင်းတစ်ပုလင်းထုတ်ပြီး တစ်လုံးကို တိတ်ဆိတ်စွာ စားလိုက်သည်။ တဂျိန်းဂျိန်းထစ်ချုန်းသံများ သူ့ကိုယ်ထဲတွင် မြည်လာပြီး သူကား အနီရောင်အလင်းဖြင့် တောက်ပလာသည်။

“နတ်ဘုရားသွေးလား” မန်ဟိုက ကောက်ကာငင်ကာ မေးသည်။

“နောက်ဆုံးတစ်စက်ပဲ” ယွီဝမ်ကျန်းက တကယ်ပဲ အထဲတွင် ကျန်ရှိသည့် နောက်ဆုံးတစ်စက်ဖြစ်ကြောင်း ပြရန် ပုလင်းကို ဆုပ်ခြေရင်း ဖြေသည်။

“ဘယ်လိုရခဲ့တာလဲ” မန်ဟိုက ဆက်ပေး၏။

“နတ်ဘုရားတစ်ပါးကို သတ်ပြီးတော့” အေးစက်စက် အဖြေဖြစ်သည်။ “အစ်ကိုမန် မင်း စိတ်ဝင်စားရင် ငါတို့ ဒီတိုက်ပွဲမှာ မသေရင်တော့ ငါ မင်းကို သတ္တမတောင်ဆီ တစ်နေ့ ခေါ်သွားပေးမယ်။ ငါတို့ နတ်ဘုရားကုန်းမြေဆီ သွားပြီး နတ်ဘုရားနည်းနည်းပါးပါး သတ်ကြတာပေါ့”

မန်ဟိုက ခေါင်းညိတ်လိုက်သည်။ "သဘောတူတယ်"

အချိန်များ ကုန်လွန်သွားသည်။ မကြာမီ တာအိုကောင်းကင်သည် ပြည်ထောင်ငါး၏ ကောင်းကင်ကို ဖြတ်လာရင်း တဂျိန်းဂျိန်း မြည်သံများကို ထုတ်လွှတ်နေ၏။ ပထဝီမြေကြီးမှာ တသိမ့်သိမ့် တုန်ခါနေပြီး အက်ကွဲကြောင်းများ ကောင်းကင်တွင် ပျံ့နှံ့လာသည်။

ရုတ်တရက် ရှေးဟောင်းရတနာတစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်နေသော ကြက်သွေးရောင်သံကြိုးတစ်ကြိုးက တာအိုကောင်းကင်၏ လက်မောင်းကို ရစ်ပတ်လျက် ပေါ်လာသည်။ ယင်းကား ဒုတိယတောင်မှ အက်ရှလွန်ကျင့်ကြံသူကို သတ်ခဲ့သည့်အတွက် ဆုလာဘ်၊ မြင့်မြတ်သောတောင်အင်မော်တယ်တုတ်မှတစ်ပါး အခြားမဟုတ်ပေ။

တဖြည်းဖြည်း မြင့်မြတ်သောတောင်များ၏ ပုံရိပ်များကဲ့သို့ အရာများက သံကြိုး၏ မျက်နှာပြင်ထက်တွင် ပေါ်လာသည်။ ရံဖန်ရံခါ အင်မော်တယ်တောင်များကိုပင်လျှင် မြင်ရနိုင်၏။

တာအိုကောင်းကင်က သွေးအေးသည့်အပြင် မာနနှင့် ယုံကြည်မှုတို့ ပြည့်နှက်နေသော မျက်နှာထားဖြင့် ပြည်ထောင်ငါးမှ ထွက်လာသည်။ နောက်ဆုံးတော့ သူကား ပြည်ထောင်ခြောက်သို့ ရောက်လာခဲ့လေပြီ။

သူ နယ်စပ်ကို ကျော်လာသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သောဖိအားကြီးက သူ့အပေါ် သက်ရောက်လာ၏။

ပြည်ထောင်ခြောက်၏ နိုင်ငံ့အရှိန်အဝါတောင်ပေါ်တွင် ဟုန်ပင်းက ရုတ်တရက် ပြောသည်။ "သူ ရောက်လာပြီ"

ယွီ၀မ်ကျန်း၏မျက်လုံးများ တောက်ပသွားပြီး သူက ယခင်ထက်ပို၍ လေးနက်နေသော ဟန်ပန်ဖြင့် ထရပ်လိုက်သည်။

မန်ဟိုက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုအရပ်မျက်နှာ၌ သူသည် သူရှိရာသို့ ထစ်ချုန်းလာနေသည့် မိုးကောင်းကင်တုန်ခါ၍ ကမ္ဘာမြေ တုန်ဟည်းနေစေသော ချီနှင့်စွမ်းအားကို ခံစားလိုက်ရ၏။

***

All Chapters