← Chapters

ရွှယ့်အာ

Vol. 81 Ch. 1131

ရွှယ့်အာ

Vol. 81 Ch. 1131

မန်ဟို့စိတ်နှလုံးမှာ ချာချာလည်နေပုံရသည်။ ကျုံးဝူရ၏အသံတွင် မန်ဟို၏ စိတ်အစဉ်ကို နှောင့်ယှက်၍ ရှုပ်ထွေးစေနိုင်သော စွမ်းအားတစ်ရပ် ပါရှိနေပုံရရာ သူ့မှာ အသက်ပြင်းပြင်း ရှုနေရတော့သည်။ ကျုံးဝူရ၏ စကားလုံးများက ညှို့ဓာတ်ပါနေပြီး သူ့အတွက် ရုန်းထွက်ရန် အစွမ်းအစမဲ့နေသယောင်ပင်။

"အစစ်အမှန်တာအို .... " သူက ငေးကြောင်နေသော အမူအရာဖြင့် ရေရွတ်လိုက်သည်။ သူ့မှာ အကြောင်းပြချက်လည်း မပေးနိုင်သလို ၊ ဆင်ခြင်သုံးသပ်နိုင်စွမ်းလည်း မရှိတော့သလို ကြောင်အနေပုံပေါက်နေသည်။ သူ၏တစ်စိတ်တစ်ပိုင်းတွင် တောင်ပင်လယ်လောကနှင့်ပက်သက်၍ သူသိထားသမျှ အရာအားလုံး ပြည့်နှက်နေပြီး တစ်ချိန်တည်းမှာပင် သူ ယုံကြည်ခဲ့သမျှ အရာအားလုံးမှာ ကျုံးဝူရ၏ အဆုံးသတ်ခြင်းခံခဲ့ရသည့်အလား ဖြစ်နေသည်။

အတွေးရထားနှစ်စီးက သူ့စိတ်ထဲတွင် ခုတ်မောင်းနေပြီး လောလောဆယ်တွင် အကြိတ်အနယ် ယှဉ်ပြိုင်နေကြသည်။

မန်ဟိုမှာ မျက်လုံးများ နီရဲနေလျက် အသက်ပြင်းပြင်းရှုကာ တုန်ရီနေတော့သည်။

"ငါနဲ့လိုက်ခဲ့" ကျုံးဝူရက ပြောသည်။ "ငါတို့ အစီအစဉ်က စနေပြီ။ ဘယ်သူမှ ငါတို့ကို မတားနိုင်ဘူး.... ငါနဲ့လိုက်ခဲ့ပြီး ကမ္ဘာအစစ်ကို သွားကြစို့။ အပြင်အားကိုယ်အသစ်တွေနဲ့ဆိုရင် ငါတို့ အပြည့်အ၀နိုးထနိုင်ပြီ

"ပြီးတော့ ငါ မင်းကို ပြောခဲ့သမျှ အရာအားလုံးတွေက အမှန်ဆိုတာ မင်း နားလည်လာလိမ့်မယ်။ ‌ဒါ့အပြင် မင်းအနေနဲ့ အစစ်အမှန်တာအိုရဲ့တည်ရှိမှုကို အမှန်တကယ် ခံစားနိုင်သွားလိမ့်မယ်"

မန်ဟိုနှင့် ကျုံးဝူရ စကားစမြည်ပြော‌နေသည်ကို မြင်ကြရသော်လည်း ဘယ်သူမှ ပြောနေသည့်စကားများကို မကြားရပေ။ ကျုံးဝူရက အသံအားလုံးကို ထွက်မသွားနိုင်အောင် ပိတ်ပင်ထား၏။

ဤအခိုက်အတန့်တွင် ပြည်ထောင်သုံးရှိရာဘက်မှ ၀တ်ရုံနက်လူတစ်စု ပျံသန်း‌လာနေသည်ကို မြင်လိုက်ရသည်။ ကျုံး၀ူရက သူတို့ကို တစ်ချက်ကြည့်လိုက်ရာတွင် သူတို့အားလုံး နယ်စပ်တွင် တုံ့ခနဲ ရပ်လိုက်ကြ၏။ သူတို့သည် ထိုနေရာတွင် စောင့်ဆိုင်းပျံဝဲနေရင်း ရှေ့တစ်လှမ်းလေးပင် တိုးမလာကြပေ။

မန်ဟိုက ကျုံးဝူရကို မော့ကြည့်သည်။ သူ့မှာ ရုန်းကန်နေပုံရသော်လည်း စကားတစ်ခွန်းတော့ ပြောလိုက်နိုင်၏။ "ကျုပ် စဉ်းစားဖို့ အချိန်လိုတယ်"

"မင်း ဒီကိစ္စနဲ့ပက်သက်ပြီး အချိန်တိုလေးအတွင်း ဆုံးဖြတ်ချက်ချနိုင်မှာ မဟုတ်ဘူးဆိုတာ ငါ နားလည်ပါတယ်" ကျုံးဝူရက နူးညံ့ညင်သာစွာ ပြောသည်။ "ကောင်းပြီ။ ငါ မင်းကို အမှန်ကို ရှင်းပြခဲ့ပြီးပြီ။ ဆုံးဖြတ်ချက်ကတော့ မင်း ချရမှာ...." မန်ဟို့ကို ကြည့်နေစဉ် ဘယ်သူမှ မသိနိုင်သော်လည်း သူ့မျက်လုံးများ၏ အတွင်းထဲ၌ ရှုပ်ထွေးနေသော ခံစားချက်များနှင့် မျှော်လင့်ချက်တို့ တည်ရှိနေ၏။ သူက မန်ဟို သူ့လို ဖြစ်လာပြီး အစစ်အမှန်တာအိုနောက်လိုက်ရန် မျှော်လင့်နေသည့်အလားပင်။ သို့မဟုတ် တခြားတစ်ခု တွေးနေခြင်းလည်း ဖြစ်တန်ရာသည်။

မည်သို့ဆိုစေ သူတစ်ယောက်သာ သိနိုင်၏။

"ငါ မင်းကို စဉ်းစားဖို့ အချိန်ပေးမယ်။ ဒါပေမဲ့ အဲ့ဒီအချိန်အတောအတွင်း မင်းအနေနဲ့ ဗဟို၀တ်ပြု‌ကျောင်းဒေသကနေ ထွက်သွားလို့မရဘူး။ မန်ဟို ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ" သူက မန်ဟို့ကို နောက်ဆုံးတစ်ချက် စိုက်ကြည့်ပြီးနောက် ပြည်ထောင်သုံးသို့ လှည့်ပြန်သွားတော့သည်။

မန်ဟိုမှာ ကျုံးဝူရ၏အပြုအမူများနှင့်ပက်သက်၍သော်လည်းကောင်း၊ သူ ယခုလိုမျိုး ထွက်သွားရသည့်အကြောင်းရင်းကိုသော်လည်းကောင်း နားမလည်တော့သဖြင့် တအံ့တဩ စိုက်ကြည့်မိလိုက်လေသည်။

ကျုံးဝူရ လှည့်၍ လေပေါ်ပျံတက်သွားစဉ် ‌သူ့အကြည့်က ပြည်ထောင်ခြောက်နှင့် ဗဟို၀တ်ပြုကျောင်းဒေသကို ဆက်ထားသည့် နယ်စပ်ကို ရောက်ရှိသွားသည်။ သူ့အကြည့်သည် ပြည်ထောင်ခြောက်စစ်တပ်ထဲရှိ တပ်သားတစ်ယောက်၏အပေါ်တွင် ခေတ္တရစ်ဝဲသွား၏။ ထိုစစ်သားမှာ တိုက်ပွဲနှင့်ပက်သက်သမျှအရာအားလုံးကို မေ့သွားသည့်အလား တုန်ရီသွားလေသည်။

ကျုံးဝူရက အကြည့်လွှဲ၍ သက်ပြင်းချလိုက်သည်။ ရှုပ်ထွေးသော ခံစားချက်များနှင့် မျှော်လင့်ချက်တို့က သူ့မျက်လုံးများတွင် တစ်ဖန်ပေါ်လာပြန်သည်။

သူက ပျံထွက်သွားစဉ် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "မန်ဟို မင်း ဘာဆုံးဖြတ်ချက် ‌ချလိမ့်မလဲ...."

မန်ဟိုသည် ကျုံးဝူရ ထွက်သွားသည်ကို ကြည့်နေစဉ် သူ တစ်စုံတစ်ခုအား လှမ်းကြည့်လိုက်သည်ကို မြင်သောအခါ သူလည်း ပြည်ထောင်‌ခြောက်သို့ လှမ်းကြည့်မိလိုက်၏။

သို့သော် ထူးဆန်းသည့်အရာတစ်ခုမှ မမြင်ပေ။ ကျုံးဝူရ ဝေးဝေးလံလံ ရောက်မသွားမီ မန်ဟိုက ရုတ်တရက် သူ့ကို လှမ်းခေါ်လိုက်သည်။ "အကယ်လို့ .... ခင်ဗျား အမှန်လို့ ယုံကြည်ထားတဲ့အရာအားလုံးက အမှားဖြစ်နေရင်ရော"

ကျုံးဝူရက ရွေ့လျားနေသည်ကို မရပ်တန့်ပေ။ သူက ဆက်သွားနေရင်း တည်ငြိမ်စွာ ပြောသည်။ "ကိစ္စတစ်ခုကို အတွင်းကျကျ မကြည့်သရွေ့ အမှန်တရားက ဘယ်တော့မှ ပေါ်လာမှာမဟုတ်ဘူး။ ငါက ကျင့်ကြံသူတစ်‌ယောက်ဖြစ်တဲ့အတွက် ငါ့ဘ၀ရဲ့ရည်ရွယ်ချက်ဟာ အစစ်အမှန်တာအိုနောက် လိုက်ဖို့ပဲ။ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်‌ဖြစ်စေ အရေးမကြီးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့နှလုံးသားက တည်ငြိမ်နေလိမ့်မယ်"

မန်ဟို စိတ်နှလုံးတုန်ရီနေစဉ် ကျုံးဝူရက နယ်စပ်ကို ဖြတ်၍ ပြည်ထောင်သုံးထဲသို့ ၀င်ရောက်သွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ၀တ်ရုံနက်လူအားလုံး ခေါင်းငုံ့အရိုအသေပေး၍ သူ့နောက်မှလိုက်ကာ ပြည်ထောင်သုံးထဲသို့ ၀င်ရောက်သွားကြလေသည်။

မန်ဟို့မျက်နှာအပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ရှိသည်။ သူသည် ထိုနေရာတွင် အကြာကြီး တိတ်ဆိတ်စွာ ထိုင်နေ၏။ ကျုံးဝူရ၏စကားလုံးများက သူ့စိတ်ထဲတွင် ဆက်လက်ပဲ့တင်ထပ်နေသည့်တိုင် အမှန်တော့ သူ့အတွေးများကို မလွှမ်းမိုးနိုင်ပေ။ စစချင်း သက်ရောက်မှု အနည်းငယ်ရှိခဲ့သော်လည်း နောက်ပိုင်းကတော့ သူ ဟန်ဆောင်နေခဲ့ခြင်းသာ ဖြစ်လေသည်။

ကျုံးဝူရပြောခဲ့သည့်အရာများက အမှန်ဟု ထင်ရပြီး ကြားလိုက်ရသည့် ကျင့်ကြံသူတိုင်း သူတို့၏ တစ်ကမ္ဘာလုံး ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ခံစားရလိမ့်မည်။ သို့သော် မန်ဟိုကား ကိုးဆက်မြောက် မိစ္ဆာချုပ်နှောင်သူမဟုတ်လော။

သူက ပါရာဂွန်ကိုးတံဆိပ်၏ ဆက်ခံသူစစ်စစ်ဖြစ်သလို ‌တောင်ပင်လယ်လောက၏ သခင်အလောင်းအလျာလည်း ဖြစ်သည်။

တောင်ပင်လယ်လောကအပေါ် သူ၏ နားလည်မှုက ကျုံးဝူရ၏ နားလည်မှုထက် အမှန်တကယ် နက်ရှိုင်း၏။ တောင်ပင်လယ်လောကမှာ ပါရာဂွန်ကိုးတံဆိပ်၏ ခန္ဓာကိုယ်မဟုတ်ဘဲ သူ၏ မှော်ရတနာများထဲမှ တစ်ခုသာ ဖြစ်သည်။ ထိုမျှသာမက ကျုံးဝူရ အတုအယောင်အဖြစ် ဖော်ပြခဲ့သည့် အရာအားလုံးက တကယ်တမ်း အစစ်အမှန်ဖြစ်၏။

ထို့အပြင် ကျုံးဝူရ ကမ္ဘာ’အစစ်’ နှင့် တစ်ခုခု ပတ်သက်နေသော လိပ်ပြာကိုးကောင်အကြောင်း ပြောတုန်းက မန်ဟိုသည် လိပ်ပြာကိုးကောင်း မြေထုကြီးတစ်ခုအား ဆွဲလာသည့်မြင်ကွင်းကို ပြန်မြင်ယောင်မိဘဲ မနေပေ။

“ငါ့လက်ရှိအပြင်အားကိုယ်ကို စွန့်လွှတ်ပြီး အသစ်တစ်ခုရဖို့ ကမ္ဘာအစစ်လို့ခေါ်တဲ့နေရာကို သွားရမယ်။ အစစ်အမှန်တာအိုကို သိမြင်မယ်တဲ့လား။ အဲဒါက တကယ်ပဲ မယုံနိုင်စရာကောင်းတဲ့အသံပေါက်ပေမယ့် .... လုံးဝကို ယုတ္တိမရှိတာ

“အလိမ်အညာတွေ၊ အောက်ဘုံအဆင့်နိမ့်လောကသုံးထောင်ကို ပုန်ကန်အောင် လှုံ့ဆော်ပေးခဲ့တဲ့ အလိမ်အညာတွေပဲ။ အဲဒါကြောင့် သူတို့က ပါရာဂွန်အင်မော်တယ်လောကကို ဖြိုချဖို့ ပေါင်းတိုက်ခဲ့ကြတာ.....

“သူတို့ သုံးခဲ့တဲ့ စကားလုံးတွေက ... အစစ်အမှန်တာအိုတောင် ဖြစ်လောက်တယ်....

“ဒါမှမဟုတ် လူတစ်ယောက်ရဲ့ အလိုရမ္မက်တွေကို စေ့ဆော်ပေးနေတဲ့ လေဟုန်ခွင်းလောကရဲ့ ထောင်ချောက်နောက်တစ်ခုလည်း ဖြစ်နိုင်တယ်” မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။

“ဒါပေမဲ့ ကျုံးဝူရ ငါ့ကို စဉ်းစားဖို့ အချိန်တမင် ပေးခဲ့တာ အရမ်းသိသာနေတယ်။ သူက ရည်ရွယ်ချက်လုပ်နေပုံတောင် ပေါက်တယ်... ဒါပေမဲ့ ဘာကြောင့်လဲ” အစစ်အမှန် သို့ အတုအယောင်တာအိုများနှင့် ပတ်သက်လျှင် မန်ဟိုသည် တွေဝေမနေပေ။ သူ့တာအိုနှလုံးသားသည် တည်ငြိမ်ခိုင်မာပြီး အစစ်အမှန်၊ အတုအယောင်တာအိုနှင့်ပတ်သက်သည့် စကားများက လူတစ်ယောက်၏ ရှုထောင့်သာ ဖြစ်သည်။

ထိုကဲ့သို့ စကားများသည် ရှေးတစ်ချိန်က အဆင့်နိမ့်လောကသုံးထောင်ကို ပုန်ကန်အောင် လှုံ့ဆော်ခဲ့သော နည်းလမ်းတစ်ခုဖြစ်၏။ ၎င်းက လေဟုန်ခွင်းလောကသို့ လာခဲ့သော တောင်ပင်လယ်လောကသားကျင့်ကြံသူများကို စိတ်ရှုပ်ထွေး၊ စိတ်ဖောက်ပြန်စေခဲ့သည့်အရာပင်။ အခြားသူများအနေဖြင့် ထိုစကာများကို ယုံကောင်းယုံနိုင်သော်လည်း မန်ဟိုကတော့ ... ယုံမည်မဟုတ်ပေ။

သူ မယုံမည့်အကြောင်းရင်းမှာ သူသည် တောင်ပင်လယ်လောက၏ သခင်အလောင်းအလျာဖြစ်သည့်အချက်နှင့် လိပ်ပြာကိုးကောင် မြေထုကြီးတစ်ခုအား ဆွဲခေါ်လာသော မြင်ကွင်းကြောင့်သာမဟုတ်၊ နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ ကျုံးဝူရပြောသော အစစ်အမှန်တာအို၊ အတုအယောင်တာအိုများကို ဖျောက်ဖျက်ပစ်နိုင်သည့် အစစ်အမှန်တာအိုဆိုသည့်အရာမှာ .... မန်ဟို လောကပါလအင်မော်တယ်ဖြစ်လာသည့်အချိန် လုံးလုံးလျားလျား ဖျက်စီးခံခဲ့ရလေသည်။

အစစ်အမှန်တာအိုဆိုသည့် ထိုအရာက လောကပါလအင်မော်တယ်အဆင့်ကို ယိုင်နဲ့အောင် မလုပ်နိုင်ခဲ့ပေ။ ၎င်းသာ ကျုံးဝူရပြောသလို ‘အစစ်အမှန်’သာ ဆိုလျှင် .... ထိုသို့ပျက်စီးသွားရသည့်အကြောင်းရင်းကို မည်သို့ရှင်းပြနိုင်မည်နည်း။

မန်ဟိုသည် ဤအရာများနှင့်ပတ်သက်၍ နည်းနည်းလေးမှ တွေဝေမနေပေ။ သူ့ကို တွေဝေစေသည့် တစ်ခုတည်းသောအရာမှာတော့ ကျုံးဝူရ၏သဘောထားသာ။

မန်ဟို့အပေါ် သူ ထားရှိသော သူ၏ခံစားချက်အစစ်သည် ပဟေဠိဆန်နေ၏။

“ငါ အခု စဉ်းစားကြည့်မှ သွေးခွေးကြီး ဖောက်ပြန်စိတ်ဝိညာဉ်အခန်းထဲကနေ ဖောက်ထွက်လာမှပဲ ကျုံးဝူရ ဧကရာဇ်လို့ခေါ်တဲ့ ပြည်ထောင်သုံးရဲ့ နိုင်ငံအရှိန်အဝါတောင်ပေါ်က လူက ဖောက်ပြန်စိတ်ဝိညာဉ်ပူးကပ်ခံခဲ့ရတာကို ခံစားခဲ့ရတာ....

“တစ်ခုခုတော့ မူမမှန်ဘူး.... “ သူ့မှာ အသက်ပြင်းပြင်းရှူနေပြီး အသေးစိတ်ပြန်တွေးရင်း မျက်လုံးများ တောက်ပနေသည်။

“နိုင်ငံအရှိန်အဝါတောင်ပေါ်က ဧကရာဇ်က တစ်ယောက်ယောက် အဲဒီအခန်းထဲ ဖောက်ဝင်သွားတာကို အာရုံရခဲ့တယ်... အဲဒါ ကျုံးဝူရ ပထမဆုံးပြောခဲ့တဲ့စကား” မန်ဟိုက တီးတိုးတီးတိုး ရေရွတ်နေသည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ ထို့နောက် သူသည် သွေးခွေးကြီး ချောက်ထဲမှ ထွက်လိုက်တုန်း ချိတ်ပိတ်စည်းတစ်ခုခုကို ချိုးဖျက်လိုက်သကဲ့သို့ ခံစားခဲ့ရသည်ကို ပြန်တွေးမိလိုက်၏။

“ချိတ်ပိတ်စည်း... ချိတ်ပိတ်စည်းတစ်ခုထားထားတယ်။ သွေးခွေးကြီး ပျံထွက်လာတော့ စည်းက ကျိုးပျက်သွားခဲ့တယ်။ အဲဒီအခါမှ နိုင်ငံ့အရှိန်အဝါတောင်ပေါ်က ဧကရာဇ်က ဖောက်ပြန်စိတ်ဝိညာဉ်ပြောင်းလဲသွားတာကို ခံစားလိုက်ရတာ....

“တစ်နည်းပြောရရင် သူ အဲဒီမတိုင်ခင် ဘာမှမခံစားခဲ့ရတာက တစ်ယောက်ယောက် သူ့ကို မသိစေချင်တာကို ဖော်ပြနေတယ်

“ပြီးတော့ အဲဒီလူ ချိတ်ပိတ်စည်းစီရင်ခဲ့တဲ့လူက ... ကျုံးဝူရပဲ” မန်ဟိုက အသက်မနည်းရှူရင်း ပြည်ထောင်သုံးသို့ လှမ်းကြည့်လိုက်သည်။ ရုတ်တရက် သူ့မှာ အပိုင်းအစများအားလုံးကို ဆက်စပ်နိုင်သွားလေပြီ။

"သူက ငါ့ကို ကူညီနေတာပဲ" မန်ဟိုမှာ စိတ်နှလုံးတုန်ရီသွားတော့သည်။

"သူက ငါ့နောက်လိုက်ခဲ့ပြီး သူ့ကျင့်ကြံခြင်းအခြေခံက ငါ့ထက် အဆများစွာ သာတယ်။ ဒါပေမယ့် ငါ့ကို မတိုက်ခိုက်ဘဲ အဲ့ဒီအစား အစစ်အမှန်တာအိုတွေ၊ အတုအယောင်တာအိုတွေ‌အကြောင်း ပြောခဲ့တယ်။ ပြီးတော့ စဉ်းစားဖို့ အချိန်တောင်‌ပေးခဲ့တယ်

"စဉ်းစားဖို့အချိန်ပေးတာမဟုတ်ဘဲ ငါ့ဒဏ်ရာသက်သာလာအောင် ကုစားဖို့ အချိန်ပေးနေတာလို့ပြောရင် ပိုမှန်လိမ့်မယ်

"ဒါ့အပြင် အစစ်အမှန်နဲ့ အတုအယောင်တာအိုနဲ့ပက်သက်ပြီး သူ့ရဲ့ အငြင်းအခုံတွေက တကယ်တော့ .... ယုတ္တိမရှိဘူး။ အဲ့ဒါတွေကို ပြောစရာအကြောင်းမှ မရှိတာ။ သူအနေနဲ့ ပိုပြီးသိမ်‌မွေ့တဲ့ ချဉ်းကပ်နည်းကို အလွယ်တကူ သုံးလို့ရခဲ့တာပဲ။ အဲ့ဒါက နားထောင်တဲ့လူကို စိတ်ယိုင်လဲအောင်လုပ်ဖို့ အများကြီးထိရောက်တဲ့ နည်းလမ်းလည်း ဖြစ်ခဲ့လိမ့်မယ်

"ဒါပေမယ့် သူက အဲ့လိုမလုပ်ဘူး။ ဒီတိုင်း ရိုးရိုးရှင်းရှင်းပဲ ပြောခဲ့တယ်။ ဒါ့အပြင် ပြောနေရင်းပဲ သူ့ရဲ့အငြင်းအခုံထဲက အမှားတွေကိုလည်း ဖော်ပြခဲ့တယ်"

မန်ဟိုက အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ သူသည် လေပေါ်ပျံတက်ပြီး ကျုံးဝူရ သွားခဲ့သည့်လမ်းအတိုင်း သွားလိုက်၏။ သူက ကျုံးဝူရ လုပ်ခဲ့သည့်ပုံစံအတိုင်း ပျံသန်းပြီး အမူအရာနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုကိုလည်း တုပလိုက်သည်။ ပြည်ထောင်ခြောက်ကိုလည်း ထိုနည်းတူ လှည့်ကြည့်လိုက်၏။

ဤနေရာမှနေ၍ ဗဟို၀တ်ပြုကျောင်းဒေသတစ်ခုလုံးအပြင် ပြည်ထောင်ခြောက်စစ်တပ်နှင့် ကျုံးဝူရကြည့်ခဲ့သော တပ်သားကိုလည်း မြင်ရနိုင်သည်။ တပ်သားက ဉာဏ်အလင်းဆင်ခြင်နေသည့်အလား အတွေးနက်နေသော အမူအယာတစ်ခုကို ဆင်မြန်းထား၏။

ဤပုဂ္ဂိုလ်က မန်ဟိုနှင့် ကျုံးဝူရကြားက စကားတို့ကို ကြားခဲ့ပုံရပြီး ယခုတွင် ၎င်းတို့ကို ဆင်ခြင်သုံးသပ်၍ တစ်ချိန်တည်းမှာပင် မန်ဟိုနည်းတူ ကောက်ချက်ချမိလိုက်ပုံရသည်။

မန်ဟို တပ်သားကို ကြည့်လိုက်သည့်အခိုက်အတန့်မှာပင် တပ်သားကလည်း ကြည့်လိုက်ရာ သူတို့‌နှစ်ယောက် အကြည့်ချင်းဆုံသွားကြသည်။ မန်ဟိုသည် လှပသော မျက်ဝန်းတစ်စုံကို စိုက်ကြည့်နေရ‌ကြောင်း တွေ့လိုက်ရ၏။ ၎င်းတို့ထဲတွင် ကြယ်စင်တာရာများနှင့် ကြယ်တာရာကောင်းကင်တစ်ခုပင် ရှိနေသယောင်ပင်။ ထိုမျက်၀န်းများကို စိုက်ကြည့်မိလိုက်သည့် မည်သူမဆို နစ်မြောသွားပြီး ဘယ်တော့မှ နိုးထလာတော့မည်မဟုတ်ပေ။

အကြည့်ချင်းဆုံသွားသောအခါ မန်ဟို့စိတ်နှလုံး ချာချာလည်သွားသည်။ သူက ဘယ်မျက်လုံးကို ဆက်တိုက်ခတ်၍ နတ်စက္ခုပညာရပ်ကို သုံးလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံလည်ပတ်သွားပြီး ကမ္ဘာကြီး‌အပေါ် သူ့အမြင်သည် ပြောင်းလဲသွား၏။ တပ်သား၏ပုံပန်းသွင်ပြင်လည်း ပြောင်းလဲသွားလေပြီ။ ပုံရိပ်ယောင်အသွင်မှာ ကွာကျသွားပြီး ရုတ်တရက် ထိုတပ်သားကား မိန်းကလေးတစ်ယောက်နှင့် တူသွားသည်။

သူမသည် အဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး နှင်းကဲ့သို့ ဖြူဆွတ်သော အသားအရည်ကို ပိုင်ဆိုင်ထား၏။ သူမကား နှစ်လိုဖွယ်ကောင်းသော အပြုံးချိုချိုလေးနှင့် ရင်သပ်ရှုမောဖွယ် မျက်လုံး၊ နှာခေါင်း ၊ပါးစပ်လေးတို့ဖြင့် လက်ဖျားခါလောက်အောင် လှပလေသည်။

တခဏကြာသော် အမျိုးသမီး၏ပုံရိပ်သည် ပျောက်ကွယ်သွားပြီး တပ်သား၏ပုံရိပ်ဖြင့် အစားထိုးခံလိုက်ရ၏။ တပ်သားမှာ မန်ဟို၏ သတိထားမိခြင်းခံလိုက်ရသဖြင့် အံ့အားသင့်သွားပုံပေါ်သည်။ သို့သော် သူမက မျက်တောင်ခတ်၍ တခဏတွေးပြီးနောက် လမ်း‌စလျှောက်လာသည်။

စစ်မြေပြင်ပေါ်ရှိ လူများမှာ သူမကို မြင်ပင်မြင်မရသည့်လား ဘယ်သူမှ သူမကို သတိမထားမိပုံရသည်။ ကျန်ကျင့်ကြံသူများပင်လျှင် သူမကို မ‌‌တွေ့ပေ။ ဖန်းတုံးအာနှင့် အခြားသူများအတွက် ဤတပ်သားမှာ တည်ပင်မတည်ရှိသည့်အလားပင်။

" အခြေအနေကို ထည့်တွက်ပြီးတော့ ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးသင့်လား အခုလေးတင် စဉ်းစားနေတာ အစ်ကိုမန် ...

"ဒါပေမဲ့ ရှင်က ကျွန်မကို အာရုံရလိုက်ပြီဆိုတော့ ဒီနေရာမှာပဲ မိတ်ဆက်ပေးရတော့မယ်ထင်တယ်” တပ်သား ချဉ်းကပ်လာနေစဉ် သူမ၏ ပုံပန်းသွင်ပြင်မှာ ထပ်မံပြောင်းသွားပြီး သူ နတ်စက္ခုအမြင်ဖြင့် မြင်ခဲ့ရသော မိန်းမလှလေးအသွင် ပြောင်းသွားသည်။

သူမက လက်ကလေးအုပ်၍ ပြုံးပြီး သူ့ကို တလက်လက်‌ တောက်ပနေသော မျက်ဝန်းလေးများဖြင့် ကြည့်နေလေသည်။ သူမသည် နတ်ပြည်မှ နတ်သက်ကြွေလာခဲ့သည့်အလား ပြစ်မျိုးမှဲ့မထင် လှရက်လွန်း၏။ သူမ၏ နှင်းကဲ့သို့ အသားအရေနှင့် ထူးခြားသော ပုံပန်းသွင်ပြင်က လူသားနှင့်ပင် မတူပေ။ မြင်လိုက်ရသည့် မည်သူကိုမဆို အလိုရမ္မက်တို့ဖြင့် သွားရည်တမြားမြား ကျသွားစေနိုင်သည့် လှပသော ကိုယ်လုံးလေးကို အဖြူရောင်ဝတ်ရုံက လွှမ်းခြုံထားသည်။ သူမကြောင့် သက်ရှိသတ္တဝါအားလုံးမှာ မှေးမှိန်၍ မည်းမှောင်သွားရသယောင်ပင်။

မန်ဟိုမှာ မှင်သက်သွားသော်လည်း အလျင်အမြန် စိတ်ထိန်းလိုက်နိုင်သည်။ တခဏကြာသော် သူက အမျိုးသမီးကို အေးတိအေးစက် ကြည့်လိုက်လေသည်။

"မင်းကို စောင့်နေတာကြာပြီ တာအိုရောင်းရင်း ရွှယ့်အာ" သူက အေးစက်စက် ပြောလိုက်သည်။ သူသည် ရိပ်ခနဲ မြေကြီးသို့ ပြန်ဆင်း၍ သူမ ချဉ်းကပ်လာသည်ကို တည်ငြိမ်စွာ စောင့်နေလိုက်၏။

သွေးခွေးကြီးက သူ့အနောက်တွင် ရှိနေသည်။ ၎င်းလည်း အမျိုးသမီး၏ တည်ရှိမှုကို ခံစားရပြီး ရက်စက်ခက်ထန်သော မျက်၀န်းများဖြင့် သူမကို စိုက်ကြည့်နေလေသည်။

အမျိုးသမီးက မန်ဟို့ကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူမ၏နာမည်ကို ခေါ်ခြင်းဖြင့် သူ တုံ့ပြန်သည်ကို စိတ်မကွက်သည့်အလား သူမက ပြုံးရုံသာပြုံးလိုက်လေသည်။

သူမ၏ မထီမဲ့မြင်သဘောထားက မန်ဟို့မျက်လုံးများကို ပြူးကျယ်သွားစေသည်။

"ကြည့်ရတာ မင်း ငါ့ကို နောက်ယောင်ခံလိုက်နေခဲ့တာ ကြာပြီထင်တယ်" သူက အေးစက်စက် ပြောသည်။

စောစောက သူ၏စကားက သူမထံမှ အပြုံးတစ်စကိုသာ လှုံ့ဆော်ခဲ့သော်လည်း ဤစကားက သူမကို တုံ့ခနဲ ရပ်သွားစေသည်။ သူမက လင်းလက်နေသော မျက်၀န်းများဖြင့် မန်ဟို့ကို ကြည့်ပြီးနောက် သူမ၏အမူအရာသည် တဖြည်းဖြည်း လေးနက်လာ၏။

"ကျွန်မရဲ့ တုံ့ပြန်မှုကို ခဏလေးကြည့်ရုံနဲ့ ဒီလို ကောက်ချက်ချနိုင်ခဲ့တာလား" သူမက နူးညံ့ပျော့ပြောင်းစွာ ပြောသည်။ "ကြည့်ရတာ ကျွန်မ ရှင့်ကို အထင်သေးမိခဲ့ပြီထင်တယ် အစ်ကိုမန်" သူမက လက်နှစ်ဖက်ယှက်၍ အရိုအသေပေးလိုက်လေသည်။

***

All Chapters