← Chapters

ဖြောင့်မတ်သော ချီရှောက်ရွှမ်

Vol. 11-16 Ch. 169

ဖြောင့်မတ်သော ချီရှောက်ရွှမ်

Vol. 11-16 Ch. 169

အခန်း (၁၆၉) : ဖြောင့်မတ်သော ချီရှောက်ရွှမ်

ခုနစ်စဉ်ကြယ် ပုံရိပ်သဏ္ဌာန်နှင့်အတူ ငွေရောင်စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မျက်ခုံးထူထူ၊ မျက်ဝန်းကြည်ကြည်နှင့် အမျိုးသားတစ်ယောက် ထွက်ပေါ်လာသည်။ သူ့ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြယ်အလင်းရောင်များ ဖုံးလွှမ်းထားလေ၏။

သူ ထွက်ပေါ်လာသည့်အချိန် ခုနစ်စဉ်ကြယ် ပုံရိပ်သဏ္ဌာန်ကလည်း ကြယ်နတ်ဘုရား ဆင်းသက်လာသကဲ့သို့ ပိုမိုတောက်ပလာသည်။ သူက ကျန်းယွင်ထင်တို့နှင့် သက်တူရွယ်တူ ဖြစ်ပုံရသော်လည်း အရှိန်အဝါကတော့ ပေါ့သေးသေး မဟုတ်ပေ။ ဗောဓိသတ္တဝ ကူသို့ထက်ပင် စွမ်းအားပိုကြီးကြောင်း သေချာသိနိုင်သည်။

ထိုအမျိုးသားက ကြာဖြူတောင်ပေါ်သို့ ရောက်ရှိလာကာ အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်ကို အရိုအသေးပေးကာ ပြောလိုက်သည်

“ ကျွန်တော်က ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေက ချန်ကျုံးထျန်းပါ။ အံ့ဖွယ်မိုးကောင်းကင်ရဲ့ ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်သပါတယ်”

ခါးကို ကိုင်းညွှတ်ကာ အရိုအသေပေးနေသော်လည်း သူ့တည်ရှိမှုက မလုပ်ချင်ဘဲ အတင်းအကြပ်လုပ်နေသလို ဖြစ်နေပြီး အရှိန်အဝါကိုလည်း လုံးဝ မချုပ်ထိန်းထားပေ။ ထို့ကြောင့် သူ အံ့ဖွယ်မိုးကောင်းကင်ဆီ လာသည့် ရည်ရွယ်ချက်ကလည်း မြင်နေရသလိုမျိုး ကောင်းသည့် အရာမဟုတ်ကြောင်း သိနိုင်သည်။

ဂိုဏ်းချုပ်က ချန်ကျုံးထျန်းကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်

“ မဆိုးပါဘူး … မင်းက ကနဦးဝိညာဉ်အဆင့်ကိုတောင် ရောက်နေပြီ”

သူ့စကားကြောင့် အားလုံး  အံ့ဩမှင်သက်သွားကာ ပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ခုနစ်စဉ်ကြယ်၏ သူတော်စင် ချန်ကျုံးထျန်းသည် မူလက ရွှေအမြုတေစာရင်းတွင် အဆင့် ၄ ချိတ်ပြီး ချီရှောက်ရွှမ်၊ ဗောဓိသတ္တဝ ကူသို့နှင့် ဖန်ချန်းတို့ထက် အရည်အချင်း နိမ့်သည်။

သို့သော် ချန်ကျုံးထျန်းက တခြားသူတွေလိုမျိုး ၈ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းမှာပဲ ရပ်မနေဘဲ ထိုအရာကို အုတ်မြစ်အဖြစ် တည်ဆောက်ထားရင်း ကနဦးဝိညာဉ်အဆင့်သို့ ရောက်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ချန်ကျုံးထျန်း၏ စွမ်းအားသည်လည်း ယခင်ထက် အဆပေါင်းများစွာ တိုးလာပြီး ယခင်က သူ့အပေါ် လွှမ်းမိုးနေခဲ့သော ပါရမီရှင်သုံးယောက်ထက် အားနည်းခြင်းမျိုးလည်း မရှိတော့ပေ။

ဗောဓိသတ္တဝ ကူသို့အနေနှင့် အစွမ်းကုန်ထုတ်သုံးပြီး တိုက်ခိုက်လျှင်ပင် ချန်ကျုံးထျန်းနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ဘဲ ဆိုးရွားဆိုးရွား ရှုံးသွားနိုင်သေးသည်။

ချန်ကျုံးထျန်းက ဗောဓိသတ္တဝ ကူသို့ဘက် လှည့်ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်

“ ညီအစ်ကို ကူသို့လည်း ဒီကိုလာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ဗောဓိသတ္တဝ ကူသို့က ဒေါသထွက်သော လေသံဖြင့် ပြန်ပြောလိုက်သည်

“ ဘာလို့လဲ…မင်းတောင် ပြဿနာရှာဖို့လာသေးတာပဲ။ ငါက ဘာလို့ မလာရမှာလဲ”

ချန်ကျုံးထျန်းက အသာရယ်ကာ ပြောလိုက်သည်

“ ကျွန်တော်က ဒီမှာ ပြဿနာရှာဖို့ လာတာ မဟုတ်ဘူး။ အဓိပ္ပာယ် မရှိတာတွေကို လျှောက်မပြောပါနဲ့”

ခုနစ်စဉ်ကြယ်၏ သူတော်စင်က သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းအသေးလေးကို ထုတ်ကာ အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်ထံသို့ ရိုသေစွာဖြင့် ကမ်းပေးလိုက်သည်။

ချန်ကျုံးထျန်းက ထပ်ပြောလိုက်သည်

“ အစ်ကိုဖန်ချန်းက ၉ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းကို ကျော်ဖြတ်ဖို့ ကြိုးစားရင်း အသက်အန္တရာယ် ဖြစ်သွားတယ်လို့ ကြားမိတယ်။ အဲလိုမျိုးသတင်းကို ကြားရတာ တကယ် စိတ်မကောင်းပါဘူး။ ဒါက အစ်ကိုး ဖန်ချန်းကို ကုသပေးနိုင်ဖို့အတွက် အစ်ကို ရှောက်ရွှမ် ယူလာခိုင်းတဲ့ အထွတ်အထိပ်အဆင့် ရတနာ နိဗာနတော်ဝင်ရေစင်ပါ။

ဒီလိုမျိုး အဖိုးတန်ရတနာမှာ အကန့်အသတ်မဲ့ ကုစားနိုင်စွမ်း ပါဝင်တာမလို့ တာအိုဒဏ်ရာတွေကိုတောင် ကုသနိုင်တယ်ဆိုတော့ အစ်ကိုး ဖန်ချန်းအတွက်လည်း အသုံးဝင်ဖို့ မျှော်လင့်ပါတယ်”

ချန်ကျုံးထျန်း စကားပြောပြီးသွားသည့်အခါ အံ့ဩနေသော လီယွင်ဖုန်း၏ အသံရှူသံပြင်းပြင်း ထွက်ပေါ်လာသည်။

ဘေးပတ်လည်ရှိလူများ၏ နားမလည်သော အကြည့်များကြောင့် လီယွင်ဖုန်းက ဝင်ပြောလိုက်သည်

“ သူက တကယ်ကို ရက်ရောတာပဲ”

ကျောက်ဟောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်

“ ဘာလို့လဲ။ အစ်ကိုက အဲဒီအကြောင်း ကြားဖူးလို့လား”

လီယွင်ဖုန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ငါက အံ့ဖွယ်မိုးကောင်းကင်ရဲ့ အကုန်သိ ပုဂ္ဂိုလ်လေ။ နိဗာနတော်ဝင်ရေစင်က ဘယ်လိုပစ္စည်းလဲဆိုတာနဲ့ ဘယ်လောက်ထိ အဖိုးတန်လဲဆိုတာ မင်းသိရဲ့လား”

လူတိုင်းက သူ့ကို ‘စတင်ပြောကြားပါတော့’ဆိုသော အကြည့်ဖြင့် ကြည့်နေသည့်အတွက် လီယွင်ဖုန်းက ဖြည်းဖြည်းချင်း ပြောပြလိုက်သည်

“နိဗာနတော်ဝင်ရေစင်က အပင်မျိုးနွယ် နတ်ဆိုးတွေ သူတို့ကိုယ်သူတို့ စတေးပြီး သူတို့ရဲ့ ကိုယ်ပိုင်အဆီအနှစ်ကို သန့်စင်တဲ့အခါမှာ ရလာတဲ့ အထွတ်အထိပ်အဆင့် ရတနာတစ်မျိုးပဲ။

တချို့ အားကောင်းတဲ့ အပင်မျိုးနွယ်နတ်ဆိုးဘုရင်တွေက နိဗာနကျော်ဖြတ်ဖို့ ရွေးချယ်ပြီး ပြန်လည်အားဖြည့်နိုင်မဲ့ အခွင့်အရေးကို စောင့်ဆိုင်းရင်း အချိန်အကြာပြီး အိပ်မောကျသွားတတ်တယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အသန့်စင်ဆုံး အဆီအနှစ်အဖြစ် ပြောင်းလဲပြီးတော့ နိဗာနကျော်ဖြတ်တုန်း စားသုံးရင်းနဲ့ သန့်စင်ကြတယ်လေ။

ပုံမှန်ဆိုရင် ထိပ်တန်း ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်နဲ့ အဲဒီအထက်မှာရှိတဲ့ အပင်မျိုးနွယ်နတ်ဆိုးတွေပဲ နိဗာနကို ကျော်ဖြတ်နိုင်ကြတယ်။

အပင်မျိုးနွယ်နတ်ဆိုးတွေအနေနဲ့လည်း နိဗာနတော်ဝင်ရေစင်ကို ကျေနပ်စရာကောင်းလောက်တဲ့ ရလဒ်မျိုးဖြစ်အောင် စိတ်ပါလက်ပါ ဖန်တီးယူဖို့အတွက် ရွေးချယ်ရမယ်။ အပင်မျိုးနွယ်နတ်ဆိုးတွေကို အတင်းဖိအားပေးပြီးတော့ နိဗာနကျော်ဖြတ်ရမယ်ဆိုရင် သူတို့ဆန္ဒနဲ့သူတို့ လုပ်တာ ဘယ်ဟုတ်တော့မလဲ ဟုတ်တယ်မလား။

ပြောရမယ်ဆိုရင် နိဗာနတော်ဝင်ရေစင် ဖြစ်လာဖို့အတွက် အချက်သုံးချက် လိုအပ်တယ်။

ပထမဆုံးအချက်က ကျင့်ကြံဆင့်မှာ  ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်နှင့် အထက်ရှိတဲ့ အပင်မျိုးနွယ်နတ်ဆိုးကို ရှာရမယ်။ ဒုတိယအချက်အနေနဲ့ အဲဒီနတ်ဆိုးက သူ့ဆန္ဒနဲ့သူ နိဗာနကျော်ဖြတ်ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို နိဗာနတော်ဝင်ရေစင်အဖြစ် သန့်စင်ရမယ်။ တတိယအချက်အနေနဲ့ နိဗာနတော်ဝင်ရေစင် ဖန်တီးပြီးသွားတဲ့ နေရာကို အချိန်တိုအတွင်းသွားပြီးတော့ ယူမှရမယ်။

အဲဒီသုံးချက်ထဲက တစ်ချက်ကို မလုပ်နိုင်ရင် နိဗာနတော်ဝင်ရေစင်ကို ရဖို့ မဖြစ်နိုင်ဘူး။ အချက်အလက်တွေက ပြင်းထန်တယ်လို့ ပြောလို့ရတယ်”

လီယွင်ဖုန်း နိဗာနတော်ဝင်ရေစင်အကြောင်း ပြောတာကို နားထောင်ရင်း  ရှန်ထျန်း စိတ်ရှုပ်ထွေးနေပြီး ဂိုဏ်းချုပ်နှင့် ဘေးမှာ ငြိမ်သက်စွာ ရပ်နေသော ချန်ကျုံးထျန်းကို ကြည့်လိုက်သည်။

ဂိုဏ်းချုပ်က နိဗာနတော်ဝင်ရေစင် ပါသော ပုလင်းကို ဖွင့်လိုက်သည့်အခါ ဝိညာဉ်ဆေးပင်၏ ရနံ့ တစ်ခန်းလုံး ပျံ့နှံ့သွားသည်။

ရှန်ထျန်းက ထိုကဲ့သို့သော ရနံ့မျိုးနှင့် အရမ်းရင်းနှီးသလို ခံစားရသော်လည်း အနည်းငယ်တော့ ကွဲပြားနေပြန်သည်။

ဂိုဏ်းချုပ်ကိုင်ထားသော ပုလင်းထဲတွင် အရည်တချို့ကို ရှန်ထျန်း မြင်နေရသည်။ သို့သော် အရည်က ငွေဖြူရောင်မဟုတ်ဘဲ ပန်းရောင်ဖြစ်ပြီး အင်မတန် ထင်ယောင်ထင်မှား ဖြစ်စေသည်။

ဂိုဏ်းချုပ်က ခေါင်းအသာညိတ်ပြကာ ပြောလိုက်သည်

“ ဒီ နိဗာနတော်ဝင်ရေစင်ကို ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် နတ်ဆိုးတွေပဲ ဖန်တီးနိုင်တာဆိုတော့ ငါ ထင်တာသာ မမှားရင် ဒီနိဗာနတော်ဝင်ရေစင်ကို ပျိုနီပန်းနတ်ဆိုးက နိဗာနကျော်ဖြတ်ပြီး ဖန်တီးထားတာပဲ။ ဒါက အရမ်းကို ရှားပါးတယ်”

ချန်ကျုံးထျန်းက ဂိုဏ်းချုပ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ဂိုဏ်းချုပ်က တကယ့်ကို အံ့မခန်းပါပဲ။ ဒီလို ဗဟုသုတတွေ အများကြီးရှိတဲ့အတွက် လေးစားမိပါတယ်”

ဂိုဏ်းချုပ်က ပြောလိုက်သည်

“ဒီနိဗာနတော်ဝင်ရေစင်က ချန်းအာအတွက် အရမ်းကို အသုံးဝင်လိမ့်မယ်။ သူတော်စင်နှစ်ယောက်ကို အရမ်းကျေးဇူးတင်ပါတယ်”

ချန်ကျုံးထျန်းက ပြန်ဖြေလိုက်သည်

“ ကျွန်တော်က ကိုယ်စားပြောပေးရုံတင်ပါ။ ကျွန်တော်က အဲလိုမျိုး အထွတ်အထိပ်ရတနာမျိုးကို ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် ဒီနိဗာနတော်ဝင်ရေစင်က ညီမလေး ယွင်ရှီးကို ပေးတဲ့ အစ်ကိုရှောက်ရွှမ်ရဲ့ မေတ္တာလက်ဆောင်ပါ။ ဂုဏ်သရေရှိ အမျိုးသားတွေက ကြင်နာပြီးလှပတဲ့ အမျိုးသမီးတွေကို ပိုင်ဆိုင်ချင်ကြတယ်လေ။ အစ်ကိုရှောက်ရွှမ်က အမြဲတမ်း လေးစားနေခဲ့…”

ချန်ကျုံးထျန်း၏ စကားမဆုံးသေးခင် ဂိုဏ်းချုပ်က ဖြတ်ပြောလိုက်သည်

“ မင်းက ဘာကို ဆိုလိုချင်တာလဲ”

ဂိုဏ်းချုပ်က ချန်ကျုံးထျန်းကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်

“ချီရှောက်ရွှမ်က ဘာလို့ သူကိုယ်တိုင် လာမပြောရတာလဲ”

ချန်ကျုံးထျန်းက ရိုသေစွာ ပြန်ဖြေလိုက်သည်

“ ဂိုဏ်းချုပ် စိတ်အေးအေးထားပါဦးနော်။ အစ်ကို ရှောက်ရွှမ်က အဆင့်၁၀ ရွှေအမြုတေ သန့်စင်ခြင်းအဆင့်အတွက် ပြင်ဆင်နေလို့ပါ။

အစ်ကိုဖန်ချန်း အဆင့် ၉ ရွှေအမြုတေသန့်စင်ခြင်းကို ရောက်ရှိဖို့အတွက် ကြိုးစားရင်း ချီဖောက်ပြန်ခြင်းကို ခံစားနေရတယ်လို့ သူ ကြားတော့ ညီမလေးယွင်ရှီးလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပူနေရမှာကို စိုးရိမ်လို့ပါ။

အဲဒါကြောင့် ဒီနိဗာနတော်ဝင်ရေစင်ကို အမြန်ယူသွားခိုင်းပြီးတော့ အစ်ကိုးဖန်ချန်းကို ကယ်ခိုင်းတာပါ။ အစ်ကိုရှောက်ရွှမ်သာ အဆင့် ၁၀ ရွှေအမြုတေသန့်စင်ခြင်းကို ရောက်ရှိသွားခဲ့ရင် သေချာပေါက် သူ ကိုယ်တိုင်လာပြီး တောင်းရမ်းမှာပါ”

ချန်ကျုံးထျန်း ပြောသည့်စကားက အပေါ်ယံကြည့်လျှင် ယဉ်ကျေးသည့်ပုံစံ ပေါ်သော်လည်း သေချာအကဲခတ်ကြည့်ပါက နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သိရှိရန် မခက်ခဲလှပေ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အထွတ်အမြတ်မြေများ အားလုံးထဲတွင် သက်တမ်းအရင့်ဆုံးဖြစ်ပြီး ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေနှင့် ခရမ်းစံအိမ် အထွတ်အမြတ်မြေတို့က အထွတ်အမြတ်မြေအသစ်များ ဖြစ်ကြသည်။

အထွတ်အမြတ်မြေများ၏ ဆက်ဆံရေးကလည်း ရှုပ်ထွေးလှသည်။ တချို့က အရမ်းရင်းနှီးကြပြီး တချို့ကတော့ ပြဿနာတွေ ဖြစ်နေကြသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ခရမ်းစံအိမ် အထွတ်အမြတ်မြေတို့၏ ဆက်ဆံရေးက သိပ်မကောင်းဘဲ အချင်းချင်းကြိတ်ပြီး ယှဉ်ပြိုင်နေတတ်ကြသည်။

ယခုလက်ရှိ၌ ခရမ်းစံအိမ် အထွတ်အမြတ်မြေတွင် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းကို ခံထားရပြီး ရှေးဟောင်းဧကရာဇ်၏ အမွေအနှစ်ကို ရရှိထားသော ပြိုင်ဘက်ကင်းပါရမီရှင် ချီရှောက်ရွှမ် ရှိသည်။

ထိုအချိန်တွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် စွမ်းအားအကြီးဆုံး တပည့်ဖြစ်သည့် ဖန်ချန်းက ၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းကို ရောက်ဖို့ကြိုးစားရင်း ချီဖောက်ပြန်ခြင်းကို ခံစားနေရသည်။

တစ်ယောက်က သတ်မှတ်ထားတဲ့အဆင့်ထက် ကျော်လွန်ပြီးတော့ ၁၀ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်ကို ရောက်တော့မှာဆိုပေမဲ့ ကျန်တဲ့တစ်ယောက်ကတော့ ၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်မှာ ကျရှုံးနေတုန်းပဲ။ ဒီလိုအတက်အကျ ဖြစ်နေတဲ့အချိန်မျိုးမှာ ခရမ်းစံအိမ်အထွတ်အမြတ်မြေအနေနဲ့ သူတို့ရဲ့ အင်အားကို ပြသဖို့အတွက် အခွင့်အရေးကောင်းကို လက်လွတ်ခံမယ် မထင်ဘူး

ကျန်းယွင်ရှီးကို လက်ထပ်ချင်တယ်ဆိုတာက ချီရှောက်ရွှမ် တကယ်လုပ်ချင်တဲ့ အရာဖြစ်ပေမဲ့ အဲဒီထက်ပိုပြီးတော့ အရေးကြီးတာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ရည်ရွယ်ချက်ရှိရှိ စော်ကားတာပဲ

ဂိုဏ်းချုပ်က နိဗာနတော်ဝင်ရေစင်ကို ဆုပ်ကိုင်လိုက်ပြီး လက်ဖဝါးမှ မိုးကြိုးများထွက်လာကာ ကျောက်စိမ်းပုလင်းလည်း ချက်ချင်း ပျက်စီးသွားသည်။ အထဲမှ ပန်းရောင်အရည်များလည်း ကောင်းကင်သို့ မြောလွင့်သွားသည်။

ထိုရနံ့က ကြာဖြူတောင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည့်အတွက် လူအများက ထိုအရာကို စတင် အလိုရှိလာကြသည်။

ဂိုဏ်းချုပ်က အေးစက်စွာပြောလိုက်သည်

“ချီရှောက်ရွှမ်က ကံကြမ္မာသားတော်ဆိုပြီးတော့ အားလုံးက ပြောနေကြပေမဲ့ ငါကတော့ ဒါက သူ့မှာ ရှိတာအကုန်ပဲလို့ ထင်တယ်။

သူက ဒီနိဗာနတော်ဝင်ရေစင် နည်းနည်းလောက် ပေးပြီးတော့ ငါ့သမီးနဲ့ လက်ထပ်ချင်နေတယ်ပေါ့လေ ဟုတ်လား။ မင်းတို့ သူတော်စင်နှစ်ယောက်လုံး ကံအပြောင်းအလဲ အခွင့်အရေးအစစ်က ဘာလဲဆိုတာကို သိကြရဲ့လား”

ချန်ကျုံးထျန်းက ရှင်းပြလိုက်သည်

“ ဂိုဏ်းချုပ် နောက်နေတာပဲ ဖြစ်ရမယ်။ ဒါကဒဏ္ဍာရီလာ နိဗာနတော်ဝင်ရေစင်လေ။ တစ်စက်လေးနဲ့တင် လူ့အသက်ကို ကယ်နိုင်တာဆိုတော့ တစ်ပုလင်းလုံး ပေးထားတာက အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ မဟုတ်လား။

အစ်ကို ချီရှောက်ရွှမ်က လွဲလို့ ကျန်တဲ့သူ ဘယ်သူက ဒီလိုမျိုး ရက်ရောပြီးတော့ သဘောထားကြီးလို့လဲ။ ပြီးတော့ ဘယ်သူကရော ဒီလိုအဖိုးမဖြတ်နိုင်တဲ့ ရတနာကို ပေးနိုင်လို့လဲ”

All Chapters