← Chapters

ချောမောခြင်းနှင့် အရှိန်အဝါလွှမ်းမိုးခြင်း

Vol. 11-16 Ch. 170

ချောမောခြင်းနှင့် အရှိန်အဝါလွှမ်းမိုးခြင်း

Vol. 11-16 Ch. 170

အခန်း (၁၇၀) : ချောမောခြင်းနှင့် အရှိန်အဝါလွှမ်းမိုးခြင်း

ခုနစ်စဉ်ကြယ်၏ သူတော်စင်က ချီရှောက်ရွှမ်၏ သစ္စာခံဖြစ်သည့်အတွက် သူ့နာမည် ပြောနေးသည့်အခါ ချက်ချင်း စိတ်တက်ကြွလာလေသည်။

“ ဒီ တော်ဝင်ရေစင်က အစ်ကိုဖန်ချန်းရဲ့ တာအိုဒဏ်ရာကို သက်သာလာစေမှာပါ။ အနည်းဆုံးတော့ သူ မသေနိုင်တော့ပါဘူး။

ညီမလေး ယွင်ရှီးကို ဒီနိဗာနတော်ဝင်ရေစင် လက်ဆောင်ပေးရတဲ့ အကြောင်းအရင်းက သူ့ရဲ့ ဖော်ရွေမှုကို ပြသချင်ရုံပါလို့ အစ်ကိုရှောက်ရွှမ်က ပြောပါတယ်။ ညီမလေး ယွင်ရှီးသာ သူ့ကို လက်ထပ်မယ်ဆိုရင် နောက်ထပ် တော်ဝင်ရေစင်ရဖို့ မခက်ခဲပါဘူး။ ဒါဆိုရင် အစ်ကိုဖန်ချန်းလည်း လုံးဝ သက်သာလာပြီးတော့ ကနဦးဝိညာဉ်အဆင့်ကိုတောင် ရောက်သွားနိုင်တယ်”

ချန်ကျုံးထျန်း၏ မျက်နှာအထက်၌ ယုံကြည်မှု ရှိသော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

အစ်ကိုရှောက်ရွှမ် လိုလူမျိုး သဘောကျတာကို ခံရတဲ့ ကျန်းယွင်ရှီးက ကံကောင်းတာပဲလေ

ချန်ကျုံးထျန်း၏ စိတ်ထဲတွင် ကျန်းယွင်ရှီးက ချီရှောက်ရွှမ်အတွက် မသင့်တော်သေးကြောင်း ခံစားနေရသော်လည်း ချီရှောက်ရွှမ်က သူ့ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ စေလွှတ်ကာ လက်ထပ်ဖို့ တောင်းဆိုခိုင်းသည့်အတွက်သာ အမိန့်ကို မဆန့်ကျင်ခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်လုံးက သူတော်စင်များ ဖြစ်သော်လည်း ချီရှောက်ရွှမ်ဆီတွင် ရှေးဟောင်းဧကရာဇ်၏ အမွေအနှစ်များ ရှိသည့်အတွက်ကြောင့် အဆင့်တူသည်ဟု သတ်မှတ်လို့ မရနိုင်ပေ။

ချန်ကျုံးထျန်းက ချီရှောက်ရွှမ်၏ နောက်လိုက်အဖြစ် နေဖို့အတွက် ပထမဆုံးရွေးချယ်ခဲ့သည့် သူတော်စင်တစ်ယောက် ဖြစ်သည်။

အနာဂတ်မှာ ချီရှောက်ရွှမ်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်လာရင် ငါလည်း အရေးပါဆုံး နောက်လိုက်တစ်ယောက် ဖြစ်လာလိမ့်မယ်။ ဒီလောက်ဆိုရင် ကံကောင်းမှု ချို့တဲ့နေတယ်လို့ ပြောလို့ရသေးလား

အရှင်းဆုံးပြောရလျှင် ချီရှောက်ရွှမ်က အံ့ဖွယ်မိုးကောင်းကင်ဆီ ပေးထားသော တော်ဝင်ရေစင်မှာ ပိုင်ဆိုင်မှုထဲမှ အနည်းအကျဉ်းသာ ဖြစ်ပြီး စွန့်စားခရီးသွားတုန်းက ရလာသည့် နိဗာနတော်ဝင်ရေစင်က လီတာ ၅၀ ခန့် ရှိသည်။

အံ့ဖွယ်မိုးကောင်းကင်၏ ပုလင်းထဲတွင် ၅၀၀ မီလီလီတာလောက်သာ ပါဝင်သည်။

ချန်ကျုံးထျန်းကိုလည်း ၅၀၀ မီလီလီတာ ပေးအပ်ခဲ့သေးသည်။

ထိုနိဗာနတော်ဝင်ရေစင်ကြောင့် ချန်ကျုံးထျန်းလည်း ၈ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီး ရွှေအမြုတေစာရင်းတွင် အဆင့် ၄ ချိတ်နိုင်ခဲ့ခြင်းဖြစ်သည်။

နိဗာနတော်ဝင်ရေစင်၏ အကူအညီ မပါရှိဘဲ သူ့ကိုယ်ပိုင်ခွန်အားဖြင့် အများဆုံး ရွှေအမြုတေစာရင်း၏ ထိပ်ဆုံး ၁၀ ယောက်ထဲသို့သာ ရောက်ရှိနိုင်မည်ဖြစ်ပြီး ၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်သို့ ရောက်ဖို့အတွက် စိတ်တောင်ကူးလို့မရပေ။

ထို့ကြောင့် ၈ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် ကနဦးဝိညာဉ်အဆင့်သို့ ဝင်ရောက်ဖို့ ရွေးချယ်လိုက်သည်။

သူ့စိတ်ထဲတွင် ချီရှောက်ရွှမ် အနားကပ်နေပါက အထက်ဘုံတက်လှမ်းခြင်းကိစ္စအား အနှေးနှင့်အမြန် ရရှိနိုင်သည်ဟု တွေးထားသည်။

ချန်ကျုံးထျန်း ပြောတာကို နားထောင်ပြီး ကျန်းယွင်ထင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“ ဒီနောက်လိုက် ချန်ကျုံးထျန်းက သစ္စာဖောက်ကောင်ပဲ …

အရှေ့ပိုင်းလွင်ပြင်ရဲ့ အထွတ်အမြတ်မြေအားလုံးက ပင်မတပည့်တွေအကုန်လုံး ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးက ရှီးအာကို ချစ်နေတာကို သိတယ်။ ဂိုဏ်းတူအစ်ကိုကြီးက အမြဲတမ်း စိတ်ကြီးဝင်နေခဲ့တာဆိုတော့ ကျင့်ကြံဆင့်ကို ဆုံးရှုံးလိုက်ရတာနဲ့တင် စိတ်မကောင်းဖြစ်နေပြီလေ။ အသက်ရှင်နိုင်ဖို့အတွက် ရှီးအာအပေါ် မှီခိုရမယ်ဆိုရင် ပိုဆိုးမယ်။

သူ  အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေရတာလဲ။ ရှီးအာက ချီရှောက်ရွှမ်ကို လက်ထပ်လိုက်ရင် နိဗာနတော်ဝင်ရေစင် ပိုပြီးတော့ ရလာနိုင်တယ် ဟုတ်လား။ အစ်ကိုဖန်သာ ချီရှောက်ရွှမ်၏ နိဗာနတော်ဝင်ရေစင်ကြောင့် ကျင့်ကြံဆင်ကို ပြန်ရပြီးတော့ ၉ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်ကို ရောက်ရှိသွားနိုင်မယ်ဆိုရင်တောင် သူ အဲလိုဖြစ်သွားတာကို လက်မခံနိုင်ဘဲနဲ့ စိတ်တွင်းနတ်ဆိုးတွေ ထကြွသောင်းကြမ်းပြီး ဒုက္ခပေးလိမ့်မယ် ”

ကျန်းယွင်ထင်က ဂိုဏ်းချုပ်ဆီမှ “စာအုပ်ဖတ်ခြင်းကို နှစ်သက်ခြင်းနှင့် စာအုပ်ကောင်းများကို ဖတ်ခြင်း” အလေ့အကျင့်ကို အမွေရထားသည့်အတွက် ချန်ကျုံးထျန်းနှင့် ချီရှောက်ရွှမ်၏ အကြံအစည်ကို ရှင်းရှင်းလင်းလင်းာ မြင်နေရသည်။

သူတို့၏ ရည်ရွယ်ချက်တွေက မကောင်းမှန်း သိနေသော်လည်း ဘာမှပြန်မလုပ်နိုင်ဘဲ ချန်ကျုံးထျန်း လုပ်တာတွေက ယခုအခြေအနေအတွက် သင့်တော်နေသောကြောင့် ကျေးဇူးတင်ဖို့ပါ ဖြစ်လာရသည်။

ဖန်ချန်း၏ အသက်ကို လက်လျှော့ပြီးတော့ နိဗာနတော်ဝင်ရေစင်ကို ငြင်းလိုက်မလား ဒါမှမဟုတ် လှောင်ပြောင်တာကို သည်းခံပြီးတော့ နိဗာနတော်ဝင်ရေစင်ကို လက်ခံပြီး အသက်ကို ကယ်မလားဆိုပြီး ရွေးချယ်စရာနှစ်ခု ရှိလာသည်။

ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် အကြီးအကဲတွေအနေနှင့် ချန်ကျုံးထျန်းကို သင်ခန်းစာပေးဖို့လည်း ဖြစ်နိုင်ချေ မရှိပေ။  ထိုသို့လုပ်လိုက်ရင် အထွတ်အမြတ်မြေကို နာမည်ပျက်သွားစေလိမ့်မည်။ ချန်ကျုံးထျန်းက ဧည့်သည်ကောင်း တစ်ယောက်လိုမျိုး ပြုမူနေချိန် သူတို့က ရန်ရှာလိုက်လျှင် ပိုပြီးတော့ ဆိုးရွားသွားလိမ့်မည်။ ထို့အပြင် အံ့ဖွယ်မိုးကောင်းကင်က အားနည်းသူကို အနိုင်ကျင့်တတ်သည့် အထွတ်အမြတ်မြေတစ်ခုအဖြစ် သတ်မှတ်ခံရလိမ့်မည်။

ထိုအခိုက်အတန့် ကြာဖြူတောင်ထိပ်ရှိ လူအားလုံး ဒေါသစိတ်ဖြင့် ပြည့်နှက်နေကြသည်။

ခံစားချက်မဲ့နေသော ဂိုဏ်းချုပ်နှင့် အရှက်မဲ့သည့် ကြာပြာကောင်းကင်အသျှင်တို့သာလျှင် တည်ငြိမ်နေကြဆဲ ဖြစ်၏။

ဂိုဏ်းချုပ်က နိဗာနတော်ဝင်ရေစင်ကို တည်ငြိမ်စွာဖြင့် သိမ်းဆည်းကာ ပြောလိုက်သည်

“ ဒါက မလောက်ငှပေမဲ့လည်း ကျေးဇူးပါ။ ရှီးအာနဲ့ ခရမ်းစံအိမ်အထွတ်အမြတ်မြေရဲ့ သူတော်စင်ကိစ္စကိုတော့ ရှီးအာကို ကိုယ်တိုင် ဆုံးဖြတ်ခွင့်ပေးလိုက်ပါ။ တစ်ဖက်သတ်ဆန်ဆန် မဆုံးဖြတ်ချင်ဘူး”

ဂိုဏ်းချုပ်က နိဗာနတော်ဝင်ရေစင်ကို တွေဝေခြင်းမရှိ သိမ်းဆည်းလိုက်သည့်ပုံစံကို ကြည့်ပြီး ချန်ကျုံးထျန်းတစ်ယောက် ကြောင်အနေမိသည်။

ဒါက စီစဉ်ထားတဲ့အတိုင်း မဟုတ်တော့ဘူးလေ

ငါက အရမ်းကို ဒဲ့တိုးကြွားလုံး ထုတ်ထားပြီးတော့ ဖန်ချန်းကို အထင်သေးတဲ့ပုံစံမျိုး ပြောထားတာလေ

အံ့ဖွယ်မိုးကောင်းကင်ရဲ့ ဂိုဏ်းချုပ်အနေနဲ့ အဲလိုလှောင်ပြောင်မှုမျိုးကို လက်မခံနိုင်ဘူးဆိုပြီးတော့ ဒေါသထွက်သင့်တာ မဟုတ်လား။ ပြီးတော့ နိဗာနတော်ဝင်ရေစင်ကို ဒေါသနဲ့ပစ်ပေါက်ပြီးတော့ ပြန်ယူသွားခိုင်းတာမျိုး ဖြစ်သင့်တာမဟုတ်လား

ဒီလိုသာဆိုရင် နိဗာနတော်ဝင်ရေစင်ကို ပြန်ပြီးတော့ ယူလာနိုင်မှာပဲ

ဒါပေမဲ့ အစ်ကို ရှောက်ရွှမ်က ဘယ်လိုလူမျိုးမလို့လဲ။ သူက ဘယ်လိုလုပ်ပြီးတော့ ပေးပြီးသားပစ္စည်းကို ပြန်ယူနိုင်ပါ့မလဲ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက လက်မခံဘူးဆိုရင် အစ်ကိုက အဲ့ဒီပစ္စည်း ငါ့ကို ပေးနိုင်ချေများတယ်

ချန်ကျုံးထျန်းက သူ့အကြံအစည်ပေါ်မှာ ယုံကြည်မှုအပြည့် ရှိသော်လည်း ယခုလိုမျိုး ကမောက်ကမ ဖြစ်ကုန်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သည့်အတွက် နေရာမှာတင်ရပ်ကာ ဘာမှမပြောနိုင်ဖြစ်နေရသည်။

အချိန်အကြာကြီး ကြောင်နေရာမှ တံတွေးကို မျိုချကာ ပြောလိုက်သည်

“ ဂိုဏ်းချုပ် … ဒီနိဗာနတော်ဝင်ရေစင် ပုလင်းက ညီမလေးယွင်ရှီးအတွက် လက်ဆောင်ပါ”

ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ငါ သိပါတယ်။ ငါက ရှီးအာကို ကူပြီး သိမ်းပေးထားရုံတင်ပါ။ ဘာလို့လဲ။ ခရမ်းစံအိမ်ရဲ့သူတော်စင်က ရှီးအာကိုပေးတဲ့ လက်ဆောင်မှာ ကန့်သတ်ချက်တွေ ရှိလို့လား”

ချန်ကျုံးထျန်း၏ မျက်နှာ ချက်ချင်းနီရဲသွားကာ ပြောလိုက်သည်

“ မရှိ…မရှိပါဘူး”

ဂိုဏ်းချုပ်က ပြန်ပြောလိုက်သည်

“ မရှိဘူးဆိုလည်း ပြီးရောလေ…မင်းမှာ နောက်ထပ် မေးစရာတွေ ရှိသေးလား”

ချန်ကျုံးထျန်းက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်

“ အစ်ကိုရှောက်ရွှမ်နဲ့ ညီမလေးယွင်ရှီးက တကယ်ကို လိုက်ဖက်ညီတဲ့ တွဲဖက်တွေပါ။ ဂိုဏ်းချုပ်က တကယ်ပဲ ဒီကိစ္စမှာ ဝင်မပါတော့ဘူးလား။ အစ်ကို ရှောက်ရွှမ် ပြောတာကတော့…”

ဂိုဏ်းချုပ်က ချန်ကျုံးထျန်းကို ဖြတ်ပြောလိုက်သည်

“ အရှင်းဆုံးပြောရရင် ငါ့သမီးမှာ သဘောကျတဲ့သူရှိနေပြီးသား”

ဂိုဏ်းချုပ်က ပြောရင်း ရှန်ထျန်းကို လှည့်ကြည့်ကာ ခေါ်လိုက်သည်

“ ထျန်းအာ ဒီကိုလာခဲ့ပါဦး”

ထိုအချိန်တွင် အားလုံး၏ အာရုံက ရှန်ထျန်းဆီ ရောက်သွားပြီး ရှန်ထျန်းကတော့ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။

အမှန်အတိုင်းပြောရရင် သူ တကယ်ကို မပျော်တော့ဘူး

ငါက ဘာလို့ မိန်းကလေးတစ်ယောက်အတွက် တိုက်ခိုက်ရမယ့် ဖန်တရာတေနေတဲ့ ဇာတ်ကွက်မျိုးကို ကြုံနေရမှာလဲ။ မနာလိုအောင်လုပ်ဖို့ တခြားနည်းလမ်းတွေ မရှိတော့ဘူးလား

ဂိုဏ်းချုပ်ကလည်း ချန်ကျုံးထျန်းဆီကနေ ပစ္စည်းယူပြီးတာနဲ့ ကန်ထုတ်လိုက်လို့ ရနေတာကို ဘာလို့ ငါ့ကိုခေါ်ထုတ်ပြီးတော့ အဲဒီကောင်နဲ့ မျက်နှာချင်းဆိုင်ရအောင် လုပ်ရတာလဲ

ရှန်ထျန်းက ဖြစ်လာမည့် အကျိုးဆက်ကိုပါ တွေးပြီးနေလေပြီ။

ဖြစ်နိုင်ချေအရှိဆုံးကတော့ သူ ချန်ကျုံးထျန်းလှောင်တာကို ခံရလိမ့်မယ်။ အဲလိုဖြစ်သွားရင်ကျတော့လည်း ဂိုဏ်းချုပ်လည်း စိတ်မကောင်းဖြစ်ရသလို သူတော်စင်မလည်း စိတ်မကောင်းဖြစ်ရပြီး အားလုံးလည်း စိတ်မကောင်းဖြစ်သွားမှာ

ဒါက မျက်နှာပျက်ရအောင် လုပ်လိုက်တဲ့ ကိစ္စဖြစ်လို့ သူရော အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ဆက်ပြီးတော့ နေနိုင်ပါဦးမလား

ရှန်ထျန်းကလည်း လှောင်ပြောင်မှုကို ပြန်လည်တုံ့ပြန်ပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ခွန်အားကို ပြသဖို့အတွက် နည်းလမ်းတွေကို စဉ်းစားနေသည်။ သို့သော် ထိုသို့ လုပ်လိုက်ပါက ခရမ်းစံအိမ်၏ သူတော်စင်က အငြိုးအတေးထားကာ လက်စားချေနေနိုင်သည်။

ပြီးတော့ သူတို့သာ သူ့ကို လက်စားလာချေလို့ ရှုံးနိမ့်ခဲ့ရင် နောက်ထပ် အကြီးအကဲပိုင်းတွေပါ ပါလာနိုင်တယ်။ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် အရမ်းစိတ်ညစ်ဖို့ကောင်းတယ် မဟုတ်ပါလော။

ကူကယ်ရာမဲ့နေသော ရှန်ထျန်းက ဂိုဏ်းချုပ်ရှေ့ လျှောက်လာကာ ပြောလိုက်သည်

“ ဆရာ့ကို နှုတ်ခွန်းဆက်သပါတယ်”

ဂိုဏ်းချုပ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ခုနစ်စဉ်ကြယ်ရဲ့သူတော်စင် … ဒါက ငါ့ရဲ့ ဂိုဏ်းက သူတော်စင်အသစ် ရှန်ထျန်းလေ။ သူတော်စင်အပ်နှင်းပွဲ အခမ်းအနားအတွက် ပြင်ဆင်လို့ ပြီးသွားပြီဆိုတော့ သိပ်မကြာခင်အချိန်အတွင်းမှာပဲ အဓိက အထွတ်အမြတ်မြေတွေဆီ ဖိတ်စာပို့တော့မှာ။

သူက ငါ့သမီး သဘောကျနေရတဲ့သူပဲ”

ချန်ကျုံးထျန်းက ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။ အပွင့်လင်းဆုံးပြောရလျှင် သူ အစတုန်းက ရှန်ထျန်းကို သတိမထားမိပေ။ ယခု ရှန်ထျန်း သူ့ရှေ့ကိုရောက်လာမှ လေးလံသော ဖိအားတစ်ခုကို ချန်ကျုံးထျန်း ရုတ်တရက် ခံစားလိုက်မိသည်။

ဒီလောက်… ဒီလောက်ထိ ရုပ်ချောတဲ့သူ ရှိနေနိုင်တာလား။ သူ့ရဲ့ တည်ရှိမှုလေးကတင် အရမ်းမှင်သက်ဖို့ကောင်းတယ်။ အထူးသဖြင့် ကျက်သရေရှိတဲ့ ပုံစံကပေါ့

ဒီလူက ချီရှောက်ရွှမ်ထက် ပိုပြီးတော့ မိုးကြိုးအရှိန်အဝါနှင့် ထာဝရရှင်သန်သူ ပြန်လည်ဝင်စားသည်ဟုပင် ချန်ကျုံးထျန်း တွေးနေမိသည်။

ကျန်းယွင်ရှီး သူ့ကို ကြိုက်နေတယ်ဆိုတာကလည်း အံ့ဩစရာမရှိပါဘူး

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး သူတော်စင် တစ်ယောက်ကို ရှာတွေ့သွားရတာလဲ။

အချက်အလက် စုဆောင်းရေးဌာနက တပည့်တွေ ဘာလုပ်နေကြတာလဲ

သူ အသာစီး မရနိုင်တော့ဘူးဆိုတာကို ချန်ကျုံးထျန်း ခံစားလာမိသည်။

သူ ကိုယ့်ကိုယ်ကို ရှက်လာသည့်အချိန် သူ့အရှိန်အဝါလည်း ကျဆင်းသွားသည်။

သူ့ရဲ့… မောက်မာမှုလည်း ပျောက်ဆုံးသွားပြီ

All Chapters