← Chapters

ညီလေးရဲ့ နိဗာနတော်ဝင်ရေစင်တွေ ဒီလောက်အများကြီးကို ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်ပါ့မလဲ

Vol. 11-16 Ch. 172

ညီလေးရဲ့ နိဗာနတော်ဝင်ရေစင်တွေ ဒီလောက်အများကြီးကို ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်ပါ့မလဲ

Vol. 11-16 Ch. 172

အခန်း (၁၇၂) : ညီလေးရဲ့ နိဗာနတော်ဝင်ရေစင်တွေ ဒီလောက်အများကြီးကို ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်ပါ့မလဲ

ရနံ့သင်းသင်းလေးက အခန်းတစ်ခုလုံး  ပျံ့နှံ့သွားလေသည်။

ထိုပုလင်းထဲတွင် နိဗာနတော်ဝင်ရေစင် ရှိနေပြီး ပျိုနီ နိဗာနတော်ဝင်ရေစင်ထက် တစ်ဆင့်ပိုမြင့်သော အထွတ်အထိပ်အဆင့် ရတနာဖြစ်ကြောင်း ချန်ကျုံးထျန်း အတည်ပြုလိုက်နိုင်သည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်အသစ်ကလည်း ဒီလိုမျိုး ကြီးမားတဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိခဲ့တာလား။ ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ

ချန်ကျုံးထျန်းက ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်နေသည်။

ဟုတ်တယ်…ဒီလူမှာ ပုလင်းအသေးလေး တစ်ပုလင်းပဲ ရှိတာပါ။ အစ်ကိုရှောက်ရွှမ်မှာက ၅၀ လီတာတောင် ရှိတယ်ဆိုတော့ အစ်ကိုက ပိုပြီးသာနေတုန်းပါပဲ

သူစိတ်သက်သာရာရဖို့အတွက် အကြောင်းပြချက်ကို ရအောင်ရှာပြီးနောက် ချန်ကျုံးထျန်း စိတ်သက်သာရာရသွားသည်။

ကြာဖြူကောင်းကင်အသျှင်က ကျောက်စိမ်းပုလင်းကို အံ့ဩမှင်သက်စွာဖြင့် ကြည့်လိုက်သည်။

“ တကယ်ကို သန့်စင်တဲ့ နိဗာနတော်ဝင်ရေစင်ပဲ။ စောနက ပုလင်းထက်တောင် အရည်အသွေးတောင် ပိုကောင်းသေးတယ်။ မင်းမှာ ဘယ်လောက်များများ ရှိသေးလဲ”

“ ဆရာဒေါ်လေးကြာဖြူ… လောက်ငှမယ်ဆိုတာကို ကျွန်တော် အာမခံပါတယ်။ စိတ်ပျက်အောင် မလုပ်ပါဘူး”

ရှန်ထျန်း ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည့်အခါ ငွေဖြူရောင်အရည်လုံး တစ်လုံး လူတိုင်း၏ ရှေ့တွင် မျောလာသည်။ ထိုအခိုက်အတန့်တွင် ရရှိလိုက်သော ရနံ့က အားလုံးကို ယစ်မူးသွားစေသည်။

ထိုရှားပါးသော မြင်ကွင်းက ချန်ကျုံးထျန်းကို ဆွံ့အသွားစေသည်။

သူတို့ရှေ့ရှိ နိဗာနတော်ဝင်ရေစင်၏ အလေးချိန်က အနည်းဆုံး ၅၀ လီတာရှိသည်။

ဒါဆို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်ဆီမှာ နိဗာနတော်ဝင်ရေစင် ၅၀ လီတာ ပိုင်ဆိုင်ထားတာပေါ့လေ။ အဲဒီထက်ပိုပြီးတော့ အံ့ဩစရာကောင်းတာက ချီရှောက်ရွှမ် ပိုင်ဆိုင်ထားတဲ့ဟာထက် သူ့ဟာက ပိုပြီးတော့တောင် အရည်အသွေး ကောင်းနေတာတဲ့

ထိုအခိုက်အတန့်တွင် ချန်ကျုံးထျန်း ကိုယ့်ကိုယ်ကို စပြီးသံသယဝင်လာမိပြီး ဂိုဏ်းချုပ် စောနက ပြောခဲ့သော စကားကို သတိရသွားသည်။

ကံအပြောင်းအလဲ အခွင့်အရေး အစစ်အမှန်က ဘာလဲဆိုတာကို မမြင်ရသေးကြောင်း ဂိုဏ်းချုပ် ပြောခဲ့သည်။

ထိုစကားကို ဂိုဏ်းချုပ်က ဒေါသထွက်ပြီး ပြောသည်ဟု ချန်ကျုံးထျန်း ထင်မှတ်ထားခဲ့သည်။ သို့သော်ယခု ချန်ကျုံးထျန်း အင်မတန်ရှက်မိပြီး မြေကြီးထဲသို့ ဝင်သွားချင်စိတ်ပါ ဖြစ်နေသည်။

ဂိုဏ်းချုပ်က နိဗာနတော်ဝင်ရေစင် ၅၀၀ မီလီလီတာနဲ့ ပတ်သက်ပြီး ဘာမှမတွေးထားဘူး… ဘယ်သူက သူ့ကို အရမ်းတင်းတိမ်ရောင့်ရဲဖို့ ပြောလို့လဲ

ကျန်းယွင်ရှီးကို လက်ထပ်ခွင့်တောင်းဖို့ နိဗာနတော်ဝင်ရေစင် ၅၀၀ မီလီလီတာပဲ သုံးတယ်တဲ့လား။ သူက ဂိုဏ်းချုပ်ရဲ့အမြင်မှာ လှောင်စရာတစ်ခု ဖြစ်နေမှာပဲ

ချန်ကျုံးထျန်း သူ၏ တာအိုနှလုံးသား ကွဲအက်သွားသလို ခံစားနေရသည်။

ကမ္ဘာပေါ်မှာ အဆိုးဆုံးက တခြားတစ်ယောက်ရှေ့မှာ ရည်ရွက်ရှိရှိ ကြွားလုံးထုတ်တာမျိုး မဟုတ်ဘဲနဲ့ တစ်ဖက်က အစကတည်းက အဲဒီကြွားတာတွေကို ဂရုမစိုက်ဘဲ နေတာက ပိုဆိုးတယ်

ချန်ကျုံးထျန်း လျှောက်တွေးနေရင်း ကို့ရို့ကားရား ဖြစ်နေမိသည်။

သို့သော် အားလုံးက နိဗာနတော်ဝင်ရေစင်ဆီမှာသာ အကြည့်ရောက်နေသည့်အတွက် ဘယ်သူကမှ သူ့ကို အာရုံစိုက်ခြင်း မရှိပေ။

ကြာဖြူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်

“ များတယ်… အရမ်းများတယ်”

ရှန်ထျန်းက နိဗာနတော်ဝင်ရေစင်ကို ပုလင်းထဲသို့ ပြန်ထည့်ကာ ပြောလိုက်သည်

“ ဒါကို အစ်ကိုကြီးဖန်ချန်းကို ကယ်ဖို့အတွက် အသုံးပြုပေးပါ”

ရှန်ထျန်းက နိဗာနတော်ဝင်ရေစင်ကို ဖန်ချန်းဆီ ခွဲပေးချင်တာ ကြာပြီဖြစ်သော်လည်း အခွင့်မသာခဲ့ပေ။

ယခုတလောလည်း ဖန်ချန်းက အရေးပေါ်ကုသမှုကို ခံယူနေရသည့်အတွက် ရှန်ထျန်း သူနှင့် အဆက်အသွယ် မလုပ်ဖြစ်သည့်အပြင် ဒီငွေဖြူရောင်အရည်က နိဗာနတော်ဝင်ရေစင်ဖြစ်ပြီး ဖန်ချန်း၏ ရွှေအမြုတေကို ကုသပေးနိုင်ကြောင်းလည်း မသိခဲ့ပေ။

ယခု အားလုံးရှင်းလင်းသွားပြီဖြစ်သည့်အတွက် ရှန်ထျန်းက ကံအပြောင်းအလဲ အခွင့်အရေးမှ ရလာသော ဖန်ချန်း၏ ဝေစုကို ပြန်ပေးချင်နေပြီ ဖြစ်သည်။ ဖန်ချန်း၏ ရောင်ဝါစက်ဝန်းထဲမှာ မြင်ခဲ့ရသော တော်ဝင်ရေစင်က ကန်ငယ်လေးတစ်ခုစာလောက် ရှိပြီး ရှန်ထျန်း ရရှိလာသော တော်ဝင်ရေစင်မှာ ရေကန်တစ်ခုစာ ရှိသည်။ ထို့ကြောင့် ဖန်ချန်း၏ ဝေစုအားလုံးကို ပြန်ပေးရမည်ဆိုလျှင်ပင် ရှန်ထျန်းအတွက် အဆင်ပြေနေဆဲ ဖြစ်၏။

ရှန်ထျန်းအတွက် အဆင်ပြေပေမဲ့ တခြားသူတွေက ထိုသို့ မစဉ်းစားကြပေ။

ဖန်ချန်းကို တစ်ပုလင်းလုံးပေးချင်သည့် ရှန်ထျန်း၏ ဆန္ဒက ချန်ကျုံးထျန်းအား  အံ့ဩသွားစေသည်။

အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က ဒီလောက်ထိ တန်ဖိုးကြီးပြီး အဖိုးတန်တဲ့ တော်ဝင်ရေစင်အကုန်လုံးကို ဖန်ချန်းကို ကယ်နိုင်ဖို့အတွက် တကယ်ပေးချင်တာတဲ့လား။ သူက အရမ်းမြင့်မြတ်ပြီး ရက်ရောသလို အံ့ဩဖို့လည်းကောင်းတာပဲ

ချန်ကျုံးထျန်း စဉ်းစားရင်း ကိုယ့်ကိုယ်ကို ရှက်လာမိသည်။

သူသာ ဒီလောက်ထိများပြားတဲ့ နိဗာနတော်ဝင်ရေစင်ကို ပိုင်ဆိုင်ထားမယ်ဆိုရင် ထုတ်ပြနေမှာတောင် မဟုတ်ဘူး။ ခရမ်းစံအိမ်ရဲ့ သူတော်စင် ချီရှောက်ရွှမ်လည်း အတူတူပဲ… သူ့ရဲ့ ဂိုဏ်းတူညီလေးညီမလေးတွေ လိုအပ်ရင်တောင် ဒီလောက်ထိ ရက်ရောမဲ့သူမျိုး မဟုတ်ဘူး

ရှန်ထျန်းရဲ့ တခြားအရည်အချင်းတွေကို ထည့်မတွက်ဘဲ သဘောထားကြီးမှုတစ်ခုတည်းနဲ့တင် ထိပ်တိုက်ရင်ဆိုင်မှုမှာ အနိုင်ရသူဖြစ်နေပြီ

ချန်ကျုံးထျန်းက ရှန်ထျန်းကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေသည်။

သူနဲ့ ရှန်ထျန်းရဲ့ ပြိုင်ပွဲက အခုထိ မစရသေးပေမဲ့ သူ ရှုံးနေပြီသားဆိုတာကို သူ ကောင်းကောင်း သိတယ်

ကြာဖြူက ရှန်ထျန်းကို လေးနက်စွာ စိုက်ကြည့်ပြီးနောက် ထိုပုလင်းကို ကာကွယ်ရေးအစီအရင်ထဲသို့ ယူသွားသည်။

ချန်ကျုံးထျန်းက သေချာစဉ်းစားပြီးနောက် ရှန်ထျန်းရှေ့သွားကာ ပြောလိုက်သည်

“ အစ်ကိုရှန် … ကျွန်တော် ရှုံးသွားပါပြီ”

ဘာ… မင်းရှုံးတယ် ဟုတ်လား

ရှန်ထျန်း လုံးဝ စိတ်ရှုပ်ထွေးသွားသည်။

မင်းရှုံးသွားပြီဆိုတာ ဘာကို ဆိုလိုတာလဲ။ ငါ ဘာမှတောင် ကြွားလုံး မထုတ်ရသေးဘူးလေ။ မင်းက ဘာလို့ စောစောစီစီးအရှုံးကို ဝန်ခံလိုက်ရတာလဲ။ ငါက ဘယ်လိုလုပ် မင်းကို လှောင်ရယ်ပြီးတော့ ငါ့တာဝန်ပြီးမြောက်အောင် လုပ်ရတော့မှာလဲ

ချန်ကျုံးထျန်းက လေးစားစွာဖြင့် ပြောလိုက်သည်

“ အစ်ကိုရှန် … ကျွန်တော် မေးစရာလေး တစ်ခုရှိလို့ ဖြေပေးနိုင်မလားဟင်”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ မေးပါ”

ချန်ကျုံးထျန်းက မေးလိုက်သည်

“ အစ်ကိုရှန်က ဒီလောက်များတဲ့ နိဗာနတော်ဝင်ရေစင်တွေကို ဘာလို့ တွေဝေခြင်းမရှိ ပေးပစ်နိုင်ရတာလဲ။ နိဗာနတော်ဝင်ရေစင်က တာအိုဒဏ်ရာတွေကို ကုသပေးနိုင်တာမလို့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးလို့ ခေါ်ဆိုနိုင်တယ်လေ။ ညီအစ်ကိုလို လေးနက်တဲ့ ဆက်ဆံရေးကြောင့် ဒီလောက်ထိ ရက်ရောနိုင်တာလား”

ရှန်ထျန်းက ချန်ကျုံးထျန်းအား ငတုံးတစ်ယောက်လိုမျိုး သဘောထားကာ ပြောလိုက်သည်

“နိဗာနတော်ဝင်ရေစင်က ဆေးတစ်မျိုးပဲလေ။ ဆေးရဲ့ရည်ရွယ်ချက်က ဒဏ်ရာတွေနဲ့ ဖျားနာတာကို ကုသဖို့ မဟုတ်ဘူးလား”

ချန်ကျုံးထျန်း၏ စိတ်ထဲတွင် ရှန်ထျန်း ပြောသော စကားလုံးများကို ပြန်ကြားနေရင်း တစ်ခုခုကို နားလည်သွားသည့်ပုံစံဖြင့် အတွေးထဲ နစ်မြောနေသည်။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်ခန်းတံခါး ထပ်ပွင့်လာကာ ကြာဖြူ ထွက်လာပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်

“ အရူးဖန်ချန်းက မင်းအပေါ် ဒီလောက်ကြီးမားတဲ့ အကူအညီမျိုး အကြွေးမတင်ချင်ဘူးတဲ့။ နိဗာနတော်ဝင်ရေစင်က အရမ်းလည်း တန်ဖိုးရှိတယ်။ သူ ပြန်မပေးနိုင်လို့ အနာဂတ်မှာ မင်း လိုအပ်လာရင်ရော ဘယ်လိုလုပ်မလဲတဲ့။

အဲဒီကလေးက နိဗာနတော်ဝင်ရေစင်ကို သုံးမှာ မဟုတ်ဘူးဆိုတော့ ငါတို့ သူ့ကို ဖိအားပေးလို့တော့ မရဘူး”

ရှန်ထျန်းက ကြာဖြူပြောတာကို နားထောင်ပြီး လုံးဝ ဆွံ့အသွားသည်။

ဒီအရူးကတော့ ခင်ဗျား သေတော့မှာကို ဘာလို့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လုပ်နေရသေးတာလဲ

ရှန်ထျန်းက ထိုးဖောက်မြင်နိုင်သော ကာကွယ်ရေးအစီအရင်ဆီ ကြည့်လိုက်သည့်အခါ ဖန်ချန်းလည်း အပြင်ဘက်သို့ ကြည့်နေသည်ကို သတိထားမိသွားသည်။ သူ၏ ဖျော့တော့သော နှုတ်ခမ်းကို လှုပ်ကာ စကားပြောနေသည့်အတွက် ရှန်ထျန်းလည်း နားလည်နိုင်ဖို့ ကြိုးစားနေသည်။

“နိဗာနတော်ဝင်ရေစင်က ဂိုဏ်းတူညီလေးရဲ့ ကံအပြောင်းအလဲ အခွင့်အရေးလေ။ ဘယ်လိုလုပ်ပြီးတော့ ငါ့ကို ဒီလောက်အများကြီး ပေးနိုင်ရတာလဲ”

ထိုငတုံးကြောင့် ရှန်ထျန်း ပြုံးလိုက်မိသည်။

ကိုယ့်အတွက်ကို မစဉ်းစားပဲ ဘာတွေလျှောက်ပြီးတော့ စဉ်းစားနေရတာလဲ

ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းလေး ငါးပုလင်းကို ထုတ်ကာ ဖွင့်ပြလိုက်သည့်အခါ နိဗာနတော်ဝင်ရေစင် ပါသော ဘောလုံးငါးလုံး ရှန်ထျန်း၏ ဘေးပတ်လည်တွင် ပေါလောပေါ်နေသည်။

အားလုံးကို စွဲလမ်းသွားစေလောက်သည့် အသက်ဓာတ်များက လျို့ဝှက်အခန်းတစ်ခုလုံး ပြည့်နှက်သွားလေသည်။

ရှန်ထျန်းက ကြောင်အနေသည့် ဖန်ချန်းကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်

“ ကျွန်တော်မှာ အများကြီး ရှိပါသေးတယ်”

ရှန်ထျန်းက နိဗာနတော်ဝင်ရေစင်များကို ပုလင်းထဲသို့ ပြန်လည်သိုလှောင်ကာ နောက်ထပ် တစ်ပုလင်းကို ကြာဖြူ၏ လက်ထဲ ထည့်ပေးရင်း ပြောလိုက်သည်

“ ဆရာဒေါ်လေးကြာဖြူ… ကျွန်တော်ဆီမှာ နိဗာနတော်ဝင်ရေစင် လုံလုံလောက်လောက် ရှိတာမလို့ ကျေးဇူးပြုပြီးတော့ အစ်ကိုကြီးကို ရအောင် ကယ်ပေးပါနော်”

ကြာဖြူက တံတွေးကိုမျိုချကာ လေးလံစွာ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်

“ စိတ်မပူနဲ့။ ဒီတစ်ခေါက်တော့ ဖန်ချန်း သေချင်တယ်ဆိုရင်တောင် သေလို့ မရတော့ဘူး”

ကြာဖြူကောင်းကင်အသျှင်က နိဗာနတော်ဝင်ရေစင် ပုလင်း နှစ်ပုလင်းကို ကိုင်ဆောင်ကာ လျှို့ဝှက်ခန်းထဲသို့ ဝင်သွားသည်။

စိတ်လှုပ်ရှားစေသော အရေးပေါ်ကုသမှု တစ်ဖန်ပြန်လည် စတင်ပြီဖြစ်သော်လည်း ပတ်ဝန်းကျင်က ငြိမ်သက်နေဆဲ ဖြစ်သည်။

လူအားလုံး အထူးသဖြင့် ချန်ကျုံးထျန်း ရှန်ထျန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။

သူ မြေပြင်ပေါ်သို့ လဲကျသွားကာ ကြောင်တောင်တောင် ဖြစ်နေသည်

“ ကနဦးဝိညာဉ်အဆင့်ကို ရောက်ဖို့အတွက် ကြိုးစားတာ ကျရှုံးပြီးတော့ ချီဖောက်ပြန်ခြင်းကို ခံစားနေရတာ ဖြစ်မယ်။ ငါ အခုလေးတင် မြင်လိုက်ရတာ ဘာလဲ။ အနည်းဆုံးတော့ နိဗာနတော်ဝင်ရေစင် ၂၅၀ လီတာလောက် ရှိမယ် ထင်တယ်။ လုံးဝ မဖြစ်နိုင်ဘူး…သူ့မှာ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အများကြီး ရှိနေရတာလဲ။

အတုယောင်တွေပဲ ဖြစ်မယ်

ဟား…ဟား..ဟား…

ပုံရိပ်ယောင် စိတ်နတ်ဆိုး အခုထွက်သွား”

All Chapters