← Chapters

မင်းတို့နှစ်ယောက်လုံး ပျော်ရွှင်ဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်

Vol. 11-16 Ch. 173

မင်းတို့နှစ်ယောက်လုံး ပျော်ရွှင်ဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်

Vol. 11-16 Ch. 173

အခန်း (၁၇၃) : မင်းတို့နှစ်ယောက်လုံး ပျော်ရွှင်ဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်

ကျင့်ကြံဆင့်က စွမ်းအားကို တိုးပွားစေရုံသာမက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုလည်း တိုးပွားစေသည်။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် ကျင့်ကြံဆင့်ဟာ ဘယ်လောက်ထိ အရေးပါကြောင်း ပြောစရာပင် မလိုတော့ပေ။

ချီသန့်စင်ခြင်း၊ အခြေတည်အဆင့်နှင့် ရွှေအမြုတေတို့က ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို တိုးပွားစေနိုင်သော ကျင့်ကြံရေး နယ်ပယ်အဆင့်များ ဖြစ်ကြသည်။ သို့သော် ကနဦးဝိညာဉ်အဆင့်ပြီးလျှင် ကျင့်ကြံသူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုက ယခင်ထက် ပိုပြီးအရေးကြီးလာသည့်အတွက် သူတို့၏ စိတ်ပိုင်းဆိုင်ရာကို လေ့ကျင့်ဖို့အတွက် သေမျိုးလောက၌ အတွေ့အကြုံယူဖို့ လိုအပ်သည်။

ကျင့်ကြံသူများသာ သူတို့၏ ကိုယ်ပိုင်တာအိုအပေါ် အပြည့်အဝ ယုံကြည်မှုရှိပါက သူတို့၏ ကျင့်ကြံရေးလမ်းကြောင်းက အချိန်တိုအတွင်း တဟုန်ထိုး မြင့်တက်သွားနိုင်သည်။ သို့သော် သူတို့ရွေးချယ်ထားသော တာအိုအပေါ်မှာ ယုံကြည်မှု မရှိပါက စိတ်နတ်ဆိုးများ အလွယ်တကူ ပေါက်ဖွားလာကာ ပြင်းထန်သော ဒဏ်ရာများ ရရှိသွားတတ်သည်။

တာအိုကား ဓာတ်ငါးပါး သို့မဟုတ် ယင်ယန် လိုအပ်တာမျိုး မဟုတ်ဘဲ တစ်ခါတစ်ရံ၌ အသေးအဖွဲ့ ဖြစ်တတ်သည့်  ဂီတတူရိယာ တာအို၊ ပန်းချီ၊ လက်ရေးလှနှင့် အားကောင်းသူများအပေါ် လေးစားမှုတာအိုကပင် အရေးပါနေတတ်သည်။

ကောလဟာလများအရ ရှေးအခါက ပြိုင်ဘက်ကင်း နတ်ဧကရာဇ်တစ်ပါးက ကောင်းကင်ခုံရုံးကို ဖွဲ့စည်းကာ နယ်မြေငါးခုကို တစ်သားတည်းဖြစ်အောင် စုစည်းပြီး အဆုံးမဲ့နယ်မြေကို ပိုင်ဆိုင်ခဲ့သည်ဟု ပြောကြသည်။ ထိုနတ်ဧကရာဇ်က ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်သည့်အတွက် သူ့နောက်လိုက်များကလည်း ကျင့်ကြံရေး လမ်းကြောင်းတွင် ထွန်းပေါက်အောင်မြင်ကြသည်။

ဧကရာဇ်က သူ့နောက်လိုက်တွေ အားလုံးကို  အဆုံးမဲ့ထာဝရနယ်မြေဆီ ခေါ်သွားကာ စစ်ပွဲတစ်ခု စတင်ဖို့ လုပ်ခဲ့သည်ဟုလည်း ပြောနေကြတာမျိုး ရှိသည်။

ထိုဒဏ္ဍာရီက မှန်လား မှားလားဆိုတာ မသိပေမဲ့လည်း ‘အမျိုးသားတစ်ယောက် ထိပ်ဆုံးထိ ရောက်သွားတဲ့အခါ သူ့မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေလည်း သူနဲ့အတူတူပါသွားတတ်တယ်’ဆိုတဲ့ ဥပမာပေးစရာ တစ်ခုတော့ ဖြစ်လာတာပဲ

ထို့ကြောင့် ကျင့်ကြံရေးလောကမှာ ကျင့်ကြံသူများက သူတို့၏ အရည်အချင်းက ကန့်သတ်မှု ရှိကြောင်း သိထားကြသည့်အတွက် ပြိုင်ဘက်ကင်း တာအိုပိုင်ဆိုင်ဖို့အတွက် စိတ်ဓာတ်ပြင်းထန်မှု မရှိဘဲ ပိုမို စွမ်းအားကြီးသူ၏ နောက်လိုက်အဖြစ် နေဖို့သာ ရွေးချယ်ကြသည်။ သူတို့၏ ရွေးချယ်မှု မှန်ကန်သည်ဟု ခံစားနေရသ၍ သူတို့၏ ကိုယ်ပိုင်တာအိုကို ဖန်တီးနိုင်ကြသည်။

ပုံမှန်အားဖြင့် သူတော်စင်များနှင့် သူတော်စင်မများက အထွတ်အမြတ်မြေ၏ ဂုဏ်မာနကြောင့် ထိုနည်းလမ်းကို မရွေးကြပေ။

အထွတ်အမြတ်မြေတိုင်းမှ သူတော်စင်၊ သူတော်စင်မများက နှစ်တစ်ရာအတွင်း စွမ်းအားအကြီးဆုံးသော ပါရမီရှင်များဖြစ်သည့်အတွက် အထွတ်အမြတ်၏ ကျော်ကြားမှုကို ကိုယ်စားပြုသည်။

အခြားပညာရှင်များနှင့် ယှဉ်ပြိုင်ရန်အတွက် ဘယ်တာအိုမဆို ရွေးချယ်နိုင်ပြီး နောက်လိုက်အဖြစ် နေခြင်းကတော့ မလုပ်သင့်သော အရာ ဖြစ်သည်။

ခုနစ်စဉ်ကြယ်၏ သူတော်စင်ဖြစ်သော ချန်ကျုံးထျန်းက ခရမ်းစံအိမ် သူတော်စင်၏ နောက်လိုက်အဖြစ် နေဖို့ ရွေးချယ်လိုက်သည့်အတွက် ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေအနေဖြင့် မျက်နှာပျက်ရသည်။ ခရမ်းစံအိမ်၏ သူတော်စင်တွင် ရှေးဟောင်းဧကရာဇ်၏ အမွေအနှစ်ရှိလျှင်ပင် ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေအနေနှင့် မလိုလားသေးပေ။

ထို့ကြောင့် ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေမှ လူအများစုက သူတို့၏ လက်ရှိသူတော်စင်နေရာကို လူအစားထိုးဖို့ တောင်းဆိုနေကြသည်။ မည်သို့ပင်ဆိုစေကာမူ ချန်ကျုံးထျန်းက အားကောင်းသည့်အပြင် ပါရမီရှင် ချီရှောက်ရွမ်၏ နောက်ခံက အားကောင်းလွန်းနေသည့်အတွက် ထိုအသေးအဖွဲ့ကိစ္စအား ဖိနှိပ်ထားနိုင်သည်။

သို့သော် ချန်ကျုံးထျန်းက လူတွေ သူ့နောက်ကွယ်မှာ အတင်းပြောနေကြသည့်အတွက် စိတ်မကောင်းဖြစ်နေဆဲ ဖြစ်သည်။ ချီရှောက်ရွှမ်က အရှေ့ပိုင်းလွင်ပြင်တွင် နှစ်ပေါင်း ၁သောင်းနေမှ တစ်ခါသာ တွေ့နိုင်သည့် ရှားပါး ပါရမီရှင် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို သတိပေးနေသည်။

အစ်ကို ရှောက်ရွှမ်က အရမ်းထူးခြားတယ်။ သူက အနာဂတ်မှာ ဝိဇ္ဇာတစ်ပါး ဖြစ်လာမှာ သေချာတယ်

ငါ… ချန်ကျုံးထျန်းက သာမန်ထဲက အကောင်းဆုံးကို ရွေးထုတ်တတ်တဲ့ မျက်လုံးရှိတယ်ဆိုတာကို ငါ့ရွေးချယ်မှုက သက်သေပြပေးလိမ့်မယ်

သူ့တာအိုနှလုံးသားကို အတင်းတည်ငြိမ်အောင် လုပ်ယူနေသည်။

ချန်ကျုံးထျန်း နောင်တမရှိဘဲ ခရမ်းစံအိမ်ရှိ သူတော်စင်၏ နောက်လိုက်လုပ်ဖို့အတွက် သူ့ကောင်းကြောင်းကိုသာ တွေးနေသည်။ ချီရှောက်ရွှမ်က သူ၏ ကံအပြောင်းအလဲ အခွင့်အရေးကို ဝေခွဲပေးတတ်သည့်သူမျိုး ဖြစ်သည့်အတွက် သူ့အပေါ် ချန်ကျုံးထျန်း၏ ယုံကြည်မှုက ခိုင်မာမှု ရှိခဲ့သည်။

ကျင့်ကြံဆင့်လည်း အလျင်အမြန် မြင့်တက်လာခြင်းကြောင့် ချီရှောက်ရွှမ်၏ နောက်လိုက်အဖြစ် နေမည်ဆိုသော ချန်ကျုံးထျန်း၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာလာစေသည်။

သို့သော် ယနေ့တော့ ချန်ကျုံးထျန်း ကိုယ့်ကိုယ်ကို သံသယဝင်လာမိသည်။

အစ်ကိုရှောက်ရွှမ်ကမှ ကံကြမ္မာသားတော်အစစ်။ သူက ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံထားရတဲ့သူ ဖြစ်ပြီးတော့ ရှေးဟောင်းဧကရာဇ်ရဲ့ အမွေအနှစ်ကိုလည်း ရရှိထားသေးတယ်

ငါက အစ်ကိုရှောက်ရွှမ်ရဲ့ အမိန့်ကြောင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကိုလာခဲ့တာလေ။ ဘယ်လိုလုပ်ပြီးတော့ မျက်နှာပျက်ရအောင် လုပ်နိုင်ပါ့မလဲ။

အစ်ကိုရှောက်ရွှမ်မှာတောင် နိဗာနတော်ဝင်ရေစင် ၅၀ လီတာပဲ ရှိတယ်လေ။ ဒီရှန်ထျန်းမှာ ဘယ်လိုလုပ်ပြီးတော့ ၂၅၀ လီတာတောင် ရှိနေရတာလဲ။ ပြီးတော့ ဒီနိဗာနတော်ဝင်ရေစင် ၂၅၀လီတာရဲ့ အရည်အသွေးက ပိုပြီးတော့တောင် ကောင်းနေတယ်တဲ့

ချန်ကျုံးထျန်းကို စိတ်ပျက်သွားစေသည်က သူက ချီရှောက်ရွှမ်၏ နောက်လိုက်အဖြစ် နှစ်ပေါင်းများစွာ နေခဲ့သော်လည်း သူ့ကို နိဗာနတော်ဝင်ရေစင် ၅၀၀ မီလီလီတာသာ ပေးခဲ့ပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာတော့ မတူညီပေ။

ဖန်ချန်း၏ ရွှေအမြုတေက ချီဖောက်ပြန်ခြင်းကြောင့် ပျက်စီးသွားတော့ အံ့ဖွယ်မိုးကောင်းကင်၏ သူတော်စင်က ၅၀ လီတာကို တွေဝေခြင်း မရှိ ချက်ချင်း ထုတ်ပေးလိုက်လေသည်။

သူက အရမ်းကို ရက်ရောတာပဲ

ချန်ကျုံးထျန်းက ရင်ထဲမှာရော အပြင်မှာပါ အရမ်းအားကျနေသည်။

ရွှေအမြုတေအဆင့်မှ ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် ကျင့်ကြံသူများက သူတို့၏ အမြုတေကို ဖျက်ဆီးပြီး ဝိညာဉ်အသစ်ကို ဖွဲ့စည်းရမည် ဖြစ်သည်။ သူတို့၏ ရွှေအမြုတေထဲရှိ ဝိညာဉ်၏ စွမ်းအားကို တာအိုကနဦးဝိညာဉ် ဖန်တီးဖို့အတွက် အသုံးပြုရမည်။

အသစ်ဖန်တီးထားသော ကနဦးဝိညာဉ်က ပျက်စီးလွယ်သလို ထိုကျင့်ကြံသူ၏ တိုက်ခိုက်စွမ်းအားကိုပါ သိသာထင်ရှားအောင် လုပ်ပေးသည်။ တစ်ချိန်တည်းမှာပဲ ကနဦးဝိညာဉ်အဆင့်သို့ စတင်ဝင်ရောက်သွားသော ကျင့်ကြံသူ၏ စိတ်အခြေအနေကလည်း ခံစားချက်များ အလွယ်တကူ လွှမ်းမိုးခြင်းကို ခံရနိုင်သည်။

အရှေ့ပိုင်းလွင်ပြင်တွင် ကနဦးဝိညာဉ်အဆင့်သို့ ရောက်ပြီးနောက် သူတို့၏ တာအိုကို သံသယဖြစ်ပြီး ချီဖောက်ပြန်ခြင်း ခံစားသွားရသော ကျင့်ကြံသူတွေ အများအပြား ရှိခဲ့သည်။ ထို့ကြောင့် ကနဦးဝိညာဉ်အဆင့် ဝင်ရောက်သွားသော ရွှေအမြုတေကျင့်ကြံသူများက သူတို့၏ ကျင့်ကြံဆင့်ကို အရင်တည်ငြိမ်အောင် ကျင့်ကြံလေ့ ရှိကြသည်။

သို့သော် ချန်ကျုံးထျန်းက ကြွားလုံးထုတ်ဖို့ အလျင်လိုနေသည့်အတွက် ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရောက်ချင်း အံ့ဖွယ်မိုးကောင်းကင်သို့ အမြန်လာခဲ့ခြင်း ဖြစ်သည်။

အဆုံးတွင် ရှန်ထျန်းကြောင့် ချန်ကျုံးထျန်းလည်း သူ့တာအိုကို စတင် သံသယဝင်လာမိသည်။

ထိုအခိုက်အတန့်တွင် သူ၏ ကနဦးဝိညာဉ်အဆင့်ကလည်း စတင်ပြီး မတည်မငြိမ်ဖြစ်လာသလို စိတ်အခြေအနေလည်း မူမမှန် ဖြစ်လာသည်။

ရှန်ထျန်းက သူ့ကံကြမ္မာ မြင့်တက်လာသည့် စိတ်ချမ်းသာမှုကို အာရုံရောက်နေသည့်အတွက် ချန်ကျုံးထျန်းအပေါ် အာရုံထားဖို့ အချိန်မရှိပေ။

အား…ဒီခံစားချက်က အရမ်းကို မိုက်တာပဲ

ဒီလိုခံစားချက်က သူ့ခန္ဓာကိုယ် တစ်ခုလုံးကို တိမ်ထဲမှာ လွင့်မြောနေသလိုမျိုး ပေါ့ပါးပြီးတော့ အဲဒီထဲမှာ ဆက်ပြီးနစ်မြောနေအောင် ဆွဲဆောင်ထားတယ်

ဖန်ချန်း၏ ခန္ဓာကိုယ်ထဲ နိဗာနတော်ဝင်ရေစင် ဝင်ရောက်သွားပြီးနောက် ဖန်ချန်း၏ ရောင်ဝါစက်ဝန်း ဖြည်းဖြည်းချင်း အရောင်ပြောင်းလာသည်ကို ရှန်ထျန်း မြင်နေရသည်။ အစက အနီရောင်နှင့်ရွှေရောင် ရောယှက်နေသော ရောင်ဝါစက်ဝန်းက ရွှေရောင်အတိ ပြောင်းသွားကာ ယခင်ကထက်လည်း ပိုမိုတောက်ပလာသည်။

တစ်ချိန်တည်းမှာပဲ ရှန်ထျန်း၏ အစိမ်းရောင် ရောင်ဝါစက်ဝန်းကလည်း အစိမ်းပုတ်ရောင်သို့ ပြောင်းသွားကာ အနီရောင် အစက်အပြောက်များပါ မြင်နေရပြီဖြစ်သည်။

ဟုတ်တယ်… အနီရောင် အစက်အပြောက်တွေ

ရှန်ထျန်း၏ ရောင်ဝါစက်ဝန်းမှာ နောက်ဆုံးတော့ အနီရောင် ရောစပ်လာလေပြီ။

ယခုရှန်ထျန်း ကံပိုပြီးကောင်းလာပြီ ဖြစ်သည့်အတွက် တကယ်ကို စိတ်အေးသွားမိသည်။

သာမန်လူများနှင့် နှိုင်းယှဉ်လျှင် သူ့ကို ကံကြမ္မာ၏ ကောင်းချီပေးမှုကို ရထားသူဟု ပြောနိုင်လေပြီ။

ယခု အားလုံးက ဖန်ချန်းကို တိတ်တိတ်လေး စောင့်ကြည့်နေကြသည်။

ဖန်ချန်းအတွက် နိဗာနတော်ဝင်ရေစင် တစ်ပုလင်းလုံးကို အသုံးပြုပြီးနောက် သူ့ရွှေအမြုတေပေါ်တွင် ဘာအက်ကြောင်းမှ မရှိတော့သည့်အပြင် အရမ်းချောမွေ့သွားသည်။ သူ့ခန္ဓာကိုယ်လည်း ဖြူဖပ်ဖြူလျော် မဖြစ်တော့ဘဲ နိဗာနတော်ဝင်ရေစင်ကြောင့် အားအင်ပြည့်လာသည်။

“အား…” ဖန်ချန်းဆီမှ အော်သံတစ်ခု ထွက်လာပြီးနောက် သူ့ရွှေအမြုတေဆီမှ အလင်းတန်းတစ်ခု ရုတ်တရက်ထွက်လာသည်။

သိပ်မကြာခင်မှာပင် အက်ကြောင်းတွေ ဖြည်းဖြည်းချင်း ထပ်ပေါ်လာသည်။ သို့သော် ဒီတစ်ခေါက်က ကျရှုံးခြင်း မဟုတ်ဘဲ သူ့ရွှေအမြုတေကို သန့်စင်နေခြင်း ဖြစ်သည်။

နိဗာနတော်ဝင်ရေစင်က သူ၏ တာအိုဒဏ်ရာကို ကုသပေးပြီးနော်က ဖန်ချန်း ကံဆိုးမှုမှ အကျိုးအမြတ် ရခဲ့သည်။ သူက ဆန်းကြယ်တာအို၏ ပညာပေးခြင်းကို ခံရပြီးနောက် ယခုဖြတ်ကျော်နိုင်နေပြီ ဖြစ်သည်။

အက်ကြောင်းများ ကွာကျသွားကာ အထဲရှိ ရွှေအမြုတေအသစ်တစ်ခု ထွက်ပေါ်လာပြီးနောက် ၉ ခုမြောက် ဓမ္မအမှတ်အသားလည်း ဖြည်းဖြည်းချင်း ပေါ်လာသည်။

ဖန်ချန်းက ယခု ၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်သို့ ရောက်အောင် ကြိုးစားနေပြီး အောင်မြင်မှု တစ်ဝက် ရရှိနေပြီ ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်က ခေါင်းအသာညိတ်ကာ ကြာဖြူကောင်းကင်အသျှင်၏ လက်ထဲရှိ ကျောက်စိမ်းပုလင်းကို ယူကာ ခွဲလိုက်သည်။

ပုလင်းထဲမှ ထွက်လာသော နိဗာနတော်ဝင်ရေစင်များက ငွေရောင်နဂါးတစ်ကောင်သဏ္ဌာန်ဖြင့် ဖန်ချန်းဆီသို့ သွားကာ သူ့ကို ရစ်ပတ်ထားပြီး ကုန်ဆုံးသွားသော စွမ်းအင်များအတွက် ပြန်လည့်ဖြည့်တင်းပေးနေသည်။

ထိုအချိန်တွင်း ရွှေအမြုတေ မျက်နှာပြင်ကွာကျမှုကလည်း ပိုမိုမြန်ဆန်လာပြီး ဓမ္မအမှတ်အသားကလည်း ပိုမိုထင်ရှားလာသည်။

ဘေးမှာရပ်နေသော တာအိုကိုယ်တော်ကြီးက စိတ်အေးသွားကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ဂိုဏ်းချုပ်၏ ဟိတ်ဟန်အပြည့်ဖြင့် နိဗာနတော်ဝင်ရေစင်ကို အသုံးပြုနေသောပုံစံက ချန်ကျုံးထျန်းကို မှင်သက်အံ့ဩသွားစေသည်။

တစ်နာရီလောက်ကြာအောင်အထိ တာအိုနှလုံးသား တည်ငြိမ်အောင် လုပ်ယူလိုက်ပြီးနောက် မြင်လိုက်ရသောမြင်ကွင်းကြောင့် မျက်ဆံများလည်ထွက်ကာ မေ့လဲသွားသည်။

မိုးကြိုးအရှိန်အဝါများ လွှမ်းခြုံနေသော ဂိုဏ်းချုပ်က ချန်ကျုံးထျန်းက တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်သည်။

ကြီးမားသော ချီလင်သဏ္ဌာန်က ဖန်ချန်းနောက်မှ ထွက်ပေါ်လာသည်။

မိုးကြိုးနတ်ဘုရားတစ်ပါးဆင်းသက်လာသလိုမျိုး ဖန်ချန်း၏ ဘေးတွင် ရွှေရောင်မိုးကြိုးများ ပတ်လည်ဝန်းရံနေသည်။ ကျယ်လောင်သော အော်သံတစ်ခုကို ကြားရပြီးနောက် သူ့ရွှေအမြုတေမှ မျက်စိကျိန်းစေသည့် အလင်းတန်းတစ်ခု ထွက်လာကာ ခန္ဓာကိုယ်မှ လွှတ်ထုတ်သော အရှိန်အဝါကလည်း ဖြည်းဖြည်းချင်း တိုးလာသည်။

ဝုန်း…

ဖန်ချန်းရှေ့ စွမ်းအားလှိုင်း ပေါက်ထွက်သွားကာ မြေပြင်ပေါ် အပြင်းအထန် ကျရောက်သွားသည်။

“ မသိတတ်တဲ့ တပည့်မိုက် ဖန်ချန်းကို ကယ်ပေးလို့ ဆရာနဲ့ ဆရာဒေါ်လေးတို့ကို ကျေးဇူးတင်ပါတယ်”

ထို့နောက် ဖန်ချန်းက ကာကွယ်ရေးအစီအရင်၏ အပြင်ဘက်တွင် ရှိနေသော ရှန်ထျန်းကို မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်ကာ ရေရွတ်လိုက်သည်

“ ဂိုဏ်းတူညီလေးက သူ့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကနေ ရလာတာတွေကို အများကြီး ပေးထားတယ် ဒါပေမဲ့ ငါကတော့ သူနဲ့တစ်ချိန်လုံး ယှဉ်ပြိုင်ချင်နေခဲ့တယ်။ ခွန်အားနဲ့ စိတ်သဘောကြီးတဲ့နေရာမှာတော့ ငါ ရှုံးပါတယ်ကွာ။

ဂိုဏ်းတူညီလေး မင်းကမှ ညီမလေး ယွင်ရှီးအတွက် သင့်တော်တဲ့သူပဲ။

ငါ…မင်းတို့နှစ်ယောက်လုံး ပျော်ရွှင်နိုင်ဖို့အတွက် ဆုတောင်းပေးပါတယ်”

All Chapters