← Chapters

သိုးမွေးရိတ်ရန် နည်းလမ်း

Vol. 11-16 Ch. 174

သိုးမွေးရိတ်ရန် နည်းလမ်း

Vol. 11-16 Ch. 174

အခန်း (၁၇၄) : သိုးမွေးရိတ်ရန် နည်းလမ်း

လျှို့ဝှက်ခန်းတံခါး ပွင့်သွားသည့်အခါ အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်နှင့် ကျန်သူများ ထွက်လာကြသည်။

ဖန်ချန်းက ရှန်ထျန်းကို ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်

“ ဂိုဏ်းတူညီလေး…ကျေးဇူးတင်စကားတွေ အများကြီး ပြောပြီး အားအင်တွေကို မဖြုန်းတီးချင်တော့ဘူး။

ငါ ဆိုတဲ့ ဖန်ချန်းက မင်း ငါ့ကို ကူညီခဲ့တာကို အမြဲတမ်း အမှတ်ရနေမှာပါ။ အနာဂတ်မှာ လိုအပ်ရင် မင်းအတွက် အစ်ကိုကြီး အသက်တောင် စွန့်နိုင်ပါတယ်”

ဗောဓိသတ္တဝ ကူသို့က ဖန်ချန်း ခက်ခဲသည့် စမ်းသပ်ချက်မှ ပြန်လည်ရှင်သန်လာနိုင်သည့်အတွက် စိတ်အေးသွားမိသည်။ အဆိုးထဲက အကောင်းဆိုသည့် စကားအတိုင်း ဖန်ချန်းက ယခု ၉ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။

သူက ရင်ဘတ်ထဲမှ ရွှေခန္ဓာဆေးရည်ကို ထုတ်ကာ ရှန်ထျန်းဆီ ပေးလိုက်ရင်း ပြောလိုက်သည်

“ အစတုန်းက ဒီရွှေခန္ဓာဆေးရည်ပုလင်းက ဖန်ချန်းရဲ့ ဒဏ်ရာတွေ ကုသပေးဖို့အတွက် ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ သူ သက်သာသွားပြီဆိုတော့ ဒါကို ညီအစ်ကိုရှန်ဆီပဲ ပေးလိုက်တော့မယ်။ ကျွန်တော်ဆီက အသိအမှတ်ပြု အမှတ်အသားအဖြစ် လက်ခံပေးပါနော်”

ဗောဓိသတ္တဝ ကူသို့၏ အပြုအမူက ရှန်ထျန်းကို စိတ်ရှုပ်ထွေးသွားစေသည်။

ဒီကိုယ်တော်က ဘာတွေစဉ်းစားနေတာလဲ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်ဖြစ်တဲ့ ငါက နိဗာနတော်ဝင်ရေစင်ကို အသုံးပြုပြီးတော့ ငါနဲ့ တစ်ဂိုဏ်းတည်းသားကို ကယ်တင်ပေးတာလေ။ ဘာလို့ အပြင်လူဖြစ်တဲ့ မင်းက ကိုယ်စား ကျေးဇူးတင်ပေးနေရတာလဲ

ဘာလဲ မင်းက ဖန်ချန်းရဲ့ လက်တွဲဖော်လား။ ဒါဆို…မင်းက  အခု သူ့ရဲ့မိသားစုဝင်တစ်ယောက်အနေနဲ့ ငါ့ကို ကျေးဇူးတင်နေတာလား

ဗောဓိသတ္တဝ ကူသို့က ပုလင်းကို သူ့လက်ထဲသို့ အတင်းထိုးပေးနေသည့်အတွက် ဘယ်လိုငြင်းရင် ကောင်းမလဲဆိုတာကို ရှန်ထျန်း  အပြင်းအထန် စဉ်းစားနေသည်။

“ သူတော်စင် ကျေးဇူးပြုပြီးတော့ ဒါကို လက်ခံလိုက်ပါ။ ဖန်ချန်းကို ပေးလိုက်တဲ့ နိဗာနတော်ဝင်ရေစင်က ဒီရွှေခန္ဓာဆေးရည်ထက် ပိုပြီးတော့ တန်ဖိုးရှိပါတယ်။ သူတော်စင်ရဲ့ ကြင်နာမှုကြောင့်သာ မဟုတ်ရင် ဖန်ချန်းလည်း အခုလိုမျိုး ပြန်ပြီး သက်သာလာမှာမဟုတ်သလို ကျွန်တော်လည်း ယူကြုံးမရ ဖြစ်နေရမှာ”

ဗောဓိသတ္တဝ ကူသို့က ထိုစကားများကို လေးနက်စွာ ပြောနေခြင်း ဖြစ်သည်။ သူနှင့် ဖန်ချန်းက အရှေ့ပိုင်းလွင်ပြင်တစ်ခွင်ရှိ ကျင့်ကြံသူပါရမီရှင်များထဲတွင် “အရိုးအ”ဆုံး တွဲဖက်အဖြစ် သတ်မှတ်ခံထားရသည်။ သူတို့နှစ်ယောက်၏ နှစ်ပေါင်းများစွာ တည်ဆောက်လာသော ခင်မင်မှုနှင့် အချင်းချင်းဂရုစိုက်မှုက အတွဲအစစ်များထက် ပိုသည်။

ထို့နောက် ကြာဖြူကောင်းကင်အသျှင်က ပြောလိုက်သည်

“ရွှေခန္ဓာဆေးရည်က ကိုယ်ထည်မာကျင့်ကြံသူတွေအတွက် ခိုင်မာတဲ့ အုတ်မြစ်တည်ဆောက်ချင်ရင် အရမ်းကို အသုံးဝင်တဲ့ ရတနာတစ်ပါးပဲ။ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့် ရောက်နေတဲ့သူအတွက် ခန္ဓာကိုယ်ကြံ့ခိုင်လာအောင်လည်း လုပ်ပေးနိုင်တယ်။

တပည့်တူလေးရှန်ထျန်း ရွှေခန္ဓာဆေးရည်ကို ကိုယ်ထည်မာ ကျင့်စဉ်မှာ အသုံးပြုနိုင်ရင် မင်းရဲ့ရုပ်ပိုင်းဆိုင်ရာက သေချာပေါက် ဒီထက်ပိုပြီးတော့ သန့်စင်လို့ ရနိုင်တယ်”

ဗောဓိသတ္တဝ ကူသို့က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ သူတော်စင် ရှန်ထျန်းရယ် မူမနေပါနဲ့တော့။ ယူထားလိုက်ပါ”

အားလုံးက ရွှေခန္ဓာဆေးရည်ကို ယူဖို့အတွက် ရှန်ထျန်းကို ဖျောင်းဖျနေကြတာကို ကြည့်ပြီး ကြာပြာကောင်းကင်အသျှင် အရမ်းအားကျနေမိသည်။ ဗုဒ္ဓကျင့်စဉ် ကျင့်ကြံသော ပါရမီရှင်အချို့ အသက်စွမ်းအင် ကုန်ခန်းသွားသည့်အခါမှသာ ရရှိလာနိုင်သော တန်ဖိုးရှိသည့် ရွှေခန္ဓာဆေးရည် ဖြစ်သည်။ တစ်ကြိမ်စီမှာလည်း အနည်းငယ်သာ ရရှိနိုင်သည်။

သူသာ ဒီအရမ်းအဆင့်မြင့်တဲ့ ရတနာကို ရခဲ့မယ်ဆိုရင် အိပ်မက်ထဲမှာတောင် ရယ်နိုင်လောက်တယ်

ဒီကောင်လေးကလည်း မူနေသေးတယ်…သူ မလိုချင်ရင် ငါ့ကို ပေးလိုက်ရင်လည်း ရတာပဲလေ

အပွင့်လင်းဆုံးပြောရမယ်ဆိုရင် ကြာပြာကောင်းကင်အသျှင်က ထပ်ပြီးတော့ မနာလိုဖြစ်နေမိပြီ

“ အင်းပါ… အစ်ကိုကူသို့ က အတင်းပြောနေမှတော့လည်း ကြင်နာမှုကို မငြင်းတော့ပါဘူး”

ထို့နောက် ရှန်ထျန်းက သူ၏ ခန်းမင်လက်စွပ်ထဲမှ နိဗာနတော်ဝင်ရေစင်ပုလင်းကို ထုတ်ကာ ပြောလိုက်သည်

“ ဒါပေမဲ့ ကျွန်တော် ဒါကို အလကား လက်မခံနိုင်ဘူး။ ရွှေခန္ဓာဆေးရည်က အရမ်းအသုံးဝင်တယ်ဆိုတော့ နိဗာနတော်ဝင်ဆေးရည်နဲ့ လဲလှယ်ရင်ရော ဘယ်လိုသဘောရလဲဟင်”

ဂိုဏ်းချုပ်က ရှန်ထျန်း၏ စကားကို ကြားပြီးနောက် ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ရွှေခန္ဓာဆေးရည်က မြင့်မြတ်တဲ့ ဗုဒ္ဓရတနာတစ်ပါးပဲ။ သူ့တန်ဖိုးက နိဗာနတော်ဝင်ဆေးရည်ရဲ့ အထက်မှာ ရှိတယ်။ ဗောဓိသတ္တဝ ကူသို့က မင်းကို ပုလင်းအသေးလေးတစ်ခုပဲ ပေးပေမဲ့လည်း ဒီရွှေခန္ဓာဆေးရည်က အရမ်းသန့်စင်တယ်။

ပြီးတော့ ဒီပုလင်းထဲမှာ လီတာအနည်းငယ် ပါဝင်တယ်။ တူညီတဲ့တန်ဖိုးအတိုင်း လဲလှယ်ပေးချင်တယ်ဆိုရင် နိဗာနတော်ဝင်ရေစင် ၁၀ လီတာ ပြန်ပေးလိုက်ရင် ရပြီ”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပုလင်းထဲမှ နိဗာနတော်ဝင်ရေစင် ၁၅ လီတာကို ထုတ်ကာ တခြားပုလင်းတစ်ခုထဲသို့ ပြောင်းထည့်လိုက်သည်။

“ အစ်ကိုကူသို့နဲ့ ဆုံတွေ့ခွင့်ရတာ အရမ်းကို ဂုဏ်ယူမိပါတယ်။ အဲဒါကြောင့် ဒီနိဗာနတော်ဝင်ရေစင် ၁၅လီတာကို လက်ခံပေးပါနော်”

ရှန်ထျန်း သူ့ကို ပုလင်းပေးလိုက်သည့်အချိန် ဗောဓိသတ္တဝ ကူသို့တစ်ယောက် အင်မတန် အံ့ဩမှင်သက်သွားမိသည်။

သူပေးလိုက်သော ရွှေခန္ဓာဆေးရည်က နိဗာနတော်ဝင်ဆေးရည် ၁၀ လီတာနဲ့ ညီမျှသော်လည်း တွက်ချက်ပြတာမျိုး မလုပ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ရွှေခန္ဓာဆေးရည်က ကိုယ်ထည်မာ ကျင့်ကြံသူများအနေဖြင့် ခန္ဓာကိုယ်လေ့ကျင့်ဖို့အတွက်သာ အသုံးဝင်သောကြောင့် ကန့်သတ်ချက် ရှိပေသည်။

တစ်ချိန်တည်းမှာပဲ နိဗာနတော်ဝင်ရေစင်က ခန္ဓာကိုယ်ကျင့်စဉ်အတွက် ရွှေခန္ဓာဆေးရည်လောက် မကောင်းသော်လည်း မကြာခဏကြုံတွေ့ရတတ်သည့် တာအိုဒဏ်ရာများကို ကုစားသည့်နေရာမှာ အားကောင်းသော သက်ရောက်မှုများ ရှိသည်။

နိဗာနတော်ဝင်ရေစင်တစ်ပုလင်းက အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပြီး ကျင့်ကြံသူအားလုံး အသုံးပြုနိုင်သည်။

ဒီနိဗာနတော်ဝင်ရေစင် ၁၅ လီတာကိုသာ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေဆီ ပြန်ယူသွားပါက ရွှေခန္ဓာဆေးရည် အနည်းဆုံး ၈ လီတာ သို့မဟုတ် ၁၀ လီတာ ပြန်ပြီး လဲလှယ်လို့ရနိုင်ကြောင်း ဗောဓိသတ္တဝ ကူသို့၏ စိတ်ထဲမှာ သေချာနေသည်။

ထို့ကြောင့်လည်း ရှန်ထျန်း၏ ရက်ရောမှုကို ကြည့်ပြီး ဗောဓိသတ္တဝ ကူသို့ အံ့ဩနေခြင်း ဖြစ်၏။

“ အာ…မယူနိုင်ပါဘူး…ဒီလောက်အများကြီးတော့ မယူတော့ဘူး”

ရှန်ထျန်းက ဒါမျိုးတွေ မတွေးဘဲ ယခု သူ့အခြေအနေကို စိတ်ထဲမှာ အရမ်းကျေနပ်နေမိသည်။

အဘယ်ကြောင့်ဆိုသော ရှန်ထျန်းက ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေးကို အခွင့်ကောင်းယူပြီး သူ့ကို ကျင့်ကြံဆင့် ပြန်လည်ရရှိအောင် လုပ်ပေးခဲ့သည့်အတွက် ယခု ရှန်ထျန်း၏ ရောင်ဝါစက်ဝန်းက အနီရောင်များ ရောယှက်လာသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရွှေရောင် ရောင်ဝါစက်ဝန်းရှိသောသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုးရှိထားတာ ကောင်းသည်ဟု မှတ်ယူထားလိုက်သည်။

ရှန်ထျန်း၏ ခန်းမင်လက်စွပ်ထဲတွင် နိဗာနတော်ဝင်ရေစင်က ရေကန်ငယ်တစ်ကန်စာ ရှိနေသည့်အတွက် တိုင်းတာသည့် ယူနစ်ကို “ဂါလံ”ဖြင့် ပြောင်းတွက်ချင်သည်။

သို့သော် ရွှေခန္ဓာဆေးရည်က ကိုယ်ထည်မာကျင့်စဉ်တွင် အတိဒုက္ခလွန် ကျော်ဖြတ်ခြင်းအဆင့်သို့ ရောက်ရှိနေသော ရှန်ထျန်းအတွက် အရမ်းအသုံးဝင်လိမ့်မည်။

သူသာ ရွှေခန္ဓာဆေးရည်ကို ရသွားပါက သူ၏ ရုပ်ပိုင်းဆိုင်ရာကလည်း ထင်မှတ်မထားလောက်အောင် တိုးတက်မှု ရှိလာလိမ့်မည်။ ရှန်ထျန်းအတွက်တော့ လှည့်လည်သွားလာရင်း ကံအပြောင်းအလဲ အခွင့်အရေးကို ရှာတာက ရှင်သန်ဖို့အတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးဟု ထင်မှတ်မိသည်။

ထို့အပြင် ရှန်ထျန်း၏ အတွေ့အကြုံအရ ကံအပြောင်းအလဲ အခွင့်အရေးကို ဝေမျှပေးတတ်သူမှာ ပိုပြီးကောင်းမွန်သော ကံကြမ္မာကို ပိုင်ဆိုင်ရတတ်သည်။

ရှန်ထျန်းက နိဗာနတော်ဝင်ရေစင်ကို မျှဝေပေးလိုက်သည့်အတွက်  ဗောဓိသတ္တဝ ကူသို့၏ ကံကြမ္မာမှာလည်း ထင်မှတ်မထားသည့် တိုးတက်မှုမျိုး ရှိလာသင့်သည်။

ဒီလိုမျိုး ကံကြမ္မာကောင်း တစ်ခုရအောင် လုပ်ပေးလိုက်သည့်အတွက် ရှန်ထျန်းက အခု သူနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်သွားလေပြီ။

ဒါဆိုရင် သူ ဗောဓိသတ္တဝ ကူသို့ဆီက ရလာမဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို ရယူတာလည်း အဆုံးသတ်ပါဦးမလား

ဒီအတိုင်းထိုင်နေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ။ အဲဒီတော့ ကံအပြောင်းအလဲ အခွင့်အရေး ကြုံတွေ့နိုင်ဖို့အတွက် နည်းလမ်းတွေ စဉ်းစားရတယ်

သိုးမွေးရိတ်ပြီး သိုးမွေးစုဆောင်းချင်တဲ့အခါ သိုးကို ဝလာအောင် ကျွေးမွေးထားရသလိုမျိုးပဲပေါ့

“ဗောဓိသတ္တဝ ကူသို့က ဂိုဏ်းတူအစ်ကိုကြီးဖန်ချန်းနဲ့ ညီအစ်ကိုကောင်းတွေဆိုတော့ ကျွန်တော်လည်း အဲလိုပဲ သဘောထားတယ်။

ဒါဆိုရင် ကျွန်တော်တို့နှစ်ယောက်ကိုလည်း ညီအစ်ကိုကောင်းတွေလိုမျိုး နေလို့ရတာပဲ မဟုတ်လား။ ကျွန်တော်တို့က ညီအစ်ကိုတွေဆိုမှတော့ ဒီနိဗာနတော်ဝင်ရေစင် နည်းနည်းလေးကို မငြင်းပါနဲ့တော့”

ထို့နောက် ရှန်ထျန်းက နိဗာနတော်ဝင်ရေစင်ပုလင်းကို ဗောဓိသတ္တဝ ကူသို့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ ဒါကို အရမ်းများတယ်လို့ ထင်ရင် မိုးကြိုးလှိုင်း အထွတ်အမြတ်မြေမှာရှိတဲ့ တခြားတပည့်တွေကို ခွဲပေးလိုက်လည်း ရပါတယ်။

ပြီးတော့ မိုးကြိုးလှိုင်းနဲ့ အံ့ဖွယ်မိုးကောင်းကင်တို့ရဲ့ ဆက်ဆံရေးက အမြဲတမ်း ကောင်းနေတာပဲလေ။ အဲဒါကြောင့် နိဗာနတော်ဝင်ရေစင်ကို လက်ခံလိုက်လို့ အဆင်ပြေပါတယ်။ အစ်ကိုကူသို့ ကျွန်တော်ရဲ့ လက်ဆောင်ကို မငြင်းပါနဲ့နော်”

ဗောဓိသတ္တဝ ကူသို့ လည်း သေချာစဉ်းစားပြီးနောက် ပုလင်းကို လက်ခံလိုက်သည်။

ထိုအခိုက်အတန့်တွင် ဗောဓိသတ္တဝ ကူသို့၏ ရောင်ဝါစက်ဝန်းမှ ရွှေရောင်များက ပိုမိုတောက်ပလာသည်ကို ရှန်ထျန်း မြင်လိုက်ရသည်။

ထို့ကြောင့် ရှန်ထျန်းလည်း သူ့သိုးက သူ့မျက်စိရှေ့မှာပဲ အမွေးတွေ ပိုထွက်လာသလိုမျိုး ခံစားလိုက်ရသည်။

ထို့နောက် ရှန်ထျန်း အကြံတစ်ခု ရသွားသည်။ သူ့ဆီမှာကျန်ရှိနေသော နိဗာနတော်ဝင်ရေစင်များကို ပုလင်းငယ်လေးများထဲသို့ ပြောင်းထည့်မည်။ နိဗာနတော်ဝင်ရေစင် သုံးလီတာ၊ လေးလီတာလောက် ပါဝင်သော ပုလင်းငယ်များကို လျှို့ဝှက်ခန်းထဲရှိသူများအား ပေးဖို့ ဆုံးဖြတ်လိုက်သည်။

ထိုသူများက ချင်ယွင်တိ၊ ကျန်းယွင်ထင်၊ ကျန်းယွင်ရှီးနှင့် ကျောက်ဟောင်တို့ပင် ဖြစ်ကြသည်။

ရှန်ထျန်း ဝေငှသည့်အလုပ် ပြီးစီးသွားသည့်အခါ လျှို့ဝှက်အခန်းထဲရှိ လူများ၏ ရောင်ဝါစက်ဝန်းများ ပိုမိုတောက်ပလာသည်ကို ကြည့်ဖို့အတွက် အခုကတည်းက ဝမ်းသာနေပြီ ဖြစ်သည်။

သူ့ရဲ့ သိုးတွေ ဝဖြိုးလာပြီး သူ့ကို ကြည့်ကာ “ပဲအဲအဲ” ဆိုပြီး အော်နေသလိုမျိုး ခံစားရသည့်အတွက် ကောင်းချီးပေးမှု တစ်ခုလိုမျိုး ဖြစ်နေသည်။

လက်ဆောင်အပေးခံရသူတွေကလည်း ရှန်ထျန်း၏ အပြုအမူကြောင့် ဝမ်းသာသွားကြသည်။ သူတို့က “ဒါကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ။ ဒီလောက်များတဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို မဝေမျှသင့်ပါဘူး” ဟုသာ ပြောနေကြသော်လည်း လက်တွေ့မှာတော့ ပုလင်းကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။

အဆုံးသတ်တွင် လျှို့ဝှက်ခန်းတစ်ခုလုံး ပျော်ရွှင်မှုတို့ဖြင့် လွှမ်းခြုံသွားသည်။

ထိုအချိန်တွင် ကျိုးအာက စတင်တုန်လှုပ်လာကာ ပြောလိုက်သည်

“ သခင်…ကျွန်မ အငြိုးအတေးကို ခံစားမိတယ်”

ရှန်ထျန်းက တုန်လှုပ်စွာဖြင့် ကျိုးအာ လက်ညှိုးထိုးပြသည့်နေရာကို လိုက်ကြည့်လိုက်သည့်အခါ တာအိုကိုယ်တော်ကြီးက သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

ဟုတ်တယ် အဲဒါက ကြာပြာကောင်းကင်အသျှင်ပဲ။ သူ့မျက်လုံးကနေ မနာလိုမှု အရိပ်အယောင်တွေ ထွက်နေတာကို ရှန်ထျန်းမြင်နေရတယ်

ထိုအကြည့်က ရှန်ထျန်းကို ကြက်သီးမွေးညင်းများပင် ထသွားစေသည်။

သေစမ်း…ကိုယ့်သေတွင်းကိုယ် တူးမိတော့မလို့။ ငါ့ဆရာတွေကို လက်ဆောင်ပေးဖို့ ဘယ်လိုလုပ်ပြီးတော့ မေ့သွားနိုင်ရတာလဲ

သူက ခန်းမင်လက်စွပ်ထဲမှ နိဗာနတော်ဝင်ရေစင် သုံးပုလင်းကို ချက်ချင်းထုတ်ယူလိုက်သည်။

သူ့မှာ ပုလင်း ၂၀၀ ကျော် ရှိသည့်အတွက် ပေးဖို့အတွက် ဝန်မလေးပေ။

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်နှင့် ကောင်းကင်အသျှင်နှစ်ပါးကို တစ်ပုလင်းစီ ပေးလိုက်သည်။

“ ဆရာ၊ ဆရာဦးလေးနဲ့ ဆရာဒေါ်လေးတို့အတွက် နိဗာနတော်ဝင်ရေစင် သုံးပုလင်း ပြင်ဆင်ထားပါတယ်”

ဂိုဏ်းချုပ် ရှန်ထျန်း၏ လေးနက်သော မျက်နှာထားကို ကြည့်ပြီး ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော မိုးကြိုးအရှိန်အဝါတွင် အလင်းလှိုင်းလေးများ ဂယက်ထသွားသည်။

သူက တည်ငြိမ်စွာ စကားပြောလိုက်သည်

“ ထျန်းအာက တကယ်ကို အမြော်အမြင်ရှိတဲ့ တပည့်တစ်ယောက်ပဲ။ မင်းရဲ့အပြုအမူအတွက် ဆရာ တကယ်ကို ဂုဏ်ယူမိတယ်။ ဒါပေမဲ့ ဒါတွေကို မင်းအတွက်လည်း သိမ်းထားဦးလေ။ ဒါက ဒဏ်ရာကို ကုသပေးတဲ့ ရတနာတစ်ပါးလေ။ ထျန်းအာ မင်းဆီမှာလည်း အများကြီး ရှိနေတာ မဟုတ်တော့ ဆရာကို ပေးဖို့မလိုအပ်ပါဘူး”

အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်စကားကို နားထောင်ပြီးနောက် ရှန်ထျန်း ပြုံးလိုက်မိသည်

“ ဒါက ကျွန်တော်ရဲ့ လက်ဆောင်ငယ်လေးပါ။ ဆရာ ကျေးဇူးပြုပြီး လက်ခံပေးပါနော်။ ကျွန်တော် အတွက် စိတ်မပူပါနဲ့ ကျွန်တော်မှာ အများကြီး ရှိပါသေးတယ်”

ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ပုလင်း ၁၀ ပုလင်းကို ထပ်ထုတ်ပြလိုက်သည်။

ရနံ့များမွှေးကြိုင်ကာ ငွေရောင်လင်းလက်နေသည်။

တစ်ချိန်တည်းမှာပဲ လျှို့ဝှက်ခန်းတစ်ခုလုံး ငြိမ်ကျသွားသည်။

အားလုံးက ရိုးရိုးသားသား ပြုံးနေသော ရှန်ထျန်းကို ကြည့်ကာ အားလုံး၏ စိတ်ထဲတွင် တူညီသော မေးခွန်းတစ်ခုကို တွေးတောနေကြသည်။

တကယ်လား…မင်းဆီမှာ နိဗာနတော်ဝင်ရေစင်တွေ ဘယ်လောက်တောင်ရှိနေတာလဲ။ ပိုင်ဆိုင်မှုက အဆုံးရော ရှိသေးရဲ့လား

ဂိုဏ်းချုပ်က ကြာပြာ ကောင်းကင်အသျှင်ကို ကြည့်ပြီး မိုးကြိုးအရှိန်အဝါက လှုပ်ခတ်နေသည်။

သူ့အစ်ကိုကို ဘယ်လိုခံစားရလဲဆိုတာကို တကယ်မေးချင်နေပြီ

ထိုအချိန် လျှို့ဝှက်ခန်း၏ ထောင့်တစ်ထောင့်တွင်…

ချန်ကျုံးထျန်း သတိပြန်လည်လာပြီ ဖြစ်သည်။

သူ ထပ်မံ ကြုံတွေ့လိုက်ရသောကိစ္စကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားကာ မြေပြင်ပေါ်သို့ ထပ်မံလဲကျသွားပြန်သည်။

ထင်ယောင်ထင်မှားဖြစ်နေတာပဲ…ဒါက အမြင်မှားနေတာပဲဖြစ်ရမယ်

နိဗာနတော်ဝင်ရေစင်တဲ့လား…အားလုံးက အတုတွေပဲဖြစ်ရမယ်

ငါ့ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်တဲ့ ခရမ်းစံအိမ်ရဲ့ သူတော်စင်က ကောင်းကင်ဧကရာဇ်နဲ့ ပြိုင်ဆိုင်နိုင်တဲ့ စွမ်းအားတွေတောင် ရှိတယ်။ သူက ကမ္ဘာပေါ်က နတ်ဆိုးတွေ အကုန်လုံးကို ရှင်းလင်းပစ်နိုင်တယ်

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ငါ့ကို ဘာလို့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ရဲရတာလဲ။ ငါ့ရဲ့ မီးဓာတ်ထတောက်တဲ့အထိ စောင့်နေ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ တစ်ခုလုံးကို အုပ်ချုပ်ပြီးတော့ အားလုံး ငါ့ရှေ့မှာ ဒူးထောက်စေရမယ်

ဟား…ဟား…ဟား…

အစ်ကိုရှောက်ရွှမ်ရဲ့ နာမည်ကို ရွတ်ဆိုသူတွေသာ လူပြန်ဝင်စားခွင့်ရှိသင့်တယ်

ငါ့ရဲ့ ထာဝရရှင်သန်ခြင်း လမ်းကြောင်းကို တွေ့ထားပြီးပြီဖြစ်လို့ ငါက အခု ထာဝရရှင်သန်သူ တစ်ယောက် ဖြစ်လာတော့မှာ … ဟုတ်တယ်

All Chapters