← Chapters

တစ်သန်းပုံပုံတစ်ပုံပါပဲ

Vol. 11-16 Ch. 175

တစ်သန်းပုံပုံတစ်ပုံပါပဲ

Vol. 11-16 Ch. 175

အခန်း (၁၇၅) : တစ်သန်းပုံပုံတစ်ပုံပါပဲ

ချန်ကျုံးထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ တစ်စုံတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံရပြီး မေ့လဲသွားခြင်း မဟုတ်သည့်အတွက် ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြပေ။

ဒီကိစ္စအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူးဆိုတာတော့ သေချာပေသည်။

ထိုအချိန်တွင် အားလုံးက နိဗာနတော်ဝင်ရေစင်ကို လက်ဆောင်အဖြစ် ရရှိသည့်အတွက် ပျော်နေကြသည်။ အထူးသဖြင့် စုန့်ဖူကွေ့၊ လျှိုထိုက်ယီနှင့် လျှိုကျစ်ကျားတို့စိတ်ထဲတွင် ရှန်ထျန်းကို သေချာပေါက် အမှတ်ပိုပေးကြမည်ဖြစ်ပြီး ယခု ယခင်ကထက်ပိုပြီး ရှန်ထျန်းအတွက် သူတို့၏ အရာအားလုံးကို ပေးဆပ်မြုပ်နှံကြတော့ပေမည်။

သူတို့က အစကတည်းက မီးတိုင်းပြည်ရှိ အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲမှာ နေကြသော သာမန်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အားလုံးထဲတွင် ဂုဏ်သရေအရှိဆုံးသူက သာမန်ကျင့်ကြံသူ မိသားစုမှ ဆင်းသက်လာသော စုန့်ဖူကွေ့ ဖြစ်သည်။ သို့သော် သူတို့ကို ဘယ်သူကမှ အများကြီး မျှော်လင့်ထားခြင်းမျိုး မရှိပေ။

အရာအားလုံး ပုံမှန်အတိုင်းသွားပါက ဒီလူအားလုံးက ရွှေအမြုတေအဆင့်သို့ ရောက်ဖို့ အခွင့်အရေးရဖို့ နေနေသာသာ မြင့်သောအဆင့်သို့ ရောက်နိုင်မည်ပင် မဟုတ်ပေ။

သို့သော် သူတို့၏ ဆရာနတ်မင်းကို ယုံကြည်မှုကြောင့် အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားမှ မူလနတ်မိုးကြိုးကို ရရှိအောင် လုပ်နိုင်ခဲ့သည့်အတွက် သူတို့၏ ကျင့်ကြံဆင့်ကို အဆင့်မြှင့်ဖို့ အခွင့်အရေးရခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အတွင်းစည်း တပည့်များဖြစ်လာပြီး နတ်မိုးကြိုးငါးပါးကျင့်စဉ်ကို ကျင့်ဖို့အတွက် အခွင့်အရေး ရလာခဲ့ကြသည်။

အနာဂတ်မှာ ကံခေတာမျိုး မရှိပါက သူတို့အားလုံး ကျင့်ကြံခြင်းမှာ အားထုတ်သွားလျှင် ပြိုင်ဘက်ကင်း ရွှေအမြုတေ ကျင့်ကြံသူများ ဖြစ်လာနိုင်သည်။

ယခု ရှန်ထျန်းက နိဗာနတော်ဝင်ရေစင်ကို ထပ်ပေးထားသေးသည်။

ဤနိဗာနတော်ဝင်ရေစင်ဖြင့် သူတို့၏ ဓမ္မအုတ်မြစ်ကို ပိုပြီးကောင်းအောင် တည်ဆောက်လို့ရနိုင်သည်။

ဆိုလိုချင်သည်က သူတို့ ကနဦးဝိညာဉ်အဆင့် အထွတ်အထိပ်ရှင်များပင် ဖြစ်လာနိုင်သည်ဟု ပြောခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်လာနိုင်သည်ကလည်း အစ်ကိုရှန်ထျန်းကြောင့် ဖြစ်သည်။

သူတို့ ဂိုဏ်းတူအစ်ကိုရှန်ထျန်း၏ ယုံကြည်မှုကို ရပြီးကတည်းက ကောင်းကင်တာအိုက သူတို့ကို စတင် ဘက်လိုက်ပေးပုံရသည်။

ယခင်တုန်းက ကျန်းယွင်ရှီးက သူတို့ကို “ရှန်ထျန်းအနားမှာ ကပ်နေရင် အထက်ဘုံတက်လှမ်းခြင်းကို ရရှိနိုင်လို့လား”ဟု မေးခဲ့ဖူးသည်။

ယခုတော့ “ ဟုတ် ရနိုင်ပါတယ်”ဆိုပြီးတော့ ရဲရဲဝံ့ဝံ့ ပြန်ဖြေနိုင်လေပြီ။

ကြာပြာကောင်းကင်အသျှင် နိဗာနတော်ဝင်ရေစင်ကို လက်ခံသွားပြီးနောက် သူ၏ အနက်ရောင် ရောင်ဝါစက်ဝန်းလည်း အတော်လေး မှေးမှိန်သွားသည်။

သူက ကျောက်စိမ်းပုလင်းကို လက်ထဲမှာ အလေးချိန် ချိန်ကြည့်ပြီးနောက် ရှန်ထျန်းကို သဘောကျသည့်ပုံစံဖြင့် ကြည့်လိုက်သည်။

အမြော်အမြင်ရှိပြီး ချစ်ဖို့ကောင်းတဲ့ လူငယ်လေးပဲ … ရှန်ထျန်းက သူ့ဆရာထက် အများကြီးပိုကောင်းတယ်

သူက ရှန်ထျန်းကို နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြရင်း ပြောလိုက်သည်

“ ထျန်းအာ… မင်းက ငါတို့ မျှော်လင့်ထားတဲ့အတိုင်း တကယ်လုပ်နိုင်တာပဲ။ မင်းသာရှိနေရင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အမြင့်ဆုံးကို မရောက်နိုင်ဘူးဆိုပြီးတော့ ဘယ်သူက သံသယဝင်ရဲမှာလဲ။

စကားမစပ် ထျန်းအာ ငါတို့မှာ အကြီးအကဲတွေ အများကြီးရှိတယ်လေ။ ငါတို့ကို ဒီလိုမျိုး ပေးရင် သူတို့ကိုလည်း မေ့ထားလို့မရဘူးလေ။

အခု ငါ့ဆီကို နိဗာနတော်ဝင်ရေစင်တွေ ပေးထားလိုက်ပါလား။ သူတို့ကို မင်းကိုယ်စား ပေးလို့ရပါတယ်။ မင်းအတွက် စကားကောင်းလည်း ပြောပေးပါ့မယ်။

လူတိုင်းက ငါ့ကို ယုံကြည်ရတဲ့သူလို့ပဲ သိထားတယ်။ ဒါဆိုရင် ဘယ်အကြီးအကဲမှ မင်းကို ဘက်လိုက်တတ်တယ်လို့ မထင်တော့ဘူး”

ဂိုဏ်းချုပ် တိုးတိုးလေး ပြောလိုက်သည်

“ အစ်ကိုကြီး… ကျေးဇူးပြုပြီးတော့ ကိုယ့်ကိုယ်ကို ထိန်းပါဦး။ ဗောဓိသတ္တဝ ကူသို့က အခုထိ ဒီမှာပဲရှိသေးတယ်”

မိုးကြိုးအရှိန်အဝါလွှမ်းခြုံထားသော ဂိုဏ်းချုပ်က ဆက်ပြောလိုက်သည်

“ ထျန်းအာ ကျန်တဲ့ နိဗာနတော်ဝင်ရေစင်ကို သိမ်းထားလိုက်။ အဲဒါက ဒဏ်ရာတွေကို ကုစားတဲ့နေရာမှာ အရမ်းကောင်းတော့ အသုံးဝင်တဲ့ဆေးတွေ လုပ်တဲ့နေရာမှာ သုံးလို့ရတာပေါ့။ ဆေးရဲ့ အကျိုးသက်ရောက်မှုကိုလည်း မြှင့်တင်လို့ ရသွားတာပေါ့”

ထို့နောက် ဂိုဏ်းချုပ်က သူ့ပုလင်းကို ကြာဖြူ ကောင်းကင်အသျှင်ဆီ ပေးလိုက်ပြီး ပြောသည်

“ ညီမလေး ကြာဖြူက ဆေးတွေ ဖော်စပ်တဲ့ နေရာမှာ ကျွမ်းကျင်တယ်။ အဲဒါကြောင့် ဒီနိဗာနတော်ဝင်ရေစင်ကို သေချာအသုံးပြုတတ်လောက်တယ်။ ပြီးတော့ ငါတို့ဂိုဏ်းထဲက တခြားအကြီးအကဲတွေကိုလည်း မေ့ထားလို့ မရဘူးဆိုတော့ နိဗာနတော်ဝင်ရေစင် ၁၀၀ လီတာကို နိဗာနဆေးလုံးအဖြစ် ပြောင်းလဲပြီးတော့ ကျန်တဲ့ အကြီးအကဲတွေဆီကို ဝေပေးဖို့အတွက် ညီမလေး ကြာဖြူကို ဒုက္ခပေးရဦးမယ်။

ဒီဆေးလုံးတွေက အကြီးအကဲတွေ အားလုံးအတွက်လည်း အသုံးဝင်မှာ အသေအချာဆိုတော့ တစ်ချိန်ထဲမှာပဲ ထျန်းအာရဲ့ ကျေးဇူးသိတတ်စိတ်ကို ပြသလိုက်နိုင်မှာပဲ”

ကြာဖြူ ကောင်းကင်အသျှင်က အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်ကို သူမ၏ စံပြပုဂ္ဂိုလ်ကို ကြည့်သော အကြည့်မျိုးဖြင့် ကြည့်နေပြီး မျက်လုံးများကလည်း တောက်ပနေသည်။

သူမက တည်ကြည်စွာဖြင့် စကားပြောလိုက်သည်

“ အစ်ကိုက ဒီလိုပြောနေမှတော့ ကျွန်မလည်း ကျွန်မရဲ့ နိဗာနတော်ဝင်ရေစင်ပုလင်းကို ဆေးလုံးတွေ လုပ်ဖို့ အသုံးပြုလိုက်ပါ့မယ်။ နိဗာနတော်ဝင်ရေစင် လီတာ၂၀၀ နဲ့ဆိုရင် အကြီးအကဲအားလုံးအတွက် ဆေးလုံး လုပ်ပေးဖို့ လောက်မှာ သေချာတယ်”

ကြာဖြူ ကောင်းကင်အသျှင်က ပြောပြီးနောက် ကြာပြာကောင်းကင်အသျှင်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

တစ်ချိန်တည်းမှာပဲ တာအိုကိုယ်တော် မျက်နှာပျက်သွားလေသည်။ သူ့ထက်ငယ်သောသူများမှ သူ့ကို ထောင်ချောက်ထဲသို့ ဦးဆောင်ခေါ်သွားသလိုမျိုး ခံစားလိုက်ရသည်။

မင်းတို့ ဘာတွေလာပြောနေတာလဲ။ ရှန်ထျန်းက ပုလင်းသုံးပုလင်း ထုတ်ပြီးတော့ ငါတို့ကို တစ်ယောက်တစ်ပုလင်း ပေးထားတာလေ

ဒါပေမဲ့ မင်းတို့နှစ်ယောက်က မင်းတို့ပိုင်တာကို ဆေးလုံးတွေလုပ်ဖို့ ပေးလိုက်မယ်ဆိုပြီး ဦးဆောင်ကြေညာလိုက်တယ်ဆိုတော့ ငါ့ကိုလည်း အဲလိုလုပ်လိုက်ဖို့ ပြောနေတာနဲ့ အတူတူပဲမဟုတ်လား

ဒါပေမဲ့ ဆေးလုံးတွေကို ဘယ်လိုဖြန့်ဝေပေးမယ်ဆိုတာကိုလည်း မင်းတို့ပဲ သိနေမှာမဟုတ်ဘူးလား

အား…မင်းတို့နှစ်ယောက် သိပ်ယုတ်မာတာပဲ … ငါက နှစ်ပေါင်းတစ်ထောင်လောက် မင်းတို့ရဲ့ အစ်ကိုကြီးဖြစ်ခဲ့တာကို မင်းတို့နှစ်ယောက်က ငါ့ကို လာပြီးတော့ လှည့်စားချင်နေကြတာလား။ မင်းတို့အားလုံးမှာ အသိစိတ် မရှိကြဘူးလား

လူငယ်မျိုးဆက်တွေရှေ့မှာ ကြိုက်ရာရွေးဆိုပြီး ပြောနေတာလား။ မင်းတို့က ငါ့ကို အရှက်ရအောင် လုပ်ပြီးတော့ နိဗာနတော်ဝင်ရေစင် ပုလင်းကို အတင်းလက်လွှတ်ခိုင်းနေတာမလား

ဟား…ဟား…ဟား…မင်းတို့က ငါ့ကို အထင်သေးနေတာပဲ။ ငါက ဘယ်တုန်းကများ တခြားသူတွေ ငါ့ကို ဘယ်လိုမြင်လဲဆိုတာကို ဂရုစိုက်ခဲ့ဖူးလို့လဲ

ကြာပြာ ကောင်းကင်အသျှင်က သူ့လက်ကိုသာ ငုံ့ကြည့်နေပြီး ဘာမှမကြားလိုက်သလိုမျိုး ဟန်ဆောင်နေသည်။

ကြာပြာ ကောင်းကင်အသျှင်၏ စကားကြောင့် ရှန်ထျန်း တစ်ခုခုကို အမှတ်ရသွားသည်။

အော် ဟုတ်သားပဲ…အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ အကြီးအကဲတွေနဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်ဆိုတော့ သူတို့ရဲ့ ကံကြမ္မာတွေ အကုန်လုံးကလည်း အတော်လေး ကောင်းပြီးတော့ ငါ့ရဲ့ အလားအလာကောင်းတဲ့ သိုးတစ်ကောင် ဖြစ်လာမှာပဲ

တကယ်တော့ သိုးတစ်ကောင်ပဲ ကျွေးမွေးထားထား သိုးတစ်အုပ်လုံးကိုပဲ ကျွေးမွေးထားထား ကွဲပြားမှု မရှိပါဘူး

ငါ ဒီအခွင့်အရေးကို အသုံးချပြီးတော့ သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားသင့်တယ်လို့ထင်တယ်။ ဒါမှ ရှေ့လျှောက် သူတို့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ခွဲယူလို့ရမှာ

ထို့နောက် ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ နိဗာနတော်ဝင်ရေစင် ၁၀ ပုလင်းဖြင့် စတင်ဖို့ စဉ်းစားလိုက်သည်။

“ အမလေး … ကျွန်တော်က တခြားအကြီးအကဲတွေကိုပါ မေ့လောက်တဲ့အထိ သတိလက်လွတ် ဖြစ်နေတာပဲ။ ကျွန်တော်ကို ခွင့်လွှတ်ပေးပါနော်။ ဒီမှာရှိတဲ့ ပုလင်း ၁၀ ပုလင်းကို အထွတ်အမြတ်မြေဆီ ဖြန့်ဝေပေးလိုက်ပါ့မယ်။ ဆရာ… ဒါကို အကြီးအကဲတွေဆီ ပေးဖို့အတွက် ကူညီပေးပါဦးနော်”

ရှန်ထျန်း၏ စကားဆုံးသွားသည့်အခါ အကုန်လုံးက သူ့ကို မကောင်းဆိုးဝါးတစ်ကောင်လို သဘောထားကာ စိုက်ကြည့်နေကြသည်။

ဂိုဏ်းချုပ်ကို လွှမ်းခြုံထားသော မိုးကြိုးများက ပြင်းထန်စွာ လှုပ်ရှားလာသည်

“ ထျန်းအာ … မင်းဆီမှာ နိဗာနတော်ဝင်ရေစင်တွေ ထပ်ပြီးတော့ ရှိသေးတယ်ပေါ့ ဟုတ်လား”

ရှန်ထျန်းက ခေါင်းကုတ်ကာ ရိုးသားစွာ ပြန်ဖြေလိုက်သည်

“ ဟုတ် နည်းနည်းလေး … ”

ဂိုဏ်းချုပ်က ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ နည်းနည်းပဲ ကျန်တယ်ဆိုရင် မင်းအတွက် မင်းသိမ်းထားလေ”

ရှန်ထျန်းက ပြန်ဖြေလိုက်ပြန်သည်

“ ဆရာ…ကျွန်တော်ပြောတာကို နားလည်မှု လွဲနေပြီထင်တယ်။ ကျွန်တော် ဆိုလိုတာက…”

သတိပြန်လည်လာသော ချန်ကျုံးထျန်းကို ကြည့်ကာ ရှန်ထျန်း၏ အကြည့်ထဲတွင် ကရုဏာတရားလေး ဖြတ်ပြေးသွားကာ သက်ပြင်းချပြီး ဆက်ပြောလိုက်သည်

“ ကျွန်တော် ဆိုလိုတာက ကျွန်တော် ထုတ်ပေးလိုက်တဲ့ နိဗာနတော်ဝင်ရေစင်က ကျွန်တော်မှာ ရှိတဲ့အထဲက နည်းနည်းပဲလို့ ပြောတာပါ”

ထို့နောက် ရှန်ထျန်း၏ ခန်းမင်လက်စွပ်ထဲမှ နိဗာနတော်ဝင်ရေစင်ပုလင်း ၃၀ ထွက်လာသည်။

ပုလင်းများမှ ရနံ့သင်းသင်းလေးက မြူခိုးများ ဖြစ်ပေါ်လာစေကာ နတ်သက်ရှိ ပုံရိပ်များပင် ဝေဝေဝါးဝါး မြင်လာရသည်။

ရရှိထားသော နိဗာနတော်ဝင်ရေစင် ပုလင်းအားလုံး အစစ်ဖြစ်ကြောင်း သေချာသည်။

အဟွတ်…

ခုနစ်စဉ်ကြယ်ကြယ်၏ သူတော်စင် သွေးအန်ကာ ခန္ဓာကိုယ်အရွယ်အစားလည်း ကျုံ့ဝင်သွားပုံပေါ်ပြီး အရမ်းအားနည်းနေသည်။

ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်

“ တစ်ယောက်ယောက်က ခုနစ်စဉ်ကြယ်ရဲ့ သူတော်စင်ကို ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေဆီ ပြန်ပို့ပေးလိုက်ပါဦး။

သူ့ကို အသက်ရှင်လျက် ပြန်ပို့လိုက်ပါ။ လမ်းတစ်လျှောက်မှာလည်း သူ့ကို မထိခိုက်ဖို့အတွက် သတိထားဦး။ မဟုတ်ရင် သူ ရထားတဲ့ ဒဏ်ရာတွေအတွက် ငါတို့ကို အပြစ်တင်လိမ့်မယ်”

ထို့နောက် ဂိုဏ်းချုပ်က ဗောဓိသတ္တဝ ကူသို့ကို လှည့်ကြည့်ကာ ပြောလိုက်သည်

“ဗောဓိသတ္တဝ … မင်းက ဒီနေ့ ဒီနေရာမှာရှိခဲ့တဲ့အတွက် ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေကသာ ဒီနေ့ဖြစ်ပျက်တာနဲ့ပတ်သက်ပြီး အကြောင်းပြချက်တောင်းရင် ငါတို့နာမည် မပျက်ရအောင် မင်းမြင်တာတွေကို ပြန်ပြီး ပြောပြပေးပါဦး”

ဗောဓိသတ္တဝ ကူသို့က သူ့လက်ထဲရှိ နိဗာနတော်ဝင်ရေစင်ကို ကြည့်ပြီး ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဘုန်းကြီးတွေက မလိမ်တတ်ပါဘူး။ ခုနစ်စဉ်ကြယ်ရဲ့ သူတော်စင်က ချီဖောက်ပြန်ခြင်းဖြစ်ပြီးတော့ ကနဦးဝိညာဉ်က သူ့လုပ်ရပ်ကြောင့် ပြိုကွဲသွားတာဆိုတဲ့ အကြောင်းအတွက် မျက်မြင်သက်သေ လုပ်ပေးမှာပါ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ဘာပြဿနာမှ မရှိစေရပါဘူး”

ဂိုဏ်းချုပ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ဗောဓိသတ္တဝ … မင်းက ကြင်နာတတ်တဲ့သူပဲ”

ထို့နောက် သူက ရှန်ထျန်းကို ပြန်လှည့်ကြည့်လိုက်သည်။

အပွင့်လင်းဆုံးပြောရလျှင် ယခု သူ့တပည့်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေမိသည်။

ရှန်ထျန်းက ကံကြမ္မာသားတော် ဖြစ်ကြောင်း ဂိုဏ်းချုပ် အခိုင်အမာ ယုံကြည်သော်လည်း ယခုလိုမျိုး နိဗာနတော်ဝင်ရေစင်ကို အများကြီး စုဆောင်းနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သာမန် အပင်မျိုးနွယ်နတ်ဆိုးများ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းကို ရင်ဆိုင်ပြီးနောက် နိဗာနအဆင့်သို့ ရောက်ရှိသွားပါက သိုလှောင်နယ် တစ်နေရာ သို့မဟုတ် နှစ်နေရာထုထည်ရှိသည့် နိဗာနတော်ဝင်ရေစင်ကို ဖန်တီးပေးနိုင်သည်။

ရှန်ထျန်းက သိုလှောင်နယ် တစ်နေရာစာ နီးပါးရှိသည့် နိဗာနတော်ဝင်ရေစင်ကို ထုတ်ပေးလာသည့်အပြင် အရည်အသွေးကလည်း အထူးကောင်းမွန်နေပြန်သည်။

ထျန်းအာက အနာဂတ်မှာ ငါတို့ရဲ့ အထွတ်အမြတ်မြေကို အမြင့်ဆုံးထိ ရောက်အောင်လုပ်ပေးမဲ့သူလို့ ပြောခဲ့သလိုမျိုးပဲ သူ့ကံကြမ္မာက အရမ်းကို အံ့ဩဖို့ကောင်းလွန်းတယ်

ဒါတွေက အိပ်မက်တစ်ခုလိုပဲ ဖြစ်ပျက်သွာတာ အရမ်းမြန်ဆန်လွန်းတယ်

အမလေး မဖြစ်တော့ဘူး…ငါ့ကိုယ်ငါ ထပ်ပြီး မထိန်းချုပ်နိုင်တော့ဘူး

ဟား…ဟား…ဟား…

ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက ပြင်းထန်စွာ လှုပ်ရှားလာပြန်သော်လည်း တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်

“ ထျန်းအာက အရမ်းအမြော်အမြင်ရှိတာပဲ။ မင်းရဲ့ ကျေးဇူးသိတတ်တာလေးကို ကျေနပ်တယ်။

ဒါပေမဲ့ အထွတ်အမြတ်မြေမှာလည်း ကိုယ်ပိုင် ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်လေ။ မင်းဆီကနေ အခွင့်ကောင်း မယူနိုင်ဘူး။ အဲဒါကြောင့် ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ဒီနိဗာနတော်ဝင်ရေစင်ပုလင်း ၁၀ ပုလင်းကို အထွတ်အမြတ်မြေမှာ သိမ်းထားလိုက်မယ်။

ဒါကို အကြီးအကဲတွေ လိုအပ်လာခဲ့ရင် သူတို့ရဲ့ ကိုယ်ပိုင်ရတနာတွေနဲ့ လဲလှယ်လို့ ရတယ်လေ။ ပြီးတော့ ရလာတဲ့ပစ္စည်းတွေကို စုဆောင်းပြီးတော့ မင်းကို ပေးမယ်လေ။ အခု ငါတို့ကို ပေးထားတဲ့ နိဗာနတော်ဝင်ရေစင် သုံးပုလင်းအတွက်လည်း ငါတို့ အလကား မယူပါဘူး။

ငါတို့ ဆွေးနွေးပြီးတော့ နိဗာနတော်ဝင်ရေစင်ရဲ့ တန်ဖိုးနဲ့ညီမျှတဲ့ ရတနာတွေ ပြန်ပေးပါမယ်”

အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ် စကားဆုံးသွားသည့်အခါ ကြာဖြူကောင်းကင်အသျှင်နှင့် ထိုနေရာမှာရောက်နေသော တပည့်များ၏ မျက်နှာတွင် လေးစားမှု အရိပ်အယောင်တို့ ထင်ဟပ်နေသည်။

ဒီလောက်များတဲ့ နိဗာနတော်ဝင်ရေစင်တွေကို ငြင်းနိုင်တဲ့ ဂိုဏ်းချုပ်တစ်ယောက်ရှိတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ။ ဒီလိုဂိုဏ်းချုပ်မျိုး ကမ္ဘာပေါ်မှာ မရှိတော့ဘူးဆိုတာ သေချာတယ်

သူက တရားမျှတမှုရှိပြီးတော့ တပည့်တွေကို သူ့ သားသမီးတွေလိုမျိုး ဆက်ဆံပေးတတ်တဲ့သူလေ။ အထွတ်အမြတ်မြေက သူ့ဦးဆောင်မှုအောက်မှာ ပိုပြီးတော့ ကြီးထွားလာနိုင်တာ

ဟုတ်တာပေါ့ အံ့ဖွယ်မိုးကောင်းကင်ရဲ့ ဂိုဏ်းချုပ်လုပ်ရပ်တွေကို အထင်ကြီးတာ လူတိုင်းတော့ မဟုတ်ခဲ့ဘူး

တာအိုကိုယ်တော်ကြီးက သူ့ညီလေး၏ စကားကို ကြားပြီးနောက် နာကျင်မှုကြောင့် ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။

အရှင်းဆုံးပြောရရင် သူ့ကို ထပ်ပြီးပစ်မှတ်ထားနေသလို ခံစားနေပြီ … ဒီညီလေးက တကယ်ကို ဉာဏ်များတာပဲ

နိဗာနတော်ဝင်ရေစင်ကို အလကားယူလိုက်ရင် မကောင်းဘူးလားလို့ …

ကြာပြာကောင်းကင်အသျှင်က သူ့ညီလေးကို စူးရှသောအကြည့်ဖြင့် စိုက်ကြည့်နေစဉ် ဗောဓိသတ္တဝ ကူသို့၏ မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားသည်။

သူ့လည်ပင်းပေါ်ရှိ ဗောဒိပုတီးစေ့များက လင်းလက်တောက်ပလာကာ ဗုဒ္ဓ၏ ပုံရိပ်ကို ထင်ရှားစွာ မြင်လာရသည်။

ကြည်ညိုဖွယ် ဗုဒ္ဓပုံရိပ်မှ ရောင်ခြည်တော်များ ထုတ်လွှင့်နေလေသည်။ ဗုဒ္ဓအစစ် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသလိုဖြစ်နေသည့်အတွက် လူတိုင်းက လေးစားနေကြသည်။

ထိုသူက တခြားသူ မဟုတ်ဘဲ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏  ဗုဒ္ဓအရှင် ဖြစ်၏။

All Chapters