← Chapters

ဗုဒ္ဓကျမ်းစာကို အကြိမ်တစ်သောင်းကူး

Vol. 11-16 Ch. 179

ဗုဒ္ဓကျမ်းစာကို အကြိမ်တစ်သောင်းကူး

Vol. 11-16 Ch. 179

အခန်း (၁၇၉)  :  ဗုဒ္ဓကျမ်းစာကို အကြိမ်တစ်သောင်းကူး

အရှေ့ပိုင်းလွင်ပြင်၏ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၊ စိတ်ဝိညာဉ်တောင်ငယ် နယ်နမိတ်၌

မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ သုခဘုံ၌ ဗုဒ္ဓရောင်ခြည်တော်များက ထွန်းလင်းတောက်ပနေလေသည်။

အထွတ်အမြတ်မြေ၌ ဝင်ပေါက်ဖြစ်သော အာကာပြင် မုခ်ဝ၌ ရတနာခုနှစ်သွယ် ဗုဒ္ဓကြေးမုံတစ်ချပ် ရှိနေသည်။ ထိုကြေးမုံကို ခရမ်းရွှေ၊ ငွေဖြူ၊ အပြာရောင်ကျောက်၊ ရေအဆီအနှစ်၊ ကမာခွံ၊ သန္တာနှင့် မဟူရာတို့ဖြင့် မြှပ်သွင်းစီခြယ်ထားသည်။

ဤသည်မှာ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ရတနာခုနှစ်သွယ် ဖြစ်၏။ သူတို့အားလုံးမှာ အမျိုးအစားတူ ရတနာများနှင့် နှိုင်းယှဉ်လိုက်လျှင် ထိပ်တန်းအဆင့်များ ဖြစ်ကြပြီး မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ဘုန်းကြီးများကိုယ်တိုင် အဆင့်မြင့်တင်ထားခြင်း  ဖြစ်သည်။

ဗုဒ္ဓရောင်ခြည်တော် အလင်းတန်းများက ဝင်ပေါက်မှ ဝင်လာသူတိုင်းအပေါ် ဖြာကျနေပြီး သူတို့၏ ဒုက္ခနှင့် ပြဿနာအားလုံး မေ့လျော့သွားစေပြီး စိတ်အေးချမ်းသွားစေသည်။

ကြေးမုံမှ အလင်းတန်းများက ကီလိုမီဝါ တစ်ရာနီးပါး ရောက်ရှိနိုင်ပြီး ကောင်းကင်တဝိုက် ဖုံးအုပ်ထားသည်။

တောင်ခြေ၏ အဝေးတစ်နေရာ၌ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ရှိနေကြသည်။ သူတို့က ကီလိုမီတာ သောင်းချီ လျှောက်လှမ်းလာပြီးနောက် ဘုရားဖူးလာကြခြင်း ဖြစ်ကြသည်။ ထိုလူများအနက် ဓားပျံစီးနင်းနိုင်ပြီး အားကောင်းကြသည့် ကျင့်ကြံသူများ မရှားပေ။ သို့သော်လည်း ရိုသေကိုင်းရှိုင်းမှုကို ဖော်ပြဖို့အတွက် ကီလိုမီတာ သောင်းချီကို လျှောက်လှမ်းလာပြီး ခြေသုံးလှမ်းတိုင်း ဝတ်ပြုကြလေသည်။

ဤသည်မှာ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ ဖြစ်၏။ အရှေ့ပိုင်းလွင်ပြင်၏ အထွတ်အမြတ်မြေ ၁၂ ခုအနက်ထဲပင် ထိပ်တန်း အထွတ်အမြတ်မြေတစ်ခု ဖြစ်၏။

ထို့အပြင် အရင်းအမြစ် ပေါကြွယ်ဝပြီး လူအင်အား ပေါများသည့် အနောက်ပိုင်းကန္တာရ ဗုဒ္ဓဂိုဏ်းလည်း ရှိသေး၏။

………….....

စိတ်ဝိညာဉ်တောင်ငယ် နယ်နမိတ်အနားရှိ မိုးကြိုးလှိုင်း ဗုဒ္ဓ ပို့ဆောင်ရေးစက်ဝန်း၌ လေဟာနယ်မှ ဗုဒ္ဓရောင်ခြည်တော်များ ထွန်းလင်းတောက်ပနေလေသည်။

ထိုရောင်ခြည်တော်မှ ရဟန္တာ  အပါးရှစ်ရာနှင့် အခြားသော အစောင့်အရှောက်များ ထွက်ပေါ်လာသည်။

ဗုဒ္ဓကိုယ်တိုင် ကမ္ဘာပေါ် တရားဟောနေသကဲ့သို့ ကျမ်းဂန်ရွတ်ဖတ်သံများလည်း ထွက်ပေါ်လာလေသည်။

ထို့နောက် သစ်သားငါး အုံးမောင်းသံလည်း စတင် ထွက်ပေါ်လာပြီး ဝတ်စုံဖြူ ကိုယ်တော်တစ်ပါးလည်း ပေါ်ထွက်လာသည်။ သူက ခြေချိတ်ထိုင်နေပြီး သူ့အနောက်ဖက်၌ နတ်ဗောဓိပင် သဏ္ဌာန်ကြီးတစ်ခု ရှိနေသည်။

ကိုယ်တော်ငယ်က ထူးချွန်ပြောင်မြောက်လွန်းသည့်အတွက် အားလုံး၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။

ဟုတ်ပေ၏။ ဘယ်သောအခါမှ မပြောင်းလဲသော ပုံသဏ္ဌာန်အတူတူ ဖြစ်၏။

ဝတ်စုံဖြူ ကိုယ်တော်မှာ ဗောဓိသတ္တဝ ကူသို့ ဖြစ်ပြီး သူ့သီးခြားစွမ်းပကားကို တဖန်ပြန်လည် အသက်သွင်းထားခြင်း ဖြစ်ပေသည်။ သို့သော်လည်း သူ ပေါ်လာသည်နှင့် ကိုးကွယ်ယုံကြည်သူများက ပို့ဆောင်ရေးစက်ဝန်းဘက် လှည့်ကာ ဒူးထောက်လိုက်ကြသည်။ သူတို့က ညင်ညင်သာသာ ဆုတောင်းဝတ်ပြုနေကြပြီး မျက်ဝန်းများက ထိန်းချုပ်မှုကင်းမဲ့လုနီးပါး ဖြစ်နေသည်။ သူတို့က အင်မတန် ရိုသေကိုင်းရှိုင်းလွန်းသည်မှာ သိသာလှသည်။

ဗောဓိသတ္တဝ ကူသို့က ထိုမြင်ကွင်းကို ကျင့်သားရနေဟန်ပေါ်သည်။ သူက သက်ပြင်းအသာချလိုက်ပြီးနောက် ပုံသဏ္ဌာန်အသက်သွင်းထားရင်း ဖြည်းဖြည်းချင်း ထွက်သွားလိုက်သည်။

သူ ထွက်သွားပြီးနောက် ကိုးကွယ်ယုံကြည်သူများလည်း လူစုကွဲသွားကာ လမ်းကြားတစ်နေရာ၌ စုဝေးကုန်ကြသည်။ ထိုနေရာ၌ ဦးထုပ်ဆောင်းထားသည့် ကတုံးပြောင်တစ်ယောက်က စောင့်နေလေသည်။

“ မင်းတို့ သရုပ်ဆောင်တာ မဆိုးဘူးပဲ ”

သူက ဝိညာဉ်ကျောက်တုံး အိတ်လေးကို ထုတ်ကာ အားလုံးကို တစ်ယောက်ချင်းစီ ခွဲဝေပေးလိုက်သည်။

“ ခုံသဲ့၊ ခုံယွင်၊ ခုံဆဲ့ … မင်းတို့သုံးယောက်က ကောင်းကောင်း လုပ်ခဲ့တယ်။ မနက်ဖြန် အဆင့်မြင့် လောကုတ္တရာ တပည့်အမှတ်အသားပြားကို သွားယူလိုက်ပြီးတော့ ဘုရားဖူးလာသလိုမျိုး ဆက်သရုပ်ဆောင်နေ ...  ငါ မင်းတို့အပေါ် အရမ်းမျှော်လင့်ထားတယ်ဆိုတော့ ဆက်ကြိုးစားထား … နောက်ကျရင် မင်းတို့လည်း သာသနာ့ဘောင်ထဲ ဝင်ဖို့ အရည်အချင်း ပြည့်မှီလာမှာပါ။ အခြားသူတွေကတော့ မင်းတို့တွေရဲ့ သရုပ်ဆောင်ပုံက နည်းနည်း ပိုလွန်းတယ်။ များများလေ့ကျင့်ကြဦး ”

ဝိညာဉ်ကျောက်တုံးများစွာ ရလိုက်သော ကိုးကွယ်ယုံကြည်သူ သုံးယောက်က ပျော်ရွှင်နေကြသည်။

“ ဆရာတော်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့တွေလည်း သာသနာ့ဘောင်ထဲ မြန်မြန် ဝင်လာနိုင်အောင် ကောင်းကောင်း ကြိုးစားပါ့မယ်”

…………...

ဗောဓိသတ္တဝ ကူသို့က လမ်းကြားလေးထဲမှ အဖြစ်အပျက်ကို မသိခဲ့ချေ။ သူက စိတ်ဝိညာဉ်တောင်ငယ် နယ်နမိတ်ထဲ ဝင်သွားလေပြီ။

မြင်ကွင်းကား ချက်ချင်း ပြောင်းလဲသွားပြီး ဗောဓိသတ္တဝ ကူသို့က ရောင်ခြည်တော်များဖြင့် ပေါ်လာလေသည်။

ထိုကမ္ဘာငယ်လေးက  တိမ်တိုက်များ၊ သက်တံ့များနှင့် ပန်းပေါင်းများစွာ၊ ရှားပါးဆေးပင်များနှင့် ပြည့်နှက်နေသော အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ကွာခြားပေသည်။ ထို့အစား ဤနေရာကား အလွန်ခမ်းနားကြီးကျယ်လှသည်။

ဗောဓိသတ္တဝ ကူသို့က တိမ်တွေကြား ရောက်နေသည့် ခမ်းနားကြီးမားသော လှေကားရှေ့မှောက် ရောက်ရှိလာသည်။ လှေကားမှာ ပေတစ်ထောင်လောက် ကျယ်ဝန်း၏။ ပို၍ အံ့ဩစရာကောင်းသည်က လှေကားကို ရွှေဖြင့် ထွင်းထားသောကြောင့် တဖျက်ဖျက် တောက်ပနေသည်။

လှေကားအပြင် အခြားကျောင်းတော်များ၊ မျှော်နန်းများ၊ ရေကန်များနှင့် ဘုရားစေတီများ ရှိသည်။

ထိုအဆောက်အဦးများကို ရတနာခုနှစ်သွယ် မြှပ်သွင်းထားသောကြောင့် အင်မတန် ဝင့်ထည်ကာ တောက်ပနေဖို့အတွက် နေမင်းနှင့် လရောင်ပင် မလိုအပ်ပေ။

ဤသည်မှာ အရာအားလုံးထဲ၌ အမွေးနံ့သာများ မြှပ်နှံ့ထားသောကြောင့် ရနံ့မွေးကြိုင်သော သုခဘုံတစ်ခု ဖြစ်၏။

ရနံ့က ကမ္ဘာငယ်တစ်ခုလုံး ပြည့်နှက်နေပြီး ကောင်းကင်တခွင် နတ်တေးသံများလည်း ထွက်ပေါ်လျက် ရှိသည်။ သူတို့ကြားသည်က သူတို့ တောင့်တသည့်အရာအလိုက် ကွဲပြားတတ်သည်။

ဗောဓိသတ္တဝ ကူသို့က လှေကားတစ်လျှောက် တက်သွားလိုက်သည်။

ဤသည်မှာ လိပ်ပြာသန့် လှေကားဖြစ်ပြီး ကိုးကွယ်ယုံကြည်သူတို့၏ စိတ်နှလုံးသား ခိုင်မာမှုရှိ မရှိ စမ်းသပ်ဖို့ရာ အဆုံးမဲ့ရွှေကို အသုံးပြုထားသည်။

အထွတ်အမြတ်မြေက ထိုလှေကားမှ လျှောက်လှမ်းလာသော ကံစပ်သူများကို ရွေးချယ်လေ့ ရှိသည်။

အကယ်၍ ယုံကြည်မှုက ခိုင်မာနေပြီး ကိုယ်ကျိုးမငဲ့ စိတ်ထားမျိုး ရှိခဲ့လျှင် အထွတ်အမြတ်မြေဆီ ဝင်ရောက်ခွင့် ရှိကြလိမ့်မည်။ အကယ်၍ ကိုယ်ကျိုးငဲ့ စိတ်ထားမျိုး မရှိသလို ပါရမီအထုံ မပါလျှင် သူတို့က ဗုဒ္ဓနှင့် ကံမစပ်ဟု ဆိုကြပေမည်။ ဗောဓိသတ္တဝ ကူသို့က ယခင် ထိုလှေကားကို မည်သို့ကျော်ဖြတ်ပြီး မိုးကြိုးလှိုင်း အထွတ်အမြတ်မြေဆီ ဝင်ရောက်ခဲ့မှန်း မသိပေ။

ဗုဒ္ဓက သူ့ကို ကာကွယ်ပေးထားသလိုမျိုး ဘာဖိအားမှ မခံစားခဲ့ရပေ။ သူကိုယ်တိုင် မယုံကြည်နိုင်လောက်အောင်အထိ ချောမွေ့နေခဲ့၏။

အိုး ဗုဒ္ဓ …

အစတုန်းက သူ့အနေနှင့် ကံစမ်းကြည့်ပြီး ဘဝချောချောမွေ့မွေ့ ဖြစ်စေရန်အတွက် အထွတ်အမြတ်မြေဆီ ဝင်ချင်ခဲ့သည်။

လက်ရှိ သူက သံချွန်ပေါ် လျှောက်နေရသလိုမျိုး လှေကားအထစ်တစ်သောင်းကို မြန်မြန် လျှောက်နေသည်။

သိပ်မကြာခင် လှေကားအဆုံး၌ တိမ်တိုက်ထဲ မျှောလွှင့်နေသော ကြီးမားခမ်းနားသည့် အဆောက်အဦးတစ်ခု ပေါ်လာသည်။

အဆောက်အဦးအောက်ခြေ၌ ပေတစ်သိန်းလောက်ရှိသည့် ဧရာမ ရွှေကြာပန်းကြီးက ပွင့်ချပ် ၁၂ လွှာဖြင့် ပွင့်လန်းလျက် ရှိသည်။ ထိုကြာပန်းကြီးကို ဗုဒ္ဓရောင်ဝါများဖြင့် လွှမ်းခြုံထားသောကြောင့် ကုသိုလ်အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေသည်။ နေရာတစ်ခုလုံးကား တောက်ပနေလေ၏။

ထိုစဉ် “ မဟာရတနာခန်းမ” ဟု ချိတ်ဆွဲထားသည့် ပေသောင်းချီ မြင့်မားသည့် မြင့်မြတ်ကြီးကျယ်သည့် ခန်းမကြီးတစ်ခု ရှိနေသည်။

ဗောဓိသတ္တဝ ကူသို့က စိုးရိမ်ပူပင်နေဟန်ဖြင့် ထိုရတနာခန်းမဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်သည်။

ကူသို့က မဟာရတနာခန်းမထဲ ဝင်တော့မည့်ဆဲဆဲတွင် အသံတစ်သံ ထွက်ပေါ်လာလေ၏ “ ရေချိုးသန့်စင်ခဲ့ ”

ကူသို့၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး မဟာရတနာခန်းမဘေးရှိ ရတနာခုနှစ်သွယ် ရေကန်ကို တစ်ချက်ကြည့်လိုက်မိသည်။

ထိုရေကန်က ရတနာခုနှစ်သွယ်နှင့် အလှဆင်ထားပြီး ကုသိုလ်ရေစင်တော်များဖြင့် ဖြည့်ထားသည်။ ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏ စိတ်နှလုံးသားကို သန့်စင်ပေးမည့် ထိပ်တန်းရတနာ ဖြစ်၏။

အားလုံးက ဗုဒ္ဓအရှင်နှင့် မတွေ့ဆုံခင် ရတနာခုနှစ်သွယ်ရေကန်ထဲ ကုသိုလ်ရေစင်ဖြင့် ဆေးကြောသန့်စင်ခဲ့ဖို့ လိုအပ်သည်။

တကယ်တော့ ကူသို့က  သူ့ဆရာနှင့် မတွေ့ဆုံခင် လုပ်ရလေ့ရှိသော အရာဖြစ်ပြီး သူ မကြိုက်သော အလေ့အထတစ်ခုလည်း ဖြစ်ပေသည်။

သို့သော်လည်း သူ မည်မျှမကြိုက်စေကာမူ ဆရာ၏ အမိန့်ကို မနာခံဘဲ မနေရဲပေ။ သူ့ဘာသာ ဆေးကြောရုံသာ တတ်နိုင်လေသည်။

ရေချိုးသန့်စင်ကာ အဝတ်အစား လဲလှယ်ပြီးနောက် ကူသို့က အသက်ပြင်းပြင်းရှုကာ မဟာရတနာခန်းမထဲ ဝင်သွားလိုက်သည်။ မဟာရတနာခန်းမအလယ်၌ ဧရာမ ရွှေရောင်ဗုဒ္ဓတစ်ပါးက ကြာပွင့်သဏ္ဌာန် ခြေချိတ်လျက် ထိုင်နေသည်။

ကူသို့က ခန်းမအလယ်ဆီ ဖြည်းဖြည်းချင်း လျှောက်လာလိုက်ပြီး နာနာခံခံ ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်သည်  “ ဆရာတော် … တပည့် ပြန်ရောက်လာပါပြီ ”

ဧရာမ ရွှေရောင်ဗုဒ္ဓအရှင်က မျက်လုံးဖွင့်လာပြီး လက်ထဲတွင် ပဒုမ္မာရွှေကြာပန်းအား  ကိုင်ဆောင်ထားရင်း ပြုံးကာ ပြောလိုက်သည် “ အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်အကြောင်း ဘာသိထားလဲ ”

ကူသို့က ကြောင်သွားကာ  “ သူ့ကို ပထမဆုံး တွေ့ဖူးတာဆိုတော့ သူ့အကြောင်း သိပ်မသိသေးပါဘူး ”

ဗုဒ္ဓအရှင်၏ အပြုံးတို့က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ  “ ထားလိုက်ပါတော့ … မင်းရဲ့ကျမ်းစာတွေ သွားကူးချည် ”

ကူသို့က ပို၍ သနားစရာကောင်းလာသည်။ သူက ပြောသင့်၊ မပြောသင့် တုံ့ဆိုင်းနေလေ၏။

အဆုံးသတ်၌ သူက ဖွင့်ဟကာ ပြောလိုက်ဆဲ ဖြစ်၏  “ ဆရာတော် … တပည့် ပြောစရာလေး ရှိလို့ ”

ဗုဒ္ဓအရှင်က အေးဆေးပြောလိုက်သည် “ အရင်ဆုံး မဟာဉာဏ်ပညာ ဗောဓိကျမ်းကို အခေါက်တစ်ထောင် ကူးခဲ့ … ကူးပြီးတော့မှ လာပြော ”

ကူသို့၏ မျက်ဝန်းများက နီရဲလာကာ  “ဆရာတော် … တပည့် ပြောချင်တာကလည်း မဟာဉာဏ်ပညာ ဗောဓိကျမ်းနဲ့ ဆက်စပ်နေပါတယ် ”

ဗုဒ္ဓအရှင်က ကူသို့အား စိုက်ကြည့်လိုက်ပြီး “ အိုး … မင်းက အဲဒီအထွတ်အထိပ် ကျမ်းစာကို တရားပေါက်သွားပြီလား ”

ကူသို့က သူ့ဘာသာ အားတင်းရင်း ဆက်ပြောပြလိုက်သည် “ဟုတ် … တပည့်ဆီမှာ တင်ပြဖို့ ဗုဒ္ဓကျမ်းစာတစ်ခု ရှိပါတယ် ”

ကူသို့က ရှန်ထျန်း သင်ပေးလိုက်သည့် ဗောဓိဗုဒ္ဓကျမ်းစာအကြောင်း ရွှတ်ပြလိုက်သည်။

……………....

သူ့စကားအဆုံးတွင် မဟာရတနာခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။

ထို့နောက် ချက်ချင်းဆိုသလို ဗုဒ္ဓအရှင်ဆီမှ မျက်စိကျိန်းမတတ် အလင်းရောင်များ ထွက်ပေါ်လာသည်

“ မင်းကများ … ဗုဒ္ဓကျမ်းစာ ကူးဖို့ မလိုတော့အောင် ငါတို့ဗုဒ္ဓကျမ်းစာရဲ့ အဓိပ္ပါယ်အစစ်ကို ဖျက်စီးပစ်တယ်ပေါ့လေ။ မင်းဘာသာ သုံးလလုံးလုံး ပြန်ဆင်ခြင်ပြီးတော့ မဟာဉာဏ်ပညာ ဗောဓိကျမ်းစာကို အခေါက်တစ်သောင်း ကူးရမယ်။ ကူးလို့မပြီးရင် ဖန်ချန်းနဲ့ တွေ့ခွင့်မရှိဘူး ”

All Chapters