လုံယွမ်၏ ဓာတ်ငါးပါး နတ်ချပ်ဝတ်တန်ဆာ
Vol. 11-16 Ch. 181
အခန်း (၁၈၁) : လုံယွမ်၏ ဓာတ်ငါးပါး နတ်ချပ်ဝတ်တန်ဆာ
ဗုဒ္ဓအရှင် သီးသန့်နေပြီး ကျင့်ကြံအားမထုတ်ခင် ပြောလိုက်သော ကြေညာချက်က မိုးကြိုးလှိုင်း အထွတ်အမြတ်မြေတစ်ခုလုံးကို အံ့ဩမှင်သက်သွားစေသည်။ သို့သော် အားလုံး၏ အာရုံစိုက်ရာ ဗဟိုချက်ဖြစ်နေသော ရှန်ထျန်းက ထိုအကြောင်းအရာကို လုံးဝမသိပေ။
ယခုလက်ရှိ သူက ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ စစ်ဆေးမှုကို ခံယူဖို့ မသွားရန် မည်သို့ ဆင်ခြေပေးရမလဲဆိုတာကိုသာ စဉ်းစားနေသည်။ သူက ကံဆိုးတတ်သည့်အတွက် ထိုကဲ့သို့သော နေရာမျိုး သွားဖို့ရာ အင်မတန် အန္တရာယ်များသည်။
ဤသို့အခြေအနေမျိုး ရောက်အောင် သူ့ကိုယ်သူ အတင်းတွန်းအားပေးမည်ဆိုပါက အလွယ်တကူ သေသွားနိုင်သည်။
သို့သော် အံ့ဖွယ်မိုးကောင်းကင်၏ သူတော်စင်တစ်ယောက်အနေဖြင့် အံ့ဖွယ်မိုးကောင်းကင်၏ တပည့်များကို စမ်းသပ်သည့်နေရာသို့ ခေါ်သွားဖို့ရာ တားမြစ်ဖို့လည်း မသင့်တော်ပြန်ပေ။ ထိုအရာကလည်း ဂိုဏ်းချုပ်ကိုယ်တိုင် တောင်းဆိုထားသည့်အရာ ဖြစ်သည့်အတွက် သူ ငြင်းလိုက်လျှင်လည်း အနာဂတ်တွင် ဂိုဏ်းချုပ်က သူ့ကို မျက်နှာသာ မပေးတော့တာမျိုး ဖြစ်လာနိုင်သည်။
ငါ မြူခိုးဟင်းလင်းပြင်မှာရှိတုန်းက ခန္ဓာကိုယ်အတွင်းပိုင်းမှာ ဒဏ်ရာရခဲ့တာလို့ ပြောလိုက်ရင်ရော ဘယ်လိုလဲ။ အခုထိ ကုသနေရတုန်းမလို့ သွားဖို့ အဆင်မပြေဘူးလို့ ပြောလိုက်သင့်လား
လွန်ခဲ့သော တစ်နာရီခန့်က နိဗာနတော်ဝင်ရေစင် လီတာပေါင်း ထောင်ချီရှိကြောင်း ထုတ်ကြွားထားသည့်အတွက် ထိုကဲ့သို့သော ဆင်ခြေမျိုးက အရမ်းရယ်စရာကောင်းနေပေလိမ့်မည်။ သူ့ဆီမှာရှိနေသော နိဗာနတော်ဝင်ရေစင် ပမာဏနှင့်ဆိုလျှင် ခြေလက်တွေ အကုန်ဖြတ်ခံထားရလျှင်ပင် ပြန်လည်ကုစားနိုင်ဖို့ အရမ်းလွယ်ကူနေဆဲ မဟုတ်ပါလော။
နောက်၁၀ရက်အတွင်း ရွှေအမြုတေအဆင့်ကို ရောက်အောင် လုပ်လိုက်ရင်ရော ဘယ်လိုလဲ
မေလ ၁၉ ရက်နေ့ကျမှ ရုတ်တရက်ကြီး အဆင့်တက်သွားတယ်ဆိုပြီးတော့ ပြောတာက သဘာဝမကျသလို သင့်လည်း မသင့်တော်ဘူး
ကမ္ဘာဦးတိုက်ပွဲနယ်မြေကလည်း ကျင့်ကြံဆင့် ရွှေအမြုတေအဆင့်အောက် ရောက်နေတဲ့ ကျင့်ကြံသူတွေ ဝင်လို့ရတယ်ဆိုပြီး ပြောထားတာပါ။ အခြေတည်အဆင့်ကျင့်ကြံသူတွေပဲ ဝင်ရမယ်ဆိုပြီးတော့ ပြောမထားပါဘူး
မအောင်မြင်နိုင်သော အကြောင်းပြချက်တစ်ခုအတွက် သူ့ကျင့်ကြံဆင့်ကို စတေးပစ်ဖို့ရာ မတန်ကြောင်း ရှန်ထျန်း ခံစားနေရသည်။
ထို့ကြောင့် ရှန်ထျန်းက တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်
“ ဆရာ ကျွန်တော်က အခုမှ အထွတ်အမြတ်မြေကို စရောက်ခါစပဲ ရှိသေးတာဆိုတော့ ဂုဏ်သတင်း သိပ်မရှိသေးဘူးလေ။ အဲဒါကြောင့် ကျွန်တော်သာ ဂိုဏ်းတူ ညီအစ်ကို၊ ညီမ၊ အစ်မတို့ကို စမ်းသပ်တဲ့ နေရာကို ခေါ်သွားမယ်ဆိုရင် သူတို့အတွက် လက်ခံဖို့ ခက်ခဲမယ် ထင်တယ်”
အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ ဘယ်သူက ဆန့်ကျင်ရဲမှာလဲ။ မင်းက သူတော်စင်ပဲလေ။
ညီမလေးရွှေကြာက ဒီရက်ပိုင်းအတွင်း ယင်ယန်မိုးကြိုးဖောက်ခွဲရေး အဆောင်တွေကို အရှိန်အပြည့်နဲ့ လုပ်နေတာ။
မနက်ဖြန်ကျရင် မိုးကြိုးဖောက်ခွဲရေး အဆောင်ကို ၃၀ရာခိုင်နှုန်း လျှော့ပေးမယ်ဆိုတဲ့အကြောင်း ကြေညာပြီးတော့ ဒါတွေအကုန်လုံးက မင်းကြောင့်ပဲ ဆိုပြီးတော့ ပြောပေးလိမ့်မယ်။
ပြီးတော့ အခြေတည်အဆင့် တပည့်တွေအတွက် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့ မိုးကြိုးဖောက်ခွဲရေးအဆောင်တွေ ရမှာဆိုတော့ စစ်ဆေးမှု လုပ်တဲ့အချိန် ပိုပြီးတော့ လုံခြုံလိမ့်မယ်။ အဲဒါဆိုရင် သူတို့က သဘာဝကျကျ မင်းကို ကျေးဇူးတင်လိမ့်မယ်”
ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ ခဏတာ လှုပ်ခတ်သွားပြီးနောက် ဆက်ပြောလိုက်သည်
“ ထျန်းအာ … ငါ မင်းကို ယုံကြည်တယ်။ ဒီစစ်ဆေးမှုကလည်း အခွင့်အရေးတစ်ခု ဖြစ်လိမ့်မယ်။ မင်းရဲ့ နာမည်ကို သေချာတည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်။ အနာဂတ်မှာ ဒီအထွတ်အမြတ်မြေကြီးကို အောင်မြင်ကြီးပွားမှုဆီ ခေါ်သွားဖို့ လိုအပ်သေးတယ် မဟုတ်ဘူးလား ”
အတွေ့အကြုံရှိသော အသံဖြင့် ပြောနေသော ဂိုဏ်းချုပ်၏ အစီအစဉ်များကို နားထောင်ပြီးနောက် ရှန်ထျန်းလည်း အခြား ရွေးချယ်စရာ မရှိတော့ပေ။
အထွတ်အမြတ်မြေ တိုးတက်ဖို့ လိုတဲ့အတွက် မင်းကို တာဝန်အနည်းငယ် ပေးမယ်တဲ့လား။ ဒီလိုမျိုး လုပ်ဖူးနေတဲ့ ခံစားချက်ကရော ဘာလဲ
ဆရာ… ခိုနိုဟ ရွာသူကြီး တစ်ယောက်အနေနဲ့… အဲလေ မဟုတ်သေးပါဘူး… ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ခွန်အား၊ ဂုဏ်သိက္ခာရှိပြီးတော့ ဦးဆောင်နိုင်စွမ်းရှိတဲ့သူကို ရွေးချယ်သင့်တာ မဟုတ်လား
ကျွန်တော်က အထွတ်အမြတ်မြေကို ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်လေ။ ကျွန်တော်ရဲ့တာဝန်တွေကို မြှင့်တင်ချင်နေတာလား
ဒီလိုဘက်လိုက်မှုမျိုးအတွက် ဆရာ သားဖြစ်သူရဲ့ ခံစားချက်တွေကို တကယ်ထည့်မတွက်ဖို့ စဉ်းစားထားတာလား။ အစ်ကိုယွင်ထင်က ဆရာရဲ့ သွေးသားတော်စပ်တဲ့သားလေ…သွေးက ရေထက် ပျစ်တယ်ဆိုတဲ့ စကားတောင် ရှိသေးတာပဲ
ရှန်ထျန်းက အခက်တွေ့သည့်ပုံစံဖြင့် ပြောလိုက်သည်
“ ဒါပေမဲ့ ကမ္ဘာဦးတိုက်ပွဲနယ်မြေက အန္တရာယ်တွေအပြည့်ပဲဆိုတော့ ကျွန်တော် ကြောက်တယ်။ ကျွန်တော်မှာ အတွေ့အကြုံလည်း မရှိတော့ အန္တရာယ်နဲ့ ကြုံတွေ့တဲ့အခါ သေရမဲ့သူက ကျွန်တော်တစ်ယောက်တည်းဆိုရင် ရပါတယ်။ အခုကျ ကျွန်တော်အမှားကြောင့် တခြားသူတွေပါ ဒုက္ခရောက်သွားမှာကို စိုးရိမ်မိတယ်။ အဲလိုဆိုရင် ကျွန်တော် သေသွားရင်တောင် ရှက်လွန်းလို့ သူတို့ကို မျက်နှာချင်းဆိုင်နိုင်မှာ မဟုတ်ဘူး”
ရှန်ထျန်းက အထွတ်အမြတ်မြေနှင့် ပတ်သက်ပြီး ဒီလောက်ထိ နက်နက်နဲနဲတွေးထားမည်ဟု မထင်ထားသည့်အတွက် ဂိုဏ်းချုပ်ကို လွှမ်းခြုံထားသော မိုးကြိုးအရှိန်အဝါ ပိုမိုပြင်းထန်စွာ လှုပ်ခတ်လာရသည်။
ဒီလိုတပည့်မျိုးရှိတာ အံ့ဖွယ်မိုးကောင်းကင်အတွက်တော့ ကံကောင်းမှုတစ်ခုပဲ
ဂိုဏ်းချုပ်က ပြောလိုက်သည်
“ အဲဒီအတွက် မင်းလုံးဝ စိတ်ပူစရာ မလိုပါဘူး။ မင်းမှာ အမြင့်ကို တက်လှမ်းနိုင်မဲ့ ကံကြမ္မာရှိတယ်ဆိုတာကို ငါ တစ်ခါတွက်ချက်ပြီးသွားပြီ။ မင်းက ကံကြမ္မာရဲ့ကောင်းချီးပေးခြင်းကို ခံထားရတဲ့သူပဲ။ မင်းအမြင့်ကြီးကို ပျံသန်းသွားတဲ့အခါ မင်းရဲ့ကံကြမ္မာကြောင့် မင်းသွားတဲ့နေရာတိုင်း မင်းကို ကောင်းကင်တာအိုက ကာကွယ်ပေးထားတာမလို့ ကပ်ဘေးတွေကိုလည်း ကောင်းချီးပေးမှုအဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မယ်။
ဒါကြောင့် အားလုံးအတွက် လုံခြုံမှုရဖို့က စစ်ဆေးမှုအတွင်း မင်းပြောတဲ့အတိုင်း လုပ်ဖို့ပဲ။ မင်းအန္တရာယ်နဲ့ ကြုံတွေ့လာပြီဆိုရင် မင်းကိုမင်း အန္တရာယ်ကင်းအောင် အရင်နေစေချင်တယ်။
လူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကို ကံကြမ္မာက အဆုံးအဖြတ်ပေးတာ ဖြစ်တဲ့အတွက် ကျင့်ကြံသူတိုင်းက ဒီကျင့်ကြံခြင်းလမ်းကြောင်းပေါ် စရောက်ကတည်းက သူတို့ပြင်ဆင်ထားပြီးသားပါ။
မင်းက ကြင်နာတတ်တယ်ဆိုတာကို ငါသိပါတယ် ဒါပေမဲ့ လူတိုင်းမှာ မတူညီတဲ့ ကံကြမ္မာတွေ ရှိတယ်လေ။ မင်းက ရာထူးမြင့်တဲ့သူဖြစ်တဲ့အလျောက် စိတ်ဓာတ်လည်း ကြံ့ခိုင်ရမယ်။ အမြဲတမ်း တခြားသူတွေကို သနားပြီး ကူညီနေတာက အထွတ်အမြတ်မြေရဲ့ တိုးတက်မှုကို အကျိုးသက်ရောက်မှု ရှိစေမှာ မဟုတ်ဘူး”
ဂိုဏ်းချုပ်၏ သင်ကြားပြသမှုက ရှန်ထျန်းကို စိတ်ရှုပ်စေပြီး အိပ်ငိုက်လာစေသည်။
သူက တခြားသူများ၏ ကံအပြောင်းအလဲ အခွင့်အရေးကို မျှယူရင်း အထက်ဘုံတက်လှမ်းခြင်းကို မရောက်ရှိခင်အထိ လူမသိသူမသိလေးသာ နေချင်သည်။
အပွင့်လင်းဆုံးပြောရလျှင် ဂိုဏ်းချုပ်ဖြစ်လာပြီး အထွတ်အမြတ်မြေကို ကြီးပွားတိုးတက်လာအောင် လုပ်ရမည့်ကိစ္စမျိုးက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများသည့်အတွက် ရှန်ထျန်း တကယ်ကို စိတ်မဝင်စားပေ။
ဒီထက်ပိုပြီးတော့ အရေးကြီးတာက အမြင့်ကိုတက်လှမ်းနိုင်မဲ့ ကံကြမ္မာမျိုး ရှိတယ်တဲ့လား။ အခု ငါ အမြင့်ထိတက်လှမ်းသွားမယ်ဆိုရင် ငါ့ကံကြမ္မာအရ ကောင်းကင်တာအိုက ကာကွယ်ပေးမှာတဲ့လား
အခုလေးတင် ဆရာတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ကျောက်ဟောင်အကြောင်း ပြောနေတာမဟုတ်ပဲ ကျွန်တော်အကြောင်း ပြောနေတယ်ဆိုတာ သေချာရဲ့လား
ရှန်ထျန်းကို ကြည့်ရတာ တကယ်စိတ်မဝင်စားသည့်ပုံ ပေါ်သည့်အတွက် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ စတင်လှုပ်ရှားလာပြန်သည်။
ရုတ်တရက် သူ့စိတ်ထဲတွင် အပြာဖျော့ရောင် စစ်ချပ်ဝတ်တန်ဆာကို စဉ်းစားမိသွားသည်။
ဂိုဏ်းချုပ်က အကြံကောင်းတစ်ခု ရသွားသည့်ပုံစံဖြင့် ပြောလိုက်သည်
“ ထျန်းအာ မင်းက အခု ပိုပြီးတော့ စွမ်းအားကြီးလာပြီဆိုတော့ မင်းရဲ့ စစ်ချပ်ဝတ်တန်ဆာကို လဲလှယ်သင့်တယ်လို့ ထင်တယ်။ မင်းသာ စစ်ဆေးမှုအတွက် တပည့်တွေကို ဦးဆောင်ပေးဖို့ သဘောတူတယ်ဆိုရင် မင်းကို ချပ်ဝတ်တန်ဆာ အသစ်တစ်စုံပေးမယ်လေ။ ဘယ်လိုသဘောရလဲ”
ရှန်ထျန်း၏ ပုံစံက တည်ငြိမ်သော်လည်း ရယ်ချင်နေလေပြီ။
ဘာလို့လဲ…ဆရာ အရင်တုန်းက ပင်လယ်လိပ်တွေများ မွေးမြူထားလို့လား
ငါ အထွတ်အမြတ်မြေကို စရောက်လာတုန်းကလည်း လိပ်နက်ဒိုင်းကာပေးခဲ့ပြီးတော့ မိုးကြိုးနည်းစနစ်ကို တီထွင်နိုင်တော့ လိပ်နက်ခေါင်းဆောင်း ပေးခဲ့တယ်။ အခု လိုအပ်လာပြန်တော့ နောက်ထပ် လိပ်နက်ချပ်ဝတ် တန်ဆာတစ်စုံပေးဖို့ စီစဉ်နေတာလား
ရှန်ထျန်း စိတ်ထဲမှာသာ အပြစ်တင်ပြောဆိုနိုင်သည်။ အပြင်ပန်းမှာတော့ ငြင်းဆိုနေဆဲ ဖြစ်သည်။
“ ဆရာ…ကျွန်တော်မှာ အဲလိုလုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အထွတ်အမြတ်မြေကို ကူညီပေးနိုင်ဖို့က ကျွန်တော်ရဲ့တာဝန်ပါ…”
ရှန်ထျန်း၏ စကားမဆုံးသေးခင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါဆီမှ ရွှေရောင်ချပ်ဝတ် တန်ဆာတစ်ခု ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုချပ်ဝတ်တန်ဆာက နှိုင်းယှဉ်လို့မရသော အလင်းရောင်ဖြင့် တောက်ပနေသည်။ အဖြူရောင်၊ အစိမ်းရောင်၊ အနက်ရောင်၊ အနီရောင်နှင့် အဝါရောင် အစရှိသည့် မိုးကြိုးငါးသွယ် ပေါင်းစပ်ပြီးနောက် ရွှေရောင်မိုးကြိုး ဖြစ်လာသည့်ပုံစံက အင်မတန် အထင်ကြီးစရာ ကောင်းလှသည်။
ထိုချပ်ဝတ်တန်ဆာပေါ်တွင် နတ်သားရဲငါးကောင်၏ ပုံရိပ်သဏ္ဌာန်များ ဖြစ်သော နဂါးပြာ၊ ကျားဖြူ၊ ကြက်သွေးရောင်ဇာမဏီ၊ လိပ်နက်နှင့် အံ့ဖွယ်ချီလင်တို့ကို ရှင်းလင်းစွာ မြင်နေရသည်။
ချပ်ဝတ်တန်ဆာ ခေါင်းဆောင်းဒီဇိုင်းက ရွှေချီလင်ပုံစံ ဖြစ်ပြီး ချီလင်ပုံရိပ်သဏ္ဌာန်နှင့် အတော်လေး ဆင်တူသည်။
ဘယ်ဖက်လက်မောင်းအကာသည်လည်း နဂါးတစ်ကောင်၏ ကျောကုန်းလိုမျိုး ရွှေရောင်နဂါးကြေးခွံတွေ လက်မောင်းတစ်ခုလုံးကို ဖုံးအုပ်ထားသည်။
ညာဖက်လက်မောင်းအကာက ကျားအစင်းများကဲ့သို့ ဖြစ်နေပြီး လက်အိတ်များကလည်း ရက်စက်ကြမ်းကြုတ်သော ကျားအစွယ်များကဲ့သို့ လက်ဆစ်များတွင် တပ်ဆင်ထားပြန်သည်။
ဖိနပ်များကို ရွှေနီရောင် အံ့ဖွယ်ရွှေဖြင့် ပြုလုပ်ထားပြီး ဒီဇိုင်းက ကြက်သွေးရောင် ဇာမဏီတစ်ကောင် ကောင်းကင်ကို လောင်ကျွမ်းပြာကျအောင် လုပ်နေသကဲ့သို့ အင်မတန်ခမ်းနားလှသည်။
ရင်ဘတ်အကာ၏ အလယ်တည့်တည့်တွင် လိပ်ခွံပုံစံ မဟုတ်တော့ပဲ ဆဌဂံရွှေရောင်ယင်ယန်ပုံစံဖြစ်ပြီး ဆန်းကြယ်လှသည်။
ယခင်က ရထားခဲ့သော လိပ်နက်ဒိုင်းကာ၊ လိပ်နက်ခေါင်းဆောင်းနှင့် ယခုရထားသော ချပ်ဝတ်တန်ဆာအသစ်ကို ဂိမ်းတစ်ခုထဲမှာ ဝတ်စုံတစ်ခုအနေနှင့် ပါလာမယ်ဆိုရင် ပထမဆုံး အသက်ပြန်ဖြည့်တဲ့အချိန်မှာ လိပ်နက်ဒိုင်းကာနဲ့ လိပ်နက်ခေါင်းဆောင်ကို လက်ဆောင်ရမှာပဲ
ဒါက တကယ် အလုပ်မဖြစ်လို့ နောက်ထပ် ကစားပွဲတွေအတွက် ဆုလာဘ်အဖြစ် ပေးခံရတာပဲ
အဲလိုအချိန်မျိုးမှာ အခုရတဲ့ ချပ်ဝတ်တန်ဆာအသစ်က ကစားသမားအနေနဲ့ တစ်လလုံး ခေါက်ဆွဲပြုတ် စားရမယ်ဆိုရင်တောင် ပိုက်ဆံပေးပြီး ဝယ်ချင်လောက်တဲ့ အရာမျိုးပေါ့
ရှန်ထျန်းလိုမျိုး သူ့အရင်ချပ်ဝတ်တန်ဆာရဲ့ ပုံစံကို မကြိုက်တဲ့သူအတွက်တော့ စိတ်လှုပ်ရှားသွားစေလောက်ပါတယ်
ရှန်ထျန်းက လက်နှစ်ဖက်ကို ပွတ်ကာ ပြောလိုက်သည်
“ ဆရာ ဒီချပ်ဝတ်တန်ဆာရဲ့ ခုခံကာကွယ်နိုင်စွမ်းက ဘယ်လောက်ထိ စွမ်းအားပြင်းထန်လဲ။ ကျွန်တော်ဆီမှာ နိဗာနတော်ဝင်ရေစင်တွေ တော်တော်များများ ရှိပါသေးတယ်။ ဒီချပ်ဝတ်တန်ဆာကို နိဗာနတော်ဝင်ရေစင်နဲ့ လဲလှယ်လို့ ရမလားဟင်”
ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ ထပ်မံလှုပ်ခတ်သွားရင်း ပြောလိုက်ပြန်သည်
“ ဒီချပ်ဝတ်တန်ဆာက လုံယွမ်နတ်ချပ်ဝတ်တန်ဆာလို့ခေါ်ပြီး ယန်နတ်မိုးကြိုးခန္ဓာအတွက် အသင့်တော်ဆုံးပဲ။
ထျန်းအာ ဒီနတ်ချပ်ဝတ်တန်ဆာရဲ့ ခုခံစွမ်းအားကို အစွမ်းကုန် အသက်သွင်းပြီး ဝတ်ဆင်မယ်ဆိုရင် ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်အောက်ကသူတွေ မင်းကို ထိခိုက်အောင်လုပ်ဖို့အတွက် ခက်ခဲလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အဆမတန်မြင့်မားလာလိမ့်မယ်”
ထိုချပ်ဝတ်တန်ဆာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတစ်ခုလုံးတွင် အမိုက်ဆုံး ချပ်ဝတ်တန်ဆာဖြစ်ကြောင်းကိုတော့ ဂိုဏ်းချုပ် ထည့်မပြောခဲ့ပေ။
နောက်ဆုံးတစ်ချက်က ရှန်ထျန်းကို ဆွဲဆောင်နိုင်ဆုံးဖြစ်မှာ သိနေသည့်အတွက် ရှန်ထျန်းကို ထပ်ပြီး အသိပေးစရာ မလိုတော့ပေ။
ရှန်ထျန်းလိုမျိုး ငယ်ရွယ်သော ပါရမီရှင်တစ်ယောက်အနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ အထင်ကြီးလောက်စရာ နည်းပညာများကို ထုတ်ကြွားချင်စိတ် ရှိကြတယ်လေ။ ဒါကို မရနိုင်တဲ့အခြေအနေဆိုရင်တော့ မပြောတတ်ပေမဲ့ အခွင့်အရေးရှိနေမှတော့ ဒီချပ်ဝတ်တန်ဆာကို မဝတ်ဘဲ နေပါ့မလား
ကျန်းလုံယွမ်လည်း ငယ်စဉ်အခါက အရှေ့ပိုင်းလွင်ပြင်တစ်ခွင်မှာ အချောဆုံး အမျိုးသားတစ်ယောက် ဖြစ်ခဲ့ဖူးသည်။
ယခုထိ ငယ်ရွယ်သေးသော ရှန်ထျန်းအနေနှင့် ထိုကဲ့သို့သော ဆွဲဆောင်မှုတစ်ခုကို ငြင်းဆိုနိုင်မှာ မဟုတ်ကြောင်း ဂိုဏ်းချုပ် အခိုင်အမာ ယုံကြည်ထားသည်။
အမှန်တကယ်မှာလည်း ရှန်ထျန်းက ချပ်ဝတ်တန်ဆာကို နိဗာနတော်ဝင်ရေစင်နှင့် လဲလှယ်လို့ မရတော့ကြောင်း သိလိုက်သည်နှင့်တစ်ပြိုင်နက် မျက်နှာထားက စိတ်ခိုင်မာစွာ ဆုံးဖြတ်လိုက်ပုံပေါ်သည်။
သူ ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့သည်
“ဆရာ… အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်တစ်ယောက်အနေနဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ယူဖို့အတွက် တာဝန်ရှိပါတယ်။ ကျွန်တော် ဂိုဏ်းသားတွေအတွက် စံနမူနာကောင်းတစ်ခု သတ်မှတ်ပေးချင်တယ်။ အဲဒါကြောင့် ၁၀ ရက်ကြာရင် သူတို့ကို ဦးဆောင်ပြီးတော့ သွားလိုက်ပါ့မယ်။
ကျွန်တော် အံ့ဖွယ်မိုးကောင်းကင်ကို ဂုဏ်တက်အောင် လုပ်ပေးပါ့မယ်။ ဆရာကို စိတ်မပျက်စေရပါဘူး။ ပြီးတော့ ဒီလိုလုပ်တာက ချပ်ဝတ်တန်ဆာနဲ့ မဆိုင်ပါဘူး”
ပြဿနာမရှိပါဘူး…ငါ စမ်းသပ်နေရာကို သွားလိုက်မယ်။ ငါက အပြင်ဘက်စည်းမှာပဲ နေပြီးတော့ အကုန်လုံးကို အဝေးကနေပဲ ထိန်းချုပ်လိုက်မယ်။ မတော်တဆတွေက ဒီလိုမျိုးဖြစ်နိုင်တယ်ဆိုတာ ငါ မယုံနိုင်သေးဘူး
ဟုတ်တယ်… ခုနစ်စဉ်ကြယ်ရဲ့ သူတော်စင်ဆီမှာ အတော်လေးကောင်းတဲ့ ကံအပြောင်းအလဲ အခွင့်အရေးရှိတယ်လို့ ထင်တယ်။ အဲဒါကလည်း အသုံးဝင်လိမ့်မယ်
စမ်းသပ်မှုတွေ မစတင်ခင် ခုနစ်စဉ်ကြယ်သူတော်စင်ရဲ့ အကျိုးအမြတ်တွေကို အရင်ဆုံး ရိတ်သိမ်းလိုက်ရအောင်
ရှန်ထျန်းက တခြားသူရဲ့ကံကြမ္မာကို ခိုးယူလိုက်ပါက ထိုသူအတွက် ကပ်ဘေးကျရောက်နိုင်လားဆိုတာကို စမ်းသပ်ကြည့်ချင်နေသည်။
သူက ငါတို့ထဲက လူမဟုတ်ရင် ပြဿနာ မရှိဘူးလေ …