← Chapters

ထျန်းအာ ... ငါ့ကို စွမ်းအားအကုန်သုံးပြီး တိုက်ခိုက်လိုက်

Vol. 11-16 Ch. 182

ထျန်းအာ ... ငါ့ကို စွမ်းအားအကုန်သုံးပြီး တိုက်ခိုက်လိုက်

Vol. 11-16 Ch. 182

အခန်း (၁၈၂) : ထျန်းအာ ... ငါ့ကို စွမ်းအားအကုန်သုံးပြီး တိုက်ခိုက်လိုက်

ရှန်ထျန်းက တပည့်များကို ဦးဆောင်ချင်သည်ဆိုသော စကားကို ကြားလိုက်ရသည့်အတွက် ဂိုဏ်းချုပ် စိတ်အေးသွားမိသည်။

အရှင်းဆုံးပြောရလျှင် တပည့်တွေကို ဦးဆောင်ပေးရုံနှင့် လုံယွမ်နတ်ချပ်ဝတ်တန်ဆာကို ဆုချခြင်းက မထိုက်တန်ပေ။ သို့သော် ဂိုဏ်းချုပ်က လုံယွမ်ချပ်ဝတ်တန်ဆာကို ချက်ချင်းပေးလိုက်ခြင်းက သူ၏ ရက်ရောမှုကို ပြသလိုသောကြောင့် ဖြစ်၏။

သူနှင့် မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ထျန်းရှို့တို့က ဂိုဏ်းချုပ်၊ ဗုဒ္ဓအရှင် စသည်ဖြင့် အသီးသီးဖြစ်လာကြပြီးကတည်းက နှစ်ပေါင်းရာကျော်အထိ သူတို့အချင်းချင်း ကြိတ်ပြီး ပြိုင်ဆိုင်လာခဲ့ကြသည်။ သူတို့က ပြိုင်ဘက်ဖြစ်သလို စိတ်ကူကိုယ်တူ မိတ်ဆွေလည်း ဖြစ်သည့်အတွက် တစ်ဖက်လူ၏ အရှိန်အဝါ လှုပ်ခတ်သွားသည်နှင့်တစ်ပြိုင်နက် ထိုလူ၏ ရည်ရွယ်ချက်ကို ချက်ချင်းခန့်မှန်းနိုင်ကြသည်။

ထျန်းရှို့ဆိုတဲ့ကောင်က ငါ့ရဲ့ ချစ်တပည့်လေးကို သဘောကျနေတာ သေချာတယ်။ စိတ်ထဲကတော့ သူ့ကို ကိုယ်တော် ဖြစ်လာစေချင်နေတာသေချာတယ် ဟုတ်တယ်မလား

အဲဒီအကြောင်းကို စဉ်းတောင် မစဉ်းစားနဲ့။ သူ့ကို ဒီမှာပဲ ဆက်နေအောင် စည်းရုံးဖို့အတွက် ဝိဇ္ဇာ စစ်ချပ်ဝတ်တန်ဆာတစ်စုံကိုတောင် ထုတ်ပေးနိုင်တယ်။ ငါက အဲလောက်ထိကို ရက်ရောတယ်

ထိုအတွေးကြောင့် ဂိုဏ်းချုပ်၏ အရှိန်အဝါ စတင်လှုပ်ခတ်လာရသည်။

သို့သော် တည်ငြိမ်စွာ ပြောလိုက်သည်

“ ထျန်းအာ ဒီစစ်ချပ်ဝတ်တန်ဆာရဲ့ အဆင့်က အရမ်းမြင့်လွန်းတယ်။ သွေးတစ်စက်လောက် ထုတ်လိုက်ပါ…ငါကိုယ်တိုင် မင်းကို သူ့သခင်အဖြစ် မှတ်မိသွားအောင် လုပ်ပေးမယ်”

ရှန်ထျန်းက အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ သူ့ ကျင့်ကြံဆင့် အရမ်းနိမ့်နေစဉ်က ဓားသခင်အမှတ်အသားပြား သူ့ကို မှတ်မိဖို့အတွက် သွေးတစ်ပန်းကန်စာ ညှစ်ထုတ်ခဲ့ရသည်ကို ပြန်လည် စဉ်းစားမိသွားသည်။

ထိုအချိန်တုန်းက သွေးအများကြီး ဆုံးရှုံးသွားသည့်အတွက်  မူးနောက်နောက် ဖြစ်သွားခဲ့ရသေးသည်။

သူ့ရှေ့မှာရှိနေသော လုံယွမ်နတ်ချပ်ဝတ်တန်ဆာက နတ်အသုံးအဆောင် ပစ္စည်းအစစ်ဖြစ်သည့်အတွက် ဝိညာဉ်အသုံးအဆောင်ပစ္စည်းထက် ပိုပြီး သာလွန်သည်။

သူသာ နောက်ထပ်တစ်ခါ သွေးတွေအများကြီး ဖောက်ထုတ်ရမည်ဆိုပါက သွေးအားနည်းလာလျှင်ပင် မအောင်မြင်နိုင်ပေ။

ရှန်ထျန်းက ဂိုဏ်းချုပ် ပြောသည့်အတိုင်း သွေးတစ်စက် ထုတ်ယူလိုက်သည်။

ဂိုဏ်းချုပ်က ထိုသွေးကို ယူကာ လုံယွမ်နတ်ချပ်ဝတ်တန်ဆာထဲ ထိုးသွင်းလိုက်သည်။

ရုတ်တရက် မိုးကြိုးအရှိန်အဝါတစ်ခုက ထိုလုံယွမ်နတ်ချပ်ဝတ်တန်ဆာထဲသို့ ထိုးဖောက်ဝင်သွားကာ သန့်စင်နေသည်။

နတ်ချပ်ဝတ်တန်ဆာအပေါ်မှ ဂိုဏ်းချုပ် ပိုင်ဆိုင်သောအမှတ်အသား ပျောက်သွားကာ ရှန်ထျန်းပိုင်ဆိုင်သော အမှတ်အသားအဖြစ် ပြောင်းလဲသွားသည်။

ရှန်ထျန်းကိုယ်တိုင်လည်း သူနှင့် နတ်ချပ်ဝတ်တန်ဆာကြားက ဆက်နွယ်မှု ပေါ်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် တောက်ပသော ရွှေရောင်နတ်ချပ်ဝတ်တန်ဆာက ချက်ချင်း တစ်စစီ ပြုတ်ထွက်သွားသည်။

ထို့နောက် အစိတ်အပိုင်းတစ်ခုချင်းစီက ရှန်ထျန်းဆီ ပျံသန်းသွားကာ ချပ်ဝတ်တန်ဆာက ရှန်ထျန်းကို လုံးဝ ကာထားလိုက်သည်။

ပြိုင်ဘက်ကင်းစွမ်းအားက ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ ထိုအရာက မိုးကြိုးစွမ်းအား ဖြစ်၏။

လုံယွမ်နတ်ချပ်ဝတ်တန်ဆာက ဂိုဏ်းချုပ်ငယ်စဉ်က အသုံးပြုခဲ့သော စစ်ချပ်ဝတ်တန်ဆာဖြစ်ပြီး အစကတည်းက ယန်နတ်မိုးကြိုးခန္ဓာအတွက် ဓာတ်ငါးသွယ်နှင့်တူညီသော သတ္တုငါးမျိုး၏ အထွတ်အထိပ်အဆင့် ဝိညာဉ်ရွှေကို အသုံးပြုပြီး အထူးဖန်တီးထားခြင်း ဖြစ်သည်။

အဆင့်မြင့်အစီအရင်ကိုလည်း စစ်ချပ်ဝတ်တန်ဆာအတွင်း ထွင်းထားသည့်အတွက် ဝတ်ဆင်ထားသူ၏ တိုက်ခိုက်စွမ်းရည်ကို အဆင့်မြှင့်တင်ပေးသည်။

ရှန်ထျန်း၏ ခွန်အားလည်း ချပ်ဝတ်တန်ဆာ ဝတ်ဆင်ပြီးသည်နှင့် တစ်ပြိုင်နက် အဆမတန် တိုးပွားသွားရသည်။

ဟုတ်တယ် ခွန်အားတိုးလာတာက ဒုတိယ ဦးစားပေးပဲ…အရေးအကြီးဆုံးအရာက အရမ်းမိုက်တယ်လေ

ရှန်ထျန်း ရွှေရောင်နတ်ချပ်ဝတ်တန်ဆာကို ဝတ်ပြီးသည့်အချိန်တွင် ဓာတ်နှော မိုးကြိုး ရောင်စဉ်တန်းများ လွှတ်ထုတ်နေသည်။ သူ့ပုခုံးပေါ်မှ ကျနေသော နှင်းကဲ့သို့ ဖြူစွတ်နေသည့် ဝတ်ရုံရှည် လေထဲလွင့်နေသည့်ပုံစံက သူ့ကို ကြော့မော့သွားစေသည်။

သူ့ရှေ့က လူငယ်လေးကို ကြည့်ပြီး ဂိုဏ်းချုပ် အံ့ဩမိသည်။ ရှန်ထျန်း၏ ရုပ်ရည်က သူ့ကို ညှို့ယူဆွဲဆောင်နိုင်လိုက်သည်။

အရမ်းကို ချောမောတဲ့ လူငယ်တစ်ယောက်ပဲ။ ထျန်းအာ ဒီချပ်ဝတ်တန်ဆာနဲ့ဆိုရင် ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ယောက်လိုပဲ

သူ့ဆွဲဆောင်မှုက အရှေ့ပိုင်းလွင်ပြင်တစ်ခွင်ရှိ သူတော်စင်မ များအားလုံးကို ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည်။

ထျန်းအာရဲ့ ရုပ်ရည်က ငါနဲ့ တန်းတူပဲ။ သူက ဒီနတ်ချပ်ဝတ်တန်ဆာနဲ့ ထိုက်တန်တယ်

ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်

“ ထျန်းအာ ဘယ်လိုခံစားရလဲ။ ဒီချပ်ဝတ်တန်ဆာကို အကြိုက်တွေ့ရဲ့လား”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ကျေးဇူးတင်ပါတယ် ဆရာ။ ဒီချပ်ဝတ်တန်ဆာက အရမ်းစွမ်းအားကြီးတယ်။ ကျွန်တော် ခွန်အားတွေ ပြည့်သွားသလို ခံစားရတယ်”

ရှန်ထျန်း ရေကြေးမုံတစ်ခု ဖန်တီးကာ သူ့ပုံစံကို ကြည့်ပြီး ကျေနပ်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်နတ်ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားပြီး ချောမောသည့် မျက်နှာလေးကိုသာ ဖော်ထားသည်။

ရှန်ထျန်း၏ ပြဿနာဖြစ်သော ပုံပန်းသဏ္ဌာန်နှင့် စွမ်းအားကို ဖြေရှင်းပြီးသွားလေပြီ။

ကြည့်ကောင်းတဲ့ ပုံစံရဖို့ရယ် လက်တွေ့အသုံးပြုလို့ ရဖို့ရယ်ကို ဟန်ချက်ညီအောင် မထိန်းပေးနိုင်တဲ့ ပစ္စည်းက ပိုက်ဆံ လုံလုံလောက်လောက် သုံးမထားလို့ပဲ ဖြစ်ရမယ်

လိပ်နက်ဒိုင်းကာနဲ့ လိပ်နက်ခေါင်းဆောင်းတို့ရဲ့ ပုံစံက တိုးတက်မလာနိုင်တော့ဘူးလို့ ဆိုလိုချင်တာလား။ ဒီလုံယွမ်နတ်ချပ်ဝတ်တန်ဆာကို ကြည့်လိုက်ပါဦး

ဒီရင်ဘတ်ပေါ်က ထိုက်ချီတံဆိပ်တော်က အရမ်းမိုက်တယ်။ နတ်အသုံးအဆောင်ပစ္စည်းက တကယ်ကို နတ်အသုံးအဆောင် ပစ္စည်းပဲ။ လက်မအကြီးကြီး ထောင်သင့်တယ် …

ဂိုဏ်းချုပ်က ပြောလိုက်သည်

“ ထျန်းအာ စွမ်းအားကို စမ်းသပ်ကြည့်ချင်လား။ ငါ့ကို တိုက်ခိုက်ကြည့်”

ထို့နောက် ဂိုဏ်းချုပ်၏ ရှေ့တွင် မိုးကြိုးအရှိန်အဝါဖြင့် ပြုလုပ်ထားသော ရွှေရောင်ခံတပ်တစ်ခု ပေါ်လာသည်။

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ညာဘက်လက်ကို ဖြည်းဖြည်းချင်း ဆွဲဆန့်လိုက်သည်။

ရွှေရောင် ဓာတ်နှောနတ်မိုးကြိုးက ရှန်ထျန်း၏ လက်ချောင်းများကြားထဲတွင် အဆက်မပြတ်ရစ်ပတ်နေသည်။ ထိုဓာတ်နှော နတ်မိုးကြိုးက လူတစ်ယောက်၏ ခေါင်းလောက် အရွယ်အစားရှိသည့် မိုးကြိုးလက်သီးကြီးတစ်ခုကို ဖန်တီးလိုက်သည်။

ထိုမိုးကြိုးလက်သီးက နှင်းသီးအရွယ်အစားလောက်ထိ ချုံ့သွားပြီးနောက် လေဆာကဲ့သို့သော အလျင်မျိုးဖြင့် ထွက်သွားသည်။

ဝုန်း…

နှင်းသီးအရွယ်အစားလောက်သာရှိသော မိုးကြိုးက ထိတ်လန့်စရာကောင်းသော စွမ်းအားဖြင့် ပေါက်ကွဲသွားသည်။

မိုးကြိုးအရှိန်အဝါခံတပ် ပြင်းထန်စွာ တုန်ခါပြီးနောက် အက်ကြောင်းများပေါ်လာသည်။

ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဒီလိုတိုက်ခိုက်မှုမျိုးက ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ကိုတောင် သတ်နိုင်လောက်တယ်။ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် မိုးကြိုးလက်သီးကို တိကျတဲ့အဆင့်အတိုင်း ထိန်းချုပ်နိုင်တာ ကောင်းပါတယ်။ ဒါပေမဲ့ ငါ ကြည့်ရသလောက်တော့ ဒါက ထျန်းအာရဲ့အဆင့် မဟုတ်သေးဘူး။ လာ…အင်အားအပြည့်သုံးပြီးတော့ တိုက်ခိုက်”

ရှန်ထျန်း အလွန်အမင်း အံ့အားသင့်သွားသည်။

ကျွန်တော် ခွန်အားတွေအကုန်စိုက်ထုတ်ပြီးပြီဆိုတာ ပြဖို့ အကောင်းဆုံးကြိုးစားပြီးပြီလေ။ ဒါပေမဲ့ ဆရာက ငါ အားအကုန်သုံးမထားဘူးဆိုတာ သိနေတယ်တဲ့ အံ့ဩစရာပဲ

ဆရာကတော့ တကယ်ကို ဆရာပါပဲ။ ကြည့်ရတာ ငါ့အစွမ်းတွေ အကုန်ထုတ်သုံးမှ ဖြစ်တော့မယ်ထင်တယ်

ရှန်ထျန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ လုံယွမ်နတ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားရင်း မြင်းထိုင် ထိုင်လိုက်သည်။  သူ့မျက်ခုံးစပ်ကြားမှ ရွှေရောင်မိုးကြိုး အမှတ်အသားက နတ်ချပ်ဝတ်နှင့်အတူ တောက်ပလာသည်။

“ နားလည်ပါပြီ ဆရာ”

ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်အရှိန်အဝါ မီးတောက်ဖြင့် လောင်ကျွမ်းနေသည်။ သူ့စွမ်းအားနှင့်မိုးကြိုးက တစ်ချိန်တည်းမှာ တောက်လောင်ပြီးနောက် အသန့်စင်ဆုံးစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ဂိုဏ်းချုပ် အံ့ဩသွားသည့်အတွက် မိုးကြိုးအရှိန်အဝါသည်လည်း ပြင်းထန်စွာ တုန်ခါသွားရသည်။

သေစမ်း…ဒါက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ဒီလိုအရှိန်အဝါမျိုး တကယ်ရှိနိုင်လား

သူ့၏ ဝိညာဉ်ချီနှင့် ခန္ဓာကိုယ်နှစ်ခုလုံးအတွက် ကျင့်ကြံပြီး ဓာတ်နှော နတ်မိုးကြိုး ဒါမှမဟုတ် ယန်နတ်မိုးကြိုးခန္ဓာရှိလာမယ်ဆိုရင်တောင် အခြေတည်အဆင့်မှာ အခုလိုမျိုး စွမ်းအားကြီးမားသည့် အရှိန်အဝါမျိုး ထုတ်လွှတ်နိုင်ခြင်းက အရမ်းအံ့ဩစရာကောင်းလှသည်။

အစတုန်းက ဂိုဏ်းချုပ်က ရှန်ထျန်းကို သူ့သတ်မှတ်ချက်ထက် ကျော်လွန်ပြီး စွမ်းအားတွေ ထုတ်ဖော်ပြသနိုင်မလားဆိုတာကို ကြည့်ချင်သည့်အတွက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ရှန်ထျန်း သက်သေပြပြီးနောက်မှာတော့ ခံစားချက်ကြောင့် မလှုပ်ရှားတတ်သည့် သူ့စိတ်လည်း လှုပ်ခါသွားရသည်။

ဒါက တကယ်ပဲ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်တဲ့လား။ အရှေ့ပိုင်းလွင်ပြင်မှာရှိတဲ့ ပင်မ ကျင့်ကြံရေးဂိုဏ်းတွေကို တစ်ချက်သွားကြည့်လိုက်ဦး။ ရွှေအမြုတေကျင့်ကြံသူ ဘယ်လောက်များများက ဒီလောက်ထိ စွမ်းအားကြီးနိုင်ကြလို့လဲ

ရှန်ထျန်းအနေနှင့် သူ့ဆရာကို အံ့ဩသွားအောင် လုပ်နိုင်လိုက်သည်ကို  မသိပေ။ သူ စွမ်းအားအကုန် ထုတ်မသုံးသည့်အတွက် ဂိုဏ်းချုပ် စိတ်ပျက်သွားမည်ကိုသာ စိုးရိမ်နေမိသည်။

အမှန်တကယ်တော့ ရှန်ထျန်း လွှတ်ထုတ်လိုက်သော မိုးကြိုးလက်သီးက အားနည်းသော မကောင်းဆိုးဝါးများကို သုတ်သင်ရှင်းလင်းနိုင်သည့် သာမန်တိုက်ခိုက်မှုတစ်မျိုးသာ ဖြစ်သည်။

ယခု သူက ရှေးဦးအဆီအနှစ် လေးလံရေစင်၊ အံ့ဖွယ်ဝါးမျိုနွယ်ပင်နှင့် နန်မင်လီမီးတောက်တို့၏ စွမ်းအားကို ဓာတ်နှော နတ်မိုးကြိုးထဲသို့ ပေါင်းထည့်လိုက်သည်။ စူပါဆိုင်ယန်အဆင့်သို့ ဝင်ရောက်ပြီးနောက် သူ့ကိုယ်သူ အဆုံးအစွန်အထိ မြင့်တက်လိုက်သည်။

ထိုအရာက သူ့၏ စွမ်းအားအပြင်းဆုံး တိုက်ခိုက်သည့် အခြေအနေ ဖြစ်၏။

အပွင့်လင်းဆုံးပြောရလျှင် သူ ဒီလိုအခြေအနေမှာ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ရှန်ထျန်း ကိုယ်တိုင်ပင် မသိပေ။

ယခုလက်ရှိတွင် ရှန်ထျန်းက သူ့ခန္ဓာကိုယ်၏ ခံနိုင်စွမ်းတွေ ကုန်ဆုံးနေကြောင်း ခံစားလာရသည်။

အင်မတန်များပြားသော စွမ်းအင်တွေ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အတွက် အချိန်မရွေး ပြင်းထန်စွာ ထိုးထွက်လာနိုင်သည်။

ထိုကဲ့သို့သော ခံစားချက်မျိုးက သူ့ကို ထုတ်လွှတ်ပစ်လိုက်ဖို့အတွက် ပိုမိုစိတ်အားထက်သန်လာစေသည်။ သူက ဂိုဏ်းချုပ်ကို ကြည့်ကာ အရိုအသေပြုလိုက်ပြီးနောက် ခါးထောက်လိုက်သည်။

အဆုံးမဲ့ရွှေမိုးကြိုးက ရှန်ထျန်း၏ လက်ထဲတွင် စုစည်းသွားကာ ဖြည်းဖြည်းချင်း ကျုံ့ဝင်သွားသည်။

ထို့နောက် ရှန်ထျန်းက အသံတိုးတိုးလေးဖြင့် အော်လိုက်သည်

“ဓာတ်နှော မိုးကြိုး… …လက်သီး”

နောက်ဆုံးစကားလုံး “လက်သီး”ဟု ပြောပြီးသွားသည့်အခါ ရှန်ထျန်းက လက်နှစ်ဖက်လုံး ရှေ့သို့တွန်းလိုက်သည့်အခါ မိုးကြိုးပေါက်ကွဲမှု ဖြစ်ပေါ်သွားရသည်။

ချက်ချင်းဆိုသလို ရွှေရောင်တောက်တောက် အလင်းတန်းတစ်ခုက ဂိုဏ်းချုပ်၏ နန်းဆောင်တစ်ခုလုံးကို ပြည့်နှက်သွားပြီး လေထဲမှာလည်း နတ်သားရဲငါးကောင်၏ ပုံရိပ်သဏ္ဌာန်ကို ရှင်းလင်းစွာ မြင်နေရသည်။

ထွက်ပေါ်လာသော ရွှေရောင်နတ်မိုးကြိုးလှိုင်းတို့က ဆူနာမီသဖွယ် ဖြစ်နေပြီး ရှေ့ဆက်တိုးသွားသောကြောင့် ဂိုဏ်းချုပ်ကိုပင် ဖုံးအုပ်သွားတော့မည့်ဟန်ပင် ပေါ်နေသည်။

ရှန်ထျန်းက ခန္ဓာကိုယ်တစ်ခုလုံး အင်အားချိနဲကြောင်း ခံစားမိလိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။

မရတော့ဘူး ငါ့စွမ်းအားတွေ အကုန်သုံးပြီးသွားပြီ။ ဒီထက်ပိုပြီးကောင်းအောင် မလုပ်နိုင်တော့ဘူး။ ဒီလိုတိုက်ခိုက်မှုမျိုးဆိုရင်…ဆရာကို ကျေနပ်စေလောက်တယ် မဟုတ်လား

All Chapters