← Chapters

ငါ့နောက်လိုက်တွေပဲ လျှော့ဈေးရမယ်

Vol. 11-16 Ch. 183

ငါ့နောက်လိုက်တွေပဲ လျှော့ဈေးရမယ်

Vol. 11-16 Ch. 183

အခန်း (၁၈၃) : ငါ့နောက်လိုက်တွေပဲ လျှော့ဈေးရမယ်

ဂိုဏ်းချုပ်၏ စံအိမ်တော်ထဲ မျက်စိကျိန်းစေလောက်သည့် အလင်းတန်းတစ်ခု ရှိနေသည်။ ထိုအချိန် အံ့ဖွယ်ကျောက်တိုင် ၁၀ခု ပေါ်ထွက်လာကာ ပြန့်ကျဲနေသော နတ်မိုးကြိုးများကို စုပ်ယူသွားသည်။

ရွှေမိုးကြိုးဖြင့် ပြုလုပ်ထားသော အတားအဆီးတစ်ခုက အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်ရှေ့မှောက် ပေါ်လာပြီး သူဆီ လာနေသော မိုးကြိုးလက်သီးများကို ဟန့်တားပေးလိုက်သည်။

ပြီးခဲ့သော တစ်ခေါက်က မိုးကြိုးလက်သီးနှင့် ရင်ဆိုင်ရသည့်အခါ မိုးကြိုးအတားအဆီးက ပျက်စီးသွားခဲ့သည်။

သို့သော် ပိုပြီးစွမ်းအားကြီးသော ဓာတ်နှောမိုးကြိုးလက်သီးနှင့် ရင်ဆိုင်ရသည့်အခါ ဂိုဏ်းချုပ်ရှေ့ရှိ မိုးကြိုးအတားအဆီးမှာ အက်ကြောင်းပင် မရှိပေ။

စွမ်းအင်အားလုံးကို စုပ်ယူပြီးသွားသည့်အခါ ဂိုဏ်းချုပ်ကို လွှမ်းခြုံထားသော မိုးကြိုးအရှိန်အဝါလည်း တည်ငြိမ်သွားကာ ယခင်နှင့် မတူညီစွာ ပြောလိုက်သည်

“ မဆိုးပါဘူး။ အရည်အချင်းက အဆင့်မှီပေမဲ့ ငါ အခြေတည်အဆင့်မှာတုန်းကလောက်တော့ မတော်သေးဘူး။

ဒါပေမဲ့ ထျန်းအာ … မင်း မှတ်ထားရမှာ တစ်ခု ရှိတယ်။ ဒါလေးနဲ့တင် မတင်းတိမ်နေနဲ့နော်။ အရှေ့ပိုင်းလွင်ပြင်မှာ လူတွေအများကြီးရှိတာဆိုတော့ မင်းထက် သန်မာတဲ့သူက တစ်နေရာရာမှာ ရှိနေနိုင်တယ်။ မင်းက အခြေတည်အဆင့်မှာ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်ပေမဲ့ မင်းရဲ့ ရန်သူက အမြဲတမ်း မင်းနဲ့ အဆင့်တူဖြစ်နေမှာ မဟုတ်ဘူးလေ။

ငါတို့အထွတ်အမြတ်မြေမှာ ပြိုင်ဘက်ကင်း ဝိညာဉ်အသွင်ပြောင်းခြင်း အကြီးအကဲတစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့ကို သူတော်စင်နယ်ပယ်အဆင့် ကျင့်ကြံသူ အုပ်စုက ဝိုင်းပြီးတိုက်ခိုက်တာကို ခံခဲ့ရတယ်။ သူ အကောင်းဆုံး ကြိုးစားတိုက်ခိုက်ခဲ့ပေမဲ့လည်း နောက်ဆုံးတော့ ရှုံးနိမ့်သွားခဲ့တယ်။ သူ့ကျင့်ကြံဆင့်ကို ဆုံးရှုံးသွားပြီးတော့ နတ်ဘုရားကိုယ်ထည်မာ လမ်းစဉ်နဲ့ ပြန်လည် စတင်ခဲ့ရတာ။

ဒါကြောင့် မင်း မှတ်ထားရမှာက အကုန်လုံးထက် တော်ပြီး သန်မာတဲ့သူ မဖြစ်သေးသရွေ့ ရောက်နေတဲ့ နေရာမှာပဲ တင်းတိမ်တာမျိုး၊ ဂုဏ်မောက်တာမျိုး မဖြစ်ရဘူးနော်”

ရှန်ထျန်းက ဂိုဏ်းချုပ် ပြောလိုက်သောစကားကြောင့် အနည်းငယ် စိတ်ပျက်သွားမိသည်။

 ငါလည်း ဒီမှာ အကောင်းဆုံး လုပ်နေတာပဲလေ။ ရတနာတွေကိုပါ လုံယွမ်နတ်ချပ်ဝတ်တန်ဆာထဲကို ပေါင်းထည့်ထားတာလေ… ဒါပေမဲ့ ငါက ငါ့ဆရာ ငယ်ငယ်တုန်းကလောက် မတော်သေးဘူးတဲ့လား…ဒီလောကက အရမ်းကြောက်ဖို့ ကောင်းတယ်။ ငါ ဒီမှာ ဘေးကင်းအောင် နေရမယ်

ရှန်ထျန်းက အသက်ပြင်းပြင်းရှူသွင်းကာ ပြောလိုက်သည်

“ ကျွန်တော် နားလည်ပါပြီ ဆရာ။ သူတော်စင်နယ်ပယ်အဆင့် ကျင့်ကြံသူတွေနဲ့ ပတ်သက်လို့… သူတို့က မောက်မာပြီး ကျွန်တော်တို့ကို တိုက်ခိုက်ထားတာဆိုတော့ ကျွန်တော်တို့ လက်စားပြန်မချေဘူးလား”

ဂိုဏ်းချုပ်က သက်ပြင်းချကာ ပြောလိုက်သည်

“ ငါတို့ လက်စားချေနိုင်တဲ့ နည်းလမ်း မရှိဘူး။ ငါတို့ကို တိုက်ခိုက်ခဲ့တဲ့ သူတော်စင် ခုနစ်ယောက်က သူတို့ရဲ့ဘဝကို ဖုံးကွယ်ပြီး နေနေကြတယ်။ သူတို့က အရမ်း သတိကြီးတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူက သူ့သူငယ်ချင်းကို အရင်လွတ်မြောက်အောင် လုပ်ပေးလိုက်တယ်။ ပြီးတော့  ကျင့်ကြံဆင့်တွေကို စတေးပြီး ကိုယ့်ကိုယ်ကို ပေါက်ကွဲအောင်လုပ်ပြီးတော့ တိုက်ခိုက်သူတွေကို သတ်ပစ်လိုက်တာတဲ့”

နေပါဦး…ဘာတဲ့ … အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို တခြားအထွတ်အမြတ်တွေက အနိုင်ကျင့်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်သင့်တာ မဟုတ်ဘူးလား

ငါ့ရဲ့ စီနီယာကြီးက အဲဒီအထွတ်အမြတ်မြေတွေရဲ့ အနိုင်ကျင့်တာကို ခံရပြီးတော့ ကျင့်ကြံဆင့်ဆုံးရှုံးသွားလို့ သူ့ဂျူနီယာဖြစ်တဲ့ ငါက သူ့အတွက် ရန်သူတွေအားလုံးကို ဖျက်စီးပြီးတော့ လက်စားချေပေးလိုက်တယ်ဆိုပြီး ဖြစ်သင့်တာလေ မဟုတ်ဘူးလား

ဘာလို့ ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူက သူငယ်ချင်းကို ကယ်ဖို့အတွက် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ရတာလဲ

ပြီးတော့ သူက သူတော်စင် နယ်ပယ်အဆင့် ကျင့်ကြံသူတွေအားလုံးကို သတ်ပစ်ခဲ့တယ်တဲ့လား။ လာနောက်နေတာလား

ကောင်းကင်ဘုံ အတိဒုက္ခဖြတ်ကျော်ခြင်းမှာ ရှင်သန်နိုင်ခဲ့တဲ့ ဝိဇ္ဇာခုနစ်ယောက်ကိုလေ … သူတို့က ထာဝရရှင်သန်သူဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ

ကျင့်ကြံသူများအနေဖြင့် ကိုယ့်ထက် သန်မာသော ပြိုင်ဘက်ကို သတ်သည့် မြင်ကွင်းက မရှားပါးပေမဲ့ ဝိဇ္ဇခုနစ်ပါးလည်း သူတို့ငယ်ငယ်တုန်းကလည်း ဒီလိုမျိုးအတူတူလုပ်ခဲ့ဖူးမှာ မဟုတ်ဘူးလား

ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် ဝိဇ္ဇာတစ်ပါးကို သတ်တာက ရွှေအမြုတေအဆင့်ကျင့်ကြံသူက ကနဦးဝိညာဉ်အဆင့်ကျင့်ကြံသူကို သတ်ရတာထက် ပိုပြီးခက်ခဲတယ်ဆိုတာ ပြောစရာပင် မလိုတော့ပေ။

တစ်ယောက်နဲ့ ခုနစ်ယောက်ဆိုတော့ ပိုဆိုးတာပေါ့ … ဒီစီနီယာက အရမ်းတော်တဲ့သူပဲ ဖြစ်ရမယ်။ ဒီအဖြစ်အပျက်သာ မရှိခဲ့ရင် သူဘယ်လောက်ထိ စွမ်းအားကြီးနေမလဲဆိုတာ သိချင်လိုက်တာ

ဒါပေမဲ့ ဒီလိုမျိုးတော်တဲ့သူတောင် အရာအားလုံးကို ဆုံးရှုံးပြီးတော့ အဆုံးသတ်သွားတယ်ဆိုတော့…ကျင့်ကြံရေးလောကက အရမ်းအန္တရာယ်များတာပဲ။ ရှေ့လျှောက် ဒီထက်ပိုပြီး ဂရုစိုက်ဖို့လိုလာပြီ

ငါ အကုန်လုံးနဲ့ အဆင်ပြေအောင် နေရင်နေ မဟုတ်ရင်တော့ အားလုံးကို ဖျက်စီးပစ်မှ ဖြစ်မယ်။ ငါ လုံးဝ အမှားလုပ်လို့ မဖြစ်ဘူး

ရှန်ထျန်း နားလည်သွားသည့်အတွက် ဂိုဏ်းချုပ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်

“ ထျန်းအာ … မင်း အရမ်းလည်း စိတ်ပူဖို့ မလိုပါဘူး။ မင်းက ကောင်းကင်တာအိုရဲ့ သားတော်ဖြစ်ပြီးတော့ ကြီးမြတ်တဲ့ ကံကြမ္မာနဲ့ မွေးဖွားလာတာလေ။

ထုံးစံအတိုင်း မင်း အဆင်ပြေပြီးတော့ ပြဿနာတွေကိုလည်း သူ့အလိုလို ဖြေရှင်းလို့ ပြီးသွားမှာပါ။ ဟုတ်ပြီ… ပြန်ပြီးတော့ စစ်ဆေးမှုအတွက် ပြင်ဆင်ရမဲ့အချိန်ပဲ”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ကြာပစ်ခွင်းသေနတ်နှင့်အတူ ဂိုဏ်းချုပ်၏ နန်းဆောင်မှ ထွက်သွားသည်။ သူ လေဟာနယ်ထဲ စိုက်ကြည့်ရင်း သူတော်စင်တောင်ဆီသို့ ဦးတည်သွားလိုက်သည်။

စွမ်းအားတွေကို အလွန်အကျွံ အသုံးပြုထားသည့်အပြင် ဂိုဏ်းချုပ် ပြောလိုက်သော စကားကြောင့် မလုံခြုံသလို ခံစားနေရသည့်အတွက် အရမ်းပင်ပန်းနေသည်။

အဲလို ပါရမီရှိတဲ့ ဝိညာဉ်အသွင်ပြောင်း အကြီးအကဲတစ်ယောက်တောင် အဆုံးသတ်မကောင်းဘူးဆိုတော့… ကျင့်ကြံရေးလောကက ကံမကောင်းတဲ့သူတွေ နေရမဲ့နေရာ မဟုတ်ဘူးပဲ

အခု ငါ့ရဲ့ အစိမ်းနဲ့အနီရောယှက်နေတဲ့ ရောင်ဝါစက်ဝန်းက လုံခြုံမှု မရှိတော့ဘူးလို့ ခံစားလာရပြီ

ရှန်ထျန်းက အတွေးထဲ နစ်မြောနေသည့်အတွက် စိတ်ဝိညာဉ်တောင်တွေ အများကြီးကို ဖြတ်သန်းလာခဲ့ပြီးပြီ ဖြစ်သည်။

သူ ဝတ်ဆင်ထားသော လုံယွမ်နတ်ချပ်ဝတ်တန်ဆာက တပည့်များ၏ အာရုံကိုဖမ်းစားထားသည်။

“ ဝိုး…ချပ်ဝတ်တန်ဆာက အရမ်းမိုက်တယ်။ ဒါက ဓာတ်နှောနတ်မိုးကြိုးရဲ့ ပုံရိပ်သဏ္ဌာန်ပဲ။ အရမ်းအံ့ဩဖို့ကောင်းတာပဲ”

“ ငါတို့ သူတော်စင်တစ်ယောက်တည်းကပဲ  ဒီလိုခမ်းနားတဲ့ ချပ်ဝတ်တန်ဆာနဲ့ ထိုက်တန်တယ်။ သူနဲ့လည်း အရမ်းလိုက်တယ်”

“ နေပါဦး မင်း ဘာတွေပြောနေတာလဲ။ အဲဒီချပ်ဝတ်တန်ဆာက ငါတို့ သူတော်စင် ဝတ်တာကိုပဲ ခံသင့်တယ်လို့ ပြောရမှာလေ ဟုတ်ပြီလား”

“ ဟုတ်တာပေါ့။ သူက ယင်ယန်မိုးကြိုးဖောက်ခွဲရေးအဆောင်ကို ငါတို့ဂိုဏ်းထဲ စဝင်ဝင်ချင်းမှာ ဖန်တီးနိုင်ခဲ့တာလေ။ ပြီးတော့ ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးကိုလည်း ကုသပေးခဲ့သေးတယ်”

“ ငါ ကြားထားတာ ရှိသေးတယ်။ မြူခိုးမြို့တော်က နတ်ဆိုးကြီးကိုလည်း ငါတို့သူတော်စင်ပဲ ဖြေရှင်းပေးခဲ့တာတဲ့”

“ ဘာ…သူက နတ်ဆိုးကြီးကို တစ်ယောက်ထဲ ဖြေရှင်းတာလား။ သူက အခုကတည်းက ဝိဇ္ဇာတစ်ယောက် ဖြစ်နေပြီလား”

“ မင်းတို့ စကားပြောတာလေး ရပ်ပေးလို့ရမလား။ သူ ဘယ်လောက်ထိ ချောမောလဲဆိုတာကို ကြည့်ပါဦး”

“ တောင်းမှာအကွပ် လူမှာအဝတ်ဆိုတဲ့အတိုင်းပဲ …. အစ်ကိုက အဲဒီချပ်ဝတ်တန်ဆာနဲ့ အရမ်းကြည့်ကောင်းတာပဲ။ အမလေး…ငါ သတိလစ်တော့မယ်”

ထို့နောက် ကျောပေါ်တွင် ဓားရှည်တစ်ချောင်းကို သယ်ဆောင်ထားသော အမျိုးသားတစ်ယောက် ပေါ်လာသည်။

“ ငါ့မှာ သတင်းကောင်းတစ်ခု ပါလာတယ်။ မနက်ဖြန်ကစပြီးတော့ အခြေတည်အဆင့် ကျင့်ကြံသူတွေအားလုံး မိုးကြိုးဖောက်ခွဲရေးအဆောင်ကို ၃၀ ရာခိုင်နှုန်းလျှော့ဈေးနဲ့ ဝယ်လို့ရပြီတဲ့။

ဒါပေမဲ့ နောက် ၁၀ ရက်နေလို့ စမ်းသပ်ခံသွားမဲ့သူတွေကိုပဲ ဝယ်ခွင့်ပြုတယ်တဲ့။ လူတစ်ယောက်ကို ၁၀ခု ဝယ်ခွင့်ပြုထားတယ်။ ပြီးတော့ ငါတို့ရဲ့ သူတော်စင်ဆီမှာ ကောင်းချီးပေးခံရသူများအဖွဲ့ဆိုပြီးတော့ အဖွဲ့ ရှိတယ်တဲ့။ အခု အဲဒီအထဲကို အဖွဲ့ဝင်သစ်တွေ အများကြီး ဝင်နေကြတယ်။ ယင်ယန်မိုးကြိုးဖောက်ခွဲရေးအဆောင် ဖန်တီးတဲ့ နောက်ထပ် တစ်ယောက်လည်း အဲဒီအဖွဲ့ထဲမှာ ရှိတယ်တဲ့။

မင်းတို့သာ အဲဒီအဖွဲ့ထဲဝင်ပြီးတော့ သူ့အတွက် အလုပ်လုပ်ပေးရင် သူက မင်းတို့ကို ကောင်းချီးပေးလိမ့်မယ်။ သူ ကောင်းချီးပေးရင် ဘာဖြစ်မလဲ ဟုတ်လား။ မိုးကြိုးဖောက်ခွဲရေးအဆောင်ကို ၆၀ ရာခိုင်နှုန်းလျှော့ဈေးနဲ့ရမယ်လေ။ အဲဒါတင်ပဲလားဆိုတော့

ခဏနေဦး…မင်းတို့ အရမ်းလောနေတယ်ဆိုတာကို ငါသိတယ်။ ဒီမှာ ဝင်ခွင့်စာရွက်…

ကောင်းချီးပေးခံရသူများအဖွဲ့ထဲ ဝင်ချင်သူတွေအတွက် အခွင့်အရေးကို လက်လွတ်မခံနဲ့နော်”

...........

သူတော်စင်တောင်၌…

ရှန်ထျန်း ဉာဏ်အလင်းပွင့်ကျောက်တုံးပေါ်တွင် ထိုင်ပြီး ဟာရီတီပုတီးစေ့နှင့် ကစားနေသည်။ တခြားသူများ၏ အစီရင်ခံတာကို နားထောင်ရင်း သူ၏ ဓမ္မစွမ်းအားကို ပြန်လည်ကုစားနေသည်။

စုန့်ဖူကွေ့၊ လျှိုထိုက်ယီနှင့် ကွေ့ကုန်းကုန်းတို့လည်း သူနှင့်အတူရှိနေသည်။ လုံယွမ်နတ်ချပ်ဝတ်တန်ဆာက ရှန်ထျန်းနှင့် လိုက်ဖက်သည်ဟု အားလုံးက ယူဆကြသည်။

ချင်ယွင်တိ၏ အမြင်တွင် ထိုချပ်ဝတ်တန်ဆာက ဂိုဏ်းချုပ် ငယ်ငယ်တုန်းက ဝတ်ဆင်ခဲ့သည့်အပြင် ယခု ဂိုဏ်းချုပ်က ဝတ်စုံကို လွှဲပြောင်းပေးလိုက်သည့်အတွက် အစ်ကိုရှန်လည်း သူ့နေရာကို ယူရလိမ့်မည်ဟု တွေးနေသည်။

ကွေ့ကုန်းကုန်းကတော့ ထိန်းမရနိုင်စွာ ပြုံးနေမိသည်။

သခင်မကြီးသာ ဒီအကြောင်းကို သိရင် အရမ်းပျော်နေမှာပဲ

သူဌေးစုန့်က ပြောလိုက်သည်

“ဆရာနတ်မင်း ... ဟောက်ရန်တောင်ရဲ့ လီယွင်ဖုန်းကလည်း ကျွန်တော်တို့နဲ့လာပြီး ပူးပေါင်းပါတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းမှာ ဦးဆောင်ဆုံးဖြတ်ချက်ချဖို့အတွက် ခေါင်းဆောင်တွေ လိုအပ်တယ်လို့ ထင်တယ်။ ဆရာနတ်မင်းအနေနဲ့ ညီအစ်ကိုလီကို အဲဒါအတွက် တာဝန်ပေးချင်လား”

လီယွင်ဖုန်းလား

ရှန်ထျန်းက ထိုနာမည်ကို ကြားသည်နှင့်တစ်ပြိုင်နက် စတင် စဉ်းစားခန်းဖွင့်တော့သည်။

‘လျှို့ဝှက်ချက်တွေ ထိန်းသိမ်းမယ်’ ဆိုပြီး သတင်းဖြန့်တတ်တဲ့ ကောင်လေးမလား … အင်း တခြားသူတွေ ငါ့ကို ဘယ်လိုစဉ်းစားရမလဲဆိုတာကို ထိန်းချုပ်ဖို့ လိုအပ်လာပြီ

သူက အရည်အချင်းရှိတဲ့သူဆိုတော့ ငါ့ဘေးမှာ ရှိနေဖို့ လိုအပ်တယ် ... ဒါမှ ရှေ့လျှောက် သူ ငါ့အကြောင်း မကောင်းမပြောမှာ …

All Chapters