← Chapters

‘သစ်ရွက် ၁၀၀၀’ တည်းခိုးခန်းထဲက ငရဲဘုရင်။

Vol. 5 Ch. 107

‘သစ်ရွက် ၁၀၀၀’ တည်းခိုးခန်းထဲက ငရဲဘုရင်။

Vol. 5 Ch. 107

'သစ်ရွက် ၁၀၀၀' တည်းခိုခန်းထဲတွင်၊ လုကျန့် လက်ဖက်ရည်ကို မတူညီစွာ တစ်ငုံသောက်နေ၏။

သူ့ဆန့်ကျင်ဘက်တွင် သူနဲ့ညီတူညီမျှ ချောမောသည့် ယောကျာ်းတစ်ယောက် ထိုင်နေသည်။

ကျေးဇူးတင်ဖို့ကောင်းတာက လုရှန်း အနားမှာ ရှိမနေခဲ့လို့။ သူမ ဒီယောကျာ်းရဲ့မျက်နှာကိုသာ မြင်ရင် သေချာပေါက် ထိတ်လန့်သွားလိမ့်မည်။

“တန်ခိုးကြီးလှတဲ့ ငရဲဘုရင်ကြီးက ဘယ်လိုကြောင့်များ သေမျိုးကမ္ဘာကို လာဖို့ အချိန်ရှိနေတာလဲ?”

“မင်းမှာ မေးဖို့ မျက်နှာ ရှိသေးတယ်ပေါ့။”

ငရဲဘုရင် အေးစက်စက်နှာခေါင်းရူံ့၏။ “ကောင်းကင်ဘုံရဲ့အလိုကို လျစ်လျူရှုပြီး မတူညီတဲ့ အာကာသအချိန်ဆီ ကူးလာရုံမကဘူး အခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုတောင် သိမ်းပိုက်ထားသေးတယ်။ ဒါကို မင်း ဘယ်လိုရှင်းပြမှာလဲ?”

"ဟင်?" လုကျန့် အံ့သြသွားတယ်။ "သူ သေပြီမဟုတ်လား?"

"သေပြီလား?" ငရဲဘုရင်ရဲ့မျက်နှာ မှုန်ကုပ်သွားတယ်။ “သူ အခု shock ဖြစ်နေရုံတင်။”

"တကယ်လား?"

လုကျန့် အပြစ်ရှိတဲ့စိတ် ဝင်လာတယ်။ “ငါ သူ့ခန္ဓာကိုယ် ဘာလို့ပြန်မပေးရမှာလဲနော်“

စကားမစပ် သူက ညံ့ဖျင်းတဲ့ မင်းသား မဖြစ်ချင်ခဲ့ဘူး။ အဆုံးမရှိ လုပ်စရာတွေလည်း ရှိတယ်။ သူ အရမ်း စိတ်ပျက်နေသည်။

ဒီစကားကြားတော့ ငရဲဘုရင် ဒေါသတကြီးဖြင့် “မင်း သိမ်းပိုက်ထားတာ အချိန်ကြာပြီလေ။ သူ့သက်တမ်းက ကုန်ဆုံးသွားပြီပေါ့!"

“အိုး။” လုကျန့် သဘောမတူပါ။

“သေခြင်းတရားကို ရှောင်လွှဲလို့မရဘူး။ သူ့ ရူပ်ထွေးတဲ့ ဒုက္ခတွေကနေ ဖြစ်နိုင်ရင် အမြန်ဆုံးလွတ်မြောက်ဖို့ ငါ ကြိုးစားမယ်။”

သူရောက်လာချိန်တွင် တတိယမင်းသားက အမှန်တကယ်ပဲ အသက်ရှင်နေသေးတယ်။ ဒါပေမယ့် သူ တတိယမင်းသားရဲ့ခန္ဓာကိုယ်ကို မသိမ်းပိုက်ရင်တောင် နှစ်ရက်အတွင်း သေတော့မှာ။

"ဒီကိစ္စအတွက် မင်း ငါ့ကို လာရှာတာလား?” လုကျန့် မျက်ခုံးပင့်ပြီး ငရဲဘုရင်ကို မေးတယ်။

လုကျန့်ရဲ့အမူအရာနဲ့ အပြုအမူများက လုရှန်းနဲ့ ၈၀% လောက် ဆင်တူ၏။

"နောက်တစ်ခု ရှိသေးတယ်။"

ငရဲဘုရင် သူ့ကို မကျေမနပ်နဲ့ ကြည့်ပြီး “မင်း သူတို့ရဲ့ အိမ်ထောင်ရေးကို ဘာကြောင့် ရပ်လိုက်တာလဲ?”

"အိမ်ထောင်ရေး?"

လုကျန့်က မသိဟန်ဆောင်တယ်။ "ဘယ်သူ့အိမ်ထောင်ရေးကို ဘာရပ်တန့်တာလဲ?”

ငရဲဘုရင် အေးစက်စက်နှာခေါင်းရူံ့ပြန်တယ်။ “ဟန်ဆောင်နေတာ ရပ်လိုက်။”

"အိုး... မင်း ငါတို့မိန်းကလေးရဲ့ အိမ်ထောင်ရေးကို ပြောချင်တာလား?”

လုကျန့် လက်ဖက်ရည်တစ်ငုံသောက်ပြီး ပြုံးပြုံးလေးဆိုတယ်။ “ငါ့သမီးလေးကို လက်ထပ်စေချင်တယ်။ သူမကို လက်ထပ်ခွင့်ပြုတယ်။ ငါ သ‌ဘောမတူရင် သူမ လက်မထပ်ရဘူး။ မင်းမှာ ထင်မြင်ချက်ရှိသလား?”

“မင်း…”

ငရဲဘုရင် မျက်နှာ မည်းမှောင်သွားတော့သည်။

ကံကောင်းတာက သူက တစ္ဆေတစ်ကောင်။ သူသာ လူသားဆိုရင် လုကျန့်ကို ဒေါသထွက်လွန်းလို့ သေသွားနိုင်တယ်။

"ဒီကိစ္စ လောလောဆယ် မပြောနဲ့။"

“မနေ့က တည်းခိုခန်းကို ဘာလို့ မီးသွားရိူ့တာတုန်း။”

"မင်း နားမလည်ဘူးလား?"

လုကျန့် မတ်တပ်ထရပ်ပြီး မေးတယ်။

“လူတိုင်းမှာ ကံကြမ္မာကိုယ်စီ ရှိကြတယ်။ မင်း မြေအောက်ကမ္ဘာရဲ့ စည်းမျဉ်းတွေကို ချိုးဖျက်နေပြီ။”

လုကျန့် အေးစက်စက်ပြုံးတယ်။ "မြေအောက်ကမ္ဘာရဲ့ စည်းမျဉ်းတွေကို သရဲတစ္ဆေက သတ်မှတ်တာ။"

"ငါ သူတို့ကို သတ်မှတ်ခိုင်းထားတာ!" ငရဲဘုရင် ပြန်တုန့်ပြန်၏။

လုကျန့် မျက်ခုံးပင့်ပြီး "မင်းက တစ္ဆေမဟုတ်ဘူးလား?”

ငရဲဘုရင် ပြောစရာစကား ပျောက်ရှသွား၏။

အမှန်တော့ သူ ပြန်မပက်နိုင်ပေ။

“အဲတည်းခိုခန်းပိုင်ရှင်က ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့တဲ့ တောင်ပေါ်က ဓားပြတစ်ယောက်။မရေမတွက်နိုင်တဲ့ အပြစ်မဲ့ပြည်သူတွေ သူ့လက်ထဲမှာ သေဆုံးခဲ့ရတယ်။ ကျန်တဲ့ သူတွေအားလုံးလည်း လူဆိုးတွေပဲ။ သေဖို့ ထိုက်တန်ပါတယ်။ ဒါ့ပြင် သခင်ကြီး'ဂျန်'က… ”

လုကျန့်က ဒီလိုပြောတဲ့အခါ သူ့အမူအရာက ပိုအေးစက်သွားတယ်။

"သူ့မြေးရဲ့စကားကြောင့် လမ်းတလျှောက် လူတွေကို ဘယ်လိုတောင်ခေါ်ရဲတာလဲ? ငါ့တပည့်ကို သတ်ချင်နေတာ။ သေသင့်တာ သူတစ်ယောက်တည်း မဟုတ်ဘူး။ သူ့မြေးလည်း သေထိုက်တယ်။”

တခြားသူတွေဆို သူ မျက်လုံးမှိတ်ပေးနိုင်သည်။ သို့သော် သူ့သမီးအရင်းအတွက်ဆိုရင် သူတို့ ဘဝတွေကို ယူဆောင်ခဲ့ခြင်းအတွက် အပြစ်တင်မလေနဲ့။

ငရဲဘုရင် သက်ပြင်းချပြီး ”ထားလိုက်တော့။ ငါ မင်းကို နိုင်အောင်မပြောနိုင်ဘူး။”

လုကျန့် သူ့ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ပြီး "မင်း မနိုင်ရင် မြန်မြန်ရှုံးလိုက်။ လုပ်စရာမရှိရင် တခြားသူတွေကို မနှောင့်ယှက်နဲ့။ လေက ပိုဆိုးလာတယ်။”

အပြင်မှ မိုးဖွဲဖွဲလေးကျနေသည်ကိုကြည့်ရင်း လုကျန့် ဒေါသထွက်လာ၏။

"မင်းရဲ့ဒေါသက ဆိုးသထက် ဆိုးလာတယ်။"

ငရဲဘုရင် မတ်တတ်ထရပ်ကာ တစ်ခုခုကို တွေးနေပုံပေါ်ပြီး လှည့်ထွက်သွားတယ်။ ငရဲဘုရင်က သူ့ကိုကြည့်ပြီး “သူ လူဝင်စားခြင်းတံခါးဝကို ဝင်ဖို့ အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရတာ။ သူ့အတွက် ခက်ခဲတဲ့အရာတွေကို မလုပ်ပါနဲ့။ ဒီကလေးအတွက်လည်း မလွယ်ဘူး။”

"သိပါတယ်။"

လုကျန့် ပေါ့ပေါ့တန်တန် သဘောတူပေမယ့် ရုတ်တရက် ဉာဏ်အလင်းရသွား၏။

ချုစစ်ဟန်ရဲ့ သေဆုံးမှုကိုသာ တွက်ချက်နိုင်သော်လည်း သူရဲ့ အရင်ဘဝကို မတွက်ချက်နိုင်တာ အံ့သြစရာမဟုတ်တော့။ ဆိုတော့ကား သူက အဲဒီကလေးပေါ့။

All Chapters