← Chapters

ဝေလငါး၏ စွမ်းအား

Vol. 11-16 Ch. 187

ဝေလငါး၏ စွမ်းအား

Vol. 11-16 Ch. 187

အခန်း (၁၈၇) : ဝေလငါး၏ စွမ်းအား

အကုန်လုံးက ခြင်အုပ်လိုက်ကြီးကို မြင်လိုက်ရသည့်အတွက် ထိတ်လန့်ကုန်ကြသည်။

ခြင်တွေက အများကြီး ဖြစ်နေသလို တစ်ကောင်ချင်းစီကလည်း အင်မတန် ကြီးမားလှသည်။ သူတို့ကို ကြည့်ရတာ ခြင်များနှင့် မတူတော့ဘဲ ကြီးမားသော မီးအိမ်များနှင့် ပိုတူနေသည်။ ထိုခြင်များ၏ တစ်ချက်ကိုက်ခံရရုံဖြင့် လူတစ်ယောက်၏ တစ်ကိုယ်လုံးရှိ သွေးများ ခမ်းခြောက်သွားနိုင်ပေသည်။

တချို့ခြင်များက လူတစ်ယောက်၏ အရွယ်အစားလောက်ရှိပြီး အရမ်းကြောက်ဖို့ ကောင်းသလို အားကောင်းသော အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထားကြသည်။ ဤခြင်များက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တူညီသည့်အတွက် အင်မတန် ကြောက်ဖို့ကောင်းသည်။

တောင်နက်မြို့တော်တွင် အခြေတည်အဆင့် ကျင့်ကြံသူ ၁၂ ယောက်သာ ရှိပြီး အပြင်ဘက်ရှိ ခြင်များက အနည်းဆုံး အကောင်ရေ ၅၀ ရှိသည်။ သူတို့က ပိုပြီးတော့ အရေအတွက် များနေသည်။

ကျင့်ကြံသူများက ရှန်ထျန်းနောက်တွင် မတ်တပ်ရပ်နေရင်း စိတ်ဓာတ်ကျနေကြသည်။

ငါတို့ ဘယ်လိုလုပ်ပြီးတော့ နိုင်နိုင်ပါ့မလဲ။ နည်းလမ်း မရှိတော့ဘူး။ ရန်သူက အရမ်းအားကောင်းနေတယ်

မြို့အရှင်က ကြောက်ဒူးတုန်ကာ မြေပြင်ပေါ်လဲကျသွားပြီး “ ဒါ…ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ ငါ့အဖေက အကြိုရွှေအမြုတေအဆင့် ခြင်နတ်ဆိုးကို တိုက်ထုတ်ခဲ့တယ်လေ။ ဒါတွေက ဘာလို့ ဖြစ်ရတာလဲ”

တခြားကျင့်ကြံသူများက မျှော်လင့်ချက်မဲ့သည့် အသံဖြင့် ပြောလိုက်သည်

“ ငါတို့ တောင်နက်မြို့တော်အတွက်တော့ ပြီးပြီပဲ။ သူတို့ဘက်က အရမ်းများတယ်။ အပြင်မှာ ခြင်တွေ အကောင်ရေ ၁သိန်းလောက်တောင် ရှိတယ်။ ကျွန်တော်တို့ ဘာလုပ်သင့်လဲဟင်။ တခြားနည်းလမ်း မရှိတော့ဘူး။ မြို့ကို စွန့်ပစ်ပြီးတော့ ထွက်ပြေးရအောင်”

“မဖြစ်သေးဘူး။ ငါ့ရဲ့ အသက်မွေးကျောင်းအလုပ်၊ မိသားစုနဲ့ အိမ်က ဒီမှာပဲ ရှိတာ။ တခြားဘယ်နေရာကို ပြေးရမှာလဲ”

တောင်နက်မြို့တော်တစ်ခုလုံး ယောက်ယက်ခတ်နေကြလေပြီ။

တချို့က မြို့ကို စွန့်ပစ်ကာ ထွက်ပြေးဖို့ စဉ်းစားနေသော်လည်း တချို့က ပြေးစရာနယ်မြေ မရှိသည့်အတွက် လာနေသည့် ပိုးမွှားများကို အရှုံးပေးဖို့သာ ကျန်ရှိတော့သည်။

ရှန်ထျန်းက ခြင်အုပ်ကို ကြောက်လန့်ခြင်းမရှိဘဲ တည်ငြိမ်စွာ ကြည့်နေသည်။

ထိုကဲ့သို့သော ရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်က ပြင်ဆင်ဖို့အချိန် နည်းသည့်အတွက် ကျင့်ကြံသူတစ်ယောက်ကို ဒုက္ခအပေးဆုံးအရာ ဖြစ်သည်။ ဖြစ်လာမည့် ကိစ္စကို ကြိုတင်သိထားပါက ကျင့်ကြံသူများအနေဖြင့် အလွယ်တကူ ဖြေရှင်းပေးနိုင်သည်။

ရှန်ထျန်းက ခုနစ်စဉ်ကြယ် သူတော်စင်၏ ရောင်ဝါစက်ဝန်းထဲရှိ ကံအပြောင်းအလဲ အခွင့်အရေးကို မြင်ထားပြီးပြီဖြစ်သည့်အတွက် တိုက်ခိုက်ဖို့အတွက် သေချာပြင်ဆင်ထားနိုင်သည်။

သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် အပြာရောင် မိုးကြိုးက သူ့ကို ရစ်ပတ်သွားသည်။

ပထမနတ်မိုးကြိုး (သစ်သား)ကို အသက်သွင်းလိုက်ပြီးနောက် နဂါးသဏ္ဌာန် ချပ်ဝတ်တန်ဆာ သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ နတ်မိုးကြိုး ငါးပါးကျင့်စဉ်ထဲမှာ မှတ်တမ်းတင်ထားသော နဂါးပြာချပ်ဝတ်တန်ဆာ ဖြစ်သည်။

လိပ်နက်ချပ်ဝတ်တန်ဆာနှင့် မတူဘဲ နဂါးပြာချပ်ဝတ်တန်ဆာက ကုစားခြင်းနှင့် ဝိညာဉ်ချီ ပြန်လည်ဖြည့်တင်းခြင်းအပေါ် အကျိုးသက်ရောက်မှု အားကောင်းလေသည်။

ရှန်ထျန်း ဆုတ်ယုတ်မှုများမည့် ပြိုင်ဘက်များသော တိုက်ခိုက်မှုမျိုးကို လုပ်ရမည် ဖြစ်သည့်အတွက် ထိုချပ်ဝတ်တန်ဆာက အသင့်တော်ဆုံး ဖြစ်သည်။

နဂါးပြာချပ်ဝတ်တန်ဆာက လိပ်နက်ချပ်ဝတ်တန်ဆာထက် ကြည့်ကောင်းလို့ လုံးဝ လုံးဝ မဟုတ်ဘူးနော်

သူက အော်ပြောလိုက်သည်

“ အကုန်လုံး စိတ်ငြိမ်ငြိမ်ထားကြပါ။ ကျွန်တော် ဒီမှာရှိနေပြီဆိုတော့ သူတို့ကို ရှုံးမှာ မဟုတ်တော့ပါဘူး”

ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ နဂါးပြာ အစီအရင်ပြားကို ထုတ်ကာ မြို့ခံတပ်၏ ထိပ်တွင် နေရာချထားလိုက်သည်။

ထို့နောက် နဂါးပြာက ကောင်းကင်မှ ထွက်ပေါ်လာသည်။ သူ့အသံကို မိုင်အတော်ဝေးဝေးမှ ကြားနိုင်ပြီး တိမ်မည်းများလည်း စုဝေးလာသည်။

တစ်ချိန်တည်းမှာပဲ အပြာရောင် အလင်းတန်းများက တောင်နက်မြို့တော်၏ လေးဖက်လေးတန်မှ ထွက်ပေါ်လာသည်။ ဖောက်ထွင်းမြင်နိုင်သော စွမ်းအင် အကာအကွယ်က ဘေးပတ်လည်ရှိ ဝိညာဉ်ချီများကို စုပ်ယူပြီး မြို့ကို ဖုံးအုပ်ကာကွယ်ထားလိုက်သည်။

အထွတ်အမြတ်မြေတွင် အားနည်းသော ကာကွယ်ရေး အစီအရင်ဖြစ်သည့် အံ့ဖွယ်မိုးကောင်းကင် နဂါးပြာအစီအရင် ဖြစ်သည်။ ရှန်ထျန်းက ကျန်းယွင်ရှီး မြူခိုးမြို့တော်မှာ အသုံးပြုခဲ့သည့် ကာကွယ်ရေး အစီအရင်အကြောင်းကို စိတ်ဝင်စားသောကြောင့် သူ ဒီကိုရောက်မလာခင် ရွှေကြာ ကောင်းကင်အသျှင်ကို ရှာကာ ကာကွယ်ရေးအစီအရင်ပြားကို နိဗာနတော်ဝင်ရေစင် တစ်ပုလင်းဖြင့် လဲလှယ်ဖို့အတွက် ချင်ယွင်တိထံ အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

မနေ့ညက အစီအရင်ပြားကို စိုက်ထူထားပြီးပြီ ဖြစ်သည့်အတွက် ယခု ပင်မအစီအရင်ပြား ကို အသင့်ပြင်ပြီး ကာကွယ်ရေးအစီအရင်ကို အသက်သွင်းဖို့သာ ကျန်တော့သည်။

ရှန်ထျန်းက ဘာလို့ အံ့ဖွယ်မိုးကောင်းကင် ကာကွယ်ရေးအစီအရင်အစား နဂါးပြာ ကာကွယ်ရေးအစီအရင်ကို သုံးရတာလဲ

ပထမဆုံးအချက်အနေနဲ့ ရှန်ထျန်းက ကာကွယ်ရေး အစီအရင် အပြည့်အစုံကို အသက်သွင်းဖို့အတွက် ခွန်အား အလုံအလောက်မရှိဘူး

ဒုတိယအချက်က ခြင်နတ်ဆိုးတွေကို ထောင်ချောက်ဆင်ခြင်လို့ပဲ

ရှန်ထျန်း ကာကွယ်ရေးအစီအရင်ကို အပြည့်အဝ အသက်သွင်းပြီးသွားသည့်အခါ ခြင်များလည်း မြို့ဆီ ရောက်ရှိလာသည်။

ဝုန်း…

ကာကွယ်ရေး အစီအရင်၏ မျက်နှာပြင်ပေါ်တွင် လှိုင်းများထသွားကာ မိုးကြိုးများ ထွက်ပေါ်လာသည်။ မကြာခင်မှာပဲ မရေတွက်နိုင်လောက်အောင် များပြားသော ခြင်များ နတ်မိုးကြိုးပစ်ခံရကာ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားကြသည်။ သို့သော် သူတို့၏ ကျဆုံးသွားသော ရဲဘော်များ၏ နေရာတွင် အစားထိုးဖို့ နောက်ထပ် ခြင်တွေ ရောက်ရှိလာသည်။

ရှန်ထျန်းက ကြာပစ်ခွင်းသေနတ်ကို ထုတ်ကာ အော်ပြောလိုက်သည်

“ တိုက်ခိုက်တော့…။ အစီအရင် အသက်ဝင်နေတုန်း သူတို့ကို ဓားပျံ၊ မြားပျံတွေနဲ့ တိုက်ခိုက်ကြ။ မဟုတ်ရင် အစီအရင် ပျက်စီးသွားတဲ့အခါ ကျွန်တော်တို့ အားလုံး သေသွားလိမ့်မယ်”

ရှန်ထျန်း၏ စကားလုံးများက လူအများကို အသက်ရှင်ဖို့ မျှော်လင့်ချက်တစ်ခု ပေးလိုက်သလို ဖြစ်သွားသည်။

လူတွေက စိတ်ဓာတ်ကျမဲ့ အတွေးတွေကို တွေးတတ်ကြတယ်လေ။ ဒါပေမဲ့ အမှောင်ထုထဲမှာ အလင်းရောင်လေးတစ်ခု ရှိနေသေးသ၍ အဲဒီအလင်းရောင်ဆီရောက်ဖို့အတွက် ဘာမဆိုလုပ်ကြဦးမှာ

ယခု မြို့ထဲရှိလူအားလုံး အတူတူ ပူးပေါင်းနေကြပြီ ဖြစ်သည်။

နေရာပေါင်းစုံမှ ဓမ္မအသုံးအဆောင် ပစ္စည်းများထွက်လာကာ မြားမိုး ရွာသည့်အတိုင်း တစ်နေရာထဲသို့ ဦးတည်တိုက်ခိုက်နေကြသည်။

တိုက်ခိုက်နေသူများမှာ မြို့ထဲရှိ ကျင့်ကြံသူများနှင့် မြို့စောင့်များ ဖြစ်ကြသည်။

တောင်နက်မြို့တော်က ထာဝရရှင်သန်သူ စီနီယာကြီးကို အားကိုးမနေတော့ဘဲ သူတို့၏ ကိုယ်ပိုင်ခွန်အားကိုသုံးကာ ထိုမကောင်းဆိုးဝါးများကို မောင်းထုတ်နေကြခြင်း ဖြစ်သည်။

ဤတိုက်ပွဲတွင် တစ်ယောက်ချင်းစီ၏ စွမ်းအားက မပြင်းထန်သော်လည်း တစ်ခုအဖြစ် ပေါင်းစည်းလိုက်သည့်အခါ အားကောင်းသွားကြသည်။

ရှန်ထျန်းက အစောင့်များနှင့် တခြားသူများ သူတို့အိမ်ကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားနေသည်ကို ကြည့်ပြီး အရမ်းကျေနပ်နေမိသည်။

ဒီလူတွေကို ကယ်ဖို့အတွက် အားအင်ကုန်ရတာ ထိုက်တန်တယ်

ငါလည်း ကျေနပ်တဲ့အထိ တိုက်ခိုက်ပစ်မယ်

နောက်ထပ် ပိုပိုများသော ခြင်တွေ သူတို့ဆီ လာနေသည့်အတွက် ရှန်ထျန်းက လှောင်ရယ်ကာ ပြောလိုက်သည်

“ ဝေလငါးတစ်ကောင်ရဲ့ စွမ်းအားကို ပြသပေးမယ်”

ဝုန်း…

မိုးကြိုးဖောက်ခွဲရေးအဆောင်က ခြင်များကြားထဲတွင် မရပ်မနား တစ်ခုပြီးတစ်ခု ပေါက်ကွဲနေသည်။ အဆောင်တစ်ခုချင်းစီက ကြီးမားသောပေါက်ကွဲမှုကို ဖြစ်စေသည့်အတွက် ခြင်အကောင်အရေအတွက် တော်တော်များများ တစ်ခါထဲ သေသွားကြသည်။ ကျင့်ကြံသူအားလုံးကလည်း ထိုတိုက်ခိုက်မှုကြောင့် အံ့ဩထိတ်လန့်သွားကြသည်။

ဒါက အထွတ်အထိပ်အဆင့် မိုးကြိုးဖောက်ခွဲရေး အဆောင်ပဲ။ အဲဒီအဆောင်တစ်ခုက ဝိညာဉ်ကျောက်တုံး ရာချီပြီး တန်တယ်

သူ အခု ဘယ်နှစ်ခုတောင် သုံးလိုက်တာလဲ။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး…

ရှန်ထျန်းက အနည်းဆုံး အခုရေ ရာချီပြီး အသုံးပြုပြီးပြီ ဖြစ်သော်လည်း အခုထိ မရပ်တန့်သေးပေ။

ဆက်တိုက်ပေါက်ကွဲနေသည့်ပုံစံက မီးပန်းပွဲကို ရောက်နေသလိုမျိုး အားလုံးကို မှင်သက်သွားစေသည်။

ခုနစ်စဉ်ကြယ်မြို့တော်က ဒီ ထာဝရရှင်သန်သူ စီနီယာကြီးက သောက်ရမ်းချမ်းသာတာပဲ

ဒါက ဘယ်လိုလုပ်ပြီးတော့ ဝေလငါးတစ်ကောင် ဖြစ်နိုင်မှာလဲ။ သူက ဂိမ်းမာစတာတစ်ယောက်နဲ့ ပိုတူတယ်

ခြင်နတ်ဆိုးကို သတ်ပြီးတော့ ရလာမဲ့ဆုက ဘယ်လောက်မလို့လဲ။ ရာဂဏန်းလောက်ပဲ တန်ဖိုးရှိတဲ့ဆုအတွက် မီလီယံနဲ့ချီပြီးတော့ သုံးနေတာလား။ ဘာတွေဖြစ်နေတာလဲ

တောင်နက်မြို့တော်ရှိ ကျင့်ကြံသူများက ထာဝရရှင်သန်သူ စီနီယာကြီး၏ ရက်ရောမှုကြောင့် စိတ်လှုပ်ရှားနေကြသည်။

တချို့ကတော့ မျက်ရည်များပင် ဝဲလာကြသည်။

သူတို့ ဘယ်လောက်ထိ ဆင်းရဲလဲဆိုတာကို မှတ်မိသွားလို့ မဟုတ်ဘူးနော်…

ရှန်ထျန်းသည် သူ့လုပ်ရပ်က ဆင်းရဲသော ကျင့်ကြံသူများအပေါ် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ရှိသွားမည်ဟု မထင်ထားခဲ့ပေ။ သူ ဘယ်လောက်ထိ သုံးလဲဆိုသည့်အပေါ် အာရုံစိုက်ခြင်း မရှိဘဲ နောက်ဆုံးခေါင်းဆောင်ကို မျှားခေါ်ပြီး ထောင်ချောက်ဆင်ဖို့အတွက်သာ အာရုံစိုက်ထားသည်။ မဟုတ်လျှင် သူ အရမ်းနောက်ကျသွားပါက ခုနစ်စဉ်ကြယ်၏ သူတော်စင်အစစ်က အချိန်မရွေး ရောက်လာနိုင်သည်။

သူတို့ရဲ့ ခေါင်းဆောင်ကို အမြန်သတ်ဖို့ လိုလာပြီ

All Chapters