← Chapters

အရာရှိ‘လု’

Vol. 5 Ch. 108

အရာရှိ‘လု’

Vol. 5 Ch. 108

ငရဲဘုရင်က လုကျန့်ကို ကြည့်ပြီး ရပ်လိုက်တယ်။ ထို့နောက် သက်ပြင်းချကာ ထွက်သွားတော့သည်။

ငရဲဘုရင် ထွက်သွားပြီးသိပ်မကြာခင် ရုတ်တရက်ဆိုသလို လေပြင်းတိုက်လာ၏။ အစပိုင်းတွင် အေးချမ်းနေတဲ့ ဟောင်ရန်မြို့သည် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများနဲ့အတူ ဖရိုဖရဲအခြေအနေထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။

လုကျန့် လက်ဖက်ရည်စားပွဲရှေ့ထိုင်နေပြီး ပြတင်းပေါက်အပြင်ဘက်မှ တိုက်ခတ်နေသည့် လေသံကိုနားထောင်နေကာ သူ့မျက်နှာက ငြိမ်သက်နေ၏။

လက်ဖက်ရည်နှစ်ခွက်ထည့်ကာ တစ်ခွက်ကို ကိုယ်တိုင်သောက်ပြီး တစ်ယောက်ယောက်လာမည်ကို စောင့်နေသလိုမျိုး တစ်ခွက်ကို သူ့ဆန့်ကျင်ဘက်တွင် ချထား၏။

လေကြောင့် ပိတ်ထားသော တံခါးသည် ရုတ်တရက် ဖွင့်သွား၏။ အအေးဓာတ် စိမ့်ဝင်လာပြီး လေပြင်းများတိုက်ကာ တံခါးအလိုလို ပိတ်သွားပြန်သည်။

သူ့ရှေ့ထွားကျိုင်းသော အသွင်အပြင်ပေါ်လာပြီး ဒေါသတကြီး စိုက်ကြည့်နေ၏။

"မင်း ရောက်ပြီလား?”

လုကျန့်က အမှုမဲ့အမှတ်မဲ့ပြောပြီး ထိုင်ရန် လက်ဟန်ပြလိုက်၏။

“ဒါနဲ့ပြောရရင် ငါ မင်းကို မတွေ့တာ အနှစ်နှစ်ဆယ်ကျော်ပြီ။ မင်းက အရာရှိတစ်ယောက်အနေနဲ့ ကောင်းကောင်း အလုပ်လုပ်ခဲ့ပုံပဲ။”

ဒီလူသည် ငရဲဘုရင်ရဲ့ လက်အောက်ခံအရာရှိ'လု' ဖြစ်သည်။

အရာရှိ'လု' မထိုင်ပဲ စားပွဲကို ရိုက်ချကာ မေးခွန်းထုတ်တယ်။ “ဒါ ဘာအဓိပ္ပာယ်လဲ။ ငါ့ရဲ့ သေခြင်းနဲ့ရှင်သန်ခြင်း စာရင်းကို မင်း ဘယ်မှာထားခဲ့လဲ?”

“သေခြင်းနဲ့ရှင်သန်ခြင်း?” လုကျန့် ပြုံးလိုက်တယ်။ "လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က မင်းရဲ့ သေခြင်းနဲ့ရှင်သန်ခြင်းစာရင်းကို ငါ ဖျက်စီးခဲ့တယ်လေ။”

"အဲဒါက အတုပဲ။" အရာရှိ'လု' အပြစ်ရှိစိတ်ဖြင့် ပြန်ဖြေတယ်။

လုကျန့်က သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး စကားမပြောပေ။

“အဲတုန်းက သူမ အသက် ၁၀ နှစ်တည်းက သေသင့်နေတာ။ မင်းသာ သူမကို မတော်တဆ မကယ်တင်ခဲ့ဘူးဆိုရင် နောက်ထပ် ဆယ်နှစ်တောင် အသက်ရှင်မှာ မဟုတ်ဘူး။”

ထိုနှစ်တွင် လုကျန့်သည် မြေအောက်ကမ္ဘာဆီ ဇာတ်လမ်းဖန်တီးဖို့ ရောက်လာခဲ့သည်။ ငရဲဘုရင်လည်း ခေါင်းကိုက်သွားပြီး ထိုမိန်းကလေးရဲ့ နာမည်ကို သေခြင်းတရားစာရင်းမှ ဖျက်ပစ်ရန် ခွင့်ပြုခဲ့တယ်။

သို့သော် သူ(အရာရှိ'လု')သည် အမြဲတမ်း ရိုးသားသော လူတစ်ယောက်ဖြစ်တယ်။ သူ လက်မလျှော့ဘဲ  သေထိုက်သူတိုင်း အချိန်မီသေရမယ်လို့ ခံစားရတယ်။ ထို့ကြောင့် သူက “သေခြင်းနဲ့ရှင်သန်ခြင်း’ မှတ်ပုံတင်အတုကို တိတ်တဆိတ်ပြုလုပ်ပြီး လုကျန့်အား ပေးအပ်ခဲ့တယ်။

အဲဒီနောက်မှာတော့ အဲမိန်းကလေး ကားအက်ဆီးဒန့်ကြောင့် သေဆုံးသွားခဲ့သည်။ တချို့အကြောင်းပြချက်များကြောင့် သူမရဲ့ဝိညာဉ်က လွင့်ပါးသွားခဲ့၏။

သူနဲ့ လုကျန့်တို့သည် မိခင်တူညီသည့် မွေးချင်းများဖြစ်တယ်။ ဒီကိစ္စအတွက် လုကျန့်က သူ့ကို အနှစ်နှစ်ဆယ်ကျော် လျစ်လျူရှုခဲ့တယ်။

သို့သော် သူ မှန်သည်လို့ပဲ သူအမြဲခံစားရတယ်။

လုကျန့် သူ့ကို လာမရှာဘူးလို့ တွေးမိတယ်။ သူကလည်း အစပျိုးပြီး မရှာခဲ့ဘူး။

မနေ့ကအထိ မြေအောက်ကမ္ဘာက သရဲတစ္ဆေဆယ်ကောင်ကျော်မှာ သက်တမ်းမကုန်သေး။ အသက်အနည်းငယ်သာရှိသေးသည့် လူတစ်ယောက်လည်း ရှိသေးတယ်။ ထိုလူသည် အသက်ငါးဆယ်မှ သေသင့်သူ ဖြစ်တယ်။ အဆုံးသတ်တွင် သူ့ဘဝက တစ်စုံတစ်ယောက်ကြောင့် ခြောက်နှစ်သားတွင် ဆုံးပါးသွားရပြီ။

သူ ဒေါသတကြီးနဲ့ သူ့လူတွေကို စုံစမ်းခိုင်းခဲ့သည်။ အဆုံးသတ်တွင် မစုံစမ်းရင် အကောင်းသား။ စုံစမ်းကြည့်တော့ မတွေ့ရတာ နှစ်အတော်ကြာပြီဖြစ်တဲ့ သူ့ညီလေးရဲ့ လုပ်ရပ်ဆိုတာ သိလိုက်ရတယ်။

“သူမရဲ့ဘဝမှာ ဘယ်တုန်းကမှ အမှား မလုပ်ဖူးဘူး။ သူမ ဘာလို့ ဒီလို အဆုံးသတ်ရတာလဲ?” လုကျန့် အေးစက်စက်မေး၏။

လုကျန့် အဲဒီမိန်းကလေးကို မတော်တဆ ကယ်တင်ခဲ့တယ်။ နောက် ၁၀ နှစ်ကျော်ကြာရင် ထပ်တွေ့ဆုံရလိမ့်မယ်လို့ မထင်ထားဘူး။

ဟိုတုန်းက သူ ဂရုမစိုက်မိချိန် တစ်စုံတစ်ယောက်က သူ့ကို ချစ်ခြင်းမန္တန် သုံးခဲ့တယ်။ သူ မိုက်မဲနေချိန် သူ  အဲ့မိန်းကလေးနဲ့ အိပ်ခဲ့မိသည်။

သူ အဲမိန်းကလေးရဲ့ ဘဝတစ်လျှောက်လုံး တာဝန်ယူဖို့ ရည်ရွယ်ခဲ့တယ်။ သို့သော် သူမရဲ့ ကံကြမ္မာကို မတွက်ချက်ခဲ့မိဘူး။

ဒီအချိန်မှာ အဲ့မိန်းကလေးမှာ သူ့ကလေးလေးလွယ်ထားရပြီ။ ဒါကို သူ လုံးဝ မမျှော်လင့်ထားဘူး။

သူမကို ပြန်ပေးဖို့ မြေအောက်ကမ္ဘာက အရာရှိ'လု'ကို သွားရှာခဲ့တယ်။ သို့သော် ဒီလူက လမ်းကြောင်းတစ်ကြောင်းတည်း ရှိတယ်။ မှန်တယ် ဆိုလည်း မှန်တယ်။ မှားတယ် ဆိုလည်း မှားတယ်။ ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေပေါ့။

အရင်က အရာရှိ'လု'ပေးခဲ့သည့် ‘သေခြင်းနဲ့ရှင်သန်ခြင်း’မှတ်တမ်းသည် အတုဆိုတာ ထိုမိန်းကလေး သေဆုံးပြီးနောက်မှသာ သိခဲ့တယ်။

သူ ဒေါသအလွန်ထွက်ပြီး ထိုအချိန်ကစလို့ အရာရှိ'လု'ကို လျစ်လျူရှုခဲ့တယ်။ အဲဒီကတည်းက ညီအစ်ကိုနှစ်ယောက် မတွေ့ဖြစ်ကြတော့။

အရာရှိ'လု' ပေါ့ပေါ့ပါးပါး ချောင်ဟန့်ပြီး လေသံလျှော့၏။

“သေခြင်းနဲ့ရှင်သန်ခြင်းစာရင်းမှာ လူတိုင်းရဲ့သက်တမ်းကို ကြိုတင်သတ်မှတ်ထားတယ်။ အလွယ်တကူ ပြောင်းလဲလို့ မရဘူး။ ဒါ့အပြင်၊ မြေအောက်ကမ္ဘာရဲ့ စည်းမျဉ်းတွေကို ငါ မချိုးဖျက်နိုင်ဘူး။"

လုကျန့် လက်ဝှေ့ယမ်းကာ ရပ်တန့်လိုက်တယ်။ “သူတို့ကို ငါသတ်ပစ်လိုက်ပြီ။ မင်း လုပ်ချင်တာလုပ်။"

All Chapters