← Chapters

မထိန်းချုပ်ထားသော မောင်းနှင်မှုကြောင့် သူတော်စင် မျက်ရည်များဖြင့် အဆုံးသတ်သွားခြင်း

Vol. 11-16 Ch. 190

မထိန်းချုပ်ထားသော မောင်းနှင်မှုကြောင့် သူတော်စင် မျက်ရည်များဖြင့် အဆုံးသတ်သွားခြင်း

Vol. 11-16 Ch. 190

အခန်း (၁၉၀) : မထိန်းချုပ်ထားသော မောင်းနှင်မှုကြောင့် သူတော်စင် မျက်ရည်များဖြင့် အဆုံးသတ်သွားခြင်း

ကြယ်ရထားလုံးက မနက်ခင်း၏ မြူကြားထဲမှ ထိုးဖောက်ကျရောက်နေသော နေရောင်ခြည်အောက်တွင် အရှိန်အပြည့်ဖြင့် ခရီးနှင်နေသည်။

ရထားလုံးကို ဆွဲသော ဦးချိုတစ်ခု ပါရှိသည့် မြင်းပျံလေးကောင်လုံးကား သန္ဓေပြောင်းသတ္တဝါများ ဖြစ်ပြီး  ငွေရောင်ဦးချိုတစ်ခုစီ ပါရှိသည်။ မနက်ခင်းနေရောင်ခြည်က ဦးချိုတစ်ခုပါ မြင်းပျံလေးကောင်အပေါ်သို့ကျရောက်သည့်အတွက် ကြယ်ရောင်များ အလင်းပြန်နေပြီး အရမ်းလှပသည်။

ခုနစ်စဉ်ကြယ်သူတော်စင်က ကနဦးဝိညာဉ်အဆင့်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူတော်စင်ဆိုသော ပုံရိပ်ကို ကိုယ်စားပြုသည့် သူ့ ရထားလုံးကို အထူးလဲလှယ်လိုက်သည်။

ကြယ်ရထားလုံးက မိုင်တစ်ရာကို ခဏအတွင်းမှာတွင် ရောက်ရှိသွားနိုင်သည့် အမြန်ဆုံးနှုန်းဖြင့် ခရီးသွားနေသည်။

ချန်ကျုံးထျန်း တောင်နက်မြို့တော်အနီးသို့ ရောက်ရှိသွားသည့်အခါ အနီရောင် ခြင်အုပ်စုကိုသာ တွေ့လိုက်ရသည့်အတွက် ရုတ်တရက် မျက်နှာတည်သွားသည်။ သူတို့က ဒလဟောရွာသွန်းနေသော တောင်နက်မြို့ပြင်ကို ဝန်းရံထားသည်။ အင်မတန် ရုပ်ဆိုးသော မြင်ကွင်းမျိုး ဖြစ်သည်။

“ ရဲတင်းလှချည်လား။ ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေရဲ့ ကာကွယ်မှုအောက်မှာရှိတဲ့ မြို့တွေကို တိုက်ခိုက်ရဲတဲ့ နတ်ဆိုးတွေ ရှိနေတယ်ပေါ့လေ”

ချန်ကျုံးထျန်း၏ အကြည့်တို့ အေးစက်ကာ လူသတ်ချင်စိတ်တို့ အပြည့် ဖြစ်နေသည်။ အရှေ့ပိုင်းလွင်ပြင်မှာ နတ်ဆိုးများက လူသတ်သော အဖြစ်အပျက်မျိုးက ဖြစ်နေကျဖြစ်သည့်အတွက် သူ စိတ်ထဲမထားပေ။

သို့သော် တောင်နက်မြို့တော်က ခုနစ်စဉ်ကြယ်မြို့ကို မှီခိုအားထားသော မြို့တစ်မြို့ထဲမှာ အပါအဝင် ဖြစ်သည့်အတွက် ခြင်နတ်ဆိုးများ တောင်နက်မြို့တော်ကို ဝန်းရံတိုက်ခိုက်ခြင်းက ခုနစ်စဉ်ကြယ်၏ ဂုဏ်သိက္ခာကို ခြိမ်းခြောက်သလိုမျိုး ဖြစ်နေသည်။

“ သူတို့က သေဖို့ပဲ ထိုက်တန်တယ်”

ချန်ကျုံးထျန်းတွင်လည်း ကိုယ်ပိုင် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသည်။ သူက ခုနစ်စဉ်ကြယ်အထွတ်အမြတ်မြေ၏ သူတော်စင်တစ်ယောက်ဖြစ်သော်လည်း ဂိုဏ်းအတွင်းရှိ သူ့အဆင့်က အရမ်းမမြင့်ပေ။ အဘယ်ကြောင့်ဆိုသော် သူက ခရမ်းစံအိမ် သူတော်စင်ကို မှီခိုအားထားပြီး သူ့နောက်သို့ တကောက်ကောက် လိုက်နေတတ်သောကြောင့် ဖြစ်၏။ သူ့ကိုယ်သူ အရမ်းနှိမ့်ချထားမိသည်။

ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေမှာလည်း ပါရမီရှင်များ မရှားပါးပေ။ သူတို့၏ အဓိကပညာရပ်က သူ့ထက် အနည်းငယ်သာ အားနည်းသည်။ သူတို့က သူ့ရာထူးကို လုယူနိုင်သည့် အခြေအနေမျိုး ရှိသည့်အတွက် ချန်ကျုံးထျန်း စိတ်မအေးဖြစ်နေမိသည်။

ခရမ်းစံအိမ်သူတော်စင်က စိတ်အေးအောင် လုပ်ပေးနိုင်သော်လည်း မလုံလောက်သေးပေ။ ထို့ကြောင့် ချန်ကျုံးထျန်းအနေနှင့် တချို့အရာများကို သူကိုယ်တိုင် လုပ်ဆောင်ဖို့ လိုအပ်နေသေးသည်။

ဥပမာ…ပတ်ဝန်းကျင်အမြင်ကို ထိန်းချုပ်ဖို့အတွက် တိုက်ခိုက်ခြင်းမျိုးပေါ့

တောင်နက်မြို့တော်ရဲ့ ကပ်ဘေးဖြစ်တဲ့ ခြင်နတ်ဆိုးတွေ တိုက်ခိုက်နေခြင်းက သူ အောင်မြင်အောင် လုပ်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ

အစတုန်းက ဒီနေ့ မြို့တစ်မြို့လုံး အပျက်အစီးများ၊ အလောင်းများဖြင့် ပြည့်နှက်ပြီး သွေးချောင်းစီးဖို့ ကံကြမ္မာပါလာခဲ့သည်။

သို့သော် အချိန်ကိုက်ရောက်လာသော ခုနစ်စဉ်ကြယ်၏ သူတော်စင် ချန်ကျုံးထျန်းက နတ်ဆိုးများကို အချိန်ကိုက်ရှင်းထုတ်နိုင်ပြီး မြို့ထဲရှိ သေမျိုးသန်းပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်။ သူ့ဘက်မှ ကြည့်လျှင် မငြင်းဆိုနိုင်သော အကျိုးအမြတ်တစ်ခုပင် ဖြစ်၏။

ထိုကဲ့သို့သောအရာမျိုးက ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေကို အများကြီး အထောက်အကူ မပြုသော်လည်း သူ့လက်အောက်ခံမြို့များ တိုးပွားလာအောင်တော့ လုပ်လို့ ရနိုင်သည်။

ထို့အပြင် “လူများစွာကို ကယ်တင်ခဲ့သော” ချန်ကျုံးချန်းအနေဖြင့် ဂိုဏ်းရှိ အကြီးအကဲများ၏ ချီးကျူးခြင်းကို ရရှိလိမ့်မည်။ သာမန်ချီးကျူးမှုတစ်ခု ဖြစ်သော်လည်း ဘာမှမရတာထက်စာလျှင်တော့ ပိုကောင်းသေးသည်။

ချန်ကျုံးထျန်း အရမ်းစိတ်လှုပ်ရှားနေသည့်အတွက် သူ့ကနဦးဝိညာဉ်ပင် တုန်ခါလာလေသည်။ ခုနစ်စဉ်ကြယ်ဓားကို ကိုင်ဆောင်ကာ ကြယ်ရထားလုံးကို အရှိန်ပြင်းစွာ မောင်းနှင်ရင်း သိပ်သည်းစွာ စုစည်းနေသော ခြင်အုပ်စုဆီသို့ ဦးတည်သွားလိုက်သည်။

“ ကောင်းကင်ဘုံကိုးလွှာမှ ကြယ်ရောင်များ ငါ့ဓား ဖြစ်လာကြစမ်း …

ခုနစ်စဉ်ကြယ် လမ်းပြမှုကြောင့် အဆုံးမဲ့အလင်းတန်းကို လွှင့်ထုတ်ပေးပါ”

ကြယ်ရထားလုံးက ခြင်အုပ်ထဲကို ချက်ချင်းဝင်ရောက်သွားကာ ချန်ကျုံးထျန်းက ရထားလုံးပေါ်တွင် မတ်မတ်ရပ်နေပြီး သူ့လက်ထဲရှိ ဓားရှည်က တောက်ပသော ဓားအရှိန်အဝါများကို ထုတ်လွှတ်နေသည်။

ထိုဓားအရှိန်အဝါများက မရေမတွက်နိုင်အောင် များပြားသော ခြင်များကို မြေပြင်ပေါ်သို့ လဲကျသွားအောင် လုပ်လိုက်သည်။

ချန်ကျုံးထျန်းက ဂုဏ်ယူသော မျက်နှာထားဖြင့် တောင်နက်မြို့တော်သားများရှေ့တွင် ကြွားလုံးထုတ်ဖို့အတွက် တစ်ခုခုပြောဖို့လုပ်သော်လည်း သူ့ရထားလုံး အင်မတန် လှုပ်ခါလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ဦးချိုတစ်ခုပါ မြင်းပျံလေးကောင်လည်း ထိန်းမရနိုင်စွာ တုန်လှုပ်လာပြီး သိပ်မကြာခင်မှာပဲ ကျယ်လောင်သော မြင်းဟီသံများ ထွက်ပေါ်လာသည်။

“ ဟီ…ဟီ…ဟီ…”

အစက နှင်းလိုမျိုး ဖြူစွတ်နေသော သူတို့၏ အမွေးများသည်လည်း မီးလောင်ခံထားရသလိုမျိုး ထောင်ကာ မဲနေသည်။

ခြင်နတ်ဆိုးများက အရမ်းသိပ်သည်းစွာဖြင့် မြို့ကို ကာကွယ်ထားသော အံ့ဖွယ်မိုးကောင်းကင်၏ နဂါးပြာ ကာကွယ်ရေးအစီအရင်ကို ဝန်းရံထားသည်။

ဦးချိုတစ်ခုပါ မြင်းပျံလေးကောင်က ခြင်နတ်ဆိုးများ ပိတ်ဆို့ထားရာနေရာကို ထိုးဖောက်သွားချင်သည့်အတွက် သူတို့ကလည်း အရှိန်ကို လုံးဝ မလျှော့ပေ။ ထို့ကြောင့် သူတို့က ခြင်အုပ်စုကို ထိုးဖောက်သွားပြီးနောက် ကာကွယ်ရေး အစီအရင်၏ မျက်နှာပြင်နှင့် တိုက်မိသွားသည်။

ဦးချိုတစ်ခုပါ မြင်းပျံလေးကောင်က အထွတ်အထိပ်အဆင့် ကြယ်ယူနီကွန်းမျိုးနွယ်များ ဖြစ်ကြသည်။ သူတို့ဆီမှာ သူမတူသော ပုံပန်းသွင်ပြင်မျိုးရှိပြီး သူတို့၏ အရှိန်ကလည်း ရွှေအမြုတေထိပ်သီးအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လို့ရနိုင်သည်။

သို့သော် သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အခြေတည်အဆင့် ကျင့်ကြံသူများနှင့် တူညီနိုင်သလို သူတို့ထက် ပိုပြီး အားနည်းနေတာမျိုးလည်း ဖြစ်နိုင်သည်။

ရှန်ထျန်း အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကို အောင်နိုင်ပြီးနောက် မြို့ပြင်ရှိ ခြင်အုပ်စုက ပိုမိုသောင်းကျန်းလာသည့်အတွက် ရှန်ထျန်းလည်း နဂါးပြာ ကာကွယ်ရေး အစီအရင်ကို အမြင့်ဆုံးအဆင့်ထိ အသက်သွင်းထားလိုက်ရသည်။

ဦးချိုတစ်ခုပါ မြင်းပျံလေးကောင်ကို မဆိုထားနှင့် ၃ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်ပင် ကာကွယ်ရေး အစီအရင်ကို အတင်းထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားပါက ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။

ချန်ကျုံးထျန်း သတိထားမိသည်နှင့် တစ်ပြိုင်နက် ဦးချိုတစ်ခုပါ မြင်းပျံလေးကောင်ကို ကယ်ချင်သော်လည်း ထိုမြင့်မြတ်သော မျိုးဆက်ဖြစ်သည့် အထွတ်အထိပ်အဆင့် မြင်းပျံလေးကောင်က အသားကင်နံ့မွှေးနေလေပြီ။

ဟုတ်တယ်…အတော်လေး မွှေးတဲ့ ရနံ့ပဲ

ချန်ကျုံးထျန်းက သူ့ဆုံးရှုံးမှုကြောင့် စဉ်းစားကြည့်လို့ မရအောင် နာကျင်နေသည်။

ထို ဦးချိုတစ်ခုပါ မြင်းပျံလေးကောင်က ကြယ်ယူနီကွန်းမျိုးဆက်မှ တိုက်ရိုက် ဆင်းသက်လာသော မျိုးဆက် ဖြစ်သည်။ သူတို့က အခြေတည်အဆင့် ဖြစ်ကြသော်လည်း ရွှေအမြုတေအဆင့်သို့ ရောက်ရှိဖို့အတွက် အလားအလာ ရှိသည်။ သူတို့ကို ကောင်းကောင်း ကျွေးမွေးထားပါက ကနဦးဝိညာဉ်အဆင့်သို့ပင် ရောက်ရှိနိုင်သည်။

ထိုဦးချိုတစ်ခုပါ မြင်းပျံလေးကောင်က ကလေးအရွယ်ပဲ ရှိသေးလျှင်ပင် ချန်ကျုံးထျန်းအနေဖြင့် သူတို့ကို ဝယ်ဖို့အတွက် ပိုက်ဆံပမာဏအများကြီး သုံးခဲ့ရသည်။ သူတို့ အနာဂတ်မှာ ကောင်းကောင်း ကြီးပြင်းလာနိုင်အောင် ကောင်းကောင်း ကျွေးမွေးပြီးနောက် သူတို့ကို စီးပြီးအပြင်ထွက်သည့်အခါ သူတော်စင်တစ်ယောက်အနေဖြင့် ကြွားလုံးထုတ်လို့ရနိုင်သည်။

ထို့ကြောင့် အထွတ်အမြတ်မြေမှာ သူ့ကို ဆန့်ကျင်နေသော အသံများလည်း လျော့နည်းသွားနိုင်လိမ့်မည်။

သူ့မြင်းများကို ဝယ်ပြီး ရက်ပိုင်းအကြာမှာ ကာကွယ်ရေးအစီအရင်နှင့် ဝင်တိုက်မိလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။

မြင်းပျံလေးကောင်လုံး မိုးကြိုးကြောင့် လောင်ကျွမ်းသွားကာ အတွင်းမှာ နူးညံ့ပြီး အပြင်မှာ ကြွပ်ရွနေသည့်အတွက် အရသာရှိသောရနံ့ကို ၁၀ မိုင်အကွာမှ ရရှိနိုင်သည်။

ချန်ကျုံးထျန်း ဘယ်လောက်ပဲ အကောင်းဘက်ကနေ တွေးနိုင်ပါစေ သူ တန်ဖိုးထားသော မြင်းပျံများကို ကယ်ဖို့ မျှော်လင့်ချက် မရှိတော့မှန်း သူသိသည်။ သူ မျက်ရည်သာ ဝဲနေနိုင်တော့သည်။

ထိုမြင်းပျံများတင် မကသေးပဲ ချန်ကျုံးထျန်းက အထူးသပ်ရပ်စွာ အလှဆင်ထားသော ရထားလုံးလည်း အဆင့်မြင့်ဆုံးထိ အသက်သွင်းထားသော နဂါးပြာ ကာကွယ်ရေးအစီအရင်ဖြင့် ဝင်တိုက်မိသွားသည်။

အစပိုင်းကတည်းက နဂါးပြာကာကွယ်ရေး အစီအရင်က ခြင်နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခံနေရသည်။ ယခု ဝိညာဉ်ရွှေဖြင့် ပြုလုပ်ထားသော ရထားလုံးက ပြင်းထန်သော အရှိန်ဖြင့် ဝင်တိုက်သည့်အတွက် နဂါးပြာ ကာကွယ်ရေးအစီအရင်တစ်ခုလုံးလည်း ပျက်စီးသွားကာ အစီအရင်၏ လက်ကျန်စွမ်းအားကြောင့် ရထားလုံးလည်း ပေါက်ကွဲသွားကာ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။

မြို့ထဲရှိ လူများ၏ စိတ်ပျက်သော အကြည့်ကြောင့် ချန်ကျုံးထျန်း လုံးဝ အံ့ဩမှင်သက်သွားရသည်။

ငါ ဘယ်သူလဲ။ ငါ ဘယ်ကို ရောက်နေတာလဲ။ ဒီမှာ ဘာလို့ ကာကွယ်ရေး အစီအရင်က ရှိနေရတာလဲ

ငါ့မြင်းတွေ… သူတို့က ဘာလို့ လောင်ကျွမ်းပြီးတော့ အရသာရှိတဲ့ အနံ့တွေ ထွက်ကုန်ရတာလဲ

ချန်ကျုံးထျန်းက ထိုနေရာမှာတင် ရပ်ကာ ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

ခြင်များက မြို့ထဲသို့ ဝင်လာပြီးပြီဖြစ်သည့်အတွက် ရှန်ထျန်း မအားလပ်တော့ပေ။ ကောင်းကင်ကို အုပ်ထားနိုင်လောက်သည်အထိ များပြားသော ခြင်များက မြို့ထဲရှိ သေမျိုးများနှင့် တိုက်ခိုက်ပါက နေရာတိုင်းမှာ အလောင်းကောင်တွေ စုပုံထပ်သွားမှာ သေချာလှသည်။

သူက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကို အနိုင်ယူနိုင်သော်လည်း ခြင်အုပ်စုနှင့် ရင်ဆိုင်ရသည့်အခါ သူ့ကိုယ်သူသာ ကာကွယ်နိုင်တော့သည်။

အချိန်တိုအတွင်းမှာပဲ ခြင်အကောင်ရေ တစ်သိန်းမှ တစ်သန်းအထိ မြို့ထဲသို့ ဝင်ရောက်လာသည်။ သူတို့ကို တစ်ချိန်တည်း နှိမ်နင်းဖို့ဆိုတာ မဖြစ်နိုင်ပေ။

ရှန်ထျန်းက ဦးနှောက်ကို အလုပ်ပေးကာ ရုတ်တရက် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ခေါင်းပေါ်သို့ တူဖြင့် ထုချလိုက်သည်။

“ ခင်ဗျားဆီမှာ ဒီခြင်နတ်ဆိုးအားလုံးကို နောက်ဆုတ်သွားအောင် လုပ်နိုင်မဲ့ နည်းလမ်းရှိတယ်ဆိုတာ သေချာတယ်။ မြန်မြန်လုပ်…မဟုတ်ရင် ကျွန်တော် ခင်ဗျားကို သတ်ပစ်မယ်”

လက်ရှိအခြေအနေတွင် အံ့ဖွယ်ဝါးမျိုနွယ်ပင်က အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ဦးခေါင်းကို ချည်နှောင်ထားသလို သူ့ပါးစပ်ထဲမှ ဝင်ရောက်ပြီး သူ၏ ကနဦးဝိညာဉ်ကို ထိန်းချုပ်ထားသည်။

သူက ရှန်ထျန်းကို စိတ်ပျက်စွာ ကြည့်လိုက်ပြီး စိတ်စွမ်းအားဖြင့် ပြောလိုက်သည်

“ မင်းသာ ငါ့ကို မသတ်ဘူးလို့ ကျိန်ဆိုပေးရင် သူတို့ကို ချက်ချင်း ထွက်သွားအောင် လုပ်ပေးမယ်”

ရှန်ထျန်းက နှုတ်ခမ်းကို တွန့်ချိုးကာ ပြောလိုက်သည်

“ ဟမ် ခင်ဗျားက ကျွန်တော်ကို လာပြီးတော့ ခြိမ်းခြောက်ရဲသေးတာလား။ ကောင်းပြီလေ…ခင်ဗျား ဒီ ခြင်တွေအကုန်လုံးကို ထွက်သွားအောင် လုပ်ပေးရင် ခင်ဗျားကို မသတ်ပါဘူး”

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ခဏတာ တွေးတောကာ ပြောလိုက်သည်

“ ငါ့ကို သတ်ဖို့ တခြားလူတွေကိုလည်း အမိန့်ပေးလို့မရဘူးနော်”

ရှန်ထျန်းက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ခေါင်းကို တူဖြင့် ချိန်ရွယ်ထားကာ ပြောလိုက်သည်

“ ခင်ဗျားမှာ ဘာလို့ ပြောစရာတွေ သောက်ရမ်းများနေရတာလဲ။ ကျွန်တော် ကျိန်ဆိုပါတယ် မြန်မြန်လုပ်တော့။

အဲဒီခြင်တွေကို နောက်ဆုတ်သွားအောင် လုပ်ရင်လုပ် မဟုတ်ရင် ခင်ဗျားကို သတ်ပြီးတော့ အဲဒီခြင်တွေ အကုန်လုံးကိုလည်း နှိမ်နင်းပစ်မယ်။ အများဆုံး ကျွန်တော်ရဲ့ စွမ်းအားကြီးတဲ့ လျှို့ဝှက်လက်နက်ကိုပဲ ထုတ်သုံးဖို့လိုမှာပါ”

မင်းမှာ စွမ်းအားကြီးတဲ့ လျှို့ဝှက်လက်နက်က ရှိနေသေးတာလား

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးလည်း ရှန်ထျန်း၏ စကားကိုကြားပြီး မျှော်လင့်ချက်မဲ့သွားသည်။

မင်းက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ။ မင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူကို အနိုင်ယူနိုင်တယ်ဆိုတာကို ထားလိုက်ဦး။ မင်းမှာ အထူးပစ္စည်းတွေဖြစ်တဲ့ အကြွင်းမဲ့ရေ နဲ့ ဝိညာဉ်သစ်ပင်လည်း ရှိတယ်လေ။

နတ်ချပ်ဝတ်တန်ဆာနဲ့ ဓားအမှတ်အသားပြားကိုပါ ပေါင်းလိုက်ရင် မင်းက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် သတ်လို့ရနိုင်တယ်။ ဒါပေမဲ့ ဒါတွေအားလုံးက မင်းရဲ့ စွမ်းအားကြီးတဲ့ လျှို့ဝှက်လက်နက် မဟုတ်ဘဲ နောက်ထပ် ရှိသေးတယ်လို့ ပြောနေတာလား

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက အရှုံးကို ဝန်ခံလိုက်သည်။

ဒီလိုမျိုး စွမ်းအားကြီးပြီး ရက်စက်တဲ့သူနဲ့ တွေ့ရင် သူ ဘာများတတ်နိုင်မှာလဲ

“ ငါ့ပါးစပ်ထဲက နွယ်ပင်ကို အရင်ဖယ်ပေးဦး။ မဟုတ်ရင် စိတ်တန်ခိုးကို သုံးလို့ မရဘူး”

ရှန်ထျန်း ခေါင်းညိတ်ပြကာ အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကို ချုပ်နှောင်ထားသော အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို ဖယ်ပေးလိုက်သည်။ သို့သော် သူက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကို အပြည့်အဝ မယုံကြည်သည့်အတွက် ကြာပစ်ခွင်းသေနတ်အပြင် ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်ရှစ်လက်ဖြင့် ချိန်ရွယ်ထားဆဲ ဖြစ်သည်။

သူ တစ်ခုခုလုပ်ဖို့ ကြိုးစားပါက ရှန်ထျန်း သူ့ကို အလျင်အမြန် သတ်ပစ်လိုက်မည်။

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ဘာမှလုပ်ဖို့ မကြိုးစားဘဲ နတ်ဘုရားအသိစိတ်ကို အသုံးပြုကာ အထူးလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

မြို့ထဲသို့ဝင်လာကာ ကျင့်ကြံသူများ၊ သေမျိုးများနှင့် တိုက်ခိုက်နေသော ခြင်များက ရုတ်တရက် တိုက်ခိုက်မှု ရပ်တန့်သွားသည်။ သူတို့ တောင်ပံများကို ဖြန့်ကာ မြို့ပြင်သို့ ပျံသန်းသွားကြပြီး အစအနမကျန် ပျောက်ကွယ်သွားသည်။

ရှန်ထျန်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ပါးစပ်ထဲသို့ အံ့ဖွယ်ဝါးမျိုနွယ်ပင် ပြန်ထိုးသွင်းထားကာ မျက်ခုံးနှစ်ခုကြားရှိ သူ၏ ကနဦးဝိညာဉ်ကို တင်းကြပ်စွာ ချည်နှောင်ထားသည်။

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်

“ ငါ အဲဒီခြင်တွေကို ထွက်သွားအောင် လုပ်လိုက်တာနဲ့ ငါ့ကို မသတ်တော့ဘူးလို့ ပြောခဲ့တယ် မဟုတ်လား”

ရှန်ထျန်းက စိတ်မရှည်သည့်ပုံစံဖြင့် ပြန်ပြောလိုက်သည်

“ ကျွန်တော် ခင်ဗျားကို သတ်လို့လား”

ပါးစပ်ထဲတွင် အံ့ဖွယ်ဝါးမျိုနွယ်ပင်များ ပြည့်နှက်နေသော အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ရှန်ထျန်း ပြောတာကလည်း အဓိပ္ပာယ်တော့ရှိပါတယ် ... သေစမ်း…စောနက ဒီကောင်လေးကို ငါ့ကို လွှတ်ပေးဖို့ ဘာလို့ မပြောလိုက်မိပါလိမ့်

သူက ငါနဲ့ အဆင့်နိမ့် စကားပြောပွဲ ကစားနေမိတာပဲ … လူသားတွေက အရမ်းဉာဏ်များတာပဲ။ ငါ့မှာ ပြင်ဆင်ထားတာရှိသေးတော့ အဆင်ပြေပါတယ်

အထွတ်အထိပ်ရှင်  ခြင်နတ်ဆိုးက အားတင်းပြုံးကာ ပြောလိုက်သည်

“ထာဝရရှင်သန်သူ စီနီယာ ... ရွှေနီရောင် စာရွက်အပိုင်းအစက ဘယ်လိုရတနာမျိုးလဲဆိုတာကို မသိချင်ဘူးလား”

ရှန်ထျန်းက ဘာတွေဖြစ်လာမလဲဆိုတာကို သိပြီးသားဖြစ်သည့်အတွက် ဘာမျှော်လင့်ချက်မှ မထားပဲ ပြောလိုက်သည်

“ ကျွန်တော် မသိချင်ပါဘူး”

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးလည်း ကြောင်အသွားသည်။ သူက ခြောက်ကပ်ကပ်နိုင်စွာ ရယ်မောရင်း ပြောလိုက်သည်

“ထာဝရရှင်သန်သူ စီနီယာ … ကျွန်တော် ပြောတာလေးကို နားထောင်ပါဦး။ ပြောတာကို နားထောင်ပြီးသွားရင် သေချာပေါက် စိတ်ဝင်စားသွားလိမ့်မယ်လို့ အာမခံပါတယ်။

ဒီ ရွှေနီရောင် အပိုင်းအစလေးက သာမန်ပစ္စည်း မဟုတ်ဘူး။ အဲဒါက မဟာဝိဇ္ဇာသွေးမြစ်အနေနဲ့ အရှေ့ပိုင်းလွင်ပြင်တစ်ခွင်ကို အုပ်ချုပ်နိုင်ဖို့ မှီခိုခဲ့ရတဲ့ သွေးနတ်ဘုရားကျမ်းစာ အထွတ်အထိပ်အဆင့် ပညာရပ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက် ကျော်ကြားလာခဲ့တာပါ”

ရှန်ထျန်းက ပျင်းရိစွာဖြင့် ပြောလိုက်သည်

“ အော်…ဟုတ်လား”

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး ရူးချင်နေလေပြီ။

ဒီလူက ဘာလဲ … ချီးပဲ

မဟာဝိဇ္ဇာသွေးမြစ်က မြင့်မြတ်တဲ့ ဝိဇ္ဇာတစ်ပါးပဲ။ မိုးကြိုးကိုးသွယ် အတိဒုက္ခဖြတ်ကျော်ခြင်းကို အောင်မြင်နိုင်တဲ့ ဝိဇ္ဇာတစ်ယောက်ကိုသာ မြင့်မြတ်တဲ့ ဝိဇ္ဇာတစ်ပါးလို့ ခေါ်ဆိုနိုင်တာ … မဟာဝိဇ္ဇာသွေးမြစ်က တခြား မြင့်မြတ်တဲ့ ဝိဇ္ဇာတွေကြားထဲမှာ ပြိုင်ဘက်ကင်း ကျော်ကြားတယ်လေ။

သူက စွမ်းအားကြီးတဲ့ လျှို့ဝှက်လက်နက်တွေကို လုံးဝ ဂရုမစိုက်ဘူးလား။ သူက နတ်ဧကရာဇ်ရဲ့ သားတော်များလား

အထွဝ်အထိပ်ရှင် ခြင်နတ်ဆိုးက ရင်ထဲမှာသာ ကျိန်ဆဲနေပြီး အပြင်မှာတော့ လွတ်မြောက်နိုင်ဖို့အတွက် ရုန်းကန်နေရသည်

“ထာဝရရှင်သန်သူ စီနီယာက ဂရုမစိုက်ဘူးလားဆိုတာ မသိပေမဲ့ ဒီသွေးနတ်ဘုရားကျမ်းစာက အရမ်းထူးခြားတယ်။ ဒါက အသိစိတ်နဲ့ သွေးကို ခွဲခြားပြီးတော့ ကိုယ်ပွားဖန်တီးပေးနိုင်တယ်။

ပြီးတော့ ကိုယ်ပွားရဲ့ အရှိန်အဝါကလည်း မင်းနဲ့အတူတူပဲ ဖြစ်နေဦးမှာ။ ဒါက နောက်ထပ် တစ်ဘဝ ရလိုက်တာနဲ့အတူတူပဲ။ မူလအသိစိတ်ကနေ အဲဒီကိုယ်ပွားကို လုံးဝ ထိန်းချုပ်ထားလို့ ရတယ်။

မင်းထက် အဆင့်မြင့်တဲ့ ကျင့်ကြံသူတောင် အတုနဲ့အစစ်ကို ခွဲခြားဖို့ ခက်ခဲတယ်။ စောစောက မင်းသတ်လိုက်တဲ့ ရွှေအမြုတေအဆင့် ခြင်နတ်ဆိုးက တကယ်တော့ ငါ့ ကိုယ်ပွားပဲ”

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ပြောပြီးနောက် ရှန်ထျန်း၏ မျက်နှာထားက အံ့ဩသွားမလား၊ စိတ်လှုပ်ရှားသွားမလားဆိုတာကို မျှော်လင့်ရင်း ရှန်ထျန်းကို ကြည့်လိုက်သည်။

တစ်ခုခုသာ ပြောင်းလဲမှု ရှိသွားပါက သွေးနတ်ဘုရားကျမ်းစာတွင် စာမျက်နှာနှစ်ခု ပါရှိသည့်အတွက် သူ ညှိနှိုင်းလို့ရနိုင်သည်။ သူ့လက်ထဲမှာရှိသော တစ်ရွက်က အခြေခံအဆင့်သာ ဖြစ်ပြီး နောက်ထပ်တစ်ရွက်ကိုတော့ သူတစ်ယောက်ထဲသာ သိသောနေရာမှာ ဖွက်ထားသည်။

ရှန်ထျန်းသာ ဤပြိုင်ဘက်ကင်း အမွေအနှစ်မှာ စိတ်ဝင်စားမှုကို ပြသပါက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးအနေဖြင့် အဲဒါကို အခွင့်ကောင်းယူကာ ရှန်ထျန်းကို နောက်ထပ်တစ်ခါ ကျိန်ဆိုရအောင် လုပ်မည်ဟု တွေးနေသည်။

ဒီတစ်ခါတော့ ရှန်ထျန်း သူ့အပေါ်မှာ အခွင့်ကောင်းယူလို့ မရနိုင်တော့ဘူးဆိုတာကို သူ လုံးဝ အာမခံလို့ရတယ်

သို့သော် ရှန်ထျန်းက ပုတီးစေ့ကိုသာ ထုတ်ပြီး ပုတီးစိပ်နေသည့်အတွက် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး စိတ်ပျက်သွားသည်။ သူ့ မျက်နှာထားက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး ပြောပြခဲ့သော သွေးနတ်ဘုရားကျမ်းစာကို လုံးဝ စိတ်ဝင်စားသည့်ပုံ မပေါ်ပေ။

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး ထပ်ပြီး မျှော်လင့်ချက်မဲ့လုဆဲဆဲရောက်မှ ရှန်ထျန်းက စကားပြောလိုက်သည်

“ အခုရှိနေတဲ့ သွေးနတ်ဘုရားကျမ်းစာက မပြည့်စုံတာမလို့ ခင်ဗျားကို လွှတ်ပေးမယ်လို့ ကျိန်ဆိုပေးတာနဲ့ ကျန်နေတဲ့ သွေးနတ်ဘုရားကျမ်းစာကို ပေးမယ်လို့ ပြောချင်နေတာမလား”

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက အံ့ဩမှင်သက်စွာဖြင့် ပြောလိုက်သည်

“ မင်းဘယ်လိုလုပ်ပြီးတော့ သိလဲ”

ရှန်ထျန်းက ပြုံးပြလိုက်သည်။

ကျွန်တော်က ဘာလို့ သိရမလဲ။ အဲဒီမြင်ကွင်းကို မြင်ပြီးသားမလို့ပေါ့

ရှန်ထျန်းက ချန်ကျုံးထျန်း၏ ရောင်ဝါစက်ဝန်းထဲတွင် တောင်နက်မြို့တော်ကို နှိမ်နင်းတော့မည့် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးနှင့် တွေ့ခဲ့သည်ကို ရှန်ထျန်း မြင်ပြီးပြီဖြစ်သည်။

ချန်ကျုံးထျန်း ကနဦးဝိညာဉ်အဆင့်သို့ မရောက်ရှိခင်က ၈ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ဖြစ်ခဲ့သည်။ ထို့နောက် ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိသွားသည့်အခါတွင်လည်း သူ့စွမ်းအားက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးနှင့် နှိုင်းယှဉ်လို့ပင် မရနိုင်ပေ။

သူက ရွှေအမြုတေအဆင့် ခြင်နတ်ဆိုးကိုယ်ပွားကို သတ်ဖြတ်ပြီးနောက် ထောင့်မှာ ပုန်းကွယ်နေသော အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကို ခြေရာခံမိသည်။

ချန်ကျုံးထျန်းက အနိုင်ရပြီး အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကို ဖမ်းနိုင်သွားသည့်အခါ ခြင်နတ်ဆိုးက သွေးနတ်ဘုရားကျမ်းစာကို အသုံးချကာ ညှိနှိုင်းလိမ့်မည်။

နောက်ဆုံးမှာတော့ ချန်ကျုံးထျန်းက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ တောင်းဆိုမှုကို သဘောတူကာ သူ့ကို လွှတ်ပေးလိုက်သည်။ အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးအနေနဲ့ သူ သွေးနတ်ဘုရားကျမ်းစာကို တခြားဘယ်သူ့ကိုမှ သင်ပေးလို့ မရဘူးဟု ကျိန်ဆိုခဲ့ရသည်။

ရှန်ထျန်းက ချန်ကျုံးထျန်းအနေဖြင့် မကောင်းသော အလုပ် အများကြီးလုပ်ပြီး လူအများကို သတ်ဖြတ်ပြီး ပြိုင်ဘက်ကင်း စွမ်းအားရှိတဲ့ နတ်ဆိုးကို လွှတ်ပေးတဲ့အတွက် ဘာမှမပြောလိုပါဘူး

ဒါပေမဲ့ ရှန်ထျန်းက သွေးနတ်ဘုရားကျမ်းစာ ဘယ်မှာရှိလဲဆိုတာကို သိပြီးပြီဖြစ်လို့ အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးရဲ့ ကမ်းလှမ်းချက်ကို သဘောမတူသလို သူ့ကိုလည်း လွှတ်ပေးမည် မဟုတ်ပေ။

“ ကျိုးအာ သူ့ကို လက်စသတ်လိုက်တော့”

သုန်မှုန်နေသော ကျက်သရေရှိသည့် သရဲမက ဟာရီတီ ပုတီးစေ့များထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။ သူက ကြာပစ်ခွင်းသေနတ်ကို ကိုင်ထားကာ အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ နဖူးကို ချိန်ရွယ်ထားပြီးနောက် အစီအရင်ကို အသက်သွင်းလိုက်သည်။

ဝုန်း…

ဖောက်ထွင်းလက်နက်၏ ကျည်ဆန်က အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ကနဦးဝိညာဉ်ထဲသို့ ဝင်ရောက်သွားကာ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက နာကျည်းစွာဖြင့် ပြောလိုက်သည်

“ မင်း…မင်း တခြားလူကို ခိုင်းပြီးတော့ ငါ့ကို မသတ်ပါဘူးလို့ ကျိန်ဆိုထားတယ်လေ”

ရှန်ထျန်းက တောင်နက်မြို့တော်ကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။

ခြင်အုပ်ကို ထွက်သွားအောင် လုပ်နိုင်ခဲ့သော်လည်း တစ်ခဏအတွင်းမှာပင် လူတော်တော်များများ ဒဏ်ရာရပြီး တချို့ကလည်း သေဆုံးသွားကြသည်။

လေထုထဲရှိ သွေးရနံ့ကို ရှူရှိုက်ရင်း ရှန်ထျန်းက ဟာရီတီပုတီးကို စိပ်ရင်း အေးစက်စွာ ပြောလိုက်သည်

“ ကျိုးအာ … မင်းပဲ ပြောလိုက်တော့”

အနီရောင် ဝတ်စုံဝတ်ဆင်ထားသော သရဲမက ကြာပစ်ခွင်းသေနတ်ကို ပြန်ရုတ်သိမ်းကာ ပြုံးပြရင်း ပြောလိုက်သည်

“ ကျိုးအာက လူမဟုတ်ပါဘူး။ သရဲမပါ”

“ မင်း…မင်းတို့ လူသားတွေက အရမ်းဉာဏ်များတာပဲ” အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ အသိစိတ်က ဖြည်းဖြည်းချင်း ပျောက်ဆုံးသွားလေပြီ။

သူ သေသည့်အထိ သူ့ရှေ့မှာရှိသောလူသားက အရမ်းအဖိုးတန်သော အထွတ်အထိပ်အဆင့် အမွေအနှစ်ဖြစ်သည့် သွေးနတ်ဘုရားကျမ်းစာကြောင့် ဘာလို့ စိတ်မလှုပ်ရှားရလဲဆိုသည့် အကြောင်းအရင်းအား မသိသွားခဲ့ရှာပေ။

ဒီငတုံးရဲ့ စိတ်ထဲမှာ ဒီသေမျိုးတွေရဲ့ အသက်က ပြိုင်ဘက်ကင်း ထာဝရကျမ်းစာထက် ပိုပြီးတော့ အရေးကြီးနေတာ ဖြစ်နိုင်လို့လား

ကံမကောင်းစွာဖြင့် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး သေသွားသည်အထိ သံသယတွေ မရှင်းလင်းသွားရပေ။ ကျိုးအာ၏ သေနတ်လက်ချက်ကြောင့် သေသွားပြီး အငြိုးအတေးများလည်း ရှိခွင့် မရှိတော့ပေ။

တစ်ဖက်တွင် ချန်ကျုံးထျန်းလည်း လုံးဝ ကြောင်အနေသည်။ သူက တောင်နက်မြို့တော်ထဲမှာ ဖြစ်ပျက်နေတာကို ကြည့်ပြီး ခေါင်းကိုက်နေသည်။

ငါ ဘာတွေ လုပ်ခဲ့တာလဲ

တောင်နက်မြို့တော်ကို ကာကွယ်ထားတဲ့ မိုးကြိုးကာကွယ်ရေး အစီအရင်က ရှိနေပြီးသားလား။ ငါက ကြယ်ရထားလုံးစီးပြီးတော့ အကာအကွယ်ကို ဖျက်စီးပစ်ခဲ့တာလား

ငါက ဦးချိုတစ်ခုပါ မြင်းပျံလေးကောင်ကို သေစေခဲ့ရုံတင် မကသေးဘူး … ဝိညာဉ်ရွှေရထားလုံးကိုလည်း ဖျက်စီးမိသလို သေဆုံးမှု၊ ထိခိုက်မှုတွေကိုလည်း ဖြစ်စေခဲ့တာလား

သေစမ်း … ငါ့ရဲ့ စိတ်စွမ်းအားကို သုံးပြီးတော့ မသွားခင် လမ်းကြောင်းစစ်ဆေးတာမျိုး ဘာလို့ မလုပ်ခဲ့တာပါလိမ့်။ အထွတ်အမြတ်မြေကသူတွေသာ ဒီအကြောင်းကို ပြန်ကြားရင် ငါက ဟာသကြီးတစ်ခု ဖြစ်လာမှာ မဟုတ်လား

မြို့ထဲရှိလူများ၏ လက်ညှိုးထိုးပြီး တီးတိုးပြောနေကြတာကို ကြားပြီး ချန်ကျုံးထျန်း စိတ်ဓာတ်ကျလာမိသည်။

ဒီထက်ပိုပြီးဆိုးသည်က ချန်ကျုံးထျန်း ရင်းနှီးသော ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။

ဒါက သူပဲ။ သူပဲ…ဒါက တကယ်ကို သူပဲ

ထိုအခိုက်အတန့်၌ ချန်ကျုံးထျန်း၏ စိတ်ဓာတ်ကျမှု ပိုမို ဆိုးရွားလာခဲ့သည်။

All Chapters