← Chapters

တခြားရွေးချယ်စရာ မရှိတော့ဘူး…အရမ်းပူတယ်

Vol. 11-16 Ch. 192

တခြားရွေးချယ်စရာ မရှိတော့ဘူး…အရမ်းပူတယ်

Vol. 11-16 Ch. 192

အခန်း (၁၉၂) : တခြားရွေးချယ်စရာ မရှိတော့ဘူး…အရမ်းပူတယ်

ရှန်ထျန်းက သူ့ကို ထွက်မသွားစေချင်သည့် မြို့သူ၊ မြို့သားများကို နှုတ်ဆက်ကာ ထွက်ခွာသွားလိုက်သည်။ ပြောပြဖို့ ထိုက်တန်သည့်အရာတစ်ခုက သူ တောင်နက်မြို့တော်ကို ကယ်တင်ပြီးနောက် ထပ်ပေါင်းဆုလာဘ်တစ်ခု ဖြစ်သည့် လျန့်ချန်ကိုလည်း ရရှိခဲ့သည်။

ရှန်ထျန်းက သူ့အမေကို ကယ်တင်ပေးခဲ့သည့်အတွက် လျန့်ချန်က ရှန်ထျန်းနောက်သို့ လိုက်ကာ အစေခံအဖြစ် ကျေးဇူးကြွေးဆပ်မည်ဟု တတွတ်တွတ်ပြောကာ တွယ်ကပ်နေသည်။

ထို့ကြောင့် ရှန်ထျန်း အတော်လေး ဒုက္ခရောက်နေသည်။

မင်းက ငါ့အတွက် ဘာများလုပ်ပေးနိုင်လို့လဲ …

ရှန်ထျန်းကလည်း ခပ်မိုက်မိုက်ပုံစံဖမ်းကာ လျန့်ချန်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ဝင်ရောက်ဖို့ ပြောလိုက်သည်။ သူသာ အထွတ်အမြတ်မြေ၏ တပည့်တစ်ယောက်ဖြစ်လာပါက သူက ရှန်ထျန်းနှင့် ကံစပ်နေဆဲဖြစ်ကြောင်း ဆိုလိုနိုင်သည်။

လျန့်ချန်လိုမျိုး အခြေတည်အဆင့် ကျင့်ကြံသူအတွက် တောင်နက်မြို့တော်မှ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ခရီးနှင်ရန် ထင်သလောက် မရိုးရှင်းပေ။ လျန့်ချန်၏ ကံကြမ္မာအရ သူ တကယ်ပဲ အံ့ဖွယ်မိုးကောင်းကင်သို့ သွားချင်ပါက သူ့အတွက် အရမ်းအန္တရာယ်များလိမ့်မည် မဟုတ်ပေ။

လျန့်ချန်သာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ တကယ်ရောက်ရှိပြီး ရှန်ထျန်းကြောင့် ဂိုဏ်းသားတစ်ယောက်ဖြစ်လာပါက သူ၏ အနီရောင်ဖြစ်လုနီးပါး ရောင်ဝါစက်ဝန်းနှင့် အရည်အချင်းများကြောင့် အထွတ်အမြတ်မြေတွင် သူ့ကို ပါရမီရှင်အဖြစ် ဆက်ဆံခံရမည် ဖြစ်သည်။

ပါရမီရှင်တွေကို အမြဲ အလိုရှိနေသည်။

အထွတ်အမြတ်မြေ၏ ကြီးပွားတိုးတက်မှုသည် ကျန်းယွင်ရှီး၊ ကျန်းယွင်ထင်တို့ကဲ့သို့သော ရွှေရောင် ရောင်ဝါစက်ဝန်းပိုင်ရှင် ပြိုင်ဘက်ကင်း ပါရမီရှင်များမရှိဘဲ ဖြစ်လာနိုင်သည့်အရာ မဟုတ်သလို အနီရောင် ရောင်ဝါစက်ဝန်းများ၏ အဓိက ပံ့ပိုးမှုကလည်း အရေးပါနေဆဲ ဖြစ်၏။

ကံကြမ္မာရဲ့ ကောင်းချီးပေးခံထားရတဲ့သူ များလေလေ ပိုကောင်းလေပေါ့

ရှန်ထျန်းက တောင်နက်မြို့မှ ထွက်လာကာ မြောက်ဘက်သို့ ဦးတည်ပျံသန်းရင်း သူ့မှတ်ဉာဏ်ထဲမှ မြင်ကွင်းအတိုင်း ခရီးနှင်နေသည်။ မိုင် ၃၀၀ လောက် ခရီးနှင်ပြီးနောက် တောင်ကြားတစ်ခုကို အောင်မြင်စွာ ရှာတွေ့သွားရသည်။ ခုနစ်စဉ်ကြယ်မြို့တော်မှ မြေပုံကို ကြည့်ပြီး သွားတုန်းက ဘာလို့ လမ်းပျောက်ခဲ့ရလည်းဆိုတာကို ရှန်ထျန်း ကောင်းကောင်းနားလည်သွားသည်။

အဲဒါက အရမ်းကို ဝိုးတိုးဝါးတားဖြစ်လာတာပဲ

တွေ့လား….အခု ငါ့ဆီမှာ အဆင့်အတန်းမြင့်တဲ့ မြေပုံရှိတော့ နေရာကို တိတိကျကျနဲ့ တန်းပြီးတော့ ရှာတွေ့တယ်

ထိုနေရာက တောင်ကတုံးဖြစ်ပြီး ပေါင်းပင်များမှ လွဲပြီး တခြားသက်ရှိများကို မမြင်ရပေ။

ထိုကဲ့သို့သော အခြေအနေမျိုးကို ကျင့်ကြံရေးလောကတွင် ကြုံတွေ့နိုင်ဖို့ ခက်ခဲသည်။ ဝိညာဉ်ကျောက်တုံးများ မရှိသည့် ဆင်းရဲသော ကျင့်ကြံသူများအနေဖြင့် ဝိညာဉ်ချီစုဆောင်းရေးအစီအရင်ကိုသာ အသက်သွင်းပြီး အနီးပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို စုကာ ကျင့်ကြံရသည်။

အစီအရင်ကို အသက်သွင်းရတာ အရမ်းဒုက္ခများတယ်လေ…အဲဒါက ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိဖွဲ့စည်းမှုစနစ်ကို ပျက်စီးသွားစေလို့လေ

တစ်ချိန်တည်းမှာပဲ အကျိုးသက်ရောက်မှုကလည်း ဝိညာဉ်ကျောက်တုံးနှင့် နှိုင်းယှဉ်လို့ပင် မရပေ။ ထို့ကြောင့် အဓိကဂိုဏ်းများ၏ ကျင့်ကြံသူများက ထိုကဲ့သို့သော အရှက်ရစရာ အလုပ်မျိုးကို မလုပ်ကြပေ။ တခြားသူများ သိသွားလျှင် ဂိုဏ်းသိက္ခာကျစေသည်။

သို့သော် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကဲ့သို့သော နတ်ဆိုးတစ်ကောင်တွင် ထိုကဲ့သို့သော ချုပ်တည်းမှုမျိုး မရှိပေ။ သူက ဆယ်မိုင်အတွင်းရှိ ဝိညာဉ်ချီများကို စုစည်းရန်အတွက် ဝိညာဉ်ချီစုဆောင်းရေးအစီအရင်ကို အသက်သွင်းပြီး ကျင့်ကြံခဲ့သည်။

ထိုကဲ့သို့ လုပ်သော်လည်း သူနှင့် သွေးနတ်ဘုရားကိုယ်ပွားတို့ ကျင့်ကြံနေစဉ် သုံးစွဲမှုအတွက် မလောက်ငှပေ။ လုံလောက်မှု ရှိခဲ့ပါက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးအနေဖြင့် စွန့်စားပြီး တောင်နက်မြို့တော်ကို အမြစ်ဖြတ်သုတ်သင်ဖို့ လုပ်ခဲ့မှာ မဟုတ်ပေ။ ကိုယ်ပွားများ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ပေးဖို့အတွက် လူသွေးကို အသုံးပြုချင်ခဲ့ခြင်း ဖြစ်သည်။

ဤတောင်ကတုံးက အရမ်းကြမ်းတမ်းသည့် နေရာဖြစ်သော်လည်း ရှန်ထျန်းက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက သွေးနတ်ဘုရားကျမ်းစာ၏ ဒုတိယစာမျက်နှာကို ဘယ်နေရာမှာ ဖွက်ထားလဲဆိုတာကို အတိအကျ သိထားသည့်အတွက် ရှန်ထျန်း မစိုးရိမ်မိပေ။

ရှန်ထျန်းက သေနတ်စီးနင်းပျံသန်းခြင်းကို အသုံးပြုပြီးနောက် လျှို့ဝှက်တောင်ကြား တံခါးပေါက်ရှေ့တွင် အမြန်ရပ်တန့်လိုက်သည်။ သူ့အကြည့်ထဲမှာလည်း စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။

တောင်၌ ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေသည်။ အနီးအနားမှာ ပန်းများ၊ သစ်ပင်များဖြင့် စိမ်းစိုနေပြီး စောနကမြင်ခဲ့ရသော မြင်ကွင်းနှင့် တခြားစီ ဖြစ်နေသည်။

ထိုနေရာက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး ကျင့်ကြံခဲ့သည့်နေရာ ဖြစ်သည်။ တောင်ကြားဝင်ပေါက်တွင် သွေးနီရောင်အလင်းတန်း ထုတ်လွှတ်နေသော ရိုးရှင်းသော ကာကွယ်ရေးအစီအရင်က ရှိနေဆဲ ဖြစ်၏။

ရှန်ထျန်း အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် လုံယွမ်နတ်ချပ်ဝတ်တန်ဆာ သူ့ကိုယ်ပေါ်တွင် ထပ်ပေါ်လာပြီး သူ့လက်ထဲတွင်လည်း နတ်မိုးကြိုးငါးပါး စွမ်းအားတို့ စုစည်းလာသည်။

“ ၇၀ ရာခိုင်နှုန်း ဓာတ်နှော မိုးကြိုး…လက်သီး”

ဝုန်း…

ရွှေရောင် မိုးကြိုးလုံးက ကောင်းကင်တခွင် ပျံ့နှံ့သွားပြီး အလင်းရောင်လည်း လိုက်ပါလာသည်။ ကြည့်ရသည်မှာ ဤတောင်ကြားကို အားအပြည့်ဖြင့် ထိုးစိုက်ချသည့် ရွှေလှံရှည်သဖွယ်ဖြစ်နေသည်။

အစီအရင်၏ မျက်နှာပြင်က အင်မတန် ကြံ့ခိုင်သော်လည်း လှံရှည်၏ စွမ်းအားပြည့်ထိုးဖောက်မှုကိုတော့ မယှဉ်နိုင်ပေ။

သွေးနီရောင် အလင်းတန်းလည်း ပျက်စီးသွားကာ အဘက်ဘက်သို့ လွင့်စင်သွားသည်။ ရှန်ထျန်းက ဓာတ်နှောမိုးကြိုးလက်သီးကို ထုတ်သုံးလိုက်ပြီးနောက် တောင်ထဲ ဝင်သွားသည်။

ဝှီး…

ငါ နောက်ဆုံးတော့ အထဲရောက်သွားပြီ

ရှန်ထျန်းလည်း သက်ပြင်းချလိုက်မိသည်။

မိုးကြိုးလက်သီး စွမ်းအား ၇၀ ရာခိုင်နှုန်းသုံးလိုက်ခြင်းက မပြင်းထန်ပေ။ သူ အနည်းငယ် ပင်ပန်းသွားသော်လည်း စွမ်းအားရာခိုင်နှုန်းပြည့် သုံးခြင်းထက်တော့ ပိုပြီး သက်သာသည်။

“ အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ကနဦးဝိညာဉ်အဆင့် နတ်ဆိုးဖြစ်ပေမဲ့လည်း သူ့ရဲ့ ကာကွယ်ရေး အစီအရင်စွမ်းအားကတကယ် အားနည်းတာပဲ”

ရှန်ထျန်း နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

လူတွေက ပုံမှန်အားဖြင့် သူတို့၏ ခွန်အားနှင့် ကိုက်ညီသော သို့မဟုတ် အားပိုကောင်းသော ကာကွယ်ရေး အစီအရင်များကိုသာ အသုံးပြုလေ့ရှိကြတာလေ…တကယ်လို့ တိုက်ရိုက်တိုက်ခိုက်နိုင်တယ်ဆိုရင် အစီအရင်လုပ်ဖို့အတွက် ဘာလို့အားစိုက်ထုတ်နေရဦးမှာလဲ

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ကာကွယ်ရေး အစီအရင်က အများဆုံး ၃ ဆင့်မြောက် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကိုသာ ဟန့်တားနိုင်သည်။ လူသားမျိုးနွယ်က ဆေးလုံးဖန်တီးခြင်းနှင့် ကာကွယ်ရေးအစီအရင် အသက်သွင်းခြင်းစသော တခြားပညာရပ်အပေါ်တွင် ထူးခြားသော အကျိုးအမြတ်များ ရရှိသည်ဟု ပြောနိုင်သည်။

ဝင်ပေါက်ရှိ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးပြီးနောက် ရှန်ထျန်းက တောင်ကြားထဲသို့ ဝင်သွားသည်။ တောင်ကြားထဲ ရောက်ရှိသွားသည့်အခါ နောက်ထပ်ကာကွယ်ရေး အစီအရင်များ မရှိတော့သည်ကို ကြည့်ခြင်းအားဖြင့် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက သူ့ကာကွယ်ရေး အစီအရင်ပေါ်မှာ အလွန်အမင်း ယုံကြည်မှု ရှိပုံရသည်။

ဒါမှမဟုတ် ဒီတောင်ကြားမှာ တန်ဖိုးရှိတဲ့အရာတွေ မရှိလို့လည်း ဖြစ်နိုင်ပါတယ်

နတ်ရေစင်ဝိညာဉ်အသျှင်၏ နေရာနှင့် ယှဉ်လိုက်လျှင် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး ကျင့်ကြံသည့် နေရာက ရိုးရှင်းပြီး သဘာဝဆန်သည်။ တောင်ကြား အလယ်တွင် အိမ်ငယ်လေးတစ်လုံးသာ ရှိသည်။ ထိုနေရာက ဝိညာဉ်စုဆောင်းခြင်း အစီအရင်၏ ဗဟိုချက်ဖြစ်ပြီး ဝိညာဉ်ချီအများဆုံးကို ထိုနေရာမှာ စုပ်ယူနိုင်သည်။

ရှန်ထျန်းက အိမ်ငယ်လေးရှိရာဆီ မသွားဘဲ ဘေးဖက်ရှိ ကျောက်ဆောင်ဆီ သွားလိုက်သည်။ သူက ညာဘက်လက်ထဲမှ အံ့ဖွယ်ဝါးမျိုနွယ်ပင်က ကျောက်ဆောင်နံရံထဲသို့ ဖောက်ဝင်သွားကာ ပြင်းထန်စွာ မွှေပစ်သည်။

ထို့နောက် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားကာ အထဲမှ ကြက်သွေးရောင် အလင်းတန်း ထွက်ပေါ်လာသည်။ ရှန်ထျန်း အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးဆီမှ ရရှိထားသော သွေးနတ်ဘုရားကျမ်းစာမှ စာရွက်နှင့်တူညီသော နောက်ထပ် အနီရောင် စာရွက်တစ်ရွက် ထွက်လာသည်။

ရှန်ထျန်း ထိုကျမ်းစာ အပိုင်းအစကို သိမ်းပြီးနောက်မှ စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် ချက်ချင်းဆိုသလို သေနတ်ပျံစီးနင်းခြင်းကို အသုံးပြုကာ ထွက်ခွာသွားသည်။

မမျှော်လင့်စွာဖြင့် သူ လမ်းပျောက်တော့မလိုဖြစ်သွားသည်။

ရှန်ထျန်းက တောင်တစ်ခုပေါ်တွင်ရပ်ကာ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို အသုံးပြုကာ မြေအောက် ၁၀၀ မီတာနက်သော ဂူဗိမာန်တစ်ခုကို ဖန်တီးလိုက်သည်။

အဲဒီမှာ အောက်ဆီဂျင်ရော ရှိလားလို့ မမေးနဲ့ … ကျင့်ကြံသူတွေက ဝိညာဉ်ချီထဲမှာ အသက်ရှူကြတာ

ပတ်လည်တွင် တည်နေရာဖုံးကွယ်ရေး အစီအရင်ကို အသက်သွင်းပြီးနောက် ရှန်ထျန်းက ဇာမဏီငှက်မွေးမျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။ အရာအားလုံးအဆင်ပြေတာ သေချာသွားသည့်အခါမှ သွေးနတ်ဘုရားကျမ်းစာ စာရွက်များကို သေချာဂရုတစိုက် ထုတ်လိုက်သည်။

ရှန်ထျန်း၏ ရှေ့တွင် ရှိနေသော သွေးနီရောင် စာမျက်နှာနှစ်ခုက အရမ်း လင်းလက်တောက်ပနေသည်။

တစ်ရွက်ချင်းစီတိုင်းကလည်း ကီလိုဂရမ်ရာချီပြီး အလေးချိန် ရှိတယ်။

ပြီးတော့ သူတို့၏ အရည်အသွေးကလည်း ထူးကဲလို့သာပေါ့ မဟုတ်ရင် ဓားသခင်အမှတ်အသားပြားရဲ့ စွမ်းအားပြည့် တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိလောက်ဘူးလေ

ဤစာရွက်နှစ်ရွက်ကိုသာ သူ့ရင်ဘတ်နှင့် ချိတ်ဆက်နိုင်ပါက ရင်အုပ်ကာ ချပ်ဝတ်ဖြစ်လာနိုင်သည်ဟု ရှန်ထျန်း ခံစားနေမိသည်။

သူ ကျင့်စဉ်ကို လည်ပတ်စေပြီး ရှန်ထျန်းက ညာဘက်လက်ညှိုးမှ သွေးနှစ်စက်ကို ထုတ်ယူလိုက်သည်။ ထိုသွေးနှစ်စက်ကို အနီရောင် စာရွက်နှစ်ရွက်ပေါ်တွင် တစ်စက်စီချလိုက်ပြီးနောက် ချက်ချင်းစုပ်ယူသွားသည်။

ရှန်ထျန်း ရုတ်တရက် ကမ္ဘာကြီးလည်ထွက်သွားသလို ခံစားရပြီးနောက် သူ့ရှေ့ရှိ မြင်ကွင်းကလည်း ချက်ချင်း သွေးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုသွေးပင်လယ်ထဲတွင် ပေါ်လိုက်မြုပ်လိုက်ဖြစ်နေသော သက်ရှိများစွာကို ရှန်ထျန်းတွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပဲ ကျင့်စဉ်၏ ခက်ခဲနက်နဲသော ဂါထာမန္တန်များလည်း ရှန်ထျန်း၏ ခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ သူ့မှတ်ဉာဏ်ထဲမှာ စွဲနေအောင် မှတ်ထားစေသည်။

သွေးနတ်ဘုရားကျမ်းစာ၏ စာမျက်နှာနှစ်ခု ပညာရပ်နှစ်ခု အသီးသီး ထွက်ပေါ်လာကြသည်။

သွေးနတ်ဘုရားကျမ်းစာ၏ ပထမဆုံးစာမျက်နှာတွင် မဟာသွေးဖန်တီးခြင်း ပညာရပ်ကို မှတ်သားထားပြီး အချုပ်အားဖြင့် သွေးကျင့်စဉ် ဖြစ်၏။

ထိုပညာရပ်က ကျင့်ကြံသူ၏ သွေးကို အသုံးပြုကာ နောက်ထပ် ကိုယ်ပွားတစ်ခုဖန်တီးခြင်း ဖြစ်သည်။ အရှိန်အဝါ၊ အမြုတေနှင့် အရာအားလုံးက လူအစစ်၏ ခန္ဓာကိုယ်အတိုင်း တစ်ထပ်တည်း တူညီသော်လည်း သူ့ဆီမှာ အသိစိတ်တော့ မရှိပေ။

သူ့ ကျင့်ကြံဆင့်သည်လည်း သွေးပမာဏ ဘယ်လောက်များများ သုံးထားလဲဆိုသည့်အပေါ်တွင် မူတည်သည်။ သွေးများများသုံးလေလေ ခန္ဓာကိုယ်၏ ကျင့်ကြံဆင့်က ပိုပြီးအားကောင်းလေလေ ဖြစ်သည်။ အများဆုံးအနေဖြင့် ကျင့်ကြံသူ၏ ကျင့်ကြံဆင့် ၇၀ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်သည်။

သွေးအများကြီး သုံးဖို့အတွက် တွေဝေနေပါက ပထမဆုံးအနေဖြင့် အားနည်းသော ကိုယ်ပွားတစ်ခုကို ဖန်တီးကာ ထိုကိုယ်ပွား၏ စွမ်းအားအလျင်အမြန် တိုးတက်လာဖို့အတွက် တခြားလူများ၏ သွေးကို အသုံးပြုလို့လည်း ရသည်။

သို့သော် တခြားသူ၏ သွေးကို စုပ်ယူထားသော ကိုယ်ပွားသည် အပြည့်အဝ သဟဇာတဖြစ်မည် မဟုတ်ပေ။ ထိုကိုယ်ပွားတွင် ကျင့်ကြံသူ၏ စွမ်းအား ၃၀ ရာခိုင်နှုန်းသာ အများဆုံး ပါရှိနိုင်သည်။ အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးအနေဖြင့် သူတစ်ယောက်တည်း၏ သွေးဖြင့် မလုံလောက်သည့်အတွက် တောင်နက်မြို့တော်ရှိ လူများ၏ သွေးကို သူ၏ ခြင်နတ်ဆိုး ကိုယ်ပွားများကို တိုက်ပြီး ခွန်အားတိုးလာအောင် လုပ်ဖို့ စီစဉ်ထားခြင်း ဖြစ်သည်။

ဒုတိယစာမျက်နှာတွင် ပါဝင်သောအရာမှာ မဟာဝိညာဉ်ခွဲ ပညာရပ် ဖြစ်ပြီး အတိုချုံခေါ်လျှင် ဝိညာဉ်ကျင့်စဉ် ဖြစ်၏။ ထိုပညာရပ်ကို အသုံးပြုပြီး ကျင့်ကြံသူ၏ ဝိညာဉ်အပိုင်းအစလေးကို ခွဲထုတ်ကာ သွေးကျင့်စဉ်ဖြင့် လုပ်ထားသော ကိုယ်ပွားထဲသို့ ပေါင်းထည့်နိုင်သည်။

ထိုအခါ ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပွားကို ဝိညာဉ်အပိုင်းအစကို ဖြတ်ပြီး ထိန်းချုပ်နိုင်သည်။ ထိုကဲ့သို့သော ဝိညာဉ်က ရုပ်သေးရုပ်လိုမျိုး ဖြစ်နေပြီး သွေးနတ်ဘုရား၏ သားတော်ဟု ခေါ်ဆိုနိုင်သည်။

သွေးနတ်ဘုရားကျမ်းစာထဲမှ ပညာရပ်ဖြင့် ဖန်တီးထားသော ကိုယ်ပွားက ဝိညာဉ်အသွင်ပြောင်းအဆင့်ရှိ ဝိညာဉ်ကိုယ်ထင်ပြခြင်းနှင့် မတူညီဘဲ ကွဲပြားသည်။

ပထမဆုံးအနေဖြင့် ဝိညာဉ်အသွင်ပြောင်းအဆင့်ရှိ ဝိညာဉ်ကိုယ်ထင်ပြခြင်းက ကိုယ်ပွားစစ်စစ် မဟုတ်ဘဲ တာအို သရုပ်ဖော်ထားသလို အရာမျိုး ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက် ရုပ်လုံးဖော်နိုင်သော တာအိုကိုယ်ပွားအရေအတွက်က ကျင့်ကြံသူအနေဖြင့် တာအို မည်မျှဉာဏ်အလင်းပွင့်ခဲ့လဲဆိုသည့်အပေါ် မူတည်သည်။ သွေးနတ်ဘုရားကျမ်းစာက ကျင့်ကြံသူတစ်ယောက် ဖန်တီးနိုင်သော သွေးနတ်ဘုရားသားတော် အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိပေ။ ကျင့်ကြံသူအနေဖြင့် သွေးဆုံးရှုံးခြင်းနှင့် စိတ်ဝိညာဉ်မောပန်းမှုကိုသာ ခံနိုင်ရည်ရှိပါက သွေးနတ်ဘုရားသားတော်ကို မရပ်မနား ဖန်တီးနေလို့ရသည်။

ဒုတိယအချက်အနေဖြင့် ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူများ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည့်အခါ တာအိုဝိညာဉ်ကိုယ်ထင်ပြခြင်းနှင့် ပေါင်းစည်းသွားကာ တစ်သားတည်း ဖြစ်သွားသည်။ ထိုအခါမှသာ ကျင့်ကြံသူက အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

သွေးနတ်ဘုရားသားတော် ကိုယ်ပွားများတွင် ထိုကဲ့သို့သော ကန့်သတ်ချက်မျိုး မရှိဘဲ ပင်မခန္ဓာကိုယ်နှင့် အချိန်မရွေး ပေါင်းနိုင်သလို ခွဲထုတ်လို့လည်းရသည်။ ကျင့်ကြံသူအနေဖြင့် အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်ကို ဖြတ်ကျော်ရှင်သန်ပြီးနောက် ဝိဇ္ဇာတစ်ပါးဖြစ်လာသည့်အခါတွင်လည်း ထိုပညာရပ်ကို ဆက်လက် အသုံးပြုလို့ရသေးသည်။

တတိယအချက်အနေဖြင့် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူ၏ ဝိညာဉ်ကိုယ်ထင်ပြခြင်းက တာအိုရုပ်လုံးဖော်ခြင်းဖြစ်သည့်အတွက် ပင်မခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သည်။ ထိုကိုယ်ပွားဖျက်စီးခံလိုက်ရပါက ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူ၏ စွမ်းအားလည်း အဆမတန် လျော့နည်းသွားမည်ဖြစ်သည့်အပြင် ထိုတာအိုကို နားလည်နိုင်စွမ်းလည်း ပြိုကျပျက်စီးသွားမည်။

သွေးနတ်ဘုရားသားတော်ကတော့ ဖန်တီးပြီးသွားသည်နှင့် တစ်ပြိုင်နက် ပင်မခန္ဓာကိုယ်မှ သွေးနှင့် ဝိညာဉ်တစ်စိတ်တစ်ပိုင်း ဆုံးရှုံးမှုဖြစ်ပြီး ကျင့်ကြံသူ၏ ခွန်အားကိုသာ လျော့နည်းစေမည် ဖြစ်သည်။

ကျင့်ကြံသူသာ သေချာ ကျင့်ကြံအားထုတ်ပြီး ဆုံးရှုံးလိုက်ရသော သွေးနှင့်ဝိညာဉ်ကို ပြန်လည်ဖြည့်တင်းနိုင်ပါက ပင်မခန္ဓာကိုယ်၏ စွမ်းအားကို ပြန်လည် ရရှိလာနိုင်သည်။ ထို့နောက် ရှေ့လျှောက် သွေးနတ်ဘုရားသားတော်ကိုယ်ပွား အသတ်ခံရလျှင်ပင် ပင်မခန္ဓာကိုယ်၏ စွမ်းအားကို ထိခိုက်ခြင်း မရှိပေ။

သွေးနတ်ဘုရားသားတော်ကိုယ်ပွားက လက်နက်တစ်ခုနှင့် ပိုတူနေသည်။

နောက်ဆုံးအနေဖြင့်  ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူ၏ ဝိညာဉ်ကိုယ်ထင်ပြခြင်းမှ အရှိန်အဝါက သိသိသာသာ ကွဲပြားသည်။ ထိုကိုယ်ပွားက ပင်မခန္ဓာကိုယ်၏ အရှိန်အဝါ တစ်စိတ်တစ်ပိုင်းကိုသာ ရရှိထားသည့်အတွက် တခြားဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူများက အလွယ်တကူ ခွဲခြားသိရှိနိုင်သည်။

ထိုကိုယ်ပွားကို သတ်လိုက်ပါက ချက်ချင်းပျောက်ကွယ်သွားမည် ဖြစ်ပြီး အကြွင်းအကျန် ရှိမည်မဟုတ်ပေ။

သွေးနတ်ဘုရားသားတော်ကိုယ်ပွားကတော့ ပင်မခန္ဓာကိုယ်၏ သွေးမှ ဖန်တီးထားသည့်အတွက် မတူညီပေ။

ထိုကိုယ်ပွားသေသွားပါက ပင်မခန္ဓာကိုယ်နှင့်တူညီသော အလောင်း ကျန်ရှိမည်ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူအနေဖြင့် အန္တရာယ်နှင့် ကြုံတွေ့ပြီး အမဲလိုက်သလို အလိုက်ခံရပါက အာရုံလွှဲဖို့အတွက် သွေးနတ်ဘုရားသားတော် ကိုယ်ပွားကိုသာ အသုံးပြုမည် ဖြစ်သည်။

ထိုကိုယ်ပွားအနေဖြင့် ကိုယ့်အသက်ကို စတေးခံလိုက်ပါက သူရဲကောင်းဆန်ဆန် သေဆုံးခြင်းမျိုး ဖြစ်လိမ့်မည်။ ရန်သူက ထိုကိုယ်ပွားကို “ယောက်ျားပီသတဲ့သူ ဖြစ်တဲ့အတွက် လေးစားပါတယ်” ဟုပင် ချီးကျူးသွားနိုင်သည်။

ထိုအခါ ခန္ဓာကိုယ်အစစ်ကတော့ ဘေးကင်းစွာဖြင့် ပုန်းနိုင်မည် ဖြစ်သည်။

သူကိုယ်တိုင်မှလွဲ၍ သေဆုံးသွားသူက ကိုယ်ပွားဖြစ်ကြောင်း တခြားမည်သူမှ မသိနိုင်ပေ။

အရမ်းလုံခြုံတယ်

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက မဟာဝိဇ္ဇာသွေးမြစ်က ထိုပညာရပ်နှစ်ခုကို သုံးကာ အရှေ့ပိုင်းလွင်ပြင်တစ်ခွင်လုံးတွင် သွားချင်သော နေရာကို သွားပြီး သူ လုပ်ချင်သမျှ အရာအားလုံးကို လုပ်ခဲ့သည်။

သူက သွေးနတ်ဘုရားသားတော်တွေကို အများကြီးဖန်တီးပြီးနောက် သေရမှာကို မကြောက်သည့် ကိုယ်ပွားများကို စေလွှတ်ပြီး အထွတ်အမြတ်မြေများကို စော်ကားသလို သူတော်စင်မများကိုလည်း မြူဆွယ်ခိုင်းသည်။ သူက အရမ်းမောက်မာသောသူ တစ်ယောက် ဖြစ်ခဲ့သည်။

စွမ်းအားကြီးသော လူသားကျင့်ကြံသူများက သူတို့ မဟာဝိဇ္ဇာသွေးမြစ်ကို သတ်နိုင်ခဲ့ပြီဟု အကြိမ်တိုင်း တွေးထင်လေ့ရှိကြသည်။

သို့သော် ရက်အနည်းငယ်အတွင်း မဟာဝိဇ္ဇာသွေးမြစ်အသစ် ထပ်ပေါ်လာပြန်သည်။

ထိုအခိုက်အတန့်တွင် သူက အရမ်း ကိုယ့်ကိုယ်ကို အထင်ကြီးနေသည့်အတွက် မိုးကြိုးလှိုင်း အထွတ်အမြတ်မြေထဲသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ဝင်ရောက်ရဲကာ သူတို့၏ ၁၂ ဆင့်မြောက် ကုသိုလ်ရွှေကြာကို ခိုးခဲ့သည်။

ကိုယ်ပွားက ကျရှုံးသွားခဲ့သော်လည်း ကုသိုလ်ရွှေကြာ အဆီအနှစ်များကို စုပ်ယူပစ်ခဲ့သောကြောင့် ၁၂ ဆင့်မြောက် ကုသိုလ်ရွှေကြာမှာ  ၉ ဆင့်မြောက်သို့ အဆင့်ကျသွားရသည်။ ပြန်လည်ကောင်းမွန်လာဖို့အတွက် နှစ်ထောင်ချီ အချိန်ယူခဲ့ရ၏။

သို့သော် မဟာဝိဇ္ဇာသွေးမြစ်က အပြင်မှာ လွတ်လွတ်လပ်လပ် လှည့်လည်သွားလာလို့ ရနေသေးသည်။

နောက်ဆုံးမှာတော့ အနောက်ပိုင်းကန္တာရနယ်မြေ၏ ဗုဒ္ဓကို ဒေါသထွက်စေကာ အဆုံးသတ်သွားရသည်။

ကျင့်ကြံသူအားလုံးက ကံတာအိုကိုနားလည်သော အထွတ်အထိပ်ရှင် ကိုယ်တော်ကြီးကို ကျင့်ကြံရာမှ ထွက်လာဖို့ တောင်းဆိုနေကြသည်။ သွေးနတ်ဘုရားသားတော် သွေးစက်ကို အသုံးချကာ မဟာဝိဇ္ဇာသွေးမြစ်၏ ပင်မခန္ဓာကိုယ်၏ တည်နေရာကို ရှာဖွေရင်း အထွတ်အထိပ်ရှင် ကိုယ်တော်ကြီး၏ အမြုတေ ပြင်းထန်စွာ ထိခိုက်သွားသော်လည်း သူ ကူညီပေးဖို့ မတွေဝေခဲ့ပေ။

ထိုနေ့က ဗောဒိသတ္တဝ မျက်ရည်ကျခဲ့ရပြီး ဗုဒ္ဓအရှင်လည်း အမျက်ဒေါသထွက်ခဲ့ရသည်။

ရှေးဦးဗုဒ္ဓအရှင် ကိုးပါးက နေရာတစ်ခုလုံးကို ပိတ်ဆို့ပြီးနောက် သူတို့၏ လက်ဖဝါးများကို အသုံးပြုကာ ဗုဒ္ဓနယ်မြေထဲတွင် မဟာဝိဇ္ဇာသွေးမြစ်ကို ထောင်ဖမ်းလိုက်သည်။ သူ့ကို နောင်တရလား၊ အကယ်ခံချင်လားဆိုတာကို မေးမြန်းဖို့ ကြိုးစားမနေတော့ဘဲ မဟာဝိဇ္ဇာသွေးမြစ်ကို သူနှင့် ထိုက်တန်ရာ လမ်းကြောင်းသို့ ပို့ဆောင်ပေးလိုက်ကြသည်။

သူတို့က လက်ဖဝါးများဖြင့် မဟာဝိဇ္ဇာသွေးမြစ်ကို ရိုက်နှက်ပြီး အသားပြားအဖြစ် ပြောင်းလဲလိုက်ကြသည်။

ထို့ကြောင့် အဲဒီမှာကတည်းက မဟာဝိဇ္ဇာသွေးမြစ်’s၏ ဒဏ္ဍာရီက အဆုံးသတ်သွားခြင်း ဖြစ်၏။

ဤမဟာဝိဇ္ဇာကြီးက “ မင်းသာ မိုက်မဲ့တဲ့အရာတွေ မလုပ်ခဲ့ရင် မင်းဆီ မကောင်းတဲ့အရာတွေ ဖြစ်လာမှာ မဟုတ်ဘူး။ လုပ်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ” ဆိုသော နမူနာကောင်းကို ပြသွားခြင်း ဖြစ်၏။

အချုပ်အားဖြင့် ဆိုရလျှင် ဤပညာရပ်ကတော့ ယခုထိ အစွမ်းထက်နေဆဲ ဖြစ်သည်။

စွမ်းအားကြီးသော ပါရမီရှင်များကို မခုခံသရွေ့ ကျင့်ကြံသူက သွေးနတ်ဘုရားသားတော်ကိုယ်ပွားများကို အသုံးပြုပြီး ဘာမဆိုလုပ်နိုင်သည်။

သွေးနတ်ဘုရားကျမ်းစာ၏ နိဒါန်းတွင် စာမျက်နှာ နှစ်မျက်နှာထက် ပိုပြီးရှိသေးကြောင်း ပြောထားသည်။

တခြားစာမျက်နှာတွေကိုပါ ပိုင်ဆိုပြီး ကျန်ရှိနေသော ပညာရပ်များကို အသုံးချနိုင်ပါက သတ်မှတ်ထားသော အကွာအဝေးအတွင်းတွင် ပင်မခန္ဓာကိုယ်၏ ဝိညာဉ်က သွေးနတ်ဘုရားသားတော်ကိုယ်ပွားများနှင့် ပင်မခန္ဓာကိုယ်ကြားတွင် လွတ်လပ်စွာ ပြောင်းနိုင်ရွေ့နိုင်လိမ့်မည်။

ထိုသို့လုပ်နိုင်မည်ဆိုပါက ပင်မခန္ဓာကိုယ်ကို ဖျက်စီးခံရလျှင်ပင် သွေးနတ်ဘုရားသားတော် ကိုယ်ပွားထဲရှိ ကျင့်ကြံသူ၏ ဝိညာဉ်မှတစ်ဆင့် ပြန်လည် ရှင်သန်လာနိုင်သေးသည်။ ထို့ကြောင့် ကျင့်ကြံသူ၏ ရှင်သန်နိုင်စွမ်းလည်း အပြင်းအထန် တိုးတက်လာနိုင်သည်။

မဟာဝိဇ္ဇာသွေးမြစ်က ပထမဆုံးနှစ်မျက်နှာပဲ ရခဲ့တာ သနားစရာပဲ…သူတောင် သွေးနတ်ဘုရားကျမ်းစာရဲ့ ကျန်ရှိတဲ့ စာမျက်နှာတွေကို မရရှိခဲ့ဘူး

သူသာ အဲဒါတွေကို ရခဲ့ရင် အနောက်ပိုင်းကန္တာရနယ်မြေရဲ့ဗုဒ္ဓ တိုက်ခိုက်တာ ခံရရင်တောင် သူ သေခဲ့မှာ မဟုတ်ဘူး

“ ဟင်း…သနားစရာပဲ”

ရှန်ထျန်းက သူ့လက်ထဲရှိ စာရွက်နှစ်ခုကို ကြည့်ကာ ရုတ်တရက် စိတ်ဝင်စားမှု ပျောက်ဆုံးလာရသည်။

ငါ ဘာလို့ မရနိုင်တာလဲဆိုတဲ့ အကြောင်းအရင်းလေးကိုတော့ ပြောဦးလေ

ထိုစာကြောင်းက ဒုတိယစာမျက်နှာ၏ အဆုံးတွင် သေချာဖော်ပြထားသည်။

အဲလိုမျိုးလုပ်တာက မျိုးမစစ် စာရေးဆရာတွေ သူတို့အလုပ်ကို ပြီးအောင် မလုပ်ဘဲ ပစ်ထားတာမျိုးနဲ့အတူတူပဲ

သူတို့အတွက် ရှက်မိတယ် … ထားလိုက်ပါ…ရောင့်ရဲတင်းတိမ်ခြင်းထဲမှာလည်း ပျော်ရွှင်မှုဆိုတာ ရှိပါတယ်

ငါ့ကံကြမ္မာတိုးတက်လာဖို့အတွက် ရွှေရောင် ရောင်ဝါစက်ဝန်းနဲ့ အဲဒီထက်မြင့်တဲ့အဆင့်ကို အမြန်ဆုံးရောက်အောင် လုပ်မှဖြစ်မယ်။ ကျန်ရှိနေတဲ့ သွေးနတ်ဘုရားကျမ်းစာက ငါ့လက်ထဲကို ရိုရိုကျိုးကျိုး ရောက်မလာဘူးဆိုတာကို ငါမယုံဘူး

ရှန်ထျန်းက တခြားအရာတွေကို ဆက်မတွေးတော့ဘဲ သွေးနတ်ဘုရားကျမ်းစာကိုသာ နားလည်နိုင်ဖို့ စတင်ကြိုးစားလိုက်သည်။

ရှန်ထျန်း၏ နားလည်နိုင်စွမ်းက အတော်လေး ကောင်းမွန်သည့်အတွက် သွေးနတ်ဘုရားကျမ်းစာကို နားလည်အောင် လုပ်သည့်နေရာမှာ အဆင်ပြေချောမွေ့နေသည်။

ထို့နောက် သူ့သွေးနှင့် ဝိညာဉ်ချီကို ရောကာ လက်ဖဝါးလောက် အရွယ်အစားရှိသော လူနီလေးတစ်ယောက်ကို ဖန်တီးကြည့်လိုက်သည်။

ခန္ဓာကိုယ်က သေးငယ်ရုံတင်မကဘဲ သူထုတ်လွှတ်သော အရှိန်အဝါကလည်း သနားစရာကောင်းလောက်အောင် အားနည်းသည်။

သူ့ဝိညာဉ်ကိုသာ ဒီလူနီလေးထဲသို့ ထည့်ပေးလိုက်ပါက ပိုးဟပ်သတ်တာလောက်တော့ ထိန်းချုပ်ပြီး လုပ်ခိုင်းလို့ရသည်ဟု ရှန်ထျန်း ခန့်မှန်းလိုက်သည်။

သွေးအားနည်းရောဂါတော့ သေချာပေါက် ဖြစ်မယ်ထင်တယ်

ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ နိဗာနတော်ဝင်ရေစင် တစ်ပုလင်းကို ထုတ်ယူကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ငါ လုပ်လိုက်တော့မယ်။ ငါ့ရဲ့ ခန်းမင်လက်စွပ်ထဲမှာ နိဗာနတော်ဝင်ရေစင်၂၀ ကီလိုလီတာတောင်ရှိနေတယ်ဆိုတော့ ငါ့ရဲ့ ဆုံးရှုံးသွားတဲ့သွေးကို ပြန်လည် မဖြည့်တင်းနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး

ရှန်ထျန်းက လေလာရာ လမ်းကြောင်းကို သတိထားကာ နိဗာနတော်ဝင်ရေစင်များကို စတင်သောက်သုံးတော့သည်။

ခံနိုင်ရည်စွမ်းအင်များ အလွန်အကျွံ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲနေပြီး အားလုံးကို စုပ်ယူနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေသည်။

သူ့နှလုံးသားထဲတွင် ရှိနေသော နန်မင်လီ မီးတောက်က လောင်စာရသွားသည့်အတွက် ပြင်းထန်စွာ စတင်လောင်ကျွမ်းသည့်အတွက် နှလုံးသားမှ သွေးများထွက်လာသည်။

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးသာ သွေးထွက်နေသည့် အမြန်နှုန်းကို ကိုယ်တွေ့မြင်ရပါက ကိုယ့်ကိုယ်ကို မယုံနိုင်ဖြစ်သွားလိမ့်မည်။

ထိုအရာက ပိုက်ဆံပေးပြီး ကစားသော ကစားသမားနှင့် မပေးသော ကစားသမားတို့ ကွာခြားသလိုမျိုး ကွာခြားသည်။

ချီအရှိန်အဝါက ပိုပြီး ပြင်းထန်စွာ လောင်ကျွမ်းလာသည့်အတွက် သူ့ခန္ဓာကိုယ်တစ်ခုလုံး အရမ်းပူလောင်နေသည်ကို ရှန်ထျန်း ခံစားလို့ရသည်။

ထိုကဲ့သို့သော ပူလောင်သည့် အရှိန်အဝါကို မခံနိုင်သည့်အတွက် ဟာရီတီပုတီးများလည်း စတင်တုန်လှုပ်လာသည်။

ကျိုးအာ၏ ဝိညာဉ်က ပုတီးကို ထိန်းချုပ်ကာ ဘေးဖက်သို့ ဖြည်းဖြည်းချင်း ရွှေ့နေလိုက်သည်။

တခြားရွေးချယ်စရာ မရှိတော့ဘူး … မခံနိုင်အောင် အရမ်းပူတယ်

All Chapters