← Chapters

ဘုန်းကြီး။

Vol. 5 Ch. 109

ဘုန်းကြီး။

Vol. 5 Ch. 109

“ဘာမှ မလုပ်နိုင်ဘူး။”

အရာရှိ'လု'က တိုးတိုးလေးပြော၏။

ငရဲဘုရင်ကတောင် ဘာမှ မပြောဘူး။ လက်အောက်ငယ်သားအနေနဲ့ သူ ဘယ်လိုဝင်ရောက်စွက်ဖက်နိုင်မှာလဲ?

လုကျန့်ဆီ ဆင်ခြေလာတက်တာ အကြောင်းပြချက်တစ်ခုသာဖြစ်တယ်။ တကယ်တော့ အရာရှိ'လု'သည်  သူ့ညီကို တွေ့ချင်သည်။

ပြောရရင် သူနဲ့ သူ့ညီသည် တူညီသော မိခင်မှ မွေးဖွားခဲ့တယ်။ ရန်ဖြစ်ခဲ့ကြသော်လည်း လွမ်းဆွတ်နေဆဲပဲ။

"မင်းမှာ သမီးလေးရှိတယ် ကြားတယ်။”

လုကျန့်သည် လုရှန်းရဲ့ အချက်အလက်များကို ချိုးဖောက်ခဲ့သဖြင့် သူမရဲ့ အမည်က သေခြင်းနဲ့ရှင်ခြင်း စာရင်းတွင် မပါဝင်ပေ။ ထို့ကြောင့် သူမရဲ့ ဘဝနဲ့ ပတ်သက်လို့ အခြေခံအားဖြင့် မသိနိုင်ပါ။

" မင်းနဲ့ ဘာဆိုင်လို့လဲ?” လုကျန့်က ခံစားချက်မဲ့စွာ မေးလိုက်တယ်။

အရာရှိ'လု' နှိမ့်ချစွာ "အဲ့ဒါ ငါ့တူမ မလား? အနည်းဆုံးတော့ ငါ့ကို တွေ့ခွင့်ပြု၊ နှုတ်ဆက်ခွင့်ပြု။”

"ဘာကိစ္စမှမရှိဘူးဆိုရင် မြေအောက်ကမ္ဘာကို ပြန်တော့။”

သူမရဲ့ ဦးလေးက မြေအောက်ကမ္ဘာ၏ အရာရှိ'လု' ဖြစ်ကြောင်းသိပါက သူမ ဘယ်လိုခံစားရမလဲ?

ဒီခေါင်းမာတဲ့ လူအိုကြီးက သူ့တပည့်မ ကြောက်အောင် ခွင့်မပြုနိုင်ဘူး။

အရာရှိ'လု' အေးစက်စက်နှာခေါင်းရူံ့၏။ သူ့ညီလေး စိတ်ဆိုးနေသေးတာကို သိနေတော့ အရာရှိ'လု' ဆက်မနေရဲတော့ပေ။

ဘာပဲဖြစ်ဖြစ် သွားရမယ့်လမ်းက ရှည်သည်။ အနာဂတ်မှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကုန်သည်အများအပြား မြို့တံခါးမှာ ငြင်းပယ်ခံခဲ့ရတာမို့ အနီးနားအိမ်များတွင်သာ နေထိုင်ကြသည်။

လူတစ်စုလည်း လျိုယွဲ့ရွာသို့ ရောက်လာကြတယ်။ တည်းခိုခ မြင့်မားစွာရတာကြောင့် ရွာသားများ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။

ဒီကာလအတွင်း လုရှန်းရဲ့တံခါးကို အကြိမ်ကြိမ်လာခေါက်ပေမဲ့ လုရှန်း သူတို့အားလုံးကို ငြင်းပယ်ခဲ့တယ်။

ပထမအချက် အခန်းလွတ် မရှိဘူး။ ဒုတိယအချက်က သူမရဲ့အခန်းထဲ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ မလိုလားအပ်တဲ့ ရည်ရွယ်ချက်ရှိသူတစ်ယောက်ဝင်လာရင် ဘာလိုလုပ်မလဲ။

သို့သော် တစ်စုံတစ်ယောက် ရောက်လာသေးတယ်။

တစ်နေ့တော့ လုရှန်းဟာ ခါတိုင်းလိုပဲ မီးဖိုချောင်ထဲ ဟင်းချက်နေချိန် အဒေါ်ယု တံခါးလာခေါက်၏။

သူမရဲ့ စိုးရိမ်သောကအမူအရာကို မြင်လိုက်ရတော့ လျန့်မိသားစုအတွက် ဆိုးရွားသည့် အရာတစ်ခု ဖြစ်မယ်လို့ လုရှန်း တွေးမိတယ်။

သူမ မေးကြည့်တော့ ဘုန်းကြီးတစ်ပါး ရွာကို ကြွလာကြောင်း သိလိုက်ရတယ်။ သူမ အိမ်က ဖြတ်သွားချိန်  သူ့အိမ်မှာ ယင်စွမ်းအင်တွေ အရမ်းများနေတယ်လို့ ပြောခဲ့သည်။

ထိုအချိန်က လုချွင်လည်း ရှိနေတယ်။ ဘုန်းကြီးရဲ့ စကားကို ကြားတော့ အဲဒီညက လုရှန်းရဲ့အိမ်မှာ သရဲတစ္ဆေမြင်ခဲ့ကြောင်း ဖွင့်ဟခဲ့တယ်။

မကြာ‌သေးခင်က လုမိသားစုတွင် ထူးဆန်းသည့်အရာများ ဖြစ်ပွားခဲ့သည်။ အခု ဘုန်းကြီးရဲ့ စကားနဲ့ လုချွင်ရဲ့စကားကြောင့် လုရှန်းရဲ့အိမ်ဟာ သရဲခြောက်တဲ့အိမ်လို့ လူတိုင်း ယုံကြည်သွားကြသည်။

လုရှန်း ဒီစကားကိုကြားတော့ မျက်မှောင်ကြုံ့သွားတယ်။

မကြာသေးမီက သူမ သရဲတစ္ဆေများကို မလွှတ်ပေးသေးဘဲ အိမ်ရှိ ယင်စွမ်းအင်များစွာ ပျောက်ကွယ်သွားခဲ့တယ်။ ဘုန်းကြီး ပြောနိုင်မယ်ဟု သူမ မမျှော်လင့်ခဲ့ဘူး။

“အဒေါ်ယု၊ စိတ်မပူပါနဲ့။ သူတို့ လိုချင်တာကို ပြောနိုင်တယ်။ သက်တောင့်သက်သာနဲ့ ဖျားနာမှု ဘေးအန္တရာယ်တွေ မရှိသရွေ့ သရဲခြောက်တဲ့အိမ်မှာ နေရတာ ဘာများ အဆင်မပြေလို့လဲ။”

အဒေါ်ယု ခေါင်းမညိတ်ခင် သူမကို ချီတုံချတုံနဲ့ ကြည့်တယ်။

အဒေါ်ယုကို လိုက်ပို့ပေးပြီး လုရှန်း ကလေးနှစ်ယောက်ကို နေ့လည်စာစားဖို့ ထွက်လာခိုင်းတယ်။

ခဏကြာတော့ တစ်စုံတစ်ယောက်က သူမရဲ့ တံခါးကို လာခေါက်ပြန်တယ်။

လုရှန်း တံခါးကို ကြည့်ပြီး ကလေးနှစ်ယောက်ဘက် လှည့်ကြည့်၏။

“အရင် သွားစားလိုက်ဉီး။ ဒုတိယအစ်မ တံခါးဖွင့်ပေးလိုက်မယ်။”

“ကောင်းပြီ!”

လုရှန်း တံခါးကို ဖွင့်လိုက်တာနဲ့ အပြင်မှာ ရပ်နေတဲ့ လူတစ်စုကို တွေ့လိုက်ရတယ်။

ဦးဆောင်သူမှာ အဒေါ်ယုရှေ့မှာ ပြောဖူးတဲ့ ဘုန်းကြီး ဖြစ်တယ်။

သူမ ဂရုမစိုက်ဘဲ မေးလိုက်၏။ "ဘာကိစ္စ ရှိလို့လဲ?”

"လုရှန်း၊ မင်းအိမ်မှာ သရဲတစ္ဆေရှိတယ်။"

လုချွင်သည် လူအုပ်ထဲမှ ရုန်းထွက်ပြီး လုရှန်းနဲ့ စကားမပြောမီ ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။

"ငါ့အိမ်မှာ သရဲတစ္ဆေရှိတယ်?”

လုရှန်း မျက်မှောင်ကြုံ့ပြီး "လုချွင် နင် ငါ့အိမ်ကို နောက်ဆုံးအကြိမ်ရောက်တုန်းက ဘာကိုမှ ခိုးဖို့ မတတ်နိုင်ခဲ့ဘူး။ အခု နင် လိမ်နေတာ။ နင့် ရည်ရွယ်ချက်ကဘာလဲ?”

“လုရှန်း၊ ဒီဘုန်းကြီးကလည်း နင့်အိမ်မှာ ယင်ရောင်ဝါရှိတယ်လို့ ပြောတယ်။ ဘုန်းကြီးကို ပတ်စစ်ဆေးဖို့ ဘာလို့ ခွင့်မပြုရတာလဲ?”

အနီးနားတွင် နေနေသောအမျိုးသမီးရန်က စူးရှစွာ ရယ်မောလိုက်တယ်။

လုရှန်း အမျိုးသမီးရန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘုန်းကြီးကို ကြည့်လိုက်တယ်။ သူမ ပေါ့ပေါ့ပါးပါးဆိုတယ်။ "ဝင်ချင်ရင် ဝင်ပါ။"

ဘုန်းကြီးက အနည်းငယ် ဦးညွှတ်၏။

“စိတ်မပူပါနဲ့၊ ငါ မင်းအတွက် တချက်ပတ်ကြည့်ပေးမှာပါ။ ခန္ဓာကိုယ်ထဲ သန်မာတဲ့ ယင်စွမ်းအား ရှိနေတာ မကောင်းဘူး။”

All Chapters