Chapters

အဖွားဆီသွားခြင်း (၁)။

Vol. 5 Ch. 111 + 112

အဖွားဆီသွားခြင်း (၁)။

Vol. 5 Ch. 111 + 112

အမျိုးသမီးလျန်က သူမကို ကြည့်ပြီး စိုးရိမ်တကြီးပြော၏။ "အင်း... လုရှန်း ငါမင်းကို ပြောစရာရှိတယ်။"

လုရှန်း ခေါင်းညိတ်တယ်။ “ကျေးဇူးပြုပြီး ပြောပါ အဒေါ်။”

“မင်းရဲ့ ဦးလေးက လွန်ခဲ့တဲ့လအနည်းငယ်ထဲက သူ့အိမ်ထောင်ဖက်ကို ခန်းဝင်ပစ္စည်း လက်ဆောင်ပေးမယ်လို့ ပြောခဲ့တယ်။ မင်းအဖွား အရင်က မင်းကို ပိုက်ဆံပေးခဲ့တော့ တစ်နည်းနည်းနဲ့ မိန်းကလေးရှင် မိသားစု ဒါကို သိသွားတယ်။ အခု မင်းဦးလေးကိုတွေ့ပြီး ထိမ်းမြားလက်ထပ်လက်ဆောင် ထပ်ယူခိုင်းတယ်။ ငွေတုံး ၂၀ မပေးရင် လက်ထပ်ခွင့်မပြုဘူးလို့ ပြောတယ်။”

စကားပြောနေစဉ် အမျိုးသမီးလျန် အနည်းငယ်ရှက်နေ၏။ “ဒီအကြောင်းတွေကို လူငယ်တွေကို ငါ မပြောပြသင့်ဘူး။ မင်းဦးလေးမှာ ငြီးငွေ့စရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်။ အဲဒီ့မိသားစုက သူ့ကို အတင်းအကြပ် လုပ်နေကြတာ။ သူ လုပ်ချင်ရင်တောင် စေ့စပ်ကြောင်းလမ်းတာကို ဖြတ်လို့မရဘူး။”

လုရန်နဲ့ လုရှန်းသည် ငြိမ်ခံနေမည့်သူများ မဟုတ်တော့ဘူးဟု တွေးမိသည်။ ထို့ကြောင့် ဒီအကြောင်းကို  သိအောင် ပြောပြသင့်တယ်။

“ဖြတ်လို့မရဘူး?”

လုရှန်း မျက်မှောင်ကြုံ့ပြီး “ကျွန်မဉီးလေး ပိုက်ဆံအများကြီး မထုတ်နိုင်ပဲ သူတို့ ဘာလို့ အတင်းအကျပ်လုပ်နေတာလဲ?”

ငွေတုံး ၂၀ ပေးနိုင်ရင်တောင်မှ ဒီလိုမိသားစုမျိုးနဲ့ လက်မထပ်သင့်ဘူး။ မဟုတ်ရင် အနာဂတ်မှာ တွန်းလှန်နိုင်မှာမဟုတ်။

"ဘယ်သူ သိမှာလဲ?"

အမျိုးသမီးလျန် သက်ပြင်းချတယ်။ “အခု စေ့စပ်ပွဲကို ဖြတ်ချင်ရင် ငွေတုံး ၁၀ တုံး အလျော်ပေးရမယ်။ ဒါမှမဟုတ်ရင်လည်း လက်ထပ်ဖို့ လင်မယားလက်ဆောင်အဖြစ် ငွေတုံး ၂၀ ပေးရမယ်။ မင်းအဖွားရဲ့အခြေအနေကို မင်းလည်းသိသားနဲ့ ပိုက်ဆံအများကြီး ဘယ်လိုလုပ် ထုတ်နိုင်မှာလဲ?”

လုရှန်း အေးစက်စက်စက်ပြုံးပြီး အမျိုးသမီးလျန်ကို ကြည့်ကာ "ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်၊ အဒေါ်။ ကျွန်မ ဒီကိစ္စကို ဖြေရှင်းပေးပါ့မယ်။"

အမျိုးသမီးလျန် ပြုံးပြီး ခေါင်းညိတ်တယ်။ “မင်းမှာ နည်းလမ်းရှိမယ်ဆိုတာ ငါသိတယ်။ မင်းအဖွားက  မင်းကို မပြောပြဖို့ အကြိမ်ကြိမ် ပြောခဲ့တာ။”

အရင်လုရှန်းဆိုရင် တိတ်တဆိတ်နားထောင်လိမ့်မည်။ လုရန်သာရှိသေးရင်လည်း အမျိုးသမီး'ကျောင်း'ရဲ့ စကားကို သေချာနားထောင်ပြီး လုရှန်းကို မပြောဘဲနေမှာဖြစ်သည်။

သို့သော် ဒီနေ့ အမျိုးသမီး'ကျောင်း'သည် လုရှန်းနဲ့ လုရန်တို့က ဒီကိစ္စကို သေချာပေါက် ဖြေရှင်းနိုင်လိမ့်မည်လို့ ခံစားမိသည်။

အမျိုးသမီးလျန် ပြန်သွားချိန်တွင် လုရှန်း အခန်းသန့်ရှင်းဖို့ ပြန်လာခဲ့တယ်။

သူမ၏ အဝတ်အစားတွေကို ကလေးနှစ်ယောက် ယူလာပေး၏။ ထို့နောက် လှည်းထဲမှ ထွက်လာပြီး ကလေးနှစ်ယောက်ကို လက်ဆေးခိုင်းတယ်။

"ဒုတိယအစ်မ ဘယ်သွားမလို့လဲ?”

ရေနွေးပူပူနဲ့ ပြည့်နေတဲ့ သစ်သားအင်တုံထဲ လက်နှစ်ထားသည့် လုဂျန်က သံသယစိတ်နဲ့ မေး၏။

"အဖွားအိမ်ကို။"

လုရှန်း လုရှင်းရဲ့မျက်နှာကို ဆေးကြောရင်း ပြန်ဖြေတယ်။

"အဖွားရဲ့အိမ်!"

လုရှင်း ရွှင်လန်းသွား၏။

သူတို့၏အဘွားဖြစ်သူသည် အမျိုးသမီးလျိုနဲ့ လုနိုင်းကို မကြိုက်ပေမဲ့ အမျိုးသမီးလျိုနဲ့ လုဒဟွားရဲ့သားသမီးများအပေါ်မှာတော့ သံယောဇဉ်ရှိတယ်။

အရင်တုန်းက ခြေထောက်ပိုကောင်းတုန်းက သူတို့အတွက် မကြာမကြာ စားစရာတွေ ယူလာပေးတတ်သည်။ ထို့ကြောင့် လုဂျန်နဲ့ လုရှင်းတို့က သူတို့အဘွားကို အလွန်နှစ်သက်ကြတယ်။

"အဖွားကို မတွေ့တာကြာပြီ!"

လုဂျန် သူ့မျက်နှာကို ဆေးကြောလိုက်ကာ သူရဲ့ နူးညံ့သော အသံထဲ ရွှင်လန်းမှုနဲ့ ပြည့်နေ၏။

“ဒုတိယအစ်မ အဖွားအတွက် အာလူးနဲ့ ခရမ်းချဉ်သီး ယူသွားရအောင်။ အရမ်းပျော်သွားမှာ သေချာတယ်။”

လုရှန်း ပြုံးပြီး ခေါင်းညိတ်တယ်။ “နောက်ကျ သွားယူလိုက်မယ်။”

လုဂျန် ဒီစကားကိုကြားတော့ သူက အခန်းထဲသို့ ပြေးသွားပြီး အိပ်ယာခေါင်းရင်းမှ ဝှက်ထားသော အကြွေစေ့နှစ်ဆယ်ကို သွားယူသည်။

“ဒုတိယအစ်မပဲ ယူထားပေး။”

ဒါက လုရှန်း သူ့ကို အဆာပြေဝယ်စားဖို့ ပေးခဲ့တဲ့ ပိုက်ဆံတွေဖြစ်သည်။ သူအမြဲတမ်း သိမ်းထားခဲ့တယ်။

"ဘာအတွက်လဲ?" လုရှန်း သံသယစိတ်နဲ့ မေးတယ်။

“အဒေါ်လျန်က ပြောတယ်။ အဖွားရဲ့ခြေထောက်တွေ အားနည်းနေတယ်တဲ့။ ဒါက အဖွားရဲ့ ကုသမှုအတွက်ပါ။”

"ဒါက လုံလောက်ပါ့မလားလို့ တွေးမိတယ်။"

လုရှန်း တခစ်ခစ်ရယ်ပြီး ခေါင်းညိတ်တယ်။ "မဆိုးပါဘူး။ မင်း တော်တော် လိမ္မာလာပြီဘဲ...”

လုဂျန် သူမကို ပြုံးပြပြီး ဖြူဖွေးသော သွားလေးများ ပေါ်လွင်နေ၏။ သူက တော်တော်လေး ချစ်ဖို့ကောင်းသည်။