← Chapters

၁၀ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်…အရှေ့ပိုင်းလွင်ပြင်မှာ ပြိုင်ဘက်ကင်းပဲ

Vol. 11-16 Ch. 194

၁၀ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်…အရှေ့ပိုင်းလွင်ပြင်မှာ ပြိုင်ဘက်ကင်းပဲ

Vol. 11-16 Ch. 194

အခန်း (၁၉၄) : ၁၀ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်…အရှေ့ပိုင်းလွင်ပြင်မှာ ပြိုင်ဘက်ကင်းပဲ

ခုနစ်စဉ်ကြယ်က ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေပေါ်တွင် တောက်ပနေသည်။

ခုနစ်စဉ်ကြယ်၏ အကြီးအကဲများက ဂိုဏ်းချုပ်ရှိရာ ဂိုဏ်းချုပ်တောင်ထိပ်တွင် စုစည်းနေကြသည်။

“ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ … သူတော်စင်တစ်ယောက်ဖြစ်တဲ့ မင်းရဲ့ ရထားလုံးက တခြားသူရဲ့ ကာကွယ်ရေး အစီအရင်နဲ့ ဝင်တိုက်တယ်တဲ့လား။ မင်း ကန်းနေလို့လား။ လူအများက မင်းကြောင့် သေသွားခဲ့ရတာကို အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က မင်းကို နေရာမှာတင် မိသွားတယ်။

တချို့လူတွေက သတင်းတွေ ထပ်ဖြန့်နေကြလို့ အရှေ့ပိုင်းလွင်ပြင်ရဲ့ တစ်ဝက်လောက်က အဲဒီအကြောင်းကို သိနေကြပြီ။ မင်းက ငါတို့ အထွတ်အမြတ်မြေကို အရှက်ရစေတယ်”

“ ချန်ကျုံးထျန်း … မင်းက သူတော်စင်တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို မဖြည့်စည်းနိုင်ရုံတင်မကပဲ ငါတို့ကို ခဏခဏ အရှက်ရအောင် လုပ်တယ်။ မင်းက သူတော်စင်ရာထူးနဲ့ လုံးဝ မထိုက်တန်ဘူး”

“ ငါလည်း သဘောတူတယ်။ ချန်ကျုံးထျန်းက သူ့ကျင့်ကြံဆင့်ကို ဆုံးရှုံးလုနီးပါးဖြစ်သွားလို့ ကနဦးဝိညာဉ်အဆင့်မှာလည်း ကြာကြာ မရှိနိုင်တော့ဘူး။ သူက သူတော်စင်တစ်ယောက်ဖြစ်ဖို့ မထိုက်တန်တော့ဘူး”

“ ယောင်ကွမ်း၊ ထျန်းချွီနဲ့ ထျန်းရွှမ်တို့က အရည်အချင်းရှိပြီးတော့ ကြိုးလည်း ကြိုးစားတယ်။ သူတို့က ပိုပြီးကောင်းတဲ့ ရွေးချယ်မှုပဲ။ ဂိုဏ်းချုပ် ကျွန်တော် သူတော်စင်နေရာကို အစားထိုးဖို့အတွက် အဆိုတင်သွင်းပါတယ်”

“ ထောက်ခံပါတယ်”

“ သဘောတူပါတယ်”

“ လက်ခံပါတယ်”

“ ကျွန်တော်လည်း သဘောတူတယ်”

ခုနစ်စဉ်ကြယ်အထွတ်အမြတ်မြေ ဂိုဏ်းချုပ်က အကြီးအကဲများ ဆွေးနွေးတာကို စိတ်အေးအေးဖြင့် နားထောင်နေသည်။

ချန်ကျုံးထျန်းကို ခရမ်းစံအိမ် သူတော်စင်နှင့် မိတ်ဆွေဖြစ်အောင် လုပ်ခိုင်းခဲ့တာလည်း သူ့အကြံ ဖြစ်၏။ ယခု ဆူညံနေသော အကြီးအကဲများက အကြီးအကဲချုပ်၏ နောက်လိုက်များ ဖြစ်ကြသည်။

ချန်ကျုံးထျန်းက အမှားယွင်းမခံနိုင်သော အမှားမျိုးကို ကျူးလွန်ခဲ့ခြင်း မဟုတ်သော်လည်း ရှန်ထျန်းက သူ့ကို မိသွားပြီး ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေကို အရှက်ရစေသည့်အပြင် ကောလဟာလများကလည်း တောမီးလိုမျိုး ပျံ့နှံ့နေသည်။

အထွတ်အမြတ်မြေအားလုံးက စွမ်းအားကြီးသော ကျင့်ကြံသူတစ်ယောက်၏ အသက်ကို ဆုံးရှုံးရမည်ဆိုလျှင်ပင် သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့ ဘာမဆိုလုပ်ကြလိမ့်မည်။

ချန်ကျုံးထျန်းက ကျင့်ကြံဆင့်ကို ဆုံးရှုံးလုနီးပါးဖြစ်သွားသလို အထွတ်အမြတ်မြေကိုလည်း အရှက်ရစေခဲ့သည်။ ထို့ကြောင့် ဒီအချိန်တွင် အကြီးအကဲများအနေဖြင့် သူ့ကို ပြဿနာရှာတာ ဖြစ်သင့်သည်။

ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေက မြင်ရသလောက် စည်းလုံးမှု မရှိကြပေ။

ဂိုဏ်းချုပ်မှာ အာဏာအများဆုံးရှိသော်လည်း သူ ဘာမဆိုလုပ်နိုင်သည်ဟု မဆိုလိုပေ။

ထိုအချိန် အသံကျယ်ကြီးတစ်သံ ထွက်လာမိသည်

“ အထွတ်အမြတ်မြေက သူတော်စင် အစားထိုးမဲ့ကိစ္စမှာ အရမ်းအာရုံစိုက်နေကြတာလား”

ဂိုဏ်းချုပ်တောင်၏ အပြင်ဘက်ရှိ အသံက အရမ်းထိတ်လန့်ဖို့ ကောင်းနေသည်။

အကြီးအကဲများ ထိတ်လန့်စွာဖြင့် စံအိမ်တော်ထဲမှ အလျင်အမြန်ထွက်လာကြသည်။

ရွှေရောင်ရထားလုံးက ဂိုဏ်းချုပ်တောင်ပေါ်တွင် ဝဲပျံနေပြီး တောက်ပသော ရွှေရောင် ဖြာထွက်နေသည်။ ရထားလုံးက ထောင့်မှန်စတုန်ဂံ ပုံစံဖြစ်ပြီး လေးဘက်လေတန်တွင် နက်နဲသော ကာကွယ်ရေးအစီအရင်ကို အသက်သွင်းထားသည့်အတွက် ရွှေကျီးကန်းလိုမျိုး ပုံစံဖြစ်နေသည်။

အံ့အားသင့်ဖို့ ကောင်းသည်က ထိုရွှေရောင်ရထားလုံးကို ဦးချိုမဲ့ နဂါးနက်ခြောက်ကောင်က ဆွဲထားသည်။ နဂါးတစ်ကောင်ချင်းစီက အားကောင်းသော အရှိန်အဝါကို လွှတ်ထုတ်နေပြီး သူတို့၏ စွမ်းအားက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် သာလွန်သည်။

ရှေ့ဆုံးမှ ဦးဆောင်သော နဂါးနက်နှစ်ကောင်၏ ဦးချိုများက အပြည့်အဝ ထွက်နေပြီဖြစ်သည်။ သူတို့က ဦးချိုမဲ့ နဂါးများမဟုတ်တော့ဘဲ နဂါးနက်စစ်စစ် ဖြစ်လာသည်။

( ဦးချိုမဲ့ နဂါး = အချိန်အနည်းငယ်သာ ပျံသန်းနိုင်သော နဂါး)

သူတို့၏ အရှိန်အဝါများက ကနဦးဝိညာဉ်ထိပ်သီးအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လို့ရနိုင်သည်။

နဂါးခြောက်ကောင်က ရထားလုံးကို ဆွဲထားတာတဲ့လား

ဒီမှာ ရောက်နေတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် သူတို့ ဘယ်တုန်းကမှ မတွေ့ဖူးတဲ့ စွမ်းအားကြီးတဲ့ ကျင့်ကြံသူပဲ ဖြစ်ရမယ်

ဝိညာဉ်အသွင်ပြောင်း ကောင်းကင်အသျှင်ပင် ထိုကဲ့သို့သော ကြီးကျယ်သော ဝင်ရောက်မှုမျိုး မလုပ်နိုင်ပေ။ နဂါးများက သဘာဝအရ မာနကြီးကြသည့်အတွက် သူတို့ တကယ်မယဉ်ပါးသရွေ့ ရထားလုံးဆွဲသည့် အလုပ်မျိုး ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။

အရှေ့ပိုင်းလွင်ပြင် တစ်ခွင်လုံးတွင် ထိုကဲ့သို့သော စွမ်းအားရှိသူက တစ်ယောက်သာ ရှိသည်။ ထိုသူက ခရမ်းစံအိမ်၏ သူတော်စင်ဖြစ်သော ချီရှောက်ရွှမ် ဖြစ်သည်။

ချီရှောက်ရွှမ်က နဂါးနက်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ ကောင်းကင်ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထားသည်။ သူ့ကျောနောက်ဘက်တွင် ကြီးမားသော ပုံရိပ်သဏ္ဌာန်ကြီးတစ်ခုရှိသည်။ ထိုပုံရိပ်တွင် လူငယ်တစ်ယောက်က တိမ်ပေါ်မှာရပ်နေပြီး နဂါးနက်က သူ့အောက်မှာပျံသန်းရင်း သူ့အမိန့်ကို နာခံနေသည့် ပုံစံဖြစ်သည်။

ဒါက တစ်ခုထဲရှိတဲ့ နဂါးနတ်ဘုရားပုံရိပ်သဏ္ဌာန်ပဲ

ထိုကဲ့သို့သော ပုံရိပ်သဏ္ဌာန်က ကျင့်ကြံသူတစ်ယောက်အနေဖြင့် မြောက်ပိုင်းပင်လယ်ရှိ နဂါးနက်ကျွန်းမှ နဂါးစစ်တော်ဝင်ကျမ်းစာကို သေချာပိုင်နိုင်မှ ပေါ်ထွက်လာနိုင်သည်ဟု ဆိုကြသည်။

ဒါဆိုရင် ချီရှောက်ရွှမ်က မြောက်ပိုင်းပင်လယ်ရဲ့ နဂါးနက်တွေ အသိအမှတ်ပြုတာကို ခံလိုက်ရပြီပေါ့။ နောက်ဆိုရင် သူက မျိုးသန့်နဂါးနက်တစ်ကောင်နဲ့ စာချုပ်တောင် ချုပ်နိုင်လောက်တယ်

အဲလိုဖြစ်လာတဲ့အခါကျရင် ခရမ်းစံအိမ် အထွတ်အမြတ်မြေတင်မကသေးပဲ နဂါးနက်ကျွန်းကပါ သူ့ကို ကာကွယ်ကြလိမ့်မယ်

ဒီလူက သူတို့ သွားရှုပ်လို့ရတဲ့သူ မဟုတ်ဘူး

ချီရှောက်ရွှမ် ရောက်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် အကြီးအကဲများအားလုံး စကားပြောတာကို ရပ်လိုက်သည်။

အကုန်လုံးက သူ ဘယ်သူလဲဆိုတာကို သိကြသည်။ ရွှေအမြုတေစာရင်းတွင် နံပါတစ်ချိတ်သည့်အပြင် နတ်ဧကရာဇ်အသစ်လည်း ဖြစ်လာနိုင်သော အလားအလာရှိသူ ဖြစ်သည်။

ချီရှောက်ရွှမ်တွင် ဘာမတော်တဆမှုမှ မဖြစ်ပါက အနာဂတ်တွင် အနည်းဆုံး ဝိဇ္ဇာတစ်ပါး ဖြစ်လာနိုင်သည်။ အရာအားလုံး အဆင်ပြေနေပါက နတ်ဧကရာဇ်တစ်ပါးပင် ဖြစ်လာနိုင်ချေ ရှိသည်။

အကြီးအကဲများအားလုံးထက် သူ့ဆီမှာ တောက်ပသော အနာဂတ်တစ်ခု ရှိသည်။

အကြီးအကဲများက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း သူတို့က သူ့ စီးတော်ယာဉ် နဂါးများကိုပင် အနိုင်ရအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ချီရှောက်ရွှမ်၏ နောက်လိုက်ဖြစ်သော ချန်ကျုံးထျန်း၏ မကောင်းကြောင်းကို ဆက်လက် ပြောဆိုနေပါက ရူးနှမ်းရာကျသည်။

ဂိုဏ်းချုပ်က ပြုံးကာ ပြောလိုက်သည်

“ ခရမ်းစံအိမ်ရဲ့ သူတော်စင်က ဒီကို ဘာလို့ ရောက်လာတာလဲဆိုတာ သိလို့ရမလား”

“မင်္ဂလာပါ ခုနစ်စဉ်ရဲ့ ဂိုဏ်းချုပ်ခင်ဗျ… ... ကျွန်တော် ဒီကိုလာတာ ကိစ္စလေး နှစ်ခုအတွက်ပါပဲ။

ပထမတစ်ခုက ကျုံးထျန်းရဲ့ ကနဦးဝိညာဉ် ပျက်စီးသွားတယ်လို့ ကြားလို့ပါ။ ကျွန်တော် ဒီကိုလာတာက သူ့ကို ကုစားတဲ့နေရာမှာ ကူညီနိုင်ဖို့ နိဗာနတော်ဝင်ကျမ်းကို သင်ပေးမလို့ပါ။”

အကုန်လုံးက အံ့ဩထိတ်လန့်သွားကြသည်။

ဘယ်လိုတောင် ရက်ရောတဲ့ အပြုအမူလဲ

နိဗာနတော်ဝင်ကျမ်းဂန်ဆိုတာ အထွတ်အမြတ်မြေတစ်ခုလုံးကို အမြင့်ကို ဆွဲခေါ်ပေးနိုင်တဲ့အရာပဲ။ သူက အဲဒါကို ချန်ကျုံးထျန်းအတွက် အလွယ်တကူ သင်ပေးမယ်တဲ့လား

ချီရှောက်ရွှမ် ဒီကို ရောက်လာသည်က ချန်ကျုံးထျန်းကို အားပေးဖို့သာ ဖြစ်ပြီး ကျမ်းတစ်ခုလုံးကို သင်ပေးမည် မဟုတ်ကြောင်း သူတို့သိသည်။

သို့သော် ဒါကလည်း ချန်ကျုံးထျန်းအတွက် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု ဖြစ်နေဆဲသာ …

သူသာ ကံကောင်းပါက ယခင်ထက်ပိုပြီးတော့ အားကောင်းလာနိုင်သည်။ ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေ၏ အကြီးအကဲများက ချီရှောက်ရွှမ်ကို စိုက်ကြည့်နေကြသည်။ သူ့နောက်လိုက်အတွက် အားပေးပံ့ပိုးသည့်ပုံစံကို ပြသဖို့ကြိုးစားနေမှန်း သူတို့သိသည်။

အရှေ့ပိုင်းလွင်ပြင်တစ်ခွင်လုံးတွင် သူတော်စင်ရာထူး ရှိသော နောက်လိုက်ကို ပိုင်ဆိုင်ထားသည်က သူတစ်ယောက်တည်းသာ ရှိသည်။

ချီရှောက်ရွှမ်အနေနဲ့ ဒီနောက်လိုက်ကို ကောင်းကောင်း ဂရုစိုက်ပေးတာသေချာမှ ရှေ့လျှောက် သူ့နောက်လိုက်တွေ ပိုမိုများပြားလာမည် ဖြစ်၏။

ဂိုဏ်းချုပ်က ပြုံးကာ ပြောလိုက်သည်

“ အခုလိုမျိုး ရက်ရောမှုအတွက် ကျုံးထျန်းရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ် ”

အကြီးအကဲချုပ်က ရွဲ့ပြောလိုက်သည်

“ ခရမ်းစံအိမ်သူတော်စင်က တကယ်ကို ရက်ရောတာပဲနော်။ တခြားသူတွေကို လွယ်လွယ်နဲ့ တော်ဝင်ကျမ်းတစ်ခုကို သင်ပေးတယ်”

ချီရှောက်ရွှမ်က အကြီးအကဲချုပ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ဒါက တော်ဝင်ကျမ်းလေးတစ်ခုပဲလေ။ ဒါက ကျုံးထျန်းနဲ့ ကျွန်တော်ရဲ့ ကြားထဲက ခင်မင်ရင်းနှီးမှုကို မနှိုင်းယှဉ်နိုင်ပါဘူး။ ကျွန်တော်က မိတ်ဆွေဖွဲ့ရတာကို အရမ်းကြိုက်တယ်။ သူတို့နဲ့ ပတ်သက်လာရင် နှမြောတွန့်တိုနေမှာ မဟုတ်ဘူး။

ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေက ညီအစ်ကိုတွေလည်း ကျွန်တော်နဲ့ မိတ်ဆွေဖွဲ့ဖို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်ကို ခရမ်းစံအိမ်အထွတ်အမြတ်မြေမှာ လာရှာလို့ရပါတယ်။ အမြဲတမ်း ကြိုဆိုနေပါမယ်။”

အကြီးအကဲချုပ်က စိတ်မကောင်းသော လေသံဖြင့် ပြောလိုက်သည်

“ တစ်ခုက စောစောက ပြောပြီးပြီဆိုတော့ နောက်ထပ် ပြဿနာတစ်ခုက ဘာလဲဟင်”

ကောင်းကင်ပုဆိန်လှံရှည်က တောက်ပလာကာ ချီရှောက်ရွှမ်၏ စွမ်းအင်ဗဟိုချက်တွင် ရွှေအမြုတေ ပေါ်လာသည်။ ရွှေအမြုတေက သင်္ကေတများဖြင့် ဖုံးအုပ်နေသည့်အတွက် အရမ်းဆန်းကြယ်ပုံ ပေါ်သည်။

အံ့ဩထိတ်လန့်စရာကောင်းသည်က ထိုရွှေအမြုတေပေါ်တွင် နတ်သင်္ကေတ ဆယ်ခုရှိနေခြင်း ဖြစ်သည်။

နတ်…သင်္ကေတ…ဆယ်ခု…၁၀ ဆင့်မြောက် သန့်စင်ခြင်းအဆင့်

၄ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းကို ရွှေအမြုတေ၏ ထိပ်သီးအဆင့်ဟု ခေါ်ဆိုနိုင်ပြီး ကျင့်ကြံသူတစ်ယောက်အနေဖြင့် ၉ ဆင့်မြောက် သန့်စင်ခြင်းအဆင့်ထိသာ အများဆုံးကျင့်ကြံနိုင်သည်။

သို့သော် အဲဒါက သာမန်ကျင့်ကြံသူများအတွက် ဖြစ်သည်။ နတ်ဧကရာဇ်တစ်ပါး ဖြစ်လာဖို့အတွက် ရည်ရွယ်ထားသော အရည်အချင်းရှိ ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူတို့ တတ်စွမ်းသလောက် လုပ်လို့ရသည်။

အရှေ့ပိုင်းလွင်ပြင်တွင် “ ၁၀ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း အဆင့်ကို ပြီးမြောက်သူသာလျှင် နတ်ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်သည်” ဟူသော အဆိုတစ်ခုရှိသည်။

သို့သော် အရှေ့ပိုင်းလွင်ပြင်တွင် နတ်ဧကရာဇ်နှင့် ၁၀ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းကျင့်ကြံသူ ထွက်ပေါ်မလာတာ နှစ်ပေါင်းတစ်သောင်းလောက် ရှိနေလေပြီ။

ထို့ကြောင့် ထိုအဆိုက အမှန်ဟုတ်၊ မဟုတ်ဆိုတာ ဘယ်သူမှ မသိကြပေ။

သို့သော် အရည်အချင်းရှိဆုံးသော ကျင့်ကြံသူများက ၉ ဆင့်မြောက်နှင့် ၁၀ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန် ရည်ရွယ်ချက်ထားနေကြဆဲ ဖြစ်သည်။

ဥပမာအားဖြင့် ချီရှောက်ရွှမ်က အသက်၁၈ နှစ်တွင် ၉ ဆင့်မြောက် သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး ရွှေအမြုတေစာရင်းတွင် နံပါတ်တစ် ဖြစ်ခဲ့သည်။ မမျှော်လင့်စွာဖြင့် သူက နောက်ထပ်နှစ်နှစ်ကြာ ရွှေအမြုတေကျင့်ကြံသူအဖြစ် ဆက်လက် ကုန်ဆုံးခဲ့သည့်အတွက် သူ့ကန့်သတ်ချက်ကို ကျော်လွှားနိုင်ပြီး ၁၀ ဆင့်မြောက် သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

နောက်ဆုံးတော့ ဒီနေ့ သူ အောင်မြင်သွားခဲ့လေပြီ။

ချီရှောက်ရွှမ်၏ အောင်မြင်မှုက နယ်မြေငါးခုကို ထိတ်လန့်အံ့အားသင့်သွားစေသည်။ တခြားစကားဖြင့် ပြောရလျှင် ချီရှောက်ရွှမ်မှာ နတ်ဧကရာဇ်ဖြစ်ဖို့ အလားအလာ ရှိသည်။

ဂိုဏ်းချုပ်တောင်တစ်ခုလုံး ငြိမ်သက်သွားသည်။

အကြီးအကဲများက ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မခံမရပ်နိုင် ဖြစ်နေကြသည်။

ခရမ်းစံအိမ် အထွတ်အမြတ်မြေက ချီရှောက်ရွှမ်လိုလူမျိုးကို ရထားတာ အရမ်းကံကောင်းတယ်

ခရမ်းစံအိမ် အထွတ်အမြတ်မြေမှာ ဒီလိုမျိုး ကံကြမ္မာသားတော် နောက်ခံရှိနေတော့ အရှေ့ပိုင်းလွင်ပြင်က ဘယ်သူမှ သူတို့ကို ဆန့်ကျင့်ရဲမှာ မဟုတ်တော့ဘူး

ချီရှောက်ရွှမ်က သူတို့၏ တုံ့ပြန်ချက်ကြောင့် ကျေနပ်စွာ ပြုံးကာ ရထားလုံးပေါ်မှ ဆင်းပြီး ပြောလိုက်သည်

“ ကျွန်တော်က အခုလေးတင် ၁၀ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းကို ပြီးမြောက်ခဲ့တာဆိုတော့ သိပ်ပြီးတော့ မတည်ငြိမ်သေးဘူး။

အဲဒါကြောင့် ကျွန်တော် အစစ်အမှန် တိုက်ခိုက်ပြီး လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တာ။ အရှေ့ပိုင်းလွင်ပြင်မှာရှိတဲ့ အဆင့်တူ ကျင့်ကြံသူတွေ အားလုံးနဲ့ တိုက်ခိုက်ပြီးရင် တောင်ပိုင်းနယ်မြေ၊ အနောက်ပိုင်း ကန္တာရ၊ မြောက်ပင်လယ်နဲ့ အလယ်ပိုင်းနယ်မြေကို သွားဦးမှာ။

ကျွန်တော် ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လာရင် ကနဦးဝိညာဉ်အဆင့်ကို တက်လှမ်းမှာ။ ခုနစ်စဉ်ကြယ်ရဲ့ ထျန်းရှာ ကာကွယ်ရေး အစီအရင်က အရမ်းစွမ်းအားကြီးတယ်လို့ ကြားဖူးတယ်။ ဒီမှာ အရည်အချင်းရှိ ကျင့်ကြံသူ ခုနစ်ယောက်လည်း ရှိတယ်လေ။

ယောင်ကွမ်း၊ ထျန်းချွီနှင့် ထျန်းရွှမ်တို့က ရွှေအမြုတေစာရင်း ထိပ်ဆုံးထဲမှာတောင် ပါနေသေးတယ်။

ဒီ နိဗာနတော်ဝင်ကျမ်းဂန် တစ်ဝက်နဲ့ လောင်းကြေးထပ်ပြီးတော့ ညီအစ်ကိုခုနစ်ယောက်နဲ့ တစ်ချိန်တည်းမှာ တိုက်ခိုက်ချင်တယ်။

ကျွန်တော် ရှုံးသွားခဲ့ရင် ဒီတော်ဝင်ကျမ်းကို ခုနစ်စဉ်ကြယ်နဲ့ မျှဝေပါမယ်။”

ချီရှောက်ရွှမ်၏ စကားများက ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

အရှေ့ပိုင်းလွင်ပြင်ပြီးရင် တောင်ပိုင်းနယ်မြေ၊ အနောက်ပိုင်းကန္တာရ၊ မြောက်ပင်လယ်နဲ့ အလယ်ပိုင်းနယ်မြေ…

သူ ကျင့်ကြံသူတွေ အားလုံးနဲ့ တိုက်ခိုက်ပြီးတော့ ကနဦးဝိညာဉ်အဆင့် မရောက်ခင်မှာပဲ ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်နေပြီဆိုပြီးတော့ ပြောချင်နေတာလား

ဘယ်လောက်တောင် မောက်မာတဲ့ကောင်လေးလဲ

ချီရှောက်ရွှမ်က ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်တာ မှန်သော်လည်း သက်သေပြဖို့သာ လိုအပ်နေသည့်အတွက် အရမ်းယုံကြည်မှု ရှိနေသည်။

အရှေ့ပိုင်းလွင်ပြင်တွင် ဒဏ္ဍာရီအသစ်တစ်ခု ပေါ်လာပြီဖြစ်သည့်အတွက် အရာအားလုံး ပြောင်းလဲတော့မည် ဖြစ်သည်။

…………

ထိုအချိန်တွင် ရှန်ထျန်းကတော့ လမ်းပျောက်နေဆဲ ဖြစ်သည်။

သူ့ဆရာကို အားကိုးလို့ မရနိုင်မှတော့ သူ့ကိုယ်သူပဲ အားကိုးရတော့မှာပေါ့

တောအုပ်ထဲတွင် လမ်းကြောင်းအမှန်ကို ဆက်လက်ရှာဖွေနေသည်။

ကြာပစ်ခွင်းသေနတ်က စီးနင်းနေစဉ်လေဖြင့် ပွတ်တိုက်မှုကြောင့် ပူလာသည်။

သို့သော် ပတ်ဝန်းကျင်တွင် လူတစ်ယောက်မှ မတွေ့ဘဲ နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများသာ ရှိနေသည်။

အဆုံးတွင် ရှန်ထျန်း လက်လျှော့လိုက်သည်။

သူက သူတော်စင် အမှတ်အသားပြားကို ထုတ်ကာ ပြောလိုက်သည်

“ ဆရာ…ကျွန်တော် ကံအပြောင်းအလဲ အခွင့်အရေးကို ရှာတွေ့ပါပြီ”

ဂိုဏ်းချုပ်၏ ပုံရိပ်ပေါ်လာပြီး ပြောသည်

“ ဆရာ အရမ်းကို ကျေနပ်တယ်။ မင်းရဲ့ ကံကြမ္မာက ငါ ထင်ထားတာထက် အရမ်းမြင့်နေပြီ ထင်တယ်။

နာရီနည်းနည်းလောက် လမ်းပျောက်လိုက်တာနဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ရှာတွေ့တယ်နော်။ ချီရှောက်ရွှမ်တောင် မင်းကို ယှဉ်လို့ရမှာ မဟုတ်ဘူး။

ရောက်တဲ့နေရာမှာ နေနေလိုက် ဆရာ မင်းကို လာခေါ်မယ်”

ထို့နောက် ပုံရိပ်ပျောက်သွားသည်။

တစ်မိနစ်လောက်အကြာတွင် ရှန်ထျန်း၏ ရှေ့သို့ အာကာပြင်မုခ်ဝ တစ်ခု ပွင့်လာသည်။

“ လာ … ထျန်းအာ အထဲဝင်ခဲ့”

တခြားတစ်ဖက်တွင် ဂိုဏ်းချုပ်၏ စံအိမ်တော်ကို မြင်လိုက်ရသည့်အတွက် ရှန်ထျန်း အရမ်းပျော်သွားပြီး နောက်ထပ် ဘယ်တော့မှ တစ်ယောက်တည်း အပြင်မထွက်တော့ဖို့ ဆုံးဖြတ်လိုက်သည်။

ရှန်ထျန်းက ယခု ပိုပြီးသန်မာလာဖို့အတွက် စိတ်အားထက်သန်မှုအပြည့် ဖြစ်နေသည်။

ငါ မြန်မြန်သန်မာလာမှ ဆရာဆီကနေ ဒီဟင်းလင်းပြင်တံခါးပေါက် စွမ်းရည်ကို သင်ယူလို့ရမှာ

နောက်ထပ် တောထဲမှာ လမ်းပျောက်လည်း စိုးရမ်စရာ လိုမှာ မဟုတ်တော့ဘူး

ရှန်ထျန်းက ဂိုဏ်းချုပ်၏ အိမ်တော်သို့ ရောက်ရှိသွားသည်။ သူ့ရှေ့တည့်တည့်တွင် အမျိုးသားတစ်ယောက်၏ မျက်နှာ ရှိနေသည်။ ထိုသူက တာအိုကိုယ်တော်ကြီး ဖြစ်သည်။

ကြာပြာက ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မင်းက ကံအပြောင်းအလဲ အခွင့်အရေးကို ဒီလောက်ထိ မြန်မြန်ရှာတွေ့တာလား။ အဲဒါကဘာလဲ။ ငါ့ကို ပြ…ငါ့ကို ပြ။ ငါ လုမယူပါဘူးလို့ ကတိပေးတယ်”

ဂိုဏ်းချုပ်က ပြောလိုက်သည်

“ အစ်ကိုကြီးအနေနဲ့ စီနီယာတစ်ယောက်လို ပြုမူသင့်တယ်။ ထျန်းအာ ရခဲ့တာ ဘာပဲဖြစ်ဖြစ် သူ့အပိုင်ပဲ။ အဲဒါကို လူနည်းနည်းပဲ သိထားရင် အနာဂတ်မှာ သူ့အတွက် အထောက်အကူ ပြုလိမ့်မယ်။

ကံကြမ္မာကောင်းတဲ့သူတွေရဲ့ အကြောင်းတွေကို ဖတ်ကြည့်ရင် သူတို့ရဲ့ လျှို့ဝှက်လက်နက်နဲ့ စွမ်းအားတွေအကြောင်းကို သိလာရလိမ့်မယ်။

အဲဒါကို စီနီယာတွေဖြစ်တဲ့ ကျွန်တော်တို့က လေးစားရမယ်လေ။ ကျွန်တော်တို့ သူတို့ရဲ့ လျှို့ဝှက်ချက်ကို မေးလို့ မဖြစ်ဘူး”

ကြာပြာကောင်းကင်အသျှင် တစ်ယောက် ဘာပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

ဂိုဏ်းချုပ်က ရှန်ထျန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်

“ ထျန်းအာ…ဒီတစ်ခေါက် မင်းရဲ့ ကံအပြောင်းအလဲ အခွင့်အရေးက ဘယ်လောက်ထိ ကြီးလဲဆိုတာကို ပြောပြလို့ရလား”

ရှန်ထျန်းက ထိုမေခွန်းကို နားမလည်နိုင်ဖြစ်နေသည်။

ကံအပြောင်းအလဲ အခွင့်အရေးက ဘယ်လောက်ကြီးလဲတဲ့လား

ငါ အဲဒါကို ဘယ်လိုပြန်ဖြေရမလဲ … သခွားသီးလောက် ကြီးတယ်လို့ ပြောရမှာလား ဒါမှမဟုတ် …ပြောင်းဖူး၊ ခရမ်းသီးလောက်လား ကျောက်ဖရုံသီးလောက်လား

သာမန်…နည်းနည်းကြီးတယ်…အရမ်းကြီးတယ်…အရမ်းအရမ်းကို ကြီးတယ်လို့ ပြောရမှာလား

ခဏတာ စဉ်းစားပြီးနောက် ရှန်ထျန်း ပြန်ဖြေလိုက်သည်

“ အမ်…အဲဒါက နိဗာနတော်ဝင်ရေစင်နဲ့ အတူတူလောက်ပဲ”

နိဗာနတော်ဝင်ရေစင်က ရှန်ထျန်း၏ ရှင်သန်နိုင်စွမ်းကို အဆမတန် မြှင့်တင်ပေးခဲ့သည်။ သူ့ကို တစ်ခါတည်း မသတ်သွားသ၍ နာကျင်သည့် ဒဏ်ရာများအတွက် စိတ်ပူစရာ မလိုအပ်ပေ။ သွေးကိုယ်ပွားက ရှန်ထျန်းကို အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေများမှ လွတ်မြောက်အောင် ကူညီပေးနိုင်သည်။

ထို့ကြောင့် ဒီနှစ်ခု၏ လုပ်ဆောင်ချက်က အတူတူဖြစ်ကြောင်း ရှန်ထျန်း သတ်မှတ်ထားသည်။

ကြာပြာက အံ့ဩစွာ ပြောလိုက်သည်

“ နိဗာနတော်ဝင်ရေစင်လောက် ကြီးတယ်တဲ့လား…နိဗာနတော်ဝင်ရေစင် လီတာထောင်ချီလောက်ထိ ကြီးမားတယ်တဲ့လား”

ကြာပြာ၏ မျက်လုံးတို့ ပြူးကျယ်နေသည်။

ရှန်ထျန်းဆီမှာ ၅၀ လီတာ ပါဝင်သော နိဗာနတော်ဝင်ရေစင် အနည်းဆုံးပုလင်း ၃၀ ရှိကြောင်း သူ ကောင်းကောင်း မှတ်မိသည်။

အဲဒါကြောင့် သူ့ဆီမှာ နိဗာနတော်ဝင်ရေစင် အနည်းဆုံး ကီလိုလီတာအနည်းငယ် ကျန်နေဦးမှာပဲ

အခု သူ့ဆီမှာ အဲဒါနဲ့တူညီတဲ့ နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေး ရှိခဲ့တာတဲ့လား ... ဘယ်လိုတောင်လဲ

ရက်နည်းနည်းလောက်ပဲ ခြားသေးတာကို ထပ်ပြီးတော့ ကံကောင်းပြန်ပြီတဲ့လား

သူက ဂိုဏ်းတူညီလေး ပြောသလိုမျိုး ကောင်းကင်တာအိုရဲ့ သားတော်များလား။ လုံးဝ မတရားဘူး

ကြာပြာက ယခု နောင်တရနေလေပြီ။

သူ့မှာ ရှန်ထျန်းကို တပည့်အဖြစ် လက်ခံဖို့ အခွင့်အရေးရခဲ့ရဲ့သားနဲ့…

ဂိုဏ်းချုပ်က သူ့အစ်ကိုကြီး မနာလိုဖြစ်နေပြီဆိုတာကို သိသည့်အတွက် တည်ငြိမ်စွာ ပြောလိုက်သည်

“ ထျန်းအာ…တောင်ထိပ်သခင်မ ကြာဖြူက ကမ္ဘာဦးတိုက်ပွဲနယ်မြေ စမ်းသပ်ချက်ဆီ သွားဖို့ ဦးဆောင်လိမ့်မယ်။ မင်း အချိန်မှီလေး ပြန်ရောက်လာခဲ့တာ။ အဖွဲ့က အခုထိ ထွက်မသွားသေးဘူး။ ညီမလေးကြာဖြူတို့နဲ့ အတူလိုက်သွားလို့ ရသေးတယ်”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ကျွန်တော် အခုချက်ချင်းပဲ သွားလိုက်ပါ့မယ်”

ရှန်ထျန်း အိမ်တော်မှ ထွက်သွားသည့်နှင့် တစ်ပြိုင်နက် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက လှုပ်ခတ်သွားသည်။

ဂိုဏ်းချုပ်က ကြာပြာ ကောင်းကင်အသျှင်ကို ကြည့်ကာ ကြွားဝါပြောဆိုလိုက်သည်

“ ကျွန်တော် သူ့ကို စိတ်စေရာအတိုင်း လိုက်သွားဖို့ ပြောလို့သာ ထျန်းအာက ကံအပြောင်းအလဲ အခွင့်အရေးကို ရှာတွေ့ခဲ့တာပါ။

ကျွန်တော် ပြောခဲ့သလိုမျိုးပဲ စာများများ ဖတ်သင့်တယ်…ဒါမှ အထွတ်အမြတ်မြေကို အကူအညီပေးလို့ ရအောင်လို့လေ။ အခု အစ်ကိုကြီး ဘယ်လိုခံစားရလဲ။ ကိုယ့်ဆုံးဖြတ်ချက်ကို နောင်တရနေပြီမလား”

All Chapters