← Chapters

အဖွားဆီသွားခြင်း (၂)။

Vol. 5 Ch. 113

အဖွားဆီသွားခြင်း (၂)။

Vol. 5 Ch. 113

"ကောင်းပြီ၊ ထုပ်ပိုးပြီးတာနဲ့ မြန်မြန်သွားကြရအောင်။"

လုရှန်း ဂဏန်းငံပြာရည် ၅ ဘူးနဲ့ ခရမ်းချဉ်သီးအရည် ၅ ဘူး ယူသွားခဲ့သည်။ ဘူးတွေက အကြီးကြီးမဟုတ်ပေမဲ့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းသည်။

တောင်ပေါ်မှာရှိတုန်းက ဒါတွေကို သုံးဖူးတယ်။ သူမ ဆရာ ဒါတွေ ဘယ်ကယူလာသလဲတော့ မသိပါ။

သူမမှာ အဲ့လိုဘူးတွေ အများကြီးရှိသည်။ တောင်ပေါ်မှာ ဟင်းသီးဟင်းရွက်ချဉ်တွေကို သိမ်းဆည်းပြီး  မကြာခဏ အသုံးပြုလေ့ရှိတယ်။

သူမ ထိုဘူးများကိုအသုံးပြုတိုင်း ဆရာက အမြဲတမ်း တစ်ခုခုသတိပေးချင်သလိုမျိုး ချီတုံချတုံနဲ့ ကြည့်တတ်သည်။ သို့သော် သူ အမြဲတမ်း ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ထွက်သွားတတ်သည်။

အာလူးတောင်း ၁ တောင်း၊ ခရမ်းချဉ်သီးတောင်း ၁ တောင်းကို လှည်းပေါ်တင်လာခဲ့သည်။

ကလေးနှစ်ယောက်ကို တက်ခွင့်ပြုပြီးနောက် မထွက်ခွာခင် တံခါးအားလုံးကို သော့ခတ်ခဲ့တယ်။

အဖွားရဲ့ခန္ဓာကိုယ် အာဟာရပြည့်ဝအောင် ရွာအဝင်မှ ဝက်သား ၁၀ ‌ပေါင်နဲ့ ဝက်နံရိုး ၁၀ ပိဿာကို ဝယ်ခဲ့သေးသည်။

အန်းမုရွာသည် လျိုယွဲ့ရွာနဲ့ မဝေးလှပါ။ မြင်းလှည်းနဲ့ သွားလာရင် ၁ နာရီသာ ကြာပြီး မြို့သို့သွားတဲ့ ခရီးနဲ့ အတူတူလောက်ပင်။

လုရှန်းသည် မြင်းလှည်းပိုင်ရှင်ရဲ့ ကိုယ်ဟန်အတိုင်း မြင်းလှည်းကို ထိန်းကျောင်းမောင်းနှင်လာခဲ့သည်။

လမ်းနှစ်ဘက်လုံးတွင် သစ်တောများ၊ ရေကန်များ ဒါမှမဟုတ် ရေမြောင်းများ ရှိသည်။

လွန်ခဲ့သည့် နှစ် ၁၀၀ အတွင်း မည်သည့်မိုးခေါင်ရေရှားမှုမှ မကြုံခဲ့ရသည်မှာ အံ့သြစရာမဟုတ်။ မိုးများပြီး ရင်းများလွန်းတာမို့ မိုးခေါင်ရေရှားရန် မဖြစ်နိုင်ပေ။

တစ်ခုတည်းသောပြဿနာက လမ်းမကောင်းခြင်းပင်။ နေရာတိုင်း ရွှံ့ဗွက်တွေရှိသည်။ ကလေးနှစ်ယောက် မြင်းလှည်းစီးရတာကို ကြောက်နေမှာလို့ ထင်ပေမဲ့ အတွင်းထဲတွင်မူ ရယ်မောသံများပင် ကြားရ၏။

လုရှန်း ကူကယ်ရာမဲ့ ပြုံးရုံသာ တတ်နိုင်လေသည်။

ခရီးက ရှည်ကြာပြီး နောက်ဆုံးမှာတော့ အန်းမုကျေးရွာသို့ ရောက်ရှိခဲ့ကြတယ်။

"ဒုတိယအစ်မ၊ ကျွန်တော်တို့ ရောက်ပြီလား?”

လုဂျန် ကန့်လန့်ကာကို ရုပ်လိုက်ပြီး မေးမြန်းလိုက်သည်။

“ရှေ့နားဆိုရောက်ပြီ။ သေချာကိုင်ထားကြ။”

“ကောင်းပြီ!”

လုဂျန်သည် ကန့်လန့်ကာကို နာခံစွာ နှိမ့်လိုက်ပြီး အထဲသို့ ပြန်ဝင်သွား၏။

လုရှန်း အဝေးကလှမ်းကြည့်ချိန် သူမရဲ့အဖွားအိမ်တွင် လူအနည်းငယ် စုဝေးနေတာကို တွေ့ရသည်။

သူမ မျက်မှောင်ကြုံ့သွားပြီး ထူးထူးခြားခြား ခံစားချက်တစ်ခု ဝင်ရောက်လာ၏။

မြင်းလှည်းမောင်းနှင်လာချိန် လူကြီးတစ်ယောက် ငိုသံကြားရတယ်။ ရင်းနှီးတဲ့အသံဖြစ်တယ်။ သူမစိတ်အထင် အဖွားဖြစ်နေမလား?

သူမရဲ့အမူအရာက အေးစက်သွားပြီး လှည်းပေါ်မှ အမြန်ဆင်းတယ်။

လူငယ်အနည်းငယ်က မျက်နှာပွန်းပဲ့နေတဲ့ လူတစ်ယောက်ကို တွန်းထုတ်ပြီး ဒေါသတကြီးနဲ့ ပြောတယ်။ "‌ကျောင်းဟူ မင်း အရှက်ကင်းလွန်းတယ်။ တစ်ရွာတည်းနေတဲ့ လူတစ်ယောက်အနေနဲ့ အားချင်းရဲ့မိသားစု ဘာတွေဖြစ်နေလဲဆိုတာ မသိတာလဲမဟုတ်ဘူး။”

"မှန်တယ်။ ကျောင်းမိသားစုမှာ ဂုဏ်သိက္ခာရှိနေသေးတယ်။ အစ်ကိုချင်းရဲ့ ဆင်းရဲတဲ့မိသားစု နောက်ခံကြောင့်သာ မဟုတ်ရင် သူ ဘယ်လိုလုပ် ဒီလိုမိန်းကလေးမျိုး ရှာမှာလဲ?”

လုရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ဦးလေးဟဲလိန် ဖြစ်သည်ကို သိလိုက်သည်။

"ငါ ဂရုမစိုက်ဘူး။"

မျက်နှာမှာ ဒဏ်ရာရနေတဲ့ အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းပြီး မောက်မာစွာနဲ့ “ဒီနေ့ ငွေတုံး ၁၀ တုံးထုတ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် စေ့စပ်ပွဲဖြတ်တာပဲဖြစ်ဖြစ်လုပ် ဘာမှစဉ်းစားနေစရာမလိုဘူး။”

“ဟုတ်တယ်!”

ဘေးမှာရပ်နေတဲ့ အမျိုးသမီးတစ်ဦးက လက်နှစ်ဖက်ကို ခါးပေါ်တင်ကာ “စေ့စပ်ပွဲက အဒေါ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ လျော်ကြေးပေးရမယ်။ မဟုတ်ရင် အိမ်ထောင်ဖက်လက်ဆောင်အဖြစ်  ငွေတုံး ၂၀ ပေးရမယ်။”

လုရှန်းသည် ဘေးနားမှ နားထောင်ပြီး အခြေအနေကို အကြမ်းဖျင်းနားလည်လိုက်သည်။

"ဟေး! လုရှန်း မင်းဘာလို့ ဒီကိုရောက်နေတာလဲ?"

ဟဲလိန် မော့ကြည့်လိုက်ချိန်တွင် လုရှန်းကို မြင်သွားသည်။

ထိုအချိန်မှ မြင်းလှည်း သူတို့အနား တိတ်တဆိတ်ရပ်နေတာကို လူတိုင်းသဘောပေါက်သွားတော့သည်။

လုရှန်းသည် မြင်းလှည်းပေါ်မှ ဆင်းကာ ကလေးနှစ်ယောက်နှင့် သူတို့ရဲ့ပစ္စည်းတွေကို စောင့်ရှောက်ရန် ဟဲလိန်ကို တောင်းဆိုခဲ့တယ်။ ထို့နောက် သူမ ခြံထဲသို့ ဝင်လာခဲ့သည်။

ခြံဝင်းထဲတွင် ဆိုးဆိုးရွားရွား စုတ်ပြတ်နေတဲ့ ဟဲချင်းက အမျိုးသမီး'ကျန့်'၏ ငိုကြွေးခြင်းကို နှစ်သိမ့်ပေးနေတယ်။

လုရှန်းသည် သူမရဲ့ နှလုံးသားထဲက ဒေါသကို ထိန်းထားပြီး လူတိုင်းရဲ့ သံသယ အကြည့်များကို လျစ်လျူရှုကာ ဦးလေးနဲ့ အဖွားကို နှုတ်ဆက်ဖို့ လျှောက်လာ၏။

"လုရှန်း မင်း ဘာလို့ ဒီကိုရောက်နေတာလဲ?”

ဟဲချင်း သူမကို အံ့သြစွာကြည့်နေ၏။

"အဖွားတို့ဆီ အလည်လာတာ!"

အမျိုးသမီး'ကျန့်' ငိုယိုပြီး သူမကို စူးစူးရဲရဲစိုက်ကြည့်ကာ “ငါ့အားရှန်း ရောက်နေတာလား?”

All Chapters