← Chapters

အမျိုးသမီး‘ရူ’

Vol. 5 Ch. 114

အမျိုးသမီး‘ရူ’

Vol. 5 Ch. 114

“အဖွား” ဆိုတဲ့ စကားလုံးသည် လုရှန်းနဲ့ လုံးဝ ရင်းနှီးခြင်းမရှိပေ။

အရင်ဘဝတုန်းက သူမ ဆရာကလွဲလို့ တခြားဆွေမျိုးတွေ မရှိဘူးဟု ပြောလို့ရသည်။

အမျိုးသမီး'ကျန့်'၏ "ငါ့ရဲ့ အားရှန်း" လို့ ပြောတာကို ကြားချိန်တွင် ချက်ချင်းပဲ မျက်ရည်များကျလာ၏။

“ဟုတ်ကဲ့!”

လုရှန်း ငုတ်တုတ်ထိုင်ကာ ပြုံးပြတယ်။

"အားရှန်း ဘာလို့ ဒီကို ရောက်နေတာလဲ?”

အမျိုးသမီး'ကျန့်' မျက်ရည်တွေကိုသုတ်ပြီး အားတင်းပြုံးတယ်။

ဒါကို မြင်လိုက်ရတော့ လုရှန်းရဲ့ နှလုံးသား နာကျင်သွား၏။

"သမီး အဖွားကို လွမ်းလို့ လာတာ။”

သူမ မတ်တပ်ထရပ်ပြီး ဒီနေ့ဖြစ်သမျှအကြောင်း ဟဲချင်းကိုမေးတော့မည့်အချိန် အပြင်ဘက်က အဘွားအိုတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။

“ကျန့်မိသားစုက ဟဲမိသားစုမှာ ဘယ်သူမှမရှိဘူးလို့ တကယ်ပဲ ထင်နေသလား? ငါတို့ အဝေးရောက်နေတာ ၂ ရက်ပဲ ရှိသေးတယ်။ ငါတို့ကို အနိုင်ကျင့်နေပြီလား? ဘယ်လိုတောင် သတ္တိရှိကြလဲ!”

လုရှန်း စူးစမ်းစိတ်ဖြင့် ကြည့်လိုက်ချိန်တွင် လျှော်ပင်အဝတ်အစားနဲ့ ဝါးဦးထုပ်ဆောင်းထားသည့် အဘွားအို ဝင်လာသည်ကို တွေ့လိုက်ရတယ်။

အဘွားအိုအနောက်တွင် ခပ်တင်းတင်းမျက်နှာပေးနဲ့ လူတစ်ယောက်လိုက်လာ၏။ သူက ပစ္စည်းအချို့ သယ်လာသည်။

သူတို့နှစ်ယောက် ရွာပြန်ရောက်ရောက်ချင်း ချက်ချင်းပြေးလာပုံပင်။

လုရှန်းက ခေါင်းငုံ့ပြီး ခဏမျှ စဉ်းစားတယ်။ နောက်တော့ ဒီလူနှစ်ယောက်က သူ့အဘွားလေးနဲ့ သူ့ဦးလေးဖြစ်ကြောင်း သတိရသွားတယ်။

"အဒေါ်၊ ဝမ်းကွဲ။"

ဟဲချင်း သူတို့ကို အပြစ်ရှိသလို နှုတ်ဆက်၏။

“မင်း အရပ်ရှည်လာတာကလွဲလို့ ဘာမှမဖြစ်သလိုပါ။ ဘာလို့ ဒီလိုအရိုက်ခံရတာလဲ?”

အမျိုးသမီး'ရူ' ဟဲချင်း၏ မျက်နှာကို မြင်ချိန်တွင် ဒေါသထွက်လာ၏။

"အဒေါ်၊ ကျောင်းဟူလည်း အခြေအနေ မကောင်းဘူး။”

တစ်စုံတစ်ယောက်က သူမကို သတိပေးတယ်။

"တကယ်လား?"

အမျိုးသမီး'ရူ' ထိုစကား ကြားချိန်တွင် သူမရဲ့ အမူအရာ အနည်းငယ် သက်သာသွား၏။

အဖွားက အမျိုးသမီး'ရူ'ကို နည်းနည်းကြောက်ပုံပင်။ ဝင်လာသည်ကို မြင်ချိန်တွင် ခေါင်းငုံ့ကာ စကားမပြောရဲတော့။

လုရှန်း ရယ်စရာကောင်းတာကို တွေ့လိုက်တယ်။

သူမရဲ့ အထင်အမြင်မှာ ဒီအဖွားလေးက အလွန်အစွမ်းထက်တယ်။ ရွာက လူတော်တော်များများက သူ့ကိုကြောက်ပေမဲ့ အဖွားရဲ့ မိသားစုကို အထူးဂရုစိုက်သည်။

"အဲ့တုန်းက ငါဘာပြောသလဲ? ဒီမိသားစုက ဆက်ဆံရတာ မလွယ်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် ညည်း ငါ့စကားကိုမှ နားမထောင်ပဲ။ သူတို့ကို စွဲလမ်းလွန်းတယ်။ အားချင်းက အသက်မငယ်တော့ဘူး။မိန်းကလေးတစ်ယောက် သူ့ကို လက်ထပ်လိုစိတ်ရှိဖို့ မလွယ်ဘူးလို့ ပြောခဲ့တယ်။ ဆိုတော့ကား ကျောင်းမိသားစုဆီ စေ့စပ်ဖို့သွားတယ်ပေါ့။”

အမျိုးသမီး'ရူ' ကုလားထိုင်ကို ဆွဲယူပြီး ထိုင်ချလိုက်၏။

“အခု ဘယ်လိုလဲ? အခု သူတို့ အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ့်ကိုယ်ကို ဖြောင့်မတ်စွာ ပြုမူဖို့ ဒီကိုရောက်လာပြီလေ။”

သူတို့နှစ်ယောက်ကို ကြိမ်းမောင်းပြီးနောက် အမျိုးသမီး'ရူ' ဒေါသတကြီး ပြောပြန်တယ်။ “‌ကျောင်းမိသားစု ငွေတုံး ၂၀ တုံး ဒါမှမဟုတ် ၁၀ တုံး ဟုတ်သလား? ဘယ်လိုတောင် တောင်းရဲတာလဲ? ငွေ ဘယ်နေရာက လာသလဲလို့ ထင်နေကြသလဲ? သူတို့သမီး ရုပ်ဆိုးဆိုးက ငွေတုံး ၂၀ နဲ့တန်လို့လား? သူမရဲ့ ကုန်ကျစရိတ် ငွေကြေး ၁ ပြားဆိုရင်တောင် လူတိုင်း ၂ ကြိမ်လောက်စဉ်းစားကြမှာ။”

ဘေးနားကလူတွေက ရယ်စရာတွေ့ပေမယ့် မရယ်ရဲကြဘူး။ ပါးစပ်ကို အုပ်ပြီး တိတ်တဆိတ် ရယ်မောရုံသာ ရှိတော့တယ်။

အမျိုးသမီး'ကျောင်း'က အမျိုးသမီး'ရူ'ကို တစ်ချက် ခိုးကြည့်ပြီး စကားမပြောရဲ။

ဟဲချင်း ခေါင်းငုံ့ကာ ပြန်မတုံ့ပြန်ဝံ့ပေ။

ကျောင်းရှောင်ဟွားသည် အမှန်တကယ်ပဲ ပျင်းရိပြီး ပျော့ပျောင်းပုံပေါက်သည်။ ကျောင်းရှောင်ဟွားရဲ့ အမေ အမျိုးသမီး'လောင်'ဟာ ဒီလက်ထပ်ပွဲကို သဘောတူဖို့ လှည့်စားခဲ့သည်။

ဟဲချင်းသည် သူမနဲ့ လက်မထပ်ချင်ဘူး။ သို့ပေမဲ့ သူ့အသက်အရွယ်နဲ့ ဆင်းရဲသည့်မိသားစုနောက်ခံကိုတွေးပြီး မိန်းကလေးဖြစ်သူကို မထိခိုက်စေလိုတာကြောင့် မိန်းကလေးကောင်းတစ်ဦးကို ရှာဖို့တောင် ရှက်နေခဲ့သည်။

သူသည် ပေါ့ပေါ့ပါးပါးဘဝတစ်ခုကိုဘဲ ဦးဆောင်ချင်ခဲ့တယ်။ ဒီလိုအရာတွေ ဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ?

"အာ... "

အမျိုးသမီး'ရူ'က အမျိုးသမီး'ကျန့်' အနား လုရှန်း ရပ်နေသည်ကို သိလိုက်သည်။

"မင်းက... လုရှန်း?"

လုရှန်းက အမျိုးသမီး'ဟဲ'နဲ့ အလွန်ဆင်တူသည်။ ထို့ကြောင့် သူတို့ နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပေမဲ့ အမျိုးသမီး'ရူ'က သူမက လုရှန်း ဆိုတာကို ခန့်မှန်းနိုင်သေးသည်။

"အဖွား!"

လုရှန်း နာခံစွာ နှုတ်ဆက်၏။

"ဘယ်တုန်းက ရောက်တာလဲ? အိုး... မင်း ကြောက်သွားပြီလား။"

အမျိုးသမီး'ရူ' သူမရဲ့ ကျယ်လောင်တဲ့အသံကို တွေးမိတော့ အနည်းငယ် ရှက်ရွံ့သွား၏။

လုရှန်း ရယ်မောတယ်။ “မကြောက်ပါဘူး!”

"အဲဒါကောင်းတယ်!" အမျိုးသမီး'ရူ' မတ်တပ်ထရပ်ပြီး လုရှန်းကို တစ်ချက်ကြည့်တယ်။ အမျိုးသမီး'ရူ' မတတ်နိုင်ပဲ ချီးကျုးတယ်။ "အိုး... မင်း ပိုကြည့်ကောင်းလာတယ်။"

All Chapters