← Chapters

ဆေးဖော်စပ်ရေး အကြီးအကဲ

Vol. 1 Ch. 7

ဆေးဖော်စပ်ရေး အကြီးအကဲ

Vol. 1 Ch. 7

“သူဌေးလု ... ခင်ဗျား ကျွန်တော့်ကို အလုပ်ခန့်တဲ့ အကြောင်းက ဒန်းဟန် ဆေးလုပ်ငန်းမှာ ဆေးအသစ်ဖော်ဖို့ လိုအပ်လို့များလား….”

မိုဝူကျီသည် သက်ပြင်း ချလိုက်ပြီး ထိုအပေါ်တွင် အလောင်းအစား ပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။ သူလိုအပ်နေသည့် ရွှေပြားပမာဏသည် အလွန်များပြား နေသည့်အတွက် ဆယ်ဂဏန်း၊ ရာဂဏန်းလောက်သည် ထိုကိစ္စများကို ဖြေရှင်းရန် မလုံလောက်ချေ။

လုကျိုးကျွင်းသည် တွေဝေသွားပြီး

“မင်းကို ဆေးအသစ်ဖော်ဖို့ လိုအပ်တာက အတိအကျတော့ မဟုတ်ဘူး ... ဒန်းဟန်ဆေးလုပ်ငန်း ကျရှုံးရခြင်း အကြောင်းက ဆေးအသစ်ဖော်ဖို့ အရင်းနှီးတွေ အမြောက်အမြား အသုံးပြုခဲ့လို့ပဲ ... ဆေးအသစ် ထုတ်တာက မအောင်မြင်ခဲ့ဘူး ... အချိန်မီ မထုတ်လိုက်နိုင်တဲ့ အတွက် ပြိုင်ဘက်ဘက်က အခွင့်အရေး ရသွားခဲ့တယ် ... ငါတို့ရဲ့ မူလဖန်တီးမှုကို အုတ်မြစ်အနေနဲ့ ယူပြီး စတင်လို့ရတယ် ... အဲဒါက အချိန်နဲ့ လုပ်အားလည်း ချွေတာပြီးသား ဖြစ်မယ် ...”

လုကျိုးကျွင်း ပြောသည်က မှားယွင်းသည့် အရာတော့ မဟုတ်ပေ။ မိုထင်းချန် ပျောက်ဆုံးသွားပြီးသည့် နောက်တွင် ဒန်းဟန် ဆေးလုပ်ငန်းသည် အသားတင် အမြတ် ကျန်ရှိလေသေး၏။ လုကျိုးကျွင်းသည် သာမန်အဆင့်အတန်း မဟုတ်သည့်အတွက် သူသည် ချက်ချင်း နာမည် ကျော်ကြားသည့် ဆေးဖော်စပ်သူများကို ငှားရမ်းကာ ဆေးအသစ် ထုတ်ရန် ကြိုးစားခဲ့လေသည်။ သနားစရာ ကောင်းသည်က မိုထင်းချန်သည် ဒန်းဟန် အမြတ်အများစုကို ယူသွားပြီးနောက်တွင် ကျန်ရှိသည့် ပမာဏဖြင့် ဆေးအသစ်ဖော်ရန် မလုံလောက်တော့ချေ။ အဆုံးသတ်တွင် အားထုတ်မှုအားလုံး သေထဲရေသွန် ဖြစ်သွားခဲ့ရပြီး ဆေးအသစ်သည်လည်း ဒန်းဟန် ဆေးလုပ်ငန်းမှ ထုတ်လုပ်နိုင်ခြင်း မရှိဘဲ ကျရှုံးသွားရ၏။

အများစုသည် လုကျိုးကျွင်း၏ မိုက်မဲသော ဆုံးဖြတ်ချက်များကြောင့် ဒန်းဟန် ဆေးလုပ်ငန်း ကျရှုံးသွားရသည်ဟု ထင်မှတ်ကြလေသည်။ သို့သော်လည်း လုကျိုးကျွင်း တစ်ယောက်သာလျှင် သူဆေးအသစ် ထုတ်လုပ်နိုင် လျှင်တောင် ဒန်းဟန် ဆေးလုပ်ငန်းသည် မကြာခင် ပိတ်သွားရမည် ဖြစ်ကြောင်း သိရှိ၏။

မိုဝူကျီ ဂရုစိုက်သည်က ဒန်းဟန် ဆေးလုပ်ငန်းသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြိုင်ဘက် လုပ်ငန်းကြောင့် ထုတ်ကုန်များ ကျရှုံးသွားသည့် ကိစ္စမဟုတ်ပေ။ ချန်လင်း ဆေးလုပ်ငန်း၏ ဆေးသည် တူညီသော အကျိုးသက်ရောက်မှုနှင့် ဈေးနှုန်းသည်လည်း အပြိုင်အဆိုင် ရှိလှသည်။ သူတွေးနေသည်က မည်သို့ပြန်လည် တိုက်ခိုက်ရမည်ကို ဖြစ်၏။

“ကျွန်တော်က ဒီဆေးအသစ် ဖော်စပ်ရာမှာ အဓိက သုတေသီအဖြစ် ပါဝင်ပေးရမယ် ဆိုလျှင် ဒီဆေးဝင်ငွေရဲ့ အမြတ်ငွေ ၇၀ ရာခိုင်နှုန်းကို လိုချင်တယ် ... ”

မိုဝူကျီသည် သူလိုအပ်သည့် ရွှေပြားပမာဏကို သတိပြုမိပြီးနောက် တိုက်ရိုက် တောင်းဆိုလိုက်၏။ သူသည် ဒန်းဟန်အရင် ဖော်စပ်ထားသည့် ဆေးမှ စတင်ရန် စိတ်ကူးမရှိချေ။

“မဖြစ်နိုင်ဘူး ... မင်းမှာ ဘာအရည်ချင်း အသိမှတ်ပြု လက်မှတ်လည်း မရှိဘဲနဲ့ ... အမြတ်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကို တောင်းရဲတယ်လား ... ဘယ်လို များတွေးရဲတာလဲ ... အပြင်က ဆေးဖော်စပ်သူကို ခန့်ရင်တောင် အလွန်ဆုံး တစ်လကို ရွှေပြား ၂၀၀၊ ၃၀၀ ပေးရုံပဲ ...”

လုကျိုးကျွင်းသည် အနည်းငယ် ဒေါသထွက်သည့် အမူအရာဖြင့် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

မိုဝူကျီသည် လုံးဝ နောက်မဆုတ်ပေ။ အရင်ဘဝက သူသည် ညှိနှိုင်းချက် များစွာကို ဖြတ်ကျော်ဖူး၍ ထိုသို့သော စကားမျိုးသည် သူ့အတွက် ကြောက်စရာ မကောင်းချေ။

“သူဌေးလု ... ရွှေပြား ၂၀၀၊ ၃၀၀ ပေးပြီး ခန့်တဲ့သူတွေက ဆေးအသစ် ဖော်စပ်နိုင်မှာ ခင်ဗျား သေချာရဲ့လား ... ပြီးတော့ သူက ဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်တယ် ဆိုဦးတော့ သူက အလုပ်ထွက်ပြီး အဲဒီဆေးနဲ့ တခြား ဆေးလုပ်ငန်းတွေဆီ သွားရင်ရော ... အမြတ်ရဦးမယ်လို့ သေချာသေးရဲ့လား ... ကောင်းပြီလေ ... ခင်ဗျားက သူနဲ့ စာချုပ်ချုပ်ဆို ထားရင်တောင် ထုတ်လုပ်ဖို့ အချိန်ကြာမြင့် လာတာနှင့်အမျှ သူ့လစာ ပေးချေဖို့ ရွှေပြားအလုံအလောက် ရှိရဲ့လား ... ကျွန်တော်က မတူဘူး ... ဆေးအသစ် မထုတ်ခင် ခင်ဗျားဆီက တစ်လကို ရွှေဆယ်ပြားပဲ ယူမယ် ... ”

မိုဝူကျီသည် လုကျိုးကျွင်းသည် သင့်တော်သည့်‌ ဆေးဖော်စပ်သူကို ခန့်အပ်ရန် ရွှေပြားအလုံအလောက် မရှိကြောင်း သတိပြုမိလိုက်ပြီး ကံကိုပုံအော၍ လောင်းကြေး ထပ်ကြည့်ခဲ့ခြင်း ဖြစ်သည်။

“ဆေးအသစ်ရဲ့ အမြတ်ကို ခွဲပေးရမယ့် အပြင် ငါ့ကိုတစ်လ ရွှေဆယ်ပြား ပေးခိုင်းချင် သေးတာလား ... ”

လုကျိုးကျွင်းသည် သူ့စကားများသည် ပျော့ပျောင်းလာကြောင်း သတိထားမိလိုက်သည်။

“သေချာအောင်လို့ပါ ... သူဌေးလုရဲ့ ... ခင်ဗျား ကျွန်တော့်ကို ရှာတွေ့တယ်ဆိုတဲ့ အချက်ကိုက ခင်ဗျားရဲ့ အမြော်အမြင်ကို သက်သေပြနေတာပဲ ... အဲဒီလိုသာဆိုရင် ကျွန်တော် ရောက်နေတဲ့ အခြေအနေကို နားလည်မှာပါ ... ကျွန်တော်က ဆေးအသစ်ကို ဗိုက်ဟောင်းလောင်းနဲ့တော့ မဖော်စပ်နိုင်ဘူးလေ ... အဲဒီအပြင် ကျွန်တော် ဆေးဖော်စပ်ရာမှာ ကျရှုံးသွားရင်တောင် ခင်ဗျားအရှုံးက ပြောပလောက်မှာ မဟုတ်ဘူး ... ဒါပေမဲ့လည်း ခင်ဗျားသာ ရွှေပြားရာဂဏန်း ပေးရတဲ့ ဆေးဖော်စပ်သူ ရှာပြီး ခန့်ခဲ့မယ်ဆိုရင် သူသာ ကျရှုံးသွားရင် ... ဟားဟား ... ခင်ဗျားနဲ့ကျွန်တော် အိမ်နီးနားချင်း ဖြစ်လာမှာကို စိုးရိမ်မိပါ့ဗျာ ... ”

မိုဝူကျီသည် ပြောရင်း ရယ်မောလိုက်သည်။

လုကျိုးကျွင်းသည် မိုဝူကျီ၏ ရယ်မောမှုတွင် ဒေါသ ထွက်လာခဲ့ပြီး မည်သူက ထိုလူ့က ရူးသွပ်၍ ဝေဒနာ ခံစားနေရပါစေ ပြောစေကာမူ သူသည် သွား၍ ကန်ကျောက်ပစ် လိုက်ချင်မိသည်။ အကြောင်းရင်းသည် ထိုလူသည် သူတို့တွေးထင်နေ သကဲ့သို့ မဟုတ်ပေ။

“မဖြစ်နိုင်ဘူး ... အများဆုံး ၅၀ရာခိုင်နှုန်းပဲ ပေးနိုင်မယ် ... ” လုကျိုးကျွင်းသည် ရှင်းရှင်းလင်းလင်း မပြောခင်အထိ ခဏတာ တွေဝေသွားခဲ့၏။

မိုဝူကျီ ပြောသည်က အဓိပ္ပာယ် ရှိလှသည်။ အကယ်၍ သူသည် ဆေးအသစ် ဖော်ထုတ်မှု ကျရှုံးသွားခဲ့ပါက လုကျိုးကျွင်း အနေဖြင့် ရွှေဆယ်ဂဏန်းသာ ဆုံးရှုံးလိမ့်မည်။ သို့သော်လည်း တကယ့် ဆေးဖော်စပ်သူ မအောင်မြင်ပါက သူ့အနေဖြင့် ရွှေပြားထောင်ချီ၍ ဆုံးရှုံးရလိမ့်မည်။ ထိုအခိုက်အတန့်တွင် လုကျိုးကျွင်းသည် ထိုအရိုက်အကျမင်းသားနှင့် အိမ်နီးနားချင်း ဖြစ်လာခြင်းနှင့် အဆုံးသတ် ရလိမ့်မည်။

မိုဝူကျီသည် မေးကိုပွတ်လိုက်ပြီး ပြောလိုက်သည်။

“၅၀ ရာခိုင်နှုန်းက အဆင်ပြေပါတယ် ... ဒါပေမဲ့ အမြတ်ငွေရဲ့ ၅၀ ရာခိုင်နှုန်းတော့ မဟုတ်ဘူး ... ဒန်းဟန် ဆေးလုပ်ငန်းရဲ့ ရှယ်ယာ ၅၀ရာခိုင်နှုန်း လိုချင်တယ် ... ခင်ဗျား သဘောတူမယ် ဆိုရင် အခုပဲ စာချုပ်ချုပ်လို့ ရတယ် ... ခင်ဗျား သဘောမတူရင်တော့ ... ကျွန်တော် ဆေးဖော်စပ်ရေး စစ်ဆေးမှုကို သွားဖြေဆိုပြီး လက်မှတ် သွားယူလိုက်မယ် ... ဘွဲ့လက်မှတ် မပါဘဲ ကျွန်တော်က စစ်ဆေးမှုကို ဖြေလို့ မရဘူးလို့တော့ မပြောနဲ့ ... ကျွန်တော်က ဒါလုပ်ရုံအပြင် တခြား ဘာမှမရှိဘူး ... လက်မှတ်ရတာနဲ့ ... ဟီးဟီး ...”

လုကျိုးကျွင်းသည် သက်ပြင်း ချလိုက်ပြီး မိုဝူကျီသည် သူ့အားနည်းချက်ကို သိရှိနေသည်။ သူသည် မိုဝူကျီကို မရှာတွေ့လျှင်ပင် တခြား ဆေးဖော်စပ်သူအား ရှာ၍ အမြတ်ငွေ၏ ၈၀ရာခိုင်နှုန်း ပေးဖို့ရန် ကြံစည်ထားသည် ဆိုပါက တစ်ယောက်မှ ယုံလိမ့်မည် မဟုတ်ပေ။

“ကောင်းပြီ ... ကျွန်တော် သဘောတူတယ် ... မင်းသားမို ... မင်းလည်း လက်ရှိ ဒန်းဟန် ဆေးလုပ်ငန်းက မင်းအပေါ်မူတည်နေပြီ ဆိုတာ ကောင်းကောင်း မှတ်ထားပြီး အမြဲနှလုံးသွင်း ထားပါ ... ဒီနေ့ကစပြီး မင်းက ဒန်းဟန် ဆေးလုပ်ငန်းရဲ့ ဆေးဖော်စပ်ရေး အကြီးအကဲ ဖြစ်လာလိမ့်မယ် ...”

လုကျိုးကျွင်းသည် ထပ်၍ မငြင်းခုံချင်တော့ပေ။ ဒန်းဟန်၏ ဆေးအသစ် ထွက်လာသည်နှင့် ဆေးအသစ် ရောင်းနှုန်းသည် ဒန်းဟန်၏ အမြတ်ငွေတစ်ခုလုံး ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ဒန်းဟန် ဆေးလုပ်ငန်း၏ ရှယ်ယာနှင့် ဆေးအသစ်၏ ရှယ်ယာသည် အတူတူပင် ဖြစ်လိမ့်မည်။ ဆေးအသစ်၏ ရှယ်ယာသည် ပို၍ပင် များနိုင်ချေ ရှိ၏။

မိုဝူကျီသည် လုကျိုးကျွင်း၏ ပခုံးကို ပုတ်လိုက်ပြီး

“အစ်ကိုကြီး ... ခင်ဗျားက တကယ် တော်တဲ့သူပါ ... ကျွန်တော် ဒန်းဟန် ဆေးလုပ်ငန်းကို ဘယ်လို ကံကောင်းမှုမျိုးတွေ ဆောင်ယူ လာမလဲဆိုတာ စောင့်ကြည့်နေပါ ... အစ်ကိုလု ကျွန်တော့်ကို ရွှေဆယ်ပြား အရင်ချေးပါ့လား ... အိမ်မှာ ဆန်ပြတ်လပ်နေပြီ ...”

လုကျိုးကျွင်း ပါးစပ်သည် တွန့်ချိုးသွားပြီး အဝတ်အိတ် ငယ်လေးကို ထုတ်ယူကာ မိုဝူကျီအား ပေးရင်း ပြောလိုက်သည်။

“ညီလေးမို ... ကျွန်တော်တို့က မကြာခင် မိသားစု တစ်ခုတည်း ဖြစ်တော့မှာပဲလေ ... ယဉ်ကျေးဖို့ မလိုပါဘူး ... မင်းမှာ ရွှေပြား မလုံလောက်ရင် လစာကို ကြိုထုတ်ထားလို့ ရတယ်လေ ... ပြန်ပြီး ပြင်ဆင် ထားပေးမယ် ... မနက်ဖြန်ကျရင် စာချုပ်မှာ လက်မှတ်လာထိုးဖို့ အလုပ်ရုံကို လာခဲ့လေ ...”

မိုဝူကျီသည် အိတ်ကို ယူလိုက်ပြီး ဤအိတ်ထဲတွင် ရွှေဆယ်ပြား အတိအကျပါကြောင်း ခံစားလိုက်ရ၏။ သူအူမြူးနေသည့် အခိုက်အတန့်တွင် အဖွဲ့အစည်းရှိ လူအားလုံးက စိုးရိမ်နေသည့် ယန်အာအား ဝိုင်းကြည့်နေသည်ကို မြင်လိုက်ရသည်။ ယန်အာသည် သူ့ကို စိတ်ပူနေတာ ဖြစ်ရမည်။ ထို့ကြောင့်သာ သူမသည် အဖွဲ့အစည်းကို နောက်တစ်ကြိမ် လာခဲ့ခြင်း ဖြစ်ရမည်။

“ကောင်းပြီ ကောင်းပြီ ... မနက်ဖြန်ကျ ဒန်းဟန် ဆေးလုပ်ငန်းကို လာခဲ့မယ် ... ”

မိုဝူကျီသည် လက်ဖက်ရည် အခန်းမှ ထွက်လာပြီး လက်ပြရင်း ပြောလိုက်သည်။

“မိန်းကလေး ...”

မိုဝူကျီနှင့် လုကျိုးကျွင်းတို့၏ ပထမအကြိမ် တွေ့ဆုံမှုနှင့် ငြင်းခုံမှုများ ပြီးသည့်နောက်တွင် မိုဝူကျီသည် သူ့၏နဂိုအတိုင်း တည်ငြိမ်အေးဆေး သွားလေသည်။

“သခင်လေး ... ” ယန်အာသည် မိုဝူကျီကို မြင်ပြီး မြန်မြန် လာခဲ့လိုက်သည်။

“လာလေ ... အိမ်ပြန်ပြီး လမ်းမှာ တစ်ခုခု ဝယ်စားရအောင်လေ ... ”

မိုဝူကျီသည် ယန်အာကို ဆွဲခေါ်လိုက်ပြီး လုကျိုးကျွင်းအား နှုတ်ဆက်လိုက်ပြီး အဆောက်အဦမှ ထွက်လာလိုက်သည်။

ရိုးသားစွာ ပြောရလျှင် မနက်ခင်းက ထမင်း တစ်ဝက်သည် သူ့အစာအိမ်ကို မဖြည့်တင်းနိုင်ချေ။ သူ့မှာရှိနေသည့် ရွှေပြားများဖြင့် သူ့အစာအိမ်ကို ဗလာကျင်းအောင် မထားတော့ချေ။

“ချန်လင်း ဝိညာဉ်ကြောဖွင့် မျှော်စင်လား ... ”

မိုဝူကျီသည် အဆောက်အဦမှ ထွက်လာပြီး နောက်တွင် လမ်းမျက်နှာချင်း ဆိုင်တွင် ရွှေဝါရောင် သုတ်ထားသည့် မြင့်မားသည့် မျှော်စင်ရှိ ချန်လင်း ဝိညာဉ်ကြောဖွင့် မျှော်စင်ဟု စာလုံးအကြီးဖြင့် ရေးထားသည်ကို မြင်လိုက်ရသည်။

သူ ပထမဆုံး အလုပ် လာရှာသည့်အခါ သူသည် ယောင်ကျိုး အဖွဲ့အစည်းကိုသာ တွေ့ခဲ့ပြီး သူ့နောက်မှာ ရှိနေသည့် ချန်လင်း ဝိညာဉ်ကြောဖွင့် မျှော်စင်ကို သတိမပြုမိခဲ့ပေ။

ယန်အာသည် မိုဝူကျီက ချန်လင်း စိတ်ဝိညာဉ်ဖွင့် မျှော်စင်ရှေ့တွင် ရပ်သည်ကို မြင်လိုက်သည့်အခါ သက်ပြင်းချ၍ ပြောလိုက်သည်။

“သခင်လေး ... ဒါက သခင်လေး အရင်က စိတ်ဝိညာဉ် ဖွင့်တဲ့နေရာပါ ... အရင်က လာခဲ့ဖူးတယ် ... ”

ယန်အာသည် ပါးနပ်စွာ သူ့တွင် သေမျိုးဝိညာဉ်ကြော ရှိကြောင်း သတိပေးနေခြင်း ဖြစ်၏။ မိုဝူကျီသည်လည်း ယန်အာ၏ ရည်ရွယ်ချက်ကို နားလည်ပေမဲ့ ဆက်၍ ပြောလိုက်သည်။

“ယန်အာ ... စားတာက စောင့်လို့ရတယ် ... အရင် စိတ်ဝိညာဉ်ဖွင့် မျှော်စင်ကို သွားကြည့်ကြစို့ ... ”

မိုဝူကျီအတွက် အရေးကြီးဆုံး အရာသည် ဝိညာဉ်ကြော ရရှိ၍ ကျင့်ကြံနိုင်ရေး ဖြစ်၏။ လုကျိုးကျွင်းနှင့် ငြင်းခုံ၍ ဆွေးနွေးသည်က ကျင့်ကြံနိုင်ခြင်း အတွက် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်၏။ ထိုသို့မဟုတ်ပါက သူ့အရည်ချင်းဖြင့် အသက်ရှင်ဖို့ရန် ပိုက်ဆံရှာခြင်းက အလွန်လွယ်ကူ လှပေသည်။

“အမ် ... ”

ယန်အာသည် မိုဝူကျီမှ လမ်းတစ်ဖက်ရှိ စိတ်ဝိညာဉ် မျှော်စင်အတွင်းသို့ ဆွဲမခေါ်ခင်အထိ ငိုမဲ့မဲ့ဖြစ်နေခဲ့သည်။

“ရပ်စမ်း ... ဒီနေရာက လူတွေ သူတို့ဝိညာဉ်ကို တိုင်းတာပြီး ဖွင့်ဖို့ရန်အတွက်ပဲ ... မသက်ဆိုင်တဲ့ သူတွေကို ဝင်ခွင့်မပြုဘူး ... ”

မိုဝူကျီနှင့် ယန်အာတို့ မျှော်စင်အတွင်း ဝင်လိုက်သည်နှင့် တားဆီးခံလိုက်ရသည်။

“သခင်လေး ... စိတ်ဝိညာဉ်ကို ဖွင့်ဖို့က ပထမဆုံးအရင် စာရင်းပေးထားပြီး ... ပြီးတော့ လိုအပ်တဲ့ ရွှေပြားတွေ ပေးချေပြီးမှ ဝင်ခွင့်ရတာ ... လိမ်လည်လှည့်ဖျားတာ ဖမ်းမိခဲ့ရင် ပြစ်ဒဏ်က အလွန် ပြင်းထန်တယ် ...”

ယန်အာသည် မိုဝူကျီက တစ်ခုခု မိုက်မဲစွာ လုပ်မည်ကို စိုးရိမ်၍ နားဖျား နားကပ်ကာ သတိပေးလိုက်သည်။

မိုဝူကျီသည် သူသည် ဒီနေရာတွင် ဗြောင်းဆန်အောင် ပြုလုပ်၍ မရကြောင်း အသက်ကို စတေးထားရ သကဲ့သို့ အရေးကြီးကြောင်း မှတ်ယူထားလိုက်သည်။ သူသည် စိတ်ဝိညာဉ် ဖွင့်ရန် လုပ်ထုံးလုပ်စဉ်နှင့် ရွှေပြား မည်မျှ လိုအပ်ကြောင်း လာရောက်စုံစမ်းရုံသာ ဖြစ်၏။

“ဟမ် ... ” မိုဝူကျီ ဘာမှမပြောခင် တစ်ယောက်မှ ဝင်ပြောလိုက်သည်။

“မိန်းကလေး ... ဒီကိုလာပြီး စိတ်ဝိညာဉ် လာဖွင့်တာလား ... ”

အသံသြသြနှင့် လူတစ်ယောက်က မေးလိုက်သည်။ မိုဝူကျီနှင့် ယန်အာသည်လည်း သူတို့အပြင် တခြားလူနှစ်ယောက် ရှိကြောင်းကို သတိပြုမိလိုက်၏။ အဖြူရောင် မုတ်ဆိတ်နှင့် အမျိုးသားသည် အားလုံးနှင့် ခြားနားနေပုံ ပေါ်လေသည်။ အမျိုးသမီးသည် လှပသည့် မျက်နှာရှိပြီး သူမပတ်ဝန်းကျင်တွင် သူမအား ငေးမကြည့်ရဲ နိုင်သည့် နိုဘယ် အရှိန်အဝါတွေ လွှမ်းခြုံထားလေသည်။ စကား ပြောလိုက်သည်က အမျိုးသား ဖြစ်၏။

ယန်အာသည် နောက်ဆုတ် လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်၏။

***

All Chapters