အသာလွန်ဆုံးသော ဝိညာဉ်ကြော
Vol. 1 Ch. 8
မိုဝူကျီသည် ရှေ့တက်လိုက်ပြီး အမျိုးသားနှင့် အမျိုးသမီးကို လေးစားစွာ နှုတ်ခွန်းဆက် လိုက်သည်။
“ကျွန်တော်တို့ နှစ်ယောက်က သိချင်ရုံ သက်သက်ပါ ... စိတ်ဝိညာဉ်ကို ဖွင့်ဖို့ ရွှေပြားအမြောက်အမြား လိုတယ်လို့ ကြားဖူးတယ် ... ကျွန်တော်တို့မှာ စားဖို့ရန် ဆန်တောင် အနိုင်နိုင်ပါ ... ငွေပြားတောင် မရှိတာ ... ဘယ်ကနေ ရွှေပြား သွားရှာရမှာလဲ ... ကျွန်တော်တို့ နှစ်ယောက် အခု ထွက်သွားပါ့မယ် ... ”
မုတ်ဆိတ်ဖြူနှင့် လူကြီးတွင် ကြောက်စရာ ကောင်းသည့် အကြည့်များရှိ၏။ မိုဝူကျီသည် ဒီနေရာတွင် ဆက်၍ မနေသင့်ကြောင်း ပြောမပြတတ်သည့် ခံစားချက်မှုမျိုး ရနေသည်။
အမျိုးသမီးသည် မိုဝူကျီ လက်ထဲရှိသော အဝတ်အိတ်ငယ်ကို ကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမမျက်လုံးတွင် မသတီမှုအချို့ ဖြတ်ပြေးသွားလေသည်။ သိသာစွာပင် သူမသည် ထိုအဝတ်အိတ်ငယ်အတွင်း ရွှေပြားများရှိကြောင်း သိနေပြီး လိမ်ညာနေသည့် မိုဝူကျီအပေါ်တွင် အထင်သေးခြင်းနှင့် မသတီမှု နှစ်ခုလုံး ခံစားမိလေသည်။
မိုဝူကျီသည် အတွေ့ကြုံ ရှိသည်ဟု ယူဆ၍ ရသည်။ သူသည် သူမ၏ မျက်လုံးထဲမှ သတီမှုကို ပြောနိုင်လေသည်။ သူသည် အဝတ်အိတ်တွင် အပေါက်များ ရှိနေလားဟု သံသယ ဝင်မိလေသည်။ မဟုတ်လျှင် ဤအမျိုးသမီးသည် သူ့အိတ်ကိုဖြတ်၍ မည်သို့ မြင်နိုင်မည်နည်း။
“ထွက်သွားဖို့ အလျင်မလိုပါနဲ့ ... ဒီရောက်လာပြီးတော့မှ စိတ်ဝိညာဉ်ကြောကို မစမ်းသပ်သွားတာလဲ ...” မုတ်ဆိတ်ဖြူနှင့် လူသည် ထပ်၍ ပြောလိုက်သည်။
မိုဝူကျီသည် စိတ်ငြိမ်အောင် ထားလိုက်သည်။ သူသည် မုတ်ဆိတ်ဖြူနှင့် လူသည် သူ့အား ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ သူ့ဘေးရှိ ယန်အာအား ရည်ရွယ်နေကြောင်း ခံစားမိလိုက်သည်။ သို့ပေမဲ့ ယန်အာတွင် ဝိညာဉ်ကြော ရှိနေသည်ဆိုလျှင် သူတို့သည် စမ်းသပ်ခြင်းမရှိဘဲ ဝိညာဉ်ကြောများကို မြင်နိုင်သည်များလား ... အကယ်၍ သူသည် ယန်အာကြောင့် ရောက်လာခြင်း မဟုတ်လျှင် သူ့ရည်ရွယ်ချက်သည် ဘာအတွက်များလဲ ... မိုဝူကျီသည် ယန်အာအား သူ့နောက်ဆွဲ ပို့လိုက်ရင်း ဂရုတစိုက် ပြောလိုက်သည်။
“ဆရာနှင့် မဒမ် ... ကျွန်တော်တို့ မောင်နှမတွေက ရွှေပြားမရှိပါဘူး ... ပြီးတော့ စိတ်ဝိညာဉ် ဖွင့်ဖို့လည်း မရည်ရွယ်ထားပါဘူး ... အခုပဲ ထွက်သွားပါ့မယ် ... ”
မုတ်ဆိတ်ဖြူနှင့် လူကြီးသည် ပြုံး၍ ပြောလိုက်သည်။
“ငါက မင်းစိတ်ဝိညာဉ်ကို ဖွင့်ဖို့ ပြောနေတာ မဟုတ်ဘူး ... ပြီးတော့ စမ်းသပ်မှုကလည်း သိပ်မကုန်ပါဘူး ... ဝင်သွား ...”
စမ်းသပ်မှုက သိပ်မကုန်ဘူးတဲ့လား ... မိုဝူကျီသည် သံသယအချို့ ရှိလေသည်။ စိတ်ဝိညာဉ် စမ်းသပ်ခြင်းက အနည်းဆုံး ရွှေပြား ရာဂဏန်းလောက် ကုန်ကျသည် မဟုတ်ဘူးလား ...
“စီနီယာ ... စမ်းသပ်မှု တစ်ခုတည်းက ရွှေပြားငါးရာ ကုန်ကျတယ်လို့ ကျွန်တော် ကြားဖူးတယ် ... သေမျိုးဝိညာဉ်ကြောနဲ့ လူတွေဆိုရင် စိတ်ဝိညာဉ်ကို ဖွင့်ဖို့ ရွှေပြားထောင်ချီ အသုံးပြုတယ် ... ပြီးတော့ အဆိုးရွားဆုံး သက်စောင့်ဆေး တွေလည်း မှီဝဲကြတယ် ... ”
ထိုသူနှစ်ယောက်၏ ပုံမှန်မဟုတ်သည့် တည်ရှိမှုကြောင့် သာလျှင် မဟုတ်ပါက မိုဝူကျီသည် သူတို့နှစ်ယောက်အား လူကုန်ကူးသူဟု ထင်မှတ်မိမှာ ဖြစ်သည်။
မုတ်ဆိတ်ဖြူနှင့် လူကြီးသည် ရယ်မောလိုက်ပြီး
“ပုံမှန်အားဖြင့် လူတွေက သူတို့ဝိညာဉ်ကြော ရှိမရှိ ဆုံးဖြတ်ပြီးတဲ့ အခါမှာ စိတ်ဝိညာဉ်ဖွင့်ရန် လုပ်လေ့ ရှိကြတယ် ... ဒါပေမဲ့ သူတို့မှာ သေမျိုးဝိညာဉ်ကြော ရှိတဲ့အခါ သူတို့က စိတ်ဝိညာဉ်ဖွင့် မျှော်စင်က ဝိညာဉ်ကြော အားလုံးကို ခွဲခြား မပေးနိုင်ဘူးလို့ ပြောကြတယ် ... ပြီးတော့ စိတ်ဝိညာဉ်ကို တိုက်ရိုက်ဖွင့်ဖို့ လုပ်ဆောင်ကြတယ် ... ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ် ... သေမျိုးဝိညာဉ်ကြောနဲ့ လူတွေပဲ နစ်နာမှာ ... ”
မိုဝူကျီသည် အလုံးစုံ နားလည် သွားလေပြီ။ စိတ်ဝိညာဉ် ဖွင့်သည်က ရွှေပြားမီလီယံ နှင့်ချီ၍ ကုန်ကျသည်လား ... အားလုံးသည် စိတ်ဝိညာဉ်ဖွင့် မျှော်စင်က သတ်မှတ် ထားသည်သာ ဖြစ်သည်။ သူတို့သည် ဝိညာဉ်ကြော အားလုံးကို မခွဲခြားနိုင်ဘူးဟု ဆိုကာ သေမျိုး ဝိညာဉ်ကြောနှင့် လူတွေအား သေချာသိရှိဖို့ စိတ်ဝိညာဉ်ဖွင့်ရန် သိမ်းသွင်း စည်းရုံလေသည်။
ထို့အပြင် စိတ်ဝိညာဉ်ဖွင့် သည်က ရွှေပြားများ လိုအပ်လေသည်။ တချို့လူများသည် သူတို့နှင့် အတွေးတူကာ ပထမဆုံးအကြိမ် သုံးသည့် သက်စောင့်ဆေးသည် သူတို့၏ “မခွဲခြားနိုင်သော ဝိညာဉ်ကြော” ကို ပိုင်းခြားရန် ကောင်းမွန်ခြင်း မရှိဟု ယူဆကာ ဒုတိယအကြိမ် ပိုက်ဆံအမြောက်အမြား သုံး၍ စိတ်ဝိညာဉ်ဖွင့်ရန် ကြိုးပမ်းကြလိမ့်မည်။
ထိုအခိုက်အတန့်တွင် မိုဝူကျီသည် သူ့၏ ဆင်းရဲသည့် ဖခင်သည်လည်း ပထမဆုံးအကြိမ်က အလိမ်အညာမိခဲ့ခြင်း ဖြစ်မည်ဟု ၁၀၀ရာခိုင်နှုန်း သေချာသွားလေသည်။
သူ့တွင် ဝိညာဉ်ကြော မရှိပေ။ စိတ်ဝိညာဉ်ဖွင့် မျှော်စင်ရှိ အကြံသမားများသည် စိတ်ဝိညာဉ် ဖွင့်ကြေးရရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ရမည်။ ထို့အပြင် မိုဂေါင်ယွမ်၏ မိုဝူကျီ ကျင့်ကြံနိုင်ရေး ဆန္ဒသည်နှင့် ထင်ရာဆိုင်းမိပြီး စိတ်ဝိညာဉ်ဖွင့်ရန် ပိုက်ဆံ အမြောက်အမြား အသုံးပြုခဲ့လိမ့်မည်။ ဟုတ်တာပေါ့ ... သူကဲ့သို့ အလိမ်ခံရသည့်သူ အားလုံးသည်လည်း ချမ်းသာသည့် သခင်များ ဖြစ်ကြသည်။
“ရပ်စမ်း ... ”
မျှော်စင်ရှိ အစောင့်သည် အမျိုးသားနှင့် အမျိုးသမီးကို မသိသည့်အတွက် တားဆီးလိုက်သည်။
မုတ်ဆိတ်ဖြူနှင့် လူသည် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“တာဝန်ရှိသူ ဘယ်မှာလဲ ... အခုထွက်ခဲ့စမ်း ...”
မုတ်ဆိတ်ဖြူနှင့် လူ၏အသံသည် မကျယ်ပေမဲ့ မိုဝူကျီသည် သူ့နားစည် ပေါက်ကွဲသွားပြီး နှလုံးသားအထိ အထိတ်တလန့် ဖြစ်စေသည်ဟု ခံစားလိုက်ရ၏။
စက္ကန့်အနည်းငယ် အကြာတွင် အလွန်ဝသည့် လူလတ် အမျိုးသားသည် ပြေးထွက်လာခဲ့သည်။ သူသည် မျှော်စင် ဝင်ပေါက်ကို ဖွင့်ရန် သွားရင်း အမျိုးသားနှင့် အမျိုးသမီးကို တွေးရခက်စွာ ကြည့်လိုက်သည်။ ထင်ရှားစွာပင် သူသည် သူတို့အား မမှတ်မိနိုင်ပေ။
မုတ်ဆိတ်ဖြူနှင့် လူသည် ကျောက်စိမ်းတံဆိပ်ကို ပြကာ ပြောလိုက်သည်။
“ဒီမှာရှိတဲ့ အကောင်းဆုံး ဝိညာဉ်ကြော စမ်းသပ်ခန်းကို ခေါ်သွား ... ”
လူဝတုတ်ကြီးသည် ကျောက်စိမ်းတံဆိပ် မြင်သည့်အခါ လက်သည် အနည်းငယ် တုန်ယင်သွားပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။
“ဟုတ်ကဲ့ ... ဟုတ်ကဲ့ ... ကျွန်တော်က တာဝန်ရှိ လုချွင်းရှန်းပါ ... ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ ...”
မိုဝူကျီသည် သူ့ကို ဆွဲခေါ်နေသည့် ပြင်းထန်သည့် အင်အားတစ်ခုကို ခံစားမိပြီး အမျိုးသားနှင့် အမျိုးသမီးနောက်မှ မျှော်စင်အတွင်း လိုက်ပါဝင်ရောက် သွားခဲ့သည်။
မိုဝူကျီ၏ မျက်နှာသည် မည်းနက် လာလေသည်။ သူသည် သူ၏ စိတ်ဝိညာဉ်ကြောကို မစမ်းသပ်ချင်ပေ။ သို့သော် ခုခံနိုင်ခြင်း မရှိစွာ အတင်းဖိအားပေး ခံရသည်က သူ့အား အလွန်အမင်း သက်သောင့်သက်သာ မဖြစ်စေပေ။
စိတ်ဝိညာဉ်ဖွင့် မျှော်စင်သည် နေရာ ကျယ်ဝန်းသည်ဟု ယူဆ၍ ရသည်။ မိုဝူကျီသည် တချို့လူများသည် ရွှေပြားများ ပေးချေ၍ သူတို့၏ စိတ်ဝိညာဉ်ကြောကို စမ်းသပ်ရန် သို့မဟုတ် ဖွင့်ရန် ရောက်ရှိနေကြခြင်း ဖြစ်၏။
မကြာခင်တွင် လုချွင်းရှန်းသည် သူတို့အား ဒုတိယအလွှာသို့ ခေါ်ဆောင်လာလေသည်။ ဒုတိယအလွှာတွင် မိုဝူကျီသည် ဆယ်ပေလောက် ကျယ်ဝန်းသည့် ပုံဆောင်ခဲ ကျောက်တိုင်ကို တွေ့လိုက်သည်။
“မင်းအရင်ဝင်ပြီး စမ်းသပ်လိုက် ... ဒီဟာရဲ့ နောက်မှာရပ်နေ ... ”
မုတ်ဆိတ်ဖြူနှင့် လူသည် ပုံဆောင်ခဲ ကျောက်တိုင်၏ နောက်မှ နေရာကို ညွှန်ပြရင်း စိတ်မပါလက်မပါ ပြောလိုက်သည်။
မိုဝူကျီသည် သူရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း သိရှိလေသည်။ မိုဝူကျီကို စမ်းသပ်ခိုင်းသည်က ယန်အာ အတွက်ကြောင့်သာ ဖြစ်၏။ ထိုအချိန်တွင် မိုဝူကျီအနေနှင့် မုတ်ဆိတ်ဖြူနှင့် လူသည် ယန်အာ၏ ဝိညာဉ်ကြော အကြောင်း ယုံကြည် စိတ်ချမှုကို မှန်းဆနိုင်သည်။ မုတ်ဆိတ်ဖြူနှင့်လူ မည်သို့သိရှိသည်ကို သူ့အနေနှင့် မသိပေ။
အရင်က သူစမ်းသပ်ဖူးပြီး သူ့တွင် ဝိညာဉ်ကြော မပါရှိသည်ကို သိရှိပေမဲ့လည်း မိုဝူကျီသည် ပူပင်နေဆဲဖြစ်၏။ သူသည် အရင်စမ်းသပ်မှု များသည် မှားယွင်းပြီး သူ့တွင် ဝိညာဉ်ကြော ရှိနေရန် မျှော်လင့်မိသည်။ ထိုအခိုက်အတန့်တွင် သူသည် ဒုတိယအကြိမ် စမ်းသပ်ရာတွင် အကြံသမားများက သူ့ဖခင်ကို လိမ်ညာခဲ့ခြင်းဖြစ်ရန် ဆုတောင်းမိသည်။
မိုဝူကျီသည် ဖြစ်နိုင်ချေ နည်းပါးကြောင်းကို ရှင်းရှင်းလင်းလင်း သိပေသည်။
“သခင်လေး ... သွားပြီး စမ်းသပ်ကြည့်လေ ... ”
မနေ့က မိုဝူကျီ ပြောခဲ့သော စကားများမှ ယန်အာသည် သူမ၏ သခင်လေးတွင် ဝိညာဉ်ကြောရှိရန် ထက်သန်နေကြောင်း ရိပ်မိလေသည်။
မိုဝူကျီသည် ခေါင်းညိတ်လိုက်ပြီး အသက် ဝအောင်ရှူကာ စမ်းသပ်ရေး နေရာသို့ သွားပြီး ခြေချလိုက်သည်။
ပုံဆောင်ခဲ ကျောက်တိုင်သည် မီးခိုးရောင် အဖျော့လေး လင်းလာပြီး လှုပ်ရှားမှု ရပ်သွားလေသည်။
မိုဝူကျီသည် ထိုတုံ့ပြန်မှုသည် မည်သည့် အရာဖြစ်ကြောင်း မသိပေ။ သို့သော် ပုံဆောင်ခဲ ကျောက်တိုင် အနည်းငယ် တုံ့ပြန့်မှုကို ကြည့်ပြီး သူသည် ဝိညာဉ်ကြောနှင့် လူမြင်ရမည့်အရာ မဟုတ်ကြောင်း သေချာပေါက် သိလိုက်သည်။
လုံလောက် သွားချေပြီ ... မုတ်ဆိတ်ဖြူနှင့် လူသည် စိတ်မရှည်စွာ ပြောလိုက်သည်။
“အများဆုံးတွေ့ရတဲ့ သေမျိုး ဝိညာဉ်ကြောပဲ ... မင်းက သေမျိုးဖြစ်ဖို့ ကံတရားက ဖန်ထားပြီးသား ... ဆင်းလာခဲ့တော့ ...”
မိုဝူကျီ၏ တစ်ကိုယ်လုံး အေးစက်သွားပြီး လဲကျတော့မတတ် ဖြစ်သွားခဲ့သည်။ မိမိဘာသာ ပြန်လည် ထိန်းချုပ်လိုက်ပြီး စမ်းသပ်မှုနေရာမှ ဘာမှ မဖြစ်သကဲ့သို့ ဆင်းလာခဲ့သည်။ သူ့၏ တုန်ယင်နေသည့် လက်သည် ဤအခိုက်အတန့်တွင် မည်မျှ စိတ်ပျက်သွားကြောင်း ပြသနေသည်။ အနိမ့်ဆုံး ဝိညာဉ်ကြော ရှိရင်တောင် အဆင်ပြေပါသည်။ ဘာကြောင့်များ သေမျိုး ဝိညာဉ်ကြော ရှိနေရသနည်း။
“သခင်လေး ... ဝိညာဉ်ကြော မရှိတာလည်း အဆင်ပြေပါတယ် ... အရင် သခင်ကြီးလည်း မရှိခဲ့ဘူး ...” ယန်အာသည် မိုဝူကျီကို ဖက်ကာ ပြောလိုက်သည်။
မိုဝူကျီသည် တည်ငြိမ်နေ သကဲ့သို့ ဟန်ဆောင်ကာ ပြုံး၍ ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး ... ဝိညာဉ်ကြော မရှိရင်တောင် ... လက်တွေ ရှိပါသေးတယ် ... အနာဂတ်မှာ ငါတို့ ဝဝလင်လင် စားရမှာပါ ...”
သူသည် စကားတစ်ခွန်းမျှ မပြောဘဲ စိတ်ထဲတွင် လေးလံစွာ သက်ပြင်း ချလိုက်သည်။ အကြောင်းရင်းမှာ သူ့ဖခင် ဝိညာဉ်မရှိသည်မှာ ယောင်ကျိုးမြို့တွင် လူလိမ်များ၏ ရိုက်စားခဏတိုင်း မိခြင်းကြောင့် ဖြစ်၏။
လှပသည့် အမျိုးသမီးသည် မိုဝူကျီကို သရော်ဖို့ပင် ပျင်းရိနေလေသည်။ စားဖို့ပဲ တွေးတောနေသည်က ပုရွက်ဆိတ်များ ကဲ့သို့ သေမျိုးများသာ ထိုသို့တွေးခြင်းဖြစ်၏။
မုတ်ဆိတ်ဖြူနှင့် လူသည် မိုဝူကျီကို ဂရုစိုက်ခြင်း မရှိဘဲ ပြုံး၍ ပြောလိုက်သည်။
“မိန်းကလေး ... အခု မင်းအလှည့်ပဲ ... ”
ယန်အာသည် ခေါင်းကိုခါကာ
“ကျွန်မကို စမ်းသပ်ဖို့ မလိုပါဘူး ... ကျွန်မက မကျင့်ကြံချင်ဘူး ... သခင်လေးနဲ့ အတူတူ ထွက်သွားချင်တယ် ...”
“ဒီရောက်လာမှတော့ စမ်းသပ်ကြည့်ပေါ့ ... ” အမျိုးသား၏ စကားများနောက် လိုက်ပြီး ယန်အာသည် စမ်းသပ်ရေး နေရာသို့ ရောက်ရှိသွားခဲ့သည်။
မိုဝူကျီသည် တိတ်တဆိတ် လက်သီးဆုပ် ထားလိုက်သည်။ သူသည် ယန်အာက စမ်းသပ်မှု မပြုလုပ်ချင်သော်လည်း ဖိအားပေး အတင်းလုပ်ဆောင် သည်ကို မြင်သောအခါ မသက်မသာမှုကို ခံစားလိုက်ရသည်။ မိုဝူကျီသည် သက်ပြင်း ချလိုက်သည်။ သူအဆင်မပြေ ပေမဲ့လည်း သူ့ရှေ့ရှိ အမျိုးသား၊ အမျိုးသမီးနှင့် ယှဉ်လျှင် သူသည် ပုရွတ်ဆိတ်သာသာ ရှိ၏။
ယန်အာ စမ်းသပ်မှုနေရာ ရောက်သည်နှင့် စက္ကန့်အနည်းငယ် အတွင်း ပုံဆောင်ခဲ ကျောက်တိုင်သည် အစိမ်းရောင် ဟုန်းခနဲ တောက်ပလာခဲ့သည်။ မကြာခင်တွင် အစိမ်းရောင်အလင်းသည် ပုံဆောင်ခဲ ကျောက်တိုင်၏ ထိပ်ဆုံးသို့ တက်ရောက်သွားခဲ့သည်။ ခြေတစ်လှမ်းစာ အလိုတွင် ထိပ်ဆုံးသို့ ရောက်ရှိလိမ့်မည်။ နူးညံ့သည့် အစိမ်းရောင်လေးသည် သက်တံရောင်မှ အစိမ်းနုလေးနှင့် တူ၏။
“အသာလွန်ဆုံး ဝိညာဉ်ကြောပဲ ... ”
မုတ်ဆိတ်ဖြူနှင့် မိန်းမလှတို့သည် တစ်ပြိုင်နက် ရေရွတ်လိုက်ကြသည်။ မိုဝူကျီသည် သူတို့ မျက်လုံးထဲရှိ အရူးအမူး ဖြစ်နေသည့်ပုံကို မြင်လေသည်။
လုံလောက် သွားချေပြီ။ သူတို့သည် ယန်အာအတွက် ရောက်ရှိလာတာ ဖြစ်သည်။ မိုဝူကျီသည် အစွမ်းအစမဲ့သည်ဟု ခံစားရလေသည်။
***