ကြာပြာ ကောင်းကင်အသျှင်၏ မီးတောက်
Vol. 11-16 Ch. 199
အခန်း (၁၉၉) : ကြာပြာ ကောင်းကင်အသျှင်၏ မီးတောက်
ရှန်ထျန်းက ထိုအပင်လေးသည် အရမ်းကြိုက်နေကြောင်း မြင်လိုက်ရသည့်အတွက် စိတ်အေးမိသွားသည်။ ထိုအရာလေးက သူ သတ္တုရိုင်းတုံးမှ ရရှိလာသော နတ်ဘူးသီးစေ့လေး မဟုတ်ပါလော။ သူ့အနေနှင့် ခံစားချက်တစ်ချို့ ရှိသည်မှာ ပုံမှန်သာ ဖြစ်၏။
ရှန်ထျန်းက လီလျန်အာထံ ကျောက်စိမ်းနီ ပုလင်းလေးကို ပေးလိုက်ပြီးနောက်
“ ဒီပုလင်းလေးထဲမှာ သန့်စင်ပြီးသား နိဗာနတော်ဝင်ရေစင်တွေ ပါတယ်။ ဒဏ်ရာတွေကို ကုသနိုင်ပြီးတော့ ဝိညာဉ်သစ်ပင်ကို ပြုစုပျိုးထောင်ပေးလို့လည်း ရတယ်။ ဒီအပင်လေးက ကြိုက်နေတယ်ဆိုတော့ ညီမလျန်အာပဲ လက်ခံထားလိုက်ပါ။ ဒါပေမဲ့ ကိုယ့်ဘာသာ မျိုချမပစ်နဲ့နော် ”
အရှင်းဆုံးပြောရလျှင် လီမိသားစုမှ လက်ဆောင်ပေးထားသည့် ဓားသခင် အမှတ်အသားပြားသည် ရှန်ထျန်းအတွက် အကူအညီအများကြီး ရခဲ့ရသည်။ သူ့အနေနှင့် အန္တရာယ်များသော အခြေအနေများကို ရှောင်ရှားနိုင်ခဲ့၏။ ထို့ကြောင့် လီလျန်အာဆီ သန့်စင်ပြီးသား နိဗာနတော်ဝင်ရေစင်ကို ပေးလိုက်ခြင်းမှာ ထိုကျေးဇူးကို ပြန်ဆပ်ခြင်းနှင့် တူပေသည်။
လီလျန်အာက ပုလင်းလေးကို အပြုံးလေးနှင့် လက်ခံလိုက်ပြီးနောက် “ အစ်ကိုရှန်က ကျွန်မတို့ရဲ့ နတ်ဘူးသီးလေးအပေါ် အရမ်းကောင်းတာပဲ ”
ရှန်ထျန်းက လီလျန်အာခေါင်းကို အသာပုတ်ပေးလိုက်သည်။ သူ့အနေနှင့် သူမခေါင်းပေါ်တွင် အနီနှင့် ရွှေရောင် ရောစပ်ရောင်ဝါစက်ဝန်းကို မြင်ရသည့်အတွက် စိတ်မကျေနပ်သလို ဖြစ်နေလေ၏။
အဆုံးမဲ့ဝိညာဉ်ဥယျာဉ်အတွင်း ရှန်ထျန်း ပထမဆုံး တွေ့ခဲ့သူမှာ သူမ ဖြစ်ခဲ့သော်လည်း သူမက အနီနှင့်ရွှေရောင် အရောစက်ဝန်းသာ ဖြစ်နေသေးသည်။ မလုံလောက်သေးပေ။
ထို့အပြင် ရှန်ထျန်းက လီလျန်အာ ခေါင်းအထက်မှ ကံအပြောင်းအလဲ အခွင့်အရေးပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ ထိုအရာက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ဝင်ရောက်ပြီးနောက် သူမ ရရှိလာမည့် အခွင့်အရေး ဖြစ်နိုင်သည်။ သို့သော်လည်း ရှန်ထျန်း၏ အမြင်အရ ဤအခွင့်အရေးမှာ သိပ်အဖိုးမတန်ပေ။ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ထက် အတော်လေး နိမ့်ကျနေသေး၏။
ထိုမျှတင် မကသေးဘဲ မြို့ငယ်လေးအတွင်း ဝင်ရောက်ပြီးနောက် ရှန်ထျန်းက ချင်ကောင်း၊ ချင်ယွင်တိနှင့် ကျန်လူများ၏ ခေါင်းပေါ်တွင် ကံအပြောင်းအလဲ အခွင့်အရေးကို မြင်တွေ့ပြီးသား ဖြစ်၏။
သို့သော် အများစုမှာ သတ္တုရိုင်းတုံးများ၊ နတ်ဆိုးများနှင့် ကမ္ဘာဦးတိုက်ပွဲနယ်မြေရှိ ဝိညာဉ်သစ်သီးများသာ ဖြစ်ကြသည်။ သူတို့ကား အနည်းငယ် အဖိုးတန်သည်ဟု ယူဆ၍ ရသေးသည်။
သို့သော်လည်း ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့၊ ဟရူးဂါ နတ်ဆိုးကျမ်းနှင့် လျှပ်စီးဖြိုခွဲခြင်း နည်းစနစ်တို့နှင့် ယှဉ်လိုက်လျှင် အရမ်းနိမ့်ကျနေသေးသည်။ လူတစ်ယောက်က ကံကောင်းနေလျှင်ပင် သူတို့ကြုံတွေ့ရမည့် ကံအပြောင်းအလဲ အခွင့်အရေးတိုင်းက အခွင့်အရေးကောင်း မဖြစ်နိုင်ပေ။
အချိန်အများစု၌ သူတိုက သာမန်ကံအပြောင်းအလဲ အခွင့်အရေးသာ ကြုံတွေ့ကြရသည်။ သို့သော် ထိုအရာက ဘာမှမရရှိခြင်းထက် ပိုသာနေသေး၏။
သူက လီလျန်အာကို ကံကြမ္မာမြင့်တင်နိုင်ဖို့ ကူညီပေးလိုက်လျှင် သူမအနေနှင့် ကံအပြောင်းအလဲ အခွင့်အရေးကောင်း ရလာမည်လားဟု တွေးနေမိသည်။ ရှန်ထျန်း စိတ်ထဲ အတွေးတစ်ခု ပေါ်လာကာ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ရှန်ထျန်းက လက်ရာမြောက်သော စန္ဒာကူးသေတ္တာလေးကို ထုတ်လိုက်သည်။ ထိုသေတ္တာလေးထဲ၌ ကျောက်စိမ်းဖြူနှင့် လုပ်ထားသော ချစ်စဖွယ် ပုလင်းလေး ရှိနေသည်။
ထိုပုလင်းအပေါ်တွင် “၅” ဟု ရေးထွင်းထားသေး၏။ ထိုအရာက ပုလင်းထဲ၌ နိဗာနတော်ဝင်ရေစင် ငါးလီတာ ပါဝင်ကြောင်း ညွှန်ပြထားခြင်း ဖြစ်ပေသည်။
……....
ရှန်ထျန်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ပြန်ရောက်လာစဉ်အခါက အလွန်အရေးကြီးသည့် ကိစ္စကို လုပ်ခဲ့သည်။ ထိုအရာမှာ တော်ဝင်ရေစင်များအား ပုလင်းများထဲ ခွဲထည့်ခြင်း ဖြစ်၏။
ရှန်ထျန်းက မြူခိုးဟင်းလင်းပြင်မှာ ရှိတုန်းက အချိန်က မပြင်ဆင်နိုင်ခဲ့ပေ။ သူက ခန်းမင်လက်စွပ်ထဲ ပုလင်းနှစ်ရာမျှသာ ရှိခဲ့သည်။ နိဗာနတော်ဝင်ရေကန်တစ်ခုလုံးကို ထည့်နိုင်ဖို့အတွက် ရှန်ထျန်းက ထိုပုလင်းတိုင်း၌ ဖြည့်ခဲ့ရသည်။ ပုလင်းအများစုက နိဗာနတော်ဝင်ရေစင် ငါးဆယ် လီတာမျှ ဆန့်၏။ တချို့သော ပုလင်းကြီးများက ၁၀၀ လီတာအထိ ဆန့်ပေသည်။ သို့သော် ၅၀ လီတာ ဖြည့်ထားသော ပုလင်းများရှိခြင်းက ပြဿနာတစ်ခု ဖြစ်စေသည်။ အလွန်အကျွံ ဖြစ်နေလေသည်။
နမူနာအားဖြင့် ကြာဖြူတောင်ထိပ်ပေါ်၌ ခုနှစ်စဉ်ကြယ်၏ သူတော်စင်က အရမ်းအံ့ဩတုန်လှုပ်သွားပြီး သူ့ကိုယ်သူ သံသယဝင်လာသည့်အထိ စိတ်အခြေအနေ ဆိုးရွားသွားခဲ့ရသည်။ ပို၍ အရေးကြီးသည်က နိဗာနတော်ဝင်ရေစင် ၅၀ လီတာ ပုလင်းများကို ပေးပစ်ဖို့ ခက်ခဲလှသည်။
ပုလင်းတစ်ခုလုံးကို ထုတ်ကာ ပုလင်းအသေးလေးများထဲ ပြွန်ဖြင့် ပြောင်းထည့်ခြင်းက လက်ဆောင်အဖြစ် ပေးဖို့ သိပ်မဟန်ပေ။
သူ့အား ကပ်စေးနဲသလို ပုံပေါ်စေသည် မဟုတ်ပါလော။
သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရပေဦးမည်။ အကယ်၍ သူ့ပုံရိပ်ကောင်းလေး ကျန်ရှိစေလိုလျှင် ပုလင်းတစ်ခုလုံးကို ပေးပစ်ရလိမ့်မည်။
ဒါပေမဲ့ နိဗာနတော်ဝင်ရေစင် ငါးဆယ်လီတာကျော်တောင်လေ … အရမ်းများလွန်းသွားလေပြီ
ရှန်ထျန်းက တောင်ကြားမှ နိဗာနတော်ဝင်ရေစင် ၂၅ မှ ၃၀ ကီလိုလီတာလောက် ရရှိခဲ့ပေမဲ့ အားလုံးကို ရက်ရက်ရောရော ပေးပစ်ဖို့ မတတ်နိုင်ချေ။
အခေါက်တိုင်း ငါးဆယ်လီတာစီ ထုတ်ပေးနေရလျှင် ၅၀၀ - ၆၀၀ လောက် ပေးပြီးသွားလျှင် လက်ဗလာဖြစ်သွားပေလိမ့်မည်။ ထိုအတွေးဖြင့် ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင်မြို့ဆီ သွားရောက်ကာ လက်ဆောင်သေတ္တာ အလုံးတစ်ထောင်နှင့် ကျောက်စိမ်းပုလင်းပေါင်းများစွာကို မှာယူခဲ့သည်။
ထို့နောက် သူက ကျန်ရှိနေသော နိဗာနတော်ဝင်ရေစင်များကို ကျောက်စိမ်းပုလင်း၊ ကျောက်စိမ်းဖြူပုလင်း၊ သစ်စေးရွှေကျောက်စိမ်းပုလင်းများထဲ ခွဲထည့်ဖို့ရာ နေ့ဝက်လောက် အချိန်ပေးခဲ့ရသည်။
ကျောက်စိမ်းပုလင်းများက အရေအတွက် အများဆုံး ဖြစ်ပြီး ပုလင်း တစ်သောင်း မှာယူခဲ့သည်။ ထိုပုလင်းများထဲ၌ နိဗာနတော်ဝင်ရေစင် လီတာဝက်စီ ထည့်ထားလိုက်သည်။ ထိုပုလင်းများကို ချောမွတ်ကာ အရောင်စိုစို ကျောက်စိမ်းပေါ်တွင် လက်ရာမြောက် ပုံစံအမျိုးမျိုး ထွင်းထားသောကြောင့် ချစ်စရာကောင်းလှသည်။
ရှန်ထျန်းဆီ ရှိနေသော ပုလင်းများနှင့် ယှဉ်လိုက်လျှင် သူတို့က ပို၍ မျက်စိပသာဓ ဖြစ်ပေသည်။
ကျောက်စိမ်းဖြူပုလင်းများပေါ်တွင် ထိုးထွင်းထားသော ပုံသဏ္ဌာန်တို့က ပို၍ အနုစိတ်လက်ရာမြောက်သည်။ သူတို့ကို ဈေးကြီးလှသည့် စန္ဒာကူးသေတ္တာထဲ ထည့်ကာ ထုပ်ပိုးပေးထားသေး၏။ သေတ္တာတစ်ခုချင်းစီတွင် ကျောက်စိမ်းဖြူ တစ်ပုလင်းစီ ပါရှိပြီး နိဗာနတော်ဝင်ရေစင် ငါးလီတာခန့် ပါဝင်ပေသည်။
ရှန်ထျန်းက ကျောက်စိမ်းဖြူပုလင်း တစ်ထောင် ပြင်ဆင်လာပြီး သူတို့အား ကံကြမ္မာကောင်းသည့် ပါရမီရှင်လူငယ်လေးများကို လက်ဆောင်အဖြစ် ပေးဖို့ရာ ရည်ရွယ်ထားသည်။ လက်ဆောင်ပေးခြင်းဖြင့် ခင်မင်ရင်းနှီးလာနိုင်သည် မဟုတ်ပါလော။
ကံကြမ္မာကောင်းနှင့် ပါရမီရှင်လူငယ်လေးများကို ပထမဆုံး တွေ့ဆုံသည့်အခါ … သူတို့နှင့် ရင်းနှီးပြီး ယုံကြည်မှုရအောင် မည်သို့လုပ်ရမည်နည်း။
အရိုးရှင်းဆုံးနှင့် အပွင့်လင်းဆုံးနည်းလမ်းမှာ နိဗာနတော်ဝင်ရေစင်ကို လက်ဆောင်ပေးလိုက်ခြင်း ဖြစ်၏။ သူတို့က ချက်ချင်းဆိုသလို အလွန်ခင်မင်ဖော်ရွေလာကာ ညီအစ်ကိုတစ်ယောက်လို ဆက်ဆံကြလိမ့်မည်။ နိဗာနတော်ဝင်ရေစင် ထည့်ထားသည့် စန္ဒာကူးသေတ္တာလှလှလေးများကို လက်ဆောင်ပေးလိုက်လျှင် ပုံပန်းအရရော၊ ပစ္စည်းလက်ဆောင်အရပါ မည်သူကမှ ရှန်ထျန်း၏ ဖော်ဖော်ရွေရွေ လုပ်ရပ်များကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
ထိုအခါ သူ့အနေနှင့် အားစိုက်ထုတ်မှုကို အလွယ်တကူ ပြန်ရိတ်သိမ်းနိုင်လိမ့်မည်။
တစ်ချိန်တည်းတွင် ရှန်ထျန်း၏ နိဗာနတော်ဝင်ရေစင် ရရှိလိုက်ကြသော လူများ၏ ကံကြမ္မာက မြင့်တက်သွားကြလိမ့်မည်။ ထိုနည်းလမ်းဖြင့် ရှန်ထျန်း၏ ရိတ်သိမ်းနှုန်းက ပို၍ များပြားလာပေမည်။ ထိုအခါ ရှန်ထျန်းအနေနှင့် ကျင့်ကြံရေးလောက၌ ကောင်းချီးပေးခံရဆုံး ပုဂ္ဂိုလ် ဖြစ်လာဖို့ရာ အချိန်တစ်ခုမျှသာ ကြာပေလိမ့်မည်။
သူက အရာအားလုံးကို ကောင်းကောင်း စီစဉ်ထားပြီးလေပြီ။
…………...
နောက်ဆုံးအသုတ်၌ အခမ်းနားဆုံး လက်ဆောင်သေတ္တာများ ပါဝင်သည်။ ထိုသေတ္တာများကို ဝိညာဉ်ကျောက်တုံးများမှ ဖန်တီးထုဆစ်ထားပြီး ဝိညာဉ်ချီနှင့် စွမ်းအားများ လျော့ပါးသွားခြင်းကို ကာကွယ်ဖို့အတွက် အကောင်းဆုံး ဖြစ်၏။ ထိုသေတ္တာပေါ်၌ နဂါး၊ ဇာမဏီပုံရိပ်များ ထိုးထွင်းထားပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အစောင့်အရှောက် နတ်သားရဲဆယ်ကောင်လည်း ပါရှိသည်။ ထို့ကြောင့် ရှန်ထျန်း၏ ကိုယ်ပိုင်သင်္ကေတ ပါဝင်နေသည်ဟုလည်း ဆိုလို့ ရပေသည်။
ထို့အပြင် ထိုပုလင်းအတွင်း ဝိညာဉ်ကျောက်စိမ်းတုံးကို အဖိုးတန်ဆုံး ဝိညာဉ်သစ်စေးရွှေဖြင့် ပြုလုပ်ကာ အသုံးပြုထားသည့်အတွက် အလွန်ရှားပါးပြီး ဈေးကြီးသော သစ်စေးရွှေပုလင်းများ ဖြစ်လာလေသည်။
ပုလင်းတစ်ခုတည်းဖြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် ကျသင့်ကာ အဆင့်အတန်းမြင့်မြင့် အရည်အသွေးအကောင်းဆုံး ပစ္စည်းတစ်ခု ဖြစ်၏။ ထိုအဆင့်မြင့် သစ်စေးရွှေပုလင်းများတွင် နိဗာနတော်ဝင်ရေစင် ငါးဆယ်လီတာခန့် ပါဝင်သည်။
သူတို့ကို အရေးကြီးသည် ပွဲအခမ်းအနားမျိုး၌ လက်ဆောင်ပေးဖို့ရာ ရည်ရွယ်ထားသည်။
နမူနာအားဖြင့် သူ့ဆရာဖြစ်သူ၏ မွေးနေ့လိုမျိုး ဒါမှမဟုတ် သူ့ယောက္ခမနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုမျိုး …
ရှန်ထျန်းက ထိုသီးသန့်လက်ဆောင်သေတ္တာများနှင့် ပုလင်းများကို တစ်ရာခန့်သာ မှာယူထားခဲ့သည်။ ရှန်ထျန်းအနေနှင့် ထိုဈေးကြီးလှသည့် လက်ဆောင်မျိုး ပေးရမည့် အချိန်အခါမျိုး များများစားစား ရှိလိမ့်မည်ဟု မထင်မိပေ။ ရှန်ထျန်းက နောက်ဆုံး၌ သူ့ဘာသာ အသုံးပြုရလောက်သည်ဟု ယုံကြည်ထားလေသည်။
……………...
ကျောက်စိမ်းပုလင်း တစ်သောင်းအတွက် နိဗာနတော်ဝင်ရေစင် လီတာဝက်ဆီ ပါဝင်ပြီး ကျောက်စိမ်းဖြူ ပုလင်းတစ်ထောင်တွင် ငါးလီတာစီ ပါဝင်သည်။ နောက်ဆုံး သစ်စေးရွှေ ပုလင်းတစ်ရာအတွက်မူ နိဗာနတော်ဝင်ရေစင် ငါးဆယ်လီတာစီ ထည့်ထားသည်။
နိဗာနတော်ဝင်ရေစင်ကို ထိုသို့ ဝေခွဲလိုက်လေသည်။ ကျန်ရှိနေသော ဆယ်ကီလိုလီတာအတွက်မူ သူက မှော်ကျောက်စိမ်းပုလင်းထဲ၌ ထည့်သိမ်းထားလေ၏။
ထိုမှော်ကျောက်စိမ်းပုလင်းက အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်ပစ္စည်းဖြစ်ပြီး ကြာဖြူကောင်းကင်အသျှင်က ရှန်ထျန်းအား ပေးထားခြင်း ဖြစ်၏။ ထိုအရာလေးက ဆေးလုံးများနှင့် ကုသဆေးလုံးများ အာနိသင်မပျောက်မပျက် သိုလှောင်ဖို့ရာအတွက် အသင့်တော်ဆုံး ဖြစ်၏။
ရှန်ထျန်းက ကြာဖြူကောင်းကင်အသျှင်အား နိဗာနတော်ဝင်ရေစင် ငါးဆယ်လီတာ ပေးခဲ့ပြီးနောက် သူမက စဉ်းစားပြီး ဤမှော်ကျောက်စိမ်းပုလင်းလေး လက်ဆောင်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိနေသော တစ်ဆယ်ကီလိုလီတာ နိဗာနတော်ဝင်ရေစင်ကို ကြာရှည်ခံစေရန်အတွက် ထိုမှော်ကျောက်စိမ်းပုလင်းလေးထဲ ထည့်သိမ်းထားလိုက်သည်။ တန်ဖိုးကား လိပ်နက်ချပ်ဝတ်ထက် ပို၍ တန်ဖိုးရှိသည်။
ထို့အပြင် မှော်ကျောက်စိမ်းပုလင်းတွင် အဆိပ်ဖြေဆေးလုံး၊ ပုံရိပ်ယောင် ပယ်ဖျက်ဆေးလုံး၊ နုပျိုဆေးလုံး၊ အားဖြည့်ဆေးလုံးတို့ အစရှိသဖြင့် အရေအတွက်များစွာ ပါရှိသည်။ သူတို့အားလုံးကို ကြာဖြူကောင်းကင်အသျှင်က ပေးထားခြင်း ဖြစ်၏။
ကြာဖြူ ကောင်းကင်အသျှင်က ဆေးလုံးများကို ကိုယ်တိုင် ဖော်စပ်ထားသောကြောင့် အရည်အသွေးမြင့်မားပေသည်။ နိဗာနတော်ဝင်ရေစင်လောက် မကောင်းသော်လည်း အရှေ့ပိုင်းလွင်ပြင်ရှိ ကျင့်ကြံသူများစွာအတွက် ထိုဆေးလုံးများသည် ဝယ်လိုအားများပြီး အဖိုးတန်နေဆဲ ဖြစ်၏။
ကြာဖြူကောင်းကင်အသျှင်က အကျိုးအကြောင့်သင့်သူမှန်း သိသာလှသည်။ သူမက ရှန်ထျန်း ပေးထားသော နိဗာနတော်ဝင်ရေစင်တန်ဖိုးနှင့် လိုက်မီနိုင်စေရန် လက်ဆောင်ကို အကောင်းဆုံး ကြိုးစားရွေးချယ်ပေးထားသည်။
တချို့သော အကြီးအကဲလိုမျိုး မဟုတ်ပေ။
…………....
ယခု ရှန်ထျန်းက ငါးလီတာ ပါဝင်သော ကျောက်စိမ်းဖြူ ပုလင်းလေးကို လီလျန်အာဆီ ပေးဖို့ ပြင်လိုက်သည်။ စန္ဒာကူးသေတ္တာလေးကို ဖွင့်လိုက်သည့်အခါ အထွတ်အထိပ်အဆင့် ကျောက်စိမ်းဖြူပုလင်းလေးက နေရောင်အောက်တွင် တလက်လက် တောက်ပနေသည်။
ရှန်ထျန်းက ပြုံးလိုက်ပြီး
“ ဒီပုလင်းထဲမှာ နိဗာနတော်ဝင်ရေစင် ငါးလီတာ ပါတယ်။ ဒဏ်ရာကို ကုစားဖို့အတွက် သုံးလို့ရတယ်ဆိုတော့ ညီမလျန်အာ လက်ခံလိုက်ပါ။ ဒီကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ ကိုယ့်ဘာသာ ဂရုစိုက်နော် ”
ထို့နောက် ရှန်ထျန်းက နိဗာနတော်ဝင်ရေစင်ကို လီလျန်အာထံ ပေးလိုက်ပြီးနောက် သူမခေါင်းပေါ်မှ ရောင်ဝါစက်ဝန်းကား သိသိသာသာ တုန်ခါသွားလေသည်။
ရွှေရောင်အစက်များ ပိုများလာပြီး အလင်းရောင်လည်း ပိုတောက်ပလာသည်။ သူမခေါင်းအထက်ရှိ ကံအပြောင်းအလဲ အခွင့်အရေးပင် ပိုမို ကြည်လင်ကာ ပြတ်သားလာသည်။ ထိုမျှတင်မကသေးဘဲ သူမ လက်ရှိပုံရိပ်နောက်တွင် နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေးအသစ်လည်း ဖြစ်ပေါ်လာပုံ ရ၏။
ရှန်ထျန်းက ကံကြမ္မာနှင့် ကံအပြောင်းအလဲ အခွင့်အရေးတို့ကြားမှ ဆက်သွယ်ချက်ကို လေ့လာသုံးသပ်ဖို့ လိုအပ်နေလေပြီ။
လီလျန်အာကား စန္ဒာကူးသေတ္တာကို လက်ခံလိုက်ပြီးနောက် မျက်နှာအထက် ပန်းရောင်သမ်းကာ ရှက်သွေးဖြာလာလေသည်။
အစ်ကိုရှန်က လက်ဆောင်ကို သီးသန့်ပြင်ထားခဲ့တာကိုး … ဒီသေတ္တာလေးရော ပုလင်းလေးရော လှလိုက်တာ …
အစ်ကိုရှန်က ဒီလက်ဆောင်ကို ပြင်ဖို့ အရမ်းအားစိုက်ထုတ်ခဲ့ရမှာပဲ …
ဒါပေမဲ့ အစ်ကိုရှန်က လက်ဆောင်ပေးတုန်းက ငါ့ခေါင်းပေါ်ကို ဘာလို့ ကြည့်နေတာလဲ မသိဘူး … အပင်ပေါက်လေးကို ကြည့်နေတာလား … အစ်ကိုရှန်က ဒီအပင်ပေါက်လေးကို ဒီလောက်အထိ သဘောကျလိမ့်မယ်လို့ မထင်ထားမိဘူး …
ဒါတွေအားလုံး ငါတို့ရဲ့ အချစ်ကြောင့်ပဲ …
……………
ထိုစဉ် အားလုံး၏ အကြည့်တို့က ရှန်ထျန်းဆီ ရောက်ရှိလာကြသည်။
သူက ခန့်ညားချောမောသည့် လူငယ်လေးတစ်ဦး ဖြစ်ပြီး လီလျန်အာနှင့်အတူ ရပ်နေသည့် မြင်ကွင်းမှာ အားလုံးကို တောင့်တမှုအပြည့် ဖြစ်လာစေသည်။ အထူးသဖြင့် အမျိုးသမီးများ ဖြစ်ကြ၏။ သူတို့အထဲ လီလျန်အာနေရာကို ဝင်ယူပြီး သူတော်စင် ရှန်ထျန်းဘေးနား ရပ်နေသူမှာ သူတို့ ဖြစ်ဖို့ မမျှော်လင့်သည့်သူ ဟူ၍ မရှိပေ။
ဘယ်မိန်းမပျိုလေးကများ သူတို့ဘဝ၌ အချစ်အကြောင်း မတောင့်တဘဲ နေမည်နည်း။
ထိုအခိုက်အတန့်လေး၌ ရှန်ထျန်း၏ ဟာရီတီပုတီးစေ့က အပြင်းအထန် တုန်ခါလာသည်။
“ သခင် … ဒီနားမှာ အငြိုးတရားတွေ ရှိနေတယ်။ ကြည့်ရတာ ဝိညာဉ်နတ်မိမယ်လေးနဲ့ အရှင့်သား ရှန်အောင်းဆီက ဖြစ်မယ် ”
ဝိညာဉ်နတ်မိမယ်လေးနဲ့ ရှန်အောင်းလား …
ရှန်ထျန်းက အံ့ဩမိသွားသည်။ သူက ကျိုးအာ ညွှန်ပြသည့် နေရာသို့ ကြည့်လိုက်မိသည့်အခါ သူ့အား အငြိုးတရားအပြည့်နှင့် စိုက်ကြည့်နေသည့် မျက်ဝန်းနှစ်စုံကို မြင်လိုက်ရသည်။ ထိုသူတို့မှာ ဝိညာဉ်နတ်မိမယ်လေးနှင့် ရှန်အောင်းတို့ကလွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။
အချိန်အကြာကြီးကြာပြီးနောက် ရှန်ထျန်းက သူတို့ကို မြင်လိုက်ရသည့်အခါ ပျော်ရွင်မိသွားလေသည်။
ဒါပေမဲ့ သူတို့က ဘာလို့ ဒီလိုဖြစ်နေတာလဲ … မနာလိုဖြစ်နေတာလား …
ဟုတ်သား … ငါက လျန်အာကို အပင်စိုက်ပျိုးဖို့ အရည်ရော၊ နိဗာနတော်ဝင်ရေစင်ကိုရော ပေးခဲ့တာလေ … သူတို့နှစ်ယောက်က ဘာမှမရသေးတော့ မပျော်မရွင်ဖြစ်ပြီး အားကျမနာလိုတာ ပုံမှန်ပါပဲ …
ရှန်ထျန်းက မျက်နှာလိုက်တတ်သည့်သူ မဟုတ်ပေ။
ဝိညာဉ်နတ်မိမယ်လေးက ဉာဏ်များတတ်သူ ဖြစ်သော်လည်း ရှန်ထျန်း စိတ်ထဲ၌ အရေးပါသူ ဖြစ်နေသေးသည်။
ဝိညာဉ်နတ်မိမယ်လေး၏ ကံကြမ္မာတိုးတက်လာဖို့ ကူညီပေးခြင်းက သူ့အတွက် နောင်အခါ ကံအပြောင်းအလဲ အခွင့်အရေး အလကားမျှဝေယူဖို့ ပိုလွယ်ကူသွားလိမ့်မည်။
ရှန်အောင်းအတွက်မူ ရှန်ထျန်းက အတော်လေး အနေခက်နေမိသည်။ သူ ကမ္ဘာကူးပြောင်းလာစဉ်ကတည်းက မီးတိုင်းပြည်၏ အရှင်ဘုရင် ရှန်ရှောင်မှလွဲ၍ တော်ဝင်မိသားစုထဲ၌ ရှန်အောင်းက အရင်းနှီးဆုံး ဖြစ်ခဲ့ရသည်။
သွေးက ရေထက် ပျစ်သည် မဟုတ်ပါလော။ သွေးသားတော်စပ်မှုကို ဖြတ်တောက်မပစ်နိုင်ပေ။
ထိုအတွေးဖြင့် ရှန်ထျန်းက နောက်ထပ် စန္ဒာကူးသေတ္တာနှစ်လုံးကို ထုတ်ကာ ဝိညာဉ်နတ်မိမယ်လေးနှင့် ရှန်အောင်းအား ပေးလိုက်သည်။
“ အစ်ကို(၆)၊ ညီမလင်းအာ … အစ်ကိုတို့အတွက် ပြင်ပေးထားတာ။ ဒီအထဲမှာ နိဗာနတော်ဝင်ရေစင် ငါးလီတာစီ ပါပါတယ်။ ဒီကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ ဂရုစိုက်ကြပါနော်။ အစ်ကိုတို့ နှစ်ယောက်လုံးက ကျွန်တော်အတွက် အရေးကြီးတယ် ”
ရှန်ထျန်း၏ ဟာရီတီ ပုတီးစေ့က တုန်ခါမှု ရပ်သွားပြီး စကားသံ ထွက်ပေါ်လာသည် “ သခင် … သူတို့ အငြိုးတရားက လုံးဝ ပျောက်သွားပြီ”
“ အစ်ကိုရှန်အောင်းထျန်းရဲ့ နာမည်က ရှန်ထျန်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ အစ်ကိုရှန်ကို ကျေးဇူးတင်ပါတယ် ”
ဝိညာဉ်နတ်မိမယ်လေးက ရှက်ပြုံးလေး ပြုံးလိုက်ရင်း စန္ဒာကူးသေတ္တာကို လက်ခံထားလိုက်သည်။ သူမအနားရှိ အမျိုးသားအားလုံးမှာ ချစ်စဖွယ်မြင်ကွင်းကြောင့် ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြသည်။
“ ဒီအံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က နတ်မိမယ်လျန်အာနဲ့တင် ပရောပရည် လုပ်ရုံမကဘူး။ ငါ့ဆီကနေ နတ်မိမယ်လင်းအာကိုပါ ခိုးဖို့ ကြိုးစားနေတာကိုး။ ဒါပေမဲ့ ငါက … ဘာလို့ မမုန်းမိရတာလဲ။ သေစမ်း ငါတို့ရဲ့ နတ်မိမယ်လင်းအာနဲ့ နတ်မိမယ်လျန်အာတို့က ဒီလူအတွက် သင့်တော်တယ်လို့ ဘာလို့ ခံစားမိလာတာတုန်း … ငါက သူတို့ကို ဂုဏ်ပြုပေးဖို့အထိ စဉ်းစားမိသွားတာတုန်း ”
“ အဲဒါ မင်းတို့ကောင်တွေက ရုပ်ဆိုးလွန်းလို့လေ … ရုပ်ဆိုးတဲ့လူတွေက နာကြည်းဖို့ မတန်ဘူးကွ”
“ အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က တကယ်ကို နှစ်လိုဖွယ်ကောင်းတယ်။ ငါတို့တော့ မိန်းကလေး လျန်အာနဲ့လင်းအာကို အားကျရုံနေပဲ တတ်နိုင်တယ်။ ငါတို့လည်း သူတို့လိုမျိုး သူတော်စင် ရင်ခွင်ထဲ ပစ်ဝင်ချင်တာပေါ့ ”
“ ငါရော ”
“ ဒီမှာရော ”
“ အတူတူပဲ ”
……….
တပည့်များကြား တိတ်တဆိတ် စကားဝိုင်းတစ်ခု ဖြစ်တည်လာသည်။ သူတို့က နတ်ဘုရားအသိစိတ်ဖြင့် ဆက်သွယ်ကာ ပြောဆိုနေကြသည်။ လေထုထဲ၌ မနာလိုအူတိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။
ရှန်အောင်းက ပြုံးနေသည့် ရှန်ထျန်းကို ကြည့်လိုက်မိပြီး သူ့ခံစားချက်များက အင်မတန် ရှုပ်ထွေးလာမိသည်။ အရှင်းဆုံးပြောရလျှင် ကျင့်ကြံရေးလောကထဲ ဝင်ရောက်စဉ်ကတည်းက ရှန်အောင်း၏ အမြင်အပေါ် များစွာသက်ရောက်မှု ခံလိုက်ရသည်။ သူက မီးတိုင်းပြည် တော်ဝင်နန်းဆောင်၌ ရှားပါးသော ပါရမီရှင် တစ်ယောက် ဖြစ်ကာ ငယ်စဉ်ကတည်းက အားလုံး၏ ဂုဏ်ယူမှုတစ်ခု ဖြစ်ခဲ့ရသည်။ သို့သော် ထိုက်ပိုင်ချိုင့်ဝှမ်း ဝင်ရောက်ပြီးနောက် ရှန်အောင်းအနေနှင့် သူ့ပါရမီမှာ သူ ထင်ထားသလောက် မကြီးကျယ်ကြောင်း သဘောပေါက်လာလေသည်။
လီချန်းကောနှင့် လီလျန်အာတို့က သူ့ထက် များစွာ အားကောင်းကြသည်။ ယခု ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း ပါဝင်ကြသော တပည့်များအနက် သူက သာမန်အကျဆုံးလူသာ ဖြစ်နေသည်။
သို့သော် သူ အမြဲတစေ ရှောင်ရှားခဲ့ရသော ကံဆိုးလွန်းလှသည့် မင်းသား(၁၃)က ယခုအခါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင် ဖြစ်လာခဲ့၏။
အားလုံးက သူ့ကိုသာ အာရုံစိုက်နေကြပြီး အားလုံးက သူ့အနား စုရုံးနေချင်ကြသည်။ ထို့အပြင် သူ့ဆရာမှ များစွာချီးကျူးထားကာ ပြိုင်ဖက်ကင်းအဖြစ် ရည်ညွှန်းခံထားရသော နတ်မိမယ်ရှောင်လင်းလည်း မင်းသား (၁၃)၏ သစ္စာရှိ ပရိတ်သတ်တစ်ဦး ဖြစ်နေချေသည်။
ရှန်အောင်း၏ မာနမှာ ကြီးကြီးမားမား ထိုးနှက်ခံလိုက်ရသည်ဟု ဆိုရမည်။
အကယ်၍ သူသာ ကျော်လွှားနိုင်လျှင် ယခင်ထက် အားကောင်းလာနိုင်ပြီး ပြောင်လက်နေအောင် တိုက်ချွတ်ထားကာ ဓားသွေးထားသည့် ဓားတစ်ချောင်းလိုမျိုး ဖြစ်လာပေမည်။ သို့သော် မကျော်လွှားနိုင်ဘဲ စိတ်အခြေအနေထိခိုက်သွားပါက သူ့တစ်ဘဝလုံး လက်လျော့လိုက်ရနိုင်၏။
ရှန်ထျန်းအနေနှင့် ရှန်အောင်း သူ့အား စိုက်ကြည့်နေသည်ကို မြင်သည့်အခါ အနည်းငယ် ကတုန်ကယင် ဖြစ်မိသွားသည်။
အစ်ကိုတော်(၆) က ငါ ပေးတဲ့ နိဗာနတော်ဝင်ရေစင်ကို နည်းတယ်များ ထင်သွားတာလား …
ထိုအတွေးဖြင့် ရှန်ထျန်းက နောက်ထပ် စန္ဒာကူးသေတ္တာတစ်လုံးထုတ်ကာ ပေးလိုက်ပြန်သည်။
“ အစ်ကို(၆)နဲ့ ကျွန်တော်က သွေးသားတော်စပ်တဲ့ ညီအစ်ကိုတွေလေ။ အရင် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်နဲ့ နန်းတော်မှာတုန်းက ဖြစ်ခဲ့တဲ့ နားလည်မှုလွဲတာတွေအတွက် အငြိုးမထားဖို့ မျှော်လင့်ပါတယ် ”
ရှန်အောင်းက နိဗာနတော်ဝင်ရေစင် တစ်ဆယ်လီတာအား လက်ခံလိုက်ပြီးနောက် နားမလည်စွာ မေးလိုက်သည် “ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်တုန်းကလား … ဘယ်လိုနားလည်မှုလွဲတာလဲ ”
ရှန်ထျန်းက အဖြစ်အပျက်ကို ပြန်မှတ်မိသွားကာ ချွေးစီးများပင် ထွက်လာလေသည်။
သူ့နောက်တွင် ရပ်နေသော ဆိုင်ရှင်စုန့်က ပို၍ စိတ်တထင့်ထင့် ဖြစ်လာမိသည်။
ရှန်ထျန်းက ချောင်းဟန့်လိုက်ရင်း “ ဘာမှမဟုတ်ပါဘူး … အရေးမကြီးဘူးရယ်။ ပြီးခဲ့တာတွေ ပြီးပါစေတော့ ”
ရှန်အောင်းက ရုတ်ချည်း အရာအားလုံးကို ပြန်မှတ်မိသွားလေသည်။
ဟုတ်သား … မင်းသား(၁၃)က အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှာ ရှန်အောင်းထျန်းဆိုပြီး ပြောထားတာဆိုတော့ နတ်မိမယ်ရှောင်လင်းက ဒီအရှင့်သားကို ရှန်အောင်းထျန်း ထင်သွားခဲ့တာပဲ
သူမက ငါ့ကို ရုပ်ဆိုးလွန်းလို့ဆိုပြီး ပြောခဲ့သေးတာပဲ … ဒီအရှင့်သားက ဒီလောက်မှားယွင်းတဲ့ ဆက်ဆံမှုမျိုး တစ်ခါမှ မကြုံတွေ့ဖူးဘူး
သူက တွေးကြည့်လေလေ ပို၍ ဒေါသထွက်လာလေလေ ဖြစ်၏။
ရှန်အောင်းက အသက်ပြင်းပြင်းရှုကာ
“ ညီတော်(၁၃) … ဒါက နားလည်မှုလွဲတာလေးပါပဲ။ စိတ်ထဲ မထားပါဘူး။ ဒီတော်ဝင်ရေစင်တွေကိုတော့ မင်း ပြန်ယူထားတာ ကောင်းမယ် ထင်တယ်။ ငါ့ဆီမှာ ကုသဆေးလုံးတွေ ရှိသေးတယ်။ ပြီးတော့ ငါက ဓားတာအိုကို ကျင့်ကြံတာဆိုတော့ ငါ့မာနလည်း ရှိသေးတယ်။ ငါက … ”
ရှန်အောင်း စကားမဆုံးခင် အထွတ်အထိပ်ရှင် ကျီယန်၏ စကားသံက သူ့စိတ်ထဲ ပျံ့လွှင့်လာသည်။
“ ငတုံး … ငတုံးတပည့် … လက်ခံလိုက်။ ဒီနိဗာနတော်ဝင်ရေစင်က ဘယ်လောက်အဖိုးတန်လဲ သိလား။ ငါ့ကိုယ်ငါ ရောင်းရင်တောင် တစ်ပုလင်း ဝယ်ဖို့ မတတ်နိုင်ဘူး။ ငါ့မှာသာ မင်းလိုမျိုး ညီလေး ရှိနေရင် ဒီလောက်ခက်ခက်ခဲခဲ ရုန်းကန်နေရမှာ မဟုတ်ဘူး။ အောင်းအာ … မင်းရဲ့ကံကြမ္မာကို လက်လွှတ်မခံနဲ့။ ယူထား ယူထား ”
ရှန်အောင်းက အထွတ်အထိပ်ရှင် ကျီယန်၏ စကားကြောင့် ကြောင်အမ်းသွားလေသည်။
ဒီမှာက နိဗာနတော်ဝင်ရေစင် တစ်ဆယ်လီတာလေ … ဆရာကို ရောင်းရင်တောင် ဝယ်လို့ မရဘူးတဲ့လား … ဆရာ ဘယ်တုန်းက ဒီလောက်တန်ဖိုး မရှိတော့တာလဲ…
မဟုတ်သေးပါဘူး … နိဗာနတော်ဝင်ရေစင်က ဘယ်လိုရတနာမျိုးမလို့လဲ … ဒီလောက်တောင် အဖိုးတန်တယ်လား
ရှန်အောင်းက ထိုအတွေးဖြင့် ပို၍ အတွေးများလာသည်။
သူတို့နှစ်ယောက်လုံးက မီးတိုင်းပြည်၏ မျိုးဆက်များ ဖြစ်ကြသော်လည်း မင်းသား(၁၃)၏ လက်ဆောင်က သူ့အတွက် ဆရာနှစ်ယောက်ပင် ဝယ်လို့ ရနေလေပြီ။
မယ်တော်ကို စိတ်ပျက်စေမိခဲ့ပြီ …
သို့သော် ထပ်မံစဉ်းစားလိုက်ပြီးနောက် သူ့မယ်တော်သည်လည်း ကိုယ်လုပ်တော်လန်လောက် စွဲစွဲလမ်းလမ်း အချစ်မခံခဲ့ရကြောင်း အမှတ်ရသွားသည်။ တကယ်တော့ သူ့မယ်တော်ကိုယ်တိုင်ကပင် ကိုယ်လုပ်တော်လန်၏ ပရိတ်သတ်ထဲမှ ဖြစ်နေသေး၏။
ဟူး ဒီလိုဆိုတော့ ငါ မင်းသား (၁၃) ကို ရှုံးတာ ပုံမှန်ပါပဲ …
ရှန်အောင်း ထိုအကြောင်းအရင်းကို ရှာတွေ့ပြီးနောက် သူ့ စိတ်ထဲမှ အရှုပ်အထွေးအားလုံး ရှင်းလင်းသွားတော့သည်။
သူ့ဓားနှလုံးသားလည်း ပြန်လည် အားပြည့်လာသလို ဖြစ်လာသည်။ ရလဒ်အနေနှင့် သူ့ဓားတာအိုက အချိန်တိုလေးအတွင်း သိသိသာသာ တိုးတက်သွားတော့သည်။
……………....
ရှန်ထျန်းက ရှန်အောင်း မျက်နှာအထက်မှ အမူအယာအပြောင်းအလဲတို့ကို အကဲခတ်နေသောကြောင့် မစိုးရိမ်ဘဲ မနေနိုင်ပေ။
အစ်ကိုတော်(၆) ကို နိဗာနတော်ဝင်ရေစင် နှစ်ပုလင်းတောင် ပေးထားပြီးပြီလေ … အနည်းဆုံးတော့ ရည်ရည်မွန်မွန်လေး ပြုမူသင့်တယ်လေဗျာ
အခုအမူအယာတွေက ဘာတွေတုန်း …
ထိုအတွေးဖြင့် ရှန်ထျန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်တော့သည် “ အစ်ကိုတော်ရေ ဒါက ကျွန်တော်ရဲ့ သဘောထားလေ။ အစ်ကိုနဲ့ ကျွန်တော်တို့က … ”
ရှန်ထျန်း စကားမဆုံးခင် ရှန်အောင်းက ဖြတ်ပြောလိုက်သည် “ ညီတော်(၁၃)ရဲ့ သဘောထားက ဒီလောက်လေးနက်နေမှတော့ ငါ လက်ခံလိုက်ပါ့မယ် ”
သူက နိဗာနတော်ဝင်ရေစင် နှစ်ပုလင်းလုံးကို အပြုံးလေးနှင့် လက်ခံလိုက်ပြီး သိုလှောင်ပစ္စည်းထဲ ထည့်သိမ်းထားလိုက်သည်။
နိဗာနတော်ဝင်ရေစင်ကို သိမ်းဆည်းလိုက်ပြီးနောက် ရှန်အောင်းက ရှန်ထျန်းအပေါ် ပြိုင်ဆိုင်လိုစိတ်နှင့် သေးနုတ်သော သဘောထားတို့ကို ဖယ်ရှားနိုင်လိုက်သည်။ ဤလောက၌ တချို့လူများက ကောင်းကင်ဘုံ ကောင်းချီးပေးခံထားရသူများ ဖြစ်ကြသည်။ သူတို့က မျိုးဆက်အတွင်း အထင်ကရပုဂ္ဂိုလ်တွေ ဖြစ်လာကြပြီး သာမန်လူများက သူတို့နှင့် မယှဉ်နိုင်ပေ။
ထိုသို့သော လူများကို ဆန့်ကျင်ခြင်းက ကိုယ့်သေတွင်းကို တူးနေခြင်းသာ ဖြစ်၏။
ရှန်အောင်းက ယခု နားလည်သွားလေပြီ။ သူက ဉာဏ်အလင်းပွင့်သွားလေ၏။
ရှန်ထျန်းအား သူ့ရန်သူအဖြစ် သတ်မှတ်ထားမည့်အစား ရည်မှန်းချက်၊ စံပြပုဂ္ဂိုလ်အဖြစ် မှတ်ယူရမည်။ သူ့နောက်လိုက်ပြီး သူ့ဆီမှ သင်ယူကာ သူ့အား ထောက်ပံ့ပေးမည်။ ထိုအခါ သူတို့တွေက အကောင်းဆုံးတွဲဖက်များ ဖြစ်လာပြီး ကျင့်ကြံရေးလမ်းစဉ်ပေါ်တွင် အထင်ကရ ဖြစ်လာနိုင်ကောင်း၏။
သူ့ဓားနှလုံးသားလည်း သန့်စင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ရှန်အောင်းက ဓားကျင့်စဉ်နှင့် ပတ်သတ်၍ နက်နက်နဲနဲ နားလည်သွားလေသည်။ ထိုစဉ် အထွတ်အထိပ်ရှင် ကျီယန် ပြောခဲ့သည့် ဓားတာအိုအကြောင်း ရိပ်ဝါးဝါး သဘောပေါက်လာလေ၏။
ဒါက ဓားတာအိုကိုး …
………....
ရှန်ထျန်းက ရှန်အောင်းတစ်ယောက် နိဗာနတော်ဝင်ရေစင်ကို လက်ခံလိုက်မှ သက်ပြင်းချနိုင်တော့သည်။ လီလျန်အာအတွက်မူ သူမက ထိုမြင်ကွင်းတစ်ခုလုံးကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။
သေတ္တာလှလှလေးနဲ့ ကျောက်စိမ်းပုလင်း … ဒါတွေက လျန်အာအတွက် အစ်ကိုရှန် သီးသန့်ပြင်ပေးထားတာ မဟုတ်ဘူးလား …
ဒီသေတ္တာအပိုတွေနဲ့ ပုလင်းတွေက ဘာတွေလဲ … အစ်ကိုရှန်က သူတို့အတွက်လည်း အပိုထည့်ပြင်ခဲ့တာများလား …
လီလျန်အာ၊ ရှောင်လင်းနှင့် ရှန်အောင်းတို့က နိဗာနတော်ဝင်ရေစင် ရလိုက်ကြသောကြောင့် ပျော်ရွှင်နေကြလေသည်။ သို့သော် တခြားဂိုဏ်းမှ တပည့်များက အားကျနေကြ၏။ သူတို့ အားကျမနာလိုဖြစ်ကြသည်မှာ နိဗာနတော်ဝင်ရေစင်ကို မရရှိ၍ ဖြစ်သည်။
အရှင်ဆုံးပြောရလျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အခြေတည်အဆင့် ကျင့်ကြံသူများပင် နိဗာနတော်ဝင်ရေစင်အကြောင်း ချင်ယွင်တိနှင့် ကျန်လူများ ရှင်းပြပြီးမှ သိခဲ့ရခြင်း ဖြစ်၏။
အခြားသော တပည့်များက နိဗာနတော်ဝင်ရေစင်က ဘယ်လိုအရာဖြစ်မှန်းပင် မသိကြပေ။
သူတို့ အားကျနေကြသည်မှာ လီလျန်အာ၊ ရှောင်လင်းနှင့် ရှန်အောင်းတို့ အတူတူရပ်နေသည်မှာ ကြည့်ကောင်းပြီး လိုက်လျောညီထွေဖြစ်နေ၍ ဖြစ်သည်။
ထိုလူများက ရှန်ထျန်းကို အားကျနေကြပြီး အမျိုးသမီးများက လီလျန်အာနှင့် ရှောင်လင်းကို မနာလိုဖြစ်နေကြသည်။ ထိုအခါ လေထုထဲ၌ ချဉ်စုပ်စုပ် မနာလိုမှုများနှင့် ပြည့်နှက်သွားတော့သည်။
…………....
တစ်ချိန်တည်းတွင် ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုက စတင်တော့မည်။
လေထဲတွင် အထွတ်အမြတ်မြေ နှစ်ခု၊ ချိုင့်ဝှမ်းခြောက်ခုနှင့် ကောင်းချီးနယ်မြေ ၁၂ ခုမှ အကြီးအကဲများလည်း စုရုံးနေကြလေပြီ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် တာဝန်ယူထားသော အကြီးအကဲမှာ ကြာဖြူကောင်းကင်အသျှင် ဖြစ်ပြီး ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေအတွက် တာဝန်ယူထားသူမှာ ရဲရဲနီကကြိုး ကောင်းကင်အသျှင် ဖြစ်၏။ သူတို့နှစ်ယောက်လုံးက ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ဖြစ်ကြသည်။
ချိုုင့်ဝှမ်းခြောက်ခုနှင့် ကောင်းချီးနယ်မြေ ၁၂ ခုတို့မှ အခြားသော အကြီးအကဲများက ကနဦးဝိညာဉ်အဆင့်မျှသာ ရှိသေးသည်။
ရဲရဲနီကကြိုး ကောင်းကင်အသျှင်က အနီတောက်တောက် ဝတ်စုံအရှည်ကို ဝတ်ဆင်ထားသောကြောင့် အင်မတန် လှပကြော့ရှင်းနေသည်။ သူမ မျက်ခုံးစပ်ရှိ အမှတ်အသားလှလှလေးက သူမအား ပို၍ အံ့ဩဖို့ကောင်းသွားစေသည်။
သူမက နှစ်တစ်ထောင်ကျော်နေပြီ ဖြစ်သော်လည်း ငယ်ရွယ်နုပျိုနေဆဲ ဖြစ်၏။ သူမကို ကြည့်ရသည်မှာ ၂၅ - ၂၆ မျှသာ ရှိသော မိန်းမပျိုလေးတစ်ယောက်လို ဖြစ်နေပြီး မိန်းမဆန်ဆန်နှင့် ဆွဲဆောင်မှုရှိရှိ အလှပိုနေသော အခိုက်အတန့်လိုမျိုး ဖြစ်နေသည်။ အမျိုးသားများစွာကို ရူးသွပ်သွားစေဖို့ရာ လုံလောက်ပေသည်။
သူမက ကြာဖြူကောင်းကင်အသျှင်အား စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီးနောက် “ အစ်ကိုချူးက ဒီနေ့ ပါမလာဘူးလား ”
ကြာဖြူကောင်းကင်အသျှင်က ရဲရဲနီကကြိုး ကောင်းကင်အသျှင်အား စာနာသည့်အကြည့်ဖြင့် ပြန်ကြည့်လိုက်ပြီး “ အစ်မကကြိုးက အခုထိ သူ့ကို မမေ့နိုင်သေးရင် အံ့ဖွယ်မိုးကောင်းကင်ဆီ သူ့ကို သွားရှာပါ့လား ”
ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ခေါင်းခါကာ “ သူက ကောင်းကင်တစ်ခွင် မြင့်မြင့်ပျံသန်းမဲ့ နဂါးလိုလူဆိုပြီး အထက်ဘုံ တက်လှမ်းမှာလို့ ပြောထားလို့လေ … အဲဒါနဲ့ အစ်မလည်း အထက်ဘုံတက်လှမ်းတာ မအောင်မြင်ခင်အထိ သူ့ကို သွားမတွေ့ဘူးလို့ ကျိန်ဆိုထားတယ် ”
ကြာဖြူကောင်းကင်အသျှင်က ရဲရဲနီကကြိုး ကောင်းကင်အသျှင်၏ ရဲရင့်သော အမူအယာကို ကြည့်ကာ ခါးသက်သက် ပြုံးလိုက်မိသည်။
သူမအတွက်လည်း ခက်ခဲမှာပဲ …
အစ်ကိုကြီးချူးက ပြိုင်ဖက်ကင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့တယ် … သူ့စွမ်းအားက ပြိုင်ဖက်ကင်းပြီး အားလုံးကို အနိုင်ယူဖိနှိပ်ထားနိုင်တယ် …
အဲဒီတုန်းက သူ့ကို သဘောကျကြတဲ့ မိန်းမငယ်လေးတွေဆိုတာ အများကြီးပဲ … ရဲရဲနီကကြိုး ကောင်းကင်အသျှင်က သူ့နား ရပ်နိုင်ဖို့ အရည်အချင်းပြည့်မှီတယ်ဆိုရုံလေးပဲလေ
အစ်ကိုကြီးချူးက အရမ်းမာနကြီးလွန်းတာ နှမြောစရာပဲ …
သူက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက မိန်းကလေးကို ချစ်မြတ်နိုးပေမဲ့ အလျော့မပေးဘဲ “ အထက်ဘုံကို တက်လှမ်းနိုင်တဲ့ အမျိုးသမီးကသာ သူ့အတွက် သင့်တော်တယ်” ဆိုပြီး ပြောခဲ့သေးတာ …
အဆုံးသတ်ကျ အနေအထိုင်သိမ်မွေ့ပေမဲ့ စိတ်ဓာတ်မာတဲ့ ကကြိုးတစ်ယောက် အထက်ဘုံတက်လှမ်းခွင့် မရခင်အထိ သူ့ကို ဘယ်တော့မှ လာမတွေ့ပါဘူးလို့ ကျိန်ဆိုလိုက်ရတယ် …
အဲဒီနောက် ချူးလုံဟယ်က သူ့အစောပိုင်းကျင့်ကြံဆင့်တွေကို လက်လျော့ဖို့ ရွေးချယ်ခဲ့ပြီး မီးစာကျမ်းကို ပြောင်းကျင့်ခဲ့တယ်။ အဲဒီနောက်ပိုင်း သူ့ကံကောင်းမှုရော၊ သမာဓိရော တစစီ ဖြစ်သွားတာပဲ …
သူ့ကို သဘောကျကြတဲ့ မိန်းမပျိုလေးတွေလည်း စိတ်ပျက်ကုန်ပြီးတော့ ပရိတ်သတ်အဆင့်ကနေ အမုန်းပွားသူအဖြစ် ရောက်သွားတော့တာပဲ …
နောက်ဆုံးကျ အဲဒီမိန်းမပျိုလေးတွေက တခြားတပည့်တွေကို ရွေးသွားကြတယ်။
ရဲရဲနီကကြိုး ကောင်းကင်အသျှင်တစ်ယောက်တည်းကသာ နောက်ဆုံးအထိ လက်မလျော့တဲ့သူပဲ … နေ့စဉ်နေ့တိုင်း အစ်ကိုချုးအကြောင်းကို စုံစမ်းရင်းနဲ့ တိတ်တဆိတ်ပဲ ကျင့်ကြံနေခဲ့တယ်။
ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေမှာ ရဲရဲနီကကြိုး ကောင်းကင်အသျှင်၏ ကျင့်ကြံဆင့်က ထိပ်ဆုံးရောက်နေလေပြီ။ သူမက သူတော်စင်နယ်ပယ်အဆင့် ရောက်ဖို့ရာ သိပ်မဝေးတော့ကြောင်း ကောလဟာလများပင် ထွက်နေသည်။
သူမက အင်မတန် ထူးခြားသော အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း ကြာပြာအပေါ် စွဲလမ်းနေရှာသည်။ အရှေ့ပိုင်းလွင်ပြင်ရှိ လူအများစုက အကြောင်းအရင်းကို နားမလည်နိုင်ကြပေ။
ကြာဖြူကောင်းကင်အသျှင်ကသာ ရဲရဲနီကကြိုး ကောင်းကင်အသျှင်ကို စာနာသနားနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။
………….....
ကြာဖြူကောင်းကင်အသျှင်က သက်ပြင်းချလိုက်ကာ “ အစ်ကိုကြီးချူးအကြောင်း ကြားတာနဲ့ အစ်မကို အသိပေးပါ့မယ် ”
ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ကျေးဇူးတင်သွားဟန်ဖြင့် “ ကျေးဇူးပါ ညီမလေး ”
ကြာဖြူကောင်းကင်အသျှင်က ခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်
“ အဲဒါမှ အခုအံ့ဖွယ်မိုးကောင်းကင်ရဲ့သူတော်စင်က အစ်ကိုကြီးချူးနဲ့ အတူတူပဲလေ။ သူကလည်း မီးစာကျမ်းကို ကျင့်ကြံတာ။ ပြီးတော့ အစ်ကိုကြီးချူးက သူ့အကြောင်း သတင်းဖြန့်ဖို့ ခရီးထွက်သွားရတာလေ။ ရှန်ထျန်းက အစ်ကိုကြီးချူးနဲ့ ဂိုဏ်းချုပ်တို့ လက်အောက်က တပည့်ပဲ ”
ကြာဖြူကောင်းကင်အသျှင်က လူအုပ်ကြား ရောက်နေသည့် ရှန်ထျန်းကို ကြည့်ကာ ပြောလိုက်သည်။
“ သူက အစ်ကိုချူးရဲ့ တပည့်လား ”
ရဲရဲနီကကြိုး ကောင်းကင်အသျှင်၏ မျက်ဝန်းများက တောက်ပသွားကာ ရှန်ထျန်းအား လှည့်ကြည့်လိုက်သည်။
ထိုစဉ် ထူးချွန်ပြောင်မြောက်လှသော ကောင်းကင်အသျှင်နှစ်ယောက်၏ မျက်ဝန်းကား … မိခင်စိတ်ဖြင့် တလက်လက် တောက်ပနေလေသည်။