အစွမ်းအစ မရှိရင် လေးစားမှု မရှိပေ
Vol. 1 Ch. 9
ဟားဟား ... ”
မုတ်ဆိတ်ဖြူနှင့် လူသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
“ငါ လီယွမ်ဟွာက ဒီနေရာ သေးသေးလေး ဖြတ်သွားတုန်းမှာ အရည်ချင်း ပြည့်မီတဲ့ တပည့်ကို ရှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး ... ”
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် မိန်းမလှလေးက မုတ်ဆိတ်ဖြူ လူစကားကို ဝင်နှောင့်ယှက်လိုက်သည်။
“လီယွမ်ဟွာ သူမက ရှင်တို့ လီမီးဂိုဏ်းနဲ့ မကိုက်ညီဘူး ... ကျွန်မက သူမကို နောက်ဆုံးတပည့် အဖြစ် လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ ...”
လီယွမ်ဟွာသည် လည်ပင်းညှစ် ခံလိုက်ရသည့် ဘဲတစ်ကောင်လို အသံတိတ် သွားခဲ့သည်။ ခဏကြာသည့် နောက်တွင် သူသည် ဒေါသဖြင့် အော်ဟစ် ပြောလိုက်သည်။
“ဂျင်ဖေးလန် ... မင်း ဘာကို ဆိုလိုတာလဲ ... မင်းမှာ တပည့် ငါးယောက်တောင် ရှိပြီးပြီလေ ... ငါ့မှာ တစ်ယောက်တောင် မရှိသေးဘူး ... ”
ဂျင်ဖေးလန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“သူမကို တပည့်အဖြစ် လက်ခံပြီးတာနဲ့ မတော်တဆမှု အကြောင်း ဆက်မပြောတော့ဘူး ... ”
လီယွမ်ဟွာ မျက်နှာသည် အနီရောင် ပြောင်းလာပြီး လည်ပင်းသည်ပင် နီရဲလာပေမဲ့ ထပ်၍ မငြင်းခုံခဲ့ပေ။
မိုဝူကျီသည် ဂျင်ဖေးလန်သည် လီယွမ်ဟွာ အပေါ်တွင် နိုင်ကွက် ရှိရမည်ဟု ထင်ထင်ရှားရှား သိ၏။
ဆယ်စက္ကန့်လောက် ကြာပြီးသည့် နောက်တွင် လီယွမ်ဟွာသည် တစ်လုံးချင်း ပြောလိုက်၏။
“ဂျင်ဖေးလန် ... ငါ မင်းကို ကျန်တာတွေ ပေးနိုင်တယ် ... ဒါပေမဲ့ ဒီတပည့်ကိုရမှ ဖြစ်မယ် ... မင်းက ယုတ္တိ မရှိလိုက်တာ ... ငါသာ သူမဝိညာဉ် အရည်အသွေးကို ရှာမတွေ့ခဲ့ရင် မင်းက သူမ တည်ရှိမှုကိုတောင် သိပါ့မလား ...”
ဂျင်ဖေးလန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“သူမက မကျင့်ကြံဖူးပေမဲ့ သူမမျက်ခုံးမှာ ဝိညာဉ်ညှို့ဓာတ်တွေ ဝန်းရံနေတယ် ... စမ်းသပ်မှုအတွက် ရှင် သူမကို မခေါ်ရင်လည်း ကျွန်မခေါ်မှာ ... ”
စကားဆုံးသည်နှင့် ဂျင်ဖေးလန်သည် ထပ်၍ မရှင်းပြတော့ပေ။ အနီရောင် စက္ကူငှက်ကို ထုတ်ယူရင်း မိမိဘာသာ ပြောနေသကဲ့သို့ ပြောလိုက်သည်။
“အရင်ဆုံး လီမီးဂိုဏ်းကို အကြောင်း ကြားရအောင် ... ”
လီယွမ်ဟွာသည် ထိုအပြုအမူကို မြင်သည့်အခါ ခါးသီးစွာ ပြောလိုက်လေသည်။
“အကြင်နာ မဲ့လိုက်တာ ... ”
ထိုစကား ပြောပြီးသည်နှင့် သူသည် လှည့်ထွက်သွားပြီး မကြာခင်တွင် အရိပ်အယောင် စိုးစဉ်းမျှ မရှိဘဲ ပျောက်ကွယ်သွား၏။
လီယွမ်ဟွာ ထွက်ခွာ သွားသည်နှင့် ဂျင်ဖေးလန်သည် ယန်အာအား ကြည့်ကာ ပြောလိုက်သည်။
“နာမည် ဘယ်လိုခေါ်လဲ ... ငါ့တပည့်လုပ်ပြီး အတူတူ ကျင့်ကြံရအောင်လေ ... ဟုတ်ပြီလား ...”
ယန်အာသည် မိုဝူကျီကို နှစ်များစွာ တစ်ယောက်တည်း ပြုစုစောင့်ရှောက် ခဲ့ရသည့်အတွက် သူမစိတ်သည် အသက်အရွယ်ထက် ပိုရင့်ကျက်နေသည်။ ထိုမြင်ကွင်းနောက်တွင် သူမစိတ်ဝိညာဉ်သည် မည်သို့ ဖြစ်ကြောင်းနှင့် သူမဝိညာဉ်ကြော ကောင်း၍သာ ထိုအမျိုးသမီးသည် သူမအား တပည့်အဖြစ် လက်ခံလိုကြောင် မည်သို့မသိဘဲ နေမည်နည်း။
သူမတွင် ကောင်းမွန်သော စိတ်ဝိညာဉ်ကြော ရှိခြင်းကို ပျော်ရွှင်သော်လည်း ယန်အာသည် ထိုအမျိုးသမီး၏ တပည့်ဖြစ်သည်နှင့် သူမသည် သခင်လေးဘေးမှ ထွက်သွားရမည် ဖြစ်ကြောင်း ရှင်းလင်းစွာ သိနေသည်။
ယောင်ကျိုးမြို့တွင် စိတ်ဝိညာဉ်ကြောနှင့် လူသည် ရှားပါးလှသည်။ သူမသည် စိတ်ဝိညာဉ် ပညာရပ်များကို လေ့လာရန် အဝေးသို့ ထွက်သွားရသည် ဆိုတာလည်း မကြားဖူးခဲ့ပေ။
“ကျွန်မက ယန်အာပါ ... ကျွန်မ ရှင်နဲ့အတူတူ သွားပြီး မကျင့်ကြံနိုင်ဘူး ... ကျွန်မ သခင်လေးနဲ့ပဲ အတူတူ ရှိနေချင်တယ် ... ”
တွေဝေခြင်းမရှိစွာ ယန်အာသည် ခေါင်းကို ခါယမ်းလိုက်သည်။
“ထာဝရရှင်သူတဲ့ သူတွေဆိုတာ ကြားဖူးလား ... လူတော်တော် များများက အဲဒီအခွင့်အရေးကို လိုချင်ပေမဲ့ မရကြတာရော သိရဲ့လား ... သူတို့ကို မပြောပါနဲ့ဦး ... မင်းသခင်လေးတောင် ကျင့်ကြံဖို့ ဆန္ဒရှိတာ ဟုတ်တယ်မလား ... မင်း ထာဝရရှင်သန်သူ လောကကို ဝင်ရောက်တာနဲ့ မင်းမှာ အသက် အရှည်ကြီးနေရပြီး သေမျိုးလောကကို လွှမ်းမိုးနိုင်လိမ့်မယ် ...”
ယန်အာသည် ဂျင်ဖေးလန် စကားများကို ပြန်မတုံ့ပြန်ခဲ့ပေ။ သူမသည် ရိုးရှင်းစွာ ခေါင်းသာ ယမ်းနေ၏။
ဂျင်ဖေးလန်သည် အဓိကလူက မိုဝူကျီ ဖြစ်ကြောင်းကို သိရှိလိုက်သည်။ သူမသည် မိုဝူကျီကို ကြည့်လိုက်သည်။ သူမမျက်လုံးများသည် နွေးထွေးသည့်ပုံ ပေါ်သော်လည်း ဖုံးကွယ်မရသည့် နက်ရှိုင်းသည့် အထင်သေးမှု များလည်း ပါဝင်နေသည်။
“ယန်အာရဲ့ ဝိညာဉ်ကြောက အလွန်ကောင်းတယ် ... ဒီမှာနေတာက သူမကို ကြန့်ကြာ စေလိမ့်မယ် ... သူမသာ ငါ့နောက်ကို လိုက်လာရင် သူမက ဒဏ္ဏာရီလာ ထာဝရ ရှင်သန်သူထဲက တစ်ယောက် ဖြစ်လာလိမ့်မယ် ... မင်းလည်း သူမကို ဒီမှာနေဖို့ ဆွဲခေါ် မထားချင်ဘူးလို့ ယုံကြည်တယ် ... သူမအတွက် ကောင်းတာက ဘယ်အရာဆိုတာ မင်းသိရင် သူမကို ပြောပြပြီး ဖျောင်းဖျလိုက် ... ”
စကားဆုံးသည်နှင့် ဂျင်ဖေးလန်သည် မိုဝူကျီကို တည့်တည့်ကြည့် လိုက်၏။
မိုဝူကျီသည် သက်ပြင်း ချလိုက်သည်။ သူသည် ဤအမျိုးသမီး ကြည့်ပုံကို သဘောမကျချေ။ ယန်အာတွင် အရည်ချင်း ကောင်းများရှိလျှင် သူမသည် သူမအလိုရှိသည့် နေရာတွင် ကျင့်ကြံနိုင်ပေသည်။ ထို့ကြောင့် လီယွမ်ဟွာသည်လည်း ယန်အာအား တပည့်အဖြစ် လိုချင်နေသည် မဟုတ်ပါလော ... ထို့အပြင် ဤအမျိုးသမီး၏ မူလဇာစ်မြစ်ကို မသိရှိပေ။ သူမက ယန်အာကို ဘာလုပ်မည်ကို ဘယ်သူ သိမည်နည်း။
ယန်အာအတွက် အကျိုးမရှိသည့် ကိစ္စဖြစ်နေလျှင် မိုဝူကျီသည် ယန်အာအား သူနှင့်အတူ ရှိနေစေချင်သည်။ သူ့ဗဟုသုတများနှင့် အရည်ချင်းများနှင့် ဆိုလျှင် ယန်အာ၏ ဝိညာဉ်ကြောကို အကျိုးမရှိ မဖြစ်စေရန် ယုံကြည်လေသည်။
တကယ်တမ်း ဆိုလျှင် ဤအမျိုးသမီးက သူတို့အား ကျောင်းကို ခေါ်ပြ၍ ဖြစ်စေ ယန်အာအား လိမ်ညာခြင်း မဟုတ်ကြောင်း သူကို ဖျောင်းဖျနိုင်သရွေ့ သူသည် ဤအမျိုးသမီးအား ယန်အာဆရာအဖြစ် လက်ခံပေးနိုင်သည်။ သို့သော်လည်း ဤအမျိုးသမီးသည် ရန်လိုလှပြီး သူမ၏ ပုံစံအမှန်ကို ရှင်းပြရန်ပင် ရည်ရွယ်ချက် မရှိပေ။ သဘောဝကျစွာ မိုဝူကျီသည်လည်း ယန်အာကို သူစိမ်းလက်ထဲ ထည့်မပေးနိုင်ချေ။
“ခင်ဗျားကို ဒုက္ခမပေးချင်ပါဘူး ... ယန်အာနဲ့ ကျွန်တော်က ဒီမှာ အေးအေးချမ်းချမ်း နေနေတာ ... ယန်အာလာ ... သွားကြစို့ ... ”
မိုဝူကျီသည် စကားဆုံးသည်နှင့် ယန်အာ လက်ကို ဆွဲကာ ထွက်သွားရန် ပြင်လိုက်သည်။
ဤအခိုက်အတန့်တွင် ဂျင်ဖေးလန်၏ မျက်လုံးတွင် လူသတ်စိတ်များ ဖြတ်ပြေး သွားလေသည်။ သူမသည် ချက်ချင်း ဘေးမှထွက်ကာ မိုဝူကျီနှင့် ယန်အာရှေ့တွင် တားဆီးလိုက်ရင်း
“မင်း ယန်အာကို ထိန်းသိမ်း ထားတာက တစ်ကိုယ်ကောင်း ဆန်တဲ့ အပြုအမူပဲ ... ”
မိုဝူကျီသည် နှာခေါင်းရှုံ့လိုက်ပြီး
“ကျွန်တော့် မိသားစုကိစ္စ ဝင်ပါရအောင် ခင်ဗျားက ဘယ်သူလဲ ... ”
ယန်အာသည် ဘာတွေ ဖြစ်ပျက်နေမှန်း မသိရှိသည့် နလပိန်းတုံး မဟုတ်ပေ။ သူမသည် ဂျင်ဖေးလန်၏ ဒေါသကို ခံစားမိပြီး အလျင်အမြန် ဝင်ပြောလိုက်သည်။
“အစ်မ ... ကျွန်မရဲ့ ဝိညာဉ်ကြောကို သခင်လေးဆီ လွှဲပေးလို့ရမလား ... ဖြစ်နိုင်ရင် ... ကျွန်မ ...”
“လာ ... ”
ယန်အာစကား ပြီးဆုံးသည်အထိ မစောင့်ဘဲ ဂျင်ဖေးလန်သည် သူမလက်ကို ဆွဲခေါ်လိုက်သည်။
“သခင် ...”
ယန်အာသည် အော်ဟစ်လိုက်သည်။ မိုဝူကျီသည် တစ်စုံတစ်ယောက်မှ သူ့နှလုံးသားကို ဆွဲနုတ်သွား သကဲ့သို့ ခံစားလိုက်ရပြီး ခဏတာ ကြောင်သွားခဲ့သည်။
သူပြေးလိုက်သည့် အချိန်တွင် ယန်အာနှင့် ဂျင်ဖေးလန်တို့၏ အရိပ်များပင် မမြင်ရတော့ချေ။
“ဘန်း ... ” မိုဝူကျီသည် သူ့ဘေးရှိ သစ်သားဘောင်ကို အားပြင်းစွာ ဝင်တိုက်မိသွားသည်။ သွေးတွေက သစ်သားဘောင်ပေါ် စွန်းကျန်နေပေမဲ့ သူသည် နာကျင်မှု တစ်စက်လေးမျှ မခံစားရပေ။
ဤကမ္ဘာတွင် သူ့၏ ပထမဆုံးရက် ဖြစ်ပေမဲ့ သူ့အနေဖြင့် အင်အားနည်းမှုနှင့် အစွမ်းအစ မရှိမှုများကို ခံစားရသည့် အပြင် မတတ်နိုင်ခဲ့ပေ။ လုကျိုးကျွင်းနှင့် ညှိနှိုင်းထားသည့် အင်အားများပင် ပျောက်ဆုံး သွားလေပြီ။ ဤနေရာတွင် စွမ်းအားမရှိလျှင် လေးစားမှု မရှိပေ။
နောက်ရက်တွင် မိုဝူကျီသည် သူ့၏ နာကြည်းချက်များကို စိတ်ထဲ သိမ်းဆည်းထားရင်း ဒန်းဟန် ဆေးလုပ်ငန်းသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
ဒန်းဟန် ဆေးလုပ်ငန်းသည် တစ်ချိန်က ချင်ယွီပြည်နယ်တွင် နံပါတ်တစ် ဆေးလုပ်ငန်း ဖြစ်သော်လည်း ယခုအခါ ဆေးဆိုင်တစ်ခုနှင့် အလုပ်ရုံတစ်ခုသာ ကျန်ရှိလေသည်။
မိုဝူကျီသည် အစွန်အဖျား လမ်းတွင်ရှိသော ဒန်းဟန် ဆေးလုပ်ငန်းကို ရှာဖွေရန် လူအချို့ကို မေးမြန်းလာရသည်။
လုကျိုးကျွင်း စောင့်နေသည်မှာ ကြာမြင့်လှပြီ။ မိုဝူကျီ ရောက်လာသည်ကို မြင်သည့်အခါ သူသည် ရယ်မောလိုက်ပြီး မိုဝူကျီကို ဆေးဆိုင်ထဲမှ ကြိုဆိုလိုက်သည်။
“အစ်ကိုလု ... ခင်ဗျားရဲ့ ဒန်းဟန် ဆေးလုပ်ငန်းက တကယ့်ကို မသေးဘူးပဲ ... ကျွန်တော် ရှာမတွေ့ဘဲ နေတော့မလို့ ...”
ဒန်းဟန်ဆေးလုပ်ငန်းမှ ပစ္စည်းများကို ကြည့်ကာ မိုဝူကျီသည် စိတ်ပျက်သွားလေသည်။
သူသည် အစွမ်းအစ မဲ့သော်လည်း မနေ့ကဖြစ်သည့် ကိစ္စများကို စိတ်ထဲတွင် သိမ်းဆည်း ထားလိုက်သည်။ သူ့နှလုံးသား အောက်ခြေမှ မိုဝူကျီသည် ကျင့်ကြံချင်သည့် ဆန္ဒသည် ပုန်းအောင်းနေသေး၏။ အရင်က သူသည် ချီသွေးလွှတ်ကြောများကို ကျယ်ပြန့်နိုင်သည့် ဖြေဆေးကို ထုတ်ဖော်နိုင်ခဲ့သည်။ သေမျိုးများသည် ဆေးလုံးအသုံးပြုပြီး ဝိညာဉ်ကြော ဖြစ်မလာနိုင်ဘူးလို့ မည်သူက ပြောထားသနည်း။
ထိုအတွေးကြောင့် မိုဝူကျီသည် စိတ်ဝိညာဉ်ကို ဖွင့်ဖို့ရန် ဆေးဖော်စပ်ရန် အတွက် ဓာတ်ခွဲခန်း ကောင်းကောင်းရရန် မျှော်လင့် ထားလေသည်။ ဒန်းဟန် ဆေးလုပ်ငန်း၏ အခြေအနေနှင့် ဓာတ်ခွဲခန်း ကောင်းကောင်း ရရန် မဖြစ်နိုင်လောက်ချေ။
လုကျိုးကျွင်းသည် ရှက်ရွံ့့စွာ ပြုံးလိုက်သည်။
“ညီလေးမို ... ဒီအလုပ်ရုံအပြင် ... ကျွန်တော့်ဒန်းဟန် ဆေးလုပ်ငန်းက ဈေးဆိုင်လည်း ရှိတယ် ... ဆိုင်က အရမ်းမကြီးပေမဲ့ လုပ်ငန်းက အလုပ်များတယ် ဆိုရမှာပဲ ... ပြီးတော့ ဒီအလုပ်ရုံလည်း သေးတယ်လို့ ထင်ရတာပါ ... နောက်မှာ ကျယ်ဝန်းတဲ့ မြေရှိသေးတယ် ... ”
မိုဝူကျီသည် ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို ဆက်၍ မပြောတော့ပေ။ အဓိကအချက်မှာ သူသည် လုကျိုးကျွင်းကဲ့သို့ သူ့အပေါ်တွင် ယုံကြည်ကာ ရှယ်ယာ ၅၀ ရာခိုင်နှုန်း ခွဲပေးသည့် သူကို ထပ်တွေ့ရန် မဖြစ်နိုင်ချေ။
“အစ်ကိုလု ... ကျွန်တော့်ရဲ့ အရင်အခြေအနေကို သိတယ်မလား ... ကျွန်တော်က ဆေးဖော်စပ်တာကို သိပေမဲ့လည်း ဈေးကွက် လိုအပ်ချက်တွေကို သေချာမသိဘူး ... အဲဒီအကြောင်း အရင် ပြောရအောင်လေ ...”
လုကျိုးကျွင်းသည် ပွင့်လင်းသော အပြုအမူဖြင့် ပြောလိုက်သည်။
“ညီလေးမို ... မင်းမမေးရင်တောင် ဒီကိစ္စကို ဆွေးနွေးမလို့ပဲ ... အရင်ဝင်ပါဦး ... ”
လုကျိုးကျွင်း နောက်မှ ဒုတိယထပ်သို့ လိုက်ပါသွားခဲ့ပြီး မိုဝူကျီသည် အလုပ်စားပွဲပေါ်တွင် များပြားသော စက်များကို မြင်လိုက်ရသည်။ မိုဝူကျီသည် ဤကမ္ဘာမှ နည်းပညာများနှင့် ထိတွေ့မှု မရှိသည့်အတွက် ထိုစက်များ မည်သို့ အလုပ် လုပ်ကြောင်းကို မရှင်းလင်းချေ။
နေရာ ကျဉ်းကျဉ်းလေးတွင် စက်အများအပြားကို မြင်တွေ့လိုက်ပြီးနောက် မိုဝူကျီသည် လုကျိုးကျွင်းအပေါ် အထင်ကြီးမိ သွားသည်။ သိသာစွာပင် လုကျိုးကျွင်းသည် ဆေးအသစ် ဖော်စပ်နိုင်ခြင်းက ဒန်းဟန် ဆေးလုပ်ငန်း ပြန်လည် ကယ်ဆယ်နိုင်မည့် နည်းလမ်းဟု ယုံကြည်ထားလေသည်။ ဒုတိယလွှာ ပြတင်းပေါက်မှ မိုဝူကျီသည် နောက်မှ မြေကွက်လပ်ကို မြင်ရသည်။ လုကျိုးကျွင်းပြောသည့် အရွယ်အစားက မှန်ပေသည်။ ထို့အပြင် မြေကွက်လပ်တွင် အိမ်များနှင့် ဝန်းရံနေပြီး တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလေသည်။ သူ့အတွက် ဆေးအသစ် ဖော်စပ်ရန် နေရာကောင်းဖြစ်၏။
လုကျိုးကျွင်းသည် ထိုစက်များကို ကြည့်ကာ သူ့မျက်လုံးတွင် စိတ်ပျက်မှုများဖြင့် ပြည့်လာပေမဲ့ အားတင်းကာ ပြောလိုက်သည်။
“ညီလေးမို ... ဒီစက်တွေက ဒန်းဟန် ဆေးလုပ်ငန်းမှာ ရှိတဲ့ အဖိုးတန်ဆုံး အရာတွေပဲ ... ”
မိုဝူကျီသည် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကျွန်တော် မြင်ပါတယ် ... ”
***