မှုန်ဝါးဝါး မျှော်လင့်ချက်
Vol. 1 Ch. 10
“ငါ့ရဲ့ ဒန်းဟန် ဆေးလုပ်ငန်းမှာ အဓိက ထုတ်ကုန် သုံးမျိုးရှိတယ် ... ပထမက သွေးဖြည့်ဆေးပဲ ... ဆေးက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေအတွက် အလွန် ကောင်းတယ် ... မင်းလည်း မြောက်ဘက်ပိုင်း ချင်စီရင်စုမှာ မွေးလာတဲ့အတွက် ချင်ယွီပြည်နယ်နဲ့ အိမ်နီးချင်း ပြည်နယ်တွေ အချင်းချင်းကြားက ဖြစ်လေ့ရှိတဲ့ တိုက်ပွဲတွေကို မင်းသိမှာပါ ... အဲဒါကြောင့် ငါတို့ သွေးဖြည့်ဆေးက အရမ်း နာမည်ကြီးနေတာ ... ”
မိုဝူကျီသည် သူ့အမြင်ကို မဖော်ပြခဲ့ပေ။ သူသည် ထိုဖြစ်ရိုးဖြစ်စဉ် စစ်ပွဲများအကြောင်း အမှန်တကယ် မသိရှိချေ။
လုကျိုးကျွင်းသည် ဆက်လက်၍ ပြောလိုက်သည်။
“ဒုတိယ တစ်ခုက အရိုးသန်မာဆေးပဲ ... ဒီဆေးကို ဝိညာဉ်ကြောမရှိတဲ့ သိုင်းသမားတွေ အသုံးပြုကြတယ် ... သူတို့ရဲ့ သိုင်းပညာ လေ့ကျင့်မှုနဲ့ သူတို့ စွမ်းဆောင်ရည် တိုးလာဖို့ ကူညီပေးနိုင်တယ် ... ”
“သိုင်းသမားလား….” မိုဝူကျီသည် မယုံကြည်စွာ မေးလိုက်သည်။
လုကျိုးကျွင်းသည် ခေါင်းညိတ်ပြ လိုက်ပြီး
“ညီလေးမိုက နိုဘယ်ဆိုတော့ ဒီကိစ္စကို မသိတာ ဖြစ်နိုင်ပါတယ် ... အဓိက ဒီမှာ ဝိညာဉ်ကြောနဲ့ လူတွေက အရမ်းကို နည်းပါးလွန်းတယ် ... အများစုက သေမျိုး ဝိညာဉ်ကြောပဲ ရှိကြတယ်….အဲဒီကြောင့် သူတို့က အင်အားကို တိုးမြှင့်ပြီး သိုင်းပညာကို လေ့လာကြတယ် ... သိုင်းပညာကို ထိပ်ဆုံးထိ လေ့ကျင့်နိုင်ရင် ဝိညာဉ်ကြောရှိတဲ့ လူတော်တွေနဲ့ကို ယှဉ်နိုင်လိမ့်မယ်……”
လုကျိုးကျွင်း အမြင်အရ မိုဝူကျီ၏ အဘိုးသည် ဆေးဖော်စပ်သူ ဖြစ်ပြီး ဝိညာဉ်ကြော ရှိသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် ထိုသို့သော မိသားစုမျိုးတွင် သိုင်းပညာကို အထင်သေး နှိမ်ချပြီး ထိုအကြောင်း မသိသည်မှာလည်း ပုံမှန်ကိစ္စ ဖြစ်လေသည်။
မိုဝူကျီသည် နှလုံးခုန် မြန်သွား၏။ အကယ်၍ သူ့တွင် ဝိညာဉ်ကြော မရှိခဲ့လျှင်တောင် သိုင်းပညာကို လေ့ကျင့်ဖို့ ဖြစ်နိုင်သေးတယ် မလား ...
“တတိယဆေးက ဒန်းဟန် ဆေးလုပ်ငန်းမှာ ထင်ရှားတဲ့ဆေး ဝိညာဉ်စွမ်းအား တိုးဆေးပဲ ... ဒီဆေးမှာ ရှားပါးတဲ့ ဆေးပင် အများအပြား ပါဝင်တယ် ... ပြီးတော့ စိတ်ဝိညာဉ်နှင့် ဆိုင်တဲ့ ပါဝင်ပစ္စည်းတောင် ပါဝင်တယ် ... ကျင့်ကြံသူတွေ အတွက် သူတို့ စိတ်ဝိညာဉ်ကို ဖွင့်ဖို့ အရမ်း အသုံးဝင်တယ် ... ကောင်းကင်နဲ့ ကမ္ဘာမြေက အနှစ်သာရကိုလည်း အလျင်အမြန် စုစည်းဖို့ ကူညီပေးနိုင်တယ် ... ငါ့ရဲ့ ဒန်းဟန် ဆေးလုပ်ငန်းက ရှင်းဟန် အင်ပါယာမှာ နာမည် ရလာတာလည်း ဒီဝိညာဉ်စွမ်းအား တိုးဆေးကြောင့်ပဲ ... ”
လုကျိုးကျွင်းသည် ဂုဏ်ယူစွာ ပြောလိုက်သည်။ ထင်ရှားစွာပင် ဤဆေးလုံးသည် အတော်ကောင်းသည့် ဂုဏ်သတင်းရှိ၏။
မိုဝူကျီသည် ထပ်၍ မေးလိုက်သည်။
“အစ်ကိုလု ... သက်စောင့်ဆေးက အဆင့်အမျိုးမျိုး ရှိတယ်လို့ ကြားတယ် ... ဒီဝိညာဉ် စွမ်းအားတိုးဆေးက ဘယ်အဆင့်လောက် ရှိလဲ”
မိုဝူကျီစကားများ ကြားသောအခါ လုကျိုးကျွင်း၏ မျက်နှာသည် နီရဲလာပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။
“အကယ်၍ ထိပ်တန်းအဆင့်ဆိုရင် မကောင်းဘူးလားကွာ ... ဒါပေမဲ့ ဒီဝိညာဉ် စွမ်းအားတိုးဆေးက သက်စောင့်ဆေး အဖြစ် ယူဆလို့ မရသေးဘူး ... ဒါပေမဲ့လည်း ချန်ယွီပြည်နယ်မှာ တချို့ဆေးတွေ လောက်ပဲ ကျင့်ကြံသူတွေကို ကူနိုင်တာ ... သိပ်မကြာခင်မှာ ငါ့ရဲ့ ဒန်းဟန် ဆေးလုပ်ငန်းက ဆေးအသစ်တွေ ထုတ်လုပ်ဖို့ အမီမလိုက်နိုင်တော့ တခြားသူတွေဆီ ရှုံးနိမ့်သွားတယ် ... ဝိညာဉ် စွမ်းအားတိုးဆေးကို ဖော်စပ်ဖို့ ဝိညာဉ်စွမ်းအား ဆိုင်ရာ ပါဝင်ပစ္စည်းကို မရရှိနိုင်လို့ ရလဒ်က ဒီနေ့ ဒီလိုဖြစ်နေတာပဲ…”
မိုဝူကျီသည် ဒန်းဟန် ဆေးလုပ်ငန်းတွင် အကောင်းဆုံး ဖြစ်သည့် ဝိညာဉ် စွမ်းအားတိုးဆေးကို ရောင်းရန်ပင် မရှိကြောင်း နားလည်သွားခဲ့သည်။ တခြား ရှုထောင့်မှဆိုလျှင် ထိုအရာသည် သက်စောင့်ဆေးပင် ယူဆ၍ မရသေးချေ။
“အစ်ကိုလုက ကျင့်ကြံသူတွေနဲ့ ကျင့်ကြံမှုအကြောင်း ဘယ်လောက်လောက် သိလဲ ... ”
မိုဝူကျီသည် ဒန်းဟန် ဆေးလုပ်ငန်းသည် ဘာဆေးများ ထုတ်နေကြောင်း ဂရုမစိုက်ပေ။ သူသည် ဒီနေရာတွင် ဘာကို ထုတ်လုပ်နိုင်မလဲသာ ပို၍ အလေးထားလေသည်။ တစ်စုံတစ်ရာကို ကောင်းကောင်း ထုတ်လုပ်နိုင်သရွေ့ သူသည် ပိုက်ဆံအမြောက်အမြား ရလိမ့်မည်။ အပြန်အလှန် ထိုပိုက်ဆံများနှင့် သူသည် စိတ်ဝိညာဉ်ကို ဖွင့်နိုင်လိမ့်မည်။
လုကျိုးကျွင်းသည် မိုဝူကျီ စကားများကို ကြားပြီး ရုတ်တရက် သူတွေးထားသည့် မိုဝူကျီအကြောင်း မှန်သည်လားဟုပင် မေးခွန်း ထုတ်လုမတတ် ဖြစ်ခဲ့သည်။ မိုဝူကျီသည် မိုထင်းချန်၏ အရည်အချင်းများကို အမွေရရှိခဲ့ပါက သူသည် အဘယ်ကြောင့် ထိုသို့ မေးခွန်းမျိုးကို မေးမည်နည်း ...
မိုဝူကျီသည် လုကျိုးကျွင်း၏ သံသယကို ချက်ချင်း သတိပြုမိပြီး အလျင်အမြန် ပြောလိုက်သည်။
“အစ်ကိုလု ... ကျွန်တော်က ကျင့်ကြံသူတွေ အတွက် သက်စောင့်ဆေးကို မဖော်စပ်နိုင် ပေမဲ့လည်း ဒီဦးတည်ချက် ထားဖို့ ရည်ရွယ်ထားတယ် ... အရင်က နိုင်ငံကို ပြန်ရဖို့ပဲ အာရုံစိုက် နေခဲ့တယ် ... ဒီလို အရာတွေအတွက် အချိန်မပေးဖြစ်ခဲ့ဘူး ... အခု ဆေးဖော်စပ်သူ ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတော့ ပိုသိဖို့ လိုလာပြီလေ….”
လုကျိုးကျွင်းသည် ထိုစကားများအား သဘောတူ ထောက်ခံလေ၏။ မိုဝူကျီသည် မှန်ကန်ပေသည်။ ပိုက်ဆံ ဝင်နိုင်သည့် နည်းလမ်း အစစ်အမှန်သည် သာမန် ဆေးများများမှ မဟုတ်ချေ။ ကျင့်ကြံသူများ အသုံးပြုသည့် သက်စောင့်ဆေး များမှသာ ဖြစ်၏။
ခဏတာ တွေးတော လိုက်ပြီးနောက် လုကျိုးကျွင်းသည် ပြောလိုက်သည်။
“ကျင့်ကြံသူတွေ အကြောင်းတော့ သိပ်မသိဘူး….ဒါပေမဲ့ ချင်ယွီပြည်နယ်ရဲ့ ကာကွယ်သူက ကမ္ဘာအဆင့် ရောက်လုနီးပါးဖြစ်နေတဲ့ ပညာရှင်တဲ့….”
“ခဏ….ခဏနေပါဦး ... ကမ္ဘာအဆင့် ပညာရှင်အဆင့်က ဘာလဲ….” မိုဝူကျီသည် အလျင်အမြန် မေးလိုက်သည်။
လုကျိုးကျွင်းသည် အကူညီမဲ့စွာ ရှင်းပြလိုက်ရ၏။
“ငါလည်း ရှင်းရှင်းလင်းလင်းတော့ မသိဘူး….ဒါပေမဲ့ သူက အရမ်း အရမ်း သန်မာတာတော့ သိတယ် ... ချင်ယွီပြည်နယ်ထဲက ကျင့်ကြံသူ အများစုက လူသားအဆင့် ပညာရှင်တွေ များတယ် ... လူသားအဆင့်မှာ အဆင့်သုံးဆင့် ရှိတယ် ... ချီသွေးကြောတွေ ကျယ်ပြန့်ခြင်း ... ဝိညာဉ် တည်ဆောက်ခြင်းနဲ့ သေမျိုးမှ လွတ်မြောက်ခြင်းတို့ ဖြစ်တယ်….သေမျိုးမှ လွတ်မြောက်ခြင်း အဆင့်ကို ကျော်လွန်သွားတာနဲ့ ကမ္ဘာအဆင့်ထဲ ဝင်ရောက်သွားတာ ... ချီသွေးကြောတွေ ကျယ်ပြန့်ခြင်းက စိတ်ဝိညာဉ်ကို ဖွင့်ပြီးတဲ့နောက် ပထမဆုံးအဆင့်ပဲ ... ကြားဖူးတာက တကယ့် အသန်မာဆုံး ဂျီးနီးယပ်တွေဆိုရင် ချီသွေးကြော ကျယ်ပြန့်ခြင်း အဆင့်မှာ ဝိညာဉ် လမ်းကြောင်း ၉၉ ခုအထိ ဖွင့်နိုင်ကြတယ်တဲ့….”
ဝိညာဉ်ကြောနှင့် လူတွင် ဝိညာဉ်လမ်းကြောင်း များပြီး ခိုင်မာ ကျယ်ပြန့်လျှင် ကျင့်ကြံခြင်းမှာ ပိုမြန်ဆန်လေ့ ရှိကြသည်။ အဆင့်တူများ အထဲတွင် သူသည် ပိုသန်မာပြီး ပို၍လည်း အလားအလာကောင်းများ ရှိလိမ့်မည်။ ငါတို့လို သေမျိုး ဝိညာဉ်ကြောနှင့် လူတွေအတွက် ဝိညာဉ် လမ်းကြောင်း ဖွင့်ဖို့ရန် ပုံမှန်အားဖြင့် မဖြစ်နိုင်ပေ။
မိုဝူကျီသည် ရုတ်တရက် အတွေးရလာပြီး စိတ်အားတက်ကြွစွာ ပြောလိုက်သည်။
“အစ်ကိုလု ... ဝိညာဉ်ကြောရှိတဲ့ လူတွေပဲ ချီသွေးကြောကို ချဲ့လို့ရတာလား……”
လုကျိုးကျွင်းသည် မိုဝူကျီအား ဗလာနိတ္ထိ ကြည့်လိုက်ပြီး
“ဒါက ဝိညာဉ် လမ်းကြောင်း ... ချီသွေးကြော မဟုတ်ဘူး ... ”
“အို ... ဝိညာဉ် လမ်းကြောင်းက ချီသွေးကြောနဲ့ မတူဘူးလား ... သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော ... သူတို့လည်း အတူတူ မဟုတ်ဘူးလား ... ”
မိုဝူကျီသည် ရယ်မောလိုက်သည်။ သူအနေနှင့် အရမ်းမသေချာ ပေမဲ့လည်း ထိုသို့ ဖြစ်သင့်သည်ဟု မှန်းဆလိုက်ခြင်း ဖြစ်၏။
လုကျိုးကျွင်းသည် ရှုပ်ထွေးသွားပြီး ထိုသို့သာ ပြောနိုင်လေ၏။
“ဒါပေမဲ့ သေချာတာက သေမျိုး ဝိညာဉ်ကြောနှင့် လူတွေမှာ ချီသွေးကြော မရှိဘူး ... ဝိညာဉ်ကြောနဲ့ လူတွေမှာသာ သူတို့စိတ် ဝိညာဉ်ကို ဖွင့်ပြီး ချီသွေးကြောကိုလည်း ဖွင့်နိုင်ကြတယ်……”
မိုဝူကျီ၏ လွှမ်းမိုးခြင်း ခံလိုက်ရပြီး လုကျိုးကျွင်းသည် ဝိညာဉ် လမ်းကြောင်း များအစား ချီသွေးလွှတ်ကြောများဟု စတင် သုံးနှုန်းလာခဲ့သည်။
မိုဝူကျီသည် တိတ်တဆိတ် လက်သီး ဆုပ်လိုက်မိသည်။ သူ့အရင်ဘဝတွင် သူ့ထုတ်ဖော်ထားသည့် ဖြေဆေးသည် ချီသွေးကြောများကို ဖွင့်၍ ကျယ်ပြန့်လာအောင် လုပ်နိုင်သောကြောင့် သူ့ချစ်သူမှ သူ့အပေါ်တွင် သစ္စာဖောက် သွားလေသည်။ အကယ်၍ သူသည် ဤနေရာတွင် တူညီသော ဖြေဆေးကို ထုတ်ဖော်နိုင်ပါက ဝိညာဉ်ကြောနှင့် လူများကဲ့သို့ ကျင့်ကြံနိုင်မည် မဟုတ်ပါလော ...
ထိုအကြံ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် မိုဝူကျီ မပါဝင်နိုင်သည့် တောက်လောင်နေသည့် မီးတောက်နှင့် တူလေသည်။ ဤကမူးရှူးထိုး မျှော်လင့်ချက်သည် ပို၍ ပို၍ပင် တက်ကြွလာလေသည်။
“အစ်ကိုလု ... ကျွန်တော် ဒန်းဟန် ဆေးလုပ်ငန်းကို နောက်တစ်ခါ အောင်မြင်အောင် လုပ်နိုင်မယ်လို့ သေချာတယ် ... ဒါပေမဲ့လည်း ကျွန်တော့်မှာ တောင်းဆိုစရာ နှစ်ချက်ရှိတယ် ... ”
မိုဝူကျီသည် ကျင့်ကြံခြင်း အကြောင်း ထပ်မမေးတော့ချေ။ သူသည် လုကျိုးကျွင်းလည်း များစွာမသိကြောင်း မြင်သာလှ၏။
မိုဝူကျီစကားများကို ကြားပြီးနောက် လုကျိုးကျွင်းစိတ်သည် ပေါ့ပါးသွားပြီး ချက်ချင်း ပြောလိုက်သည်။
“သခင်လေးမိုသာ အတိတ်က ဒန်းဟန် အောင်မြင်မှုကို ပြန်လည် ရယူနိုင်ရင် တောင်းဆိုချက် နှစ်ခုမဟုတ်ဘူး….ဆယ်ခုဆိုတောင် ကျွန်တော် သဘောတူမှာပဲ ... ”
မိုဝူကျီ၏ စကားများသည် သူ့အား စိတ်လှုပ်ရှား စေသောကြောင့် လုကျိုးကျွင်းသည် ညီလေးမိုအစား သခင်လေးမိုဟု ပြောင်းလဲ၍ ခေါ်ဆိုလေသည်။
မိုဝူကျီသည် ခေါင်းညိတ်လိုက်ပြီး
“အရင်ဆုံး စမ်းသပ်ခန်းက ကျွန်တော့်ရဲ့ ပိုင်နက်ဖြစ်ရမယ် ... ကျွန်တော့်ရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်သူကိုမှ ဝင်ခွင့်မပြုဘူး….”
“ပြဿနာ မရှိဘူး…”
မိုဝူကျီသည် ထိုတောင်းဆိုချက်ကို မပြောလျှင်ပင် လုကျိုးကျွင်းသည် တခြား ဆေးဖော်စပ်သူကို ငှားရမ်းရန် မတတ်နိုင်ချေ။
“ဒုတိယ တစ်ချက်က ကျွန်တော်က စမ်းသပ်မှုအတွက် အမျိုးမျိုးသော ဆေးပင်နဲ့ ပါဝင်ပစ္စည်းတွေ လိုအပ်လိမ့်မယ် ... စိတ်ဝိညာဉ်ဆိုင်ရာ ဆေးပင်များကိုပင် လိုရင် လိုလိမ့်မယ် ... ဒန်းဟန် ဆေးလုပ်ငန်းက ဒီလိုအပ်ချက်တွေကို ပြည့်စုံဖို့ ပြုလုပ်ပေးဖို့ မျှော်လင့်ပါတယ် ... ”
မိုဝူကျီသည် ကမ္ဘာမြေပေါ်တွင် သူဖော်စပ်ခဲ့သည့် ဖြေဆေးက စိတ်ဝိညာဉ်ကို ဖွင့်ပြီး အနှစ်သာရများကို စုပ်ယူနိုင်မလား ဆိုတာ မသိရှိပေမဲ့ သူကြိုးစားကြည့် ရမည်။ အကယ်၍ သူသာ အောင်မြင်ပါက သူ့တွင် ဝိညာဉ်ကြော မရှိပေမဲ့လည်း ကျင့်ကြံနိုင်မည် ဖြစ်သည်။
လုကျိုးကျွင်းသည် မပြောခင် တွေဝေ သွားခဲ့သည်။
“သခင်မို ... ဒန်းဟန် ဆေးလုပ်ငန်းသာ အမြတ်ငွေရရှိရင် အဲဒါတွေက ပြဿနာ မဟုတ်တော့ပါဘူး….”
မိုဝူကျီသည် မတ်တတ် ရပ်လိုက်ပြီး သူ့လက်ကို ကမ်းကာ
“အစ်ကိုလု ... ခင်ဗျားနဲ့ အလုပ်အတူတူ တွဲလုပ်ဖို့ မျှော်လင့်ပါတယ်… ... ကျွန်တော့်ကို ဆေးဖော်စပ်ရေး အကြီးအကဲအဖြစ် ရွေးချယ်တာ အလွန်ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ပဲ……”
လုကျိုးကျွင်းသည် မိုဝူကျီ၏ လက်နောက်ကွယ်မှ အဓိပ္ပာယ်ကို မသိရှိချေ။ သို့သော် သူသည် ခါးသက်စွာ ပြုံးရင်း မိုဝူကျီ လက်ကို လှမ်းဆွဲလိုက်သည်။ ဉာဏ်ရှိလှသည့် ဆုံးဖြတ်ချက် ဟုတ်သည်လား မဟုတ်သည်လားဆိုတာ သူပင် သေချာမသိချေ။
***