မိုဝူကျီ၏ စိုးရိမ်မှုများ
Vol. 1 Ch. 13
ပင်နီဆီလင် စတင်ထုတ်လုပ် သည်မှစ၍ မိုဝူကျီသည် ဒန်းဟန် ဆေးလုပ်ငန်းတွင် အမြဲရှိနေသည်။ ပင်နီဆီလင် ထုတ်လုပ်သည့် ကိစ္စသည် သူ့အတွက် အရမ်း လွယ်ကူလွန်း၏။ တချို့သော တက္ကသိုလ်များတွင် ဤခေါင်းစဉ်ကို သူတို့၏ နောက်ဆုံး စာမေးပွဲတွင် မေးလေ့ရှိကြသည်။ ထို့အပြင် ချင်ယွီပြည်နယ်၏ နည်းပညာသည် လက်ခံလို့ရသည့် အနေအထားရှိပြီး လိုအပ်သည့် စက်ကိရိယာများလည်း ရရှိနိုင်၍ ရည်ရွယ် ထားသကဲ့သို့ ဖြစ်ရန် အနည်းငယ် ပြုပြင် မွမ်းမံရန်သာ လိုအပ်၏။
မိုဝူကျီအတွက် တစ်ခုတည်းသော ခက်ခဲမှုသည် ပင်နီဆီလင်ကို ကြွက်သားနှင့် သွေးကြောများကို ထိုးသွင်းရာမှ သင့်တော်သည့် သုံးစွဲမှုရရှိရန် ပြောင်းလဲသည့် ကိစ္စရပ်ဖြစ်၏။ ထိုးသွင်းခြင်းကဲ့သို့ ပင်နီဆီလင် စီမံမှုသည် အရမ်း အနှောင့်အယှက် ဖြစ်ရပြီး ထိုးသွင်းပြီးနောက် အကျိုးဆက် များသည်လည်း ဖြစ်နိုင်ချေရှိလေ၏။
ပင်နီဆီလင်အား သောက်သုံးနိုင်ရန် စီမံမှုသည် အမောက်စလင်၊ အမ်ပီစလင်၊ ပိုတက်ဆီယမ် ကလိုရိုဒ် ဆေးပြားများနှင့် ဆင်တူလှပြီး သူမထုတ်လုပ် နိုင်သည့် အရာမဟုတ်ပေ။ သို့သော် နှစ်လတာသည် သူ့အတွက် ထိုထုတ်လုပ်မှု အောင်မြင်ရန် အလွန် တိုတောင်းသော အချိန်ဖြစ်၏။
အကယ်၍ ပင်နီဆီလင်ကို ထိုးသွင်းရာမှာ အသုံးပြုခဲ့မယ်ဆိုလျှင် ဆေး၏ ၉၉.၉ ရာခိုင်နှုန်းကို အစာအိမ်ထဲရှိ အက်ဆစ်က ဖျက်ဆီးပစ်လိမ့်မည်။ တစ်ခုမှ အခြားတစ်ခုသို့ ပင်နီဆီလင် ကူးပြောင်းသည့် ဖြစ်စဉ်သည် တခြား တစ်ယောက်အတွက် ခက်ခဲပုံ ပေါ်ပေမဲ့လည်း မိုဝူကျီအတွက် အသာအယာလေး ဖြစ်၏။ ကမ္ဘာမြေပေါ်တွင် သူသည် ဆေးဝါး သုတေသနတွင် ထိပ်ဆုံးထိ ရောက်ရှိခဲ့သူ ဖြစ်သည်။ သူသည် ပင်နီဆီလင်ကို သောက်ဆေးအဖြစ် ပြောင်းလဲပြီး အာနိသင် အလုံးစုံ မပျောက်ပျက်ရန် အာမခံနိုင်သော်လည်း အနည်းဆုံး ၃၀ရာခိုင်နှုန်းမှ ၄၀ရာခိုင်နှုန်းအထိ လုပ်ဆောင်ပေးနိုင်သည်။
ပဋိဇီဝ ဆေးများသည် အရင်က မပေါ်ပေါက်လာဖူးသည့် နေရာတွင် ပင်နီဆီလင်ဆေး အာနိသင်သည် ၅ရာခိုင်နှုန်းသာ ကျန်ရှိနေလျှင်ပင် အကျိုး သက်ရောက်မှုသည် ကြီးမားလှပြီ ဖြစ်၏။ ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ ပို၍ပင် ကြီးမားလိမ့်မည်။
ပင်နီဆီလင်သည် ပဋိပစ္စည်းနှင့် ဓာတ်မတည့်မှုများ ရှိသော်လည်း မိုဝူကျီသည် အားလုံးကို လျစ်လျူရှုထားသည်။ ပင်နီဆီလင်၏ အကျိုးရလဒ်နှင့် ယှဉ်လျှင် ထိုဘေးထွက် ဆိုးကျိုးများသည် ဘာမှမဟုတ်ပေ။ အများဆုံးသည် သူသည် ဆေးအချက်အလက် ပေါ်တွင် သတိပေး၍ ရေးထားရုံသာ ဖြစ်၏။
ယောင်ကျိုးမြို့မှ လူများအတွက် ဒန်းဟန် ဆေးလုပ်ငန်းသည် လတ်တလော ကြီးမားသည့် ပြောင်းလဲမှုများနှင့် ကြုံနေရသည်။ ဒန်းဟန် ဆေးလုပ်ငန်းသည် မူလက ဆေးဆိုင်တစ်ဆိုင်နှင့် အလုပ်ရုံတစ်ခု ရှိသော်လည်း တစ်ဆိုင်တည်းသော ဆေးဆိုင်သည် လွန်ခဲ့သည့် တစ်လက ပိတ်သွား၍ မည်သည့်ဆေးမှ ထပ်မရောင်းချတော့ချေ။
သဘောတရားအရ ပြောရမည်ဆိုလျှင် ဒန်းဟန် ဆေးလုပ်ငန်းသည် ပိတ်သိမ်းခါနီး ဖြစ်နေ၍သာ ဆိုင်ကို ရောင်းချခဲ့ခြင်း ဖြစ်သည်။ သို့သော် လူအများကို ပဟေဠိ ဖြစ်စေသည်က သူတို့သည် ဆိုင်ကို မရောင်းလိုက်သည် သာမက ယောင်ကျိုးမြို့ တစ်ခုလုံး သတင်းအသစ်များလည်း ပျံ့နှံ့လေသည်။
ကိုးဘဝ ပျောက်ကင်းဆေး ... ဤသည်မှာ ဒန်းဟန် ဆေးလုပ်ငန်းမှ မီလီယံဆယ်နှင့် ချီ၍ အကုန်အကျခံကာ ထုတ်လုပ်ခဲ့သော ထုတ်ကုန်အသစ် ဖြစ်သည်။ ထိုအရာသည် လူသားမျိုးနွယ်စု အတွက် အသက်ကယ်ဆေး ဖြစ်ပြီး ကိုးဘဝ ပျောက်ကင်းဆေးနှင့် သာဆိုလျှင် ဒဏ်ရာကို ရောဂါပိုးဝင်ရန် စိုးရိမ်စရာ မလိုတော့ပေ။ ထိုဆေး၏ အကျိုးရလဒ်သည် ဆေးလုပ်ငန်းမှ အခြားသော ဆေးများထက် အဆများစွာ သာလွန်လေသည်။ ကိုးဘဝ ပျောက်ကင်းဆေး၏ အဓိကအချက်သည် မင်း ဒဏ်ရာပိုးဝင် နေလျှင်ပင် မင်းအသက်ရှူနေသရွေ့ အသက်ရှင်အောင် ပြုလုပ်ပေးနိုင်သည်။ အမှန်တမ်းဆိုလျှင် ကြော်ငြာတွင် ထိုစမ်းသပ်မှု ကုန်ကျငွေသည် ရွှေပြား၊ ငွေပြား သို့မဟုတ် ကြေးပြားများ မီလီယံဆယ်နှင့် ချီသည်ဟု မပါရှိချေ။
ဒန်းဟန် ဆေးလုပ်ငန်းမှ အရင် ထုတ်ကုန်များသည် အခြားသော ကုသဆေးများကဲ့သို့ အလုပ်လုပ်နှုန်း တူညီလှသည်။ လက်ရှိ ကိုးဘဝ ပျောက်ကင်းဆေးသည် အခြားသော ဆေးများထက် အဆများစွာ ကျော်လွန်သည်ဟု ညွှန်းဆိုထားကြပြီး ဈေးကွက်ရှိ အခြားသော ကုသဆေးများထက် ပို၍ သာကြောင်း ဆိုထား၏။
သေးငယ်လှသည့် ရေစက်လေးသည် တုံ့ပြန်မှုလှိုင်းလုံး အကြီးကြီးကို ဖန်တီးသွားခဲ့သည်။ ဤသတင်းသည် ယောင်ကျိုးမြို့ တစ်ခုလုံးကို ဒန်းဟန် ဆေးလုပ်ငန်းအပေါ် အာရုံစိုက်မှု ရရှိစေသည်။ ယောင်ကျိုးမြို့သည် ချင်ယွီပြည်နယ်၏ မြို့တော်ဖြစ်သောကြောင့် ချင်ယွီပြည် တစ်ခုလုံး ဒန်းဟန် ဆေးလုပ်ငန်းကို မျက်စိဒေါက်ထောက် ကြည့်နေကြသည်ဟု ဆိုလိုခြင်း ဖြစ်၏။
တစ်ညတာအတွင်း မရေတွက်နိုင်သည့် လူအုပ်ကြီးသည် ဒန်းဟန် အလုပ်ရုံရှေ့တွင် ခြေချင်းလိမ် နေကြပြီး ကိုးဘဝ ပျောက်ကင်းဆေးကို ဝယ်ယူချင်သည့်အပြင် ထိုအရာသည် အမှန်တကယ် ဟုတ်လားဆိုသည့် ကိစ္စကိုပါ သိချင်နေကြသည်။
ချင်ယွီပြည်နယ်သည် မရပ်မနား စစ်ပွဲဖြစ်နေသည့် အနေအထားတွင် ဖြစ်ပြီး နေ့စဉ် ဒဏ်ရာ ပိုးဝင်မှုကြောင့် အရေတွက် အများပြားက သေဆုံးနေကြသည်။ စစ်သားတွေလျှင် သာမက မုဆိုးများ၊ ဆေးပင်ရှာသူများ၊ ကြေးစားစစ်သားများ၊ သတ္တုရှာဖွေသူများ….အစရှိသဖြင့် ထိုလူများသည် မကြာခဏ ထိခိုက်ဒဏ်ရာ ရလေ့ရှိပြီး သေခြင်းတရားကို ပိုးဝင်ခြင်းကြောင့် ရင်ဆိုင်တွေ့ရလျက် ရှိသည်။ အကယ်၍ ကိုးဘဝ ပျောက်ကင်းဆေးသာ ရှိမယ်ဆိုလျှင် မည်သူက အလိုမရှိဘဲ နေမည်နည်း ...
ဒန်းဟန် ဆေးလုပ်ငန်းရှိ ဒုတိယအလွှာတွင် လုကျိုးကျွင်းသည် စိတ်လှုပ်ရှားစွာ အပြေးအလွှား ရောက်လာလေသည်။
“ညီလေးမို ... ငါတို့ကြော်ငြာက အရမ်း အောင်မြင်တယ် ... အကယ်၍သာ ကိုးဘဝ ပျောက်ကင်းဆေးသာ တကယ် ကောင်းမယ်ဆိုရင် ….မဟုတ်ဘူး ... သုံးပုံတစ်ပုံလောက် ကောင်းမယ် ဆိုရင်တောင်….စက်တင်ဘာ ဆယ်ရက်နေ့ကျရင် ဒန်းဟန် ဆေးလုပ်ငန်းက အောင်မြင် လာလိမ့်မယ် ... ”
လုကျိုးကျွင်းသည် ရုတ်တရက် ရပ်လိုက်ပြီး မိုဝူကျီသည် အောင်ပွဲခံရမည့် အခြေအနေထဲ မဟုတ်ကြောင်း သိရှိသွားပြီး စတင်၍ စိတ်ပူလာလေသည်။ လုကျိုးကျွင်း နှလုံးသားသည် တစ်ချက်တာ အခုန်မြန်သွား၏။ ဆေးအသစ် မအောင်မြင်တာ များလား ... ဒါပေမဲ့ မိုဝူကျီက သတ္တုဆွဲပုံးများ တစ်ခုပြီးတစ်ခုကို နောက်ဖေးကွက်လပ်မှာ ထားတာ မဟုတ်ဘူးလား ... ဘွိုင်လာအချို့တောင် ပါသေး၏။ ထိုအရာအားလုံးက အတုအယောင်တော့ မဟုတ်ပါဘူး ... ဟုတ်တယ်မလား….
ဆေးအသစ် အောင်မြင်မည့် ကိစ္စသည် သူ့အနေနှင့် သိပ်မသေချာပေ။ မိုဝူကျီ၏ ရည်ရွယ်ချက်အတိုင်း ကျရှုံးနိုင်ခြေ မရှိဟု ပြောကာ အပြည့်အဝ ကြော်ငြာပေးခဲ့တာ ဖြစ်သည်။ သို့သော် ယခုတွင်……
မိုဝူကျီသည် မတ်တတ် ရပ်လိုက်ပြီး လုကျိုးကျွင်းဘေးသို့ လျှောက်လာပြီး ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“အစ်ကိုလု ... စိုးရိမ်စရာ မလိုပါဘူး ... ဆေးက ဘာမှ အမှားအယွင်းမရှိဘူး ... ”
“အဲဒါဆို ဘာလို့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေသလို ဖြစ်နေရတာလဲ ... ”
လုကျိုးကျွင်းသည် ဆေးတွင် မှားယွင်းမှု မရှိကြောင်း ကြားပြီး စိတ်တစ်ဝက် အေးသွားခဲ့သည်။ ဆေး အဆင်ပြေသရွေ့ ကျန်တာအားလုံးသည် ဖြေရှင်း၍ ရနိုင်သည်။
မိုဝူကျီသည် သက်ပြင်းချလိုက်ပြီး
“အစ်ကိုလု ... ကိုးဘဝ ပျောက်ကင်းဆေး ဈေးကွက်ထဲ ရောက်သွားတာနဲ့ ကျွန်တော်တို့ ပိုင်နက်ကို ကာကွယ်နိုင်ပြီလို့ ထင်လား ... အဲဒါက ကျွန်တော်တို့ကို ချမ်းသာမှု အများအပြား ဆောင်ကြဉ်းပေးလိမ့်မယ် ... သေချာပေါက် ကျွန်တော်တို့ကို မနာလိုတဲ့ သူတွေလည်း ရှိကြမှာပဲ ... ”
အမှန်တိုင်း ဆိုရလျှင် မိုဝူကျီသည် ဤသေးငယ်လှသည့် ကြောငြာသည် ထိုသို့ကြီးမားလှသည့် တုံ့ပြန်မှုကို ယူဆောင်လာမည်ဟု မတွေးထားခဲ့ချေ။ ဤကမ္ဘာက လူတွေသည် ရောဂါပိုးဝင်တာ ကုသဖို့ ထိုမျှ လိုချင်တပ်မက် လိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ချေ။ ယခုအခြေအနေတိုင်း ဆိုလျှင် ဆေးဈေးကွက်ထဲ ရောက်သည်နှင့် ပထမအသုတ်တွင် သူသည် ရွှေပြားများကို ခြင်းနှင့်ချီ၍ ဝင်နိုင်မည်ဟု ယုံကြည်ထားသည်။
သူ့ကိုယ်တိုင်သည် ပင်နီဆီလင် ထုတ်လုပ်မှုသည် ကူးယူဖို့ လွယ်ကူကြောင်း သိထားသော်လည်း အကယ်၍ တစ်စုံတစ်ယောက်က ဒန်းဟန် ဆေးလုပ်ငန်းကို ဆန့်ကျင်ပြီး ရွှေပြားများ မဝင်ခင် သူတို့ထက်အရင် လက်ဦးမှု ရယူသွားခဲ့လျှင် ထိုသည်က မကောင်းလှချေ။
လုကျိုးကျွင်းသည် မိုဝူကျီ စကားများကို ကြားပြီး ခဏတာ မှင်တက်သွားခဲ့ပြီး ရယ်မောခြင်း အဖြစ် ပြောင်းလဲသွားလေသည်။
“ညီလေးမိုက တော်ဝင်မိသားစုမှာ မွေးတာဖြစ်လို့ ချင်ယွီပြည်နယ်ရဲ့ ဥပဒေတွေ အကြောင်းနားမလည်တာ ဖြစ်တတ်ပါတယ် ... ချင်ယွီပြည်နယ်တင် မဟုတ်ဘူး ... ရှင်းဟန်အင်ပါယာ တစ်ခုလုံးမှာ အလုပ်ရုံ စီးပွားရေးတွေကို ကာကွယ်ပေးထားတယ် ... သေချာတဲ့ ပမာဏတချို့ကို အခွန်အဖြစ် ဆောင်သရွေ့ပေါ့ ... ဒန်းဟန် ဆေးလုပ်ငန်းရဲ့ ဂုဏ်သတင်းက ရှင်းဟန်အင်ပါယာထိ ပျံ့နှံ့နေတာ ... ဘယ်သူက ဆန့်ကျင်ရဲမှာလဲ… ... ဒန်းဟန်က အရင်က ငါ့ရဲ့အသုံးမကျမှု တွေကြောင့် ပြိုကွဲလုနီးပါး ဖြစ်ခဲ့ရတယ် ... ”
မိုဝူကျီသည် လုကျိုးကျွင်း စကားများကြောင့် စိတ်အေးမသွားခဲ့ချေ။ ဒန်းဟန် ဆေးလုပ်ငန်းသည် ခြေသလုံး အိမ်တိုင်သာသာ အားကြီးလေ၏။ ကျောထောက်နောက်ခံ မရှိလျှင် ဤလုပ်ငန်း အပေါ်တွင် မျက်စိကျနေသည့် သူများမရှိဘူးဟု ဆိုလျှင် ထူးဆန်းလှပေသည်။ ကမ္ဘာမြေပေါ်တွင် ဝန်ထမ်း အများကြီးနှင့် ကြီးမားပုံရသည့် ကုမ္ပဏီတစ်ခု ရှိလေသည်။ သို့သော်လည်း ဝန်ထမ်းများ အပေါ်တွင် မတရားခိုင်းကာ ပိုက်ဆံ အနည်းငယ်သာ ပေးပြီး အခြားအမြင်ဆိုးများ၏ ဒဏ်ကို ခံနေရသည်သာ ဖြစ်၏။ ဤကုမ္ပဏီ အပြင်အလုပ်များ လက်မခံတော့သည့် နေ့သည် နောက်ဒန်းဟန် ဆေးလုပ်ငန်း ဖြစ်လာသည့် နေ့ဖြစ်၏။
လုကျိုးကျွင်းသည် ရှင်းဟန်အင်ပါယာမှ အကာအကွယ် ပေးလိမ့်မည်ဟု ပြောသောအခါ မိုဝူကျီသည် လုံးဝ မယုံကြည်ပေ။ အမြတ်ငွေသာ အရှုံးအနိုင် ပေါ်သရွေ့ ဘာမဆို ဖြစ်လာနိုင်သည်။ သူ့၏ သစ္စာဖောက်ခြင်း ခံရသော အရင်ဘဝမှ အတွေ့အကြုံများမှ သူသည် တချို့သော အရာများသည် ဥပဒေတို့ လူသားချင်း စာနာစိတ်တို့နှင့် ဖြေရှင်း၍ မရကြောင်းသိ၏။
သို့သော် သူသည် ကြီးကြီးမားမား ဖြစ်လာချင်ပြီး ဤသည်က သူ့အား ပိုက်ဆံအမြောက်အမြား ဝင်ရန် လိုအပ်ပေသည်။ ထို့ကြောင့် သူသည် နှိမ့်ချနေရန် မတတ်နိုင်တော့ချေ။
ဘဘောတရား ပြောရမည်ဆိုလျှင် တစ်စုံတစ်ယောက်က ဒန်းဟန် ဆေးလုပ်ငန်းနှင့် အမြန်လာလုပါက သူတို့သည် ချည်းကပ်မှုအစား ချဉ်းကပ်မှုသုံးသင့်သည်။ သူသာ အဓိက ထုတ်ကုန်များကို ထိန်းချုပ်ခွင့်ရပြီး ပိုက်ဆံ လိုအပ်သည့်အခါ ရောင်းချနေသရွေ့ အန္တရာယ်မရှိချေ။ ချဉ်းကပ်
ထိုအချက်အထိ တွေးပြီးနောက်
“အစ်ကိုလု ... ကျွန်တော် တည့်တိုးပဲ ပြောမယ် ... တစ်ယောက်ယောက် ကသာ ဒီဟာကို ဝေမျှချင်တယ် ဆိုရင် သူတို့က လုပ်ငန်းထဲက ကျွန်တော့် ရှယ်ယာကို ယူလို့ရတယ် ... ဒါပေမဲ့ ကျွန်တော့်ပိုက်ဆံ ခွဲတမ်းတော့ မရဘူး….”
“သေချာတာပေါ့ ... ဘာပြဿနာမှ မရှိပါဘူး ... မစိုးရိမ်နဲ့….”
လုကျိုးကျွင်းသည် မိုဝူကျီ၏ တောင်းဆိုမှုများကို ဒုတိယတစ်ကြိမ် ထပ်၍ပင် မတွေးဘဲ လက်ခံပေးသည်။
မိုဝူကျီသည် စိတ်ထဲတွင် သက်ပြင်း ချလိုက်ပြီး လုကျိုးကျွင်းကို စာချုပ် လက်မှတ်ထိုးရန် မတောင်းဆိုခဲ့ချေ။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်၏ အရည်အသွေး မကောင်းသည့် အချိန်အခါ၌ စာရွက်အပိုင်းအစ တစ်ခုက မည်သို့ အသုံးဝင်မည်နည်း ...
သူသည် ယောင်ကျိုးမြို့တွင် တစ်ဦးတည်းဖြစ်ပြီး တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပါက မည်သူမျှ သူ့အား အကူအညီပေးမည် မဟုတ်ပေ။
လုကျိုးကျွင်းနှင့် ဆွေးနွေးပြီးသည့်နောက် မိုဝူကျီစည် တစ်နေ့လုံး တစ်ညလုံး ပင်နီဆီလင်ကို ဖော်စပ်နေခဲ့သည်။ သူ့လက်ဝယ်ရှိ အင်အားကို ထိန်းထားနိုင်ရေး အတွက် ပင်နီဆီလင် အများအပြား ထုတ်လုပ်ရန် လူအင်အား လိုအပ်လေသည်။ သူသည် ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်သည့် အဆင့်များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ အိမ်မှ နှစ်လအကြာတွင် စိတ်ဝိညာဉ်ကို ဖွင့်နိုင်မည့် ဖြေဆေးကို ဖော်စပ်နိုင်သော ဆေးပင်များကိုလည်း စုဆောင်း နေသည်ကလွဲ၍ သူသည် ကောင်းကောင်းပင် အနားမယူခဲ့ပေ။
နှစ်လ ကြာပြီးသည့်နောက် သူသည် နောက်ဆုံးတွင် ပထမအသုတ် ဖြစ်သည့် ပင်နီဆီလင်အရောကို ထုတ်လုပ်နိုင်ခဲ့သည်။
***