← Chapters

အံ့ဖွယ် ကိုးဘဝ ပျောက်ကင်းဆေး

Vol. 1 Ch. 14

အံ့ဖွယ် ကိုးဘဝ ပျောက်ကင်းဆေး

Vol. 1 Ch. 14

“ဟေး….ကိုးဘဝ ပျောက်ကင်းဆေး ... အဲဒါရဲ့ သက်ရောက်မှုက တခြား ကုသဆေးတွေထက် အဆများစွာ ပိုမြင့်တာလား….”

ယောင်ကျိုးမြို့ လမ်းမထက်ပေါ်တွင် သွေးများ စွန်းကျန်လျက် ရှိနေသည့် စစ်သားအများစုသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ကြီးမားသည့် ကြော်ငြာဘုတ်ကို ကြည့်ကာ ပြောလိုက်သည်။

“အဲဒါက ဒန်းဟန် ဆေးလုပ်ငန်းက ထုတ်မှာတဲ့ ... အရင်က အဲဒီအလုပ်ရုံအကြောင်း ကြားဖူးတယ် ... ဒွမ်းဟူ.. ချက်ချင်း ချူဖန်နဲ့ တခြား ငါတို့ညီအစ်ကို တွေကို ခေါ်ပြီး ဒန်းဟန် ဆေးလုပ်ငန်းဆီ သွားချေ ... ငါတို့ မင်းကို ဆိုင်အပေါက်ဝမှာ စောင့်နေမယ် ... ”

တောင့်တောင့်တင်းတင်းနှင့် အမျိုးသားသည် အုပ်စုကို ညွှန်ကြားလိုက်သည်။

“ခေါင်းဆောင် ... ဆေးရောင်းချမဲ့ ရက်က စက်တင်ဘာ ဆယ်ရက်နေ့မှ စမှာတဲ့….”

“ဒီနေ့တောင် ကိုးရက်ဖြစ်နေပြီ ... စောင့်ရင်း စကားစမြည် ပြောကြတာပေါ့ ... အကယ်၍သာ လိမ်ညာကြော်ငြာ ထားတာဆိုရင်တော့ ချက်ချင်း ဒီဆိုင်ကို ဖြိုချပစ်မယ်….”

“ဟုတ်ကဲ့…”

ယောင်ကျိုးမြို့တွင် သွေးများ ဖုံးလွှမ်းနေသည့် စစ်သားများစွာ ရှိနေ၏။ လတ်တလော စစ်ပွဲကြောင့် ယောင်ကျိုးမြို့သို့ ဒဏ်ရာ အပြင်းအထန်နှင့် ပြန်လာသည့် စစ်သားများလည်း ပိုများလာသည်။ ဒဏ်ရာရ စစ်သားအရေအတွက် များလာခြင်းသည် ရှေ့တန်းမှာ ရှိနေသည့် လူများကို အခြေအနေ ဆိုးအောင် လုပ်နေသကဲ့သို့ ဖြစ်နေပြီး ယောင်ကျိုးမြို့တွင်လည်း ပြင်းထန်သည့် ဖိအား ကျရောက်နေသည်။

ဒန်းဟန် ဆေးလုပ်ငန်း၏ ကြော်ငြာသည် အရမ်းကောင်းသည့် အတွက်ကြောင့် ဒဏ်ရာရ စစ်သားများ သေဆုံးမှု မြင့်တက်လာခြင်းနှင့် ယှဉ်လျှင် ဒန်းဟန် ဆေးလုပ်ငန်းသို့ ဒဏ်ရာရ စစ်သားများ သယ်ဆောင် သွားကြသည်မှာ ပုံမှန်မဟုတ်သည့် ကိစ္စမဟုတ်ချေ။

ရက်အနည်းငယ် အတွင်းမှာပင် ကြည့်ရှုသူ ပရိသတ်များအပြင် တိုက်ပွဲမှ ပြန်ရောက် လာကြသည့် ဒဏ်ရာရ စစ်သားများလည်း အများအပြား ရှိနေလေသည်။

စစ်သားများ အရမ်း များပြားသည့်အတွက် ယောင်ကျိုးမြို့သည် အစောင့်များကို အမိန့်တချို့ ချထားရန် ပို့ဆောင်ထား၏။ ဒန်းဟန် ဆေးဆိုင်၏ တည်နေရာသည် အတော်သင့် ကောင်းမွန်ပေသည်။ စစ်သားများ စုစည်းမှုနှင့် လမ်းတစ်ခုလုံး နေရာပြည့်လုနီးပါး ဖြစ်နေလေသည်။

ရှင်းဟန် အင်ပါယာ ပြက္ခဒိန်

စက်တင်ဘာ ၁၀ ရက်၊ ၂၉၃၀…

ဒန်းဟန်ဆေးဆိုင် အပေါက်ရှေ့တွင် လူထုသည် တဖြည်းဖြည်း ကြီးမားလာခဲ့သည်။ တချို့သည် ရှုပ်ယှက်ခတ်သည့် မြင်ကွင်းကို လာကြည့်ကြပြီး၊ တချို့သည် မယုံသင်္ကာ လာစောင့်ကြည့်ကြခြင်း ဖြစ်သည်။ သို့ပေမဲ့ အများစုသည် ဆေးပုလင်းကို ကြိုးစားကြည့်ရန် ရောက်နေကြခြင်း ဖြစ်၏။

“တံခါးဖွင့်တော့…”

လူထုအသံ နောက်မှ ဒန်းဟန် ဆေးဆိုင်၏ တံခါးသည် ဖြည်းညင်းစွာ ပွင့်လာလေသည်။

ရက်အနည်းငယ် ဝန်းရံခံရခြင်းသည် လုကျိုးကျွင်းသည် ထိုထက်ပို၍ မအံ့သြနိုင်တော့ပေ။ သူ့လက်ထဲတွင် လော်စပီကာကို ကိုင်ထားပြီး ပြောလိုက်သည်။

“ချစ်ခင်ရသော မိတ်ဆွေ အပေါင်းအပါတို့ ... အားလုံးက ဒီကိုလာပြီး ကိုးဘဝ ပျောက်ကင်းဆေးကို လာဝယ်ကြတာ ဖြစ်တဲ့အတွက် ကျေးဇူးပြုပြီး တန်းစီပေးပါ ... လူတိုင်း ရရှိရပါ့စေမယ်လို့ အာမခံပါတယ် ... ကျွန်တော်တို့ရဲ့ ဆေးအသစ်က ဒဏ်ရာရထားသည့် လူနာအားလုံး အတွက် ရိုးရှင်းတဲ့ ကုထုံးတစ်ခုပါ ... မှားယွင်းတဲ့ ပါဝင်ပစ္စည်းတွေ ပါရှိခြင်း မရှိပါ ... ဆေးပုလင်း ဝယ်ယူတာနဲ့ ကျွန်တော်တို့က အဖြူရောင်ပတ်တီး တစ်ဆက်လိုက်နဲ့ ဒန်းဟန် အနာတရ အမှုန့်အိတ်ကိုလည်း ပေးပါ့မယ် ... ”

ဆေးထိုးခြင်းသည် အဆင်မပြေသည့် အတွက် မိုဝူကျီသည် ပင်နီဆီလင် သောက်ဆေးကို ဖော်ထုတ်ခဲ့သည်။ ပုံမှန်အားဖြင့် ပတ်တီးနှင့် အမှုန့်များသည် ပင်နီဆီလင်နှင့် အတူတကွ အသုံးပြုရန် ဖြစ်၏။

ပင်နီဆီလင်နှင့် ဓာတ်မတည့်မှု ရှိသည့်သူတွေ အတွက် ညွှန်ကြားချက် ပေါ်တွင် သေးငယ်သည့် သတိပေးချက် ပါရှိလေ၏။ နေ့စဉ်နေ့တိုင်း စစ်သားများသည် သူတို့၏ ဒဏ်ရာများကြောင့် သေဆုံးလေ့ ရှိကြသည်။ ပင်နီဆီလင်၏ အကျိုးရလဒ်ကို မြင်တွေ့ပြီးသည်နှင့် မည်သူကများ ထိုဓာတ်မတည့်မှုကို ဂရုစိုက်နေမှာလဲ ... ပို၍ အရေးကြီးသည်က ပင်နီဆီလင် သောက်ဆေးသည် ဓာတ်မတည့်သူများ အပေါ်တွင် အကျိုး သက်ရောက်မှု နည်း၏။

“တစ်ပုလင်း ဘယ်လောက်လဲ ... ”

အသံအများကြီးက တစ်ပြိုင်နက် ထွက်ပေါ်လာပြီး လုကျိုးကျွင်း စကားများအား ဖြတ်ပြောလိုက်သည်။ မျှော်လင့်ထားသည့် အတိုင်း အားလုံးသည် ကိုးဘဝ ပျောက်ကင်းဆေး၏ ဈေးနှုန်း တစ်ခုတည်းကိုသာ အာရုံရှိကြသည်။

လုကျိုးကျွင်းသည် လက်သီးကို ဆုပ်လိုက်ပေမဲ့ မျက်နှာက အပြုံးများ ဝေနေဆဲဖြစ်ကာ ဆက်၍ ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ ဆေးအသစ်က ဆေးပင်အဆင့် အမြင့်ဆုံးတွေကို သုံးထားတဲ့အတွက် ဈေးနှုန်းက အနည်းငယ် မြင့်ပါတယ် ... တစ်ပုလင်းကို ရွှေပြားနှစ်ပြား ကျသင့်မှာ ဖြစ်ပါတယ်….”

လူအများသည် စတင်၍ ဆဲရေးမတိုင်းထွာခင် အထိ အားလုံးသည် ရှော့ခ်ရကာ မရေတွက်နိုင်သည့် သက်ပြင်းများကို ချလိုက်သည်။ ကုသဆေး တစ်ပုလင်းအတွက် ရွှေနှစ်ပြားတဲ့လား ... ဘာကြောင့် သူတို့ကို ဓားပြတိုက် မသွားတာလဲ ... အခြားသော ကုသဆေးများပင် ငွေပြား အနည်းငယ်သာ ကုန်ကျ၏။ အချို့မှာ ကြေးပြား အချို့ပင် ကုန်ကျလေသည်။

ဈေးနှုန်းကို ကြားပြီးနောက် တန်းစီနေသည့် လူတစ်ဝက်လောက်သည် ချက်ချင်း ထွက်သွားကြသည်။ ကုသဆေး တစ်ပုလင်းအတွက် ရွှေပြားနှစ်ပြားသည် ဈေးကြီးလွန်း၏။ သာမန် မိသားစုသည် တစ်နှစ်လျှင် ရွှေနှစ်ပြားပင် မဝင်နိုင်ချေ။

တန်းစီနေသည့် လူတန်း တိုလာသည်ကို မြင်ပြီး လုကျိုးကျွင်း ပါးစပ်သည် စတင်၍ တွန့်ချိုးလာသည်။ သူ့ရည်ရွယ် ထားသည်က ဆေးကို ငွေဆယ်ပြားဖြင့် ရောင်းချရန် ဖြစ်ပေမဲ့ မိုဝူကျီသည် ရွှေငါးပြားဖြင့် ရောင်းချစေလို၏။ နောက်ဆုံး ဈေးနှုန်းသည် ရွှေနှစ်ပြား ဖြစ်လာခြင်းသည် နှစ်ယောက်သား အပေးအယူ ညှိလာခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ သူသည် မိုဝူကျီနှင့် ပင်နီဆီလင် ဈေးနှုန်းကို သန့်စင်မှုအပေါ် လိုက်၍ မြင့်ရန် သဘောတူညီခဲ့သည်။ အမျိုးအစား ကောင်းသည့် ဖန်ပုလင်း ထုပ်ပိုးမှုပါ ထည့်တွက်လျှင် ရွှေဆယ်ပြားဖြစ်၏။

ဒန်းဟန် ဆေးလုပ်ငန်း၏ ကြော်ငြာသည် အလွန်သက်ရောက်မှု ရှိပြီး ဈေးနှုန်း မြင့်သော်ငြား ဝယ်သူများ ရှိသေး၏။ တချို့သည် ပိုက်ဆံများ စုဆောင်း၍ လာဝယ်ကြသည်။ တချို့လူများသည် နှစ်ပုလင်းနှင့်အထက် ဝယ်ယူသူများလည်း ရှိ၏။ အမျိုးအစား ကောင်းသည့် ပုံစံတွင် တစ်ပုလင်းမှ မရောင်းရချေ။

ရက်များစွာ လူရှုပ်နေခဲ့သည့် ဒန်းဟန် ဆေးလုပ်ငန်းသည် နာရီအနည်းငယ် နောက်တွင် လူမရှိ သူမရှိ ဖြစ်သွားပြန်လေသည်။

“ညီလေးမို ... ဒီတစ်ကြိမ်….ဟူး ... ”

လုကျိုးကျွင်းသည် သက်ပြင်းချ လိုက်သည်။ သူသည် ဆေးအာနိသင် သိရှိရန် ရက်အနည်းငယ်သာ မစောင့်ရလျှင် မိုဝူကျီအား ဈေးနှုန်းလျော့ရန် အကြံပေးမိလိမ့်မည်။

ဤတစ်ကြိမ်တွင် သူတို့သည် ပုလင်းငါးသောင်း ထုတ်လုပ်ခဲ့သည်။ သူတို့သည် ဆေးရောင်းချရန် အတွက် လူ၂၀ကို အချိန်ပို လုပ်ရန်အတွက် ခန့်အပ်ခဲ့ရသည်။ ထို့အပြင် ပထမအသုတ် ပြီးသည့်နောက်တွင် မိုဝူကျီသည် မရပ်တန့်ပဲ ဒုတိယအသုတ်ကို ဆက်လက်၍ ထုတ်လေသည်။ ပထမအသုတ် ထက်ပင် ပို၍ များပြား၏။

သူတို့ကြော်ငြာ ထားသည်မှာ တစ်လနီးပါး ရှိသော်လည်း ပုလင်း ၂၀၀ပင် မရောင်းရသေးချေ။ ကြော်ငြာ စရိတ်တောင် မကာမိတော့ပေ။

“စိတ်မပူပါနဲ့ ... နောင်ရက် အနည်းငယ်အတွင် သိလိမ့်မယ် ... ကျွန်တော် လမ်းခဏ သွားလျှောက်လိုက်ဦးမယ် ... ”

မိုဝူကျီသည် လက်ကို ဝှေ့ယမ်းပြီး လုကျိုးကျွင်းအား စိတ်မပူရန် အရိပ်အယောင် ပြလိုက်သည်။

မိုဝူကျီသည် ပင်နီဆီလင် ရောင်းရမည် မရောင်းရမည်ကို မစိုးရိမ်ပေ။ သူသည် သူ့ဖြေဆေး ထုတ်လုပ်ရန် ပိုအာရုံရှိလေသည်။ မိုဝူကျီသည် ပင်နီဆီလင်သည် နောင်တွင် အကျိုးမြတ်ဆက်၍ မဝင်နိုင်ကြောင်း ခန့်မှန်းမိသည်။ ထို့ကြောင့် သူသည် တတ်နိုင်သမျှ ဈေးမြှင့်ကာ ပိုက်ဆံဝင်ရန် လိုအပ်သည်။

ရက်အနည်းငယ် ကြာပြီးသည့် နောက်တွင် လန်ယုသည် သူလိုအပ်သည့်‌ ဆေးပင်အချို့ကို လှမ်းပို့ပေး၏။ သူဝယ်ထားသည့် အချို့နှင့် ပေါင်းလိုက်သည့်အခါ သူသည် စတင်ရန် အဆင့်သင် ဖြစ်နေလေပြီ။

ပုံမှန်မဟုတ်သည့် ကိစ္စရပ်များအတွက် သူသည် သူကိုယ်တိုင် သွားရှာရန် လိုအပ်လေသည်။ လန်ယု၏ ဆေးပင်များမှလွဲ၍ သူသည် တစ်ခု လိုအပ်နေသေး၏။ အခြားသော သူများသည် ဖော်မြူလာကို သိလျှင်ပင် ဖြေဆေးကို ဖော်စပ်နိုင်မည် မဟုတ်တာ သိသော်လည်း မိုဝူကျီသည် ဂရုတစိုက် လုပ်ဆောင်နေဆဲ ဖြစ်၏။

လုကျိုးကျွင်းသည် ခေါင်းသာ ညိတ်နိုင်လိုက်သည်။ ကိစ္စများသည် ဤမျှအထိ ရောက်လာပြီးပြီ ဖြစ်၍ သူအနေနှင့် ဘာများ တတ်နိုင်မည်နည်း ...

မိုဝူကျီရှာဖွေနေသည့် အရာသည် ဆေးပင်ဟုပင် ယူဆ၍ မရချေ။ ထိုအရာသည် လုံးဝသာမန် ဖြစ်နေလွန်း၏။ မိုဝူကျီသည် ကြာမျှင်ကိုရှာနေတာ ဖြစ်ပြီး လတ်ဆတ်လေ ပိုကောင်းလေ ဖြစ်သည်။ မိုဝူကျီ၏ စမ်းသပ်မှုများမှ သူသည် အကယ်၍ ကြာမျှင်ကိုသာ ထပ်မထည့်ပါက အကျိုး သက်ရောက်မှုသည် သိသာစွာ လျော့ကျသွားကြောင်း သိရှိလိုက်ရသည်။ ကြာမျှင် ပေါင်းထည့် လိုက်သည်နှင့် အကျိုး သက်ရောက်မှုသည် လုံးဝခြားနား သွားလေသည်။

သို့သော်လည်း ကြာမြစ်ကို သီးသန့် ရွေးချယ်ရမည်။ အမြစ်မှ ကြာမျှင်များ ရရှိမည် ဖြစ်၏။

သူသည် ထိုအရာကို ကိုယ်တိုင် စမ်းသပ်ပြီးပြီ ဖြစ်သည်။ သူဖြေဆေးကို သောက်လိုက်သည့် အခိုက်အတန့်တွင် ဝိညာဉ် လမ်းကြောင်းများကို ရှင်းရှင်းလင်းလင်း ခံစားမိပြီး သူ့ရုပ်ပိုင်းဆိုင်ရာ အင်အားသည်လည်း များစွာ တိုးတက်လာခဲ့သည်။ မှတ်သား ထားရသည်မှာ သူသည် သိုင်းပညာ လေ့လာဖူးသော်လည်း သီးသန့် ပညာရပ်များတွင် ထူးချွန်နေသည့် ဆရာသခင် တစ်ယောက် မဟုတ်ပေ။

ကံမကောင်းစွာပင် သူ့ချီသွေးကြောများ အပြည့်အဝ ကျယ်ပြန့် မလာခင်တွင် သူ့ချစ်သူ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။

ပထမဆုံးနေ့တွင် ဒန်းဟန် ဆေးလုပ်ငန်းသည် ကိုးဘဝ ပျောက်ကင်းဆေး ပုလင်းနှစ်ရာလောက် ရောင်းချနိုင်ခဲ့သည်။ ဒုတိယနှင့် တတိယ နေ့ရက်များတွင် တစ်ပုလင်းပင် ရောင်းမထွက်ခဲ့ချေ။

လုကျိုးကျွင်းသည် ပူနေသည့် ဒယ်အိုးပေါ် ရောက်နေသည့် ပုရွက်ဆိတ်ကဲ့သို့ တလှုပ်လှုပ် တရွရွ ဖြစ်နေလေသည်။ မိုဝူကျီသည် သူ့စမ်းသပ်ခန်းတွင် ရှိနေပြီး တစ်စက်လေးမျှ စိုးရိမ်ခြင်း မရှိချေ။ အစာစားသည့် ကိစ္စနှင့် အိမ်သာသွားသည့် ကိစ္စမှလွဲလျှင် မည်သူကမှ သူ့အား စမ်းသပ်ခန်းမှ ထွက်လာသည်ကို မတွေ့ဖူးပေ။ အစားအစာပင် သူ့ဆီ ပို့ဆောင်ပေးရ၏။

“ဒီလိုတော့ မဖြစ်သေးဘူး ... ငါတို့က သေဖို့ စောင့်နေရသလိုပဲ ... လုလု ... ညီလေးမိုကို ခေါ်ပေးစမ်းကွာ ... သူနဲ့ ဆွေးနွေးချင်တယ်….”

လုကျိုးကျွင်းသည် ဆိုင်၏ ပြောင်သလင်းခါ နေမှုကို ထပ်သည်းမခံ နိုင်တော့ချေ။

“သူဌေး ... သခင်မိုက အရေးကြီးတဲ့ကိစ္စ မဟုတ်ရင် မနှောင့်ယှက်ဖို့ ပြောထားတယ် ... ” ဆိုင်အရောင်းစာရေး လုလုက မဝံ့မရဲ ပြောလိုက်သည်။

“ကိစ္စမရှိဘူး…ထားလိုက်တော့…ငါသွားလိုက်မယ် ... ”

လုကျိုးကျွင်းသည် လက်ခါပြလိုက်ပြီး အပေါ်ထပ်သို့ ဦးတည်သွားခဲ့သည်။  ထိုအချိန်တွင် အရပ်ရှည်ပြီး ကြီးမားသည့် ပုံရိပ်သည် ဆိုင်တံခါးရှေ့တွင် ကာဆီးထားရင်း မေးလိုက်သည်။

“ဒီမှာ တာဝန်ရှိသူက ဘယ်သူလဲ….”

***

All Chapters