← Chapters

သခင်သုံး ပြန်ရောက်လာပြီ

Vol. 111 Ch. 1540

သခင်သုံး ပြန်ရောက်လာပြီ

Vol. 111 Ch. 1540

ဟိန်းဟောက်သံသည် မန်ဟို့ကို ဖိနှိပ်ဖို့ ကြိုးစားနေသည့်အလား တုံ့ပြန်လူးလာ ပဲ့တင်ထပ်နေ၏။ မန်ဟိုကတော့ အေးစက်စက်သာ နှာမှုတ်လိုက်သည်။

ချက်ချင်းဆိုသလို လှိုင်းဂယက်များသည် အရာအားလုံးကို ပုံပျက်တွန့်လိမ်သွားစေလျက် ဖြာထွက်လာကာ ဤဧရိယာကို အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာ‌ကောင်းကင်မှ ခွဲထုတ်နေပုံပေါ်သည်။

လောကပါလနတ်မင်း၏စိတ်ဆန္ဒမှ ဟိန်းဟောက်နေသောအသံကို လျစ်လျူရှုရင်း မန်ဟိုသည် အသားဂျယ်လီ၏ဝိညာဉ်ကို ချပ်ဝတ်ထဲသို့ ဖိသွင်းလိုက်၏။

မျက်စိတစ်မှိတ်အတွင်း ချပ်ဝတ်ရုပ်ကြွင်းမှာ ‌တောက်ပြောင်လာသည်။ ထို့နောက် အသက်ရှူနေသည့်အလား လူးလွန့်လာသည်။

‌ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒက ဆင်းသက်လာသော်လည်း ၎င်း သူဆီ ရောက်မလာခင် မန်ဟို့မျက်လုံးများသည် အေးစက်စက် တောက်ပသွား၏။ သူ၏ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ လက်ချောင်းကို ဝှေ့ယမ်းရင် နဝမမန္တန်အား ထုတ်လွှတ်လိုက်သည်။

“ဒီလိုမဖြစ်စလောက် အင်အားလေးနဲ့ မင်းကများ ငါ့ကို ခြိမ်းခြောက်ရတယ်လို့။ နောက်ဆို အကုန်လုံး မရပ်တန့်နိုင်သရွေ့ ငါ့ဆီ ပြန်မလာခဲ့နဲ့။ ထွက်သွားစမ်း” သူသည် တည်ငြိမ်အေးဆေးစွာ ပြောနေသော်လည်း စကားလုံးတစ်လုံးတိုင်းက မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားကာ အရပ်လေးမျက်နှာ၌ ထစ်ချုန်းသံများ ရိုက်ညောင်းသွားစေသည်။

ချက်ချင်းပင် စိတ်ဆန္ဒမှာ သစ်ကိုင်းခြောက်လေးလို အလွယ်တကူ ဖျက်စီးချေမှုန်းခံလိုက်ရတော့သည်။

မန်ဟိုသည် လောကပါလနတ်မင်း၏စိတ်ဆန္ဒကို အာရုံမစိုက်တော့ဘဲ အသားဂျယ်လီကို ကြည့်၏။ ၎င်းကိုယ်တွင်း၌ အသက်ဓာတ်များစွာ စုဝေးလာနေသည်။ နောက်ဆုံးတော့ မူလအတိုင်း ပြန်ဖြစ်သွား၏။

အသားဂျယ်လီသည် မျက်လုံးများကို ဖွင့်ကာ ဘေးဘီဝဲယာအား ကြောင်တောင်တောင် ကြည့်လိုက်၏။ မန်ဟိုနှင့် ကြက်တူရွေးကို မြင်သောအခါ ... အသားဂျယ်လီမှာ ပြုံးလိုက်သည်။

“ဟားဟားဟား” ကြက်တူရွေးက ရယ်သည်။ “ညီသုံးရေ မင်းကွာ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့” ကြက်တူရွေးမှာ စိတ်လှုပ်ရှားလွန်း၍ ငြိမ်ငြိမ်မနေနိုင်။ အသားဂျယ်လီဆီ ချက်ချင်း ပျံသွားပြီး ပြောသည်။ “ကဲ မေးပါဦးမယ် သခင်ငါးကို မှတ်မိလား”

အသားဂျယ်လီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ပွစိပွစိပြောတော့သည်။ “ဘယ်သူ့ကို ညီသုံးလို့ ခေါ်နေတာလဲကွ။ မင်း အဲဒီလိုပြောလို့မရဘူး။ ဒါ အကျင့်သိက္ခာပျက်ပြားတာပဲ။ ဒီလိုခေါ်တာ မမှန်ကန်ဘူး။ သခင်သုံး မင်းကို ပြောင်းလဲပစ်မယ် သခင်သုံး .... သခင်သုံး...” အသားဂျယ်လီ၏မျက်လုံးများ ဝိုင်းစက်သွားပြီး မန်ဟို့ကို တစ်လှည့်၊ ကြည့်တူရွေးကို တစ်လှည့် အူတူတူကြည့်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်၏။ “ဟေ့ကောင်တွေ ဘာဖြစ်ခဲ့တာလဲဟ။ ငါ အိပ်မက်ကနေ နိုးလာတာများလား။ အိပ်မက်ထဲမှာ ငါ သေသွားတာ ဟိုဟိုလေးလည်း သေလုမျောပါး.... နေပါဦး...”

ကြက်တူရွေးသည် စူးနေအောင် အော်ရယ်နေပြီး မန်ဟိုလည်း လိုက်ရယ်မိသည်။ မန်ဟိုသည် အသားဂျယ်လီအား နွေးထွေးစွာ ကြည့်နေ၏။ ဤအခိုက်အတန့်က သူ့ဘဝ၏ အပျော်ရွှင်ရဆုံးအခိုက်အတန့်များထဲမှ တစ်ခုဖြစ်လေသည်။

“ဆုံးရှုံးလိုက်တာတွေအကုန်လုံး ငါ ပြန်ပြုပြင်မယ်...” သူက တွေးပြီးနောက် အသက်ပြင်းပြင်းရှူ၍ အင်္ကျီလက်စခါလိုက်ရာ လေတစ်ချက် တိုက်ခတ်သွားသည်။ စိတ်လှုပ်ရှားနေ‌သော ကြက်တူရွေးနှင့် အူတူတူအသားဂျယ်လီတို့ ပျောက်ကွယ်သွား၏။

သူတို့အားလုံး ထွက်သွားသည့်အခါ ဤဧရိယာရှိ သဘာဝနိယာမနှင့် မှော်ဥပဒေအလုံးစုံ နဂိုအတိုင်းပြန်ဖြစ်သွားသည်။ လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် လူတစ်ယောက်ပုံစံအဖြစ် စုဝေးသွားပြီး မန်ဟို ယခုလေးတင် ပျောက်ကွယ်သွားခဲ့သောနေရာအား သတ်ဖြတ်လိုသည့်မျက်ဝန်းများဖြင့် ကြည့်ရင်း တစ်ယောက်တည်းပျံဝဲနေ၏။

တစ်ရက်ကြာသော် .... အာကာပြင်ကျယ်၏ ကြယ်တာရာကောင်းကင်ချောင်တစ်ချောင်တွင် ..... ဧရာမဝဲကြီးတစ်ဝဲရှိ၏။ ထိုဝဲထဲ၌ မြေထုသုံးခု တည်ရှိသည်။ ၎င်းတို့တွင် သေခြင်းအ‌ငွေ့အသက်များ လှိုင်လှိုင်ထနေပြီး မည်သည့်ကျင့်ကြံသူမှ မရှိပေ။ ပုတ်သင်အရွယ်အစားမျိုးစုံသာ နေထိုင်ကြသည်။

ထိုပုတ်သင်များသည် မြေထုသုံးခုလုံးကို သိမ်းပိုက်ထားခဲ့ကြ၍ ယခုတွင် ဤနေရာ၏ အုပ်စိုးသူများ ဖြစ်နေကြလေပြီ။

အလယ်မြေထုမှာ တကယ်တော့ များသောအားဖြင့် အိပ်နေသော ဧရာမပုတ်သင်ဘုရင်ကြီးဖြစ်သည်။ ၎င်းကျောပေါ်၌ တည်နေသည့် ကမ္ဘာမှာတော့ ၎င်း၏သားသမီးများ သိမ်းပိုက်ထားသည့် အထွတ်အမြတ်မြေတစ်မြေပင်။

ရုတ်တရက် လူရိပ်တစ်ခုက ဝဲထဲတွင် ဘွားခနဲ ပေါ်လာသည်။ လူရိပ်သည် သေမျိုးစာပေသမားတစ်ယောက်လို အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်၏။

သူကား တန်ခိုးရှင်မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။

သူ၏ပခုံးပေါ်၌ ကြက်တူရွေးတစ်ကောင် နားနေသည်။ ကြက်တူရွေး၏ခြေထောက်တွင်မူ ငွေခေါင်းလောင်းသေးသေးလေးတစ်လုံး ချိတ်နေသည်။ ထိုခေါင်းလောင်းပေါ်၌ မျက်နှာတစ်ခုကို မြင်ရနိုင်ပြီး မျက်နှာမှာ နည်းနည်းလေးမှ အူတူတူဖြစ်မနေတော့ပေ။ အမှန်တွင် ကြက်တူရွေးနှင့် စကားများနေသေးလေသည်။

ပြီးခဲ့သည့်ရက်က ကြက်တူရွေးသည် အသားဂျယ်လီအား မန်ဟို သူ့ကို မည်ကဲ့သို့အသက်သွင်းပေးခဲ့ကြောင်းအပါအဝင် ဖြစ်ကြောင်းကုန်စင် ရှင်းပြခဲ့၏။ အသားဂျယ်လီမှာ နဂိုကတည်းက တုံးအသဖြင့် လျင်လျင်မြန်မြန်ပင် အခြေအနေနှင့် အသားကျသွားပြီး ကရားရေလွှတ် တရစပ် လေပေါတော့သည်။

“ပိတ်ထားစမ်း သုံးအထိပဲ ရေတတ်တဲ့‌နွား” ကြက်တူရွေးက ဆဲသည်။ “သခင်ငါး မင်းအပေါက်နဲ့ တစ်ခုခုနဲ့ပိတ်ပေးရမလား ဟမ်”

အသားဂျယ်လီက ကြက်တူရွေးကို မျက်စောင်းထိုးကြည့်သည်။ “သခင်သုံး သုံးနှစ်ပေါင်းမရေမတွက်နိုင်အောင် သေနေခဲ့ရတာကွ။ သုံးနှစ်ပေါင်းမရေမတွက်နိုင်အောင်နော် ကြားလား.. မင်း ရေတွက်လို့တောင် မရဘူး။ အဲ့ဒါက နှစ်နှစ်ပေါင်းမရေမတွက်နိုင်အောင်လည်း မဟုတ်ဘူး။ တစ်နှစ်ပေါင်းမရေမတွက်နိုင်အောင်လည်း မဟုတ်ဘူး။ သေချာပေါက် သုညနှစ်ပေါင်းမရေမတွက်နိုင်အောင်လည်း မဟုတ်ဘူး....” အသားဂျယ်လီသည် ရေသာ‌ရေတတ်သေးလျှင် ဆက်ပြောနေဦးမည်ဖြစ်သော်လည်း အတန်ကြာသော်တွေးပြီးသော် ၎င်းဦးနှောက်၏အလုပ်လုပ်နိုင်စွမ်းက အတော်လေးနည်းပါးကြောင်း သဘောပေါက်သွား၏။

“ဘယ်လိုဖြစ်ဖြစ်ကွာ ငါ စကားမပြောခဲ့ရတာ သုံးနှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိပြီလေ။ ဆိုတော့ ဘယ်ဖြစ်မလဲကွ သုံးနှစ်ပေါင်းမရေမတွက်နိုင်အောင်အတွင်း ငါ ပြောရမယ့်စကားတွေကို အတိုးချပြောရမှာပေါ့။ အဲဒီသုံးနှစ်ပေါင်းမရေမတွက်နိုင်အောင်အတွင်း ငါ မပြောင်းလဲပေးရတဲ့ လူယုတ်မာတွေလည်း မရေမတွက်နိုင်အောင် ရှိ‌သေးတယ်။ ဒါ မှားတယ်ကွ။ အကျင့်သိက္ခာပျက်ပြားတာပဲ။ ငါ အခု အပြစ်သားဖြစ်နေပြီ... ဒါကြောင့် ပြန်အကြွေးဆပ်ရမှာ” အသားဂျယ်လီသည် နည်းနည်းလေးမှ ပျော်မနေပေ။ လက်နှင့်ခြေသာရှိလျှင် ဆောင့်အောင့်ကန်ကျောက်နေမည်မှာ သေချာသည်။

ကြက်တူရွေးနှင့် အသားဂျယ်လီ ရန်ဖြစ်နေစဉ် မန်ဟိုသည် တစ်ချိန်လုံး ပြုံးနေ၏။ စိတ်အနှောင့်အယှက်လည်း လုံးဝမဖြစ်ပေ။ ယခုလို မခံစားရသည်မှာ နှစ်‌ပေါင်းနှစ်ထောင် ကြာခဲ့ပြီမဟုတ်ပါလော။ ယခုမှ မိသားစုနှင့် ရှိနေရသလို သူ ခံစားရလေသည်။

မန်ဟိုသည် ဟင်းလင်းပြင်တွင် ပျံဝဲလျက် ဘေးဘီဝဲယာကို ကြည့်နေ၏။ ဤနေရာမှာ ပထမဆုံးမှန်ကွဲစကို ရှာတွေ့ခဲ့သောနေရာ၊ ပုတ်သင်ဘုရင်ကြီး၏ကိုယ်ထဲမှ သူ ယူခဲ့သောနေရာပင်။ ထွက်မသွားခင်တုန်းက ပုတ်သင်ဘုရင်အား သူ့လက်အောက်ခံလုပ်ဖို့ တစ်နေ့ ပြန်လာခေါ်မည်ဟု သူ ကြိမ်းဝါးခဲ့သည်။

ထိုစဉ်တုန်းက ပုတ်သင်အိုကြီးသည် သူ့စကားကို လှောင်ခဲ့သော်လည်း ယခု မန်ဟိုကား ရောက်လာခဲ့ချေပြီ။

မန်ဟိုက ပြုံးလျက် ဆိုသည်။ “ဟေ့ ပုတ်သင်ကြီး၊ ခင်ဗျားမိတ်ဆွေ အလည်လာတယ်။ ဘာလို့ထွက်မကြိုတာလဲ” သူ့အသံသည် ဝဲအတွင်းရှိ ကမ္ဘာများထဲ၌ ဟိန်းထွက်သွားရာ ပုတ်သင်အားလုံးကို ရုတ်တရက် တောင့်တင်းသွားစေသည်။ တစ်ချိန်တည်းမှာပင် အလယ်မြေထုမှ ဒေါသတကြီးဟိန်းသံတစ်သံ ထွက်လာသည်။

ဧရာမပုတ်သင်ဘုရင်ကြီးက ခေါင်းထောင်လိုက်သဖြင့် မြေထုကြီးတစ်ခုလုံး လှုပ်သွားသည်။ ပုတ်သင်ဘုရင်သည် မန်ဟို့ကို ဒေါသတကြီး ကြည့်နေ၏။

“ဒီအကောင်စုတ်လေးကတော့ ရာရာစစ ဘယ်သူ့ရှေ့မှာ ... အမ်” ဧရာမပုတ်သင်ကြီး၏ ပထမဆုံးတုံ့ပြန်မှုမှာ ဒေါသတကြီးအော်ဟစ်ခြင်းဖြစ်သည်။ သို့သော် ၎င်းမှာ စကားပင်မဆုံးခင် မယုံကြည်နိုင်လွန်း၍ မျက်လုံးပြူးကာ ပါးစပ်ကြီးပြဲသွားသည်။

မန်ဟိုသည် မည်သည့်ဖိအားကိုမှ မထုတ်ဖော်ခဲ့သော်လည်း ပုတ်သင်အိုကြီးမှာ သူ့အငွေ့အသက်ကို ရလိုက်သည်နှင့် တစ်ခုခုမူမမှန်ကြောင်း ပြောနိုင်လေသည်။ ၎င်းသည် သူ့ကို စိုက်ကြည့်ရင်း တုန်ရီလာ၏။ တန်ခိုးရှင်အဆင့်ကျင့်ကြံသူတစ်ယောက်ကို တစ်ခါမှ မတွေ့ခဲ့ဖူးသော်လည်း မန်ဟိုက ဘာလဲ ၎င်းပြောနိုင်သည်။ ပုတ်သင်ကြီးသည် မန်ဟို၏အကြည့်လေးတစ်ချက်ကြောင်း ၎င်းအသက်ထွက်သွားနိုင်ကြောင်း ခံစားလိုက်ရ၏။

“... အနန္တတန်ခိုးရှင်လား” ပုတ်သင်ကြီးမှာ အရှိုက်တည့်တည့်ထိုးခံလိုက်ရသကဲ့သို့ မူးဝေသွားသည်။

“မင်း ငါ့ကို စောစောက ဘယ်လိုခေါ်လိုက်တာ” မန်ဟိုက အေးစက်စက် မေးသည်။

ပုတ်သင်ကြီးမှာ ကျောခမ်းသွားပြီး တောင်ကြည့်မြောက်ကြည့်ကြည့်ပြီးနောက် လေးစားကြည်ညိုနေသောမျက်လုံးများဖြင့် မန်ဟို့ကို ပြန်ကြည့်သည်။

“နှစ်ပေါင်းတစ်ရာအတွင်း တစ်ခါပဲ မြင်ခွင့်ရှိလောက်အောင် ထူးချွန်ပြောင်မြောက်တော်မူတဲ့ ရွေးချယ်ခံလို့ ပြောလိုက်တာပါခင်ဗျာ။ မိုးကောင်းကင်သာ ကျွန်တော်မျိုးကို မကြည့်ခဲ့ရင် ဟော့ဒီကျွန်တော်မျိုးလို ပုတ်သင်လေးက ဒီလိုရွေးချယ်ခံတစ်ယောက်ကို ဘယ်လိုမြင်ခွင့်ရှိမလဲ‌ဗျာ” ပုတ်သင်ကြီး၏မျက်နှာအပေါ်၌ ကျေးဇူးတင်နေသောအမူအရာပေါ်လာပြီး ၎င်းက ဦးညွတ်အရိုအသေပေးသည်။

“ကျေးဇူးအများကြီးတင်ပါတယ် အရှင် ကျေးဇူးအများကြီးတင်ပါတယ်။ အရှင့်ကို ဆုံတွေ့ခွင့်ရတာ ကျွန်တော်မျိုး သေပျော်ပါပြီ။ ပြီးတော့ တစ်ခါတင်မက နှစ်ခါတောင် ဆုံရတယ်လို့။ အို အရှင် .. အဲဒီတုန်းကတည်းက အရှင်ဟာ သာမန်မဟုတ်ဘူးဆိုတာ ကျွန်တော်မျိုး ခံစားခဲ့ရတယ်။ အရှင့်အကြည့်က သိမ်းငှက်ရဲ့အကြည့်လို၊ မြေခွေးရဲ့အကြည့်လိုပါပဲ။ အဲဒီတုန်းကတည်းက အရှင်ဟာ မြင့်မြတ်တဲ့သူရဲကောင်းလို အရှိန်အဝါခံညားခဲ့ပါပေတယ်။ ဓားကို ဆုပ်ကိုင်ပြီး ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ခိုက်နိုင်တဲ့ ပြိုင်ဘက်ကင်းစစ်သည်တော်တစ်ပါးအတိုင်းပါပဲ”

မန်ဟိုက ပုတ်သင်ကြီးကို ကြည့်ကာ ပြုံးသည်။ လူတစ်ယောက်၏ စိတ်နေစိတ်ထားကို အကဲခတ်ခြင်းမှာ မန်ဟို့အတွက် ကလေးကစားစရာသဖွယ် ဖြစ်နေခဲ့ချေပြီ။ ယခုလိုများစွာ တွေ့ကြုံဖူး၍ အံလည်း တိုနေပြီဖြစ်သည်။ ပုတ်သင်ကြီး ယခုလိုပြောသည်ကို ကြားရသဖြင့် အတန်ငယ် အံ့အားသင့်မိသော်လည်း လက်ခံပေနိုင်သေး၏။

သို့သော် ကြက်တူရွေးနှင့် အသားဂျယ်လီက အလွန်အော်ဂလီဆန်သောမျက်နှာထားများဖြင့် ကြည့်နေသည်။

“မျက်နှာပြောင်ချက်” ကြက်တူရွေးက အေးစက်စက် နှာမှုတ်သည်။

“အရှက်မရှိချက်” အသားဂျယ်လီက အေးစက်စက်နှာမှုတ်၍ သံယောင်လိုက်သည်။

ပုတ်သင်အိုကြီးသည် အနှစ်သာရ ၉ ခု၏အထွတ်အထိပ်အဆင့်ဖြစ်သောကြောင့် မန်ဟို့ကို ဖားရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။ သို့သော် မာနကြီးမြဲကြီးဆဲဖြစ်သည့်အတွက် ကြက်တူရွေးနှင့်အသားဂျယ်လီတို့၏စကားက ၎င်းအား ပို၍ရှက်မိစေသည်။ ပုတ်သင်ကြီးက ရန်လိုနေသောမျက်လုံးများဖြင့် ကြက်တူရွေးနှင့် အသားဂျယ်လီကို ကြည့်လေသည်။

“ကြည့်စမ်း ကြည့်စမ်း” ကြက်တူရွေးက ပုတ်သင်ကြီးကို ကြည့်ရင်း အတောင်ပံတဖျပ်ဖျပ်ခတ်ကာ အော်သည်။ “မာန်မချဘူးပေါ့လေ

“လာ လာ ညီသုံး။ ဒီခွေးသူတောင်းစားကြီးနဲ့ ငါတို့ စကားနည်းနည်းပြောဖို့ လိုနေပြီ။ သူ စောစောက စကားပြောတုန်းက အမှားဘယ်နှစ်ခုလုပ်ခဲ့လဲ ကြည့်ကြရအောင်”

ခေါင်းလောင်းက ဖောက်ခနဲ အသားဂျယ်လီအသွင် ပြောင်းသွားသည်။ ၎င်းသည် ပုတ်သင်အိုကြီးကို ကြည့်၍ အလွန်ဉာဏ်အမြော်အမြင်ရှိနေသည့်အလား လူတတ်ကြီးလေသံဖြင့် စကားစပြောတော့၏။ “ဒီမှာ ငါ သင်ခန်းစာ ပို့ချပေးမှာမဟုတ်ပေမယ့် နားထောင် မင်း စိတ်ပါလက်ပါ လုပ်ဖို့ လိုတယ်ကွ။ စောစောက မင်း ဖားနေတဲ့အချိန်လိုမျိုးမှာတောင် စိတ်ပါလက်ပါ လုပ်ရမယ်။ အဲဒီလိုစိတ်ပါလက်ပါလုပ်မှ အဆင်ပြေမှာ။ ကျင့်ကြံအားထုတ်နေသလို သေချာဖားရမယ်။ ဒီလိုမှ အစစအရာရာပြေမှာကွ။ အီး .... စဉ်းစားကြည့်တော့မှ လွန်ခဲ့တဲ့ သုံးနှစ်ပေါင်းမရေမတွက်နိုင်တုန်းက ဖြစ်ခဲ့တာကို သတိရမိတယ်။ တစ်နေ့ နေသာတဲ့နေ့လေးပေါ့ကွာ ....” အသားဂျယ်လီသည် ခံစားချက်အပြည့်ဖြင့် တတွတ်တွတ် ပြောနေ၏။ သို့သော် ၎င်း သိပ်များများစားစား မပြောနိုင်ခင် ကြက်တူရွေးက တောင်ပံဖြင့် ၎င်းကို ရိုက်လိုက်သည်။

“လိုရင်းပြောစမ်းပါဟ”

မန်ဟိုက စိတ်ဝင်တစားကြည့်နေသည်။ ရုတ်တရက် သူ့နှလုံးသားသည် နွေးထွေးလာ၏။ ကြက်တူရွေးနှင့် အသားဂျယ်လီ ယခုလိုပြောနေသည်ကို မြင်ရခြင်းက သူ့အား နှစ်ပေါင်းနှစ်ထောင်မတိုင်ခင်က အဖြစ်အပျက်များအား သတိရမိစေသည်။

ကြက်တူရွေး၏ ရိုက်ခြင်းခံရပြီးနောက် အသားဂျယ်လီမှာ လုံးဝစိတ်မပျော်တော့ပေ။ ပုတ်သင်ကြီးမှာတော့ ကြက်တူရွေးနှင့်အသားဂျယ်လီတွင် ဦးနှောက်မှရှိရဲ့လား တွေးရင်း မျက်လုံးပြူးနေသည်။ သို့သော် သူ ထိုသို့တွေးနေစဉ်မှာပင် အသားဂျယ်လီက လည်ချောင်းရှင်းလိုက်သည်။

“ကဲ ကဲ နားထောင် ပုတ်သင်အိုကြီး။ ငါ မင်းကို သင်ခန်းစာတစ်ခုမှ ပို့ချပေးမှာမဟုတ်ဘူးနော်။ ဒါပေမဲ့ နှစ်တစ်ရာမှ တစ်ခါပဲ တွေ့နိုင်တဲ့ ရွေးချယ်ခံတစ်ယောက်လို့ မင်းပြောလိုက်တာကို ငါ သတိမထားမိဘဲ မနေဘူး။  နှစ်တစ်ရာမှ တစ်ခါတဲ့ဟုတ်လား အရေးမပါတာ။ ဦးနှောက်ကိုမရှိဘူး။ ဒါကို ဖားတယ်လို့ ခေါ်သလားကွ။ နှစ်တစ်ရာဟုတ်စ။ ငါ့ဟိုဟိုလေးက နှစ်တစ်သိန်းမှာ တစ်ခါတောင် မင်းမတွေ့နိုင်တဲ့ ရွေးချယ်ခံတစ်ယောက်ပဲ။ နေဦး အာကာပြင်ကျယ်ရဲ့ကြယ်တာရာကောင်းကင်အစကတည်းက အခုထက်ထိ သူ့လိုမျိုး တစ်ယောက်မှ မရှိခဲ့ဖူးဘူး” အသားဂျယ်လီ၏မျက်လုံးများသည် လေးစားမှုတို့ဖြင့် တောက်ပနေ၏။ စကားလုံးများ ၎င်းပါးစပ်မှ ထွက်လာလျှင်ချင်း အရာအားလုံး တိတ်ဆိတ်သွားပြီး ပုတ်သင်ကြီးခမျာ ပါ’စပ်ကြီးဟသွားလေသည်။

All Chapters