← Chapters

မိစ္ဆာဘုရင်

Vol. 111 Ch. 1542

မိစ္ဆာဘုရင်

Vol. 111 Ch. 1542

ရေခဲမီးကမ္ဘာကို ပြုပြင်ပြီးနောက် မန်ဟိုသည် အောက်ရှိမြေပြင်များအား နောက်တစ်ကြိမ် ကြည့်ပြီးနောက် သူ့လမ်းသူ ဆက်သွား၏။ ပန်းပြန်ပိတ်သွားသောအခါ ရေခဲတောင်တစ်လုံးက ရုတ်တရက် တုန်ရီလာကာ ဘီလူးကြီးတစ်ကောင် အသွင်ပြောင်းသွားသည်။ ဘီလူးကြီး တအံ့တဩငေးကြည့်နေစဉ် အဝေးမှ အလင်းတန်းတစ်တန်းပေါ်လာသည်။ မီးငှက်မှတစ်ပါး အခြားမဟုတ်ပေ။

နှစ်ယောက်လုံးသည် လုံးလုံးလျားလျား အံ့အားသင့်နေပြီး ယခုလေးတင် ဘာဖြစ်သွားမှန်း မသိပေ။ ယခင်က သူတို့မှာ သူတို့၏အိမ် ပျက်စီးတော့မည့်အရေးကိုတွေးကာ စိတ်ပျက်လက်မှိုင်ကျနေခဲ့ကြသည်။ သို့သော် အရာအားလုံး ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။ တောင်များ ပြန်လည်အေးခဲသွားပြီး မီးတောက်များလည်း အလျှံတညီးညီးတောက်ပနေသည်။ ယခင်တုန်းက မရှိခဲ့သော စိတ်ဝိညာဉ်စွမ်းအင်များပင် လှိုင်လှိုင်ထနေ၏။

“ဘာဖြစ်သွားတာလဲ....” မီးငှက် မေးသည်။ “ရေခဲတောင်ဂိုဏ်းချုပ် ရှင် သိလား” သို့သော် ရေခဲတောင်ဂိုဏ်းချုပ်၏အမူအရာအရ သူလည်း ဘာမှမသိကြောင်း ထင်ရှားလေသည်။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် ရေခဲတောင်ဂိုဏ်းချုပ်က ပြောသည်။ “ဘယ်လောက်ထူးဆန်းလိုက်သလဲ အကုန်လုံး ဗြုန်းစားကြီးပြောင်းလဲသွားတာ.....”

အမွှေးတိုင်တစ်တွန်ထွန်းစာကြာသည်အထိ တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ ထို့နောက် မီးငှက်က မိုးကောင်းကင်အား ချီတုံချတုံ မော့ကြည့်လိုက်လေသည်။

“သူ ပြန်လာခဲ့တာများ ... ဖြစ်နိုင်နေမလား”

“မဖြစ်နိုင်တာ” ရေခဲတောင်ဂိုဏ်းချုပ်က ခေါင်းခါသည်။ သို့သော်လည်း တွေဝေသွား၏။ ပန်းမပွင့်လျှင် မည်သူမှ ရေခဲမီးကမ္ဘာထဲ ဝင်မလာနိုင်ပေ။ ဝင်လာနိုင်လျှင်တောင်မှ အခြေအနေကို ပြောင်းလဲဖို့ မဖြစ်နိုင်သည်သာ။

နောက်ဆုံးတော့ မီးငှက်သည် အတွေးများဖြင့် မိုးကောင်းကင်အား နောက်တစ်ကြိမ် မော့ကြည့်ပြီးနောက် လှည့်ထွက်သွား၏။

ရေခဲတောင်ဂိုဏ်းချုပ်က မြေပြင်များကို ကြည့်ကာ သက်ပြင်းချသည်။ “သူလို့တော့ မပြောနဲ့နော်..”

ရက်အနည်းငယ် ကြာသွားပြီး မကြာမီ အာကာပြင်ကျယ်ကျောင်းတော်မှ ပါရာဂွန်များကို မန်ဟို ချိန်းဆိုခဲ့သောနေ့သို့ ရောက်လာသည်။ ထိုနေ့တွင် အာကာပြင်ကျယ်ဂြိုဟ်တစ်ဂြိုဟ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။ ထိုဖြစ်ရပ်က ဂြိုဟ်အပြင်ရှိ ကြယ်တာရာကောင်းကင်အပေါ်ပင် သက်ရောက်မှုရှိလေသည်။

မကြာမီ အာကာပြင်ကျယ်ဂြိုဟ်မှ လူရိပ်များ ပျံထွက်လာသည်။ သူတို့အားလုံးသည် သူမတူသောကျင့်ကြံခြင်းအခြေခံများဖြင့် ကျင့်ကြံသူများဖြစ်ကြ၏။ အနှစ်သာရပါရာဂွန်တစ်ယောက် ကျင့်ကြံသူများစွာကို ဦးဆောင်လျက် ဂြိုဟ်အပြင်သို့ ထွက်လာသဖြင့် ကြီးမားသောစွမ်းအားလှိုင်းများ ကြယ်တာရာကောင်းကင်တစ်လျှောက် စီးဖြာသွားသည်။ ထိုအုပ်စုက နဝမဂိုဏ်းမှတစ်ပါး အခြားမဟုတ်ပေ။

သူတို့သည် မန်ဟို၏အိမ်အပြန်အတွက် ပြင်ဆင်လျက် အင်အားစုဝေးနေကြ၏။

တာအိုနယ်ပယ်၊ ရှေးဟောင်းနယ်ပယ်နှင့် အင်မော်တယ်နယ်ပယ်ရှိ ကျင့်ကြံသူအားလုံးသာမက ပါရာဂွန်တစ်ယောက်မကျန် ပေါ်လာကြသည်။ နဝမဂိုဏ်း၏အင်အားသည် အရပ်လေးမျက်နှာတစ်ခွင် ဖြာထွက်လျက် ပြည့်ကြပ်နေ၏။

သူတို့သည် သူတို့စွမ်းအားဖြင့် ပျံထွက်လာခြင်းမဟုတ်ပေ။ အရိုင်းသားရဲကြီးများအသွင် ထုဆစ်ထားသော ဧရာမရှေးဟောင်းသစ်ပင်ကြီးများပေါ်၌ အတန်းလိုက်နေရာယူထားကြခြင်း ဖြစ်သည်။

သူတို့နောက်တွင်မူ အရိပ်များစွာရှိသည်။ ၎င်းတို့သည် ကျင့်ကြံသူများမဟုတ်၊ ထူးဆန်းသောသတ္တဝါများနှင့် ဖြစ်တည်မှုများပင်။

ဤအင်အားသည် နှစ်ပေါင်းများစွာအတွင်း နဝမဂိုဏ်း သိမ်းပိုက်စည်းရုံးခဲ့သော ကမ္ဘာလောကများမှ အင်အားများဖြစ်ကြ၏။ နဝမဂိုဏ်းမှ အင်အားကို စုစုပေါင်းလိုက်ပါက အင်အား ၁၀,၀၀၀,၀၀၀,၀၀၀ (သန်းတစ်သောင်း) ကျော်သော စစ်တပ်ကြီးဖြစ်လာသည်။ သူတို့သည် ကောင်းကင်ကိုပင် ဖုံးကွယ်နေ၏။ စစ်တပ်ကြီးကား အဆုံးမရှိသည့်အလား ထင်ရသည်။

သူတို့ထုတ်လွှတ်နေသော ဖိအားက ကြယ်တာရာကောင်းကင်ထဲရှိ မြူများကို တဖွေးဖွေးလှုပ်လျက် အုံကြွနေစေသည်။ ဝဲတစ်ဝဲသည် လူအုပ်ကြီး၏ပတ်ပတ်လည်တွင် တဝဲဝဲလည်နေရာ သူတို့၏အရှိန်အဝါအား ပို၍ရှိန်စရာကောင်းနေစေ၏။

မကြာမီ အာကာပြင်ကျယ်စကြဝဠာမှ ကျင့်ကြံသူနောက်တစ်အုပ် ပျံထွက်လာသည်။ သူတို့သည် အဋ္ဌမဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြ၏။ အင်အားအရာ၌ နဝမဂိုဏ်းကို မယှဉ်နိုင်သော်လည်း သူတို့၏အင်အားနှင့်အောင်မြင်မှုက ကြယ်တာရာကောင်းကင်ကို လှုပ်ခတ်နိုင်သေးလေသည်။

ထို့နောက် သတ္တမဂိုဏ်း၊ အဋ္ဌမဂိုဏ်း၊ ဆဋ္ဌမနှင့် ပဉ္စမဂိုဏ်း ... ပထမဂိုဏ်းအထိ အကုန်လုံး။ အာကာပြင်ဂြိုဟ်မှာ သမိုင်းတစ်လျှောက် တစ်ခါမှမဖြစ်ခဲ့ဖူးသော ပုံစံဖြင့် တသိမ့်သိမ့်တုန်နေတော့သည်။

သတင်းရထားသော သင်းကွဲကျင့်ကြံသူတချို့သည် ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ အတန်ငယ်သိသော်လည်း အသေးစိတ်တော့ သေချာမသိပေ။ သို့သော် အများစုမှာ ဘာဖြစ်နေမှန်း မသိသဖြင့် ကြောက်လန့်တုန်လှုပ်နေကြ၏။

“ဘုရားရေ၊ အာကာပြင်ကျယ်ကျောင်း‌တော်ရဲ့ ဂိုဏ်းကြီးကိုးဂိုဏ်းလုံး အင်အားစုရုံးနေကြပါလား။ ဘာတွေဖြစ်နေတာလဲဟ”

“စစ်ဖြစ်ပြီ စစ်ဖြစ်ပြီ။ အာကာပြင်ကျယ်ကျောင်းတော်‌တော့ တခြားအင်အားစုကြီးတစ်စုစုကို သွားတိုက်ခိုက်တော့မယ်”

“ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့။ ကြယ်တာရာကောင်းကင်ထဲမှာ စစ်ပွဲအသေးလေးတွေ ဟိုဟိုသည်သည် အမြဲဖြစ်နေတာပဲလေ။ အာကာပြင်ကျယ်ကျောင်းတော်က အကြီးကြီး၊ ပြီးတော့ တန်ခိုးရှင်အဆင့်တက်ဖို့ အာရုံစိုက်နေတဲ့အချိန်မှာ သူတို့ရဲ့အနှစ်သာရ ၉ ခုအဆင့်ကျင့်ကြံသူတွေက ဘယ်လိုလုပ်စစ်ဖြစ်နိုင်မှာလဲ..” သင်းကွဲကျင့်ကြံသူများသာ အံ့ဩနေခြင်းမဟုတ်။ အာကာပြင်ကျယ်ကျောင်းတော်၏ အာဏာစက်အတွင်းရှိ ကျန်ကမ္ဘာလောကများလည်း အလားတူ အံ့အားသင့်နေကြသည်။

မှန်သည်၊ တချို့သူကတော့ မကြာသေးမီက နားစွန်နားဖျားကြားထားရသော သတင်းများအပေါ် အခြေခံ၍ ခန့်မှန်းနိုင်လိုက်ကြသည်။

“မင်းကြားလား။ အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံး စစ်ရေးပြနေတယ်တဲ့။ သူတို့အားလုံး နဝမပါရာဂွန်အတွက် အင်အားဖြည့်ပေးနေကြတာလို့ ကြားတယ်”

“နဝမပါရာဂွန်က အင်မော်တယ်နတ်ဘုရားကုန်းမြေနဲ့ နတ်ဆိုးကုန်းမြေဖျက်စီးခဲ့တဲ့ ကမ္ဘာကနေ လာတဲ့လေ။ သူက ကလဲ့စားပြန်ချေချင်လို့ အာကာပြင်ကျယ်ကျောင်းတော်က သူ့ကို ကူညီပေးနေတာတဲ့”

“ဘာရယ် ဒါဆို အာကာပြင်ကျယ်ကျောင်းတော်က အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးကမ္ဘာကို တိုက်ခိုက်တော့မှာပေါ့။ ဒီနဝမပါရာဂွန်က ဘယ်လို.... ဘယ်လိုလုပ်ပြီး သူတို့ကို စည်းရုံးနိုင်ခဲ့တာပါလိမ့်”

လူတိုင်း အံ့ဩနေကြစဉ် ဂိုဏ်းအသီးသီးမှ အနှစ်သာရ ၉ ခုပါရာဂွန်များ ထွက်လာကြသည်။ သူတို့သည် ဧရာမစစ်တပ်ကြီး၏အရှေ့သို့ ပျံထွက်သွားပြီး တင်ပျဉ်ခွေထိုင်ကာ စောင့်နေကြ၏။

ဂိုဏ်းချုပ်လည်း အေးစက်တင်းမာသောအမူအရာဖြင့် ပထမဂိုဏ်း၏အရှေ့၌ ထိုင်နေသည်။

ကျင်ယွင်ရှန်း၊ ရှကျုံတုံးနှင့် အင်မော်တယ်ပိုင်ဝူချိန်တို့လည်း တန်ခိုးများကို ထုတ်ဖော်လျက် ထိုင်နေကြသည်။

ကြည့်ရသ‌ရွေ့ အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံး ထွက်လာခဲ့သည့်အလားပင်။ ထိုဖြစ်ရပ်က အာကာပြင်ကျယ်စကြဝဠာ၏ကြယ်တာရာကောင်းကင်တစ်ခုလုံးကို လှုပ်ခတ်သွားစေ၏။ သတင်းစကားများ အနီးအဝေးသို့ ပျံ့နှံ့လာသည်နှင့်အမျှ ပင့်သက်ရှိုက်သံများ နေရာအနှံ့အပြားမှ ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သောကမ္ဘာများသည် သူတို့၏ကမ္ဘာများကို ပိတ်လိုက်ကြ၏။ ဝဲပေါင်းများစွာ မည်းမှောင်ကုန်သည်။ ဖြစ်လာတော့မည့် ပြင်းထန်ရက်စက်သောတိုက်ပွဲကြီးတွင် ဘယ်သူမှ မြေစာပင်မဖြစ်လိုကြပေ။

အချိန်တွေကုန်လွန်သွားပြီး လူတိုင်း တိတ်ဆိတ်စွာ စောင့်နေကြသည်။ ရုတ်တရက် အလွန်ကျယ်လောင်သော ဟိန်းသံကြီးနှင့်အတူ ဧရာမပုတ်သင်ကြီးတစ်ကောင် ပေါ်လာသည်။ ပုတ်သင်ကြီးသည် မြေထုကြီးတစ်ခုတမျှ ကြီးမားပြီး ၎င်းအနားရောက်မလာခင်မှာတင် ပြင်းထန်သောဖိအားက လူတိုင်းကို တုန်ရီသွားစေရင် သက်ရောက်လာ၏။ ဂိုဏ်းချုပ်က မျက်လုံးဖွင့်၍ ဖြည်းညှင်းစွာ ထရပ်သည်။

ကျင်ယွင်ရှန်းနှင့် ကျန်ရှိသူများလည်း လှမ်းကြည့်လိုက်ကြကာ ဧရာမပုတ်သင်ကြီး၏ဦးခေါင်းထက်၌ ရပ်နေသူမှာ မန်ဟိုဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ရင်တဒိန်းဒိန်းတုန်သွားတော့သည်။

ပုတ်သင်ဘုရင်ကြီးက သူတို့ကို ကြောက်လန့်သွားစေပြီး ၎င်းခေါင်းပေါ်၌ ရပ်နေသောလူကတော့ တန်ခိုးရှင်ဖြစ်ရခြင်း၏အတွေ့အထိအား ခံစားလိုက်ရစေသည်။

ပုတ်သင်ကြီး ချဉ်းကပ်လာစဉ် ၎င်းအနောက်မှ တရွှီးရွှီးမြည်သံများနှင့်အတူ ဧရာမခြကြီးတစ်ကောင် ပေါ်လာသည်။ ခြကြီးသည် ပုတ်သင်ဘုရင်ထက် သေးငယ်သော်လည်း ၎င်းထုတ်လွှတ်နေသည့်အရှိန်အဝါက အဆုံးအစွန်အထိ ကြောက်စရာကောင်း၏။

ခြကြီးနောက်တွင်တော့ ဧရာမခေါင်းကြီးတစ်ခေါင်းက ရက်စက်ခက်ထန်သောအမူရာအဖြင့် ပျံဝဲလာသည်။ ၎င်းသည် ဒေါသမထွက်ဘဲနှင့်တင် ကြောက်စရာကောင်းသည့် အဘိုးကြီးတစ်ဦး၏ခေါင်းအလားပင်။ အနှစ်သာရ ၉ ခုအဆင့်၏ အထွတ်အထိပ်လှိုင်းဂယက်များကိုလည်း ထုတ်လွှတ်နေသေးသည်။

“နတ်ပုတ်သင်ဂိုဏ်းချုပ်”

“ခြနတ်မင်း”

“ကမ္ဘာဦးဂိုဏ်းချုပ်”

ဂိုဏ်းချုပ်နှင့် ကျန်ရှိသူများမှာ လုံးလုံးလျားလျား တုန်လှုပ်သွားကြလေသည်။ ဤဖြစ်တည်မှုသုံးခုအကြောင်း သူတို့ ကြားဖူးသည့်အပြင် သူတို့က အနှစ်သာရ ၉ ခုအဆင့်သို့ ရှေးပဝေဏသီကတည်းက ရောက်ခဲ့ကြကြောင်းကိုလည်း သိထား၏။

ဤအခိုက်အတန့်တွင် နဝမဂိုဏ်းမှ အနှစ်သာရ ၈ ခုပါရာဂွန်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် လက်နှစ်ဖက်ယှက်ကာ မန်ဟို့အား ‌လေးလေးနက်နက် အရိုအသေပေးသည်။

“ဂါဝရပြုပါတယ် မိစ္ဆာဘုရင်”

သူ့အနောက်ရှိ သိန်းတစ်သောင်းသော နဝမဂိုဏ်းသားတို့သည် တုန်လှုပ်ကုန်ကြ၏။ ချက်ချင်းပင် သူတို့က လက်ယှက်အရိုအသေပေးလိုက်ကြရာ သူတို့၏အသံများက အင်မတန်ကြီးမားသောအသံလှိုင်းကြီးအဖြစ် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားလေသည်။

“ဂါဝရပြုပါတယ် မိစ္ဆာဘုရင်”

ကြယ်တာရာကောင်းကင် တသိမ့်သိမ့်တုန်ခါနေစဉ် ဂိုဏ်းချုပ်၊ ကျင်ယွင်ရှန်း၊ ရှကျုံတုံးနှင့် အင်မော်တယ်ပိုင်ဝူချိန်အပြင် ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များလည်း လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်ကြသည်။

“ဂါဝရပြုပါတယ် မိစ္ဆာဘုရင်” ထို့နောက် သူတို့ဂိုဏ်းများမှ ဂိုဏ်းသားအားလုံးလည်း လက်ယှက်ကာ ဦးညွှတ်လိုက်ကြ၏။ သူတို့၏အသံများက မိုးနှင့်မြေကို လှုပ်ခတ်သွားစေသည်။

ပဲ့တင်ထပ်နေသော အသံလှိုင်း၏ပြင်းအားက လောကပါလနတ်မင်း၏စိတ်ဆန္ဒကို လှုံ့ဆော်လိုက်သဖြင့် နှင်ထုတ်ခြင်းအားတစ်ရပ်ကို ဖြစ်ပေါ်လာစေသည်။

မန်ဟိုက မြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေ၏။ တခဏကြာသော် အသံများ တိတ်သွားသည်။ ထိုအခါ မန်ဟိုက အင်္ကျီလက်စအား ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအား ထွက်ပေါ်လာသည်။ ချက်ချင်းပင် ၎င်းသည် အနှစ်သာရ ၉ ခုအဆင့်ကို ကျော်လွန်ကာ တာအိုအရင်းအမြစ်၏အငွေ့အသက်များကို ဖြန့်ကျက်လိုက်၏။

တာအိုအရင်းအမြစ်နယ်ပယ်တွင် လူတစ်ယောက်သည် အနှစ်သာရဖြစ်လာပြီး သဘာဝနိယာမများနှင့် ‌မှော်ဥပဒေများကို အစားထိုးနိုင်၏။ လူတစ်ယောက်တည်းမှ ထုတ်လွှတ်နေသော ဖိအားက သက်ရှိအရာအားလုံး၏စိတ်များကို ချာချာလည်သွားစေသည့်အပြင် သူတို့ရင်ထဲ၌ အံ့ဩထိတ်လန့်မှုတို့ ပြည့်နှက်လာစေသည်။

သို့‌သော် ဤတင်မပြီးသေး။ မန်ဟိုက ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်ပြီးနောက် သူ၏နတ်ဘုရားအာရုံအား ဟာရီကိန်းမုန်တိုင်းကြီးသဖွယ် ကြယ်တာရာကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။

“တန်ခိုးရှင်အဆင့်။ အဲဒါက တန်ခိုးရှင်အဆင့်ရဲ့ အရှိန်အဝါပဲ”

“နဝမပါရာဂွန်က တကယ်ကြီး အဆင့်တက်သွားပြီလား”

“ဒဏ္ဍာရီတွေအရ အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်မှ တန်ခိုးရှင်အဆင့်ရောက်ရှိခဲ့တဲ့လူ သုံးယောက်ပဲ ရှိသေးတယ်တဲ့။ အာကာပြင်ကျယ်ဂိုဏ်းချုပ်က အဲဒီအထဲက တစ်ယောက်ပေ့ါ။ ဒါပေမဲ့ အခုတော့ လေးယောက်မြောက် ပေါ်ထွန်းလာခဲ့ပြီ” ဤအခိုက်အတန့်မတိုင်ခင်ထိ အနှစ်သာရ ၉ ခုကျင့်ကြံသူများသာ မန်ဟို၏တန်ခိုးရှင်အဆင့်ကို သိရှိခဲ့ကြသည်။ ယခုတွင် မန်ဟိုက သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို မဖုံးကွယ်တော့ရာ အနှစ်သာရ ၇ ခု ၈ ခုပါရာဂွန်များလည်း လုံးလုံးလျားလျား အံ့အားသင့်သွားကြ၏။

တာအိုဥသျှောင်များ၊ တာအိုသခင်များနှင့် ကျန်တာအိုနယ်ပယ်ပညာရှင်အားလုံးလည်း မျက်လုံးပြူးလျက် ကြည့်နေမိကြသည်။

ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများ၏မျက်လုံးများမှာ အရူးအမူးလေးစားခြင်းတို့ဖြင့် တောက်ပလာပြီး သူတို့အားလုံး အဆုတ်ကွဲလုမတတ် ဟစ်အော်ကြကုန်၏။ နဝမဂိုဏ်းမှမဟုတ်သော ဂိုဏ်းသားများပင်လျှင် အရူးအမူးဖြစ်ကုန်ကြသည်။

မှန်သည်၊ နဝမဂိုဏ်းသည် မန်ဟို့ဂိုဏ်းဖြစ်၍ သူတို့လည်း အင်မတန် အံ့ဩတုန်လှုပ်နေကြလေသည်။ သူတို့၏ကြွေးကြော်သံများက မိုးနှင့်မြေကို လှုပ်ခတ်နေစေပြီး ရာစုနှစ်ပေါင်းများစွာ ကျွန်ဘဝရောက်ခဲ့သော ကမ္ဘာများမှ ကျင့်ကြံသူများလည်း စိတ်ဓာတ်အားမာန်တို့ တက်ကြွကုန်ကြ၏။

“မိစ္ဆာဘုရင်”

“မိစ္ဆာဘုရင်”

“မိစ္ဆာဘုရင်”

မရေမတွက်နိုင်သော ကြွေးကြော်အော်ဟစ်သံများသည် နဝမဂိုဏ်းမှအစပြု၍ ပထမဂိုဏ်းအထိတစ်လျှောက်လုံး ခြိမ့်ခြိမ့်သဲမြည်ဟည်းနေတော့၏။ လူတိုင်း၊ ဖြစ်တည်မှုတိုင်း၊ သက်ရှိတိုင်း ဒူးထောက်ဂါဝရပြုကြသည်။

အနှစ်သာရ ၉ ခုပါရာဂွန်များပင် ထိုအတိုင်းလုပ်ကြ၏။ လူအုပ်ကြီး၏စစ်သွေးစစ်မာန်တို့ မြင့်တက်လာသည်။ ခြကြီးနှင့် ဧရာမခေါင်းကြီးသည် မန်ဟို့ကို သစ္စာရှိသောအမူအရာဖြင့် ကြည့်နေပြီး ပုတ်သင်ကြီးမှာ တုန်ရီနေ၏။

လူတိုင်း၊ ဖြစ်တည်မှုအတိုင်းအတွက် မန်ဟိုကား အလေးစားရဆုံးပုဂ္ဂိုလ်ဖြစ်လာတော့သည်။

မိုးနှင့်မြေအားလုံး သူ့အတွက် တည်ရှိလာသည်။

သူသည် တန်ခိုးအရှိန်အဝါကို ထုတ်‌ဖော်လျက် ကြယ်တာရာကောင်းကင်ထဲ၌ ရပ်နေပြီး တခဏကြာသော် စကားပြော၏။ သူ၏စကားလုံးများက မိုးကောင်းကင်များကို တုန်လှုပ်သွားစေသော မှော်ဥပဒေအလားပင်။

“ကျေးဇူးအများကြီးတင်ရှိပါတယ်။ ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးတို့။ အခု ကျုပ် သင်တို့ရဲ့အကူအညီကို တောင်းခံချင်ပါတယ်။ ကောင်းကင်ဘုံ ၃၃ ဘုံက ချုပ်နှောင်ထားတဲ့ ကျုပ်ရဲ့အိမ် တောင်ပင်လယ်လိပ်ပြာဆီ ပြန်ဖို့ ... ကျုပ်နဲ့အတူ လိုက်ခဲ့ပေးကြပါ”

All Chapters