← Chapters

တောက်ဖန်ကို သုတ်သင်ခြင်း

Vol. 111 Ch. 1547

တောက်ဖန်ကို သုတ်သင်ခြင်း

Vol. 111 Ch. 1547

“သူတို့တွေကို သုတ်သင်လိုက်” မန်ဟိုက ပြောသည်။ သူ့အသံသည် မမာထန်သော်လည်း သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေ၏။ “တစ်ယောက်မှ အရှင်မထားနဲ့။ ပြီးတော့ မြန်မြန်လည်း မသတ်ကြနဲ့။ ဖြည်းဖြည်းချင်း ညှင်းပန်းပြီးသတ်။ စုစုပေါင်း ကောင်းကင်ဘုံ ၃၃ ဘုံရှိတယ်၊ ငါတို့မှာလည်း အချိန်တွေရှိပါတယ်

“ခန္ဓာကိုယ်နဲ့ဝိညာဉ်ကို တစ်ခါတည်း မဖျက်စီးပစ်နဲ့။ အဲဒီအတိုင်းဆို သူတို့ကို တစ်ခါပဲ သတ်နိုင်မှာ။ အရင်ဆုံး ခန္ဓာကိုယ်ကို သတ်။ ဝိညာဉ်တွေကိုတော့ ငါ့ပေး”

သွေးအေးသော သူ့စကား၏ ရက်စက်မှုက ကောင်းကင်ဘုံ ၃၃ ဘုံသားအားလုံးကို ရင်ထဲအေးစိမ့်သွားစေသည်။

ကံကြွေးတွင်... အကြောင်းတစ်ခုနှင့် အကျိုးတစ်ခု ရှိစမြဲဿာ။ အကြောင်းကြောင့် အကျိုးဖြစ်သည်။

ကောင်းကင်ဘုံ ၃၃ ဘုံသည် ပုန်ကန်ဖို့ ရွေးချယ်ခဲ့သောအခိုက်အတန့်ကတည်းက တောင်ပင်လယ်လောကအပေါ် တင်နေသောအကြွေးကို အတိုးအပြည့်ဖြင့် ပြန်ဆပ်ရမည့် နေ့တစ်နေ့ကို ကြုံတွေ့ရမည့် ကံပါသွား၏။

ထိုနေ့ကား ... ရောက်ရှိလာခဲ့လေပြီ။

မန်ဟို့နှုတ်မှ စကားလုံးများ ထွက်သွားလျှင်ချင်း ကျင့်ကြံသူစစ်တပ်ကြီးသည် ကောင်းကင်ဘုံ ၃၃ ဘုံသို့ ချီတက်သွားကြ၏။ သူတို့ထံမှ ပြင်းထန်သော လူသတ်ငွေ့များ တထောင်းထောင်းထနေပြီး သူတို့၏အရေအတွက်နှင့် အင်အားကို ထည့်တွက်လျှင် ကောင်းကင်ဘုံ ၃၃ ဘုံသားအားလုံး၏ ခန္ဓာနှင့်ဝိညာဉ်ကို လျင်မြန်စွာ ရှင်းလင်းပစ်နိုင်သည်။ သို့သော် ယင်းက မန်ဟို အလိုရှိသောရလဒ်မဟုတ်ပေ။

မန်ဟိုသည် ကောင်းကင်ဘုံ ၃၃ ဘုံသားများကို သေရုံသာသေစေလိုခြင်းမဟုတ်၊ လက်စားချေချင်၏။ ထို့အပြင် ထိုလက်စားချေမှုက ကောင်းကင်ဘုံ ၃၃ ဘုံသားများအား အသက်မသေခင် အရှင်လတ်လတ်ငရဲကျနေသကဲ့သို့ ခံစားရအောင် ညှင်းပန်းလိမ့်မည်။

ထို့ကြောင့် သူ၏အမိန့်အတိုင်း အာကာပြင်ကျယ်ကျောင်းတော်၏ ကျင့်ကြံသူများသည် အချိန်ဆွဲ၍ ဖြည်းဖြည်းချင်း သတ်နေကြ၏။ ပတ်ဝန်းကျင်တစ်ခုလုံး ချိတ်ပိတ်ထားရသည့်အတွက် မည်သူမှ ဝင်မလာနိုငပေ။ ထိုမျှသာမက သဘာဝနိယာမက မည်သူ့ကိုမှ ခန္ဓာဖောက်ခွဲခွင့်၊ အဆုံးစီရင်ခွင့်မပြုပေ။ သို့ဖြစ်၍ မည်သူမှ တန်ခိုးရှင်ကျင့်ကြံသူတစ်ဘောက် ဆုံးဖြတ်ခဲ့သော အပြစ်ဒဏ်မှ လွတ်မြောက်မည်မဟုတ်။

မန်ဟိုသည် ကောင်းကင်ဘုံ ၃၃ ဘုံ မစားရအမဲ သဲနှင့်ပက် ဆိုသကဲ့သို့ တောင်ပင်လယ်လိပ်ပြာအား ရန်ပြုမည်ကို စိတ်မပူပေ။ ထိုသို့မဖြစ်အောင် သူ တားနိုင်သည်။

စော‌စောက ပျံထွက်လာခဲ့သော ကောင်းကင်ဘုံ ၃၃ ဘုံ၏အစွမ်းထက်ပညာရှင်များမှာ ကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးကုန်တော့သည်။ သူတို့မှာ ချီတက်လာနေသည့် စစ်တပ်ကြီး၏အင်အားကို တိုက်ခိုက်နိုင်သော အရည်အချင်းမရှိပေ။ သူတို့သည် ကြောက်လန့်တုန်ရီစွာဖြင့် ကောင်းကင်ဘုံ ၃၃ ဘုံ၏အတွင်းပိုင်းထဲသို့ ပြေးကာ အကာအကွယ်များအား ချက်ချင်း ထုတ်လွှတ်လိုက်ကြ၏။

သို့ရာတွင် ထိုကဲ့သို့အကာအကွယ်များသည် အာကာပြင်ကျယ်ကျောင်းတော်သားများ၏ တိုက်ကွက်လေးတစ်ကွက်ကိုပင် မတောင့်ခံနိုင်ပေ။ ချက်ချင်း ဖျက်စီးခံလိုက်ကြရသည်။ ပထမဆုံးပစ်မှတ်ကတော့ ကောင်းကင်ဘုံ (၃၃) ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် မန်ဟိုသည် တောက်ဖန်၏အရှေ့၌ ရပ်လိုက်၏။ တောက်ဖန်၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူ၏အမွှေးအမျှင်အားလုံး ထောင်နေသည်။ သူ့မှာ မန်ဟို့ကို မြင်လျှင်ချင်း နောက်ဆုတ်လိုက်သည်။

“အဋ္ဌမတောင်ပင်လယ်ကို မင်းတုတ်တစ်ချက်နဲ့ ဖျက်စီးခဲ့တုန်းကတော့ မင်း တော်တော်လေး မာန်တက်နေခဲ့တာနော်” မန်ဟိုက အေးအေးဆေးဆေး ပြောသည်။ “အခုရော အဲဒီမာန်တွေ ဘယ်မှာလဲ” သူက ရှေ့တစ်လှမ်းတက်လိုက်ရာ တောက်ဖန်၏အရှေ့တည့်တည့်ရောက်သွား၏။ ထို့နောက် ညာလက်ကို ဆန့်ထုတ်ကာ တောက်ဖန်၏ရင်ဘတ်ကို တောက်လိုက်သည်။

အားခနဲ တောက်ဖန်၏အော်သံနှင့်အတူ ပေါက်ကွဲသံတစ်သံ ကြားလိုက်ရသည်။ တောက်ဖန်မှာ ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်လွင့်ထွက်သွားသည်။ တောက်ဖန်အတွက် မန်ဟို၏လက်ချောင်းတောက်ချက်က ကြယ်တာရာကောင်းကင်တစ်ခုလုံးနှင့် ဆောင့်တိုက်ခံလိုက်ရသကဲ့သို့ ခံစားရလေသည်။

ထိုလက်ချောင်းတစ်ချောင်း၏တောက်မှုက သူ့ရင်ဘတ်အား ကျောက်ဆုံထဲ ထည့်ထောင်းခံထားရသကဲ့သို့ စုတ်ပြတ်သပ်သွားစေပြီး သူ့ခန္ဓာကိုယ်၏အသားတော်တ်ောများကိုလည်း ကြေသွားစေခဲ့သည်။ မှန်သည်၊ မန်ဟိုသည် သူ့အင်အားကို အင်မတန်ထိန်းထားခြင်းဖြစ်၏။ တောက်ဖန်ကိုအသာထား၊ သူ့လက်ချောင်းလေးတစ်ချက်တောက်လိုက်လျှင် ဧရာမဂြိုဟ်တာရာကြီးများ ပျက်စီးသွားနိုင်သည်မဟုတ်ပါလော။

မန်ဟို့အနေဖြင့် တောက်ဖန်အား ထိုမျှလွယ်လွယ်ကူကူ သေခွင့်ပြုမည်မဟုတ်‌‌ပေ။

ဤမျောက်တောက်ဖန်သည် တောင်ပင်လယ်စစ်ပွဲမှာတုန်းက အဋ္ဌမတောင်ကို ဖျက်စီးခဲ့သည့်အပြင် တောင်ပင်လယ်သားကျင့်ကြံသူပေါင်းများစွာကိုလည်း သတ်ခဲ့၏။ သူ ‌ကောင်းကင်ဘုံ ၃၃ ဘုံကို စောင့်ရှောက်နေခဲ့သော နှစ်ပေါင်းများစွာအတွင်း သူ့တုတ်ချက်ကြောင့် သေဆုံးခဲ့ရသည့်ပမာဏအား ရေတွက်၍ပင်မရနိုင်ပေ။ ထိုလူများအနက် ကမ္ဘာပေါင်းမိုးကို စိန်ခေါ်ပိုင်ခွင့်ရှိသင့်ခဲ့သော ကျင့်ကြံသူများပင် ပါဝင်ခဲ့သည်။

“မဖြစ်နိုင်တာ မဖြစ်နိုင်တာ မင်းကျင့်ကြံအဆင့်က ဘာလဲ။ ဒါ လုံးဝမဖြစ်နိုင်ဘူး” တောက်ဖန်မှာ သွေးတချို့ထပ်အန်လိုက်ရသည်။ သူသည် မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီးနောက် ခေါင်းနောက်လှန်ကာ ခါးသီးခံပြင်းစွာ အော်ဟစ်လိုက်၏။

တောက်ဖန် ကြောက်နေသည်။ သူ၏အဆိုးဆုံးအိပ်မက်များထဲတွင်တောင်မှ မန်ဟိုသည် ပြန်ရောက်လာသည်သာမက ၊ သူ့အမိန့်ကို မြေဝယ်မကျနာခံမည့် စစ်တပ်ကြီးကိုလည်း ခေါ်လာလိမ့်မည်ဟု တောက်ဖန် တစ်ခါမှ မမက်ခဲ့ဖူးပေ။ ထိုမျှသာဆိုလျှင် အကြောင်းမဟုတ်သေး။ အားလုံးအထဲ ကြောက်စရာအကောင်းဆုံးမှာ မန်ဟို၏ကျင့်ကြံခြင်းအခြေခံက မထင်မှတ်ဖွယ်ကောင်းလောက်အောင် မြင့်မားနေခဲ့လေသည်။

တောက်ဖန်သည် စကားလေးတစ်ခွန်းတည်းဖြင့် ကမ္ဘာပေါင်းမိုး၏တည်ရှိမှုအား ဖယ်ရှားကာ လက်ချောင်းလေးတစ်ချောင်းတည်းဖြင့် ၎င်းအား ဖျက်စီးနိုင်သည့် လူတစ်ယောက်အား တစ်ခါမှ မဆုံတွေ့ခဲ့ဖူးပေ။

အမှန်က .... စစ်တပ်ကြီးထဲရှိ မရေမတွက်နိုင်သော အစွမ်းထက်ပညာရှင်များ မန်ဟို့အား လေးစားရိုသေစွာ ကြည့်နေကြောင်း သူ မြင်ခဲ့ရတုန်းက သူ့ခေါင်းထဲ၌ စကားလုံးတစ်လုံး ပေါ်လာခဲ့သည်။ သို့သော် ထိုစကားလုံးကို သူ လက်မခံနိုင်ပေ။

“အနန္တတန်ခိုးရှင်....”

မန်ဟိုက နောက်တစ်လှမ်းလှမ်းကာ တောက်ဖန်အရှေ့ရောက်လာသည်။ သူသည် တောက်ဖန်၏ညာမောင်းအား လှမ်းထိလိုက်၏။ လက်မောင်းမှာ တဂျွတ်ဂျွတ်မြည်လာပြီးနောက် ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။

တောက်ဖန်မှာ ပြင်းပြင်းထန်ထန် တုန်ရီနေသည်။ ထွက်ပြေးချင်သော်လည်း ထွက်မပြေးနိုင်ပေ။ သူ့အပေါ် သက်ရောက်နေသောဖိအားက ထွက်ပြေးခွင့်မပေး။ သူ တတ်နိုင်သမျှမှာ မန်ဟို့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်နေရုံသာ။

“အားကို သိပ်မထိန်းနိုင်သေးဘူးပဲ” မန်ဟိုက ခေါင်းတခါခါနှင့် ဆိုသည်။ သူသည် တောက်ဖန်၏ဘယ်လက်မောင်းကို လှမ်းဆွဲကာ လက်ချောင်းငါးချောင်းအား တစ်ချောင်းပြီးတစ်ချောင်း ချိုးလိုက်၏။ တောက်ဖန်မှာ တဆတ်ဆတ်တုန်ရီလျက် သွေးပျက်စွာ အော်နေတော့သည်။

လက်ချောင်းများ ကျိုးကြေသွားပြီးနောက် မန်ဟိုက လက်မောင်းအရင်းနားအထိ စိမ်ပြေနပြေ ဆက်ချိုးနေသည်ကို တောက်ဖန်မှာ ကြောက်လန့်တကြားသာ ကြည့်နေနိုင်သည်။ ထို့နောက် သူ့ခြေထောက်များ၊ သူ့ရင်ဘတ်ပိုင်း။

ကျောရိုးပင်အပါအဝင် တောက်ဖန်၏အရိုးအားလုံး ကျိုးကြေနေလေပြီ။ မန်ဟိုက ပြံးသည်။ အပြုံးသည် မဲ့နေ၏။ သူက တောက်ဖန်အား အသံဝင်လာသည့်တိုင်အောင်  အော်ခွင့်ပြုထားသည်။ သို့ထိတိုင် မန်ဟိုသည် မပြီးသေးပေ။

အဖြစ်အပျက်ကို မြင်နေရသည့် အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ငယ်သံပါအောင် အော်ဟစ်နေသော ကောင်းကင်ဘုံ ၃၃ ဘုံသားများကိုတော့ ပြောနေစရာပင် မလိုတော့ပေ။

မန်ဟိုသည် အာကာပြင်ကျယ်‌ကျောင်းတော်မှ စစ်တပ်ကြီးကို လှမ်းကြည့်၏။ “အခုနားလည်ပြီလား” သူက ပြောသည်။ “ဒီအတိုင်းလုပ်ကြ။ သူတို့ကို မြန်မြန်သေခွင့်မပေးနဲ့” အတန်ကြာတိတ်ဆိတ်နေပြီးသော် စစ်တပ်ကြီးက ဟစ်ကြွေးတုံ့ပြန်ကြသည်။

“မိစ္ဆာဘုရင်၏ အမိန့်တော်မြတ်အတိုင်းပါ”

ကောင်းကင်ဘုံ ၃၃ ဘုံမှ သွေးပျက်စွာအော်သံများ ဆူညံလာရန် သိပ်မကြာလိုက်ပေ။ ကောင်းကင်ဘုံ (၁) မှ (၃၃) အထိ အပြင်သူအားလုံးသည် ကြောက်လန့်တုန်ရီနေကြတော့၏။

“သတ်လိုက်ပါတော့” တောက်ဖန်က အော်သည်။ “ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါတော့” မန်ဟိုက ခေါင်းခါသည်။ သူက တောက်ဖန်၏ရင်ဘတ်ပေါ် လှမ်းဖိလိုက်၏။

ကြီးမားသောစွမ်းအားတစ်ရပ်က တောက်ဖန်ကိုယ်ထဲသို့ ဝင်ရောက်လာရင်း သူ့ခန္ဓာကိုယ်ထဲရှိ သွေးအားလုံးအား အမွှေးအမျှင်များမှတစ်ဆင့် ဖြာထွက်သွားစေသည်။

တောက်ဖန်တစ်ကိုယ်လုံး သွေးတို့ရွှဲရွှဲစိုသွားလေပြီ။

တောက်ဖန်မှာ ငယ်သံပါအောင် အော်တော့သည်။ နာကျင်လွန်း၍ သူ့တစ်ကိုယ်လုံး တွန့်လိမ့်ကောက်ကွေးနေ၏။

“ပြီးဖို့ အဝေးကြီးလိုသေးတယ်” မန်ဟိုက သွေးအေးအေးပြော၍ လက်ဝှေ့ယမ်းလိုက်ရာ တောက်ဖန်၏သွေးအားလုံးက သွေးစက်တစ်စက်တည်းအဖြစ် သူ့လက်ဝါးထဲ၌ အတူတကွပေါင်းစည်းလာစေသည်။

“မင်း သေရုံနဲ့တင် မလုံလောက်ဘူး။ တောင်ပင်လယ်လောကသားကျင့်ကြံသူအများကြီးကို သတ်ပြီးတော့ မင်း အေးအေးဆေးဆေး မသေစေရဘူး

“မန်ဟို ဘယ်လိုအလုပ်လုပ်လဲ မင်းကို ရှင်းပြမယ်။ သွေးကြွေးဆိုတာ ... သွေးနဲ့ပြန်ဆပ်ရတာ။ မင်း ငါ့လူတစ်ယောက်ကို သတ်ရင် မင်းလူအကုန်လုံးကို ငါ သတ်မယ်” ထို့နောက် သူသည် သူ၏နတ်ဘုရားစိတ်ဆန္ဒအား သွေးစက်ထဲ ပို့လွှတ်လိုက်၏။

“မင်းသွေးသားတွေ ဘယ်မှာလဲ ကြည့်ရအောင်...” မန်ဟိုက ပြုံးလိုက်သည်။ တောက်ဖန်အတွက် ထိုအပြုံးသည် သူ့ဘဝတစ်လျှောက်လုံး မြင်ခဲ့ဖူးသမျှထဲ ကြောက်စရာအကောင်းဆုံးဖြစ်၏။ ကံဆိုးစွာနှင့် သူပင်လျှင် ထိုအပြုံးအတွင်း၌ နှစ်ပေါင်းများစွာ မြိုသိပ်ထားခဲ့ရသော ဝမ်းနည်းပူဆွေးမှုနှင့် ခါးသီးနာကြည်းမှုတို့အား ခံစားရလေသည်။

တောက်ဖန်မှာ အကြောက်အကန် ရုန်းတော့သည်။

“မင်း ဘယ်လောက်အသည်းအသန်ရုန်းနေသလဲဆိုတာ ထည့်တွက်ရင် မင်း ဂရုစိုက်တဲ့လူတွေ ရှိသေးတဲ့ပုံပဲ။ မင်း ကာကွယ်ပေးချင်တဲ့ လူတွေပေ့ါလေ” မန်ဟို့မျက်လုံးများသည် အနီရောင်အလင်းဖြင့် တောက်ပလာပြီး မိစ္ဆာချီက သူ့ကို ဝန်းရံလှည့်ပတ်နေ၏။ သူ့နတ်ဘုရားအာရုံ တောက်ဖန်၏သွေးထဲ ဝင်သွားသည့်အခါ တောက်ဖန်နှင့် သွေးဆက်တစ်ဆက်တည်းဖြစ်သော ဖြစ်တည်မှုများအား အာကာပြင်ကျယ်စကြဝဠာ၏ကြယ်တာရာကောင်းကင်အနှံ့အပြား၌ တွေ့လိုက်ရသည်။

“သိပ်မများပါဘူး” သူက ခပ်တိုးတိုး ဆိုသည်။ “စုစုပေါင်း သွေးဆက် ၃၇၅ ဆက်။ တချို့က ဒီကောင်းကင်ဘုံ ၃၃ ဘုံထဲမှာ။ တချို့ကတော့ အပြင်မှာ....” ထို့နောက် သူသည် သွေးစက်ကို ဆုပ်ကိုင်၍ ဖျက်စီးလိုက်၏။ ထိုအခါ တောက်ဖန်၏သွေးဆက်များမှာ ကောင်းကင်ဘုံ ၃၃ ဘုံထဲ၌ရှိသည်ဖြစ်စေ၊ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲ၌ ရှိသည်ဖြစ်စေ .... အတုံးအရုံးလဲကျသေဆုံးကုန်ကြသည်။

တောက်ဖန်သည် မျောက်ရူးတစ်ကောင်လို တွန့်လိမ်လူးလွန့်ကာ အော်ဟစ်နေ၏။ ထိုအခိုက်အတန့်၌ မန်ဟို့လက်က သူ့ခေါင်းအပေါ် ကျရောက်လာသည်။

“အခုထိ မပြီးသေးဘူးနော်” သူက ပြောသည်။ “မင်းရဲ့သွေးဆက်တွေအပြင် မင်းရဲ့အမွေခံတပည့်တွေလည်း ရှိတယ်။ မင်းကို ကျင့်ကြံအားထုတ်နည်း သင်ပေးခဲ့တဲ့လူရောပဲ။ ပြီးတော့ မင်းရဲ့တခြားတပည့်တွေရော .... မင်းမှာရှိတဲ့ အမှတ်တရကောင်းတွေမှန်သမျှ ငါ ယူပြီး ဖျက်စီးပစ်မယ်။ မင်း တောင်ပင်လယ်လောကအပေါ် လုပ်ခဲ့သလိုပေါ့”

တောက်ဖန်မှာ တဆတ်ဆတ် တုန်ရီနေပြီး သူ့မျက်လုံးများက တောင်းပန်နေသောအမူအရာရှိသည်။ ရန်ငြိုးတစ်စက သူ့အပေါ် ဤသို့သက်ရောက်လိမ့်မည်ဟု သူ မည်သို့ထင်ထားခဲ့မည်နည်း။ မန်ဟို ယခုလိုညှင်းပန်းနှိပ်စက်ချင်သောသူမှာ သူတစ်ယောက်တည်းမဟုတ်ကြောင်း တောက်ဖန် သိသည်။ စစ်တပ်ကြီးအား ကောင်းကင်ဘုံ ၃၃ ဘုံ၏ ဝိညာဉ်များကို ဖမ်းကို အမိန့်ပေးခဲ့သည်ကို ထည့်တွက်လျှင် မန်ဟိုသည် ကောင်းကင်ဘုံ ၃၃ ဘုံလုံးကို ယခုလိုနှိပ်စက်ဖို့ မန်ဟို ဆုံးဖြတ်ထားသည်မှာ ထင်ရှားလေ၏။

“အသက်ချမ်းသာပေးဖို့ တောင်းဆိုချင်နေတာလား။ မင်း တောင်ပင်လယ်လောကကို ဖျက်စီးခဲ့တုန်းက အပြစ်ကင်းတဲ့လူတွေ ဘယ်လောက်အသက်ချမ်းသာပေးဖို့ တောင်းပန်ခဲ့ကြလဲ မှတ်မိသေးလား။ ဒါမဲ့ မင်း အဋ္ဌမတောင်ကို မင်းတုတ်နဲ့ ရိုက်လိုက်တုန်းက သူတို့ကို သတိတောင်မထားမိခဲ့ဘူးထင်တယ်” မန်ဟို့လက်က တောက်ဖန်၏ခေါင်းကို ဖိနေပြီး ရုတ်တရက် တောက်ဖန်၏မှတ်ဉာဏ်များသည် မန်ဟို့စိတ်ထဲတွင် ပေါ်လာ၏။ ထို့နောက် ပေါ်လာသောကံကြွေးမျှင်များကို မန်ဟိုက တစ်မျှင်ပြီးတစ်မျှင် ရက်ရက်စက်စက် ဖြတ်တောက်ပစ်လိုက်လေသည်။

အမျှင်တစ်မျှင်ပြတ်တောက်သွားတိုင်း တစ်စုံတစ်ယောက် အော်လိုက်သည်ကို တောက်ဖန် ကြားနေရသည်။ အဆုံးသတ်တွင် မန်ဟိုက သူ့ဝိညာဉ်ကို ထုတ်လိုက်၏။

“မင်းရဲ့အပြင်အားကိုယ် ပျက်စီးသွားပြီ” မန်ဟိုက ပြောသည်။ “ဒါပေမဲ့ မင်းဝိညာဉ် အေးအေးချမ်းချမ်း အနားမယူစေရဘူး” မန်ဟိုသည် လက်ဝှေ့ယမ်းလိုက်ရာ မီးပင်လယ်တစ်စင်းအပေါ်၌ ပေါ်လာသည်။ သူက တောက်ဖန်၏ဝိညာဉ်ကို မီးထဲ ပစ်ထည့်လိုက်၏။

တောက်ဖန်၏ဝိညာဉ်သည် ထိုမီးပင်လယ်ထဲတွင် ထာဝရငရဲခံနေရလိမ့်မည်။ မန်ဟို အသက်ရှင်နေသရွေ့ ထိုငရဲကား အဆုံးသတ်မည်မဟုတ်ပေ။

All Chapters