မိစ္ဆာဘုရင်၏ ပြန်အလာ
Vol. 111 Ch. 1553
မန်ဟိုက နဝမပင်လယ်ကို စိုက်ကြည့်နေသည်။
၎င်း အဋ္ဌမကောင်းကင်ဘုံ၌ ပုန်းနေခဲ့သည်မှာ သူ့အတွက် အံ့ဩစရာမဟုတ်ပေ။
တောင်ပင်လယ်စစ်ပွဲအတွင်း နဝမပင်လယ်သည် သစ္စာဖောက်ခဲ့ရာ ရွှေတုန်းလျှို၏အစီအစဉ်၌ ဟာကွက်ဖြစ်လာခဲ့၏။ တောင်ပင်လယ်လိပ်ပြာ လွတ်မြောက်ဖို့အတွက်လည်း ပိုမိုခက်ခဲစေခဲ့သလို၊ လိပ်ပြာအပေါ် တက်နိုင်ခဲ့သည့် တောင်ပင်လယ်လောကသားကျင့်ကြံသူအရေအတွက်ကိုလည်း နည်းပါးသွားစေခဲ့သည်။
သေရေးရှင်ရေးအချိန်ကျမှ နဝမပင်လယ်၏ ရုတ်တရက် သစ္စာထဖောက်မှုသည် တောင်ပင်လယ်လိပ်ပြာအပေါ် သက်ရောက်ကြီးမားခဲ့၏။
ထိုအချိန်မှစ၍ တောင်ပင်လယ်လောကသားတို့မှာ ထိုပင်လယ်ကို ရိုးတွင်းခြင်ဆီထဲမှပင် မုန်းတီးလာခဲ့လေသည်။
မကြာသေးသော ရာစုနှစ်များအတွင်း ဖွားမြင်လာခဲ့သည့် ကျင့်ကြံသူများသည် နဝမပင်လယ်၏ သစ္စာဖောက်မှုကို ကြားသိခဲ့ရသော်လည်း ယခုမတိုင်ခင်အထိ ပုံပြင်တစ်ပုဒ်သဖွယ်သာ ဖြစ်ခဲ့၏။
သို့သော် ယခုမူ ကောင်းကင်ဘုံ (၈) တစ်ခုလုံးကား မြေထုကြီးတစ်ခုအဖြစ်မှ ကြီးကျယ်ခမ်းနားသော ပင်လယ်တစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
တဖြည်းဖြည်း ပင်လယ်အတွင်း၌ ပင်လယ်သားရဲပေါင်းများစွာ ခြံရံလျက်ရှိသော အမျိုးသမီးတစ်ယောက်၏မျက်နှာ ပေါ်လာသည်။
“နဝမပင်လယ်” ခိတိဂဗ္ဇသည် အပြင်သူပါရာဂွန်တစ်ယောက်ဆီ အသေတိုက်ကွက်တစ်ကွက် ထုတ်လွှတ်ရင်း ဟိန်းဟောက်လိုက်၏။ သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေပြီး သူ့အသံက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားသည်။ တခဏကြာသော် သူကား နဝမပင်လယ်ထံ တန်းတန်းမတ်မတ် ပျံသန်းသွားလေပြီ။
ဘိုးဘိုးမန်သည် အတိတ်၏အရိပ်အယောင်များ လင်းလက်နေသော မျက်လုံးများဖြင့် မော့ကြည့်၏။ သူလည်း နဝမပင်လယ်ဆီ တရှိန်ထိုး ပျံသန်းသွားတော့သည်။
မှီခိုရာဂိုဏ်းချုပ်မှာ အစတုန်းက ကောင်းကင်ဘုံ (၈) ၏မြေထုကို ခေါင်းနှင့်တိုက်ဖို့ ပြင်နေခဲ့သည်။ သို့သော် ၎င်း ပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်ကို မြင်လျှင် မှီခိုရာဂိုဏ်းချုပ်၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး ပြေးတက်သွားတော့မည့်ပုံဖမ်းလိုက်သည်။ သို့သော် တကယ်တမ်း ပြေးတက်မည့်အစား နောက်ဆုတ်သွား၏။ ထူးဆန်စွာနှင့် သူ့နှုတ်မှ ထွက်လာသောစကားလုံးများကတော့ သူ၏အပြုအမူနှင့် လားလားမျှမအပ်စပ်ပေ။
“သတ်ပစ်မယ် မင်းကို၊ မရရတဲ့နည်းနဲ့ သတ်ပစ်မှာ။ ငါ ဂိုဏ်းချုပ် မင်းကို ကြောက်တယ်များ ထင်နေသလားဟမ်။ သေပေတော့ ...” သို့သော် သူကား အဝေးကြီးရောက်သည်အထိ ဆုတ်သွားလေသည်။
မကြာမီ ပင်လယ်သားရဲပေါင်းများစွာ တောင်ပင်လယ်ကျင့်ကြံသူများဆီ ပျံတက်လာကြသဖြင့် နဝမပင်လယ်အတွင်းမှ တဗွမ်းဗွမ်းမြည်သံများ ကြားလိုက်ရသည်။ ဖက်တီး ၊ ဝမ်ယိုချိုင်၊ လီလင်းအာ နှင့် ကျန်ရှိသူအားလုံး နဝမပင်လယ်ဆီ ထွက်သွားသော အလင်းတန်းများဖြစ်သွားကြ၏။
မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သော တအုန်းအုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။ နဝမပင်လယ်၏ ပင်လယ်သားရဲတို့မှာ တောင်ပင်လယ်လောကသားများ၏ သတ်ဖြတ်ခြင်းခံနေရသည့်အတွက် အကြောက်အကန် အော်ဟစ်နေကြတော့သည်။ မကြာမီ နဝမပင်လယ်မှာ သွေးချင်းနီသွားလေပြီ။
ပင်လယ်သည် ကောင်းကင်ဘုံ (၉) သို့ ဦးတည်နေသော လမ်းကို ဖွင့်ပေးရင်း ကျုံ့သွား၏။ တောင်ပင်လယ်ကျင့်ကြံသူတချို့က ထိုလမ်းမှ ဖြတ်သွားကြသည်။ မှီခိုရာဂိုဏ်းချုပ်လည်း အတန်ငယ်စဉ်းစားပြီးနောက် ကောင်းကင်ဘုံ (၉) တို့ တက်သွားတော့သည်။
ကောင်းကင်ဘုံ (၉) အပေါ်၌ တိုက်ပွဲဖြစ်ပွားရန် တခဏသာ ကြာလိုက်သည်။ မကြာမီ ကောင်းကင်ဘုံ (၉) ဖျက်စီးခံလိုက်ရပြီး နောက်ဆုံးတော့ ... ကျင့်ကြံသူစစ်တပ်သည် ကောင်းကင်ဘုံ (၁၀) သို့ ချီတက်လာ၏။
သို့သော် သူတို့က ချက်ချင်း မတိုက်ခိုက်ပေ။ ကောင်းကင်ဘုံ (၁၀) ၌ စောင့်နေမည်ဟု သူတို့ကို ပြောခဲ့သော မန်ဟို့အား ရှာနေကြသည်။
တောင်ပင်လယ်စစ်ပွဲ၏ စစ်သည်တော်ဟောင်းများအတွက် မန်ဟို့နာမည်မှာ သူတို့နှလုံးသားထဲ၌ ကမ္ဗည်းထိုးခံထားရသော နာမည်ဖြစ်၏။ နောက်ပိုင်းရာစုနှစ်များ၌ မွေးဖွားလာခဲ့သော ကျင့်ကြံသူများအတွက်မူ သူက သူစိမ်းဖြစ်သော်လည်း ရင်းနှီးနေသောလူတစ်ယောက်ပင်။
သူတို့ သူ့ကို တစ်ခါမှ လူကိုယ်တိုင် မမြင်ခဲ့ဖူးသည့်အတွက် မန်ဟိုသည် သူတို့အတွက် သူစိမ်းဖြစ်သည်။ ရင်းနှီးနေသည့် အကြောင်းရင်းမှာတော့ ... တောင်ပင်လယ်လိပ်ပြာထဲတွင် သူ၏ရုပ်တုပေါင်း မရေမတွက်နိုင်အောင် တည်ရှိ၍ပင်။ ထိုမျှသာမက သူ၏ဇာတ်လမ်းများကိုလည်း ကြားရပေါင်းများ၍ သူတို့အားလုံး အလွတ်ပင်ရနေကြပြီဖြစ်သည်။
မန်ဟိုက တောင်ပင်လယ်လိပ်ပြာကမ္ဘာအတွင်း၌ ဘုရားတစ်ဆူသဖွယ် ကိုးကွယ်ခံခဲ့ရသည်မှာ ဟိုးရှေးကတည်းက ဖြစ်ပေသည်။
တောင်ပင်လယ်ကျင့်ကြံသူများအတွက် မန်ဟိုသည် သူတို့၏ဘုရား၊ မိုးကောင်းကင်၏စိတ်ဆန္ဒ၊ တောင်ပင်လယ်လောက၏ အရှင်သခင်ဖြစ်၏။
ကောင်းကင်ဘုံ (၁၀) သို့ ရောက်သည်နှင့် ကျင့်ကြံသူများအားလုံး လေလယ်၌ ပျံဝဲနေသည့် မန်ဟို့ကို မြင်လိုက်ကြရသည်။ သူကား ရုပ်တုများနှင့် တစ်ပုံစံတည်းပင်။
အမှန်တွင် ရုပ်တုများထက်ပင် ပို၍ ခမ်းနားကြီးကျယ်ပြီး မြင့်မြတ်သယောင် ရှိသည်။
သို့သော် သူ့ကို မြင်ရခြင်းက ဒုတိယသာ ရှိသေးသည်။ ပို၍ပင် အံ့ဩဖွယ်ကောင်းသည်မှာ တောင်ပင်လယ်လောက၏ ကျင့်ကြံသူအားလုံး ရုတ်တရက် သူတို့၏သွေးကြောများထဲရှိ သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ကြရခြင်းပင်။ သူတို့သွေးဆက်၏ မူလဇစ်မြစ်ကို ကြည့်နေရသကဲ့သို့ သူတို့၏ကျင့်ကြံခြင်းအခြေခံများသည် လှုပ်ရှားလာကြ၏။
ထိုခံစားချက်က ဖော်ပြမရနိုင်သော ခံစားချက်ဖြစ်၍ ကောင်းကင်ဘုံ (၁၀) သို့ တက်လာခဲ့ကြသော ကျင့်ကြံသူအားလုံးကို လက်ယှက်အရိုအသေပေးမိလိုက်စေသည်။
“ကြီးမြတ်သောအရှင်”
“ဂါဝရပြုပါတယ် မိစ္ဆာဘုရင်မင်းမြတ်ခင်ဗျား”
“ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီး”
“မိစ္ဆာဘုရင်”
“ခေါင်းဆောင်ကြီး” တောင်ပင်လယ်လောကသားကျင့်ကြံသူအပေါင်း၏ စိတ်လှုပ်ရှားနေသော ဟစ်ကြွေးသံများက အရာအားလုံးအား သိမ့်သိမ့်တုန်ခါလာစေသည်။
ပတ်ဝန်းကျင်ရှိ အပြင်သူများက ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ တိုက်ခိုက်ရန်ပြင်သော်လည်း တောင်ပင်လယ်လောကသားကျင့်ကြံသူများ ရှိနေသည့် ဧရိယာသို့ မရောက်ခင်မှာတင် ပြာကျကုန်ကြသည်။ ကြည့်ရသရွေ့ အဆိုပါဧရိယာ၌ တောင်ပင်လယ်ကျင့်ကြံသူများသာ ရပ်ခွင့်ရှိသယောင်ပင်။ ဝင်လာဖို့ ကြိုးစားသော မည်သူမဆို ခန္ဓာနှင့်ဝိညာဉ်ပါ အဖျက်စီးခံရလိမ့်မည်။
လူတိုင်းသည် ‘ခေါင်းဆောင်ကြီး’ ‘မိစ္ဆာဘုရင်’ ဟူ၍ တိုင်တည်ကြွေးကြော်နေကြ၏။ ထပ်ရောက်ရှိလာကြသော ကျင့်ကြံသူများလည်း မန်ဟို့ကို မြင်လျှင် တုန်လှုပ်ကုန်ကြသည်။ သူတို့၏မျက်လုံးများသည် ပြင်းပြသော မျှော်လင့်ချက်၊ ကြည်ညိုလေးစားမှုတို့ဖြင့် တောက်ပလာကြ၏။
မန်ဟို၏ရာဇဝင်ဇာတ်လမ်းများဖြင့် ကြီးပြင်းလာခဲ့ကြသော ကျင့်ကြံသူများမှာမူ မန်ဟို့ကို မြင်လျှင် လေးလေးစားစား အရိုအသေပေးရုံသာမက ရှိခိုးဂါဝရပြုကြတော့သည်။
ကျင့်ကြံသူတစ်သုတ်ပြီးတစ်သုတ် ဒသမကောင်းကင်အပေါ်တွင် ပေါ်လာသဖြင့် မြေငလျင်များ လှုပ်ခတ်ကုန်သည်။ အားလုံးအထဲ ခံစားချက်အပြင်းထန်ဆုံးလူများမှာတော့ တောင်ပင်လယ်စစ်ပွဲ၌ တိုက်ခိုက်ခဲ့သော သက်တော်ရှည်ကျင့်ကြံသူများပင်။
“မန်ဟိုပဲ”
“မန်ဟို ပြန်လာပြီ”
“သူ ပြန်လာပြီကွ ငါတို့ရဲ့ မိစ္ဆာဘုရင်ကြီး” သူတို့၏အသံများသည် ပျော်ရွှင်ကြည်နူးမှုတို့ဖြင့် ပြည့်နှက်နေပြီး သူတို့မှာ ဝမ်းသာမျက်ရည်များကျနေကြသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက မန်ဟိုမှာ တောင်ပင်လယ်လိပ်ပြာကို ကာကွယ်ဖို့ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောက၏လမ်းကို တားရင်း တိုက်ခိုက်ခဲ့ရသည်။ သူတို့ ထိုမြင်ကွင်းကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။
မန်ဟိုသည် လူအုပ်ကြီးကို ငုံ့ကြည့်ရင်း ပျံဝဲနေစဉ် သူတို့၏ကြွေးကြော်သံများကို ကြားလိုက်ရ၍ မျက်ရည်ဝဲလာ၏။
ရာစုနှစ်ပေါင်းများစွာ လွမ်းနေခဲ့ရသော သူ၏မိသားစုနှင့် ပြန်လည်ဆုံစည်းလိုက်ရသကဲ့သို့ သူ ခံစားနေရလေသည်။
“ငါက မန်ဟို ... ငါ ပြန်လာပါပြီ” သူ့အသံသည် နူးညံ့ပျော့ပျောင်းသော်လည်း ကောင်းကင်ဘုံ (၁၀) အား ဖြိုခွင်းရင်း မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွား၏။ ထို့နောက် သူက ပျံဆင်းလာသည်။
ထိုအပြုအမူက အပြင်သူအားလုံးကို ကြောက်စိတ်တို့ မွှန်ထူသွားစေပြီး မချိတင်ကဲ အော်ဟစ်ကြစေတော့သည်။ သူတို့မှာ မမြင်ရသည့်တောင်ကြီးများ သူတို့ကို အပေါ်မှ ဖိချနေသကဲ့သို့ ခံစားလိုက်ရလေသည်။
ထိုဖိအားသည် မန်ဟိုနှင့် သူ၏အရှိန်အဝါထံမှ လာသည်။ သူ ပျံဆင်းလာနေစဉ် ကောင်းကင်ဘုံ (၁၀) ရှိ အပြင်သူအားလုံး ပေါက်ကွဲကုန်ကြ၏။
“မိစ္ဆာဘုရင်”
“မိစ္ဆာဘုရင်”
“မိစ္ဆာဘုရင်”
“မိစ္ဆာဘုရင်” မရေမတွက်နိုင်သော တောင်ပင်လယ်ကျင့်ကြံသူများသည် လေးစားကြည်ညိုစိတ်အပြည့်ဖြင့် ဝမ်းသာအားရကြွေးကြော်တိုင်တည်ရင်း သူ့ဘေးသို့ ပျံသန်းလာကြ၏။
“အိမ်ပြန်ကြစို့” မန်ဟိုက ပြောသည်။ သူ့ပတ်ပတ်လည်၌ ကျင့်ကြံသူများ စုဝေးလာသည်နှင့်အမျှ ကြွေးကြော်သံများမှာ ပိုမိုကျယ်လောင်လာကြပြီး သူတို့အားလုံး အောက်ဆင်းသွားကြ၏။ သူတို့အနောက်၌ ကောင်းကင်ဘုံ (၁၀)မှာ ပြာထက်မပိုတော့ပေ။
ဤအခိုက်အတန့်၌ တောင်ပင်လယ်လိပ်ပြာ၏အပေါ်တွင် မည်သည့်မြေထုမှ မရှိတော့ပေ။ တုန်ရီလျက် ကျုံ့နေသော ပင်လယ်တစ်စင်းသာ ရှိသည်။
တောင်ပင်လယ်လောသားကျင့်ကြံသူတို့၏ ကြွေးကြော်သံများက အစွမ်းထက်လှိုင်းများကို ထုတ်လွှတ်ရင်း ကျယ်လောင်လာသည်။ နဝမပင်လယ်ကို တိုက်ခိုက်နေသည့် အုပ်စုမှာ မန်ဟို့ကို လှမ်းကြည့်လိုက်ကြ၏။
ဖက်တီးသည် သိသိသာသာ တုန်ရီနေပြီး မန်ဟို့ကို မြင်လျှင်ချင်း အကျယ်ကြီးအော်ရယ်ကာ ပျံသန်းလာသည်။ တခဏကြာသော် သူက မန်ဟို့အရှေ့ရောက်လာကာ သူ၏စည်ပိုင်းကိုယ်လုံးကြီးဖြင့် မန်ဟို့အား သိမ်းကျုံးဖက်လိုက်တော့သည်။
“မန်ဟို မန်ဟို မန်ဟို.... မင်းကွာ နောက်ဆုံးတော့ ပြန်လာပြီပေါ့။ ငါ မင်းကို သိပ်လွမ်းနေတာကွ မင်းကတော့ သိမှာတောင် မဟုတ်ဘူး။ နှစ်နှစ်ထောင်တောင်လေ မင်း စဉ်းစားကြည့်စမ်း။ အတော်များများက မင်း သေပြီလို့ ထင်ကြတာ ငါကတော့ လုံးဝပဲ။ မင်း သေမှာမဟုတ်ဘူးဆိုတာ ငါ သိတယ်။ မန်ဟိုရေ တကယ်ပဲ မင်းကွာ....” ဖက်တီးသည် စိတ်လှုပ်ရှားလွန်း၍ ငိုလည်းငို၊ ရယ်လည်း ရယ်နေ၏။ ကျင့်ကြံသူလောကသို့ စရောက်ခဲ့ကတည်းက သူတို့နှစ်ယောက်မှာ ငယ်ပေါင်းကြီးဖော်ပမာ ဖြစ်ခဲ့၍ မန်ဟိုက ဖက်တီး၏ ခွဲမရသောအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့လေသည်။
မန်ဟိုကလည်း အလားတူစိတ်လှုပ်ရှားစွာဖြင့် ဖက်တီး၏ပခုံးအား ရိုက်လိုက်သည်။
ဖက်တီး၏ တာအိုလက်တွဲဖော်များနှင့် သားမြေးတီတွတ်ကျွတ်များမှာ မျက်လုံးပြူးလျက် ကြည့်နေကြသည်။ သူတို့၏ဂိုဏ်းချုပ် ယခုလိုပြုမူနေသည်ကို မြင်တွေ့ရခြင်းမှာ အင်မတန်အံ့ဩစရာကောင်းလေသည်။ သူတို့အားလုံး အလျင်အမြန် ဒူးထောက်၍ မန်ဟို့အား ဂါဝရပြုလိုက်ကြသည်။
နောက်လူရိပ်တစ်ခု အမြန်ဆုံးလာနေသည်။ ထိုလူရိပ်ကား ... မန်ဟို့အစ်မ၊ ဖန်ယုပင်။
ယခုတွင် သူမသည် အမှန်တကယ် ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးတစ်ဦး ဖြစ်နေချေပြီ။ သူမက မျက်ရည်လည်ရွှဲနှင့် မန်ဟို့အရှေ့၌ ဆင်းသက်ပြီး မန်ဟို့အား ဖက်သည်။
“အစ်မ ကျွန်တော် ပြန်လာပါပြီ....” မန်ဟိုက နူးညံ့နွေးထွေးစွာ ပြောပြီးနောက် အဝေးရှိ ဝမ်ယိုချိုင်အား လှမ်းကြည့်လိုက်၏။ ရာစုနှစ်ပေါင်းများစွာတိုင်အောင် ဝမ်ယိုချိုင်၏အမူအရာသည် အမြဲတမ်း တင်းမာခက်ထန်နေခဲ့သော်လည်း ယခုမူ သူကား စိတ်လှုပ်ရှားစွာ ပြုံးနေလေသည်။
သူ့ကို လှမ်းကြည့်၍ အားပါးတရ ရယ်နေသော ခိတိဂဗ္ဗကိုလည်း မန်ဟို မြင်လိုက်ရသည်။ ထို့နောက် သူ့ကို နူးညံ့ကြင်နာစွာ ကြည့်ရင်း မျက်ရည်များစီးကျနေသော ဘိုးဘိုးမန်။
အဘွားအိုအရွယ် လီလင်းအာလည်း ရှိနေသည်။ ကျင်ရှန်းလည်း အတိတ်ကို ပြန်တွေးနေသည့်အလား ငေးငိုင်နေသည့်အမူအရာဖြင့် လူကြားထဲတွင် ဖြစ်သည်။ သို့သော် သူမမှာ စိတ်လှုပ်ရှားနေသလို၊ ဝမ်းလည်း ဝမ်းသာနေသည်။
ထို့နောက် မန်ဟို့ယောက်ဖ စွန်းဟိုက်။ မန်ဟို့ကို မြင်မြင်ချင်း သူ့မှာ စိတ်လှုပ်ရှားနေပုံရသော်လည်း အတန်ငယ်ထိတ်လန့်နေပုံလည်း ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် မာန်လည်းတက်သွား၏။ သူက မန်ဟို့ယောက်ဖ မဟုတ်လော...
ရင်းနှီးသောမျက်နှာများအကြားတွင် ခဲကျုံစစ်သည် မန်ဟို့ကို ကြည့်၍ နွေးထွေးစွာ ပြုံးနေ၏။ မန်ဟို မည်မျှအစွမ်းထက်လာခဲ့ပါစေ၊ ခဲကျုံစစ်အတွက်တော့ မန်ဟိုသည် ညီငယ်လေးဖြစ်နေဆဲပင်။
နောက်ဆုံးတော့ မန်ဟိုက တောင်ပင်လယ်လိပ်ပြာအား ငုံ့ကြည့်လိုက်သည်။ သူ့အဖေနှင့် အမေ၊ သူတို့ဘေး၌ ရပ်နေသော သူ့ဇနီးရှုချင်ကို သူ မြင်လိုက်သည်။ ထိုအခိုက်အတန့်လေးတွင် သူ့နှလုံးသားထဲ၌ နှစ်ပေါင်းများစွာ လစ်လပ်နေခဲ့သော နွေးထွေးမှုတို့ ပြည့်နှက်နေရာယူသွားလေ၏။
“ကျွန်တော် ပြန်လာပြီ”