← Chapters

ဘယ်သူက အရိုးတခြား အသားတခြားဖြစ်အောင်လုပ်မှာလဲ

Vol. 47 Ch. 653

ဘယ်သူက အရိုးတခြား အသားတခြားဖြစ်အောင်လုပ်မှာလဲ

Vol. 47 Ch. 653

အခန်း (၆၅၃) ဘယ်သူက အရိုးတခြား အသားတခြားဖြစ်အောင်လုပ်မှာလဲ

တာ့ရွှမ်တိုင်းပြည်က လုံ့လစိုက်ထုတ်ကာ သေသေချာချာ ပြင်ဆင်ထားသည့်  “ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” က အချိန်မတန်ခင် ပေါက်ကွဲသွားခဲ့သည်။

ထို့ပြင် ကုစားမရသောအတိုင်းအတာဖြင့် အပြည့်အဝ ပေါက်ကွဲခဲ့ခြင်း မဟုတ်ပေ။ မျှော်စင်နယ်မြေ တောင်ဘက်စွန်းတွင် ကန့်သတ်ထားသော အစီအရင်သည်သာ အသက်သွင်းခံရခြင်း ဖြစ်၏။

သို့သော် တစ်လုံးတစ်ဝ တစ်စုတစ်စည်းတည်းဖြစ်နေသော အစီအရင်ကြီး၏ ထောင့်တစ်နေရာ ရုတ်တရက် အသက်သွင်းခံရခြင်းက အစီအရင်တစ်ခုလုံး ချို့ယွင်းချက် ဖြစ်သွားစေသည်။

အဆင်သင့်ဖြစ်နေသော ကြီးမားသည့်အစီအရင်ကြီးသည် ချက်ချင်းပင် တည်တံ့မှုအား လျော့နည်းသွားသည်။

မော်လူကျွန်း‌ဒေသ အဝေးတစ်နေရာတွင် မြောက်ပင်လယ်ဓားနန်းတော်နှင့် အခြားသော တာ့ရွှမ်တော်လှန်ပုန်ကန်သူများကို တိုက်ခိုက်ရန်အသင့်စောင့်နေသည့် ဧကရာဇ်ရွှမ်မုနှင့် အခြားသူများ အကြီးအကျယ် တုန်လှုပ်သွားကြသည်။

မော်လူကျွန်းဒေသ ၊ ဓားချီကမ္ဘာထဲတွင် မြောက်ပင်လယ်ခန်းမသခင် ‘ကုဟုန်’ နှင့် အခြားသူများသည်လည်း အခြေအနေတစ်စုံတစ်ခုမှားယွင်းနေကြောင်း သိသွားကြသည်။

နှစ်ဘက်ကြား ထိပ်တိုက်ရင်ဆိုင်မှုက ပိုမိုရှုတ်ထွေးလာပြီး တိုက်ပွဲတစ်ခုဖြစ်ပွားသည်ထက်ပင် သူတို့စိတ်အာရုံများ ပိုမိုတင်းကျပ်လာကြသည်။

ထိုအချိန် မျှော်စင်နယ်မြေ၏ ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်ရာ မိုးကြိုးမုန်တိုင်းများနှင့်အတူ မီးတောက်မီးလျှံများ ကျဆင်းလာပြီး ကောင်းကင်ထက်မှ အလွန်ကြီးကျယ်ခမ်းနားသော အလင်းတိုင်လုံးကြီးတစ်ခု ကျဆင်းလာသည်။

ထို အလင်းတိုင်လုံးကြီးက မိုင် (၅၀) ခန့်ရှည်လျားပြီး အလင်းတိုင်လုံးကြီးဟု ဆိုရသော်လည်း အောက်ဘက်မှ ကမ္ဘာမြေပြင်အား အလင်းမျက်နှာပြင်ပေါင်းများစွာဖြင့် ဝိုင်းရံထိုးနှက်ထားသည်။

အနီရောင်တစ်ဝက် ၊ ခရမ်းရောင်တစ်ဝက် မိုးကြိုးမီးတောက်များက ကြောက်မက်ဖွယ်ရာ ပေါက်ကွဲစေသော စွမ်းအားများဖြင့် ရောယှက်နေသည်။

၎င်း အလင်းတိုင်လုံးကြီးက ပင်လယ်ရေမျက်နှာပြင်ကို ပြင်းပြင်းထန်ထန် ထိမှန်ပြီး ပင်လယ်ရေအားလုံးကို အငွေ့ပျံသွားစေသည်။

ပင်လယ်ရေအောက်ကြမ်းပြင်မှ မြေအောက်မီးတောက်များ တဟုန်ထိုးထွက်ပေါ်လာပြီး မြေလွှာများပင် အက်ကွဲစ ပြုလာသည်။

ထို မြေအောက်မီးတောက်များက ကောင်းကင်ထက်မှဆင်းသက်လာသော ကြီးမားသည့် အလင်းတိုင်လုံးကြီးနှင့် တိုက်ခိုက်မိပြီး မိုးကြိုးကပ်ဘေး အသံနက်ကြီးထွက်ပေါ်လာသည်။ သို့သော် ခဏအတွင်းမှာပင် မျှခြေအဖြစ် သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှ များပြားလှစွာသော ပင်လယ်ရေများ အငွေ့ပျံသွားပြီး “ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” မှ မူလ ဝိညာဉ်သင်္ကေတများ အဆက်မပြတ် ပုံပျက်သွားကြသည်။

ပင်လယ်၏နက်နဲရာဒေသမှ မြေအောက်မီးတောက်မီးလျှံများ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာ မြင်ကွင်းများ ဖြစ်ပေါ်လာပြီး ဗလာနယ်လေထုနှင့် အချိန်ကာလ အားလုံး အက်ကွဲသွားတော့မည့်အလား ထင်မှတ်ရသည်။

ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်နှင့်အတူ ထိုနေရာအနားသို့ အေးအေးဆေးဆေး တိုးကပ်လာပြီး ခန်းကျင်းယွမ်ကို အပြင်သို့ လွှတ်ရန် စီစဉ်လိုက်၏။

ခန်းကျင်းယွမ်ကို လွှတ်ပေးရန် အသင်္ချေနဂါးနန်းတော်တံခါး ဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် အနီရောင်တစ်ဝက် ၊ ခရမ်း‌ရောင်တစ်ဝက်ဖြင့် ကောင်းကင်မှ ဆင်းသက်လာသော ကြောက်မက်ဖွယ်ရာ အလင်းတိုင်လုံးကြီးကို သူ့အရှေ့တွင် တွေ့လိုက်ရသည်။

သူ့မျက်နှာက ချက်ချင်းပင် စိမ်းဖန့်ဖန့် ဖြစ်သွားပြီး...

“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်က ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်သွားရတာလဲ”

ရန်ကျောက်ကဲက သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏စွမ်းအားနှင့်‌ ပေါင်းစည်းပြီး ခန်းကျင်းယွမ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလင်းလှောင်အိမ်တစ်ခု ဖြစ်တည်စေလိုက်သည်။ ထို့နောက် ထိုအလင်းလှောင်အိမ်ကို ကြောက်မက်ဖွယ်ရာ အလင်းတိုင်ကြီးအတွင်းသို့ တွန်းချလိုက်လေတော့၏။

ခန်းကျင်းယွမ် ခန္ဓာကိုယ်တစ်ခုလုံးမှ အမွေးများထောင်သွားပြီး...

“မင်း ဘာလုပ်တာလဲ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“မင်း နားမလည်သေးဘူးလား ၊ မင်းရဲ့ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းက ဒီတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမယ်လို့ မင်း ထင်သလား”

ရန်ကျောက်ကဲက ဟက်ခနဲ ရယ်မောရင်း...

“ဒါက အချိန်မတန်ခင် အသက်သွင်းထားတဲ့ ‘ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်’ ရဲ့ ထောင့်တစ်နေရာပဲ ၊ အခု ဒီနေရာက ကောင်းကင်မီးတောက်နဲ့ မိုးကြိုးကပ်ဘေး အဖျက်စွမ်းအားကလည်း အစီအရင်တစ်ခုလုံး အသက်ဝင်လာတဲ့အချိန်ထက် လျော့နည်းမှာ မဟုတ်ဘူး”

ခန်းကျင်းယွမ်က သူ့ကို စူးစိုက်ကြည့်ရင်း...

“ငါ့မိဘတွေက မင်းကို တစ်စစီလုပ်ပစ်လိမ့်မယ်”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ကြောက်လိုက်တာ...”

ပြောပြီးသည်နှင့် သူက ခန်းကျင်းယွမ်နှင့် နက်ရှိုင်းကြေးမုံချပ်ဝတ်အားလုံးကို ချုပ်နှောင်ထားသည့် အလင်းလှောင်အိမ်အား ကြောက်မက်ဖွယ်ရာအ လင်းတိုင်ကြီးဆီသို့ ဖြည်းဖြည်းချင်း တွန်းလွှတ်လိုက်သည်။

ခန်းကျင်းယွမ်ကို ကာကွယ်ပေးထားသော နက်ရှိုင်းကြေးမုံချပ်ဝတ်က ထိတ်လန့်သွားသည့်အလား အနည်းငယ် တုန်ခါသွားသည်။ ခန်းကျင်းယွမ် ကိုဘ်တိုင်လည်း သူ့အပေါ် ကျရောက်လာမည့် သေမင်းအရိပ်ကို ခံစားနိုင်သည်။

ကျောရိုးထဲစိမ့်လာသောခံစားချက်က မထင်မှတ်ဘဲ ပြင်းထန်လာသည်။

နောက်ဆုံး ခန်းကျင်းယွမ်က တောင်းပန်စကားဆိုလိုက်၏။

“မင်းရဲ့ ရတနာပစ္စည်းတွေကို ငါ မလိုချင်တော့ဘူး ၊ ပြီးတော့ နောက်လည်း မင်းကို ပြဿနာမရှိတော့ဘူး ၊ ရပြီလား...”

“မင်းရဲ့ တောင်းပန်တဲ့လေသံက ဘာလို့ ဒီလောက်အဆင်မပြေရတာလဲ”

ရန်ကျောက်ကဲက ရယ်မောရင်းဆိုသည်။

“ငါ့မှာရှိတဲ့ ရတနာပစ္စည်းတွေက အစကတည်းက ငါ့ပစ္စည်းတွေလေ ၊ မင်းနဲ့ ဘာဆိုင်လို့လဲ ၊ မင်းကိုယ်မင်း ဘာကောင်များထင်နေသလဲ”

သူ၏လှုပ်ရှားမှုက ရပ်တန့်မသွားဘဲ ခန်းကျင်းယွမ်ကို ရှေ့ဆက်တွန်းထုတ်ရင်း...

“မင်းရဲ့ နောက်ခံဇာစ်မြစ်က ကောင်းမွန်တယ်ဆိုတာ ငါသိပါတယ် ၊ မင်းတို့ဘိုးဘေးတွေကလည်း အရမ်းတော်တဲ့ ကျင့်ကြံသူတွေဆိုတာ ငါ ခန့်မှန်းနိုင်တယ် ၊ ဒါပေမဲ့ မင်းကတော့ သိုင်းသူတော်စင် တတိယအဆင့်ရောက်နေတာတောင် သောက်သုံးမကျတာ အမှန်ပဲ”

“မင်းတို့က အချိန်ရဲ့ လျှို့ဝှက်ချက်ကို ထဲထဲဝင်ဝင်မြှုပ်နှံထားတဲ့ သိုင်းပညာကို လေ့ကျင့်ကြတယ် ၊ မင်းရဲ့ မိသားစုနောက်ခံကြောင့် မင်းက တခြားသူတွေထက် လွယ်လွယ်ကူကူ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခဲ့တယ် ၊ ပြီးတော့ ဒီလို အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းမျိုး မင်းကိုပေးထားကတည်းက မင်းရဲ့မိသားစုက မင်းကို အရမ်းချစ်ခင်တယ်ဆိုတာ ထင်ရှားတယ် ...”

“အမှန်တော့ မင်းက သိုင်းပညာမှာ ပါရမီရှိတယ် ၊ မဟုတ်ရင် ဘယ်လောက်ပေါများတဲ့ ရတနာပစ္စည်းတွေ ရရှိပါစေ သိုင်းသူတော်စင်တတိယအဆင့်ကို တက်ရောက်နိုင်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ မင်းရဲ့ အားနည်းချက်က မင်းရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ် မတည်ငြိမ်တာကို လျစ်လျူရှုခဲ့မိတာပဲ ၊ အဲဒါကြောင့် မင်းရဲ့ကျင့်ကြံခြင်းအဆင့် မြင့်မားလာပေမယ့် အသုံးမကျဖြစ်နေရတာ”

ရန်ကျောက်ကဲက ဆက်ပြောသည်။

“မင်းအဆင့်က သိုင်းသူတော်စင် ပထမအဆင့်ရှိတဲ့ ယန်ကျောက်ကဲကျန်းလောက်ပဲ ရှိတယ် ၊ ဆိုတော့... ခြေတစ်လှမ်းချင်းတိုင်းမှာ ဝီရိယစိုက်ထုတ်ကျင့်ကြံခဲ့တဲ့ သိုင်းသူတော်စင်တွေနဲ့ မင်းက မယှဉ်နိုင်တာ အမှန်ပဲ”

ထိုစကားများကိုကြားတော့ ခန်းကျင်းယွမ် ဒေါသထွက်လာပြီး မျက်နှာတစ်ခုလုံး နီရဲလာသည်။

“မင်း လွန်လာပြီနော် ၊ ဒီသခင်လေးလက်နဲ့ မင်းကို မသတ်နိုင်ပေမယ့် မင်း အရိုးတခြားအသားတခြား ဖြစ်စေရမယ်လို့ အာမခံတယ်”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ကောင်းတာပေါ့ ၊ အခုတော့ ငါက မင်းကို အရင်ဆုံး အရိုးတခြား အသားတခြားဖြစ်အောင် လုပ်ရလိမ့်မယ်”

ကြောက်မက်ဖွယ်ရာ အလင်းတိုင်လုံးကြီးနှင့် မလှမ်းမကမ်းသို့ ရောက်လာချိန်တွင် ပေါက်ကွဲထွက်နေသော မီးတောက်များနှင့် မိုးကြိုးစွမ်းအားများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။

မိုးကြိုးမီးတောက်များနှင့် ထိတွေ့မိသည်နှင့် အလင်းလှောင်အိမ်က အရင်ဆုံး ပျက်ဆီးသွားသည်။

ခန်းကျင်းယွမ်ကို အလင်းတိုင်လုံးကြီးအတွင်း တွန်းချပြီးနောက် ရန်ကျောကက်ကဲက သူ့ကိုယ်သူ ပြန်ရုန်းထွက်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မီးတော်ကများ ၊ မြေပြင်မီးတောက်များနှင့် မိုးကြိုးကပ်ဘေးတို့က နက်ရှိုင်းကြေးမုံချပ်ဝတ်ကို တစ်ပြိုင်နက်တည်း ပြင်းထန်စွာ ရိုက်ခတ်လာသည်။

အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းမှာ ခုခံစွမ်းအား မြင့်မားသည့်တိုင် အချိန်မရွေးပေါက်ကွဲထွက်တော့မည့်အလား တုန်လှုပ်နေသည်။

ခန်းကျင်းယွမ်က လွတ်မြောက်ရန် ကြိုးစားသော်လည်း အလင်းတိုင်လုံး အပြင်ဘက်တွင်ရှိနေသည့် ရန်ကျောက်ကဲက သူသွားမည့်လမ်းကို စည်းတံဆိပ်ခတ် ပိတ်ဆို့လိုက်၏။

သင်္ချိုင်းမြေပင်မရှိဘဲ သေရမည့်အရေး တွေးမိသည့်အခါ ခန်းကျင်းယွမ်စိတ်ထဲ အကြောက်တရားက လွှမ်းခြုံသွားသည်။

“မင်း ငါ့ဆီက ဘာသိချင်လို့ ဒီလိုလုပ်တာလဲ”

စိတ်မထိန်းနိုင်ဘဲ ခန်းကျင်းယွမ် အော်ဟစ်လိုက်သည်။

ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားပြီး...

“မင်းက နည်းနည်းတော့ ဉာဏ်ကောင်းတယ် ၊ အရိပ်ပြရင် အကောင်မြင်သားပဲ”

ခန်းကျင်းယွမ်က ဘေးသို့အနည်းငယ်ရွှေ့လိုက်ပြီး အတွင်းမှ ရုန်းထွက်ရန် ဟန်ပြင်လိုက်စဉ် ချက်ချင်းပင် ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...

“မင်းတို့တွေဘာလို့ ယွဲ့ပေါင်ချီကို လိုချင်နေရတာလဲ”

ခန်းကျင်းယွမ်က ရန်ကျောက်ကဲကို ရွံလျှာစွာ ၊ ကြောက်ရွံ့ထိတ်လန့်စွာဖြင့်ကြည့်ရင်း နှာတစ်ချက်မှုတ်လိုက်သည်။

“ဒီသခင်လေးက သူ့ကို ကြင်ယာတော်မြှောက်ချင်တယ်လို့ ဧကရာဇ်ရွှမ်မုကို တောင်းဆိုထားလို့လေ...”

ရန်ကျောက်ကဲက ညင်သာစွာဖြင့်...

“အမှန်ကိုမပြောရင်တော့ ဒီ အလင်းတိုင်လုံးအောက်ထဲသွားပြီး မင်း သေလိုက်တော့

ပြောပြီးသည်နှင့် ခန်းကျင်းယွမ်ကို ကြောက်မက်ဖွယ်ရာအလင်းတိုင်ကြီး၏ ဗဟိုချက်ဆီသို့ တွန်းပို့လိုက်သည်။

ခန်းကျင်းယွမ် ဝိညာဉ်လွင့်လုမတတ် တုန်လှုပ်သွားပြီး...

“ရပ်စမ်း ရပ်စမ်း... ဒီ သခင်လေး မင်းကို ပြောပြမယ်”

ခန်းကျင်းယွမ်က ဆက်ပြောသည်။

“ငါ့မိဘတွေက သူ့ကိုရှာနေကြတာ ၊ သူတို့က အသက်ရှင်လျက် လိုချင်ကြတယ် ၊ အရင်တုန်းကတော့ သူ ဘယ်သူလဲဆိုတာ မသိခဲ့ဘူး ၊ ဒါပေမဲ့ သူ့ရဲ့ပန်းချီကားကို တာ့ရွှမ်တိုင်းပြည်ကလူတွေတွေ့သွားတော့ မြောက်ပင်လယ်ဓားခန်းမက ယွဲ့ပေါင်ချီဆိုတာ သိခဲ့ရတာ”

“ဒါပေမဲ့... သူ့ကို ဘာလို့ရှာချင်ရတာလဲဆိုတာတော့ ဒီသခင်လေး တကယ်မသိပါဘူး”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း..

“အင်း... ဒါကတော့ တကယ်ပဲ...”

ထိုစဉ် အဝေးမှထွက်ပေါ်လာသော ပြင်းထန်သည့်ရောင်ဝါများကို ခံစားလိုက်ရသဖြင့် ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ် တုန်ခါသွားသည်။

ထို ရောင်ဝါများက မတူညီသောလမ်းကြောင်းများမှ ရောက်ရှိလာခြင်း ဖြစ်၏။

သူ လှမ်းကြည့်လိုက်တော့ အရှေ့တောင်ဘက်ဆီမှ ရေစီးဆင်းသည့်ပမာ ဓားအလင်းတန်းတစ်ခု ရောက်ရှိလာသည်ကို တွေ့ရပြီး အချိန်ကိုနှေးကွေးသွားစေကာ ဗလာနယ်ကို အက်ကွဲသွားစေသည်။

အနောက်တောင်ဘက် မိုးကုတ်စက်ဝိုင်းဆီမှ အဆုံးမရှိသောစွမ်းအားကို ပိုင်ဆိုင်သည့် တောက်ပသောအလင်းရေင်တစ်ခု ထွက်ပေါ်လာသည်။

All Chapters