← Chapters

ဒဏ္ဍာရီဆန်သောအံ့သြဖွယ်ရာလုပ်ရပ်

Vol. 47 Ch. 654

ဒဏ္ဍာရီဆန်သောအံ့သြဖွယ်ရာလုပ်ရပ်

Vol. 47 Ch. 654

အခန်း (၆၅၄) ဒဏ္ဍာရီဆန်သောအံ့သြဖွယ်ရာလုပ်ရပ်

အရှေ့တောင်ဘက်ဆီမှ စီးဆင်းလာသောရေပမာ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုဓားရောင်ဖြတ်သန်းသွားရာနေရာတိုင်းတွင် အချိန်စီးဆင်းမှု ကမောက်ကမ ဖြစ်ကုန်သည်။ ထိုသိုင်းပညာက ခန်းကျင်းယွမ်အသုံးပြုသော အချိန်ရေစီးကြောင်းဓားသိုင်းဖြစ်သလို ထာဝရအလင်းကောင်းကင်ကျမ်းစာလည်း ဖြစ်၏။

အနောက်တောင်ဘက်မှ အဆုံးမရှိ ၊ အတိုင်းအဆမရှိသော အလင်းရောင်များတောက်ပလာပြီး မိုးကုတ်စက်ဝိုင်းထက်တွင် နေနှင့်လ တစ်ပြိုင်တည်းတောက်ပလာကြောင်း တွေ့မြင်ရသည်။ ထိုအရာမှာ ရန်ကျောက်ကဲနှင့် ရင်းနှီးပြီးသားဖြစ်သော ကွမ်းမင်ဂိုဏ်းမှ ‘နေလကျင့်စဉ်’ ဖြစ်သည်။

အရှေ့တောင်ဘက်မှ အရှိန်အဟုန်ပြင်းစွာထွက်ပေါ်လာသော ဓားအလင်းတန်းကိုမြင်တော့ ခန်းကျင်းယွမ်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

“ငါ့ကို အမြန်လာကယ်စမ်း...”

ကူမည့်သူရောက်လာသဖြင့် ပျောက်ဆုံးသွားသောသတ္တိများလည်း ပြန်ရောက်လာပြီး  ခန်းကျင်းယွမ်က ရန်ကျောက်ကဲ၏ ဖိနှိပ်မှုကို တွန်းလှန်ရန် စွမ်းအားကုန် အသုံးပြုလိုက်သည်။

ရှည်လျားသည့် မြစ်တစ်စင်းနှင့်တူသော ဓားအလင်းတန်း၏ တန်ပြန်တိုက်ခိုက်မှုက ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားဆီသို့ ပျံ့နှံ့သွားသည်။

ရန်ကျောက်ကဲက အေးစက်စွာရယ်မောလိုက်ပြီး သူနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့ တစ်ပြိုင်တည်း တန်ခိုးစွမ်းအားထုတ်ဖော်ကာ ခန်းကျင်းယွမ်နှင့် နက်ရှိုင်းကြေးမုံချပ်ဝတ်တို့ကို အလင်းတိုင်လုံးကြီး၏ ဗဟိုချက်ဆီသို့ တွန်းလွှတ်လိုက်၏။

ခန်းကျင်းယွမ် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

မျှော်စင်နယ်မြေတွင် ပေါက်ကွဲသွားရုံဖြင့် ကြီးမားသောအစီအရင်ကြီးက ပျက်ဆီးသွားမည် မဟုတ်ပေ။ သို့သော် ယခု ကောင်းကင်ထက်မှ ကျဆင်းလာသော မိုးကြိုးမီးလျှံများ တဖြည်းဖြည်း ပြိုကွဲသွားပြီး ကြီးကျယ်ခမ်းနားသောစွမ်းအားကြီးက မီးတောက်ပေါက်ကွဲသည့်အလား ထွက်ပေါ်လာသည်။

အလင်းတိုင်လုံးကြီးက တဖြည်းဖြည်း ထူထဲလာပြီး ပတ်ဝန်းကျင်နေရာများကို ဝါးမျိုဖျက်ဆီးပစ်စပြုလာသည်။

ဒါကိုမြင်တော့ သူလည်း ဆက်နေ၍မရတော့ကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်သည်။ မဟုတ်ပါက သူသည်လည်း အစီအရင် ပေါက်ကွဲစွမ်းအားများဖြင့် အသက်ပျောက်သွားနိုင်သည်။

သူက ပခုံးတစ်ချက်တွန့်ရင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ အသင်္ချေနဂါးနန်းတော်အတွင်းသို့ ဝင်ရောက်သွားပြီး အဝေးတစ်နေရာမှ ပင်လယ်ရေပြင်အောက်သို့ အရှိန်အဟုန်ဖြင့် ငုပ်လျှိုးသွားသည်။

အလင်းတိုင်လုံးများဝန်းရံထားသော ပင်လယ်ပြင်ကတော့ မီးတောက်မီးလျှံများ တဟုန်းဟုန်းတောက်လောင်နေပြီး မိုးမြေတစ်ခွင် ပြောင်းပြန်လန်သည့်အလား ခံစားရသည်။

ရန်ကျောက်ကဲ လှမ်းကြည့်လိုက်တော့ အရှေ့တောင်ဘက်မှရောက်လာသည့် ရေစီးကြောင်းပမာ ဓားအလင်းတန်းက အလင်းတိုင်လုံးကြီးအနား ရောက်လာသည့်အခါ ရပ်တန့်သွားပြီး လူငယ်တစ်ယောက်ပုံရိပ် ပေါ်လာသည်။

ထိုလူငယ်က အဖြူရောင်ဝတ်ဆင်ထားပြီး ခန်းကျင်းယွမ်နှင့် ရုပ်ချင်းဆင်တူသော်လည်း ပိုမိုရင့်ကျက်ပြီး အတွေ့အကြုံရှိပုံရသည်။

“ခန်းမောက်ရှန်း...”

အစပိုင်းတွင် အော်ဟစ်အကူအညီတောင်းနေခဲ့သော ခန်းကျင်းယွမ်သည် ရောက်လာသူကို တွေ့ရပြီးနောက် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

ပေါက်ကွဲထွက်တော့မည့် ကြောက်မက်ဖွယ်ရာအလင်းတိုင်လုံးကြီးအဝေးသို့ ရောက်ရှိသွားသော အသင်္ချေနဂါးနန်းတော်ကို လှမ်းကြည့်ရင်း အဖြူရောင်ဝတ်လူငယ်က သက်ပြင်းချလိုက်၏။

ခန်းကျင်းယွမ်ကို ကယ်ထုတ်ရမည်ဖြစ်သောကြောင့် ထိုလူငယ်က ကြောက်မက်ဖွယ်ရာ အလင်းတိုင်လုံးကြီးဆီ ဆင်းသက်လိုက်သဖြင့် ရန်ကျောက်ကဲနောက်လိုက်ရန် မဖြစ်နိုင်တော့ပေ။

ထိုလူငယ်က ချက်ချင်းပင် လက်တစ်ဖက်ဝှေ့ယမ်းရင်း ဓားအလင်းတန်းကို ဖြန့်ကျက်လိုက်သည်။

သူ၏ဓားကွက်ကိုကြည့်ပြီး ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်၏။

“အိုး ... သူလည်း သိုင်းသူတော်စင် တတိယအဆင့်ဆိုပေမယ့် ခန်းကျင်းယွမ်ထက် အများကြီးသာတယ် ၊ နုန်ယွိရွှမ်ကိုတောင် တစ်ယောက်ချင်းစိန်ခေါ်ဖို့ သေချာပေါက် ဖြစ်နိုင်တယ်”

ထိုအချိန် အနောက်တောင်ဘက်မှ ချဉ်းကပ်လာသော ကွမ်းမင်ဂိုဏ်းမှလူများက တဖြည်းဖြည်း ရပ်တန့်သွားသည်။

ဤနေရာမှာ ‘ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်’ ၏ စုစည်းထားသောစွမ်းအားက ပေါက်ကွဲထွက်တော့မည်ဖြစ်ရာ သူတို့ ရှေ့ဆက်မချဉ်းကပ်ဝံ့ကြတော့ပေ။

ကောင်းကင်ထက်တွင် ကွမ်းမင်ဂိုဏ်းမှအုပ်စုကို ဦးဆောင်လာသူ ပေါ်လာသည်။

ထိုသူက ကြောက်မက်ဖွယ်ရာ အလင်းတိုင်လုံးကြီးကို လှမ်ကြည့်လိုက်ပြီးနောက် အဝေးတစ်နေရာရှိ ပင်လယ်ရေအောက်သို့ ပျောက်ကွယ်တော့မည်ဖြစ်သော အသင်္ချေနဂါးနန်းတော်ဆီသို့ အကြည့်‌ရွှေ့ပြောင်းလိုက်သည်။

ထိုအခါ သူ့မျက်ဝန်းများ ချက်ချင်း တောက်ပသွား၏။

ပင်လယ်ရေအောက်ထဲသို့မရောက်မီ ရန်ကျောက်ကဲ၏မျက်ဝန်းများကလည်း ထိုလူနှင့် အကြည့်ချင်းဆုံသွားသည်။

“အိုး... သူကိုယ်တိုင်ရောက်လာတာပဲ”

ရန်ကျောက်ကဲ မျက်နှာအမူအရာက ထူးဆန်းသွားသည်။

ဤနေရာသို့ လျှင်မြန်စွာရောက်လာသော ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားအုပ်စုကို ဦးဆောင်သူမှာ အခြားသူမဟုတ် ၊ နုန်ယွိရွှမ်ကိုယ်တိုင် ဖြစ်၏။

ရန်ကျောက်ကဲနှင့် အသင်္ချေနဂါးနန်းတော်တို့ ပင်လယ်ရေအောက်ငုပ်လျှိုးပျောက်ကွယ်သွားသည်ကို နုန်ယွိရွှမ် မည်သို့မှမတတ်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။

ရန်သူနောက်သို့ လိုက်ချင်သည့်တိုင် သူ့မျက်လုံးရှေ့မှ ကြောက်မက်ဖွယ်ရာ အလင်းရောင်တိုင်လုံးကြီးက ပေါက်ကွဲထွက်သွားပြီး မိုးကြိုးမီးလျှံများက သူတို့သွားမည့်လမ်းကို အပြည့်အဝ ပိတ်ဆို့ထား၏။

နုန်ယွိရွှမ်နှင့် ကွမ်းမင်ဂိုဏ်းမှလူများ နောက်ပြန်ဆုတ်သွားကြသည်။

နုန်ယွိရွှမ်က ယခုရောက်လာသော အချိန်ရေစီးကြောင်းဓားသိုင်းဆက်ခံသူ ခန်းမောက်ရှန်းကိုလည်း သတိထားမိသည်။ သို့သော် ပေါက်ကွဲဒုက္ခကြီး မိုးခြိမ်းသံနှင့် တောက်လောင်နေသော မီးတောက်များကြားတွင် အမြင်အာရုံက အဆင်မပြေသဖြင့် ထိုသူ၏တည်နေရာကို သိမြင်ရန် ခက်ခဲသည်။

သူနှင့်အတူပါလာသော ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားများအားလုံး အံ့အားသင့်သွားကြသည်။

“ဒါ တကယ်ပဲ ‘ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်’ ပဲ ၊ ကြည့်ရတာ အဲဒါက ပျက်ဆီးစပြုနေပြီ”

“ပျက်ဆီးသွားတာက ထောင့်စွန်းတစ်ခုပဲဆိုပေမယ့် တာ့ရွှမ်တိုင်းပြည်အတွက် လွယ်လွယ်နဲ့ ပြန်တည်ဆောက်နိုင်မယ် မထင်ဘူး ၊ ‘ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်’ မရှိဘဲ တာ့ရွှမ်တိုင်းပြည်အနေနဲ့ မော်လူဒေသက ဓားချီကမ္ဘာကို ကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်”

“ဒီလောက် ဒဏ္ဍာရီဆန်တဲ့ အံ့သြစရာအလုပ်ကို ဘယ်သူကများ လုပ်ခဲ့တာလဲ”

နုန်ယွိရွှမ်က အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ...

“ရန်ကျောက်ကဲလက်ချက်ဖြစ်မှာကို စိုးရိမ်မိတယ်”

သူ့ဘေးနားမှ ကွမ်းမင်ဂိုဏ်း သိုင်းသမားများ အံ့အားသင့်သွားပြီး...

“သိုင်းဆရာသခင်တစ်ယောက်က ဒီလိုတန်ခိုးစွမ်းအားမျိုး ပိုင်ဆိုင်နိုင်ပါ့မလား ၊ သိုင်းသူတော်စင် တတိယအဆင့်ကျင့်ကြံသူတွေတောင် ပြုလုပ်နိုင်မယ့်အရာမျိုး မဟုတ်ဘူး”

နုန်ယွိရွှမ်က...

“ဒီနေရာက အရင်သွားရအောင်”

အလင်းရောင်တိုင်လုံးကြီး ပေါက်ကွဲထွက်သွားပြီး မိုးကြိုးမီးလျှံများနှင့် မြေအောက်မီးတော်များက အဆက်မပြတ်တောက်လောင်လျှက် ပတ်တန်းကျင်ပင်လယ်ပြင်တစ်ခုလုံးအား လောင်ကျွမ်းသွားသည်။

မျှော်စင်နယ်မြေ ၊ မြောက်ပိုင်းရှိ ပင်လယ်ပြင်တွင် ကြီးမားသော မြေကွက်လပ်ကြီးတစ်ခုပေါ်လာပြီး ပင်လယ်ရေများ အငွေ့ပျံပျောက်ကွယ်သွားသည်။

အချိန်အတန်ကြာမှ မိုးမြေတစ်ခွင်ရှိ ဝိညာဉ်စွမ်းအားလှည့်ပတ်မှုများ ပြန်လည်ကောင်းမွန်လာပြီး ကမ္ဘာမြေကြီး၏ ပကတိမီးသွေးကြောများသည်လည်း တဖန်ပြန်လည် ငြိမ်သက်သွားသည်။

ကောင်းကင်ထက်တွင် မိုးကြိုးမီးလျှံအနည်းငယ်ရှိနေသေးသော်လည်း မြေအောက်မီးတောက်များကတော့‌ ပျောက်ကွယ်သွားပေပြီ။

ပတ်ဝန်းကျင်ပင်လယ်မှ ဒီရေမြင့်တက်လာပြီး ‌‌ရေများပျောက်ဆုံးသွားသော ကွက်လပ်ကို တဖြည်းဖြည်းချင်း ပင်လယ်ရေဖြင့် ပြန်ပြည့်သွားစေသည်။

ဤကာလအတွင်း တုန်လှုပ်ချောက်ချားဖွယ် ဒီရေလှိုင်းများနှင့် ပြင်းထန်သောမုန်တိုင်းများ ဖြစ်ပေါ်ခဲ့ပြီး မျှော်စင်နယ်မြေတစ်ခုလုံးသာမက အနီးပတ်ဝန်းကျင်နယ်မြေများကိုပါ ထိခိုက်ခဲ့သည်။

အသင်္ချေနဂါးနန်းတော်ထဲတွင်ရှိနေသော ရန်ကျောက်ကဲက ခေါင်းမော့ကြည့်လိုက်သည်။

အချိန်နှင့် ဗလာနယ်ကို ပုံပျက်လုနီးပါးဖြစ်သွားစေသော ဆူနာမီလှိုင်းလုံးကြီးများ၏ ကြောက်မက်ဖွယ်ရာစွမ်းအားအောက်တွင် နဂါးနန်းတော်ကြီးသည်လည်း တသိမ့်သိမ့်တုန်လျှက် ရှိ၏။

ရန်ကျောက်ကဲက တင်ပျဉ်ခွေထိုင်ရင်း...

“နုန်ယွိရွှမ် ဒီကိုရောက်လာမယ်လို့ ထင်မထားမိဘူး”

“ကြည့်ရတာ... သူက ငါ့ကိုစောင့်ဖမ်းဖို့ တခြားဒေသတစ်ခုခုမှာ စောင့်နေရာကနေ ကျူတောပင်လယ်ဒေသ မြောက်ပိုင်းကို ရောက်လာခဲ့တာ ဖြစ်ရမယ်”

ဖန်းယွင်ရှန်းနှင့် အားဟူတို့က သူ့နံဘေးတွင် ထိုင်နေကြသည်။

ဖန်းယွင်ရှန်းက စကားမဆိုဘဲ ငြိမ်သက်စွာထိုင်နေပြီး အသက်ရှူသံနှင့်အတူ မျက်လုံးများ ဖွင့်ကြည့်လိုက်သည့်အခါ အပြာရောင်အလင်းတန်းများက သူမ၏မျက်ဝန်းများထဲတွင် အဆက်ပြတ် တောက်ပနေသည်။

အားဟူက...

“သခင်လေး... ခန်းကျင်းယွမ် စကားအတိုင်းဆိုရင် သူတို့က ‘စစ်ခုန်’ မိန်းကလေးနဲ့တူတဲ့သူကို တကယ်ပဲ လိုက်ရှာနေတာပေါ့ ၊ သူတို့ရှာနေတဲ့သူက မြောက်ပင်လယ်နတ်သမီး ‘ယွဲ့ပေါင်ချီ’နဲ့ ဆင်တူတဲ့သူတွေပဲ ၊ ဆိုတော့... သူတို့က အစွန်းရောက်ရှစ်ပါးကမ္ဘာက ချန်နင်နဲ့ ချွိယန်ချီတို့လို လျှို့ဝှက်ချက်တွေကို သိနေတာ ဖြစ်ရမယ်”

ဖန်းယွင်ရှန်းနှင့် အားဟူတို့က စစ်ခုန်ချင်း ၊ ချွိယန်ချီ ၊ ချန်နင် ၊ ဟယ်ယင်နှင့် ယွဲ့ပေါင်ချီတို့၏ တို့၏ထူးခြားသောအခြေအနေများနှင့် ပတ်သက်ပြီး သိရှိခဲ့ကြသော ဝါဒတောင်မှလူအနည်းငယ်ထဲတွင် ပါဝင်သည်။

ခန်းကျင်းယန်၏ စကားများထဲမှ အချို့အရာများကို သူတို့ ကောက်ချက်ချနိုင်သည်။

ရန်ကျောက်ကဲက ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...

“ခန်းကျင်းယွမ် မသိတာတွေ အများကြီးရှိသေးတယ် ၊ သူတို့ ရှန်လင်ဓားကိုးလက်က အ‌ရေးကြီးပုဂ္ဂိုလ်တွေလောက်ပဲ ဒီအကြောင်းကို သိကြတယ်ထင်တယ် ၊ ကြည့်ရတာ... ခန်းကျင်းယွမ်ရဲ့ မိဘတွေပဲ”

“သူတို့က စစ်ခုန်ချင်း ၊ ချွိယန်ချီ ၊ ဟယ်နင် ၊ ယွဲ့ပေါင်ချီနဲ့ ဆင်တူတဲ့သူတွေကို သတိပြုမိနေသလား ၊ ဒါမှမဟုတ် သူတို့မှာ အဲဒီလိုလူတွေ ရှိနေပြီလား မပြောနိုင်ဘူး”

ရန်ကျောက်ကဲက ခေါင်းကိုအနည်းငယ်မော့ကာ စဉ်းစားရင်း...

“ပြီးတော့ ရှန်လင်ကျီရဲ့ အဆက်အနွယ်တွေက တာ့ရွှမ်တိုင်းပြည်ကို စေတနာသန့်သန့်နဲ့ ကူညီပေးနေတာ မဟုတ်ဘူးလို့ ငါ ခံစားရတယ် ၊ သူတို့မှာ တခြားရည်ရွယ်ချက် ရှိရမယ်”

“လောလောဆယ်မှာ ငါတို့ မဆုံးဖြတ်နိုင်သေးတာက... သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာပဲ ၊ ဂိုဏ်းတူညီမလေး’စစ်ခုန်’ နဲ့တူတဲ့သူတွေကို လိုက်ရှာဖို့လား ၊ ဒါမှမဟုတ် သူတို့ရဲ့ မူလရည်ရွယ်ချက်အတွက် ကြိုးစားရင်း သဲလွန်စတွေ လိုက်ရှာနေတာလား ၊ နောက်ဆက်တွဲပြဿနာတွေကို ဖန်တီးချင်တာလား မသိနိုင်ဘူး”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ကာစဉ်းစားရင်း ဖန်းယွင်ရှန်းကို မေးလိုက်သည်။

“ယွင်ရှန်း... မင်း အခု ဘယ်လောက်ကြာကြာ ထိန်းထားနိုင်ပြီလဲ”

ဖန်းယွင်ရှန်းမျက်ဝန်းထဲမှ အပြာရောင်အလင်းတန်းက မှိန်သွားလိုက် တောက်ပလာလိုက်ဖြင့် တစ်ခါတစ်ရံမှာတော့ အလွန်အမင်း လင်းလက်တောက်ပလာသည်။

သူမက...

“အခု (၄)စက္ကန့်လောက်ထိန်းထားနိုင်ပြီ...”

All Chapters