← Chapters

ခွေးအိုကြီး... ငါကပဲ မင်းကိုပညာပေးမယ်

Vol. 47 Ch. 658

ခွေးအိုကြီး... ငါကပဲ မင်းကိုပညာပေးမယ်

Vol. 47 Ch. 658

အခန်း (၆၅၈) ခွေးအိုကြီး... ငါကပဲ မင်းကိုပညာပေးမယ်

အနီးပတ်ဝန်းကျင်တွင် အချိန်ရေစီးကြောင်းဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ အ‌တော်လေး အံ့အားသင့်သွားသည်။

‘ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး’ အတွင်းမှ ထွက်လာလာချင်း ရှန်လင်ဓားကိုးလက်မှလူတစ်ယောက်နှင့် ချက်ချင်းပင် ကြုံတွေ့ခဲ့ရသည် မဟုတ်လား။

သို့သော် ဓားဝိညာဉ်က ရန်ကျောက်ကဲရှိရာသို့ ဝင်ရောက်မလာဘဲ ဒီအတိုင်း ဖြတ်သွားဖြတ်လာဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

‌ရေစီးကြောင်းပမာ ဓားအလင်းတန်း ကောင်းကင်ထက်မှ ဖြတ်သန်းသွားသည်နှင့် အချိန်နှင့် ဗလာနယ်လေထုတို့ ရွေ့လျားနှုန်းက နှေးကွေးသွားသည်။

ထိုသူက ‘ခန်း’ သခင်မ မဟုတ်ပေ။ အချိန်ရေစီးကြောင်းဓားသိုင်း ကျင့်ကြံထားသည့် အခြားသောသိုင်းသမားတစ်ယောက် ဖြစ်သည်။

ရန်ကျောက်ကဲက တစ်ချက်အာရုံခံလိုက်ပြီး...

“ခန်းကျင်းယွမ်နဲ့ ဟို အဖြူရောင်ဝတ်လူငယ်လိုပဲ သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ၊ ဒါပေမဲ့ သူက အဖြူရောင်ဝတ်လူငယ်ထက်စွမ်းအားနည်းပြီး ခန်းကျင်းယွမ်ထက် စွမ်းအားပိုပြီးမြင့်မားတယ်... ဟက်... ဘယ်သူများလဲ”

မွှေးရနံ့တစ်ခုက ရန်ကျောက်ကဲနှာခေါင်းထဲ ရုတ်တရက် ပျံ့လွင့်လာသဖြင့် သူ အံ့အားသင့်သွားသည်။

“ဒါ ဒီလူရဲ့ခန္ဓာကိုယ်ကနေ ထုတ်လွှတ်တဲ့ရနံ့လား ၊ ဒါက ကောင်းကင်ပွဲတော်အမွှေးနံ့သာပဲ”

ကျင့်ကြံခြင်းမြင့်မားသော သိုင်းကျင့်ကြံသူများက ပစ္စည်းများသယ်ဆောင်ရာတွင် အရိပ်ကျုံ့အိတ်များတွင် ထည့်သွင်းသယ်ဆောင်လေ့မရှိဘဲ ကိုယ်တိုင်ကိုယ်ကျ သယ်ဆောင်တတ်ကြသည်။ သို့သော် ထို ပစ္စည်းများ၏ရောင်ဝါ မပေါက်ကြားစေရန် သူတို့၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖုံးကွယ်ထားလေ့ရှိကြ၏။

ခြွင်းချက်အနေဖြင့် ရတနာပစ္စည်းက အလွန်တရာအစွမ်းထက်မှသာ သိုင်းကျင့်ကြံသူက ထိုပစ္စည်း၏ရောင်ဝါကို တားဆီးနိုင်စွမ်းမရှိခြင်း ဖြစ်နိုင်သည်။  ရန်ကျောက်ကဲသိသလောက် ထိုသို့သောပစ္စည်းမျိုးကလည်း အနည်းငယ်သာရှိ၏။

ရုတ်တရက် ထွက်ပေါ်လာသောရနံ့သည် သစ်ခွနှင့် ကတိုးနံ့ရောနှောထားပြီး မြေသင်းရနံ့လည်းပါဝင်သည်။ မွှေးရနံ့က ထူးထူးခြားခြားမရှိသော်လည်း သံသယဖြစ်စရာ ရှိလာသည်။

ရန်ကျောက်ကဲသိသလောက် ထိုမွှေးရနံ့က ‘ကောင်းကင်ပွဲတော်မွှေးရနံ့’ ဆိုသော ရတနာတစ်ခုနှင့် အလွန်ဆင်တူသည်။

သို့ပေသိ ကောင်းကင်ပွဲတော်အမွှေးနံ့သာတွင် ပါဝင်ပစ္စည်းများက အလွန်ရှားပါးသဖြင့် ပြုလုပ်ရန်မလွယ်ကူပေ။ အလွန်တန်ဖိုးကြီးပြီး အကန့်အသတ်ဖြင့်သာ အသုံးပြုကြရသည်။

ရှန်လင်ဓားကိုးလက်မှ လူတစ်ယောက်က အဘယ့်ကြောင့် ထိုသို့သောရတနာပစ္စည်းမျိုးကို ပိုင်ဆိုင်ရပါမည်နည်း။ သို့မဟုတ် တိုက်ဆိုင်မှုတစ်ခုများလား။

ရှန်လင်ကျီ အဆက်အနွယ်များက သလင်းကျောက်စိမ်းအဆက်အနွယ်မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ချိတ်ဆက်ကြည့်လျှင် ထိုကိစ္စက မရိုးရှင်းနိုင်ဟု ရန်ကျောက်ကဲ ခံစားရသည်။

သူက ခဏမျှစဉ်းစားပြီးနောက် ထိုသူနောက်သို့ လိုက်ပါသွားသည်။

ရန်ကျောက်ကဲ၏ လှုပ်ရှားမှုက သိသာလွန်းသဖြင့် အရှေ့မှပုဂ္ဂိုလ်က ချက်ချင်းအာရုံခံမိပြီး ဓားဝိညာဉ်အနည်းငယ် တုံ့ဆိုင်းသွားကာ ပုံရိပ်တစ်ခုပေါ်လာလျှက် ခေါင်းလှည့်ကြည့်လိုက်သည်။

ထိုသူက အလွန်အိုမင်းနေသော အဘိုးအိုတစ်ယောက်ဖြစ်ပြီး အရေပြားထက်မှာပင် အစက်အပျောက်များရှိနေကာ ခါးပင်ကိုင်းနေ၏။ လေတိုက်ရုံဖြင့် ငြိမ်းသတ်တော့မည့် ဖယောင်းတိုင်တစ်တိုင်အလား အိုမင်းလွန်းသည်ဟု ထင်မှတ်ရသည်။

သို့သော် သူ့မျက်ဝန်းများကတော့ ကြည်လင်တောက်ပလျှက် အလွန်တရာငယ်ရွယ်ပြီး အားအင်ပြည့်ဝနေကာ အသက်ကြီးဟန်မရှိပေ။

အသင်္ချေနဂါးနန်းတော်အတွင်းမှ ရန်ကျောက်ကဲ၏အကြည့်များကို ရင်ဆိုင်ရသည့်အခါ ထိုအဘိုးအို အံ့အားသင့်သွားသည်။

“မင်းက ကျင်းယွမ်ကို ဒဏ်ရာရအောင်လုပ်လိုက်တဲ့သူပဲ”

ရုတ်တရက် ရန်ကျောက်ကဲကိုတွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသော်လည်း အဘိုးကြီးက လက်မနှေးဘဲ ဓားဖြင့်ခုတ်ပိုင်းတိုက်ခိုက်လိုက်၏။

ရန်ကျောက်ကဲကလည်း နှေးကွေးခြင်း မရှိပေ။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ အသင်္ချေနဂါးနန်းတော်အတွင်းမှ ခုန်ထွက်လာပြီး ရန်သူကို တိုက်ခိုက်လိုက်သည်။

မကြာမီကပင် ငြိမ်သက်သွားသော ပင်လယ်ပြင်ထက် တိုက်ပွဲကြီးတစ်ခု ထပ်မံစတင်လာသည်။

အဘိုးကြီးက ခန်းကျင်းယွမ်ထက် စွမ်းအားမြင့်မားပြီး ပင်ကိုယ် သတိကြီးသည့် စရိုက်လက္ခဏာရှိသည်။ သူ၏ဓားအလင်းတန်းက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားချိန် အခြားအရာဝတ္ထုများနှေးကွေးသွားသည့်တိုင် ဓားချက်ကတော့ အလွန်လျှင်မြန်၏။

သို့ပေသိ ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ပေါင်းစပ်စွမ်းအားကို မခံနိုင်ကြောင်း သိလိုက်ရသည့်အခါ ဒေါသမထွက်တော့ဘဲ စိတ်ထဲ အေးစိမ့်သွားသည်။

အဘိုးအိုက ခံစစ်ဖြင့်ထိန်းထားရင်း စစ်ကူရောက်လာသည်အထိ အချိန်ဆွဲရန် ကြံစည်လိုက်သည်။ ထို့ကြောင့် သူက ရန်ကျောက်ကဲကို စိတ်ရှည်စွာပင် ဆက်လက်တိုက်ခိုက်သည်။ တာ့ရွှမ်တိုင်းပြည်မှသိုင်းသမားများ ဤနေရာသို့ရောက်လာချိန် စွမ်းအားများပေါင်းစည်းပြီး ရန်ကျောက်ကဲကို ဖမ်းဆီးရန် အဘိုးကြီးက အစီအစဉ် ဆွဲထားသည်။

ရန်ကျောက်ကဲက သူနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ပေါင်းစပ်အင်အားဖြင့် အဘိုးကြီးကို အသင်္ချေနဂါးနန်းတော်ထဲ အကျဉ်းချထားရန် ပြင်ဆင်နေသည်။

အဘိုးအိုက အလွန်သတိကြီးသည်။ သူက တည်ငြိမ်စွာပင် ခံစစ်သာတိုက်ခိုက်ပြီး အမှားအယွင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲ နောက်ဆုတ်သွားမှသာ သူ၏ဓားအလင်းတန်းကို ကျယ်ပြန့်စေပြီး နောက်သို့ လိုက်လံတိုက်ခိုက်ကာ တိုက်ပွဲမှ ရုန်းမထွက်နိုင်အောင် ပြုလုပ်ထားသည်။

ရန်ကျောက်ကဲက သူ့ကို ထောင်ချောက်ဆင်ရန် အဘိုးကြီးက အချိန်ဆွဲနေကြောင်း ရိပ်မိလိုက်သည်နှင့် ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။

သူ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

အချိန်ဆွဲနေသောတိုက်ပွဲတစ်ခုကို တိုက်ခိုက်ရန်မလိုလားတော့ဘဲ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်၏။ ထိုအခါ အဘိုးအိုက သူ၏ဓားအလင်းတန်းကို ချဲ့ထွင်ပြီး နောက်တစ်ကြိမ် နှောက်ယှက်ပြန်သည်။

ယခုတစ်ကြိမ်မှာတော့ ရန်ကျောက်ကဲက သူ့ကို မျှားခေါ်ခြင်းမဟုတ်တော့ဘဲ အမှန်တကယ် ထွက်ခွာသွားရန် ဆုံးဖြတ်ထားဟန်ပင်။

ရန်ကျောက်ကဲ အဝေးသို့ရောက်သွားသည်ကိုမြင်တော့ အဘိုးအိုက မျက်မှောင်ကြုတ်ရင်း...

“ကောင်စုတ်လေး... မင်း ပြေးလို့လွတ်မယ်ထင်သလား”

သူ့လေသံက မထီမဲ့မြင်ဟန်စွက်နေပြီး အဝေးသို့ ပျံ့နှံ့သွားသည်။

သူ့စကားကြားတော့ ရန်ကျောက်ကဲက ရပ်တန့်လိုက်ပြီး သူ့ကို အေးစက်စွာ လှမ်းကြည့်သည်။

အဘိုးအိုက မထီမဲ့မြင်ဟန်ဖြင့်...

“မင်းကို အရည်အချင်းရှိမယ်လို့ ထင်ထားတာ ၊ တကယ်တော့ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကိုတော့ ကြောက်တတ်တဲ့ကောင်မျိုးပဲ”

ရန်ကျောက်ကဲက အေးစက်စွာပြုံးရင်း...

“ငါရိုက်လိုက်ရင် ခေါင်းဝှက်သွားမယ့် လိပ်အိုကြီးကများ... မင်းစကားကြောင့် မင်း မရှက်ဘူးလား”

အဘိုးအိုက အေးအေးဆေးဆေးပင် ရယ်မောရင်း...

“တိုင်နဲ့ခေါင်းနဲ့ အဆက်မပြတ် ပြေးပြေးစောင့်လို့ ခေါင်းတစ်ခုလုံး သွေးတွေပေကျံပြီး အဆက်မပြတ် ခေါင်းငုံ့ပြီးပြေးလွှားနေရတာ မင်းပဲမဟုတ်လား ကောင်စုတ်လေး”

“အဟက်...”

ရန်ကျောက်ကဲက အေးစက်စွာရယ်မောရင်း ခန္ဓာကိုယ်ကို ပြန်လှည့်လိုက်ပြီး အဘိုးအိုရှေ့မှ ထွက်ခွာသွားသောအရှိန်အဟုန်ထက်ပင် လျှင်မြန်သော အရှိန်ဖြင့် ချက်ချင်း ပြန်ရောက်လာသည်။

သူ ပြန်ရောက်လာသည်ကိုတွေ့တော့မှ အဘိုးအိုက သက်ပြင်းချရင်း စိတ်သက်သာရာရသွားသည်။ သို့သော် ရန်ကျောက်ကဲဒေါသကိုစွပေးရန် စကားဆက်ပြောနေ၏။

“လောကမှာ ဉာဏ်ကောင်းရုံနဲ့ သင်ယူလို့မရတာတွေရှိတယ် ကောင်လေး ၊ လာ... လာ... လာစမ်း... ဒီအဘိုးကြီး မင်းကို ပညာပေးစမ်းမယ်”

ပြောပြီးသည်နှင့် သူက ဓားအလင်းတန်းကို ဖြန့်ကျက်လိုက်ပြီး ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူက ရန်ကျောက်ကဲကို မထီမဲ့မြင်ပြောဆိုနေရင်း တိုက်ခိုက်ရသည်မှာလည်း ပိုမိုတက်ကြွနေဟန်ပင်။

သူ့အရှေ့မှ လူငယ်လေးက ဒေါသအလွန်ထွက်နေဟန်ရှိပြီး မျက်နှာက ဂနာမငြိမ် ဖြစ်နေသည်။ သို့သော် အနည်းငယ် တည်ငြိမ်သွားပြီးနောက် ပြန်လည်ထွက်ခွာသွားတော့မည့်အလား ခံစားရပြန်၏။

ထိုလူငယ်ကို စကားလုံးများဖြင့် စွပေးခြင်းက ထိရောက်သော်လည်း ထိုနည်းလမ်းကို များများအသုံးပြုပါက ထိရောက်မှု နည်းသွားနိုင်သည်။

“ဒီကောင်လေး လွတ်သွားလို့မဖြစ်ဘူး”

အဘိုးအို ဓားကိုင်ထားရင်း တွေးလိုက်၏။

တိုက်ကွက်နှစ်ကွက်ခန့် ဖလှယ်ပြီးနောက် ရန်ကျောက်ကဲ အတော်လေး တည်ငြိမ်သွားသည်။ သူက အချိန်အတန်ကြာအောင် အနိုင်အရှုံးမသဲကွဲသည့်တိုက်ပွဲကို ဆက်မတိုက်ချင်သည့်အလား အဘိုးအိုကို မုန်းတီးစွာစိုက်ကြည့်ရင်း လှည့်ထွက်သွားသည်။

အဘိုးအိုက ရန်ကျောက်ကဲ ဒေါသထွက်လာအောင် စွပေးနေသော်လည်း ရန်ကျောက်ကဲက အရေးမစိုက်တော့သဖြင့် မခံချိမခံသာ ဖြစ်လာသည်။

သူက ဤအခြေအနေအတွက် ပြင်ဆင်ထားပြီးဖြစ်လေရာ သူ၏ဓားအလင်းတန်းကို ဖြန့်ကျက်လိုက်ပြီး ရန်ကျောက်ကဲနောက်သို့ ဆက်လိုက်သွားပြီး ထိုလူငယ်ကိုတားဆီးရန် ကြိုးစားသည်။

သို့သော်...

အဘိုးအို၏စိတ်အစဉ် ရုတ်တရက် တုန်လှုပ်သွား၏။

သူ့အရှေ့မှ ရန်ကျောက်ကဲ၏မျက်နှာက တည်ငြိမ်နေပြီး နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလျှက်ရှိသည်။

စောစောကလို ဒေါသမရှိ ၊ အမုန်းတရားလည်းမရှိ။

အခြေအနေမဟန်ကြောင်း အဘိုးအို ရိပ်မိလိုက်သည်။

သူ မလှုပ်ရှားနိုင်ခင်မှာပင် ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့က ရွှေရောင်ငှက်မွှေးလှံရှည်နှင့် ဂဠုန်နဂါးလှံရှည်ကို ကိုင်ဆိုင်ကာ တစ်ပြိုင်နက်တည်း ထိုးစိုက်ချလိုက်သည်။

သူတို့နှစ်ယောက်လုံး တူညီသောသိုင်းပညာကို အသုံးပြုသော်လည်း မကြုံစဖူးသော ကြွပြားမှုကို ပေးစွမ်းသည်။

ကောင်းကင်တစ်ခွင် ပင်လယ်ရေလှိုင်းများထွက်ပေါ်လာပြီး အဆုံးမရှိ ပင်လယ်ပြင်ကြီးအတွင်းမှ ကြီးမားသော ဝေလငါးကြီးတစ်ကောင် ပေါ်လာသည်။

ထိုဝေလငါးကြီးက ပါးစပ်ကို ကျယ်လောင်စွာဖွင့်လိုက်ရာ အတွင်းမှ ကြောက်မက်ဖွယ်ရာ စုပ်ယူစွမ်းအားကြီးတစ်ခု ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ကိုင်ဆောင်ထားသော လှံရှည်များသည် လေထုအလယ်တွင် ပေါင်းစည်းသွားပြီး စက်ဝိုင်းပုံသဏ္ဌန် လှည့်ပတ်သွားကာ အဘိုးအို၏ ဓားအလင်းတန်းကို ပိတ်ဆို့ထားလိုက်သည်။

“ငါတော့ ထောင်ချောက်မိပြီ ၊ ဒီတစ်ခါတော့ ကိုယ့်ရှူးကိုယ်ပတ်တာပဲ”

အဘိုးအိုတွေးလိုက်၏။

ထို့နောက် အသင်္ချေနဂါးနန်းတော်တံခါးပွင့်လာပြီး အတွင်းမှ ကြောက်မက်ဖွယ်ရာ စုပ်ယူစွမ်းအားကြီးထွက်ပေါ်လာကြောင်း တွေ့ရသည့်အခါ အလွန်တရာ ထိတ်လန့်သွားသည်။

“ခွေးအိုကြီး... ငါကပဲ မင်းကိုပညာပေးလိုက်တော့မယ်”

ရန်ကျောက်ကဲအပြုံးက ရက်စက်ကြမ်းကြုတ်သွားပြီး အဘိုးကြီးကို သူနှင့်အတူ အသင်္ချေနဂါးနန်းတော်အတွင်းသို့ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားလေတော့၏။

All Chapters