← Chapters

မင်းတို့နဲ့ငါ့ဓားကိုလေ့ကျင့်ပေးမယ်

Vol. 48 Ch. 672

မင်းတို့နဲ့ငါ့ဓားကိုလေ့ကျင့်ပေးမယ်

Vol. 48 Ch. 672

အခန်း (၆၇၂) မင်းတို့နဲ့ငါ့ဓားကိုလေ့ကျင့်ပေးမယ်

ရန်ကျောက်ကဲက သက်တံ့ဓားကိုဝှေ့ယမ်းလိုက်သည့်အခါ ဓားဖြတ်သန်းသွားရာ နေရာတိုင်း ပျက်ဆီးကြေမွသွားသည်။ သူ့ဓားချက်ကိုရင်ဆိုင်ရသူတိုင်း မျက်စိရှေ့တွင် ထူးဆန်းသည့် ဖြစ်စဉ်များကို တွေ့မြင်ကြရ၏။

တောင်နှင့်မြစ်တို့ပြောင်းပြန်လန်ပြီး မိုးမြေနှစ်ခြမ်းကွဲကာ သက်ရှိများနှင့် အရာခပ်သိမ်း ပျောက်ကွယ်သွားသော မြင်ကွင်းဖြစ်သည်။

ကမ္ဘာလောကတစ်ခုလုံး ဆိတ်သုဉ်းခြင်းနှင့် ပျက်ဆီးခြင်းသာကျန်ရစ်ပြီး အရာအားလုံးက အဆုံးသတ်အခြေအနေသို့ ရောက်ရှိသွားဟန်ပင်။

ရန်ကျောက်ကဲက ဓားကိုအလျားလိုက်ကိုင်ဆောင်လျှက် ပြုံးလိုက်ရင်း...

“ငါက ဓားတာအိုကို ကျင့်ကြံခဲ့ပေမယ့် ဒီဓားမှာ သူ့အခြေခံအုတ်မြစ် ရှိပြီသားပဲ ၊ ဒါကြောင့် ဒီဓားရဲ့ အောင်မြင်မှုအစစ်အမှန်ကို မသိမြင်နိုင်ခင် သွေးကြည့်ဖို့လိုတယ် ၊ ဒီနေ့တိုက်ပွဲကတော့ ဒီဓားရဲ့အဖွင့်ပဲ”

သူက ဆက်ပြောသည်။

“ဒီတော့ ပြည့်စုံလုံလောက်တဲ့အဆင့်ရှိသူတွေနဲ့ ငါ့ဓားကို လေ့ကျင့်ပေးဖို့ လိုအပ်တယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ဓားကို အပြင်ဘက်သို့ ထိုးစိုက်ချလိုက်သည်။ ဓားသွားထိပ်တွင် အဖြူရောင်အလင်းမှုံများလွင့်ပျံသွားပြီး စွမ်းအားက ရက်စက်ကြမ်းကြုတ်လွန်၏။

အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည့်တိုင် ရန်ကျောက်ကဲက ဓားတာအိုထုတ်ဖော်လိုက်သည့်အခါ သက်တံ့ဓားက သူ့သခင်၏ဓားတာအိုကို ခံနိုင်ရည်မရှိသလို မြည်ဟည်းလာသည်။

ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားများအားလုံး မျက်နှာပျက်သွားကြသည်။

ရန်ကျောက်ကဲက အမှန်တကယ်ပင် သူတို့အားလုံးကို သတ်ဖြတ်ပြီး သူ၏ဓားကို လေ့ကျင့်ပေးလိုသည်မှာ ထင်ရှားသည်။

အခြားသော သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်က အရင်ဆုံးဝင်‌ရောက်လာသည်။ ကြီးကျယ်ခမ်းနားပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော စွမ်းအားတစ်ခုက ရန်ကျောက်ကဲထံသို့ တည့်တည့်မတ်မတ် ဆင်းသက်လာသည်။

ရန်ကျောက်ကဲက ဓားကို ‌ထောင့်ဖြတ်သဏ္ဌန်ခုတ်ပိုင်းချလိုက်ရာ ဓားရောင်အလယ်တွင် အနက်ရောင်အစက်တစ်ခု ဖြစ်ပေါ်လာပြီး ထိုအနက်ရောင်အစက်က အဆက်မပြတ် ချဲ့ထွင်လာသည်။

ဒါကိုမြင်တော့ တစ်ဖက်လူစိတ်ထဲ အေးစိမ့်သွားပြီး သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ အဆက်မပြတ် ပျက်ပြယ်သွားသည်ကို ခံစားလိုက်ရသည်။

သူက ပိုမိုကြီးမားသောစွမ်းအားကို အလျှင်အမြန် ထုတ်ဖော်လိုက်သော်လည်း ရန်ကျောက်ကဲတိုက်ကွက်က တကယ်တမ်း အတုအယောင်သာဖြစ်ကြောင်း မည်သူသိနိုင်သနည်း။

ထိုဓားချက်ကိုရင်ဆိုင်ရသည်နှင့် သူက ကွမ်းမင်ဂိုဏ်းမှ အခြားသောသိုင်းသမားများကို မစောင့်တော့ဘဲ အနေအထားကိုပြောင်းလဲကာ ချက်ချင်းလှည့်ထွက်လိုက်၏။

ရန်ကျောက်ကဲက သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူ၏အနောက်တွင်င်ပေါ်လာပြီး ရက်စက်ကြမ်းတမ်းစွာပင် ‘စက်ဝန်းသံသရာစည်းတံဆိပ်’ ဖြင့် ရိုက်ချလိုက်သည်။

တစ်ဖက်လူကလှည့်ပြီး ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကို ရင်ဆိုင်လိုက်သည်။ ထိုသူ ဒဏ်ရာရသွားခြင်းမရှိသော်လည်း ချက်ချင်းပင် ခြေကားယား လက်ကားယားဖြင့် နောက်ပြန်လွင့်ထွက်သွား၏။

သို့သော် ရုတ်တရက် သူ့အနောက်မှ ပြင်းထန်သောစုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ အသင်္ချေနဂါးနန်းတော်၏ တံခါးမက အစာတောင်းနေသည့်သားရဲကြီးတစ်ကောင်၏ ပါးစပ်ကြီးပမာ ပွင့်ဟလာသည်။

ထိုသူက နဂါးနန်းတော်နောက်သို့ဆုတ်သွားစေရန် လက်ဖဝါးဖြင့် နောက်ပြန်ရိုက်ချလိုက်စဉ် ရန်ကျောက်ကဲ၏ဓားချက်က နောက်တစ်ကြိမ် ဝင်ရောက်လာသဖြင့် ပြန်လှည့်ကာ ခုခံလိုက်ရသည်။

ထိုသူ့ထံမှ ပြင်းထန်သောခုခံစွမ်းအားဝင်ရောက်လာသည်နှင့် ရန်ကျောက်ကဲက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးထုတ်ယူကာ လျှင်မြန်စွာပင် စွမ်းအားများကို စုပ်ယူလိုက်သည်။

တစ်ချိန်တည်းပင် လက်ဝါးရိုက်ချက်တစ်ချက်လည်းထုတ်ဖော်လိုက်ရာ ထိုသူမှာ နဂါးနန်းတော်အတွင်းသို့ တစ်ချက်တည်းဖြင့် ရောက်ရှိသွားလေ၏။

သိုင်းသူတော်စင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို အသင်္ချေနဂါးနန်းတော်က ခဏမျှပင် ထိန်းထားနိုင်ပေလိမ့်မည်။ သို့သော် ရန်ကျောက်ကဲအတွက် လုံလောက်နေပေပြီ။

ယခုတော့ ကွမ်းမင်ဂိုဏ်းမှ အခြားသောသိုင်းသမားများအားလုံးမှာ ရန်ကျောက်ကဲရှေ့တွင် အသတ်ခံရတော့မည့် သိုးသူငယ်လေးများပမာ ဖြစ်ရသည်။

အချိန်‌ခြောက်စက္ကန့်ကုန်ဆုံးသွားပြီးနောက် နုန်ယွိရွှမ်က ကြုံးဝါးသံတစ်ချက် ခပ်တိုးတိုး ပြုလုပ်လိုက်၏။

တစ်ကြိမ်သာတိုက်ခိုက်နိုင်သော ထူးကဲယန်စည်းတံဆိပ်စွမ်းအားရောင်ဝါများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ထူးကဲယန်စည်းတံဆိပ်က ရန်ကျောက်ကဲထံ ပြန်လည်ဆုတ်ခွာသွားသည်။

ထိုအခါမှ နုန်ယွိရွှမ်ထုတ်လွှတ်ထားသည့် ရာဟုကြယ်အမှောင်ဓားချီစွမ်းအားများမှာ ထူးကဲယန်စည်းတံဆိပ်၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်။

အချိန် (၇) စက္ကန့်သို့ရောက်သည်နှင့် ဖန်းယွင်ရှန်းမျက်ဝန်းများတွင် စွမ်းအားအတက်အကျများ ဖြစ်လာပြီး မျှော်လင့်မထားစွာ ပူလောင်ပြင်းပြလာသည်။

သူမကဓားရှည်ကို ထပ်မံဝှေ့ယမ်းလိုက်စဉ် သူမ၏လက်ကောက်ဝတ်တွင် ဓားပြတ်ရှရာတစ်ခုထင်ကျန်ရစ်ပြီး စီးဆင်းထွက်လာသော လတ်ဆတ်သည့်သွေးများက နေရိပ်နတ်ဓား၏ ဓားသွားထက်သို့ စီးဆင်းသွားပြီး အနက်ရောင်ချီစွမ်းအားများ ၊ အပြာနုရောင် အလင်းသင်္ကေတများဖြင့် ရောနှောသွား၏။

ဖန်းယွင်ရှန်း လေထဲသို့ ခုန်ဝင်လိုက်ပြီး နုန်ယွိရွှမ်၏ အနက်ရောင်မီးတောက်နှင့် မိစ္ဆာချီများကြားသို့ ရောက်ရှိသွားသည်။

သူမ၏ဦးခေါင်းထက်မှ အပြာနုရောင်နေဝန်းကြီးက မှိန်‌ဖျော့သွားစဉ် နုန်ယွိရွှမ်၏ စွမ်းအားမြင့်မားသော ရာဟုကြယ်အမှောင်ဓားချီများသည်လည်း အဆက်မပြတ် တုန်ခါလာသည်။

ဖန်းယွင်ရှန်းက သူ၏ ရာဟုကြယ်အမှောင်ဓားချီစွမ်းအားများကို ထိန်းချုပ်ရန်ကြိုးစားနေကြောင်းတွေ့ရသည့်အခါ နုန်ယွိရွှမ် မျက်နှာပျက်သွား၏။

ဤသို့ဖြစ်လာမည်ဟု တစ်ခါမှ စဉ်းစားမထားခဲ့ပေ။ ယခု တော့ သူ၏ ရာဟုကြယ် အမှောင်ဓားချီများ တဖြည်းဖြည်းလှုပ်ခတ်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလာရသည်။

သန့်စင်ရခြင်းမရှိသေးဘဲ သူ၏ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားသော ရာဟုကြယ်အမှောင်ဓားချီများသာ လှုပ်ခါလာခြင်း မဟုတ်ပေ။ သူ သန့်စင်ထားသော ရာဟုကြယ် နေကြတ်ခြင်းစွမ်းအားများသည်ပင် ထိုခဏတွင် ထကြွလာသည်။

“လက်စသတ်တော့ အဲဒီဓားချည်းပဲ မဟုတ်ဘူး ၊ ဒီမိန်းကလေးကလည်း တစ်ခုခုတော့ တစ်ခုခုပဲ”

နုန်ယွိရွှမ် အခြေအနေကို သဘောပေါက်သွားသည်။

တူညီသောကျောက်တုံးကို နှစ်ကြိမ်နင်းမိသည့်တိုင် နုန်ယွိရွှမ်အနေဖြင့် တုန်လှုပ်ရန် ၊ စိတ်ပျက်အားလျော့ရန် အချိန်မရဘဲ သူ့ခန္ဓာကိုယ်ထဲမှ ရာဟုကြယ် အမှောင်ဓားချီစွမ်းအာများ တည်ငြိမ်သွားစေရန် အားကုန်သုံး ကြိုးစားနေရသည်။

ဖန်းယွင်ရှန်းသည် လျှို့ဝှက်နည်းစနစ်တစ်ခုကိုအသုံးပြုပြီး ကြီးမားသောစွမ်းအားကို ယာယီ ရရှိထားခြင်းဖြစ်ကြောင်း သူ ရိပ်မိသည်။

ထို့ကြောင့် ထိုမိန်းကလေး အချိန်အကြာကြီး ရပ်တည်နိုင်မည်ဟု နုန်ယွိရွှမ် မယုံကြည်ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူမ တဖြည်းဖြည်းပြိုလဲသွားပေလိမ့်မည်။

သူမကို ထောက်ပံ့ပေးထားသည့် ‘နေရိပ်တန်ခိုးစွမ်းအား’ ရပ်တန့်သွားသည်နှင့် သိုင်းဆရာသခင်တစ်ယောက်မျှသာဖြစ်သော ဖန်းယွင်ရှန်းသည် သိုင်းသူတော်စင်တစ်ယောက်၏ အမှောင်ဓားချီများကို ဆက်လက်ရင်ဆိုင်ရန် မဖြစ်နိုင်တော့ပေ။

ရှစ်စက္ကန့်...။

အမည်မသိမိန်းကလေးတစ်ယောက်က နုန်ယွိရွှမ်ကို ပိတ်ဆို့ထားပြီး ရန်ကျောက်ကဲ၏ဓားဝိညာဉ်က ကောင်းကင်တစ်ခွင် မြင့်တက်လာကြောင်းတွေ့ရသည့်အခါ ချန်စုန့်မျက်နှာက တည်ကြည်လေးနက်သွားသည်။

သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ဖြတ်ကျော်ပြီး သွားရောက်ကူညီချင်သော်လည်း ထိုကိုယ်ပွားက သူ့ထက်လျှင်မြန်လွန်းသည်။

လျှင်မြန်မှုတစ်ခုတည်းဖြင့်ဆိုရလျှင် ကိုယ်ခွဲပေါင်းစပ်ခြင်းနှောင်းပိုင်းအဆင့်ရှိသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်ရှိသော ချန်စုန့်ထက် အနည်းငယ်ပင်သာလွန်သည်။

ချန်စုန့်မှာ အစိမ်းရောင်ဝါးကိုင်းကိုလည်း သတိထားနေရသည်။ သူလှုပ်ရှားနေမှသာ ထိုဝါးကိုင်းက သူ့ထံသို့ ကျရောက်မလာဘဲ သူ၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ကာကွယ်နိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ ထိုဝါးကိုင်းက ချန်စုန့်၏ အာရုံစိုက်မှုကို အပြည့်အဝ ရယူထားပြီး စွမ်းအားအပြည့်အဝ မထုတ်ဖော်နိုင်ဖြစ်ရသည်။

ထို့ကြောင့် သူ့မှာ ဂဠုန်နဂါးလှံရှည်နှင့် ရေခဲချပ်ဝတ်ကို ဝတ်ဆင်ထားသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ဖြတ်ကျော်ပြီး ရန်ကျောက်ကဲကို သွားရောက်တိုက်ခိုက်နိုင်ခြင်း မရှိပေ။

ထိုအချိန် ရန်ကျောက်ကဲ၏ ဓားအလင်းတန်းက ကောင်းကင်ထက်သို့ အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာသည်။ အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘သက်တံ့ဓား’ အလင်းတန်းက အပြည့်အဝ ထွက်ပေါ်လာသည်။

ဓားသွားထိပ်မှ တောက်ပပြီး ရက်စက်ကြမ်းတန်းသည့် အဖြူရောင်အလင်းမှုံများ ထွက်ပေါ်လာသည်။

ဓားသွားခုတ်ပိုင်းချလိုက်သည်နှင့် ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင်တစ်ယောက်၏ အဆင့်နိမ့်မှော်ဝင်ပစ္စည်းဖြစ်သော ဓားတစ်လက်ကို ဖောက်ထွင်းဝင်ရောက်သွားသည်။ ဓားပေါ်တွင် အပ်ပေါက်လောက်ပင်မကြီးသော ပေါက်ငယ်လေး ဖြစ်ပေါ်သွားပြီး ထိုဓား၏တောက်ပမှုက ချက်ချင်းမှေးမှိန်သွားကာ ထိုဓားမှ ဝိညာဉ်စွမ်းအားများ လွင့်ပြယ်သွားသည်။

သက်ရှိတစ်ယော်က အသက်ဓာတ်စွမ်းအားများ ပျောက်ကွယ်သွားသလို ထိုဓားမှ အသက်ဓာတ်စွမ်းအားများလည်း လျှင်မြန်စွာပင် ပျောက်ကွယ်သွား၏။

ကိုးစက္ကန့်...။

ဖန်းယွင်ရှန်းက ယိမ်းနွဲ့တောက်‌လောင်နေသည့် အနက်ရောင်မီးတောက်များနှင့် မိစ္ဆာချီများအလယ်တွင် မတ်တတ်ရပ်နေပြီး သူမ၏လက်ကောက်ဝတ်မှ သွေးစွမ်းအားအနှစ်သာရများ အဆက်မပြတ် စီးဆင်းကျနေသည်။

ပတ်ဝန်းကျင်မှ ရာဟုကြယ် အမှောင်ဓားချီများနှင့် ချိတ်ဆက်မိသည့်အခါ သွေးစွမ်းအားအနှစ်သာရများ ချက်ချင်း ဝါးမျိုခံလိုက်ရသည်။ သို့သော် မူလက ရက်စက်ကြမ်းတမ်းသော အမှောင်ဓားချီများ ရုတ်တရက် ပိုမိုတည်ငြိမ်သွားပြီး ထိုခဏမှာပင် ဖန်းယွင်ရှန်းလက်ထဲမှ နေရိပ်နတ်ဓား၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

နေရိပ်နတ်ဓားရောင်ဝါနှင့် ဖန်းယွင်ရှန်းကိုယ်တိုင်က တဖြည်းဖြည်း အရှိန်အဟုန် ကြီးထွားလာသည်။ သို့ပေသိ ဖန်းယွင်ရှန်းမျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်လာသည်။

သွေးစွမ်းအားအနှစ်သာရ များစွာဆုံးရှုံးသွားသဖြင့် ဖန်းယွင်ရှန်း အားနည်းသည်ထက်အားနည်လာပြီး နေရိပ်တန်ခိုးစွမ်းအား၏ အထောက်အပံကိုသာ အပြည့်အဝ အားထားနေရတော့သည်။

နေရိပ်နတ်ဓားမှစုပ်ယူထားသော ရာဟုကြယ် အမှောင်မိစ္ဆာချီများ ကြီးထွားလာသည်နှင့်အမျှ နေရိပ်နတ်ဓား၏ စုပ်ယူနိုင်စွမ်းကလည်း ပိုမိုအားကောင်းလာသည်။

နောက်ဆုံးမှာတော့ နေရိပ်နတ်ဓားက ရာဟုကြယ်အမှောင်ချီများကို သဘာဝအတိုင်း အရူးအမူး စုပ်ယူဝါးမျိုနေတော့သည်။

အနက်‌ရောင်အခိုးအငွေ့များအပြင်ဘက်မှာတော့ ရန်ကျောက်ကဲက ရန်သူတစ်ယောက်၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ဓားတစ်လက်ကို ဖျက်ဆီးပစ်လိုက်သည့်နောက်ပိုင်း သူ၏ဓားဝိညာဉ်က ပိုမို ရက်စက်ကြမ်းတမ်းလာသည်။

သူ၏ဦးခေါင်းထက်မှ အစစ်အမှန်သိုင်းကိုယ်ခွဲက အဆက်မပြတ် ကြီးထွားမှုံဝါးလာပြီး ထိုခဏတွင် မရှိမှုတစ်ခုအဖြစ် ပေါင်းစုံသွားသည်။

မရှိမှုမှ ရက်စက်ကြမ်းတမ်းသောဓားဝိညာဉ်ပေါက်ဖွားလာပြီး ဓားသွားသည်လည်း အဆက်မပြတ်ဝေဝါးလာသည်။ ဓားသွားထက် အရာအားလုံး ပျက်သုဉ်းသွားသလို ၊ အရာအားလုံး တစ်ညီတစ်ညွတ်တည်း ပြိုလဲသွားသလို ထင်မှတ်ရ၏။

နုန်ယွိရွှမ်က အံတင်းတင်းကြိတ်ရင်း သူ၏ ရာဟုကြယ် အမှောင်ဓားချီများကို တည်ငြိမ်စေရန် ကြိုးစားနေသည်။

သူက ဖန်းယွင်ရှန်းနှင့် ရာဟုကြယ် အမှောင်ဓားချီစွမ်းအားများကို အ‌ရေးမစိုက်တော့ဘဲ ရန်ကျောက်ကဲကို သွားရောက်တိုက်ခိုက်ရန် စိတ်ကူးလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်က သူ့အမိန့်ကိုနားမထောင်ဘဲ တောင့်တင်းလျှက် ရှိ၏။

ချန်စုန့်ကလည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ဖြတ်ကျော်ရန် အပြင်းအထန် ကြိုးစားနေသည်။

ထိုအချိန် ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် တတိယအဆင့်ကျင့်ကြံသူက အသင်္ချေနဂါးနန်းတော်အတွင်းမှ ပြန်လည်လွတ်မြောက်လာသည်။

ကွမ်းမင်ဂိုဏ်းမှ အခြားသော သိုင်းသမားများက ရန်ကျောက်ကဲကိုသတ်ဖြတ်ရန် အုပ်စုလိုက်ချီတက်လာကြသည်။ သူတို့က လူအင်အားများသဖြင့် အားသာချက်ကို အသုံးချလိုသည်။

အားလုံးက တန်ဖိုးရှိသောအချိန်အတွက် အပြင်းအထန်တိုက်ပွဲဝင်ရန် ဟန်ပြင်ကြသည်။

ကိုးစက္ကန့်ကုန်ဆုံးသွားပြီး ဆယ်စက္ကန့်သို့ ဝင်ရောက်လာသည်။

ရန်ကျောက်ကဲက အုပ်စုလိုက်ချီတက်လာသူများကို အရေးမစိုက်ဘဲ စောစောက သူ ဓားကိုဖျက်ဆီးပစ်လိုက်သည့် သိုင်းသူတော်စင် ပထမအဆင့် ကျင့်ကြံသူကိုသာ ပစ်မှတ်ထားနေသည်။

ဓားရောင်တစ်ချက်လင်းလက်သွားပြီး သွေးများဖျန်းကနဲ ပြန့်ကျဲသွားသည်။

သို့သော် လွင့်စင်ထွက်လာသော သွေးစက်များက ကမ္ဘာ‌ပေါ်တွင် တစ်ခါမှ မရှိခဲ့သည့်အလား ချက်ချင်းပြန်လည် ပျောက်ကွယ်သွားသည်။ ပျံ့ကျဲသွားသောသွေးစများသည်ပင် ဓားဝိညာဉ်နှင့် လွှမ်းခြုံခံရသည့်အခါ မရှိမှုအဖြစ်သို့ ကူးပြောင်းသွားခြင်းပင်။

ရန်ကျောက်ကဲက ခေါင်းမော့လိုက်ပြီး ရှည်လျားသည့် ကြုံးဝါးသံတစ်သံကို ထုတ်လွှတ်လိုက်သည်။

သူ၏ဦးခေါင်းထက်မှ ရှည်လျားသောဓားသဏ္ဌန် အစစ်အမှန်သိုင်းကိုယ်ခွဲ ပျောက်ကွယ်သွားပြီး ရန်ကျောက်ကဲကို ဗဟိုပြုလျှက် အလင်းတန်းများဖြာထွက်လာကာ မိုးမြေတစ်ခွင်အား လင်းလက်သွားစေလေ၏။

All Chapters